Saturday, May 24, 2014

ထိုင်းအာဏာသိမ်း စစ်တပ်မှ အာဏာရှင်ဟောင်း တက်စင် ချူနာဝပ် ၏ လက်ရုံးကြီးများအား တစ်ဦးပြီးတစ်ဦး ဖမ်းဆီးနေ

Min Burma's status update.
၂၃-မေ၊ ၂၀၁၄
တချိန်က တိုင်းပြည်ပိုင်ငွေများအား အလွဲသုံးစားလုပ်ခဲ့လို့  ထိုင်းတရားရုံးတော်မှ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခြင်းခံခဲ့ရသူ ၀န်ကြီးချုပ်ဟောင်း တက်စင် ချူနာဝပ် ဟာ အပြစ်ဒဏ်တွေကိုေ၇ှာင်လွဲကာ ပြည် ပနိုင်ငံသို့  ထွတ်ပြေးတိမ်းေ၇ှာင်သွားခဲ့သော်လည်း တိုင်းပြည်အာဏာကို သူယုံကြည်စိတ်ချရဆုံး သစ္စာခံလူတွေက တက်စင် ကိုပွားအဖြစ် ဆက်လက် ချုပ်ကိုင်ထား ဆဲဖြစ်သည်ဟု ထိုင်းနိုင်ငံသား အများစုက သိနေကြတာပါ။

ယခုအာဏာသိမ်းလိုက်တဲ့ပွဲမှာတော့ သူသေဆိုသေမယ် သတ်ဆိုသတ်မယ်ဆိုတဲ့ ဘယ်- ညာလက်ရုံး တွေကို ထိုင်းစစ်တပ်က တစ်ယောက်ပြီးတယောက်လိုက်ဖမ်းနေပါပြီ၊ သူရဲ့  တပည့်ကျော်ကြီးများကတော့ နေရာအသီးသီးမှာ ဖမ်းမိခဲ့ပါတယ်၊
နောက်ဆုံးစစ်တပ်က စစ်ရုံးချုပ်ကနေအလိုရှိတဲ့သူစာရင်းထုတ်ပြန်ရာမှာ တက်စင် ရဲ့ ညီမ ရင်လပ်နဲ့  မိသားစုဝင်တွေပါစာရင်းထဲမှာတွေ့ ရပါတယ်၊ပါတီထိပ်တမ်းခေါင်းဆောင်တွေ-ရဲအရာကြီးတချို့ နဲ့  စီးပွားရေးသမားတွေပါခေါ်ယူစစ်ဆေးကြမှာပါ.။
အာဏာအလွဲသုံးစားလုပ်ပြီး တိုင်းပြည်ပိုင်းငွေကြေးသန်းပေါင်း(၄)သိန်း အလွဲသုံးစားလုပ်မှု
တိုင်းပြည်ခွဲထွတ်ဘို့ ကြေငြာချက်ထုတ်ပြန်ခြင်း-တိုင်းပြည်ရဲ့  အမြင့်ဆုံး ဘုရင်ကြီးအား စော် ကားခြင်း-ဆန္ဒပြတဲ့သူတွေအပေါ် သတ်ဖြတ်လုပ်ကြံမှုတွေစတဲ့ အမှုပေါင်းများစွာကို အာဏာရှင်ဟောင်းရဲ့  ကိုယ်ပွား လူယုံကြီးများ တရားရုံးတင် စစ်ဆေးခံကြရတော့မယ်လို့ သိရပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...