Sunday, March 30, 2014

ဒီဘ၀ရောက်မှ သမတ ဖြစ်ချင်သေးလားကွယ်..

ဒီဘ၀ရောက်မှ သမတ ဖြစ်ချင်သေးလားကွယ်..

ဒီဘ၀ရောက်မှ..သမတဖြစ်ချင်သေးလားကွယ်
သူတို့လိုရာ ကပြ 
ဇာတ်လမ်းမှ မစသေးခင်
ဇာတ်အိမ်ကပြိုပြီး၊
ဇာတ်မသိမ်းခင်ငိုရတယ်၊
ဘုရားမပြီးပဲ  ငြမ်းက အဖျက်ခံရတာကိုး..။

ရန်သူက ချကျွေးမလိုလိုနဲ့ 
နှစ်ကောင်စား ကင်းယူသွားတာကိုမှ
သစ္စာပွား၊ ကျေးဇူးစကား ထပ်ဆိုနေသေးရင်လည်း
ကိုယ့်အယူနဲ့ကိုယ်ပဲပေါ့..
ဒါဟာ..ပြည်သူ့အပူမှ မဟုတ်တော့တာ။ 

ကျနော့်ရဲ့ညီအကိုတတွေ
၈၈ကသေခဲ့တာ၊
ဒီလောက်နဲ့ကျေနပ်ဖို့မဟုတ်။

သူတို့.မသထာရေစာကို
ဥပက္ခာမပြုနိုင်ခဲ့ရင်
ဟိုကတည်းက ဒေါက်တာမောင်မောင်နဲ့
ကျေနပ်လိုက်မှာပေါ့..။

အခုတော့ ..
မြွေပါလည်းဆုံး၊ သားလည်းဆုံး၊
အလုံးစုံပျက်သုန်းနေတာကိုလည်း
ဖုံးကွယ်လို့ မထားချင်တော့ပါဘူး
မုန်းချင်လည်း၊ မုန်းကြပေတော့
ဒီဘ၀ရောက်မှ သမတဖြစ်ချင်သေးလားလို့သာ
မေးပရစေ..မေမေ..။

(ပုံ..သမတမုန်းတဲ့ငညို)
၃၀မတ် ၂၀၁၄

ဒီဘ၀ရောက်မှ..သမတဖြစ်ချင်သေးလားကွယ်
သူတို့လိုရာ ကပြ
ဇာတ်လမ်းမှ မစသေးခင်
ဇာတ်အိမ်ကပြိုပြီး၊
ဇာတ်မသိမ်းခင်ငိုရတယ်၊
ဘုရားမပြီးပဲ ငြမ်းက အဖျက်ခံရတာကိုး..။

ရန်သူက ချကျွေးမလိုလိုနဲ့
နှစ်ကောင်စား ကင်းယူသွားတာကိုမှ
သစ္စာပွား၊ ကျေးဇူးစကား ထပ်ဆိုနေသေးရင်လည်း
ကိုယ့်အယူနဲ့ကိုယ်ပဲပေါ့..
ဒါဟာ..ပြည်သူ့အပူမှ မဟုတ်တော့တာ။

ကျနော့်ရဲ့ညီအကိုတတွေ
၈၈ကသေခဲ့တာ၊
ဒီလောက်နဲ့ကျေနပ်ဖို့မဟုတ်။

သူတို့.မသထာရေစာကို
ဥပက္ခာမပြုနိုင်ခဲ့ရင်
ဟိုကတည်းက ဒေါက်တာမောင်မောင်နဲ့
ကျေနပ်လိုက်မှာပေါ့..။

အခုတော့ ..
မြွေပါလည်းဆုံး၊ သားလည်းဆုံး၊
အလုံးစုံပျက်သုန်းနေတာကိုလည်း
ဖုံးကွယ်လို့ မထားချင်တော့ပါဘူး
မုန်းချင်လည်း၊ မုန်းကြပေတော့
ဒီဘ၀ရောက်မှ သမတဖြစ်ချင်သေးလားလို့သာ
မေးပရစေ..မေမေ..။

(ပုံ..သမတမုန်းတဲ့ ငညို)
၃၀မတ် ၂၀၁၄

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...