Wednesday, May 14, 2014

ဆရာလုပ်ချင်နေတဲ့သူများ သို့

ဒေးကားနက်ဂျီ ပြောသလို သူဌေးတစ်ယောက်က သူဌေးဖြစ်နည်း ကျမ်းရေးတာ သဘာဝကျပါတယ်။ ဘာမဟုတ်တဲ့ ငမွဲက သူဌေးဖြစ်နည်းကျမ်း ရေးတာ သဘာဝမကျဖူး။ အဲလိုဘဲ နိုင်ငံရေး သမားက နိုင်ငံရေးကြောင်းပြောတာ သဘာဝကျပါတယ်။ အဲလိုမဟုတ်ဘဲ အစိုးရကို အပုတ်ချလိုက် ၊ NLD ကို အပုတ်ချလိုက် ၊ ပြည်သူလူထုကို အပုတ်ချလိုက် ကိုယ့်ကိုယ်ကို Think Tank လိုလို ဘာလိုလိုနဲ့ မင်း(အုပ်ချုပ်သူ) ကို ဆရာ လုပ်ချင်သူများ----------------
ခင်များတို့တွေမှာ ယုံကြည်ချက်မရှိဖူးလား
 
ခင်များတို့က နိုင်ငံရေးသမားတွေလား ၊ ပညာရှင်တွေလား ၊ media သမားတွေလား။
ကိုယ်ဘာကောင်လည်း ဆိုတာ သိအောင် အရင်လုပ်ပါ။ နိုင်ငံရေးကို တစ်ကယ်ယုံကြည်တယ်ဆိုရင် ၀င်လုပ်ပါ။ ရွေးကောက်ပွဲကို
ဝင်သင့်တယ်ဆိုရင် ခင်များကိုယ်တိုင် ရှေ့ဆုံးက ၀င်ပါ။ ကိုယ်ကိုယ်တိုင် မ၀င်ရဲဘဲနဲ့ သူများတွေကို သွေးမထိုးပါနဲ့။ ကိုယ့်ကိုယ်ကို ပညာရှင်လို့ ယူဆရင် နိုင်ငံရဲ့ လိုအပ်ချက်တွေကို ပြောပါ။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်အောင် အကြံပေးပါ။ သူများတွေကို မပုတ်ခတ်ပါနဲ့။ ဒါ ပညာရှင်တွေရဲ့ အလုပ်မဟုတ်ဖူး။ ကိုယ့်ကိုယ်ကို media သမားတစ်ယောက်လို့ ခံယူရင် လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ပြည်သူတွေသိအောင် တင်ပြပါ။ ကိုယ်ပြောချင်တာတွေပြောပြီး အမြင်တွေနဲ့ လျှောက်မငြင်းပါနဲ့။
 
သတင်းအမှန်တွေကို အမှားမလုပ်ပါနဲ့။ အဖြစ်မှန်အတိုင်း bias ကင်းအောင်ရေးပါ။ သတင်းအမှန်လိုလို ဘာလိုလိုနဲ့ ကိုယ်လိုရာဆွဲသွင်းတာက media သမားရဲ့ အလုပ်မဟုတ်ဖူး။ သတင်းစာ နှစ်စောင်လောက် ထုတ်ဖူးတာနဲ့ ကိုယ့်ကိုယ်ကို media သမားလို့ မထင်ပါနဲ့။ ဘာဘဲပြောပြော ကိုယ့်ကိုယ်ကို ဘာကောင်ဆိုတာ သိပြီး မိမိတာဝန် မိမိကျေဖို့ အရေးကြီးတယ်။
 
ကိုယ်ကိုယ်တိုင်က နိုင်ငံရေးထဲလည်း မပါ ၊ ပညာရှင်လည်း မဟုတ် ၊ media သမားလည်း မဟုတ်ဘဲ လူထုကို ဟိုလိုလုပ် ဒီလိုလုပ် ၊ ငါသာလျှင် အတော်ဆုံး ၊ ငါသာလျှင် အတတ်ဆုံး ဆိုပြီး မင်း(အုပ်ချုပ်သူ)ကို ဆရာလုပ်ချင်နေတဲ့သူများ--.......

မှတ်ချက်...ကျနော့်အားယနေ့ ညတွင် စိတ်ကြိုက် အမ်(Un....) လုပ်နိုင်ပါသည်။
မျက်စိတွေနောက်ပြီး..လုံးဝ(လုံးဝ) သည်းမခံချင်တော့လို့ -----FOOLWRITER ဌားသုံးလိုက်သည်။

ရွှေအိမ်စည်
ဒေးကားနက်ဂျီ ပြောသလို သူဌေးတစ်ယောက်က သူဌေးဖြစ်နည်း ကျမ်းရေးတာ သဘာဝကျပါတယ်။ ဘာမဟုတ်တဲ့ ငမွဲက သူဌေးဖြစ်နည်းကျမ်း ရေးတာ သဘာဝမကျဖူး။ အဲလိုဘဲ နိုင်ငံရေး သမားက နိုင်ငံရေးကြောင်းပြောတာ သဘာဝကျပါတယ်။ အဲလိုမဟုတ်ဘဲ အစိုးရကို အပုတ်ချလိုက် ၊ NLD ကို အပုတ်ချလိုက် ၊ ပြည်သူလူထုကို အပုတ်ချလိုက် ကိုယ့်ကိုယ်ကို Think Tank လိုလို ဘာလိုလိုနဲ့ မင်း (အုပ်ချုပ်သူ) ကို ဆရာ လုပ်ချင်သူများ ----------------

ခင်များတို့တွေမှာ ယုံကြည်ချက်မရှိဖူးလား
ခင်များတို့က နိုင်ငံရေးသမားတွေလား ၊ ပညာရှင်တွေလား ၊ media သမားတွေလား။
ကိုယ်ဘာကောင်လည်း ဆိုတာ သိအောင် အရင်လုပ်ပါ။ နိုင်ငံရေးကို တစ်ကယ်ယုံကြည်တယ်ဆိုရင် ၀င်လုပ်ပါ။ ရွေးကောက်ပွဲကို
ဝင်သင့်တယ်ဆိုရင် ခင်များကိုယ်တိုင် ရှေ့ဆုံးက ၀င်ပါ။ ကိုယ်ကိုယ်တိုင် မ၀င်ရဲဘဲနဲ့ သူများတွေကို သွေးမထိုးပါနဲ့။ ကိုယ့်ကိုယ်ကို ပညာရှင်လို့ ယူဆရင် နိုင်ငံရဲ့ လိုအပ်ချက်တွေကို ပြောပါ။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်အောင် အကြံပေးပါ။ သူများတွေကို မပုတ်ခတ်ပါနဲ့။ ဒါ ပညာရှင်တွေရဲ့ အလုပ်မဟုတ်ဖူး။ ကိုယ့်ကိုယ်ကို media သမားတစ်ယောက်လို့ ခံယူရင် လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ပြည်သူတွေသိအောင် တင်ပြပါ။ ကိုယ်ပြောချင်တာတွေပြောပြီး အမြင်တွေနဲ့ လျှောက်မငြင်းပါနဲ့။

သတင်းအမှန်တွေကို အမှားမလုပ်ပါနဲ့။ အဖြစ်မှန်အတိုင်း bias ကင်းအောင်ရေးပါ။ သတင်းအမှန်လိုလို ဘာလိုလိုနဲ့ ကိုယ်လိုရာဆွဲသွင်းတာက media သမားရဲ့ အလုပ်မဟုတ်ဖူး။ သတင်းစာ နှစ်စောင်လောက် ထုတ်ဖူးတာနဲ့ ကိုယ့်ကိုယ်ကို media သမားလို့ မထင်ပါနဲ့။ ဘာဘဲပြောပြော ကိုယ့်ကိုယ်ကို ဘာကောင်ဆိုတာ သိပြီး မိမိတာဝန် မိမိကျေဖို့ အရေးကြီးတယ်။
ကိုယ်ကိုယ်တိုင်က နိုင်ငံရေးထဲလည်း မပါ ၊ ပညာရှင်လည်း မဟုတ် ၊ media သမားလည်း မဟုတ်ဘဲ လူထုကို ဟိုလိုလုပ် ဒီလိုလုပ် ၊ ငါသာလျှင် အတော်ဆုံး ၊ ငါသာလျှင် အတတ်ဆုံး ဆိုပြီး မင်း(အုပ်ချုပ်သူ)ကို ဆရာလုပ်ချင်နေတဲ့သူများ .......
မှတ်ချက်...ကျနော့်အား ယနေ့ ညတွင် စိတ်ကြိုက် အမ်(Un....) လုပ်နိုင်ပါသည်။
မျက်စိတွေနောက်ပြီး..လုံးဝ(လုံးဝ) သည်းမခံချင်တော့လို့ -----FOOLWRITER ဌားသုံးလိုက်သည်။

ရွှေအိမ်စည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...