Sunday, March 9, 2014

ဒေါ်စုမမှားဖူးပါဖူး…မှားတာက …..

Bo K Nyein March 8, 2014 at 5:52pm

ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့မှထွက်တဲ့ ဖေဖေါ်ဝါရီလ (၁၆)ရက်စွဲနဲ့ ထုတ်တဲ့ဧရာဝတီဂျာနယ် Vol (1) No (7) ပါတဲ့(မြန်မာပိုင်း) တာဝန်ခံအယ်ဒီတာ(ရဲနည်) ရေးတဲ့“ဒေါ်အောင်ဆန်းစုကြည် ဘာမှားသလဲ ဘာပြင်သင့်သလဲ” ဆိုတဲ့ဆောင်းပါးကို ဖတ်မိတော့ အံ့အားမသင့်မိပါဖူး။ ထူးခြားတာတစ်ခုလေးတော့ သတိထားမိတယ်၊ဧရာဝတီရဲ့ပေါ်လစီက အနောက်တိုင်းဆန်ဆန် ဒေါ်အောင်ဆန်းစုကြည်ကို “ဒေါ်” တပ်ခေါ်လေ့မရှိပါ။ ပြည်တွင်းမှာထုတ်တဲ့ ဂျာနယ်မို့၊ ဗိုလ်ချုပ်အောင်ဆန်းသမီးကို “ဒေါ်” တပ်ခေါ်လာလို့၊ ကျေးဇးတင်ရမလိုဖြစ်လာရတယ်။
ဒီမိုကရေစီကို တကယ်ယုံတယ်ဆိုရင် ၊ ခေါင်းဆောင်တွေကို (ဝေဖန်) တာကို လက်ခံရမှာပါ။ တချို့ကကောင်းစေချင်တဲ့ စေတနာနဲ့ဝေဖန်ကြပါတယ်။


စာရေးသူလည်းတခါတရံ မြင်တာရှိရင်၊ကောင်းစေချင်တဲ့ စေတနာနဲ့ဝေဖန်ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ လူသားတဦးသာဖြစ်တာမို့၊ တချို့နေရာတွေမှာ အားနဲချက်တွေရှိပါတယ်။ဒါကိုအခွင့်ကောင်းယူပြီး တချို့ကတော့ပုဂ္ဂိုလ်ရေးမုန်းတီးမှု၊ ဒါမှမဟုတ်ဝါဒရေး သဘောမတူမှု၊ သို့မဟုတ်ရာထူးနေရာပျောက်မှာစိုးလို့ ဒေါ်စုကိုတိုက်ခိုက်လာတတ်ကြတယ်။ ဒီလိုလူတွေဟာ (မဆလ)ခေတ်ကနည်းအတိုင်း၊ ခပ်ကြမ်းကြမ်း၊ ခပ်ရိုင်းရိုင်းဝေဖန်တတ်ကြတယ်။ဒါကြောင့် ဒီလိုဝေဖန်မှုမျိုးကိုဖတ်လိုက်တာနဲ့ (သိ)သာပါတယ်။

ကြောက်စရာ ကောင်းတဲ့ဝေဖန်မှုမျိုးက agenda လို့ခေါ်တဲ့ မိမိဦးတည်ချက် ကိုရရှိနိုင်ဖို့ ၊စေတနာထား သယောင်ယောင်နဲ့ ဒေါ်စုကိုတည်ချက်ထားပြီး ဝေဖန်တဲ့အခါ၊နိုင်ငံရေးနောက်ကြောင်းကို (မသိ)တဲ့ စာ ဖတ်ပရိတ်သတ်တွေအဖို့ နားယောင်သွားပြီးဒီမိုကရေစီခေါင်းဆောင်အပေါ် အထင်မှား၊အမြင်မှားဖြစ်ရင် ၎င်း၊ ၎င်းတို့၏ဦးတည်ချက်လမ်းကြောင်းအတိုင်းဒေါ်စုလျှောက်ခဲ့သည်ရှိသော်၊တိုင်းပြည်အတွက် အလွန် အန္တရယ်ရှိနိုင်သည့်အတွက် စာဖတ်သူတို့မျှမျှတတ သိရှိခံစားသုံးသပ်နိုင်ရန် ၊ဤဆောင်း ပါးကိုရေး ရသည်ပါ။

ဝန်ခံစရာရှိပါတယ်

စာရေးသူရဲ့ ဖခင်ဦးကျော်ငြိမ်းဟာ ၁၉၃၆ကျောင်းသားသပိပ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူတွဲပြီးနိုင်ငံရေးလုပ်ခဲ့ကြသည်ပါ။ ဦးသိန်းဖေမြင့်ရေးတဲ့ (ကျော်ငြိမ်း) ဆိုတဲ့စာအုပ်မှာ ကောလိပ်မှစုံကြတဲ့ လူထူးလူဆန်း (၄)ဦးဆိုပြီးဖေါ်ပြခဲ့ပါတယ်။ လေးယောက်ကတော့ ကိုနု ကိုအောင်ဆန်းကိုကျော်ငြိမ်းနဲ့ ကိုသိန်းဖေတို့ပါပဲ။ ရဲဘော် (၃)ကျိပ်ကိုလွှပ်ဖို့ တာဝန်ယူရတာပြည်သူ့အရေးတော်ပုံပါတီပါ။ ပြည်သူ့အရေး တော်ပုံပါတီမှာ အရေးပါတဲ့ခေါင်းဆောင်တစ်ယောက်ကကိုကျော်ငြိမ်းပါ။ ဂျပန်ခေတ်မှာကိုကျော်ငြိမ်းက ကက်ဘိနက်အတွင်းဝန်လာဖြစ်ပါတယ်။ ဖဆပလဖွဲ့ကြတော့ မူရင်းခေါင်းဆောင်(၉)ဦးမှာဦးကျော်ငြိမ်းက ပြည်သူ့အရေးတော်ပုံပါတီ ကိုယ်စားလှယ်(၃) ဦးအနက်တစ်ဦး၊ အင်္ဂလိပ်ခေတ်ဗိုလ်ချုပ်ခေါင်းဆောင်တဲ့ ဘုရင်ခံ ကောင်စီဘ၀မှာကွန်မြူနစ်တွေဆန်လုတော့၊ တားရတော့မယ်။ဗိုလ်ချုပ်က ကျော်ငြိမ်း မင်းပြည်ထဲ ရေးဝန်ကြီးလုပ်လို့လို့ခိုင်းလို့သိသိကြီးနဲ့ လူမိုက်ဝင်လုပ်ခဲ့ရသည်ပါ။ ကွန်မြူနစ်တွေဗိုလ်ချုပ်ကို အားပြိုင် လာ ပြီး သခင်သန်းထွန်း အထွေထွေအတွင်းရေးမှူးအဖြစ်ကထွက်သွားတော့ ဗိုလ်ချုပ်ကတခါ ကျော်ငြိမ်း မင်းလုပ်ဆိုလို့ ဖဆပလအထွေထွေအတွင်းရေးမှူးဖြစ်လာရပြန်တယ်။

အောင်ဆန်းအက်တလီအစည်းအဝေးပွဲမှာလည်း ဗိုလ်ချုပ်ရဲ့ အတိုင်ပင်ခံအဖြစ်တက်ရောက်ခဲ့ရတယ်။ ဇူလိုင် (၁၉)မတိုင်ခင်ဦးနုနဲ့ လန်ဒန်ကိုလိုက်သွားရပြီး ဗိုလ်ချုပ်ရဲ့စေခိုင်းချက်အရ ယူကိုစလပ်အခြခံဥပဒေ ကိုလေ့လာဖို့နေခဲ့ရတယ်။စိတ်မချလို့ ပုလိပ်မင်းကြီးကိုသတိရှိဖို့အတန်တန်မှာခဲ့တယ်။ဗိုလ်ချုပ်တို့ အသတ်ခံရတော့ ချက်ချင်းပြန်လာပြီး ဗိုလ်ချုပ်အသောင်းအရှေ့မှာဖြစ်ရလေခြင်း သူငယ်ချင်းရယ် ဆိုပြီး မျက်ရည်အဖြိုင်ဖြိုင်ကျခဲ့ရတယ်။အဖေချင်း အတူတူလက်တွဲလုပ်ခဲ့ကြတဲ့ နိုင်ငံရေးသံယောဇဉ်ဆိုတာကိုတော့ ပယ်လို့မရကောင်းပါဖူး။

စာရေးသူဟာ လွပ်လပ်ရေးရာဇ၀င်ကို သုတေသနပြုနေသူပါ။လေ့လာလေလေ့လာလေ ဗိုလ်ချုပ်အောင် ဆန်း ကိုကြည်ညိုလာလေပဲ။ ဒါကြောင့်ဗိုလ်ချုပ်သမီးဆိုတဲ့ (အဆွဲ)ကလေးကတော့ နောက်မှာရှိစမြဲဆို တာကို တော့ဝန်ခံပါရစေ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ယုံကြည်မှုကို အသိမှတ်ပြုကြရတာ ၊ စာရေးသူမှမဟုတ်ပါဖူး၊ တကမ္ဘာလုံးပါပဲ။ ဒါကြောင့်လဲငြိမ်းချမ်ရေးနိုဘဲလ်ဆုကို စွပ်ခူးခဲ့ရုံမက ၊ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေ ကိုယ်တိုင်လာ လေးစားသမှုပြုကြရသည် မဟုတ်ပါလား။န၀တ နအဖစစ်အာဏါရှင်စနစ်ကို ရဲရဲတောက်အာခံဝံ့ လို့လည်း ဒီမိုကရေစီအိုင်ကွန်အဖြစ်ရပ်တည်နိုင်ခဲ့သည်ပါပဲ။

ဒေါ်စုကို တိုင်းပြည်ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက်အရေးကြီးသော၊ဒီမိုကရေစီခေါင်းဆေင်တစ်ယောက် အဖြစ်ခံယူသည်။ ဒီမိုကရေစီလမ်းကြောင်းအပေါ်ထိထိမိမိရောက်ရှိရေးအတွက်လိုအပ်သော အရည်အချင်းရှိသော ခေါင်းဆောင်တစ်ယောက်အဖြစ် (မြင်) သည်(မျှော်လင့်) ထားပါသည်။သို့သော် ဒေါ်စုဘာလုပ် လုပ်မှန်သည်ဟုမျက်စိမှိတ်ကိုးကွယ်သူတွေအထဲမှာစာရေးသူ (မပါ)ပါ။စာရေးသူ၏ရပ်တည်ချက် ကိုတော့စာဖတ်သူ များကို၊သိထားစေချင်ပါသည်။

ဝေဖန်ပါ..ဆန့်ကျင်ပါချစ်ပါ..မုန်းပါ
ဒေါ်စုကို လေးစားလို့ရတယ်။ ချစ်မြတ်နိုးလို့ရတယ်။တချိန်ထဲမှာ ဒေါ်စုကိုဆန့်ကျင်လို့ရတယ်။ လက်မခံလို့ရတယ်။ နောက်ဆုံးမုန်းချင်ကြရင် မုန်းပိုင်ခွင့်ရှိကြပါတယ်။ ဒါ..ဒီမိုကရေစီဆိုတဲ့လွပ်လပ်စွာရွေးချယ် ခွင့်ရှိသည်ဆိုတဲ့ ဒီမိုကရေစီစနစ်အောက်မှာရှင်သန်သူတွေရဲ့ အခွင့်အရေးပဲ။ သို့သော်ဒီမိုကရေစီ အောက် မှာနိုင်ငံရေးသမားနဲ့ လှုပ်ရှားသူ(Activists) တွေကို (ခွဲခြား)မြင်တတ်ဖို့လိုလာပါတယ်။ နိုင်ငံရေး သမား ဆိုတာ ၊နိုင်ငံတစ်ခုလုံးရဲ့အရေး၊ နိုင်ငံတစ်ခုလုံးနဲ့ဆိုင်တဲ့ အရေးတွေကိုပေသုံးသောင်း အမြင့်ကကြည့်ပြီး Full Context လို့ခေါ်တဲ့အစအဆုံး ဖက်စုံကကြည့်ပြီးမှ၊ မိမိဥါဏ်မှီသမျှဆုံးဖြတ်ပြီး လူထုကိုဦးဆောင်ရတဲ့ နိုင်ငံအတွက် (တာဝန်)ရှိသူလို့.စာရေးသူကသတ်မှတ်ပါတယ်။
လှုပ်ရှားသူ (Activist) ဆိုတာ(Cause) လို့ခေါ်တဲ့ (အကြောင်းအရာ)(အရေး) တစ်ခုကိုဆွဲဆွဲမြဲမြဲ ကိုင် ဆွဲထားပြီး မိမိဦးတည်ရာ(cause) အောင်မြင်မှုကို အသေအလဲကိုင်ဆွဲ လှုပ်ရှားသူဖြစ်တယ်။ဥပမာ ကိုယ်ဝန်ဆောင်မိန်မတိုင်း မိမိကိုယ်ဝန်ကိုဖျက်ချခွင့်ရှိစေရမည် ဆိုတဲ့(Abortion Rights) သမားဆိုတာဟာ မိမိတို့ (ယုံကြည်ရာအခွင့်အရေး)အတွက်တိုက်ပွဲဝင်တဲ့ (လှုပ်ရှားသူ)(Activists)တွေဖြစ်တယ်။Activists တွေအတွက် မှန်တယ်မမှန်ဖူး၊ တရားတယ် မတရားဖူးဆိုတာထက် မိမိလိုချင်တဲ့(အခွင့်အရေး) ရဖို့သာလျှင်အဓိက လာဖြစ်တယ်။

၈၈၈၈အလွန်
၈၈၈၈၈ အရေးအခင်းကြီး နေက်ပိုင်းကာလမှာ၈၈ မှပါဝင်ခဲ့ကြတဲ့ ကျောင်းသားထုတချို့ဟာစစ်အစိုးရကို ဆန့်ကျင်ဖို့နယ်စပ်ကိုထွက်ခဲ့ကြပြီး၊ လက်နက်ကိုင်တော်လှန်ရေး လုပ်ကြဖို့ABSDF လို့ခေါ်တဲ့ ကျောင်းသားတပ်မတော်ကို တည်ထောင်ခဲ့ကြတယ်။ ကျောင်းသားအများစုဟာစိတ်ထားမှန်ကြပေမဲ့၊ မခံချင်စိတ်သာ လူငယ်ပီပီရှိကြသည်၊ တကယ်တော်လှန်ရေးကိုဦးဆောင်ဖို့အတွက်ကျတော့ နိုင်ငံရေးကို နားမလည်ခဲ့ကြလို့ထင်မိတယ်။ တော်လှန်ရေးတရပ်ကိုဖေါ်ထုတ်ဖို့ဆိုတာ ဦးတည်ချက်ရှိရမယ်၊ အချင်းချင်းစည်းရုံးမှုရှိရမယ်၊ ထိရောက်မှုရှိအောင် အဖွဲ့အစည်းကိုတည်ထောင်နိုင်ရမယ်။ organization structure အဖွဲ့အစည်း တည် ဆောက်နိုင်ရမယ်လို့ဆိုလိုတာပါ။အဓိကကျတဲ့ မိမိတို့ရည်မှန်းချက်နဲ့ မိမိတို့ဘယ် လိုအောင်ပွဲရဖို့တည် ဆောက်ကြမယ်၊ဘာအခက်မခဲတွေရှိတယ်၊ ဘယ်လိုကျော်လွှားမယ်ဆိုတာကို ပြည်သူကိုချပြနိုင်ရမယ်။ ဒါမှထောက်ခံမှုကိုရယူနိုင်ကြာမှပေါ့
ဒီလိုနိုင်ငံရေးကို နာလည်းပြီး(အင်အား) တည်ဆောက်နိုင်ဖို့ရာ၊ လေ့လာမှုအားနဲ့(အတွေ့အကြုံ) လိုအပ်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ကျောင်းသားသမဂ္ဂမှာ ခြေစမ်းပြီးမှနိုင်ငံရေးလောကထဲကို ၀င်ရောက်လာကြတာပါ။

ဒါကြောင့်ခေါင်းဆောင်ဆိုတာ အရည်အချင်းရှိမှ ရှေ့သို့ရောက်လာကြပြီးနိုင်ငံ ရေးစိတ်ထက်သန်သူများပီပီ၊ လေ့လာမှုအားကောင်းကြတယ်။
ဦးနေ၀င်းရဲ့ကောင်းမှုနဲ့ မြန်မာနိုင်ငံက လူတွေဟာ နားပိတ်၊မျက်စိပိတ် ဘ၀နဲ့ နိုင်ငံရေးဒုက္ခိတတွေ ဖြစ်နေရ တာကြာပါပြီ။ပြည်သူတွေက ကျေင်းသားဆိုထောက်ခံကြတယ်၊ သို့ပေမဲ့ကျောင်းသားတွေခမြာ ညီညွပ်မှု ကိုမတည်ဆောက်တတ်တာမို့ ABSDF ဆိုတဲ့ကျောင်းသားတပ်မတော်ကြီးဟာ နှစ်ခြမ်းကွဲထွက် သွားကြ တယ်။ ဒီနေရာမှာစာရေးသူ (မြင်)တာကတော့ ၊ခေါင်းဆောင် ဆိုသူတွေတကိုယ်ကောင်းဆန်ဆန် ကိုယ်လွပ်ရုံးထွက်သွားကြတယ်။ ABSDF အဖွဲ့ဝင်တွေဟာ တကမ္ဘာလုံးကိုrefugee တွေအနေနဲ့  ပြန့်ထွက်သွားကြရတယ်။ တကယ်တွေးတတ်ရင်စိတ်မကောင်းစရာပါ။
အဖွဲ့အစည်းအနေနဲ့ ရပ်တည်မှုမရနိုင်ကြတော့ တဦးချင်းရပ်တည်နိုင်ဖို့ကြိုးစားကြရတယ်။ နိုင်ငံရေးမှာ ရပ် တည်နိုင်ဖို့(ဗဟိုအချက်) တစ်ခုတော့လိုစမြဲပါပဲ။ ဒါကြောင့်နိုင်ငံရေးဓမ္မတာအတိုင်း ရပ်တည်နိုင်ဖို့ကြိုးစား ကြရတော့Activist အုပ်စု နဲ့သတင်းသမားအုပ်စုဆိုပြီး ထွက်ပေါ်လာကြတယ်။ ဒီအုပ်စုတွေရပ်တည်နိုင်ဖို့ ထောက်ပံ့တဲ့အဓိက donor အုပ်စုကတော့အမေရိကားက National Endowment for Democracy(NED) ၊ လစ်ဖရယ်လုပ်ရပ်တွေကို ငွေကြေးထောက်ပံ့တဲ့ ဘီလျှံသူဌေးကြီးဂျော့စိုးရပ်ရဲ့ OSI အဖွဲ့နဲ့အီးယူး (EU) တို့ဖြစ်ကြတယ်။

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်မှုတွေကို ဆန့်ကျင်ပြီးဒေါ်စုရဲ့ သတ္တရှိရှိရပ်တည် မှုကိုထောက်ခံတာကြောင့် စီးပွားရေးပိတ်ဆို့မှုတွေ လုပ်လာသလိုမြန်မာအတိုက်ခံလှုပ်ရှားသူတွေကို လိုက်ရှာတော့ အဝေးရောက်အစိုးရ (NCGUB)နဲ့ ကျောင်းသားActivists တွေကိုသွားတွေ့တယ်။
စစ်အစိုးရဆိုတာကလည်း အာဏါရှင်တို့သဘာဝ အတွင်းစည်းကိုဘယ်သူကိုမှအ၀င်ခံကြတာမဟုတ်။ ဒီအချိန်မှာ ရရာသတင်းအတိုအစ ကလေးတွေတောင်အလွန်တန်ဖိုးရှိလှတာကိုး။ ဒီလိုအချိန်ကောင်းမှာ ကျောင်းသားလှုပ်ရှားသူတွေ ဟာနတ်ရေကန်ထဲခုန်ဆင်းလိုက်သလို သတင်းသမားတွေဖြစ်လာကြတယ်။ အကြောင်းကအင်္ဂလိပ်စာဖတ်တတ်တယ်၊ မြန်မာပြည်အကြောင်းပြေနိုင်ရေးနိုင်သူတွေလိုတာဆိုတော့ တပ်ပျက်လာတဲ့ ABSDF ကျောင်းသားဟောင်း တွေအတွက် (ဂွင်)ဖြစ်လာတာပေါ့။ ဒီနေရာမှာသတိပြုစေချင် တာက၊ ဒီဗီဘီ(DVB) တို့လို၊ ဗီအိုအေ(VOA) တို့မှာ အောင်မြင်နေတဲ့ သတင်းသမားတွေရှိသလို နီးစပ်ရာဘော်ဒါစိတ်နဲ့ ဆွဲခေါ်ရင်းပါလာသူတွေလည်း ရှိကြပါတယ်။

ဒေါ်စုရဲ့ “အကြမ်းမဖက်ရေး”မူအရ ဒိုနာသမားတွေက လက်နက်ကိုင်မူကိုစွဲကိုင်ထားတဲ့သူ တွေဆို အရေးမပေးဖူး။ ဒါကြောင့်လက်နက်ကိုင်အဖွဲ့အစည်းထဲမှာပါတဲ့၊ မူလရည်ရွယ်ချက်ကို ကိုင်ဆွဲထားတဲ့ABSDF ကျောင်းသားတပ်မတော် ခမြာရုန်းကန်ဆင်းရဲ နေကြရတဲ့အချိန်မှာ ABSDF အဖွဲ့ဝင်ဟောင်းကနေ တဖြစ် လဲလှုပ်ရှားသူ (Activists) တွေ၊သတင်းသမားတွေဟာ ကမ္ဘာလှည့်အစည်းအဝေးတွေတက်လိုက်၊ ဒီမိုကရေစီ အရေးအော်လိုက် ၊ အကြမ်းမဖက်ရေးအကြောင်းရေးလိုက်ကြ၊ NLD နဲ့ ဒေါ်စုအကြောင်းရေးရင်း၊ ကားကြီးကားငယ်စီးလိုက်ကြနဲ့ (အောင်မြင်မှု) အရသာ..(တွေ့)..နေကြတယ်လို့ရိုးရိုးသားသားခံစား မိတယ်။

နိုင်ငံရေးသမားနဲ့ လှုပ်ရှားသူအက်တစ်ဗစ် ကွာတာက၊ နိုင်ငံရေးသမား ဆိုတာက လူအများရဲ့ထောက်ခံမှု လိုအပ်ပါတယ်။လူထုထောက်ခံမှု မရပဲမရပ်တည်နိုင်ပါ။ အက်တစ်ဗစ်ဆိုသူတွေ ရပ်တည်ဖို့က (ဒိုနာ)တွေရဲ့ ထောက်ခံမှုကိုရရှိနိုင်ရပါမယ်။ အနှစ်(၂၀) ကျော်ကျော်(ဘော်ဒါနိုင်ငံရေး) လို့ခေါ်ကြတဲ့ဘော်ဒါ နယ်စပ်မှာ လှုပ်ရှားကြတဲ့ အက်တစ်ဗစ်အဖွဲ့တွေနဲ့ သတင်းအဖွဲ့တွေနဲ့ အတူ၊ အဝေးရောက်အစိုးရတို့ ရပ်တည်ခဲ့တာအနောက်နိုင်ငံက (ဒိုနာ)တွေရဲ့ (ငွေ)နဲ့ရပ်တည်ခဲ့ကြတာပါ။ ဒိုနာတွေငြိုငြင်တာနဲ့ ရပ်ဆိုင်းသွားရတဲ့ အဖြစ်အပျက်တွေရှိပါတယ်။

ဦးနုလက်ထက်က ဦးဝင်းရဲ့သား နိုင်ငံရေးသမားကြီးဦးတင်မောင်ဝင်းဟာ တသက်လုံးစစ်အာဏါရှင်စနစ်ကို ဆန့်ကျင်ခဲ့သူပါ။ ဒိုနာနိုင်ငံရေးခေတ်ရောက်လာတော့လည်း ဦးတင်မောင်ဝင်း လိုက်လျှောညီတွေစွာadjust လုပ်နိုင် ပါတယ်။NED ကထောက်ခံမှုရအောင်ယူပြီး (ခေတ်ပြိုင်)ဆိုတဲ့ သတင်းဌါနကလေးကို ထူထောင်နိုင်ခဲ့ပါတယ်။ ဦးတင်မောင်ဝင်းက နိုင်ငံရေးသမားစစ်စစ်။သွေးထဲမှာ နိုင်ငံရေးပါလာတဲ့သူ။ ဒါကြောင့်နိုင်ငံရေးမှာ မရှိမဖြစ်လိုအပ်တဲ့ (သတင်း)လောကကိုလည်း ကောင်ကောင်းနည်လည်တယ်။ ဦးတင်မောင်ဝင်း နှလုံး ရောဂါနဲ့ဆုံးသွားတော့ ဦးတင်မောင်ဝင်းဇနီးနဲ့ သမီးကဦးတင်မောင်ဝင်းရဲ့ အလို ဆန္ဒကိုဖြည့်ဖို့ ဆက်လက်ကြိုးစားကြပါတယ်။ သို့သော်ဦးတင်မောင်ဝင်းရဲ့ ဇနီးတို့က နိုင်ငံရေးကိုလုံးဝ နားလည်ကြသည်မဟုတ်။ဒီမှာ ဗကပဖိုးသံချောင်း က အလစ်ဝင်စီးပြီး မကြာဖူး ခေတ်ပြိုင်ဟာဗကပ သတင်းဌါန ပုံသဏ္ဍန်ဖြစ်လာရတယ်။ ဦးတင်မောင်ဝင်းဇနီးတို့ကတော့ရိုးရိုးသားသား စစ်အာဏါရှင်ကို တိုက်ခိုက်တဲ့ဆန့်ကျင်တဲ့ဆောင်း ပါးတွေရေးပေးတယ်ဆိုပြီးကျေးဇူးတောင်တင်နေပုံရတယ်။ ဗကပဦးတည်ချက် (Agenda) ပါလာတာကို(မသိ) လိုက်ရှာဖူး။နိုင်ငံရေးနားလည်သူတွေအဖို့ကတော့ သိသာ ထင်ရှားလာပါတယ်။ မကြာဖူးNED က ငွေကြေးထောက်ပံ့မှု ဖြတ်လိုက်တော့ခေတ်ပြိုင်သတင်းဌါနလည်း ပျောက်ကွယ်သွားရတယ်။ NEDက ခေတ်ပြိုင်အတွက်ငွေတွေကိုနောက်သတင်းဌါနတစ်ခုကို လာပေးသွားတယ်။လက်ခံရရှိတဲ့ သတင်းဌါကအကြီးအကဲတစ်ယောက်ကပြောပြလို့ သိရတာပါ။

ဒါကြောင့် (ဒိုနာ)တွေကိုမှီခိုရပ်တည်ရတဲ့ အက်တစ်ဗစ်အဖွဲ့အစည်းတွေနဲ့ သတင်းဌါနတွေဟာ(ဒိုနာ) တွေရဲ့အကြိုက်ကို မလွန်ဆန်နိုင်ကြရှာပါဖူး။ ဒိုနာတွေရဲ့ထောက်ပံ့မှုနဲ့ ရပ်တည်ကြရတာကိုး။ ဒိုနာ ဆိုတာကလည်းအလကားတော့ လာမထောက်ပံ့ပါဖူး။ သူတို့မှာဦးတည်ချက် (Agenda)ပါလာပါတယ်။ဒါကြောင့်လည်း (ဒိုနာနိုင်ငံရေး)ဆိုတဲ့ စကားနဲ့အတူ (ဒေါ်လာစား)(လုပ်စား) ဆိုတဲ့အသုံးအနှုန်းတွေ လည်းပေါ်ခဲ့ရတာပါ။
တကယ်စဥ်းစားတတ်ရင် “မြန်မာနိုင်ငံဆိုင်ရာပြည်ပနိုင်ငံရေး” (Exile Politics) ဆိုတာ(သတင်းရောင်းစား) တဲ့လုပ်ငန်းကြီလို့ပဲ (မြင်)နိုင်စရာရှိပါတယ်။

၂၀၁၀အလွန်
၂၀၁၀ ရွေ့းကောက်ပွဲ အလွန်မှာမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းဟာလုံဝပြောင်းလဲသွားပါတယ်။ မ ထင်မှတ်ပဲစစ်အာဏါရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နအဖစစ်အစိုးရကနေ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ ယူနီဘောင်းမှအရပ်ဝတ်လဲ အရပ်သားအစိုးရ ကို အာဏါလွှဲပေးလိုက်တယ်။ ဦးသိန်းစိန်အစိုးရကလည်း အာလုံးကိုလာကြပါဆိုပြီး (တံခါးဖွင့်) ပေါ်လစီချပြီးတကမ္ဘာလုံကိုဖိတ်ခေါ်လိုက်တော့ စစ်အစိုးရကိုဆန့် ကျင်ရင်းရပ်တည်နေကြတဲ့ ကောင်းစားနေကြတဲ့ ၊ အဖွဲ့တွေအတွက် ရင်လေးစရာဖြစ်လာတယ်။ဂျော့ စိုးရပ်အပါအ၀င် ဒိုနာမှန်သမျှ မြန်မာပြည်ကိုအလည်ရောက်လာကြတယ်။
စစ်ဗိုလ်ချုပ်တွေကလည်း လျှင်သလားမပြောနဲ့ ဒိုနာတွေကိုလည်ပင်းဖက်ပေါင်းလိုက်နိုင်ကြတယ်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း တရားဝင်နိုင်ငံရေးဆင်မြင့်အပေါ် ရောက်ရှိလာပြီဖြစ်တဲ့ အတွက်အနှစ် (၂၀)ကျော်ကြားကန်ပေးခဲ့တဲ့ ကျေးဇူးနဲ့ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်ခဲ့ကြပုံရတယ်။ လစ်ဖရယ် ဆရာကြီးတွေရဲ့ သိုင်းကွက်ကို ဒေါ်စုလိုက် (က)ဖို့စောင့်မျှော်ခဲ့တယ်လို့ စာရေးသူကသုံးသပ်မိတယ်။

နိုင်ငံရေးသမား ရဲ့အသက်သွေားကြောဆိုတာ အများပြည်သူရဲ့ထောက်ခံမှုကိုရဖို့ပဲ။ ဒါကြောင့်နိုင်ငံရေး သမား စစ်ရင်တိုင်းပြည်အကျိုးကိုပဲ အရင်ကြည့်တတ်ရမယ်။ ဗိုလ်ချုပ်အောင်ဆန်းသမီးပီပီ ဒါကိုဒေါ်စုကကောင်း ကောင်းသဘောပေါက်တယ်လို့ နားလည်မိတယ်။ဗိုလ်ချုပ်သမီးဖြစ်တာကြောင့် တိုင်းပြည်ကို မျက်နှာမလွှဲနိုင်ပါဖူး။ ဒါစာရေးသူရဲ့ယုံကြည်ချက်။ ဒါကြောင့်ဒေါ်စုရွေးတဲ့လမ်းတချို့ဟာ လစ်ဖရယ်ဝါဒီသမားတချို့နဲ့ သဟဇာတလာမဖြစ်တော့ဖူး။

လစ်ဖရယ်ဆိုတာ……
ယနေ့ခေတ်စားနေတဲ့ နိုင်ငံရေးကလစ်ဖရယ်ဒီမိုကရေစီလို့ ခေါ်ပါတယ်။လစ်ဖရယ်ဒီမိုကရေစီဆိုတာက အစိုးရကိုပြည်သူတွေက ရွေးကောက်ပွဲနဲ့ တင်မြှောက်ခွင့်ရှိရမယ်၊စီးပွားအရ ဈေးကွက်စီးပွားရေးကို ကျင့်သုံးကြမယ်၊လူ့ခွင့်အရေးနဲ့ ကျန်တဲ့အခွင့်အရေးတွေကို တောင်းဆိုခွင့်ရှိတယ်။ စကာစကာလမှာ လစ်ဖရယ်ဒီမိုကရေစီဟာ ရည်မှန်းချက်ကောင်းးပါတယ်။ Classical လစ်ဖရယ်စနစ်လို့ခေါ်ပါတယ်။လူတွေ မိမိစိတ်ချမ်းသာမှုအတွက်ရှာဖွေခွင့်ရှိရမယ်၊ ဒါကြောင့်နေရာတိုင်းမှာ အစိုးရက၀င်မရှုပ်ဖူး။ ဒီကမှ တဆင့်တက်လာတော့ လူမှုရေး၊ပညာရေး၊ကျမ်းမာရေးတွေကို အစိုးရကတာဝန်ယူရမယ်ဆိုတာတွေဖြစ်လာတော့ အစိုးရကကြီးလာရတယ်။ ဒီကမှတဆင့်ဒီ (လူ့)အခွင့်အရေးတွေဟာမိမိတိုင်းသူပြည်သားတွေအတွက်သာ မဟုတ်တော့ပဲ အားလုံးအတွက်(Universal) ဆိုပြီး စိတ်ကူးယဉ်မှုကနယ်ကျွန်လာတော့ အစိုးရတွေလည်း အလွန် ကြီးထွားလာပြီးဘတ်ဂျက်တွေမနိုင်မနင်းဖြစ်ပြီး၊ နောက်ဆုံးအမေရိကရော ဥရောပမှာပါစီးပွားရေးကျဆုံးမှု တွေဖြစ်လာရတယ်။ ဘယ်နိုင်ငံမှတကမ္ဘာလုံးကို ကူညီနိုင်လောက်အောင် မချမ်းသာကြပါဖူး။
စာဖတ်သူများကို သတိပြုစေချင်တာက လစ်ဖရယ်စနစ်ကျဆုံးမှုကိုတွန်းပို့နေတာက universal ဆိုတဲ့(အားလုံး) တည်စေရမည်ဆိုတဲ့(စိတ်ကူးယဉ်မှု) ပါပဲ။အင်္ဂလိပ်လို (Idealism) လို့ခေါ်ပါတယ်။ ဒီစိတ်ကူးယဉ်မှုကြောင့် ဥရောပမှာစီးပွားရေး၊ လူမှုရေး၊ဘာသာရေးပြဿနာတွေတက်နေရပြီးဘယ်လိုဖြေရှင်း ရ မယ်ဆိုတာ လစ်ဖရယ်တွေအဖြေမရှိပါဖူး။

လစ်ဖရယ်တွေ့ရဲ့အမှား
ဒုတိယကမ္ဘာစစ်ပြီးတော့ ပြင်သစ်နိုင်ငံကိုပြန်လည်ထူထောင်ရတော့ အလုပ်ကြမ်းသမားတွေလိုလာတယ်။ ပြင်သစ်လစ်ဖရယ်ပညာရှင်တွေတွေးတာက မြောက်အာဖရိကနိုင်ငံတွေက အာရပ်တွေမွတ်စလင်အလုပ် သမားတွေကိုခေါ်လာပြီးခိုင်းစားမယ်၊ ဒီအလုပ်သမားတွေပြင်သစ်မတွေနဲ့ညားပြီးပြင်သစ်လေးတွေမွေးလာ မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မွတ်စလင်အလုပ်သမားတွေသန်းနဲချီပြီးပြင်သစ်ကိုခေါ်ယူခဲ့ကြတယ်။ ပဲရစ်မြို့ မှာ အကြီးဆုံးပလီကြီးဆောက်ပြီးmulticulturalism လို့ခေါ်တဲ့ယဉ်ကျေးမှုပေါင်းစုံဆုံစည်းရေးဆိုတဲ့အတွေး အခေါ်နဲ့ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံရှင်သန်မဲ့ ကမ္ဘာကြီးတည်ဆောက်ကြမယ်လို့ စိတ်ကူးယဉ်ခဲ့ ကြတယ်။

တကယ်လက်တွေ့မှာလူဆိုတာမိမိဘာသာ၊မိမိယဉ်ကျေးမှုကိုစွန့်လွှတ်တာမဟုတ်။ မွတ်စလင်ယေက်ျားတွေ က ပြင်သစ်မတွေကိုမယူပဲ၊ သူတို့နိုင်ငံကအမျိုးသမီးတွေကိုခေါ်ယူကြတယ်။ အမျိုးသမီးတွေကစာမတတ်၊ အလုပ်မလုပ်၊ခလေးတွေတဖျွပ်ဖျွပ်မွေးတော့မြို့ပြင်မှာတိုက်ခန်းအမြင့်ကြီးတွေဆောက်ပြီးထား၊ မွေးလာတဲ့ခလေးတွေကပညာကောင်းကောင်းမသင်ချင်ကြ၊ လစ်ဖရယ်ပညာရှင်ကြီးတွေကသာ လက်ခံကြတာပြည် သူအများကလက်မခံကြတော့၊ အဖြူမဟုတ်တဲ့လူငယ်တွေအလုပ်ရှာမရ၊ နောက်ဆုံးWelfare လို့ခေါ်တဲ့ အစိုးရထောက်ပံ့မှုနဲ့ အသက်ရှင်ကြပြီးတော့သူတို့ကိုအစိုးရကမွေး၊အစိုးရကကျွေး၊သူတို့နေရာghetto တွေမှာပုလိပ်တောင်မ၀င်ရဲလောက်အောင်ဆိုးသွမ်းလာကြတယ်။ လူရာအသွင်းမခံရတဲ့လူငယ်တွေဟာ မခံချင်စိတ်တွေဖုံးလွှမ်းလာပြီးနောက်ဆုံးပုလိပ်တွေနဲ့ ပြဿနာပေါ်ပြီးပုလိပ်ကားတွေမီးရှို့ပြီး လူမျိုးရေး၊ဘာသာရေးအဓိကရုန်းတွေဖြစ်လာရတယ်။

လစ်ဖရယ်ပညာရှင်တွေ စိတ်ကူးယဉ်ကောင်းလိုက်ကြတာ ပြင်သစ်မှာသန်းနဲ့ချီပြီးရောက်လာတဲ့ မွတ်စလင်တွေရဲ့ ပြဿနာကိုဘယ်လိုကိုင်တွယ်ရမှန်းမသိတော့ဖူး။ မွတ်စလင်တွေကတခြားလူမျိုးတွေလို (ရောမရောက်ရင်ရောမသားလိုကျင့်ပါ) ဆိုတဲ့စိတ်ဓါတ်ထက် မွတ်စလင်ဘာသာပြန့်ပွားရေး၊မွတ်စလင်ယဉ်ကျေးမှု လွှမ်းမိုးရေးကိုဦးတည်လာတဲ့ အတွက်ဘီလာဒင်လိုမွတ်စလင်ဘာသာရေးအကြမ်းးဖက်သမားတွေပေါ်လာ တဲ့အခါမှာမွတ်စလင်စိတ်ကြီးထွားလာပြီး ပြင်သစ်နိုင်ငံထက် မိမိဘာသာကိုသစ္စာရှိကြတာကြောင့်ပြင်သစ် မှာ အကြမ်းဖက်မှုတွေဖြစ်လာရတယ်။အခုနောက်ဆုံး မွတ်စလင်မိန်းမတွေခေါင်းပူးမခြုံရဆိုတဲ့ ဥပဒေထုတ် တဲ့အထိဖြစ်လာရပြီ။ အမှန်တော့တိုင်းပြည်၊လူမျိုးနဲ့ဘာသာကိုဖျက်မဲ့လူတွေကိုဖိတ်ခေါ်မိလာတော့ ဆုပ် လည်းဆူး၊ စာလည်းရူးအခြေအနေကိုရောက်နေကြခဲ့ပြီ။

အင်္ဂလန်မှာလည်း လစ်ဖရယ်စိတ်ကူးယဉ်သမားတွေကပြင်သစ်နည်းတူ၊ ကိုလိုနီအဟောင်းကလူ တွေကို တင်သွင်းလာလိုက်ကြတာ၊7/7 လို့ခေါ်တဲ့ လန်ဒန်မြေအောက်မီးရထားကိုဖုံးဖေါက် ခွဲတာလူတွေအများ  အပြားသေကုန်ကြရတယ်။အင်္ဂလန်မှာ English Defense League လို့ခေါ်တဲ့အင်္ဂလိပ်လူမျိုးတွေကိုကာ ကွယ်ရေးအဖွဲ့တွေဖွဲ့လာရပြီ။ မကြာသေးမှီကမွတ်စလင်တစ်ယာက်က လမ်းပေါ်မှာတွေ့တဲ့စစ်သားကိုလည် လီးသတ်လိုက်တဲ့အတွက် ၀ိုင်းအော်လိုက်ကြတာ။ဂျော်ဒန်ကပလီဆရာတစ်ယောက်ဟာဘာအလုပ်မှမလုပ်၊ ပလီမှာအနောက်နိုင်ငံမုန်းတီးရေးတွေဟော၊ ဘာသာရေးအကြမ်းဖက်သမားတွေကိုမြှောက်ပေးနေတာ တောင် အစိုးရကငွေသန်းပေါင်းမြောက်မြားစွာသုံးပြီးနှင်ထုတ်တာနှစ်ပေါင်းများစွာကြာမှ မောင်းထုတ်နိုင် ခဲ့တယ်။
ဆိုရှယ်လစ်ဖရယ်တွေရဲ့စိတ်ကူးယဉ်မှုနဲ့ ကမ္ဘာကြီးကိုကယ်တင်ဖို့ ငတ်ပြတ်နေတဲ့ အာဖရိကတိုက်ကလူ တွေအတွက် ဒေါ်လာဘီလျံနဲ့သုံးခဲ့ကြတာ လူတွေလည်း ငတ်မြဲအတိုင်းငတ်၊ အာဖရိကတိုက်ကြီးလည်း မတိုးတက်၊ ထောက်ပံ့တဲ့ဒေါ်လာတွေဟာ အာဖရိကတိုက်က အာဏါရှင်သူခိုးတွေနဲ့ အင်ဂျင်အို NGO လုပ် စားတွေလက်ထဲမှာပဲပျောက်သွားခဲ့ရတာကြာလှပြီပေါ့။

တကယ်ပြန်စဉ်းစားကြည့်ရင် ဆိုရှယ်လစ်ဘရယ်သမားတွေဟာ သူတို့စိတ်အာသါဖြေဖို့ ပြည်သူတွေရဲ့ပိုက် ဆံနဲ့တခြားသူတွေကိုလောကွပ်လုပ်တာပါပဲ။ဒီလို စိတ်ကူးယဉ်မှုတွေဟာ မိမိတိုင်းပြည်အကျိုးကိုလာထိခိုက်တယ်ဆိုတာကို(သတိ)မပြုမိကြဖူး။ Multiculturalism မအောင်မြင်တာက လူတွေမှာ ValueSystem လို့ခေါ်တဲ့ တန်ဖိုးထားတာခြင်းမတူကြဖူး။ ဥပမာဗုဒ္ဓဘာသာက လူတပါးအသက်ကိုသတ်တာအားမပေးဖူးမွတ်စလင်က လည်လီးမှစားလို့ရတယ်။ ဒါကြောင့်လည်လီးတာသူတို့ဘာသာရဲ့ ယဉ်ကျေးမှု၊တန်ဖိုးပဲ။ အနောက်နိုင်ငံတွေနဲ့ လူအများက (လွပ်လပ်မှု)ကိုတန်ဖိုးထားတယ်။ မွတ်စလင်တွေကဘုရားအလိုကျနေ တာမှတန်ဖိုးလို့ထင်တယ်။ တကယ်တော့ဘုရားအလိုဆိုတာကလည်း (ကိုရန်) ကိုဘာသာပြန်တဲ့ ပလီဆရာ တွေရဲ့နာလည်မှုပဲ။ ဘုရားအလိုကျနေရမယ်ဆိုတော့ ကိုယ်ပိုင်လွပ်လပ်ခွင့်ဆိုတာဘယ်ရှိတော့မှာလဲ။ဒီလို တန်ဖိုးထားမှုကွာကြတယ်ဆိုတာကို (သတိ)မပြုပဲ(အားလုံး) ကောင်းပါသည်။အာလုံးအတူနေကြရ အောင် ဆိုတော့ လစ်ဖရယ်တွေဘ၀ပျက်နေကြရပြီ။

လစ်ဖရယ်ပေါ်လစီဆိုတာ
လစ်ဖရယ်တွေစိတ်ကူးယဉ်မှုမှာဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံချစ်ချစ်ခင်ခင်နေကြမယ်ဆိုတဲ့ Multi -  culturalismဆိုတာကိုမျှော်လင့်ပြီးစိတ်ကူးယဉ်ခဲ့ကြပေမဲ့၊ 9/11 မှာဘင်လာဒင်တို့အဖွဲ့ နယူးရောက်မြို့ နဲ့ ၀ါရှင်တန် ကိုတိုက်ခိုက်ကြတော့ အမေရိကန်ကောင်းဘွိုင်သမ္မတဂျော့ဘု(ရ်)က ဘင်လာဒင် တို့ကိုအသေ လိုက်တွယ်တာ။ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် သမ္မတအိုဘားမားကလည်း ဒရုန်း (Drones) လို့ခေါ်တဲ့မောင်း သူမဲ့လေယဉ်တွေနဲ့ ပါကစ္စတန်မှာ တာလီဘန်တွေကို လိုက်သတ်တာ၊ မွတ်စလင်အကြမ်းဖက်သမားတွေခေါင်းတောင် မဖေါ်နိုင်ဖူး။ သြစတြေးလျီးယားနိုင်ငံမှာလည်း ခိုးဝင်ဖို့ကြိုးစားတဲ့ မွတ်စလင်တွေကိုနိုင်ငံမြေ ပေါ်တောင်ခြေချခွင့်မပြုတော့ဖူး။ တခြားကျွန်းတွေမှာ အကျဉ်းထောင်တွေတည်ဆောက်ပြီးလှောင်ထားပြီး၊ အတင်းအဓမ္မ အင်ဒိုနီးရှား ရေပိုင်နက်ထဲကိုပြန်ပို့နေပြီ။ အင်္ဂလန်မှာ လူဝင်မှုကြီးကြပ်ရေး(Immigration) ဥပဒေတွေကိုပြန်သုံးသပ် ဖို့အော်နေကြရပြီ။

ဥရောပတိုက်သားတွေကစိတ်ကူးယဉ်ပြီး တနိုင်ငံနဲ့တနိုင်ငံအကြား ဘော်ဒါမရှိ (Borderless) ၊ စစ်ဆေးမှု မရှိ လွပ်လွက်လပ်လပ်စွာခရီးသွားနိုင်ပြီလို့ကြွေးကြော်နေဆဲ၊မွတ်စလင်တွေလှမ့်ဝင်လာတော့၊ ကယ်ပါ့ ဘုရား ဆိုပြီး၊ ပြန်စစ်ဆေးမှုတွေလုပ်နေကြရပြီ။ ဒါကြောင့်ဂျာမန်ဝန်ကြီးချုပ်မာကာလ်(Merkel) နဲ့ အင်္ဂလိပ် ၀န်ကြီး ချုပ်ကင်မရင် တို့က Multiculturalismဆိုတာ (Failure) မအောင်မြင်ပါဖူးဆိုပြီးဝန်ခံကြရပြီ။လစ်ဖ ရယ် စိတ်ကူးယဉ်သမားတွေ စိတ်ကူးယဉ်သလို၊ multiculturalism အောင်မြင်ဖို့ဆိုရင် Assimilation လို့ ခေါ်တဲ့ ရောက်လာတဲ့လူသစ်တွေဟာမိမိရောက်လာတဲ့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ ဓလေ့အတိုင်းနေထိုင် ကြပြီး၊ တဖြည်းဖြည်း ရောနှောသွားကြရမယ်။မွတ်စလင်တွေကမရဖူး။

သူတို့ယဉ်ကျေးမှုကိုရှေ့တန်းတင်လာပြီး မကြာဖူး (ရှရီရာ)ဥပဒေ (Shria Law) အစ္စလမ်ဘာသာရေးဥပဒေကို ခွင့်ပြုရမယ်ဆိုပြီး တောင်းဆိုလာကြ တယ်။ အဆိုးဆုံးက ဆော်ဒီတွေကချမ်းသာလာတဲ့ရေနံဒေါ်လာတွေနဲ့သူတို့ရဲ့အစွမ်းရောက်အယူသည်း တဲ့ (၀ဟာဖီ) (Wahhabi) ဘာသာရေးယုံကြည်မှုကိုကမ္ဘာကိုဖြန့်လာတယ်။၂၀၁၄ ဖေဖေါ်ဝါရီလဆန်းမှာပဲ ဆီးရီးယားက အစွန်းရောက် ၀ဟာဖီသူပုန်တွေက ဆယ်ကျော်သက်မွတ်စလင်မလေးဖေ့ဖွပ်စ်(Facebook) ကြည့်လို့ဆိုပြီး ခဲနဲ့ပေါက်သတ်လိုက်ကြတယ်။ အဲဒါ ရှရီရာအစ္စလမ်ဥပဒေတဲ့။

လစ်ဖရယ်တွေရဲ့တောင်းဆိုမှု
လစ်ဖရယ်တွေက Universal ဆိုတဲ့ အားလုံးအခွင့်အရေးရှိစေရမယ်ဆိုတဲ့ဆောင်ပုဒ်နဲ့ လူတိုင်းမျှမျှတတရှိ စေရမယ်၊ လူတိုင်းမိမိယုံကြည်ရာဘာသာကိုကွးကွယ်စေရမယ်ဆိုတဲ့(စိတ်ကူးယဉ်) (Idealism) တောင်း ဆိုမှုတွေကိုရှေ့တန်းတင်လာကြတယ်။
နိုင်ငံတိုင်းမှာ Politics is local ဆိုတဲ့စကားရှိပါတယ်။ အဲဒါကနိုင်ငံတိုင်းမှာ မိမိအခြေအနေ၊ မိမိ (ဒေသ) အကြောင်းကို မိမိတို့ (ဒေသခံ)တွေက(အသိ)ဆုံး။ နောက်ဆုံး မဲနဲ့ရွေးရင်လည်း(ဒေသခံ) တွေရဲ့ (မဲ)နဲ့ပဲအရွေးခံကြရမှာကိုး။ ဒါကြောင့် နိုင်ငံရေးမှာ ဒေသခံတွေ အသိဆုံး၊အဓိကအကျဆုံးလို့ ဆိုလိုတာပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေကိုမြန်မာတွေအသိဆုံးလို့ပြောလို့ရပါတယ်။

ဘင်္ဂါလီပြဿ     နာ
ဘင်္ဂါလီတွေနေတဲ့ဘင်္ဂါလာဒေ့ရှ်နိုင်ငံမှာ ဘာသာရေးယုံကြည်ချက်အရ ဘုရားအလိုအကျဆိုပြီး လူဦးရေ ထိန်းသိမ်းမှုမရှိဖူး။ နိုင်ငံမြေကျဉ်းကျဉ်းကလေးထဲမှာ လူဦးရေ သန်း၁၅၀ ကျော်ကျော်ရှိပါတယ်။ တနည်းအားဖြင့် လူဦးရေပိုလျှံနေတဲ့ ပြဿနာရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံသာမက အိန္ဒြိယနိုင်ငံကိုလည်းခိုးဝင် နေကြတယ်။ သတိမရှိရင် ရခိုင်ပြည်သာမက ချင်းပြည်နယ်ပါ ဘင်္ဂါလီကုလားတွေခိုးဝင်လာမှာပေါ့။ဘင်္ဂါလီ ကုလားတစ်ယောက်ဟာခိုးဝင်လာရုံမက မိန်မတွေယူပြီး ခလေးတွေ စည်းမရှိကမ်းမရှိမွေးကြတာလူတိုင်းအသိပဲ။ ဒါကြောင့် မြန်မာတွေ (သတိ) မရှိရင် ဘင်္ဂါလီကုလားတွေ (အမြို)ခံရမှာပေါ့။စစ်အာဏါရှင်သက် တန်းတလျှောက် စစ်ဗိုလ်တွေလဘ်စားပြီး ခိုးဝင်လာတဲ့ဘင်္ဂါလီကုလားတွေပဲ မနဲတော့ဖူး။
ဒီလိုအခြေအနေကြောင့်ဒေါ်စုသာမကဥါဏ်ရှိတဲ့၊တိုင်းပြည်ကိုချစ်တဲ့ ဘယ်နိုင်ငံရေးသမားမှဘင်္ဂါလီကုလား တွေ လှိမ့်ဝင်လာမဲ့အဖြစ်ကိုလက်မခံနိုင်ဖူး။ နိုင်ငံရေးသမားဆိုတာ တိုင်းပြည်အကျိုးကို အရင်ကြည့်ရမှာ နိုင်ငံရေးသမားတိုင်းရဲ့အဓိကတာဝန်ပဲ။ ဒါကြောင့် ဒေါ်စုက သတိရှိတယ်။ ဒါ Rule of Law ဥပဒေစိုးမိုးရေး ပြဿနာဖြစ်တယ်ဆိုတာကလွဲလို့ စကားအကျွံမခံဖူး။ဒါ တိုင်းပြည်အကျိုးနဲ့ ပြည်သူပြည်သားတွေရဲ့ အလို ဆန္ဒ ကိုလေးစားတာပဲလို့ စာရေးသူကခံယူတယ်။အမျိုးသားရေးကိုရှေ့ရှုတဲ့ Nationalist တစ်ယောက် အ နေနဲ့ စာရေးသူဒေါ်စုကို ထောက်ခံတယ်။ လေးစားတယ်။ 

လစ်ဖရယ်အဖြူတွေကဒေါ်စုကို မကြေနပ်ကြဖူး။ ဒေါ်စုလူလည်လုပ်တယ်။ မပြတ်သားဖူး။ ဘင်္ဂါလီကုလား တွေကိုမကာကွယ်ဖူးဆိုပြီးတိုးတိုးပြောတဲ့သူရှိသလို၊ ဒေါ်စုလမ်းလွဲနေပြီ၊ ဘာကြောင့်ငြိမ်နေတာလဲဆိုပြီး ဝေဖန်ရေးဆောင်းပါးတွေရေးလာကြတယ်။ဒီလို မကျေနပ်သံတွေကြားမှာ ကချင်နဲ့ စစ်တပ်တိုက်ပွဲတွေဖြစ် တော့ တခါဒေါ်စုကို ၀ိုင်းဝေဖန်ကြပြန်ရော။အမှန်ကတော့ ဒေါ်စုကိုရန်တိုက်ပေးတာ၊ ထောင်ပေးတာလို့ စာရေးသူက ယူဆပါတယ်။ တိုင်းရင်းသားအရေးဆိုတာသိပ်သိမ်မွေ့တယ်။ ဒေါ်စုကို လစ်ဖရယ်တွေ တမင် ဆွဲထဲ့တာလို့စာရေးသူကခံစားရတယ်။ဒေါ်စုကိုယ်စားခံပြင်းမိတယ်။

အကြောင်းက မြန်မာနိုင်ငံမှာလူမျိုးရေးပြဿနာကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့တာ လွပ်လပ်ရေးရကတည်း ကပဲ။ ဒီလိုအချိန်ကြာမြင့်စွာဖြစ်လာခဲ့တဲ့ပြဿနာတွေကို ချက်ချင်းဖြေရှင်းလို့ မရနိုင်ပါ။ စစ်တိုက်တယ်ဆို တာ ငြိမ်းချမ်းရေးစကားပြောနေရင်းတောင်စစ်မြေပြင်အနေအထား အသာရရေးအတွက် တိုက်ကြတာတွေ ရှိတယ်။ တခါတရံနယ်ကျွံနေတဲ့ရှေ့တန်းတပ်တွေကိုကူရတာရှိတယ်။အနှစ် ၆၀ကျော်ကျော် ထင်ရာဆိုင်း လာတဲ့ စစ်တပ်ကို စစ်ဗိုလ်ချုပ်ကနေသမ္မတဖြစ်လာတဲ့သမ္မတတောင်တခါတရံအပြောရခက်နေတာ၊စစ်အာ ဏါရှင်စနစ် ကို ဆန့်ကျင်လာတဲ့ ဒေါ်စုစကားကို စစ်တပ်ကမြေ၀ယ်မကျနားထောင်မတဲ့လား။နားမထောင် ရင် ဝေဖန်ကြဦးမယ်။ ဒါကြောင့် ဒေါ်စုကိုသိက္ခာချဖို့ လစ်ဖရယ်တွေထောင်ပေးတာလားလို့စာရေးသူက သံသယရှိတယ်။

ဒေါ်စုဟာ အစိုးရမဟုတ်ဖူး
ဒေါ်စုဟာ လူတွေကြည်ညိုတဲ့နိုင်ငံရေးသမားပဲရှိသေးတယ်။ ဒေါ်စုဟာ အစိုးရမဟုတ်ဖူး။ ဒါကြောင့် ဒေါ်စု မှာ (အရှိန်) ပဲရှိတယ်။ အစိုးရအာဏါမရှိဖူး။ဒါကြောင့် အစိုးရအာဏါသုံးမှရတဲ့ နေရာတွေမှာ လက်မရှိုသင့် ဖူးလို့ သုံးသပ်မိတယ်။(မူ) အရပြောတယ်။ ဥပဒေစိုးမိုးရေပြောတယ်။ တော်ပြီ။ဒါကြောင့် ဒီနေရာမှလည်း ဒေါ်စုမှန်တယ်လို့ သုံးသပ်မိတယ်။ အဖြူလစ်ဖရယ်တွေရဲ့ထောက်ချောက်ထဲမ၀င်တာကိုပဲဒေါ်စုကိုချီးကျူး နေမိတယ်။

အမှန်ကတော့ဒေါ်စုအရှိန်ကိုအသုံးချချင်ကြတာပါ
အက်တစ်ဗစ်ဆိုတာပိုက်ဆံတောင်းဖို့ Cause အကြောင်းအရာတစ်ခုကောင်းတော့ရှိရမယ်။
န၀တ/နအဖ ခေတ်မှာ ဒေါ်စုကို အကျယ်ချုပ်ချထားလေ၊ အက်တစ်ဗစ်တွေကြိုက်လေပဲ။ဒါမှ ဒေါ်စုထမိန် အလံထောင်၊ ဒီမိုကရေစီ အော်ပြီးတကမ္ဘာလုံးလှည့်ပတ်ပြီးပိုက်ဆံတောင်းလို့ကောင်းခဲ့ကြရတာ။နိုင်ငံရေး ခိုလှုံခွင့်တောင်းပြီး ဒီမိုကရေစီနိုင်ငံတွေမှာ မိသားစုတွေအခြေချခွင့်ရကြတယ်။၂၀၁၀ ရွေးကောက်ပွဲအပြီး မှာသမ္မတဦးသိန်းစိန် အစိုးရက (မူ)ပြောင်းပြီး ဒီမိုကရေစီလမ်းကြောင်းကိုလျှေက်မယ်ဆိုလိုက်တော့ အဖြူ တွေကအစဒီမိုကရေစီကိုဗန်းပြပြီးတောင်စားနေကြတဲ့ ဒေါ်လာစား ဈေးကွက်ကြီးတစ်ခုလုံး ဖရိုဖရဲုဖြစ်ကုန် ကြရတယ်။

ဒီမိုကရေစီကူးပြောင်းကာလမှာရခိုင်မှာပြဿနာဖြစ်တော့ ဒေါ်လာစားဒီမိုသမားတွေ စားကွက်အသစ်တွေ့ သွားကြရတယ်။ ဘာသားရေးနှိပ်ကွပ�

Bo K Nyein
 
မနေ့က သူရိယနေ၀န်းမှာ နောက်ဆုံးအပြီးသတ်ပါလာပါတယ်...(၃) ပတ်ကြာပါတယ်။
ဒေါ်စုကို ဦးတည်ချက်နဲ့ တိုက်ခိုက်တာကို လူသိအောင် ရှင်းပြထားတဲ့ ဆောင်းပါး..ကလေးပါ...
သူရိယနေ၀န်းဟာ အဖတ်အများဆုံးဂျာနယ်ပါ....အောက်ခြေလူတန်းစား..အများဆုံးဖတ်တဲ့ ဂျာနယ်ပါ
စောင်ရေ..သိန်း..ချည်ရှိတဲ့ ..ဂျာနယ်ပါ.... ဒါ Public Service လို့ပဲ..ခံယူပါတယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...