Monday, April 7, 2014
ပုဂံမြို့ဟောင်းနှင့် ကျွန်တော် ( ဇော်ဂျီ )
April 5, 2014 at 1:42am
ပုဂံမြို့ဟောင်းတွင် ကြည်ညိုစရာ၊ ကြည်နူးစရာ များပါပေသည်။ ကြည်ညိုစရာဆိုသည်မှာ သပ္ပာယ်လှသော ရှေးဟောင်းဘုရားစေတီများ ဖြစ်၍၊ ကြည်နူးစရာဆိုသည်မှာ နိုင်ငံသစ်တည်ခဲ့သော ရှေးခေတ် ပုဂံသားတို့ ဖြစ်လေ သည်။ ကြည်ညိုစရာကို ဖူး၍ ကြည်နူးစရာကို တွေးရသည်မှာ ဖူး၍ တွေး၍ ကုန်နိုင်ပါတော့မည်လားဟု ကျွန်တော် အောက်မေ့မိသည်။
ပုဂံမြို့ဟောင်းသို့ ကျွန်တော်တို့ တလောက ရောက်ခဲ့ကြသည်။ ရောက်ခဲ့သောရာသီသည် သီတင်းကျွတ်အကုန်၊ တန်ဆောင်မုန်းအကူး ဆောင်းဦးရာသီ ဖြစ်လေသည်။
ပုဂံမြို့ဟောင်းသို့ ကျွန်တော် နောက်တစ်ခေါက် အလည်လာလျှင် ထိုရာသီမျိုးတွင် လာချင်သည်။
ထိုရာသီသည် ပုဂံကောင်းကင်၌ တိမ်တောင် တိမ်လိပ်တို့ မြူးချင်တိုင်း မြူးကြသော ရာသီ ဖြစ်လေသည်။ ထိုရာသီတွင် တိမ်တောင်တိမ်လိပ်တို့သည် တစ်ခါတစ်ရံ ရွှေစည်းခုံကို ဦးတိုက်နေတတ်ကြသည်။ တစ်ခါတစ်ရံ အာနန္ဒာ၏ ချရားသီးအနီးတွင် လဲလျောင်းနေတတ်ကြသည်။ တစ်ခါတစ်ရံ သဗ္ဗညု၏ အထွတ်တွင် တွဲလဲခိုနေတတ်ကြသည်။ တစ်ခါတစ်ရံ ဓမ္မရံကြီး၏ နောက်တွင် တပိတစ်ပိုင်း ပေါ်နေတတ်ကြသည်။ တစ်ခါတစ်ရံ တူရွင်းတောင်တွင် တန်းစီနေတတ်ကြသည်။ ထိုအခါ ပုဂံမြို့ဟောင်းသည် ပန်းချီ ဗိမာန်ဆောင်နှင့်ပင် တူလေတော့သည်။
ကျွန်တော်တို့ ပုဂံမြို့ဟောင်းသို့ ရောက်ပုံသည် မန္တလေးမြို့မှ တစ်ဆင့် ဧရာဝတီမြစ်ကြောင်းမှ စုန်၍ ရောက်ခြင်း ဖြစ်လေသည်။ ပုဂံမြို့ဟောင်းသို့ ကျွန်တော် နောက်တစ်ခေါက် အလည်လာလျှင်လည်း ထိုရောက်ပုံအတိုင်းပင် ရောက်ချင်သည်။ မန္တလေးမြို့မှ စုန်လာလျှင် ပုဂံမြို့ဟောင်းသို့ ရောက်ခါနီး၌ မြစ်ညာခပ်လှမ်းလှမ်းမှနေ၍ ပုဂံမြို့ဟောင်းကို ပက်ပင်းပါ မြင်ရမည်ဟု ထင်မိသည်။ သို့ရာတွင် ညောင်ဦးနတ်သမီး ကမ်းပါးဖွေးဖွေးကိုသာ မြင်ရသည်။ ညောင်ဦးမြို့၌ သင်္ဘောကပ်၍၊ ကျွန်တော်တို့ မြို့သို့တက်၍၊ ထို့နောက် မြို့ကို ဖြတ်၍၊ ထို့နောက် မြို့စွန်သို့ ရောက်သောအခါမှာမှ ပုဂံမြို့ဟောင်းကို ပက်ပင်းပါ မြင်ရလေသည်။ ပက်ပင်းပါ မြင်ချင်သော အရာကို ပက်ပင်းပါ မမြင်ရဘဲ တစ်ကွေ့ကျော်ပြီးမှသာ မြင်ရသော တစ်ကွေ့ကျော် ဘွားခနဲမြင် အရသာမျိုးကို ခံစားလိုက်ရလေသည်။
တစ်ဖန် ပုဂံမြို့ဟောင်းကို မမြင်ရခင်၊ ညောင်ဦးနတ်သမီး ကမ်းပါးဖွေးဖွေးကို ကြိုတင်မြင်ရခြင်းကို ကျွန်တော် သဘောကျသည်။ ကမ်းပါးသည် စောက်သည်။ အောက်တွင် ဧရာဝတီရှိ၍၊ အထက်တွင် အချွန်သုံးခုရှိလေသည်။ ပုဂံခေတ် ပန်းရံပျံတို့သည် ဘုရားစေတီ တည်သောအခါ ဘုရားပန်းတင်ခုံတွင် စိန်တောင် ထည့်လေ့ရှိလေသည်။ စိန်တောင်ဆိုသည်မှာ အချွန်ပင် ဖြစ်လေသည်။ စိန်တောင်သည် ပန်းတင်ခုံကို လှစေသည်၊ ကြွစေသည်။ ညောင်ဦး နတ်သမီး ကမ်းပါးရှိ အချွန်သုံးခုသည် ပုဂံမြို့ဟောင်း၏ စိန်တောင်ပင် ဖြစ်လေစွ။
ပုဂံမြို့ဟောင်းသို့ သွားသူများသည် အနည်းဆုံး ရွှေစည်းခုံနှင့် အာနန္ဒာတို့သို့ ရောက်တတ်ကြသည်ဟု ပြောကြလေသည်။ ကျွန်တော်တို့သည် ထိုဘုရားနှစ်ဆူသို့ မရောက်လျှင် မဖြစ်နိုင်ပေ။
ရွှေစည်းခုံ စေတီတော်အား မည်သည့်မုခ်ဘက်က ၀င်၍ ဖူးရလျှင် ကောင်းမည်နည်းဟု ကျွန်တော် ချိန်ကြည့်သည်။ ညောင်ဦးမြို့တွင်းရှိ အရှေ့မုခ်ဘက်မှ ၀င်ရလျှင် ကောင်းမည်လော။ ညောင်ဦးမြို့ပြင်ရှိ ပုဂံမြို့သွားလမ်း နံပါး တောင်မုခ်ဘက်မှ ၀င်ရလျှင် ကောင်းမည်လော၊ ကျွန်တော်သည် တောင်မုခ်ဘက်မှသာ ၀င်ချင်သည်။ တောင်မုခ်ဘက်မှ ၀င်လျှင် မုခ်ဦး ခြင်္သေ့ရုပ်နှစ်ခုသည် ပြည့်ဖြိုးသည်ဟု ထင်ရသည်။ ခွန်အားကြီးသည်ဟု ထင်ရသည်။ စေတီ၏ ပုံတော်သည် ကြံ့ခိုင်သည်ဟု ထင်ရသည်။ ထက်မြက်သည်ဟု ထင်ရသည်။ ကျွန်တော့်မှာ တက်ကြွအားရခြင်း ဖြစ်မိလေသည်။
မြန်မာတို့ တည်လေ့ရှိသော စေတီတွင် အခြေ၌ ပန်းတင်ခုံ ထည့်သည်။ ထို့နောက် ဖိနပ် ထည့်သည်။ ထို့နောက် ကြေးဝိုင်း ထည့်သည်။ ထို့နောက် ခေါင်းလောင်းပုံ၊ သို့တည်းမဟုတ် သပိတ်မှောက် ထည့်သည်။ ထို့နောက် ကြာမှောက် ထည့်သည်။ ထို့နောက် ရွဲထည့်သည်။ ထို့နောက် ကြာလန် ထည့်သည်။ ထို့နောက် ချရားသီး၊ သို့တည်းမဟုတ် ငှက်ပျောဖူး ထည့်သည်။ ထိုအရာတို့သည် စေတီတိုင်း၌ မြန်မာ ဗိသုကာအင်္ဂါများ ဖြစ်လေသည်။ ထိုအင်္ဂါများကို အချိုးကျထည့်၍ စေတီတည်နိုင်လျှင် စေတီတိုင်း သပ္ပာယ်ရမြဲ ဖြစ်လေသည်။
 ရွှေစည်းခုံ စေတီတော်သည် သပ္ပာယ်လှပါပေသည်။ ကျွန်တော်သည် ရွှေစည်းခုံကို ကြည်ညိုနေရာမှ ရွှေစည်းခုံ သပ္ပာယ်ပုံသည် ရွှေတိဂုံ၏ သပ္ပာယ်ပုံနှင့် မတူပါတကား။ ယှဉ်ကြည့်လေလေ မတူလေလေ ပါတကား။ ဤသို့လျှင် ကျွန်တော် တွေးမိလာသည်။၏
ရွှေတိဂုံ၏ ပုံတော်သည် ပြေပြစ်သည်။ နွဲ့နောင်းသည်။ စိတ်ချမ်းမြေ့ဖွယ် ဖြစ်သည်။ ရွှေတိဂုံကို မွမ်းမံတည်ဆောက်သော ခေတ်သည် အကြေအရပ်တွင် စစ်မက်မရှိသော ခေတ် ဖြစ်သည်။ တိုင်းသူပြည်သားတို့ စိတ်အေး လက်အေး နေကြရသော ခေတ် ဖြစ်သည်။ ဦးဆောင်၍ မွမ်းမံတည်ဆောက်သူသည် ဟံသာဝတီနေပြည်မှ ဒဂုန်ကျေးသို့ ကြွလာ၍ တရားဘာဝနာနှင့် ငြိမ်းချမ်းစွာ နေလိုသော ဘုရင်မ ရှင်စောပု ဖြစ်သည်။ ရွှေတိဂုံစေတီတော်ကို ထိုသို့သော ခေတ်တွင် ထိုသို့သော ဘုရင်မက မွမ်းမံတည်ဆောက်ခဲ့ခြင်း ဖြစ်လေသည်။
ရွှေတိဂုံစေတီ၏ ပုံတော် ပြေပြစ်ခြင်း၊ နွဲ့နောင်းခြင်း၊ စိတ်ချမ်းမြေ့ဖွယ် ဖြစ်ခြင်းတို့သည် ထိုခေတ်၏ သဘောကို လည်းကောင်း၊ ထိုတိုင်းသူပြည်သားတို့၏ သဘောကို လည်းကောင်း၊ ထိုမင်း၏ သဘောကို လည်းကောင်း၊ မလွန်ဆန်နိုင်သော ပန်းရံပျံတို့၏ လက်ရာပင် ဖြစ်လေစွ။
စင်စစ် ရွှေတိဂုံသည် ဗိသုကာပညာတွင် အယဉ်အနု သဘောဖြင့် သပ္ပာယ်၍ ရွှေစည်းခုံသည် အခန့်အသန့် သဘောဖြင့် သပ္ပာယ်သည်ဟု မဆိုကောင်း ဆိုကောင်း ဆိုလိုက်ချင်ပါတော့သည်။
ရွှေစည်းခုံကို ရှင်အရဟံနှင့် အနော်ရထာမင်းကြီးတို့ ဦးဆောင်၍ ပုဂံသားတို့က ၀ိုင်းတည်ကြသည်။ ထို့နောက် ကျန်စစ်သားမင်းက ဆက်တည်သည်။ ထိုမင်းနှစ်ပါး လက်ထက်မှ စ၍ နိုင်ငံတော် နယ်နိမိတ်သည် ပုဂံတစ်ဝိုက် ဒေသမှ ပြည်ထောင်စု ဒေသနီးပါးအထိ ကျယ်ဝန်းလာသည်။ ဗုဒ္ဓသာသနာတော်သည် ပထမအကြိမ် တစ်နိုင်ငံလုံး၏ မြတ်နိုးစုံမက်ခြင်းကို အညီအညွတ် ခံယူ ရရှိလာသည်။ တိုင်းသူပြည်သားတို့သည် နိုင်ငံရေး၊ သာသနာရေး စိတ်ဓာတ် တက်ကြွနေသူများ ဖြစ်သည်။ လူသစ်တည်၍ ပြည်သစ်ဆောက်နေကြသူများ ဖြစ်သည်။ မင်းနှစ်ပါးသည် နုပျို ထက်မြက်သူများ ဖြစ်သည်။ နိုင်ငံတွင် ကိုယ်နှုတ်နှလုံး တစ်ပြေးညီညာ ဖြစ်အောင် ဆောင်ရွက်နေသူများ ဖြစ်သည်။ ထို့ကြောင့် မုခ်ဦး ခြင်္သေ့ရုပ် ပြည့်ဖြိုးခြင်း၊ ခွန်အားကြီးခြင်း တို့သည် ထိုခေတ်၏ သဘောကို လည်းကောင်း၊ ထိုတိုင်းသူပြည်သားတို့၏ သဘောကို လည်းကောင်း၊ ထိုမင်းနှစ်ပါး၏ သဘောကို လည်းကောင်း၊ မလွန်ဆန်နိုင်သော ပန်းရံပျံတို့၏ လက်ရာပင် ဖြစ်လေစွ။ ရွှေစည်းခုံစေတီ၏ ပုံတော် ကြံ့ခိုင်ခြင်း၊ ထက်မြက်ခြင်း၊ တက်ကြွအားရဖွယ် ဖြစ်ခြင်းသည်လည်း ထိုသို့သော ပန်းရံပျံတို့၏ လက်ရာပင် ဖြစ်လေစွ။
ရွှေစည်းခုံတွင် ထိုသို့ ဖူး၍ ထိုသို့ တွေးနေရသည်မှာ ကောင်းလှပါ၏။ သို့ရာတွင် နေနည်း သွားမည်။ ကျန်စစ်သားမင်းကြီး တည်တော်မူသော အာနန္ဒာဘုရားသို့ သွားလိုက်ချင်သေးသည်။ ကျန်စစ်သားမင်းကြီး လက်ထက်တွင် ငရန်မန်သူပုန်ကို အောင်ပြီးသည်မှ စ၍ နိုင်ငံရေး၌လည်း ရန်ပြေ ကုန်ကြပြီ။ သာသနာရေး၌လည်း မာန်ပြေ ကုန်ကြပြီ။ တိုင်းပြည်သည် ငြိမ်းချမ်းရေးမှ တည်တံ့ခိုင်မြဲရေးသို့ ချီတက်နေပြီ။ ကျန်စစ်သားမင်းကြီး ဆိုသည်မှာလည်း သတ္တိ ဗျတ္တိ ရှိသူဖြစ်သော်လည်း နိုင်ငံအေးချမ်းမှုကို ပို၍ လိုလားသူ ဖြစ်သည်။ နိုင်ငံကို မျှတစွာ အုပ်ချုပ်သူ ဖြစ်သည်။ အတင့်အတယ် အဖွယ်အရာကို ကြိုက်သူ ဖြစ်သည်။ အာနန္ဒာတွင် ထိုခေတ်၏ သဘော၊ ထိုမင်း၏ သဘောတို့ကို ကောက်ယူနိုင်လေသည်။
ရွှေစည်းခုံကို ဧရာဝတီ မြစ်ကမ်းပါး၌ တည်ထားသည်။ ရွှေစည်းခုံကို အကြေအညာ အဝေးအလံအရပ်မှ ဖူးမြင်နိုင်သည်။ ရွှေစည်းခုံခြေတော်ရင်း အရပ်လေးမျက်နှာ၌ ခြင်္သေ့ရုပ် နှစ်ရုပ်စီ အစောင့်ထားသည်။ ရွှေစည်းခုံသည် နိုင်ငံ့အင်အားကို ပြထားသည်နှင့် တူလေသည်။ ရဲလျှင်ထွက်ခဲ့ကြဟေ့ ဟု ကြုံးဝါးနေသည်နှင့်ပင် တူလေသည်။ အာနန္ဒာကို ပုဂံမြို့သို့ ချဉ်းကပ်လာသောအခါမှ ဖူးမြင်နိုင်သည်။ တံတိုင်းရံ၍၊ တံတိုင်း လေးမျက်နှာတွင် မုခ်ပြာသာဒ် တစ်ဆောင်စီ ဆောက်ထားသည်။ တံတိုင်းအတွင်း ဗဟို တန်ဆောင်းမမှ လေးဆောင်သော တံတိုင်းမုခ်ပြသာဒ် တူရှုသို့ လေးဆောင်သော အာရုံခံ မုခ်ပြာသာဒ်တို့ကို အထွက်အကြို ပြထားသည်။ ဗဟို တန်ဆောင်းမ အပေါ်တွင် ပစ္စယာ အဆင့်ဆင့် တင်၍ စေတီပေါက်ထားသည်။ အာနန္ဒာသည် နိုင်ငံတော် ငြိမ်းချမ်းတည်တံ့နေမှု၊ မျှတမှု၊ အတင့်အတယ် အဖွယ်အရာရှိမှု တို့ကို ခင်းကျင်းထားသည်နှင့်ပင် တူလေသည်။ ချစ်သားတို့ လာလှည့်ကုန်၊ ပျော်လှည့်ကုန်၊ ပါးလှည့်ကုန် ဟု မြှူခေါ်နေသည်နှင့်ပင် တူလေသည်။
အာနန္ဒာ တန်ဆောင်းမ အတွင်းသို့ ၀င်ကြဦးစို့။ ၀င်လျှင် အရှေ့ဘက်တံတိုင်း မုခ်ပြာသာဒ်မှသာ ကျွန်တော် ၀င်လိုသည်။ တောင်ဘက်၊ မြောက်ဘက်၊ အနောက်ဘက် တံတိုင်းမုခ် ပြာသာဒ် တစ်ခုခုမှ ၀င်လျှင် ကျွန်တော်၏ ၀င်ခြင်းသည် ရှေးခေတ် ပုဂံသားတို့၏ ၀င်ခြင်းနှင့် တူမည်မထင်။ ရှေးခေတ် ပုဂံသားတို့ ခံစားရမည် ဖြစ်သော ဘုရားဖူးသော အရသာမျိုးကို ခံစားရမည် မထင်။ တောင်ဘက်၊ မြောက်ဘက်၊ အနောက်ဘက်တို့တွင် တံတိုင်းမုခ် ပြာသာဒ်တို့ အကြား၌ ရင်ပြင် ကွက်လပ်ဟူ၍ မရှိတော့ချေ။ မျက်မှောက်ခေတ် တိုက်စောင်းတန်းများက ၀င်ကွယ်နေကြလေပြီ။ အရှေ့ဘက် တစ်ခုတည်း၌သာလျှင် ပုဂံခေတ်မှာကဲ့သို့ ရင်ပြင် ကွက်လပ် ကျန်နေသည်။ ထို့ကြောင့် အရှေ့ဘက် တံတိုင်းပြာသာဒ်မှသာ ကျွန်တော်ဝင်လိုခြင်း ဖြစ်လေသည်။
အာနန္ဒာကို တည်စဉ်က ကျန်စစ်သားမင်းကြီးသည် အာနန္ဒာ ဘုရားဖူးအား တံတိုင်းမုခ်ပြာသာဒ် တစ်ခုခုတွင် တအောင့်မျှ နေနားစေလိုဟန် တူလေသည်။ ထိုနောက်မှ တန်ဆောင်းမ အပေါ်၌ ပေါက်ထားသော စေတီတော်ကို မော်ဖူးစေလိုဟန် တူလေသည်။ ထို့ကြောင့် တံတိုင်းမုခ် ပြာသာဒ်၏ မျက်နှာတူရှု၌ ရင်ပြင်ကွက်လပ်ကို ချန်ထားခြင်း ဖြစ်လေသည်။ ဤသို့ဖြင့် ထိုဘုရားဖူးအား ရင်ပြင်ကွက်လပ်အဆုံး၌ ရှိသော အာရုံခံ မုခ်ပြာသာဒ်ကို ရှင်းရှင်းမြင်စေသည်။ ဤသို့ဖြင့် ထိုအမြင်ကို ထိုအာရုံခံမုခ်ပြာသာဒ်၏ ဥကင် အထွတ်သို့ ရောက်စေသည်။ ထိုမှတစ်ဆင့် စေတီအထွတ်သို့ ရောက်စေပြန်သည်။ ကျန်စစ်သားမင်းကြီးသည် အာနန္ဒာကို တည်စဉ်က ထိုသို့ပင် အလိုရှိတော်မူခဲ့ဟန် တူလေသည်။ ပုဂံခေတ် ပန်းရံပျံတို့ကလည်း မင်းကြီး အလိုရှိတော်မူသည့် အတိုင်းပင် မိမိတို့၏ ဥာဏ်စွမ်းလက်စွမ်းကို ပြခဲ့ဟန် တူလေသည်။
ထို့နောက် အာနန္ဒာ ဘုရားဖူးသည် တံတိုင်းမုခ်ပြာသာဒ်မှ တန်ဆောင်းမအတွင်းသို့ ၀င်ဖူးရန် ရှိလေသည်။ တန်ဆောင်းမအတွင်း ဗဟို အချက်အချာတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာ၌ မတ်ရပ် ဆင်းတုတော် တစ်ဆူစီ တည်ထားလေသည်။ ဤတွင်လည်း ကျန်စစ်သားမင်းကြီးသည် ထိုဘုရားဖူးအား မတ်ရပ် ဆင်းတုတော် ခြေရင်း၌ မာန်ကို လျှော့ချစေလိုဟန် တူလေသည်။ ရတနာ သုံးပါးသာလျှင် ကိုးကွယ်ရာ၊ မှီခိုရာ၊ လဲလျောင်းရာ ဖြစ်ပေသည်တကား ဟူသော သဒ္ဓါကို ပွားစေလိုဟန် တူလေသည်။ ထို့ကြောင့် အာရုံခံမုခ် ပြာသာဒ်၏ မျက်နှာကြက်ကို အပြန့်မပြုဘဲ ဥကင်သဖွယ် ၀ဲဘက် ယာဘက်တို့သို့ နိမ့်လျှောပြုထားခြင်း ဖြစ်လေသည်။ ထိုအခါ မျက်နှာကြက် ခေါင်ကြောင်းသည် ပြတ်သား ထင်ရှားသည်။ မုခ်ဝမှ အတွင်းဘက်သို့ တန်း၍ ၀င်သွားသည်။ ထိုမှ တစ်ဆင့် မတ်ရပ်ဆင်းတုတော်၏ မျက်နှာတူရှုသို့ ညွှန်ပြနေဘိသကဲ့သို့ ဖြစ်လာသည်။
ထိုခေါင်ကြောင်းသည် အာနန္ဒာဘုရားဖူး၏ မျက်စိကို ချူရန် ဖြစ်လေသည်။ ချူမိလျှင် ထိုမျက်စိကို မတ်ရပ်ဆင်းတုတော်၏ မျက်နှာတော်သို့ ပို့ပေးမည် ဖြစ်သည်။ ဤသို့ဖြင့် ထိုမျက်စိသည် မျက်နှာတော်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နိုင်သည်။ ရောက်လျှင် အသို့ ဖြစ်မည်နည်း။ မျက်နှာတော်တူရှုတွင် အလင်းပေါက် ဖောက်ထားပြီးသည် ဖြစ်ရာ ထိုဘုရားဖူးသည် ၀န်းကျင် ၀ိုးဝါးတွင် မျက်နှာတော် အ၀င်းအလဲ့ကို မြင်နိုင်သည်။ တစ်ဖန် မတ်ရပ်ဆင်းတုတော်ကို တစ်ဆယ့်ရှစ်တောင်အမြင့် တည်ထားသည် ဖြစ်ရာ ထိုဘုရားဖူးသည် ခြေတော်ရင်းတွင် ကိုယ်တော်၏ အကဲအမိုးကို မြင်နိုင်သည်။ ဤသို့ဖြင့် ထိုဘုရားဖူးအား မာန်လျှော့ခြင်း၊ သဒ္ဓါခြင်းတို့ကို ဖြစ်စေသည်။ ကျန်စစ်သားမင်းကြီးသည် အာနန္ဒာကို တည်စဉ်က ထိုသို့ပင် အလိုရှိတော်မူဟန်တူလေသည်။ ပုဂံခေတ် ပန်းရံတို့ကလည်း မင်းကြီး အလိုရှိတော်မူသည့် အတိုင်းပင် မိမိတို့၏ ဥာဏ်စွမ်း လက်စွမ်းတို့ကို ပြခဲ့ဟန် တူလေသည်။
ကျွန်တော်သည် အာနန္ဒာ အရှေ့ဘက် တံတိုင်းမုခ်ပြသာဒ်မှသာ ၀င်လိုသည့်အတိုင်း ၀င်ခဲ့သည်။ ဖူးခဲ့သည်။ ရှေးပုဂံခေတ် အာနန္ဒာ ဘုရားဖူးတို့ကိုလည်း အောက်မေ့ခဲ့သည်။ ကျွန်တော်သည် အာနန္ဒာမှ သရပါမြို့ဟောင်းတံခါးသို့ ပြေးလိုက်ချင်သေးသည်။ ထိုမှ ဗူးဘုရားသို့ ကူးလိုက်ချင်သေးသည်။ ထိုမှ ပိဋကတ်တိုက်သို့ ပြန်လာချင်သေးသည်။ ထိုမှ ရွှေဂူကြီး၊ သဗ္ဗညု၊ နတ်လှောင်ကျောင်း၊ ပုထိုးသများ၊ ကန်တော့ပလ္လင်တို့သို့ ခုန်လိုက်ချင်သေးသည်။ ထိုမှ မင်္ဂလာစေတီ၊ မနူဟာ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ထီးလိုမင်းလို၊ ဥပါလိသိမ်တို့သို့ လွှားလိုက်ချင်သေးသည်။ ထိုမှ အပါယ်ရတနာ၊ နဂါးရုံ၊ လောကနန္ဒာတို့သို့ ပျံလိုက်ချင်သေးသည်။ နန္ဒမညတွင် ပန်းချီကို ကြည့်ချင်သေးသည်။ နန်းဘုရားတွင် ပန်းတမော့ကို ကြည့်ချင်သေးသည်။ ဂူပြောက်ကြီးတွင် ပန်းတော့ကို ကြည့်ချင်သေးသည်။ ရွှေဖက်လိပ်၊ ငွေဖက်လိပ်တွင် ဖုတ်မြေစဥ့်ကွင်းကို ကြည့်ချင်သေးသည်။ ငကျွဲနားတောင်းတွင် စဥ့်စိမ်းကို ကြည့်ချင်သေးသည်။ မြစေတီ၌ ရာဇကုမာရ ကျောက်စာကို ဖတ်ချင်သေးသည်။ တစ်ခေါက်တည်းတွင် ကျွန်တော် လောဘကြီးလွန်းနေသည်။
ပုဂံကို သိချင်လျှင် တစ်ခေါက်နှင့်လည်း မပြီးနိုင်၊ နှစ်ခေါက်နှင့်လည်း မပြီးနိုင်၊ သုံးခေါက်နှင့်လည်း မပြီးနိုင်၊ အခေါက်ခေါက် အခါခါနှင့် ပြီးနိုင်မည်။ ကျွန်တော်တို့၏ အဆင့်ဆင့်သော ဘိုးဘွားတို့သည် တစ်ခါ တစ်ခေါက်ကသော် နိုင်ငံရေး ထူထောင်ရေး၌ အလွန် စိတ်ထက်သန်ခဲ့ကြပါပေသည် တကား။ သာသနာ ပွင့်လန်းရေး၌ အလွန် စိတ်ထက်သန်ခဲ့ကြပေသည် တကား။ နောင်လာနောက်သားတို့ အကျိုးအတွက် အလွန် အလုပ်လုပ်ခဲ့ကြပါပေသည် တကား။ ကျောက်၊ အုတ်တို့ဖြင့် ပြီးသော အထုကြီး အထည်ကြီးတို့ကို ကိုင်တတ်ကြပါပေသည် တကား။ ကျွန်တော်သည် ဤတစ်ခေါက်တွင် ဤသို့ မြည်တမ်းကာသာလျှင် သာဓုခေါ်၍ ပုဂံမြို့ဟောင်းမှ ခွာခဲ့လေသည်။
ပုဂံမြို့ဟောင်းမှ အပြန်တွင် ညောင်ဦးကို ဖြတ်သွားရသည်။ ညောင်ဦးကို ဖြတ်သွားရသည့် အတူတူ ဆပဒစေတီသို့ ၀င်ဖူးသွားချင်လာပြန်သည်။ နောက်တစ်ခေါက်မှာမှ ဖူးလျှင်လည်း ဖြစ်ပါ၏။ သို့ရာတွင် ဆပဒသည် ညောင်ဦးဈေး တောင်ဘက် အနီးကလေးတွင် ရှိသည် ဖြစ်ရာ သွားဖူးလိုက်က ကောင်းပါသည်။
ဆပဒစေတီသည် ဆပဒမထေရ် တည်ထားကိုးကွယ်သော စေတီ ဖြစ်သည်။ ဆပဒမထေရ်သည် ပုသိမ် ဇာတိ ဖြစ်သည်။ သာမဏေဘ၀နှင့် သီဟိုဠ်သို့ ပါသွားသည်။ သီဟိုဠ်တွင် သင်္ဃာကံပြု၍ ပဉ္စင်းခံသည်။ သီဟိုဠ်တွင် ဆယ်ဝါခန့် စာသင်သည်။ ထို့နောက် ပုသိမ်သို့ ပြန်လာသည်။ ထို့နောက် ပုဂံသို့ တက်လာ သီတင်းသုံးသည်။ ဆပဒမထေရ်သည် ပိဋကတ်ဆောင်နိုင်သူ ဖြစ်သည်။ နောင်အခါ ပုဂံတွင် သီဟိုဠ်သာသနာဂိုဏ်းသစ် ထောင်လေသည်။ ဂိုဏ်းသစ်ထောင်လိုသဖြင့် ဆပဒစေတီကို တည်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆပဒစေတီ၏ ပုံတော်သည် သီဟိုဠ်ပုံ ဖြစ်လာသည်ဟု ထင်မိလေသည်။
ဆပဒစေတီကို ကျွန်တော် ဖူးရသောအခါ ဖူးရင်းပင် ရှေးပုဂံခေတ်က မြန်မာနိုင်ငံသားတို့၏ ကိုယ်၊ နှုတ်၊ နှလုံး အမူအရာကို အံ့သြ၍ မဆုံး ဖြစ်ခဲ့ရလေသည်။ ပုသိမ်ကျေးက နိုင်ငံသားတစ်ဦးသည် နေပြည်တော် ပုဂံတွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ပါပေသည်။ ပုဂံ သာသနာ အားကြီးရာဒေသတွင် သီဟိုဠ်ဂိုဏ်းသစ်ကို ထောင်ရဲပါပေသည်။ ဆပဒစေတီတော်၏ ပုံတော် ကြည်လင်ပြတ်သားခြင်းသည် ထိုအကြောင်းများကြောင့်ပင် ဖြစ်တန်ရာသည်။ တစ်ဖန် ထိုထက် အံ့သြဖွယ် ကောင်းသည်ကား နေပြည်တော် ပုဂံက နိုင်ငံသားများကလည်း ပုသိမ်ကျေးက နိုင်ငံသားတစ်ဦး၏ ခေါင်းဆောင်မှုကို လက်ခံတတ်ကြပါပေသည်။ ဂိုဏ်းသစ်ထောင်မှုကို ကြည်သာတတ်ကြပါပေသည်။ လှေကားနှင့် မုခ်နှင့် ဆပဒစေတီ သာသာယာယာ ရှိခြင်းသည် ထိုအကြောင်းများကြောင့်ပင် ဖြစ်တန်ရာသည်။
ကျွန်တော်သည် ဆပဒစေတီကို ဖူးမြော်ပြီးသည့်နောက် ရှေးပုဂံခေတ်က မြန်မာနိုင်ငံသားတို့သည် နိုင်ငံသားစိတ် မွေးတတ်ကြပေသည် တကား။ ပြုရဲသော သတ္တိ ရှိကြပေသည် တကား။ အကြည်အသာ ခွင့်ပေးတတ်သော သတ္တိရှိကြပေသည် တကားဟု မြည်တမ်းကာ ညောင်ဦးမှ ခွာခဲ့ပါ သတည်း။
ရွှေစည်းခုံ
ရွှေစည်းခုံ
အာနန္ဒာ
အာနန္ဒာ
အနု မှာ အာနန္ဒာ
အမြင့် မှာ သဗ္ဗညု
ထု မှာ ဓမ္မရံ
ရှူ့ ခင်းသာ ဗူးဘုရား
အနု မှာ အာနန္ဒာ
အမြင့် မှာ သဗ္ဗညု
ထု မှာ ဓမ္မရံ
တန်ခိုးမှာရွေစည်းခုံ
အနု မှာ အာနန္ဒာ အမြင့် မှာ သဗ္ဗညု ထု မှာ ဓမ္မရံ ရှူ့ ခင်းသာ ဗူးဘုရား အနု မှာ အာနန္ဒာ အမြင့် မှာ သဗ္ဗညု ထု မှာ ဓမ္မရံ တန်ခိုးမှာရွေစည်းခုံ
အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ သဗ္ဗညု ဂူဘုရား
http://hheg.blogspot.com/2012/06/blog-post_6630.html
အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ သဗ္ဗညု ဂူဘုရား http://hheg.blogspot.com/2012/06/blog-post_6630.html
ပုဂံ မြေပေါ်မှာ စေတီ ပုထိုးတွေ များပြားလွန်တာကြောင့် '' လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း'' လို့ မှတ်သား ထားကြပါတယ်.......ကိန်းဂဏန်း အဖြစ် ဖလှယ်ကြည့် မယ်ဆိုရင်တော့ ၄၄၄၆၇၃၃ ဆူရှိပါတယ်....အမှန်မှာတော့ အရေအတွက်
လေးသန်းကျော်ရှိတဲ့ စေတီပုထိုးများကို တည်နိုင်ရန်လုံလောက်သော မြေနေရာ ရှိနိုင်မယ်မဟုတ်ပါဘူး.......
ရှေးသက်ကြီး ရွယ်အိုတို့ က ယင်း သံပေါက် ကိန်းဂဏန်းများ မှာ စေတီပုထိုးများရှိ ဗုဒ္ဓရုပ်ပွားတော်များ ဆင်းတုတော်များ ၊ နံရံဆေးရေးပန်းချီများ ကိုပါ ထည့် သွင်းရေတွက်ကြ ခြင်းဖြစ်ပါတယ်.....ယင်း သံပေါက်နှင့် အတူ
တခြားနောက်ဆက်တွဲ သံပေါက် တစ်ခု က '' ရွှေလ သာ ၀ါဝါ၀င်း ပုဂံရေချိုးဆင်း'' ပဲဖြစ် ပါတယ်......
၄၄၆၄၄၄ ရှိတဲ့အရေအတွက် ဟာ ဧရာဝတီ မြစ်ကမ်းပါပြို ကျလို့ ရေထဲကျသွားတယ်လို့ ဆိုကြပြန်ပါတယ်......သံပေါက်
ဟူသည် '' အစလေးလုံး ၊ အလယ်သုံး ၊အဆုံး ငါးခုသာ'' ဟု ဆိုသည့်အတိုင်း အစလေးလုံး ကိုသာရေတွက်ရမယ် ဖြစ်ပါတယ်..
သို့ ဆိုလျှင် ဘုရားဆူရေ (၄၄၄၆) ဆူသာရှိပါလိမ့် မယ်........အင်းဝ ခေတ် မိုးညှင်းသတိုး မင်း လက်ထက် က ပုဂံဘုရား အရေအတွက်
ကို  ၀င်းဝင်း ထိန် လျှံ ပုဂွဘုရားပေါင်း လို့ ရေတွက် မှတ်သားခဲ့ဖူးပါတယ်....ကိန်းဂဏန်းအရ ဆိုရင် ( ၄၄၇၄ ) ဆူပဲဖြစ်ပါတယ်.....
ကုန်းဘောင်ခေတ် အမှတ် အသား အရ လဲ...
                    မြတ်ဘုရား ဆူရေ
                    ဖြူရွှေ လို့ ဝင်း။
                    ပုဂံ ပြည်
                    ဘယ်တိုင်း ဘယ်ဌာနီ နှင့် 
                    စံ မမီလွန်ထင်ရှား
                    စောမုနိ များ ။           ။ လို့ တွေ့ ရပါတယ်.....
အကျယ် အ၀န်း (၁၆) စတုရန်း မိုင် ခန့် ရှိတဲ့ ပုဂံမြေ တွင် ၁၉၇၃ ခုနှစ်ထိ ကောက်ယူစစ်တမ်းအရ သာသနိက အဆောက်အအုံ ၂၂၁၇ခု(ကျောင်းကြီး အုတ်နီ) ရှိပါတယ်.....အလွန်များ ပြားလှတဲ့ ပုဂံစေတီ ပုထိုးများ အနက် လူသိများထင်ရှားလှ တဲ့ ပုဂံစေတီ ပုထိုး
များအကြောင်း ကို ဖော်ပြသွားပါ့မယ်.......
ပုဂံ မှာ လူအတော်များများ ကြားဖူးထားတဲ့ စာဆိုလေး တစ်ခုရှိပါတယ်.......အဲဒါကတော့
                                                  အနု မှာ အာနန္ဒာ
                                                  အမြင့် မှာ သဗ္ဗညု
                                                  ထု မှာ ဓမ္မရံ
အကြောင်းပြောပြမယ်နော်....။ အာနန္ဒာ ဘုရား က ပုဂံမြို့ ဟောင်း သရပါတံခါး ရဲ့ အရှေ့ တောင်ဘက်မှာတည်ရှိပါတယ် ခရစ်နှစ် ၁၀၉၀ ခုနှစ် ကျန်စစ်သားမင်းကြီး ကတည်ထားကိုးကွယ် ခဲ့ပါတယ်......အာနန္ဒာ ဘုရာဒကို ကွမ်းတောင်ပါက် လိုဏ် တစ်ဆ်ခံ ဘု၇ား အဖြစ် တည်ဆောက်ထားပါတယ်......အလယ်မဏ္ဍိုင် ခံထားပြီး တိုက်မ ဂူအပေါ်တွင် ပစ္စယာ ၊ မိုးလျော အဆင့်ဆင့် ဖြင့် ဆောက်လုပ် ထားပါတယ်.....အတွင်း၌ လည်း စင်္ကြန် ပတ်လမ်း ၂လမ်း ရှိပြီး ဗိသုကာ လက်ရာမြောက်စွာ တည်ဆောက်ထားပါတယ်......
http://hheg.blogspot.com/2012/06/blog-post_6630.html
ပုဂံ မြေပေါ်မှာ စေတီ ပုထိုးတွေ များပြားလွန်တာကြောင့် '' လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း'' လို့ မှတ်သား ထားကြပါတယ်.......ကိန်းဂဏန်း အဖြစ် ဖလှယ်ကြည့် မယ်ဆိုရင်တော့ ၄၄၄၆၇၃၃ ဆူရှိပါတယ်....အမှန်မှာတော့ အရေအတွက် လေးသန်းကျော်ရှိတဲ့ စေတီပုထိုးများကို တည်နိုင်ရန်လုံလောက်သော မြေနေရာ ရှိနိုင်မယ်မဟုတ်ပါဘူး....... ရှေးသက်ကြီး ရွယ်အိုတို့ က ယင်း သံပေါက် ကိန်းဂဏန်းများ မှာ စေတီပုထိုးများရှိ ဗုဒ္ဓရုပ်ပွားတော်များ ဆင်းတုတော်များ ၊ နံရံဆေးရေးပန်းချီများ ကိုပါ ထည့် သွင်းရေတွက်ကြ ခြင်းဖြစ်ပါတယ်.....ယင်း သံပေါက်နှင့် အတူ တခြားနောက်ဆက်တွဲ သံပေါက် တစ်ခု က '' ရွှေလ သာ ၀ါဝါ၀င်း ပုဂံရေချိုးဆင်း'' ပဲဖြစ် ပါတယ်...... ၄၄၆၄၄၄ ရှိတဲ့အရေအတွက် ဟာ ဧရာဝတီ မြစ်ကမ်းပါပြို ကျလို့ ရေထဲကျသွားတယ်လို့ ဆိုကြပြန်ပါတယ်......သံပေါက် ဟူသည် '' အစလေးလုံး ၊ အလယ်သုံး ၊အဆုံး ငါးခုသာ'' ဟု ဆိုသည့်အတိုင်း အစလေးလုံး ကိုသာရေတွက်ရမယ် ဖြစ်ပါတယ်.. သို့ ဆိုလျှင် ဘုရားဆူရေ (၄၄၄၆) ဆူသာရှိပါလိမ့် မယ်........အင်းဝ ခေတ် မိုးညှင်းသတိုး မင်း လက်ထက် က ပုဂံဘုရား အရေအတွက် ကို ၀င်းဝင်း ထိန် လျှံ ပုဂွဘုရားပေါင်း လို့ ရေတွက် မှတ်သားခဲ့ဖူးပါတယ်....ကိန်းဂဏန်းအရ ဆိုရင် ( ၄၄၇၄ ) ဆူပဲဖြစ်ပါတယ်..... ကုန်းဘောင်ခေတ် အမှတ် အသား အရ လဲ... မြတ်ဘုရား ဆူရေ ဖြူရွှေ လို့ ဝင်း။ ပုဂံ ပြည် ဘယ်တိုင်း ဘယ်ဌာနီ နှင့်  စံ မမီလွန်ထင်ရှား စောမုနိ များ ။ ။ လို့ တွေ့ ရပါတယ်..... အကျယ် အ၀န်း (၁၆) စတုရန်း မိုင် ခန့် ရှိတဲ့ ပုဂံမြေ တွင် ၁၉၇၃ ခုနှစ်ထိ ကောက်ယူစစ်တမ်းအရ သာသနိက အဆောက်အအုံ ၂၂၁၇ခု(ကျောင်းကြီး အုတ်နီ) ရှိပါတယ်.....အလွန်များ ပြားလှတဲ့ ပုဂံစေတီ ပုထိုးများ အနက် လူသိများထင်ရှားလှ တဲ့ ပုဂံစေတီ ပုထိုး များအကြောင်း ကို ဖော်ပြသွားပါ့မယ်....... ပုဂံ မှာ လူအတော်များများ ကြားဖူးထားတဲ့ စာဆိုလေး တစ်ခုရှိပါတယ်.......အဲဒါကတော့ အနု မှာ အာနန္ဒာ အမြင့် မှာ သဗ္ဗညု ထု မှာ ဓမ္မရံ ရှူ့ ခင်းသာ ဗူးဘုရား ဆိုတဲ့ စာဆိုလေးပဲဖြစ်ပါတယ်.......စာဆို လေးအတိုင်း အနု ကနေ စရအောင်နော်.......အနု ဆိုတာ အနုပညာ ဗိသုကာ လက်ရာ များကို ဆိုလိုတာပါ..... အနု မှာ အာနန္ဒာဆိုတာကြောင့် အာနန္ဒာ ဘုရား အကြောင်းပြောပြမယ်နော်....။ အာနန္ဒာ ဘုရား က ပုဂံမြို့ ဟောင်း သရပါတံခါး ရဲ့ အရှေ့ တောင်ဘက်မှာတည်ရှိပါတယ် ခရစ်နှစ် ၁၀၉၀ ခုနှစ် ကျန်စစ်သားမင်းကြီး ကတည်ထားကိုးကွယ် ခဲ့ပါတယ်......အာနန္ဒာ ဘုရာဒကို ကွမ်းတောင်ပါက် လိုဏ် တစ်ဆ်ခံ ဘု၇ား အဖြစ် တည်ဆောက်ထားပါတယ်......အလယ်မဏ္ဍိုင် ခံထားပြီး တိုက်မ ဂူအပေါ်တွင် ပစ္စယာ ၊ မိုးလျော အဆင့်ဆင့် ဖြင့် ဆောက်လုပ် ထားပါတယ်.....အတွင်း၌ လည်း စင်္ကြန် ပတ်လမ်း ၂လမ်း ရှိပြီး ဗိသုကာ လက်ရာမြောက်စွာ တည်ဆောက်ထားပါတယ်...... http://hheg.blogspot.com/2012/06/blog-post_6630.html
ကျန်စစ်သား မင်းကြီး က နန္ဒမူ လိုဏ်ဂူ မှ ကြွရောက်လာသော ရဟန္တာများထံမှ လိုဏ်ဂူတော် အကြောင်းသိရှိရပြီးနောက် သဘောကျနှစ်သက် ကာ နန္ဒမုလိုဏ်ဂူ ပုံစံ အာနန္ဒာ စေတီ ကိုတည်ခဲ့ပါတယ်.....အာနန္ဒာဘုရား ကို ကုနးဘောင်ခေတ် ဘိုးတော်ဘုရား
လက်ထက်တွင် အိမ်ရှေ့ ဥပရာဇာ ရွှေတောင်မင်းသား ကြီးက မွမ်းမံပြင်ခဲ့ ပါတယ်.....အာနန္ဒဂူဘုရား မှာ ပုဂံမှာ ရှိသော မည်သည့် ဘုရား နှင့် မျှ မတူပဲ ဂရိကြက်ခြေပုံ ဖြစ်ပါတယ်.....ပုဂံ ဘုရား အများစု မှာ အာရုံခံတစ်ဖက်စီသာရှိသော မြောက်ဘက်လှည့်  ဂူဘုရား များဖြစ်ကြပါတယ်....အာနန္ဒ ဘုရားမှာမူ အာရုံခံ လေးဘက်၌ မုဒခ လေးမုခ် ရှိသော ဂူဘုရားဖြစ်ပါတယ်.....လိုဏ်ဂူတော် အတွင်း အလယ် မဏ္ဍိုင် လေးမျက်နှာတွင် ဗုဒ္ဓရုပ်ပွားတော် (၄) ဆူ တည်ရှိပါတယ် အရှေ့ မျက်နှာ တွင် ကောဏဂုံ ဘုရား.....
http://hheg.blogspot.com/2012/06/blog-post_6630.html
ကျန်စစ်သား မင်းကြီး က နန္ဒမူ လိုဏ်ဂူ မှ ကြွရောက်လာသော ရဟန္တာများထံမှ လိုဏ်ဂူတော် အကြောင်းသိရှိရပြီးနောက် သဘောကျနှစ်သက် ကာ နန္ဒမုလိုဏ်ဂူ ပုံစံ အာနန္ဒာ စေတီ ကိုတည်ခဲ့ပါတယ်.....အာနန္ဒာဘုရား ကို ကုနးဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်တွင် အိမ်ရှေ့ ဥပရာဇာ ရွှေတောင်မင်းသား ကြီးက မွမ်းမံပြင်ခဲ့ ပါတယ်.....အာနန္ဒဂူဘုရား မှာ ပုဂံမှာ ရှိသော မည်သည့် ဘုရား နှင့် မျှ မတူပဲ ဂရိကြက်ခြေပုံ ဖြစ်ပါတယ်.....ပုဂံ ဘုရား အများစု မှာ အာရုံခံတစ်ဖက်စီသာရှိသော မြောက်ဘက်လှည့်  ဂူဘုရား များဖြစ်ကြပါတယ်....အာနန္ဒ ဘုရားမှာမူ အာရုံခံ လေးဘက်၌ မုဒခ လေးမုခ် ရှိသော ဂူဘုရားဖြစ်ပါတယ်.....လိုဏ်ဂူတော် အတွင်း အလယ် မဏ္ဍိုင် လေးမျက်နှာတွင် ဗုဒ္ဓရုပ်ပွားတော် (၄) ဆူ တည်ရှိပါတယ် အရှေ့ မျက်နှာ တွင် ကောဏဂုံ ဘုရား..... http://hheg.blogspot.com/2012/06/blog-post_6630.html
အနောက် မျက်နှာ မှာတော့ ဂေါတမ ဘု၇ား....
အနောက် မျက်နှာ မှာတော့ ဂေါတမ ဘု၇ား....
တောင်မျက်နှာမှာ ကဿပ ဘုရား.....
မြောက်မျက်နှာ မှာ ကကုသန် ဘုရား.....တို့ဖြစ်ပါတယ်....
ဗုဒ္ဓ ရုပ်ပွားတော် လေးဆူ တို့အနက် တောင်မျက်နှာ နှင့် မြောက်မျက်နှာ နှစ်ဆူ သာ ပုဂံခေတ်လက်ရာ များဖြစ်ကြပါတယ်.....
အရှေ့ မျက်နှာ ရုပ်ပွားတော် မှာ မီးလောင်ပျက်စီး သွားသဖြင့် ၁၈၇၆ ခုနှစ် တွင် ပုဂံမြို့ ဝန် ဦးဘိုး က အသစ်ထပ်မံပြုလုပ်ထားရပြီး အနောက်မျက်နှာ ရုပ်ပွားတော် မှာလည်း အင်းဝဟံသာဝတီ စစ်ပွဲ (၁၇၄၂-၅၂) အတွင်း ဖျက်ဆီးခံခဲ့ရပါတယ်.....လက်ရှိ ရုပ်ပွားတော်
မှာ ၁၈၉၂ ခုနှစ် တွင် ပုဂံမြို့ ကုန်သည် ဦးစံငြိမ်း က အသစ်ထပ်မံ ထုလုပ်လှူဒါန်း ထားခြင်းဖြစ်ပါတယ်......ဂူဘုရား နံရံမုခ် ထက်များတွင် ဗုဒ္ဓရုပ်ပွားတော် များစွာ ကိုဖူးတွေ့ နိုင်ပါတယ်........
အာနန္ဒာ ဘုရား အပြင်ဘက် အောက်ခြေ နှင့် ပစ္စယာ များတွင် စဉ့် စိမ်းသုတ် စဉ့် ကွင်းမျာ ကို လေ့လာကြည့်ရှူ နိုင်ကြပါတယ်....
အများအားဖြင့် ၅၅၀ ဇာတ်တော် သရုပ်ဖော် ပုံများ ဖြစ်ကြပြီး စုစုပေါင်း စဉ့် ကွင်း ၁၄၇၂ ခု ရှိကာ ရှေးဟောင်း မွန် ကမ္မည်း စာများ လည်ရေးသားထားကြပါတယ်.....ယခင်က နံရံဆေးရေး ပန်းချီ များရှိခဲ့ဖူးသော်လည် ထုံးသုတ်လိုက် သဖြင့် ပျက်စီးသွားပါပြီ........ 
http://hheg.blogspot.com/2012/06/blog-post_6630.html#.Uz_EVKIXJPc
တောင်မျက်နှာမှာ ကဿပ ဘုရား..... မြောက်မျက်နှာ မှာ ကကုသန် ဘုရား.....တို့ဖြစ်ပါတယ်.... ဗုဒ္ဓ ရုပ်ပွားတော် လေးဆူ တို့အနက် တောင်မျက်နှာ နှင့် မြောက်မျက်နှာ နှစ်ဆူ သာ ပုဂံခေတ်လက်ရာ များဖြစ်ကြပါတယ်..... အရှေ့ မျက်နှာ ရုပ်ပွားတော် မှာ မီးလောင်ပျက်စီး သွားသဖြင့် ၁၈၇၆ ခုနှစ် တွင် ပုဂံမြို့ ဝန် ဦးဘိုး က အသစ်ထပ်မံပြုလုပ်ထားရပြီး အနောက်မျက်နှာ ရုပ်ပွားတော် မှာလည်း အင်းဝဟံသာဝတီ စစ်ပွဲ (၁၇၄၂-၅၂) အတွင်း ဖျက်ဆီးခံခဲ့ရပါတယ်.....လက်ရှိ ရုပ်ပွားတော် မှာ ၁၈၉၂ ခုနှစ် တွင် ပုဂံမြို့ ကုန်သည် ဦးစံငြိမ်း က အသစ်ထပ်မံ ထုလုပ်လှူဒါန်း ထားခြင်းဖြစ်ပါတယ်......ဂူဘုရား နံရံမုခ် ထက်များတွင် ဗုဒ္ဓရုပ်ပွားတော် များစွာ ကိုဖူးတွေ့ နိုင်ပါတယ်........ အာနန္ဒာ ဘုရား အပြင်ဘက် အောက်ခြေ နှင့် ပစ္စယာ များတွင် စဉ့် စိမ်းသုတ် စဉ့် ကွင်းမျာ ကို လေ့လာကြည့်ရှူ နိုင်ကြပါတယ်.... အများအားဖြင့် ၅၅၀ ဇာတ်တော် သရုပ်ဖော် ပုံများ ဖြစ်ကြပြီး စုစုပေါင်း စဉ့် ကွင်း ၁၄၇၂ ခု ရှိကာ ရှေးဟောင်း မွန် ကမ္မည်း စာများ လည်ရေးသားထားကြပါတယ်.....ယခင်က နံရံဆေးရေး ပန်းချီ များရှိခဲ့ဖူးသော်လည် ထုံးသုတ်လိုက် သဖြင့် ပျက်စီးသွားပါပြီ........ http://hheg.blogspot.com/2012/06/blog-post_6630.html#.Uz_EVKIXJPc
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...