Wednesday, April 9, 2014

ရဲဘော် ဒီးယူ


အမည် - ရဲဘော် ဒီးယူ
ကိုယ်ပိုင်အမှတ် - ၅၁၂၇
(၁၉၇၅ ခုနှစ်၊ ဇွန်လ ၂၇ ရက် - ၂၀၁၄ ခုနှစ်၊ ဧပြီလ ၇ ရက်)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် မွေးဖွားသည်။
၁၉၉၀ တွင် ကယန်းပြည်သစ်ပါတီသို့ ၀င်ရောက်ခဲ့သည်။

၁၉၉၄ တွင် ကျောင်းသားတပ်မတော် တပ်ရင်း ၃၀၃ သို့ ပြောင်းရွှေ့သည်။
၁၉၉၄ တွင် ကျောင်းသားတပ်မတော် ရေဒီယိုထောက်လှမ်းရေး တပ်ဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။
တပ်ဦး နှင့် တပ်မတော် ၏ တာဝန်ပေးအပ်ချက်အရ မဟာမိတ်အဖွဲ့အစည်းများတွင် ရေဒီယိုထောက်လှမ်းရေး အရာရှိ နှင့် နည်းပြအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၀၉ ခုနှစ် မတ် လ ၁၁ ရက်နေ့တွင် စစ်ဦးစီးအရာရှိ တတိယတန်း တာဝန်ပေးအပ်ခံရသည်။
ဆက်သွယ်ရေးတပ်ဖွဲ့၏ သတင်း လုံခြုံမှုဆိုင်ရာများ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
၂၀၁၁ ခုနှစ် တွင် မကဒတ န၀မအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီဝင် အဖြစ်ရွေးချယ်ခံရသည်။
၂၀၁၃ ခုနှစ် ဇွန် လ ၂၄ ရက်နေ့တွင် ဗဟိုစစ်ကော်မရှင် စစ်ရေးဌာန တာဝန်ခံအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။
၂၀၁၄ ခုနှစ် မတ် လ ၁၄ ရက်နေ့တွင် မကဒတ ဒဿမအကြိမ် ညီလာခံသက်တမ်း ဗဟိုကော်မတီဝင် အဖြစ် ထပ်မံရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသည်။
၂၀၁၄ ခုနှစ် ဧပြီလ ၆ ရက်နေ့ မြိတ်မြို့၌ ကျင်းပခဲ့သည့် မကဒတ(ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျဆုံး ရဲဘော် များအား ဒီမိုကရေစီ သူရဲကောင်းဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲမှ အပြန် ၂၀၁၄ ဧပြီလ ၇ ရက် မွန်းလွဲ (၃)နာရီခန်တွင် ပုလောမြို့နယ် ထမင်းမစားကျေးရွာအုပ်စု တော်ဝင်ကျေးရွာ အနီး (မြိတ်-ထားဝယ် ကားလမ်း မိုင် တိုင် အမှတ်(၈၅/၄)အနီး) ယာဉ်တိုက်မှု ဖြစ်ပွား၍ ကျဆုံးခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...