Tuesday, May 13, 2014

တော်ပါတော့ အသံထုတ်နိုင်ငံရေးရယ် ........ pls just stop the voice issuing politic


ဘာ ဖွဲ့စည်းပုံပြင်ဖို့
လူထုတစ်ရပ်လုံးကခေါင်းဆောင်တွေနဲ့အတူ
ထောင်ထဲဝင်ဖို့ဟုတ်လား
ဒီမယ်ကိုဝေဠု ခင်ဗျားကိုလေးစားပါရဲ့
ဒါပေမယ့်ဆိုရေးရှိပြောရဦးမယ်
ဘယ်ခေါင်းဆောင်က ဘယ်ဝန်ကြီးဝန်လေး
ဘယ်သမ္မတ ဘယ်အကြံပေးကို အငြိုငြင်ခံ
မျက်နှာအပျက်ခံပြီးထောင်ထဲဝင်ရလောက်အောင်
လုပ်မှာမို့လို့ ဘယ်ခေါင်းဆောင်နဲ့အတူထောင်ထဲဝင်ရမှာလဲ

ပူးပေါင်းဆောင်ရွက်မှုအမည်တပ်ပြုံးဖြဲနိုင်ငံရေး
အတိုက်အခံအမည်တပ်အငြိုငြင်မခံနိုင်ငံရေး
လူစုအသံထုတ်နိုင်ငံရေး ကိုယ်ကအစိုးရကိုအသံလေးလောက်ထုတ်နိုင်တာကို
သူများကိုactivists လို့နှိမ်ချင်သလို
ပြောချင်သေးတာ
ကိုယ်ကိုတိုင်ကတော့နိုင်ငံရေးဂုရုကြီးတွေပေါ့လေ
ဟားဟားရီရတယ်
လူစုကြေငြာချက်ထုတ်နိုင်ငံရေး
ဟိုဟာလုပ်ပေးရန်ဒီဟာလုပ်ပေးရန်
အစိုးရအားတောင်းဆိုလိုက်သည်
မလုပ်ပေးပါက
နောက်ထပ်ချီးကုန်းစက္ကူတစ်စောင်ထပ်ထုပ်လိုက်မည်
စသဖြင့်စသဖြင့်
လူပျိုကြီးအပျိုကြီးအာသာပြေနိုင်ငံရေး
မိုက်ကရိုဖုန်းရှေ့လေကြီးဖင်ကျယ်နိုင်ငံရေး
ကိုယ့်ထမင်းတစ်လုပ်တောင်ကိုယ့်ပညာနဲ့ကိုယ်
ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်နဲ့ကိုယ်
ကိုယ့်ကိုယ်ပိုင်ဝင်ငွေနဲ့ကိုယ်
ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့တောင်
ကိုယ့်အရည်အချင်းနဲ့ကိုယ်ရှာမစားနိုင်ပဲ
တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့်နိုင်ငံရေး
ကိုယ့်မိသားစုတောင်ကိုယ်လုပ်မကျွေးနိုင်ပဲ
တိုင်းပြည်လူမျိုးအတွက်ပေးဆပ်နိုင်ငံရေး
နှစ်ဘက်မိဘကပဲစားမကုန်အောင်
ချမ်းသာနေသလိုလို
ကိုယ်ပိုင်အလုပ်မရှိအကိုင်မရှိ
ခွက်ထိုးခွက်ခုတ်နိုင်ငံရေး
ဗီနိုင်းရှေ့လူစွမ်းကောင်းနိုင်ငံရေး
အခမ်းအနားနိုင်ငံရေး
ဟိုပွဲဒီပွဲဟောပြောပွဲဆွေးနွေးပွဲ
မိုက်ရှေ့သံထွေးစဉ်ကောင်းရုံ
အာပေါင်အာရင်းသန်နိုင်ငံရေး
လေတစ်လုံးမိုးတစ်လုံးပြောလို့ဆုံးတော့
ဒေသအာဏာပိုင်လက်ပြဲကြားထဲ
ဒေသခံတွေရဲ့ပြဿနာကိုထားခဲ့မြဲ
ဖုတ်ဖက်ခါနိုင်ငံရေး
မီဒီယာရှေ့ဓါတ်ပုံရိုက်ကောင်းရုံနိုင်ငံရေး
လူကြီးနဲ့လက်ဆွဲနှုတ်ဆက်ရုံနိုင်ငံရေး
အသိမှတ်ပြုခံနိုင်ငံရေး
ဟိုအရေးဒီအရေးဆောင်ရွက်ပေးဖို့
ဟိုတိုက်ပွဲခေါ်သံဒီတိုက်ပွဲညာသံပေး
ဒေသခံအဖမ်းခံရတော့
မြို့တတ်ပြီးဖျားနာနိုင်ငံရေး
ခရိုနီစပွန်ဆာနဲ့လော်ဘီနိုင်ငံရေး
ခရိုနီခရိုပြာအိတ်ထောင်ထဲကနိုင်ငံရေး
နောက်မကြာမတင်တွေ့ရပါတော့မယ်
နောက်ထပ်နိုင်ငံရေးသစ်
ခရိုနီအိတ်ထောင်ထဲကမဲခွက်ထိုးခံနိုင်ငံရေးနဲ့
ခရိုနီ့ပေါ်လစီကိုယ်စားပြု
လွှတ်တော်တွင်းနိုင်ငံရေး
ခရိုနီခါးပိုက်ဆောင်အရပ်ဘက်လူ့အဖွဲ့အစည်းနိုင်ငံရေး
ပြောလိုက်ပါဦး
ပူးပေါင်းဆောင်ရွက်ရေးလို့
ရွတ်ဖတ်လိုက်ပါဦး
နောက်ပြန်မဆုပ်ရေးလို့
ဂါထာမန်းမှုတ်လိုက်ပါဦး
ထိပ်တိုက်မရင်ဆိုင်ရေးလို့
စကားလုံးကောင်းကင်နိုင်ငံရေး
နိုင်ရေးသိပ္ပံစုံအသစ်အသစ်
သွင်ကူးပြောင်းကာလမှာပေါမှပေါ
ဖရန်စစ်ဖူကူယားမလက်မှိုင်ချသွားမယ့်
မြန်မာ့နိုင်ငံရေးသစ်
ဟန်တင်တန်လက်ဖျားခါလောက်တဲ့
မြန်မာ့နိုင်ငံရေးသစ်
ခရိုနီအကျိုးနဲ့ကိုယ်ကျိုးကာကွယ်အစိုးရကို
စိန်မခေါ်နိုင်ပဲ
အံတုနိုင်လောက်အောင်
လုပ်ငန်းစဉ်မရှိပဲ
စည်းမျဉ်းတွေကိုစည်းကြပ်နိုင်လောက်အောင်
အတတ်ပညာအသုံးမပြုပဲ
အသံထုတ်နိုင်ငံရေးတွေတော်ပါတော့
ပြည်သူကိုတစ်သက်လုံးလူလူသူသူပညာမသင်ဘူးတဲ့
သံတိုင်နောက်ကထောင်စာတွေလိုသောက်ချင်မှတ်ရင်
ပြည်သူတွေဆိုတာကိုယ့်ထမင်းကိုယ်ရှာစားနိုင်တဲ့
ကိုယ့်ဝမ်းကိုယ်ခွက်မခုတ်ပဲကျောင်းနိုင်လောက်အောင်
အရည်အချင်းရှိတဲ့
ခေတ်တွေကိုဖြတ်သန်းဖူးတဲ့
အတွေ့အကြုံရှိသူတွေဆိုတာမမေ့နဲ့
ဒီမိုကရေစီကျင့်စဉ်
ပြည်သူတွေကဆင်ခြင်မှုအရှင်တွေဆိုတာမမေ့နဲ့
အပေါစားနိုင်ငံရေးမှီခိုသူတွေဖြစ်လိမ့်မယ်မထင်နဲ့ ...

ပြည်သူပြည်သားတစ်ဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...