Wednesday, June 4, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၆)

သစ်ထူးလွင်


Posted: 03 Jun 2014 06:11 AM PDT
 မင်းပြားမြို့မှာ မေလ ဆန်းပိုင်း လောက် ကတည်းက သွေးလွန်တုပ်ကွေး စတင်ဖြစ် ပွားနေပြီး ဆေးရုံမှာ နေ့စဉ်လို လူနာတွေ ရောက်လာ နေတယ်လို့ မင်းပြားမြို့ နယ် ဆေးရုံက တာဝန်ကျဆရာမတဦးက ပြောပါတယ်။ အခြေအနဆိုးတဲ့ လူနာတွေကို စစ်တွေ ဆေးရုံဆီ နေ့စဉ်လိုလို ပို့ဆောင် ကုသနေတယ်လို့ ပြောပါတယ်။ အသက် ၁၀ နှစ်အောက် ကလေးငယ်တွေ အဖြစ်များနေပြီး ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဒီနှစ်က အခြေအနေ ပိုဆိုးတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင်
Posted: 03 Jun 2014 05:40 AM PDT
ရန်ကုန်၊ ဇွန် ၃ ၂.၆.၂၀၁၄ရက်နေ့ ၂၃၅၀အချိန်တွင် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၌ ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာ နွယ်အေးရပ်ကွက်၊ သစ္စာလမ်းနေ ကိုအောင်မြင့်ဦး (၃၁)နှစ် (ဘ)ဦးအောင်ခိုင်သည် နေအိမ်ခန်းတွင် ဖယောင်းတိုင်မီးထွန်းပြီး အိပ်ပျော်သွားစဉ် ဖယောင်းတိုင်မီးမှ နေအိမ်ခန်းအား စတင်ကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်(၁၅)စီးရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၃.၆.၂၀၁၄ ရက်နေ့
Posted: 03 Jun 2014 05:35 AM PDT
 ကရင်ပြည်နယ်တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆၃ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးပါတယ်။ မဲဆောက်အခြစိုက် စစ်တပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဒီမနက်အရုဏ်မတက်ခင်မှာ  မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးနေထိုင်ကြတဲ့ မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်ထဲမှာ ၀င်ရောက်ရှာဖွေပြီး
Posted: 03 Jun 2014 05:33 AM PDT
 တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ထဲမှာ မြေသိမ်းခံ တောင်သူလယ်သမားနဲ့ အာဏာပိုင် တွေကြား အခြေအတင်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လယ်သမား အယောက် ၂၀ ကို မြို့မရဲစခန်းက ဒီကနေ့ မနက် ခေါ်ယူစစ်ဆေးပါတယ်။ ထားဝယ်မြို့ ဆန်းချီရပ်ကွက်က သူတို့ပိုင် လယ်မြေတွေမှာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက တိုင်တွေလာစိုက်တဲ့သွားအတွက် တဘက်နဲ့တဘက် အခြေအတင်ဖြစ်ပွားခဲ့ပြီး ရဲစခန်းက သူတို့ကို ခေါ်စစ်ခဲ့တယ်လို့
Posted: 03 Jun 2014 05:27 AM PDT
            ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား များ၏ ဘေးအန္တရာယ် ကင်းရှင်းမှုသည် အလုပ်ရှင် များ၏ လုပ်ငန်းခွင် ဆိုင်ရာ ဥပဒေ များကို တိကျစွာ လိုက်နာမှု အပေါ်တွင် မူတည် သကဲ့သို့ အလုပ်သမား များကလည်း လုပ်ငန်းခွင် အတွင်း ပေါ့လျော့မှု မရှိဘဲ၊ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အခွင့်အရေး တို့ကို အလုပ်ရှင် ထံသို့ တောင်းဆိုရန် လိုအပ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူ များနှင့်
Posted: 03 Jun 2014 05:22 AM PDT
 လတ်တလော ကမ္ဘာ့ ရွှေဈေးကွက်တွင် ဈေးကျနေသဖြင့် ရွှေဝယ်စုသူများ ယခုနှစ်အတွင်း ဝယ်ယူ စုဆောင်းခြင်း မပြုသင့်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။ ပြီးခဲ့သည့် မတ်လလယ်မှ စကာ ကမ္ဘာ့ရွှေဈေး ကျနေသည့် အတွက် ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်တွင် ဖြစ်ခဲ့သော တစ်အောင်စလျှင် ၁,၁၈၄ ဒေါ်လာအထိ ရောက်ရှိသွားနိုင်ကြောင်း စီးပွားရေး ခန့်မှန်းချက်များ တွင်လည်း ရေးသား ဖော်ပြထားသည်။ ‘‘လောလောဆယ်မှာ ကမ္ဘာ့ဈေးက အကျပိုင်းထဲမှာပဲဖြစ်နေတော့ြ
Posted: 03 Jun 2014 05:18 AM PDT
ရန်ကုန်၊ ဇွန် ၃ ၂.၆.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ဗိုလ်ရန်နိုင်လမ်းရှိ စားသောက်ဆိုင်တွင် လှိုင်သာယာမြို့နယ်နေ ရခိုင်(ခ)ကျော်အောင်သန်းမှာ သူငယ်ချင်း(၂)ဦးနှင့်အတူ အရက်သောက်နေခဲ့ကြောင်း၊ ထိုစဉ် ငလွင်(ခ)ကိုသန်းလွင်ရောက်ရှိ လာခဲ့ရာ ၁၀၀၀ အချိန်ခန့်က (၂၀)ရပ်ကွက်ရှိနာရေးတစ်ခု၌ မုန့်ဟင်းခါးအိုး သယ်ရာတွင် ၎င်းတို့(၂)ဦး တိုက်မိခဲ့သည့်ကိစ္စအား ရခိုင်(ခ)ကျော်အောင်သန်းမှ
Posted: 03 Jun 2014 05:11 AM PDT
 ရန်ကုန်၊ ဇွန် ၃  ၃.၆.၂၀၁၄ရက်နေ့ ၀၉၂၀အချိန် တာမွေမြို့နယ်၊ လေးထောင့်ကန် လမ်းအတိုင်း တာမွေမြို့နယ်ဘက်မှ သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ ပဲခူးမြို့နယ်နေ ယာဉ်မောင်း အောင်ကိုဝင်း မောင်းနှင်လာသော ၄ခ/--- နစ်ဆန်းဒီဇယ်၊(၈၈)သန်မြန်သူ ယာဉ်လိုင်းခရီးသည်တင် ယာဉ်သည် မင်းရဲကျော်စွာ ဂုံးတံတားအတက် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ၎င်း၏ရှေ့မှ မောင်းနှင်သော ၃ဂ/--- ဆူဇူးကီး ပစ်ကပ်ယာဉ်အား တိုက်မိခဲ့ပါသည်။ ၃ဂ/--
Posted: 03 Jun 2014 02:31 AM PDT
 ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ Unilever ကြော်ငြာ စာတန်းကြီးတွေမှာ ၉၆၉ အမှတ်အသားတွေ ပါဝင်နေတာ တွေ့ရှိခဲ့ရတဲ့အတွက်၊ အဲဒီ ကြော်ငြာတွကို Unilever ကုမ္ပဏီက မနေ့က အမြန်ပြန်ဖြုတ်ချခဲ့ရ တယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။ စစ်တွေမြို့ပေါ်က ဆိုင်ခန်းတွေရဲ့ ရှေ့မျက်နှာစာမှာ Unilever ရဲ့ အစိမ်းရောင် နဖူးစည်းကြော်ငြာစာတန်းကြီးတွေ ချိတ်ဆွဲထားကြရာမှာ မနေ့ကတော့ အဲဒီကြော်ငြာတွေပေါ်မှာ ဘာသာရေးဆိုင်ရာ ၉၆၉ အမှတ်အသားတွေ
Posted: 03 Jun 2014 02:17 AM PDT
 ရန်ကုန်၊ ဇွန် ၂- မေလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် နမ့်ခမ်းမြို့တို့ရှိ ပေါက်ကွဲမှုများနှင့် ပတ်သက်သော တရားခံ များကို ဖော် ထုတ်ဖမ်းဆီးရန် ခက်ခဲမှုများ ရှိနေ သော်လည်း ပေါက်ကွဲသည့် ဗုံးအမျိုး အစားများမှာ လက်လုပ်ဗုံးများဖြစ် သည်ဟု အကြမ်းဖျင်း အတည်ပြု သုံးသပ်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သုံး သပ်ပြော ကြားသည်။ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ''
Posted: 03 Jun 2014 02:03 AM PDT
 မြန်မာနိုင်ငံ၌ အသက် ၄၅ နှစ်မှ ၆၅ နှစ်အရွယ်တို့တွင် ထက်ဝက်ခန့်မှာ ခံတွင်းကင်ဆာ ခံစားနေရ ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းများအရ သိရသည်။ ခံတွင်းကင်ဆာ ဖြစ်ရခြင်း အကြောင်းအရင်းများတွင် ကွမ်းစား သုံးခြင်း၊ ဆေးလိပ် သောက် သုံးခြင်း တို့ကြောင့်ဖြစ်ပြီး ကွမ်း တစ်မျိုးတည်း စားသုံးသူ ၁ဝဝ တွင် ၃၄ ဦးနှုန်းဖြင့် ခံတွင်းကင်ဆာ အများဆုံးဖြစ်နေပြီး ဆေးလိပ်နှင့်ကွမ်း နှစ်မျိုးလုံးသုံးစွဲ သူ ၁ဝဝ တွင် ၂၂
Posted: 03 Jun 2014 01:51 AM PDT
တောင်ငူ၊ ဇွန် ၂  ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၅ လမ်းဘေး တစ်လျှောက်တွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရဌာနဆိုင်ရာများ အကြောင်းအမျိုးမျိုးပြ သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် ဖြူးမြို့နယ် ဒေသခံ တောင်သူများက တောစောင့်နတ်၊ တောင်စောင့်နတ်နှင့် မြေစောင့် နတ်မင်းကြီးတို့က မြေယာသိမ်းဆည်းသူများကို အပြစ်ပေး ဒဏ်ခတ်ပေးရန် ဆုတောင်း
Posted: 03 Jun 2014 12:19 AM PDT
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲနဲ့ လက်မှတ်ကောက်ယူ စုဆောင်းမှုတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ချင်းပြည်နယ် ဟားခါးမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နဲ့ လူထုလက် မှတ်ကောက်ယူစုဆောင်းမှုကို ဒီကနေ့မနက် ၈ နာရီခွဲကနေ – ၁၁ နာရီထိ ဟားခါးမြို့
Posted: 03 Jun 2014 12:14 AM PDT
သုံးခွ ဇွန် ၂ ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့ အမှတ် ၈ ရပ်ကွက် ဗန္ဓုလလမ်း အမှတ်မရှိ နေအိမ်၌ ဇွန် ၂ ရက်မွန်းတည့် ၁၂ နာရီခန့်က အမျိုးသမီးတစ် ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ်အား စုံစမ်းကြည့်ရာ သုံးခွမြို့မရဲစခန်းတွင် တာဝန်မှူး ဒုရဲအုပ်မျိုးသန့်ဇင် ဦးစီးအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ၄င်းနေအိမ်နေ မသန်းသန်းမော်-၂၇-နှစ် (ဘ) ဦးတင်ငွေ (ကျဘမ်း) ဖြစ်ပြီး နေအိမ်အတွင်း ၆-ေ
Posted: 03 Jun 2014 12:10 AM PDT
  ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြည်သူတစ်ယောက်ဟာ တစ်နေ့ ကျပ်နှစ်ထောင်ဆိုရင်  စားလို့ သုံးလို့လောက်ပါတယ်လို့ ပြောလိုက်တာ ဝေဖန်သံတွေသော သောညံသွားတာပဲ။ ဒါတင်ဘယ် ကဦးမလဲဗျာ။ ပြည်ထောင်စုဝန် ကြီးတစ်ပါးက သူ့လက်မနဲ့လက် ညှိုးကို ခပ်ဟဟလေးပြပြီး အမေ ရိကန်နဲ့ကျုပ်တို့ရဲ့တိုင်းဌာနီမြန် မာရွှေပြည်ဟာ လူနေမှုအဆင့် မှာ အနှာလောက်ပဲကွာတော့တာ ကို အစည်းအဝေးတစ်ခုမှာဖွင့် ကာပြောတာလည်း  ကြားရပါ သေးရဲ့။ ကျုပ်တို့အစိုးရလူကြီး
Posted: 03 Jun 2014 12:08 AM PDT
 ကျွန်တော်သည် မဟာဗန္ဓုလပန်း ခြံလမ်းနှင့် ကုန်သည်လမ်းထောင့် မီးပွိုင့် ကို ကွေ့ဝိုက်ကာ နိုင်ငံခြားကုန်သွယ်မှု ဘဏ်အရှေ့ပလက်ဖောင်းပေါ်မှ အလယ် ဘလောက် သို့ လျှောက်လာခဲ့သည်။ အချိန်မှာ နံနက် ၁၁ နာရီခန့် ရှိသည်။ ဘဏ်ဝတ်စုံဖြင့် လုံခြုံရေး ဝန်ထမ်းတစ်ဦးက ”ဟိုမှာလာနေကြပြီ..ကားနဲ့” ဟု အော် လိုက်ပါသည်။ မီးပွိုင့် နှင့် ဘဏ်ရှေ့ဘက်လမ်းဘေး ပလက်ဖောင်းဈေးသည်အားလုံး ဝရုန်းသုန်း ကားဖြစ်သွားသည်။ရှေ့တွင်ေ
Posted: 03 Jun 2014 12:07 AM PDT
 တရုတ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန နှင့် မြန်မာနိုင်ငံ နယ်နိမိတ်တိုင်းတာရေး ဌာန တို့ပူးပေါင်း နယ်နိမိတ် တိုင်းတာ မှုတွင် သျှမ်းပြည်နယ် ဒေသခံများ၏ လယ်ယာခြံမြေများအား တရုတ်နိုင်ငံ ဘက်ခြမ်းသို့ ကျူးကျော်သတ်မှတ်ခြင်း ခံရသ ဖြင့် ဒေသခံများမကျေမနပ်ဖြစ်ပြီး နယ်ခြားတိုင် ဆွဲနုတ် မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရှိရသည်။ မေလ ၂၇ မှ ၃၀ ရက်နေ့အထိ ၂ နိုင်ငံအာဏာပိုင်များမှ တရုတ် - မြန်မာ နယ်ခြား
Posted: 02 Jun 2014 11:36 PM PDT
 လပ်က်နောင်း (အိန္ဒိယ)- အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် မကြာမီက ၀မ်းကွဲညီအစ်မနှစ်ဦးကို အုပ်စုလိုက် အဓမ္မပြုမှုဖြစ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် နောက်ထပ်အမျိုးသမီးငယ်တစ်ဦး အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ဖြတ်ကာ မျက်နှာကို မမှတ်မိနိုင်စေရန် အက်စစ်လောင်း ဖျက်ဆီးခဲ့မှု စနေနေ့က ထပ်မံဖြစ်ပွားခဲ့သည်။ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဘာရိုင်လီမြို့အနီးမှ အစ်ထ်ပူရရွာတွင် ပြန်လည်တွေ့ရှိခဲ့သည့်ေ
Posted: 02 Jun 2014 11:31 PM PDT
မောင်တော၊ ဇွန် ၂ လတ်တလော တိုက်ပွဲများ ဖြစ်ပွားထားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ မောင်တောမြို့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြား မပါသူများကို ဝင်ခွင့်မပြုကြောင်း မောင်တော ဒေသခံများထံမှ သိရှိရသည်။ ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ သွားရာလမ်း ခြောက်မိုင်နှင့် သုံးမိုင်ဂိတ်တွင် ယင်းသို့ စစ်ဆေးနေခြင်း ဖြစ်ပြီး ယင်းအစီအစဉ်ကို ဇွန်လ ၂ ရက်နေ့တွင် စတင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ဆေးရေးဂိတ်မှ
Posted: 02 Jun 2014 05:40 PM PDT
 ၂၀၂၂ ခုနှစ် ကာတာမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းခွင့် ရရေး ကိစ္စ စုံစမ်း စစ်ဆေးဖို့ ဖီဖာ ဘောလုံး အဖွဲ့ချုပ်က Michael Garcia ကို ခန့်အပ် ခဲ့ပြီး သူက တပတ် အတွင်း အထောက် အထား တွေ ပြီးအောင် ကောက် မယ်လို့ ပြောကြား လိုက်ပါတယ်။ ဗြိတိန်ထုတ် ဆန်ဒေး တိုင်းမ် သတင်းစာရဲ့ စွပ်စွဲမှုတွေ ပေါ်ထွက် လာပြီးနောက် ဒီလို စုံစမ်းဖို့ ခန့်အပ်ခဲ့တာ ဖြစ်ပြီး နောက်လမှာ အစီရင်ခံစာ တင်မယ်လို့လဲ Michael Garcia က ပြောပါတယ်။
Posted: 02 Jun 2014 05:38 PM PDT
 ယူကရိန်း အရှေ့ဘက် ရှိ ရာဂဏန်း ချီတဲ့ ခွဲထွက်ရေး သမားတွေ ဟာ လူဟန့်စ်မြို့ အနီးက၊ နယ်စပ် ဗဟို ကွပ်ကဲရေး စခန်း ကို တိုက်ခိုက်တဲ့ အခါ မှာ စစ်သွေးကြွ ၅ ယောက် သေဆုံးပြီး၊ ၈ ယောက် ဒဏ်ရာ ရတဲ့ အကြောင်း နယ်စပ် အေဂျင်စီ သတင်း က ပြောပါတယ်။ နယ်ခြားစောင့်တပ် က၊ တပ်ဖွဲ့ဝင် ၇ ယောက် ဒဏ်ရာ ရပါတယ်။ ဒေသခံတွေ ကတော့ တိုက်ပွဲ နဲ့ဝေးရာ ထွက်ပြေးကုန်ပါတယ်။ ဒါကို ကုလသမဂ္ဂ ဆိုင်ရာ ယူကရိန်း သံအမတ်ကြီး ယူရီဆာဂေးယက်ဖ် က
Posted: 02 Jun 2014 01:06 PM PDT
ရန်ကုန်၊ ဇွန် ၂ ၁.၆.၂၀၁၄ရက်နေ့ ၀၈၂၀အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တိုက်ဂါးဘီယာ စက်ရုံလမ်းအတိုင်း အရှေ့မှအနောက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော 1A---ဒိုင်နာ၊ ယာဉ်လိုင်း အမှတ်(၁၉၈) ခရီးသည်တင်ယာဉ်သည် ဂျိုးဖြူရေပိုက်လိုင်းကုန်းတက်အရောက် ယာဉ်မှာ နောက်သို့ပြန်လိမ့်ကျခဲ့ပါသည်။ ထိုသို့ ယာဉ်နောက်သို့လိမ့်စဉ် ယာဉ်ပေါ်ပါခရီးသည် မခင်ခင်ကျော်(၂၉)နှစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူမှာ
Posted: 02 Jun 2014 01:03 PM PDT
ရန်ကုန်၊ ဇွန် ၂ ၂.၆.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာ ကြားရှိ မိုင်တိုင်အမှတ် AA-102၊ မီးပွိုင့်အမှတ် A-95 တွင် မီးပွိုင့်မီးနီ၍ ရပ်နေသော စက်ခေါင်းအမှတ် RBE-2540(အင်ကြင်း-၂) သီလ၀ါ-ရန်ကုန် ရထား၏ နောက်တွဲအား ရွာသာကြီးဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD-918 (မင်းသား-၇)မြို့ပတ်ရထားမှ တိုက်မိခဲ့ကြောင်း သိရှိရပါသည်။
Posted: 02 Jun 2014 12:47 PM PDT
  နှစ်ပေါင်း ၄၀ နီးပါး ထီးနန်းစံ ခဲ့တဲ့ စပိန် ဘုရင် Juan Carlos ဟွမ် ကားလို့စ် ဟာ နန်းစွန့်ပြီး သားတော် အိမ်ရှေ့စံ မင်းသား Felipe ဖယ်လိပေ ကို ထီးနန်းအပ်တော့မှာ ဖြစ်ပါတယ်။ စပိန် ဘုရင်က ရုပ်မြင်သံကြားကနေ မိန့်ခွန်း ပြောကြားရာမှာ သူ့အပေါ် တိုင်းသူပြည်သားတွေရဲ့ ထောက်ခံမှုကို ကျေးဇူးတင်ကြောင်း၊ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက သူဟာ အသက် ၇၆ နှစ် ပြည်ခဲ့ပြီ ဖြစ်လို့ သူ့သားတော်ကို ထီးနန်းအပ်ချိန် ရောက်ပြီလို့
Posted: 02 Jun 2014 12:42 PM PDT
 မန္တလေးမြို့ပေါ်မှာ လိုင်စင်မရှိဘဲ ဖွင့်လှစ်တဲ့ ဟိုတယ်တွေ များပြားလာပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး - တာရာ။ DVB TV - 02.06.2014 ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...