Saturday, June 21, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၆)

သစ်ထူးလွင်


Posted: 20 Jun 2014 06:22 AM PDT
 ဇွန်လ ၂၀  ဒီနေ့ မနက် ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို Facebook ကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စမရှိပါဘူးလို့ပြန် ပြောခဲ့ပါ တယ်။ အဲဒီလို နားလည်ခွင့်လွှတ်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က သူ့ ရဲ့  Facebook စာမျက်နှာမှာ ဒီကနေ့ ရေးသားဖော်ပြ ထားပါတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်၊ ကျွန်တော်၊ အန်ကယ်ဦးဝင်းထိန်၊
Posted: 20 Jun 2014 05:58 AM PDT
 မဟာသန္တိသုခ ကျောင်းတိုက်ကိစ္စနဲ့ ပတ်သတ်ပြီး ဖမ်းဆီးထားသော ဆရာတော် ငါးပါးကို တာမွေ တရားရုံး ကနေ အာမခံနဲ့ ပြန်လွှတ် ပေးလိုက်ပါတယ်။ ယနေ့ညနေပိုင်းတွင် ၎င်းဆရာတော် ၅ ဦးအား သင်္ကန်းပြန်လည်စီးပြီး ဖြစ်ကြောင်း သိရပါသည်။ Tomorrow
Posted: 20 Jun 2014 05:03 AM PDT
 ဖမ်းဆီးလူဝတ်လဲခံရပြီး ထောင်ဝတ်စုံဖြူတွေ ၀တ်ဆင်ထားတဲ့ သံဃာ ၅ ပါးကို ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီးနောက် ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဇွန်လ ၁၁ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲပြီး
Posted: 20 Jun 2014 05:00 AM PDT
 ဇွန်လ ၁၉ရက်မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ တာဝန်ကရပ်စဲပြီး တပြိုင်တည်း နေပြည်တော်၊ ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄၀၉/ ၁၀၉ နဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်က အရေးယူထားတာ မှန်ကန်ကြောင်း ပြောပါတယ်။ “သူ့ကို လောလောဆယ် ငွေကြေးဆိုင်ရာ အမှုတခုနဲ့ ဖွင့်ထားတယ်လို့ သိပါတယ်။ အဲဒါတွေက ဦးဆန်းဆင့်ကို တာဝန်မှ
Posted: 20 Jun 2014 03:39 AM PDT
 မိန်းမလျာတစ်ဦးဟာ အိမ်ထောင်ရှိ အမျိုးသား တစ်ယောက်နဲ့ ၁၂ နှစ်ကြာ ရင်းနှီးခဲ့ပြီး သူ့ကိုလက်ထပ်ဖို့ အဲဒီအမျိုးသားကို ပြောဆိုခဲ့တာကြောင့် နှစ်ဦးသား စကားအငြင်းများကြရာမှ လက်လွန်ပြီး အသတ်ခံ ခဲ့ရပါတယ်။ ဇွန်လ ၁၆ရက်နေ့ မွန်းလွဲ ၁နာရီ အချိန်မှာ ကျူးလွန်သူရဲ့ နေအိမ်ကို အသတ်ခံရတဲ့ မိန်းမလျာ ရောက်ရှိလာပြီး သူနဲ့အတူ အပြင်မှာ အအေးသွားသောက်ဖို့ ခေါ်ဆောင်သွားကြောင်း၊ စစ်ကိုင်းတံတားပေါ် သွားရောက်
Posted: 20 Jun 2014 03:33 AM PDT
 ရန်ကုန်- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ဇွန်လ ၂၁ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူ မြို့နယ်၌ ပြည်သူလူထုကို ဟောပြောမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်း ဒေသကြီး သနပ်ပင် မဲဆန္ဒနယ်မှ ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၁ ရက် နံနက်တွင် ပဲခူးတိုင်းဒေသကြီး၊
Posted: 20 Jun 2014 03:25 AM PDT
သောကြာနေ့၊ ဇွန်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်   မန္တလေး ပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ် လူနာဌာနသို့ လာရောက်သော လူနာများအား အခမဲ့ ကုသပေး လျက်ရှိပြီး ငွေကြေး တစ်စုံတစ်ရာတောင်းခံလျှင် တိုင်ကြားနိုင်ကြောင်း ဆေးနှင့် လူမှုဆက်ဆံ ရေး အရာရှိ ဦးမင်းလွင်က မဇ္ဈိမကို ပြောသည်။ အရေးပေါ်လူနာဌာနအတွက် ထောက်ပံ့မှု ပေးအပ်ထားရှိခြင်း၊ အခမဲ့ပေးအပ်ထားသော ဆေးများကိုလည်း တရားဝင် အသိပေးကြေညာထားရှိခြင်း၊ မြွေဆိပ်ဖြေဆေးများကိုလည်း
Posted: 20 Jun 2014 03:05 AM PDT
သုံးခွ ဇွန် ၁၈ ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မိုင်တိုင်အမှတ် ၅၅ အနီး၌ သုံးခွ-ရန်ကုန် မှန်လုံယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မှု ဇွန် ၁၈ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်အား စုံစမ်းကြည့်ရာ သုံးခွမြို့ဘက်မှ သန်လျင်မြို့ဘက်သို့  ဆိုင်ကယ်မောင်းနှင်သူ ကိုမျိုးဇော်-၃၉-နှစ် (ဘ)ဦးအောင်သင်း၊ အိုးဝကျေးရွာ ခရမ်းမြို့နေသူနှင့် သန်လျင်မြို့ဘက်မှ
Posted: 20 Jun 2014 02:18 AM PDT
နေပြည်တော်၊ ဇွန် ၂၀  သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှရပ်စဲခြင်း အရေးယူအပြစ်ပေးနိုင်ရန် စစ်ဆေးဆောင်ရွက် လျက်ရှိခြင်းတို့မှာ သမ္မတခိုင်းစေမှုများကို မလုပ်ခဲ့ခြင်း၊ အချို့ကိစ္စများတွင် သမ္မတကိုကျော်လွန်၍ မိမိသဘောအတိုင်းဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမကို ပြောဆိုလိုက်သည်။ “ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်နေသူတွေကြားမှာ
Posted: 20 Jun 2014 01:53 AM PDT
 နိုင်ငံတော်သမ္မတ အမိန့်နဲ့ ရာထူးကနေ အနားပေး ခံရတဲ့ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်း အကျဉ်းထောင်ကို ခေါ်ဆောင်သွား တယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို
Posted: 20 Jun 2014 01:51 AM PDT
 ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ အစိုးရတပ်ဖွဲ့ဝင်တဦးလက်ချက်ကြောင့် ရွာသားတဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတပ်ရင်းမှူးက ဥပဒေပြင်ပကနေ ကျေအေးဖို့ ကြိုးပမ်းနေတယ်လို့ သက်ဆိုင်ရာ မိသားစုဝင်တွေက ပြောပါတယ်။ မူဆယ်မြို့နဲ့ ၁၂ မိုင်အကွာ နောင်လောဝ်းကျေးရွာအုပ်စု နမ့်စမ့်ဂိုဒေါင်ရွာက အသက် ၄၀ ရွယ် ကချင်အမျိုးသား ဦးဒါရှီဂမ်ဆိုင်း သေဆုံးသွားတာနဲ့ ပတ်သက်ပြီး သူ့ကို သေနတ်နဲ့ ပစ်ခဲ့တဲ့
Posted: 20 Jun 2014 01:47 AM PDT
  ရန်ကုန်မြို့တော်ရှိ မဟာသန္တိသုခ ကျောင်းတိုက်မှာ ခွင့်ပြုချက် မရှိဘဲ သီတင်းသုံးနေထိုင်တယ် ဆိုပြီးတော့ အင်းစိန် ထောင်မှာလူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော်ငါးပါးကို အာမခံနဲ့ ပြန်လွှတ်ဖို့ ရှိပါတယ်။ ပြန်လွတ်တာနဲ့ တာမွေမြို့နယ်မှာ ရှိတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ဘေးက နတ်ချောင်းသုံးထပ် ကျောင်းတိုက်မှာ သင်္ဃန်းပြန်စီးဖို့ ရှိပါတယ်လို့ ရွှေညဝါဆရာတော်က မိန့်ကြားပါတယ်။ နိုင်ငံတော်
Posted: 20 Jun 2014 01:43 AM PDT
 ဖမ်းဆီးသံဃာတော် ငါးပါးကို သင်္ကန်းပြန်ဆီး ပေးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူ ညီခဲ့ကြောင်း ညှိနှိုင်း ဆောင်ရွက်ရာ တွင်ပါဝင်သည့် မကွေးကျောင်း တိုက်ဆရာတော် ဦးပါမောက္ခက 7Day Daily  ကို နေ့လယ် ၁၂ နာရီအချိန်တွင် မိန့်ကြားသည်။ လူဝတ်လဲခံထားရသော သံဃာငါးပါးကို တာမွေတရားရုံးမှာပင် သင်္ကန်းပြန်ဆီး ပေးသွားဖွယ်ရှိကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ တာမွေမြို့နယ် တရားရုံးသို့ ဖမ်းဆီးခံသံဃာငါးပါးသည် နံနက် ၁၀
Posted: 20 Jun 2014 01:41 AM PDT
 ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှာ ဖမ်းဆီးလူဝတ်လဲခံရပြီး ထောင်ဝတ်စုံဖြူတွေ ၀တ်ဆင်ထားတဲ့ သံဃာ ၅ ပါးကို ရုံးမထုတ်သေးဘဲ သင်္ကန်းပြန်စည်းပြီးမှ ရုံးထုတ်ဖို့ ပြင်ဆင်နေတယ်လို့ တာမွေမြို့နယ် တရားရုံးအတွင်းရောက်ရှိနေတဲ့ မျက်မြင်တဦးက မြန်မာစံတော်ချိန် မနက် ၁၀ နာရီမှာ ပြောပါတယ်။ တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်စဉ်က ဖမ်းခံရတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးကို လူဝတ်လဲပြီး
Posted: 20 Jun 2014 01:35 AM PDT
 သမ္မတကြီး ဆုံးမတာကို မနာခံလို့ အရေးယူလိုက်ရတဲ့ ဦးဆန်းဆင့် ကိစ္စမှာ မဟာသန္တိသုခပြဿနာဟာ အကြောင်း တစ်ခု အနေဖြင့် ပါဝင်ကြောင်း  ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ရှင်းလင်းပြောကြား။ ဦးဆန်းဆင့်ကို ဘာလို့ တာဝန်က ရပ်စဲတာလဲ။ ဘာတွေ စစ်ဆေးနေသလဲ RFA ရုပ်/သံမှာ ကြည့်ရှုနိုင်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 19 Jun 2014 08:05 PM PDT
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ်၊ ၁၃/၂၀၁၄) ၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် (၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်) ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ
Posted: 19 Jun 2014 08:02 PM PDT
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ်၊ ၁၂/၂၀၁၄) ၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် (၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်) ပြည်ထောင်စုဝန်ကြီး တာဝန်မှရပ်စဲခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ သာသနာရေးဝန်ကြီးဌာန
Posted: 19 Jun 2014 07:58 PM PDT
ရန်ကုန်၊ ဇွန် ၁၈  ပြည်ထောင်စုအဆင့် ဒုဝန် ကြီးများနုတ်ထွက်ခြင်း၊ ပြောင်းလဲ တာဝန်ပေးခြင်းနှင့် မူလစစ်ဘက် တာဝန်များအား ပြန်လည် ထမ်း ဆောင်စေရန်အတွက် ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း အပေါ် တစ်စုံတစ်ရာ ထုတ် ဖော် ပြောဆိုရန်မရှိဘဲ အကြောင်းရှိ၍ သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန် ၁၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။ ဒုဝန်ကြီးရာထူးမှ နုတ်ထွက်သွားသူမှာ
Posted: 19 Jun 2014 07:46 PM PDT
ရန်ကုန်၊ ဇွန် ၁၈  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ လာမည့်ရွေးကောက် ပွဲများတွင် ကျင့်သုံးသွားရန်ရှိသည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများ စုရုံးဟောပြောပွဲနှင့် မဲဆွယ် စည်းရုံးခွင့်ကန့်သတ်ချက် မူကြမ်း ပါအချက်များသည် မျှတမှု ရှိကြောင်း တွေ့ရှိရသော်လည်း ထိုမူကြမ်းပါ အချက်များအတိုင်း လုပ်နိုင်ဖွယ်မရှိ ဟု သံသယဖြစ်စရာ များ တွေ့ရှိရ ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌဦးသုဝေက ပြောကြားလိုက် သည်။ ““
Posted: 19 Jun 2014 07:22 PM PDT
 တန်းတူညီမျှရေး၊ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေး အတွက် ကိုယ်စားလှယ် တွေ အားလုံး ပါဝင် ဆွေးနွေးထား တဲ့ လမ်းပြ မြေပုံတစ်ခု ပေါ်ထွက်လာ ဖို့ ရည်ရွယ် တဲ့‘ပြည်ထောင်စုသား မွတ်ဆလင်များ ရဲ့ ပြည်လုံးကျွတ် ညီလာခံ’အဖြစ်၊ မကြာခင် မှာ ကျင်းပနိုင် ဖို့ မြန်မာနိုင်ငံမှာ ရှိတဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်ကြသူတွေ အဖွဲ့အစည်းတွေ စုစည်းပြီး၊ စီစဉ် နေကြပါ တယ်။ သက်ဆိုင်ရာ အာဏာပိုင် တွေကို လည်း တင်ပြထား ပြီး၊ မြို့နယ်အလိုက်
Posted: 19 Jun 2014 07:17 PM PDT
  ထိုင်းစစ်တပ်က အာဏာသိမ်းအပြီး ထိုင်းမြန်မာနယ်စပ်မှာ ရာနဲ့ချီရှိတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ ကို ဖမ်းဆီးတာဟာ မူးယစ်ဆေးဝါး နဲ့ လူကုန်ကူးမူကို ကာကွယ်ဖို့ တရားဝင် အလုပ်ခန့်ထားတဲ့ စနစ် ထဲကို ရောက်ဖို့ ဖြစ်တယ်လို့ ထိုင်းဖက်ကပြောလိုက်ပါတယ်။ ခရိုင် ၅ခုကို တာဝန်ယူထားတဲ့ ထိုင်းစစ်တပ် အမှတ် ၄ တပ်ရင်းက မဲဆောက်မြို့မှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကို  
Posted: 19 Jun 2014 07:13 PM PDT
 ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေကို မနေ့ ကြာသပတေးနေ့က ဆက်လက် ယှဉ်ပြိုင်ကြတာမှာ ကိုလံဘီယာနိုင်ငံက Ivory Coast နိုင်ငံ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတဲ့အတွက် နောက်တဆင့် ရှုံးထွက်ပွဲတွေကို တက်နိုင်ဖို့ အလားအလာ ကောင်းသွားပြီ ဖြစ်ပါတယ်။ Brasilia မြို့မှာ ကျင်းပတဲ့ အုပ်စု C ပွဲစဉ်တွေမှာ ကိုလံဘီယာအသင်းက အနိုင်ရလိုက်တဲ့အတွက် ၆ မှတ်နဲ့ အုပ်စု ပထမနေရာကို ရောက်ရှိသွားပြီး Ivory Coast
Posted: 19 Jun 2014 05:16 PM PDT
၁၉ ဂျွန်လ ၂၀၁၄ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ချင်းဆဲန်မြို့နယ်အတွင်း မဲခေါင်မြစ်ကမ်းတွင် အစိုးရ၏ ငြိမ်းချမ်း ရေးဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဦးဆောင်သောအဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်တို့ အလွှတ်သဘော ဆွေးနွေးခဲ့ကြပါသည်။ ဆွေနွေးပွဲကို ၂၀၁၄ ဂျွန်လ ၁၉ ရက် မနက် ၉.၃၀ - ၁၁.၃၀ နာရီအထိ ပြုလုပ်ခဲ့ရာ အစိုးရကိုယ်စားလှယ်ဘက်မှ ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော
Posted: 19 Jun 2014 04:24 PM PDT
  ဇွန်လ ၂၀ ရက်နေ့ ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာ  သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 19 Jun 2014 04:23 PM PDT
  ဇွန်လ ၂၀ ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့စဉ်သတင်းစာ  သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...