Tuesday, March 18, 2014

မြန်မာအစ တကောင်းက။

ကျောက်ဖြစ်ရုပ်ကြွင်းများ တူးဖော်တွေ.ရှိခြင်းအပေါ် အခြေခံ၍  ရှေးနှစ်သန်းပေါင်းများစွာကပင်
ယနေ့ ဗမာနိုင်ငံဟုခေါ်သော ဒေသကြီး ၌ လူသားတို့ နေထိုင်လျှက် ရှိကြပြီ ဆိုတာကို အငြင်းပွား ဖွယ် မရှိပါ။ ဤသည်မှာ သမိုင်း မတင်မီ အချိန်ကဖြစ်ခဲ့ ၏။သမိုင်းတင်ခဲ့သည့် ရှေးခေတ်ဦး မှ ယနေ့ ထိ ကို လေ့လာရပါမည်။   သို့ရာတွင် “မြန်မာအစ တကောင်းက။” အဆို နှင့် သာကီဝင်မင်း   “အဘိရာဇာ”  က တကောင်း ခေါ် သိင်္ဂါရ ရတ္တ ခေါ် သံကစ္စ (Sankissa) မြို့ တည်ခဲ့သည် ဆို ၏။

ယနေ့ ဗမာနိုင်ငံ အပါအဝင် အရှေ.တောင်အာရှ၊ မလေးကျွှန်းဆွယ် နဲ့ အင်ဒိုချိုင်းနား ကို “Brahmadesa” = ဗြဟ္မာဒေသ ဟုခေါ်ခဲ့ကြပါသည်။ အန္ဒိယ စာပေကျမ်းဂံများဖြစ်တဲ့ မဟာဗာရတ္တ (Mahabahrata) နှင့် ပူရာဏ (Purana) တို့ကိုလည်း လေ့လာ ၍ မှီငြမ်း ကိုးကား ရပေမည်။အောက်ဗမပြည်ကို Ramannadesa ၊မြို့တော်ကို Suvarnabuhmi သုဝဏ္ဏဘူမိ ဟုလည်းကောင်း၊ အထက်ဗမာပြည်ကို မြန်မာဒေသ (Marammadesa) ၊မြို့တော်ကို ပူဂါးမား=ပုဂံ (Pugama) ဟုလည်းကောင်း ခေါ်ခဲ့ ကြပါသည်။ 
တနိုင်ငံလုံးကိုမူ “Brahmadesa” = ဗြဟ္မာဒေသ ဟုခေါ်တွင်ခဲ့ ၏။ “Brahmadesa” = ဗြဟ္မာဒေသ ထဲတွင် Kamboja=Camboja= ကမ္ဘောဇ လည်းပါ ၏။ ယခု ထိုင်းနိုင်ငံ တစိတ်တပိုင်းမှာ Ramannadesa ထဲမှာဖြစ်ပြီး၊ တစိတ်တပိုင်းမှာ Kamboja=Camboja= ကမ္ဘောဇ ထဲတွင် ရှိခဲ့ပြီး အယုဒယ မှာ မြို့တော်ဖြစ်ခဲ့ ၏။ ဗမာပြည်တွင် ပုဂံမြို့ နှစ်မြို့ (နှစ်နေရာမှာ) ရှိခဲ့ပါသည်။ ညောင်ဦးအနီး အများသိကြသော ပုဂံ နှင့် အညာပုဂံတို့ဖြစ်ကြ ၏။ အညာပုဂံ မှာ တကောင်း တဝိုက်တွင်ရှိ ၏။ ယခုနောက်ဆုံး ရှေးဟောင်းသုတေသန တွေ့ရှိချက်များ အရ အထက်ပါ အဆို မှန်ကန်ကြောင်း အနီးစပ်ဆုံး သိခဲ့ကြပေသည်။

ဤနေရာတွင် ကနဦး ဆွေးနွေးရမည်မှာ အသံဖလှယ်မှုများပင်ဖြစ် ၏။ ဗမာစာပေတွင် အန္ဒိယဘာသာစကားကြီးများဖြစ်သော မာဂဓ(Mahgada)၊ သင်သက်ကရိုက် (SanaKrit)၊ ပြာကရစ်(Prakarit)၊ ပါလိ (Pali) စသည်တို့မှ ဝေါဟာရများကို အသံဖလှယ် ခဲ့ပါသည်။

ဥပမာဆိုရရင်

Sasana= သာသန

Suvarnabuhmi= သုဝဏ္ဏဘုမ္မိ =  သုဝဏ္ဏဘူမိ

Jaya= ဇေယျ

Saka(Chakma)=Sak= သက် (လူမျိုး)

Sakyan=သာကီဝင် (ဘုရင်များနှင့် ဂေါတမ ၏ မျိုးရိုး)

Ja=ဇ.

 Janapad= ဇနပုဒ်

June=ဇွန်

July=ဇူလိုင်




Kamboja=Camboja =ကမ်ဘောဇ=သျှမ်း


ဤနေရာတွင် kambo and ja ကိုခွဲခြမ်းလေ့လာရန်လို ၏။ kambo သည် ဘရာမဲန်တဦး ၏နာမည်ဟုတမျိုး၊  kambo ဒေသ ဟုတမျိုး ကွဲ ၏။ kambo ဒေသ ဆိုကား ပိုပြီး ယုတ္တိ တန်သည်။

ထို့ကြောင့် Kamboja=Camboja မှာ ကမ္ဘုဇာတိ (သို့) ကမ္ဘုနယ္သား၊ကမ္ဘုသား ဟု အနက်ထွက် ၏။


ထိုနည်းတူစွာ Ruhongja=Merohongja= မရို့ဟောင်းသား= မြို့ဟောင်းသား ဟု အဓိပ်ပါယ်ရပါသည်။

 ဤ သည်ကို ဗမာမှု (မြန်မာမှု) ပြုသည်ဟုလည်းခေါ်ကြ ၏။   နောက်ရှိသေးသည့် အသံဖလှယ်မှုများကို  အလျဉ်းသင့်သလိုဆွေးနွေးပါမည်။


ဘုရင်များကို သာကီဝင်  (Sakyavamsa) မင်းများဟုခေါ်ပြီး သာမန် ပြည်သူပြည်သားများကိုမူ Sak= သက် (လူမျိုး) ဟုခေါ်ဆိုကြပေသည်။ ကချင်၊ကဒူး၊ ချင်း နှင့် ချင်း မျိုးနွယ်စုဝင်များ၊ရူဟွန်ဂျာ(Chakma Ruhongja)၊ ဗမာ၊ နှင့်  မရမ္မာ များမှာ  ဤ Saka=Sak= သက် (လူမျိုး) တွင်ပါဝင် ၏။သို့သော် ရူဟွန်ဂျာဟုမခေါ်ခဲ့ပဲ  ဗမာမှုဖြင့် “သက် “ ဟုခေါ်ခဲ့လျှင် ယနေ့ အငြင်းပွားဖွယ်မရှိပေ။Chakma=Sak=သက် လူမျိုးများ ယနေ.တိုင် စစ်တကောင်းတောင်ကြား (Chittagaung Hill Track) တွင် ရှိကြပါသည်။ သူတို. သည် ဗုဒ်ဓ ဘာသာဝင်များ ဖြစ်ကြ၏။
 

ထို့ပြင် ခမာသည် Kamboja ပင်ဖြစ်  ခမာ၊ ယိုဒယား၊ယွန်း နှင့် သျှမ်း (Tai မဟုတ်ပါ၊)  တို့ နှင့် ဆက်နွယ်သော မျိုးနွယ်စုဝင် တို့မှာ Kamboja= ကမ္ဘောဇ နွယ်ဝင်များ ဖြစ် ၏။

မွန်-ရမည် ။  ဤနေရာတွင်  “ရမည် “ မှာ မွန်စာဖြင့်ရေးထားပါသည်။ ဖတ်တော့ “ရမည်” ကို မွန် အမျိုးသားတို့က  “ရမန်=RAMAN” ဟုဖတ်ပါသည်။ အဲ့ဒါကြောင့် ရမည်းသင်း သည် မွန်-ရမန် တိုရဲ့မြို့ ဆိုတာ သိလာရပါသည်။ စာရှုသူ အံ့သြနေပြီလား။ မအံ့သြပါနဲ့။ ရမည်းသင်းမြို့ အရှေ.ဘက်မှာ ရွှေမြင်တင်တောင် နဲ့ ဘုရားရှိပါသည်။ အဲ့ဒီ အနီးတဝိုက်တောင်လေးတွေပေါ်မှာ မနူဟာမင်း (Manohari) ခေါ် သူရိယကုမာရ(Suriyakumara) မင်း ရဲ့တူတော်နဲ့တူမတော်တို့တည်ခဲ့ကြတဲ့ ဘုရားနှစ်ဆူ ရှိပါသည်။ ဤသတင်း အကြောင်းအရာကို သီလဝ စာပေမှ ထုတ်သော စာစောင် တခုတွင် ဖတ်ခဲ့ရပါသည်။
 ရန်ကုန် သီလဝစာပေ တွင် စာစောင် ရှိနိုင်ပါသည်။ သီလဝစာပေ ဦးကျော်သန်းကို မေးမြန်းကြည့်ပါ။


မွန် ကို တလိုင်းဟုမခေါ်ပါနှင့်။ စိတ်ဆိုးပါသည်။ အမှန်က “မွန်” သည် အန္ဒိယအရှေ့ပိုင်းမှ  Munda, RAMAN, Santali တို့နှင့် မျိုးနွယ် တခုတည်း ဖြစ် ၏။ ဤမျိုးနွယ်စုတွင် ပအို့၊ ပလောင် နှင့် တောင်သူ လူမျိုး တို့လည်းပါပေသည်။  
 အောက်ဖော်ပြပါ ကောက်နှုတ်ချက် မှတ်စုမှာ Palaung race (from Palaung national Society Website) ကဖြစ်ပါသည်။

{(က္ကသျှံဂူမော်ကွန်း) ပလောင်တို့ သည် မွန်တို့ နှင့်အတူ မြန်မာပြည် အောက်ပိုင်းဒေသ၊ သထုံဒေသ၊ ပဲခူး-တောင်ငူ ဒေသတို့တွင် အခြေချ နေထိုင်ခဲ့ကြောင်း ပလောင်မျိုးနွယ်စု တစ်ခုဖြစ်သည့် (ရူမိုင်း)တို့ အခြေချခဲ့ကြောင်းရမ္မ၀တီဟုအမည်တွင်ကြောင်း၊သရေခေတ္တရာ(ပြည်)ပန်းတောင်းအရပ်ဒေသသို့ ပြောင်းရွှေ့ လာကြကြောင်း “ရူမိုင်း (ရူမည်း) ရှေးဟောင်း  ရာဇာဝင် တွင်ပါရှိသည်။



ကျန်အစုမှာ တောင်ငူ- ရမည်သင်းဒေသမှ  ရှမ်းပြည်တောင်ပိုင်းသို့ ရွှေ့ပြောင်းကြောင်း ဖော်ပြသည်။}

  During the reign of Manohari, who was also known by his princely name of Suriyakumara, the power of the kingdom became very weak. This happened in the 1600th year that had elapsed since the attainment of Parinivana by the Fully Enlightened One.{Taw Sein Ko(1892); pp49}





ဒေါက်တာ နိုင်ပန်းလှ က ဒီလို မှတ်တမ်းပြုထား ၏။



The ethononym of the Mon people in olden days were different from present name Mon, written Man (မန်). In the pre-Angkor Khmer inscriptions, the Mons were called RAMAN (ရမည်), RMMAN AND RAMANYA (ရမည ) IN THE 6TH-7TH CENTURIES ad. In 1021 AD, the Javanese named them as RMEN(ရမန် ) and REMEN . The great Myanmar king Kyansittha referred them as RMEN  (ရမန်) in his Palace Mon inscriptions at Pagan inscribed on huge stomnes in the 11th century A.D., when Myanmars were known as MIRMA (မရမ္မာ). {Dr Nai Pan Hla}


နောက်တချက်စဉ်းစားရန်မှာ မြစ်များ ၏ အမည်များ ဖြစ်ပါသည်။
နဂိုရ်မူလ ရှည်လျားသည့်မြစ်မကြီးကို၊ သာလာဝတီ (သို့) သာယာဝတီ ရယ်လို့  မူရင်း Sanskrit အမည် ဆာရာ့စ်ဝတီ(Sarasvati ) မှ ဗမာမှု (မြန်မာမှု) ပြုခဲ့ ခြင်းဖြစ်မည်ဟု စူးစမ်းတွေ့ ရှိရပါသည်။ ဆိုလိုသည်မှာ ချင်းတွင်းမြစ်မှ မြစ်ဝကျွှန်းပေါ် ပင်လယ်ဝထိ ကို သာလာဝတီ (သို့) သာယာဝတီ (နောင်တော့ ပေါ်ပိုင်း ကိုသာ ချင်းတွင်းဟု ခေါ်တွင်ခဲ့ ၏။ အထောက်အထားများမှာ (၁) ချင်းတွင်းမြစ် အနီးရှိ မုံရွာမြို့ကို “သာလာဝတီမြို့တော်” ဟုခေါ်တွင်ခြင်း၊ (၂) အောက်ဗမာပြည်တွင် သာယာဝတီ အမည်ဖြင့် မြို့တမြို့ ရှိခြင်း၊ တို့ဖြစ်ပေသည်။  ဤသို့ဆိုလျှင် မေခ နှင့် မေလိခ မြစ်နှစ်သွယ်ပေါင်း ၍ စီးဆင်းလာပြီး မန္တလေး  အနီး မြစ်မကြီးအတွင်း စီးဝင်သည့် အပိုင်းကို ဧရာဝတီ မြစ် (River Iravati ) ဟု ခေါ်ခဲ့ဟန်တူ ၏။ စစ်တောင်းမြစ်မှာမူ မူလအမည်နှင့် သိပ်မခြား Chittang  မှ  Sittang ဖြစ်လာခြင်းပါ။  IRAVATI, SARASVATI, CHITTANG နာမည်တွေနဲ့ မြစ်တွေ အန္ဒိယ အနောက်မြောက်ပိုင်းရှိ ပန်ဂျဘ် (PUNJAB) ပြည်နယ်တွင် ရှိခဲ့ ၏။ ထိုအချိန်မှာ တကောင်း နဲ့ ခေတ်ပြိုင် တချိန်တည်း လောက်မှာပင်ဖြစ် ၏။ ယခုအခါ IRAVATI သည် RIVER RAVI အမည် ဖြင့် ယနေ.တိုင် ရှိနေသေး၏။  SARASVATI မှာ မြေငလျင်ကြီးလှုပ် အပြီး ရေစီးကြောင်းပြောင်း သွားရာက နောက်ဆုံး ၌ မြစ်ကောကြီးဖြစ်သွားရ ၏။  ဤအထောက်အထားများကိုလည်း အင်တာနက် (Internet Wabsite) များတွင်ရှာဖွေတွေ. ရှိနိုင်ပေသည်။ Iravati River ကို River Parushni ဟုလည်းခေါ်ခဲ့ဘူး ၏။





 




The major rivers of north-west (Punjab, Sindh, Rajasthan & Gujrat) were: Saraswati, Sindhu (Indus), Shatadru (Sutlej), Vipasa (Beas), Vitasa (Jhelum), Parushni (Ravi) or Iravati, Asikni (Chenab), Yamuna, Drishadwati and Lavanavati. All rivers have changed their courses since Vedic times. Of these, three rivers: Saraswati, Drishadwati and Lavanavati no longer exist.

အထက်ဖေါ်ပြပါ အချက်အလက်များကို ထောက်   “ မြန်မာအစ တကောင်းက” အဆိုမှန်သည်ဟု ယူဆနိုင်ပေသည်။ သိုဖြစ်ဦးဘမော် (မန္တလေးတက္ကသိုလ်) အနေဖြင့် ဤအထောက်အထားများကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ သူ့အဆိုကို အောက်တွင် ဖေါ်ပြထားပါသည်။ အကျယ်ကို ဖော်ပြပါ လင့်ခ် တွင်ရှုပါ။

 




မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးများဖြစ်ကြသော မြန်မာ၊ မွန်၊ ကချင်၊ ရှမ်း၊ ကရင်တို့ဖြစ်ပေါ်လာပုံ အကြောင်း ကို လွန်ခဲ့သော အနှစ် ၆၀လောက်ကပင် အစဉ်တစိုက် သမိုင်းပညာရှင် သုတေသီတို့များက ဖော်ထုတ်ခဲ့ကြသည်။ ၎င်းတို့မှာ ဟာဗေး၊ စကော့၊ မေဆင်၊ မာရှယ်၊ ဟန်တား၊ ဖရေဇာ၊ ဟာနီဘောခရစ်တီရင်၊ လူးဝစ်၊ ဖေမောင်တင်၊ ဟောလ်၊ ကေလစ်၊ မောင်မောင်၊ ဂျွန်စတုန်း၊ တရက်လာ၊ လုစ် အစ ရှိသူတို့ဖြစ်သည်။ ၎င်းတို့က တညီတညွတ်တည်းလိုပင် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ မွန်ဂို၊ တရုတ် အစရှိသည့် တိုင်းပြည်အမျိုးမျိုးမှ ၀င်ရောက်လာကာ နေထိုင်ကြသည်ဟု အဓိပ္ပာယ်ရရှိသော “ရေကြည်ရာ၊ မြက်နုရာ ရွေ့လျားသွားလာ နေထိုင်သည်ဟူသော အယူအဆ” ကိုပထမဆုံး ဖော်ထုတ်ခဲ့ကြသည်။ { ဦးဘမော် (မန္တလေးတက္ကသိုလ်) မြန်မာအစ }
ဤပုဂ္ဂိုလ်ကြီးများ တင်ပြခဲ့သည့် အယူအဆသည် သမိုင်းဘာသာရပ်ဆိုင်ရာ သက်သေအထောက်အထားများ ဖြစ်ကြသော စေတီဘုရား၊ ကျောက်စာ၊ ဝေါဟာရစကား၊ ဓလေ့ထုံးတမ်းများဖြင့် တင်ပြခြင်း၊ ထိုပုဂ္ဂိုလ်ကြီးများသည် ညညအရင်းရှင်လွှမ်းမိုးချိန် တင်ပြချက်များဖြစ်ခြင်း၊ နိုင်ငံခြားဂျာနယ်များ၌ ယင်းပုဂ္ဂိုလ်တို့၏ရေးသားတင်ပြချက်များကို တရားဝင်ရေးသား ပုံနှိပ်ထုတ်ဝေခွင့်ရခြင်း၊ မြန်မာပညာရှင်တို့သည် ယင်းပုဂ္ဂိုလ်များ၏ ရေးသားဖော်ပြချက် များကို ပြန်လည်ချေပနိုင်သော ခိုင်လုံသည့်သက်သေ အထောက်အထားများ မတွေ့သေးခြင်း၊ များစွာသောထိုပညာရှင် များကလက်ခံလာခဲ့သော အယူအဆတစ်ခုကို ပစ်ပယ်ရဲသော သတ္တိအားနည်းခြင်း စသော အကြောင်းများကြောင့် “မြန်မာတို့သည် တိုင်းတပါးမှ ၀င်ရောက်လာပါသည်” ၊“မြန်မာအစ တကောင်းက” နှင့်၊ “မြန်မာအစ ကျောက်ဆည်က” စသည့် အဆိုပြု ချက်များ ပေါ်ပေါက်လာခဲ့သည်။{
ဦးဘမော် (မန္တလေးတက္ကသိုလ်) မြန်မာအစ }
http://wunzinminraja.blogspot.sg/  မှ ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...