Friday, May 23, 2014

အာဏာရှင်လက်မှ အာဏာရှင် အာဏာသိမ်းခြင်း

Saw Maung
 Saw Maung

၈၈ ဒီမိုကရေစီ လူထုအုံကြွတောင်းဆိုမူကြီးကို စစ်တပ်က လက်နတ်မဲ့ပြည်သူတွေကို ရိုက်နှက် ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ပြီး၊ အဆုံးသတ်စေခဲ့တာကတော့ စက်တင်ဘာ ၁၈၊ ၁၉၈၈ မှာ အာဏာသိမ်းခဲ့တာပါပဲ။ လိုက်လံဖမ်းဆီးလို့တိမ်းရှောင်ပြေးကြ၊ မတရားမှုကို မခံမရပ်နိုင်ကြသော ရဟန်း ၊ကျောင်းသားပြည်သူတို့ လည်း မြန်မာပြည် တောင်ပိုင်၊ မြောက်ပိုင်း အစွန်အဖျားကိုထွက်ကြပြီး လက်နက်ကိုင်စွဲခဲ့ကြသည်။
အာဏာသိမ်းခြင်းနှင့်အတူ "နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့" ဆိုပြီးပေါ်ပေါက်လာသည်။ ဦးစောမောင်က ဥက္ကဋ္ဌဖြစ်သည်။ ဗိုလ်ချူပ်မှူဒကြီး ဘွဲ့ကို သူက စခဲ့သည်။ တခုတည်းသော ရေဒီယိုနှင့် တခုတည်းသော ရုပ်မြင်သံကြားတို့တွင် စစ်နှင့်ဆိုင်သောသီချင်းများကို အမြဲမပြတ် ဖွင့် ပြသည်။ ဦးစောမောင်၊ မိန်ခွန်းတွေ ခဏခဏထွက်ပြောသည့်အခါ စာအုပ်များကိုပြသသည်။တအုပ်ခြင်းလက်မှာကိုင်မြောက်ပြသည်။ ဘယ်စာအုပ် ဘယ်လိုကောင်းကြောင်း။ ဘယ်စာရေးဆရာက ဘယ်လိုကောင်းကြောင်း အားနဲ့မာန်နဲ့ ဟောပြောတတ်သည်။ပြောလည်းပြော၊ ပရိတ်သတ်ကိုလည်းလှမ်း လှမ်းမေးတတ်သည်။"ဒီစာအုပ်သိပ်ကောင်းတာဗျ။ ခင်ဗျားတို့မသိချင်ဖူးလား။ သိချင်ပါတယ်(ပရိတ်သတ်)။ သိချင်ရင် ရှာဖတ်။" တောင်ငူမြို့မှာယင်းကဲ့သို့ဟောပြောပြီးနောက် ထို့သို့ပြောသွားခဲ့သည်။ "ခင်ဗျားတို့အခုသုံးနေတဲ့ကြွတ်ကြွတ်အိတ်ကို ပစ္စည်းထည့်ရင် အများဆုံး ဘယ်နှစ်ပေါင်လောက် ဆံ့မလည်း။ ဆယ်ပေါင်ပါ(ပရိတ်သတ်)။ ဆယ်ပေါင်ဝင်သောအိတ်ကို ပေါင်နှစ်ဆယ် သုံးဆယ် အဆမတန်ထည့်မယ်ဆိုရင် ဒီအိတ် ပျက်စီး မကွဲသွားပေးဘူးလား။ ကွဲသွားပါတယ်(ပရိတ်သတ်)။ အဲလိုပဲ နအဖက တိုင်းပြည်ကိုဦးဆောင်နေတဲ့နေရာမှာ လောလော လောလောနဲ့မဆံ့မပြဲ ပစ္စည်းတွေကိုစောစောကပြောတဲ့အိတ်ထဲကို ထည့်မယ်ဆို အိတ်ကွဲသွားမှာပေါ့။"
ရွှေးကောက်ပွဲလုပ်ပေးမယ်ပြောပြီးတက်လာသည့်အဖွဲ့ဖြစ်ပါသည်။ ရွှေးကောက်ပွဲအနိုင်ရသူကိုအာဏာလွဲပေးမည်။ စစ်တပ်က စစ်တန်းလျားကိုပြန်မည် စသဖြင့်ပြောသည်။ မေလ ၂၇၊ ၁၉၉၀ တွင်ရွှေးကောက်ပွဲကျင်းပသည်။ခမောက်တံဆိပ်ဖြင့် တနိုင်ငံလုံး မဲအများစုဖြင့် NLD အနိုင်ရသည်။ အာဏာလွဲမပေးခဲ့ချေ။ သွက်ချာပါဒရောဂါရှိတယ်ဆိုပြီး ကောလဟလ သတင်းများထွက်ပေါ်ခဲ့ပြီး ၁၉၉၂ တွင်၊ လူမြင်ကွင်းမှပျောက်ကွယ်သွားသည်။ မထင်မရှားဖြင့် ၁၉၉၇ တွင်သေဆုံးသွားသည်။
ထိုအချိန်က ကိုဇာဂနာ ပြက်လုံး ပြက်ခဲ့သည်။ ယင်းပြက်လုံးကြောင့်ပင် ထောင်ကျခဲ့ရသည်ဟု၊ သတင်းသဲ့သဲ့ကြားရသည်။ ဇဂနာ။     ။"ကျနော်နံမည်က မောင်ခွေးဗျ၊ ကျနော်က နယ်အစုံ နေရာအစုံလျှောက် နေရတော့ နာမည်လည်းအမျိုးမျိုးပြောင်းရတာပေါ့။ ရှမ်းပြည်နယ်ရောက်တော့ စိုင်းမောင်ခွေး။ ချင်းပြည်နယ်ရောက်တော့ ဆလိုင်းမောင်ခွေး။ မွန်ပြည်နယ်ရောက်တော့ နိုင်မောင်ခွေး။ ကရင်ပြည်နယ်ရောက်တော့ စောမောင်ခွေး ပေါ့ဗျာ။"

အောင်မြင့်သဏ်း
မေလ ၂၃၊၂၀၁၄


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...