Wednesday, June 25, 2014

ဘယ်သူ့အတွက် အခွန်တော် ဆောင်နေကြတာလဲ (အပိုင်း(၁)


နှစ်စဉ် ငွေကျပ်တစ်သိန်းကျော်ကို မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပြည် တွင်းအခွန်ဦးစီးဌာန သို့ ပေးဆောင်ရသည်ကို သူ မှတ်မိနေသည်။ အမြတ်ခွန်လား၊ ဝင်ငွေခွန်လားဆိုတာတော့ သူ နားမလည်ကြောင်း လှိုင်မြို့နယ် စံပယ်ခြံ ၂လမ်းတွင်နေထိုင်သော အသက် ၈ဝကျော်အရွယ်အငြိမ်း စားဝန်ထမ်း ဦးသန်းကဆိုသည်။


''ဘယ်လိုကောက်လဲတော့ မသိဘူး။ အခွန်ဆောင်ခဲ့တာ အနှစ်၂ဝကျော် ပြီ''ဟု ဦးသန်းက ပြောပြသည်။ ထိုသို့ နိုင်ငံတော်အစိုးရ၏ သိန်းကျော်သောအခွန် အခကို ပေးပြီးသော်ငြား မြို့နယ်စည်ပင်မှကောက်ခံသော ကျန်းမာရေးအခွန်၊ အမှိုက်အခွန် စသဖြင့် အခွန်တို့ကိုလည်း ထပ်ပေးရသေးသည်။ အဘယ်ကြောင့် နည်းမျိုးစုံဖြင့် အခွန်တော်များကို သူ ထမ်းဆောင်နေရသလဲဆိုသည်ကိုတော့ နားလည်သဘောပေါက်ဖို့ သူကြိုးစားနေဆဲဟု အဘိုးဦးသန်းက ဆိုသည်။
ပြီးခဲ့သည့်မေ ၃၁ရက်က လစာထုတ်တော့လည်း ကျပ်နှစ်သိန်းထက်ကျော် သော သူ၏ဝင်ငွေကြောင့် နိုင်ငံတော်အစိုးရကို အခွန်ပေးဆောင်ရတော့မည့်အ ကြောင်း အသက် ၂ဝကျော်အရွယ် မောင်အောင့်ကို သူ၏ကုမ္ပဏီသူဌေးက ရှင်း ပြသည်။ နိုင်ငံသားတစ်ယောက်အတွက် နိုင်ငံတော်ကို အခွန်ပေးဆောင်ရမည်ကို သူ နားလည်သော်လည်း အစိုးရအနေနှင့် မည်သည့်ဝန်ဆောင်မှုမျိုးကို ပြန်လည် ပေးဆပ်မလဲဆိုသည်ကိုတော့ မောင်အောင်က သိချင်သည်။
''အခွန်တော့ စဆောင်ရပါပြီ။ အစိုးရကရော ကျွန်တော်တို့ကို ဘာပြန်လုပ် ပေးမှာလဲ။ အခုဆို မိုးတွင်းမို့ ဗွက်တွေ၊ ချိုင့်တွေထနေတဲ့ ကတ္တရာလမ်းက ကျွန် တော်တို့အတွက် ပြန်ပေးတဲ့ ဝန်ဆောင်မှုလား။ လျှပ်စစ်မီးဆိုလဲ ဘယ်မှာအလကား သုံးရလို့လဲ''ဟု မောင်အောင်က မေးခွန်းထုတ်သည်။
ယင်းသို့သော 'ဘာကြောင့်အခွန်ဆောင်ရမှာလဲ'ဆို သည့်မေးခွန်းသည် အခွန်ဌာနဝန်ထမ်းများအတွက် အမေး ခံရဆုံးသော မေးခွန်းဖြစ်သည်။ ပြည်တွင်းအခွန်ဦးစီးဌာန တွင် နှစ်ပေါင်း ၃ဝကျော်ကြာအောင် ဒုတိယညွှန်ကြားရေးမှူးအဆင့်အထိ လုပ် ကိုင်ဆောင်ရွက်ခဲ့ဖူးသော အခွန်ပညာရှင်ဦးဟန်ထွန်းက ပြန်ပြောပြသည်။
''နားလည်လက်ခံကျေနပ်အောင် ဖြေဖို့ဆိုတာ တကယ့်အဖြစ်မှန်တွေကို ပြောနိုင်မှသာ နားလည်လက်ခံနိုင်လိမ့်မယ်။ တံတားဆောက်တယ်၊ လမ်းဖောက် တယ် ပြောရုံနဲ့တော့ မလုံလောက်တော့ဘူး။ အဓိကကတော့ ပြည်သူလူထုလက်ခံ ယုံကြည်အောင် ရှင်းပြဖို့ပဲ''ဟု ဦးဟန်ထွန်းက သူ့အတွေ့အကြုံကို ဖောက်သည် ချသည်။
အခွန်တော်ကို နိုင်ငံတော်၏အသုံးစရိတ်များအား ကျခံပေးနိုင်ဖို့အတွက် ကောက်ခံရပါသည်ဟု မည်မျှပင် ရှင်းပြနေပါသော်ငြား သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်းနှင့် အပေါင်းအပါလုပ်ငန်းရှင်များ၏အိတ်ထဲသို့ အခွန်တော်များ ရောက်ရှိနေတာတွေက ပြည်သူလူထုအတွက် မျက်မြင်ကိုယ်တွေ့ ကြားနေ၊ သိနေ ရတော့ အခွန်ဌာနက ဖြေရှင်းနေသည်ကိုက ''ပြည်သူလူထုအတွက် ရယ်စရာလို ဖြစ်နေတယ်။ လိမ်နေသလိုဖြစ်နေတယ်''ဟု ¤င်းကဆိုသည်။
''ဆိုတော့ ဒီအခွန်ငွေနဲ့ တိုင်းကျိုးပြည်ကျိုးအတွက် ဆောင်ရွက်နေတယ်ဆို တာကို လက်ခံနိုင်တဲ့ပြည်သူဟာ အလွန်နည်းပါလိမ့်မယ်''။ မည်သည့်နိုင်ငံတွင် မဆို ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ် ရေးအတွက် အခွန်စနစ်သည် လွန်စွာအရေးပါသော်လည်း ယနေ့နိုင်ငံတော်၏ ပြည်သူများအနေဖြင့် ကောက်ခံသည့်အခွန်စနစ်ကို ကောင်းစွာနားလည်သည် ဟု မဆိုနိုင်သေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ထောက်ပြသည်။
လက်ရှိဦးသိန်းစိန်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုအသစ်သည် ယခု ၂ဝ၁၄ခုနှစ် ဧပြီလမှစပြီး အသက်ဝင်သည်။ မြန်မာနိုင်ငံတွင်ကောက်ခံနေ သော အခွန်အမျိုးအစား ၁၄မျိုးရှိသည်။ ထိုအနက် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေ ခွန်၊ အောင်ဘာလေသိန်းဆုခွန်နှင့် တံဆိပ်ခေါင်းခွန် စသည့်အခွန်လေးမျိုးသည် ဦးသန်းတို့၊ မောင်အောင်တို့လိုမျိုး အခြေခံပြည်သူလူထုအတွက် တိုက်ရိုက်ထိ တွေ့ရသည်။ ¤င်းအခွန်လေးမျိုးကို ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ယူ ကောက်ခံသည်။
အဆိုပါအခွန်လေးမျိုး၏ ကောက်ခံရရှိမှုသည် နိုင်ငံတော်၏အခွန်ဖွဲ့စည်း ပုံမှ အခွန် ၁၄မျိုး ကောက်ခံရရှိငွေစုစုပေါင်း၏ ၉ဝရာခိုင်နှုန်းကျော်(၉၂ရာခိုင် နှုန်း)အထိရှိသည်ဟု ဘာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဒေါက်တာလင်း အောင်က ယခုနှစ် ဇန်နဝါရီလကပြုလုပ် သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြော ကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ အခွန်အကောက်၊ ဘဏ္ဍာရေးစနစ်ကို အခွန်ရငွေ GDP (အသားတင်ထုတ်လုပ်မှုတန်ဖိုး)အချိုးတို့နှင့် တိုင်းတာလေ့ရှိရာတွင် အိမ်နီးချင်း နိုင်ငံများ၏ အခွန်ရငွေနှင့် GDP အချိုးသည် ၁ဝရာခိုင်နှုန်းအထက်ရှိနေသော ကြောင့် မြန်မာနိုင်ငံ၏အခွန်ရငွေနှင့် GDP အချိုးသည် လေးရာခိုင်နှုန်းခန့်သာရှိ ကာ အခွန်ရရှိမှုတွင် အိမ်နီးချင်းနိုင်ငံများထက် များစွာလျော့နည်းနေသေးကြောင်း ဒေါက်တာလင်းအောင်က ဆိုသည်။
သတင်းများအရ ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်ကောက်ခံ ရရှိမှုသည် ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၅ဝ,ဝဝဝကျော်ရရှိခဲ့ပြီး၊ ၂ဝ၁၂-၁၃ ဘဏ္ဍာ နှစ်တွင် ကျပ်သန်းပေါင်း ၂,၅ဝဝ,ဝဝဝ နီးပါး ရရှိခဲ့ သည်ဟုဆိုသည်။
မိမိတို့ရန်ကုန်တိုင်းမ်မှမေးမြန်းခဲ့သမျှသော အခွန်ကျွမ်းကျင်သူများ၊ လုပ် ငန်းရှင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားများနှင့် ပြည်သူတချို့၏ တုံ့ပြန်ဖြေဆိုမှု များကတော့ နိုင်ငံတော်၏ ကဏ္ဍစုံ၊ နယ်ပယ်စုံမှ လုပ်ငန်းများ လည်ပတ်နိုင်ဖို့ အတွက် အခွန်ဘဏ္ဍာငွေသည် မရှိမဖြစ်ဟုလက်ခံကြသော်လည်း ¤င်းအခွန်ဘဏ္ဍာ ငွေများကို ပြန်လည်ခွဲဝေသုံးစွဲမှုအပိုင်းတွင်တော့ ပွင့်လင်းမြင်သာမှုအားနည်း နေသေးကြောင်း ပြောဆိုကြသည်။
''အဓိကကတော့ အခွန်စနစ်မှာ ပွင့်လင်းမြင်သာမှုရှိဖို့အရေးကြီးဆုံးပဲ''ဟု မကြာသေးခင်ကဖျက်သိမ်းလိုက်သော အမျိုးသားလွှတ်တော်ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးတင်မောင်ဝင်းက ကောက်ချက်ချသည်။ အခွန်ဌာနဝန်ထမ်းများအနေဖြင့် ပြည်သူတွေ အခွန်ပေးဆောင်ချင်လာအောင် အကြောင်းအမျိုးမျိုးပြကာ ရှင်းပြ နေသည်ဆိုသော်လည်း လုံလောက်မှုမရှိတာကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် လုပ်ရပ်များဖြင့်သာ သက်သေပြဖို့လိုသည်ဟု ¤င်းကဆိုသည်။
အခွန်ငွေတွေ ဘယ်သူ့အတွက်လဲ
ပြည်သူလူထု၏ အခြေခံစားဝတ်နေရေးအတွက် ဖြည့်ဆည်းပေးဖို့၊ လမ်း တွေဖောက်၊ တံတားတွေဆောက်၊ တန် ဖိုးနည်းအိမ်ရာလိုမျိုး စီမံကိန်းကြီးဖော်ဆောင် စသဖြင့် အစိုးရနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီးဌာနများက စီမံ ဆောင်ရွက်နေသော်လည်း တကယ်တမ်း ပြည်သူများ၏ ခံစားရမှုအပိုင်းတွင် မျှတမှုမရှိဘဲဖြစ်ကာ ''အခွန်ဆောင်လို့ ဒါတွေခံစားရတယ်ဆိုတဲ့အသိမျိုး ဖြစ်မလာ ဘူး''ဟု ဦးတင်မောင်ဝင်းကပြောသည်။
အခွန်ငွေသည် ပြည်သူ့ဘဏ္ဍာငွေသာဖြစ်သည်။ ရေအိုးတစ်လုံးထဲသို့ ရေ များစုပေါင်းပြီးထည့်ထားသလို ဖြစ်သည်။ ထိုရေကိုပြန်သုံးစွဲတော့လည်း ညီတူ ညီမျှဖြစ်ရမည်။ တကယ်တမ်း သုံးစွဲသင့်သုံးစွဲထိုက်သောနေရာတွင် ခွဲဝေသုံးစွဲဖို့ လိုသည်ဟု ¤င်းက ပမာပြသည်။
''အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်လည်းဖြစ်၊ အရေးအပါ ဆုံးလည်းဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးလိုကဏ္ဍမျိုးမှာ သုံးတော့ သုံးနေတယ်၊ ဒါပေမယ့် နည်းတယ်''။ တည့်တည့်ပြောရလျှင် အစိုးရအနေဖြင့် အခွန်ကောက်ခံ နေခြင်းသည် စစ်တပ်အတွက် စစ်တိုက်ဖို့၊ လက်နက်ဝယ်ဖို့၊ စစ်သားတွေအတွက် လခပေးဖို့၊ စစ်အင်အားတိုးချဲ့ဖို့စသဖြင့် ငါတို့(ပြည်သူ့)ငွေများဖြင့် လူသတ်သည့် အလုပ်တွေ၊ မကောင်းမှုအလုပ်တွေကိုပဲ ဆောင်ရွက်နေကြတာလားဆိုသည့် အမြင်များသည် ပြည်သူများတွင်စွဲကပ်နေသည်ဟု အခွန်ပညာရှင်ဦးဟန်ထွန်း က ယူဆသည်။
''ကာကွယ်ရေးအသုံးစရိတ်တွေတိုးမြင့်တယ်ဆိုတာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေနဲ့သွားတာပဲ။ ဒီလိုအမြင်တွေရှိနေ တာကို အစိုးရအနေနဲ့ လုပ်ရပ်နဲ့ဖျောက်ပစ်နိုင်ဖို့လိုတယ်'' ဟု ဦးဟန်ထွန်းက အကြံပြုသည်။
''ပြည်သူလူထုက ပေး ဆောင်ထားတဲ့အခွန်ဘဏ္ဍာဖြစ်တဲ့ နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ်မှာ ကာကွယ်ရေးကဘယ်လောက်၊ ကျန်းမာရေး၊ ပညာရေးက ဘယ်လောက်သုံးတယ်ဆိုတာက ပြည်သူလူ ထုအကြားမှာ ကြားသိမြင်တွေ့နေပြီးသား''ဆိုတော့ ငါတို့ အခွန်ငွေတွေနဲ့ လက်နက်တွေဝယ်။ တပ်အင်အားတွေ တိုးချဲ့နေတယ်ဆိုတာ လူတိုင်းလွယ်လွယ်ကူကူသဘော ပေါက်သွားနိုင်တယ်။ နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျက်ခွဲဝေ သုံးစွဲမှုအပေါ်မှာ ပြည်သူလူထုက ယုံကြည်လာအောင် လုပ်ရမယ်။ ဒါဟာ ဘတ်ဂျက်ပွင့်လင်းမြင်သာမှုပဲ''ဟု ဦး ဟန်ထွန်းကဆိုသည်။ မြန်မာနိုင်ငံ၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ် ကာကွယ်ရေးအသုံး စရိတ်သည် စုစုပေါင်းရသုံးမှန်းခြေ ငွေစာရင်း၏ ၂၃ ဒသမ ၂ရာခိုင်နှုန်းရှိနေပြီး ယခင်နှစ်က ၂၉ဒသမ ၁ရာခိုင်နှုန်းအထိရှိခဲ့သည်ဟု ပြည်တွင်းသတင်း များကဆိုသည်။
အစိုးရအနေဖြင့် ပြည်သူတွေဆီမှ အခွန်အခများ ကောက်ခံသည်နှင့်အညီ ထိရောက်သည့်ဝန်ဆောင်မှုများ ကိုလည်း ပြန်ပေးဖို့လိုသည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်ဒုဥက္ကဋ္ဌဦးနှင်းဦးကထောက်ပြသည်။ ပြည်သူလူထုအ တွက် အဓိကလိုအပ်သည့် လုပ်ငန်းနယ်ပယ်များတွင် အ ခွန်ငွေများကို ပြန်သုံးစွဲဖို့လိုသည်ဟုဆိုသည်။ မည်သည့် ကဏ္ဍသည် ပြည်သူတွေအတွက်တော့ ပိုအရေးကြီးသည် ဆိုသည့် ဘတ်ဂျက်ခွဲဝေသုံးစွဲမှုအပိုင်းတွင် သေချာစဉ်းစား ပြီး ရှင်းလင်းပြတ်သားနေဖို့လိုသည်ဟု ဦးနှင်းဦးကတိုက် တွန်းသည်။
''အကြမ်းဖျဉ်းပြောရရင် ပြည်သူတွေအတွက် လိုအပ် တဲ့ နေရာတွေမှာ အပြည့်အဝမရသေးတာတော့ သေချာ တယ်''။ နိုင်ငံတော်အစိုးရအနေဖြင့်တော့ အခွန်ဆောင် သည့်သူရော၊ အခွန်မဆောင်သည့်သူရောအားလုံးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေပါတယ်။ အစိုးရ၏အလုပ်တွေ ကိုကြည့်လျှင် ပြည်သူလူထုအကျိုးရှိမည့် လုပ်ကိုင်ဆောင် ရွက်မှုများလည်းရှိပါတယ်''ဟု အခွန်ဝန်ထမ်းဟောင်းတစ် ဦးဖြစ်သူဦးဟန်ထွန်းကဆိုသည်။ သို့သော် အများကောင်း ကျိုးအတွက် လုပ်တာကို ပြည်သူလူထုက ယုံကြည်လာအောင် လုပ်ပြရမည်က အစိုးရ၏တာဝန်ဟု ¤င်းကဆိုသည်။
''အများကောင်းကျိုးအတွက်လုပ်တာဟာ လူတစ် ယောက်အတွက်၊ လူတစ်စုအတွက်စားကွက် ဖန်တီးပေးတဲ့ သဘောမျိုးမဖြစ်ဖို့လိုအပ်တယ်''ဟု ဦးဟန်ထွန်းက ထောက် ပြသည်။ ယခုလိုလည်း သူကဥပမာပေးပါသည်။
ဥပမာ ''အာဖရိကမှာ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို စောင့်ကြည့်တဲ့အခါ အပေါ်က အောက်ကို စောင့်ကြည့် တာမျိုးမလုပ်ဘဲ အောက်ခြေကနေ အပေါ်ကို အဆင့်ဆင့် စောင့်ကြည့်တဲ့စနစ်နဲ့သွားတယ်။ ကူညီထောက်ပံ့ပေးလိုက် တဲ့ဘတ်ဂျက်တွေကို ဘယ်လိုသုံးစွဲသလဲဆိုတာ စောင့်ကြည့် ဖို့က အောက်ခြေပြည်သူလူထုကို အာဏာအပ်ထားတာ။ ဒီလိုအာဏာအပ်တဲ့အတွက် အစိုးရပဲဖြစ်ဖြစ်၊ နိုင်ငံတကာ ထောက်ပံ့ငွေပဲဖြစ်ဖြစ် ခွင့်ပြုလိုက်တဲ့ငွေဟာ အောက်ခြေ က မြို့နယ်၊ ကျေးရွာဆေးခန်းမှာဆိုရင် ထောက်ပံ့ငွေပမာဏ ရဲ့ တစ်ရာခိုင်နှုန်းလောက်ပဲရောက်တဲ့ အနေအထားမျိုးက နေ ရာခိုင်နှုန်း ၈ဝကျော်လောက်အထိ ရောက်ရှိသွားတဲ့ အနေအထားမျိုးပြောင်းသွားတယ်။
အစိုးရက ဘယ်ကျေးရွာက ဘယ်ဆေးခန်းအတွက် ထောက်ပံ့ငွေဘယ်လောက်ပေးတယ်ဆိုတာကို အောက် ခြေကျေးရွာက လူတွေသိအောင် ထုတ်ပြန်ပေးလိုက်တယ် ဆိုတော့ ဘယ်လောက်သုံးတယ်၊ ဘယ်လောက်ပိုတယ်ဆိုတာ ကို အောက်ခြေပြည်သူက ထောက်ပြလို့ရသွားတယ်။ ဒါပေ မဲ့ ဒီစနစ်ကိုကျင့်သုံးတဲ့ ဘဏ္ဍာရေးဝန်ကြီးဆိုရင် သူရဲ့အစိုး ရဝန်ထမ်းတွေရဲ့အသက်အန္တရာယ် ခြိမ်းခြောက်တာပါခံ ရတယ်လို့ သိရတယ်။
မြန်မာနိုင်ငံမှာတော့ မကြာသေးခင်ကပဲ ကျောင်း ဆောင်တစ်ခုမှာ ကြမ်းခင်းကျိုးသွားလို့ ကလေးတွေ ဒဏ် ရာရတဲ့အဖြစ်အပျက်မျိုး ရှိနေတယ်။ ကျွန်းသုံးရမှာ တ ခြားဈေးပေါတဲ့သစ်တွေ အစားထိုး။ ဘိလပ်မြေ အချိုးအ စားတွေလျှော့နဲ့ ဖြစ်ချင်တိုင်းကိုဖြစ်နေတာ။ ဒါဟာ မကောင်း တဲ့သင်ခန်းစာပဲ။ အခုဆိုရင် မူလတန်း အခမဲ့ပညာရေး ကနေ အလယ်တန်း အခမဲ့ပညာရေးစနစ်ကို လုပ်ပေး တယ်။ ဒါပေမဲ့အကောင်အထည်ဖော်တဲ့ ဌာနဆိုင်ရာတွေက ပြည်သူတွေ အထင်အမြင်မှားအောင်လုပ်မယ်ဆိုရင်တော့ အစိုးရက လုပ်ပေးသမျှဟာ အလကားဖြစ်သွားမှာပဲ''။
''အစိုးရက ကောင်းတာတွေလုပ်နေပေမယ့် ပြည်သူ လူထုက အယုံအကြည်မရှိရင် အယုံအကြည်မရှိအောင် ဖန်တီးနေမယ်ဆိုရင် ဘယ်လောက်ပဲ ကောင်းအောင်လုပ် လုပ် လုပ်သမျှက အလကားဖြစ်သွားမှာပဲ၊ ဘာဖြစ်ဖြစ် အစိုးရအနေနဲ့က ဒီလိုမျိုး အများအတွက် ကောင်းကျိုးပြု မယ့်စနစ်တွေကို စဉ်းစားသင့်ပါတယ်။ အစိုးရကိုယ်တိုင်က စောင့်ကြည့်ဖို့လိုတယ်'' ဟု အခွန်ပညာရှင် ဦးဟန်ထွန်းက ထောက်ပြသည်။
အခွန်ဝန်ထမ်းနှင့် အဂတိတရား

========================================
နှင်းကိုရေးသားသည်။ ရန်ကုန်တိုင်းမ် ဂျာနယ်
========================================

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...