Friday, March 7, 2014

နိုင်ငံရေးနဲ့ လူလိမ္မာ …..

Bo K Nyein March 6, 2014 at 7:08pm

နိုင်ငံရေးမှာနေရာတိုင်းမှာ လူလိမ္မာလုပ်လို့မရတာတွေရှိတယ်…..
အထူးသဖြင့်….၄၈လို ..ဒီမိုကရေစီ ..စပ်ကူးမက်ကူးကာလမှာ….အဆိုးဆုံးပေါ့….
အင်္ဂလိပ်ကိုခံချဖို့….ဖွက်ထားတဲ့….စစ်လက်နက်ပစ္စည်းတွေကလည်း ..ရှိနေ…
စစ်ဖြစ်ပြီးကာစမို့…စစ်သားကလည်းပေါပါပိနဲ့…..
ဒီလိုအချိန်မှာပြည်တွင်းစစ်ကလည်း…ဖြစ်တော့...
လူတိုင်းသေနပ်ရှိကြတော့…..သေနက်ရှိတဲ့သူဟာ..ဗိုလ်လာဖြစ်တာပေါ့……


ကွန်မြူနစ်ခေါင်းဆောင်တွေကလည်း…..ဘ၀င်ကမြင့်မြင့်….
တော်လှန်ရေးကြီး…အောင်တော့မယ်..ထင်နေကြတာ…..
မျောက်လက်ထဲ..ဘရင်းဂန်းထဲ့မိသလို…..
သခင်စိုးရော…..သခင်သန်းထွန်းတို့ပါ….. သတ်လိုက်ကြတာ..သောက်သောက်လဲ

ဒီလိုအချိန်မှာ…Ruleof Law လို့အော်နေရင်….. မာလကီးယားသွားမှာပေါ့…
ဒီတော့…အစိုးရက…ကိုယ်လူတွေလက်ထဲ…သေနပ်ထဲ့ပြီး…..
ကိုယ့်ရပ်ကွက်…ကိုယ်နယ်မြေ….ကိုယ်..လုံခြုံရေးယူခိုင်းရတာပေါ့…..
 ဒီအထဲမှာ..မှားတာတွေရှိသလား..ရှိတာပေါ့…
လက်လွန်တာတွေ..ရှိသလား..ရှိတာပေါ့…..
သူပုန်က..အချိန်မရွေး…၀င်ပစ်နိုင်တဲ့..အခြေအနေမှာ…..
သူပုန်ကို…မသတ်ရင်…ကိုယ်အသတ်ခံရမှာပေါ့….
၁၉၄၈ -၁၉၄၉မှာ…စစ်တပ်ကလည်း…ဒရီးဒယိုင်….
အစိုးရ..အာဏါမှ..မထူထောင်နိုင်တဲ့…အချိန်မှာ….
မဲမဲမြင်ရင်ပစ်ကြမှာပဲပေါ့……

အခုမြို့ပေါ်မှာ….ဇိမ်နဲ့..သတင်းစာလေးဖတ်…လ္ဘက်ရည်လေးသောက်နိုင်တဲ့ဘ၀ရောက်မှ
အစိုးရမကောင်းဖူး…ပြူစောထီးတွေမကောင်းဖူး…..
ဆိုရှယ်လစ်တွေလွန်တယ်ဆိုပြီး….ကွန်မြူနစ်အီးရှူ  ပြီး
အပြစ်တင်နေတဲ့သူတွေဟာ…
အမှန်အတိုင်းမြင်တတ်ရင်….နိုင်ငံရေးငပေါတွေပါ……
FactionalPolitics …နဲ့ …Power Politics ကိုနားမလည်တဲ့….
နိုင်ငံရေး..ငတုံးတွေပါ…..

အာဏါဆိုတာလေ…..

လူလေး ၅၀၀လောက်ရှိတဲ့ တောထဲမှာတောင်…..
ကွန်မြူနစ်ဥက္ကဌကြီးသခင်သန်းထွန်းက
ခေတ်သစ်အာဇာတသတ်တွေမွေးထုတ်ပြီး
ရာဇ၀င်ရှိခဲ့တဲ့လူကြီးတွေကို
အာဏါရူးပြီး…လည်မြိုကိုနင်းပြီး
ရက်ရက်စက်စက်သတ်ခဲ့ကြတာပါ…..
သခင်စိုးကြီးလည်းဘာထူးလဲ
ရက်ရက်စက်စက်သတ်ခဲ့ကြတာပဲ
ဒါ..ဘာမဟုတ်တဲ့…တောတွင်းအာဏါပဲရှိသေးတယ်….
တိုင်းပြည်အုပ်ချုပ်ရတဲ့..အစိုးရအာဏါအဆင့်မရောက်သေးပါဖူး

အမေရိကားမှာMonday  Quarterback လို့ခေါ်တယ်
Sunday မှာပွဲပြီးမှ..ထိုင်ဝေဖန်တတ်တဲ့ ..လေပေါတွေကိုပြောတာပါ…..
လက်တွေ့…သေသေကြေကြေ..ပွဲထဲဝင်..ကန်…တာနဲ့
လေကန်တာ…မတူဖူးနော်

TransitionPeriod ဟာ အထိန်းရအခက်ဆုံးပဲ
ပလက်စတိုင်းတွေကိုကြည့်…သတ်လိုက်ကြတာ….
ခုထိ…သတ်လို့ကောင်းကြတုန်း
ဒါfactional Politics မှာ လက်နက်ပါလာလို့

လစ်ဗျားမှာကြည့်…..၀န်ကြီးချုပ်ကိုတောင်
ပြန်ပေးဆွဲသွား..သေးတယ်….
Lebanon မှာကြည့်..အစိုးရ..က..မထိန်းနိုင်တော့
သတ်လိုက်ကြတာ…တဒုံးဒုံးတဒိုင်းဒိုင်း
အီရတ်မှာလည်း….သေနပ်သံမဆဲ…သတ်လို့..မဆုံးနိုင်…
Law andOrder Established မဖြစ်တဲ့အချိန်မှာ..အဆိုးဆုံး….

ဗမာနိုင်ငံမှာ၁၉၄၉ …အဆုံးမှာမှ….
စစ်တပ်က..အခြေအနေကောင်းလာတာ……..
ရန်ကုန်အစိုးရဘ၀မှာ…စစ်သားတစ်ယောက်မှာ..
ကျည်ဆံ…၂၁ထောင့်ပဲရှိတော့တယ်…..
ဒါတောင်..ကွန်မြူနစ်တွေနိုင်အောင်မတိုက်နိုင်ဖူး…..
ပြည်တွင်းစစ်ဖြစ်တော့…ဗမာတပ်မှာလူ၂၀၀၀ သာသာပဲရှိတော့တယ်
တကယ်တိုက်ရတာက….UMP ရယ်…..ဗိုလ်မှူးချုပ်အောင်ကြီးဦးစီးရတဲ့
ပြည်သူ့ဝန်ထမ်းလို့ခေါ်တဲ့levies တွေနဲ့တိုက်ရတာ….

စစ်တပ်ရာဇ၀င်ကိုမလေ့လာ…နားမလည်ပဲ
လ္ဘက်ရည်ဆိုင်ကကွန်မြူနစ်တွေပြောတဲ့
အတင်းစကားသာ…ယုံနေကြရင်..ရွာလည်ရုံပဲ…ရှိမှာပါ…..

အမှန်အတိုင်းဝန်ခံရဲရင်….ကွန်မြူနစ်တွေ
ဂိုဏ်ဂဃ အစွဲကြီးပြီး…နိုင်ငံရေး..နားမလည်…စစ်ရေးနားမလည်လို့
ကွန်မြူနစ်ပါတီ..အာဏါမရခဲ့တာပါ……
ကိုယ်အသုံးမကျတာကိုကာကွယ်ဖို့…
ဟိုလူ့အပြစ်တင်..ဒီလူ့အပြစ်တင်ကြတာပါ……

ဦးကျော်ငြိမ်းကလူမိုက်လုပ်ရမှာကို သိလို့……
ပြည်ထဲရေးဝန်ကြီး…ပေးတာကို…လက်မခံဖူး…..
နောက်ဆုံး…ဗိုလ်ချုပ်ကိုချစ်တာရော….
တိုင်းပြည်အတွက်….အနာခံပြီး….လူမိုက်လုပ်ရတာ….
မသိလို့…မဟုတ်ပါ……

အခုစာရွက်စာတန်းတွေ…..
ထွက်လာပါပြီး……
ဦးကျော်ငြိမ်းသားတွေက..ပညာတတ်တွေပါ…..
နှစ်နဲ့ချည်ပြီး..researchလုပ်ထားတာပါ…..
တဖြည်းဖြည်းချင်း
ရုပ်လုံးပေါ်လာပါလိမ့်မယ်
ကွန်မြူနစ်တွေ..အညာပေါ်လာပါလိမ့်မယ်

ယနေ့ဒေါ်စု…နိုင်ငံရေး…နဲ့  ၁၉၄၈ နိုင်ငံရေး….
ဘာမှ…မဆက်စပ်လို့ထင်ပါသည်…….
တူတာက…..တခုထဲ
ဗိုလ်ချုပ်ကိုကွန်မြူနစ်တွေက လူလည်လုပ်ဖို့ကြိုးစားကြတယ်
ဗိုလ်ချုပ်က…ကွန်မြူန်စတွေထက်..၁၀ဆမက ..လျှင်တယ်
ဒါကြောင့်..ကွန်မြူနစ်တွေ..အထုတ်ခံရတယ်….

ဒေါ်စုကိုလည်း….လက်ဝဲတွေက..လူလည်လုပ်နိုင်မယ်ထင်ကြတယ်
ဖအေ့သမီး…ပီပီ..ကွန်မြူနစ်တွေ..ဒီတခါလည်း…
နောက်၈ျွမ်းပစ်လာကြတယ်…….

My 2c
******************************************************


Comments on capitalism

 Tint Oo · Friends with MahnKoko and 1 other
အင်းအန်ကယ်ကတော့ဘာကြောင့် ဒီစကားလုံးတွေ ထည့်သုံးလဲဆိုတာ ( နောက်ခံတော့ ရှိမှာပေါ့လေ ။ )နားမလည်ပါဘူး ။အန်ကယ့် စာကို ဖတ်ပြီး အသည်းနာသွားပုံရတဲ့  ဟို ပုဂ္ဂိုလ်ကတော့ (သူ့ လဲ ကျွန်တော် မသိပါဘူး ။ ဒါပေမဲ့ လေကတော့ ရိုးမလေဘဲ ) ကလေးချင်း ရန်ဖြစ်တာ အဖေပါ ခွဆဲ တဲ့ အပေါက်ချိုးသွားတာ သတိထားမိပါရဲ့  ။ကျွန်တော် ဒီကိစ္စလေးကို အန်ကယ် နဲ့  ဆွေးနွေးချင်နေတာ ကြာပြီ ။ လက်က မရေးဖြစ်တာ နဲ့ ။ ကျွန်တော် ထင်တယ် ဒီဘက်ခေတ်ပေါ့နော် လွတ်လပ်ေ၇းနောက်ပိုင်း စကားပြောရ၈်ဦးကျော်ငြိမ်းရဲ့  အကြောင်းကို လူ သိတော်တော် နဲတယ်လို့  မြင်မိပါတယိ ။ခုဖြစ်နေတဲ့  ပြဿနာတွေ ၊ တပ် ရဲ့ အခန်း တို့  ခုထိ တပ် နဲ့  နိုင်ဂွမ်ယေး သမား နဲ့ ၊ ဒေါ်စု ထောက်ခံသူ နဲ့  လက်တွေ့ သမားတွေကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေ ထဲမှာ ၁၉၄၈၀န်းကျင်က အစာ မကြေတာတွေ က အရေးကြီးတဲ့  အခန်းကပါနေတယ်လို့ မြင်မိပါတယ် ။
14 minutes ago· Like
 
Tint Oo · Friendswith Mahn Kokoand 1 other
ကျွန်တော်မြင်နေတာက၄၈မှာ ဖဆပလ အစိုးရ ဟာ အင်္ဂလိပ်က ချိုးထားတဲ့  ဖဲကို လက်သည် ၀င်ကိုင်ရတာပါ ။ဒါ့အပြင် အင်္ဂလိပ်က ထည့်တွက်မထား ခဲ့တဲ့  (ဒိုင်ဖဲထားခဲ့တဲ့  ) တပ်ရင်း ၁ နဲ့  ၃ က ပါ တောခိုတော့ဒိုင်လျော်ရမှာ သေချာနေတာပေါ့ ။ ဒီအခြေအနေကနေ ဒိုင်စားတဲ့  ပွဲ ဖြစ်အောင်ပြန်ဖန်တီးယူတဲ့ အခါမှာ အရပ်ဘက်မှာ ရုပ်ပြကောင်းတဲ့  ဦး နု ၊ တပ်ဘက်မှာရုပ်ပြကောင်း တဲ့  ဦးနေ၀င်း ၊ စီမံတတ်တဲ့  ဦးဗဆွေ ၊ တပ်ဘက်က ဗိုလ်မောင်မောင် ၊ဒီလို ရှိခဲ့တာမှာ အင်္ဂလိပ်လက်ထဲက ပါလာတဲ့  စည်းကမ်းတွေ နည်းလမ်းတွေ နဲ့ လုပ်မရတော့အဲဒါတွေကို ဖေါက်ဖျက်ရတဲ့  ကိစ္စတွေ တပ်ျွာရော အရပ်ဘက်မှာပါ အများကြီး ဖြစ်လာပါယ်။ ဒီလို စည်းကမ်းတွေမ ဖေါက်ဘဲ စာအုပ်င်္ကြီးအတိုင်းလုပ်နေလဲ ရန်ကုန်ကျမှာကိုး ။ ဒီလိုစည်းကမ်းတွေဖေါက်တာမှာ ခေါင်းခံမဲ့  နာမည်ခံမဲ့ သူကို အများရွေးကြတဲ့  အခါမှာ အဲအချိန်ကပြည်ထဲရေး ၀န်ကြီး ဖြစ်နေတဲ့ ဦးကျော်ငြိမ်းဟာ ခေါင်းခံခဲ့ရတယ်လို့ မြင်ပါတယ်
6 minutes ago· Like
 
Tint Oo · Friendswith Mahn Kokoand 1 other
ဥပမာ စစ်ရဲ ၄ ရဲ့ အရံ ၂၂ခွဲ ထိ ရှိခဲ့  အေယူအမ်ပိကို ဖွဲ့ တာက အများသဘောတူ ( ဦးဗဆွေ အိမ်မှာ မိတင်းလုပ် ၊ ဗိုလ်မောင်မောင် ၊ ဗိုလ်အောင်ကြီးဗိုလ်မှူးထွန်းတင် ၊ ရန်ကုန်ဘဆွေပါ ၊ တပ်တွေ စောမြသန္တာ ဖြစ်တော့ ပြည်ထဲရေး လက်အောက်ခံဆိုတော့ဦးကျော်ငြိမ်းတပ်တွေ သောက်ရမ်းလုပ်တယ်လို့ နာမည်ထွက် ၊ ထို့ အတူပါဘဲ တောခို တဲ့ သူတွေ ရဲ့ မြို့ ပေါ်ကျန်ခဲ့တဲ့  အနွယ်တွေကို ပုဒ်မ ၅ နဲ့ ဖမ်းဘို့ ဆုံးဖြတ်တော့အင်နား ဆိုင်ကယ် ၊ အမိန့် ထုတ်ရတာ ပြည်ထဲရေး ဦးကျော်ငြိမ်း ။ ဖမ်းတဲ့ သူတွေကဖဆပလထဲက လူစုံ ။ အဖမ်းခံရသူတွေက တကယ် မြေအောက် လုပ်သူတွေလဲ ပါ သောက်ညင်ကပ် ပုဒ်မနဲ့  ယော ဓေါရှိတာ လဲပါ ။ အဲမှာ နာမည်ခံက ဦးကျော်ငြိမ်းဘဲ

  Tint Oo · Friends with NawKoand 1 other
ဒီအခြေအနေကဆက်သွားနေသမျှ အလုပ်က ဖြစ်နေမှာဘဲ ၊ နောက်က ဒိုင်ခံ စည်းရုံးရေးကိုင်နေတဲ့ ဦးဗဆွေ ရှေ့ က မင်းသား ရုပ် ဦး နု ၊ ဟိုဘက်က လူကြမ်း ဖြဲခြောက်မဲ့ ဥိးကျော်ငြိမ်း ဟန်ကို ကျလို့  ။ ဒီတိုင်း လေး နေရင် အိုကေနေတာါဘဲ ။ သို့ သော် ခက်တာက နဲနဲ လေးအသားကျလာတော့ အာဏာ နဲ့ တွဲ လျက် ဒကာတွေ ပါလာတော့ သူ့ ပရိဿတ် နဲ့ သူ ရှိလာတာ ပြဿနာ လို့ မြင်ပါတယ် ။ အဲ တင် အဝေမတည့်ကြတော့ဘဲ တပည့်ချင်း ဘေကြရာက ခွေးချင်းကိုက်ရာကကလေးချင်း၇ိုက်ပြီးနောက်ဆုံး လူကြီးချင်း လူသတ်မှု ဖြစ်တဲ့  ၅၈ကို ရောက်ရတယ်လို့ မြင်မိပါတယ်
12 minutes ago · Like
 
Tint Oo· Friends with Naw Koand 1 other
အဲံမှာဘာဖြစ်လာလဲ ဆိုတော့ ၄၈-၅၈ မှာ စည်းကမ်း နဲ့ မညီခဲ့ တာတွေ တဘက် နဲ့  တဘက် လွှဲချတဲ့  ပြဿနာ ပေါ်လာတယ် ။ အဓိက ခိုးထုပ်ခိုးထည်နဲ့ မိနေတာက စစ်တပ်ဖြစ်နေပါတယ်။ ၄၈ ကနေစပြီး စည်းကမ်းနဲ့ လုပ်မရလို့ ဖြစ်သလို လုပ်ကြတော့ ၅၈မှာ တပ်တွေကိုက တရားမ၀င်တပ်တွေ ရှိနေတယ် ပြည်စောင့်တပ် ၊ ပျူစောထီး ၊ အရံစစ်ရဲ ၊စစ်ဝန်ထမ်းဆိုတာတွေကရှိနေတုန်း ၊ တပ်မင်းလောက်ထိကိုစာရင်းကိုက်အင်းကိုက်မရှိသေးဘူး။ အဲကို ဦးနုက သူ့ နိုင်ငံရေး တွက်ကိန်း နဲ့ သူ အကုန် စည်းကမ်းတကျ လုပ်မယ်ဆို လေသံလွှင့်တာ မှာ လက်သံပြောင်တဲ့  ဗိုလ်မောင်မောင်နဲ့ ထိပ်တိုက်တိုးတော့ဘဲ။ အဲ ၆၂ကတော့ ပြောရရင် အနီးဆုံး ဥပမာက အိမ်ဘေးကအပျိုကြီးကိုရှိန်လို့  လက်ရှောင်နေရာက တရက် အရက်မူးမူး နဲ့  နှိုက်လို့  တကြိမ်ရမိတော့ နောက်တခါကျတော့ မထူးပါဘူးကွာဆို ကောက်ယူလိုက်တဲ့ အပေါက်လို့ မြင်မိပါခင်ဗျာ
5 minutes ago · Like
 
Tint Oo· Friends with Naw Koand 1 other
ခုဖြစ်နေတာကလဲ ဒေါ်စုဟာ အပျိုကြီး ကို ပြန်ရှိန်အောင် အပျို့  သိက္ခါ နဲ့  နေတတ်အောင်မသင်ဘဲ ဟိုဘက်က အရက်သမားလေးကို ဟင်းဟင်း နင်နော် ငါ့ လူလစ်ရင် လာမဆွဲ နဲ့  ငါအော် ထည့်မျာနော် ဟင့်ဟင့်ေုပာနေတာ ရ၀ူးလားလို့  ဟိုဘက်က မာမူ နဲ့ တိုင်ရိုက်မား ။ ဆိုတဲ့ အချိုးက မတက်သေးလို့  မြင်မိပါခင်ဗျား လေးစားစွာဖြင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...