Tuesday, March 4, 2014

အရင်းရှင်စနစ်ကို နားလည်မှားကြခြင်း

March 3, 2014 at 5:54pm

ဒီအပတ်မှာစာရေးသူကအခုကမ္ဘာ့စီးပွားရေးလောကမှာဂရက်ရိုက်နေတဲ့၊အစိုးရိမ်လွန်နေကြတဲ့DEFLATION အကြောင်းရေးမလို့…ပထမစဉ်းစားထားတာပါ…DEFLATION ဆိုတာက INFLATION ရဲ့ပြောင်းပြန်ပါ..နိုင်ငံတိုင်းရဲ့ ဗဟိုဘဏ်တွေရဲ့ အဓိကရန်သူဟာ INFLATION ပဲ။ အင်ဖလေးရှင်းဆိုတာက ဗမာလိုတော့ (ငွေကြေးဖေါင်းပွ) မှုလို့ဘာသာပြန်တယ်။ ငွေကြေးဖေါင်းပွမှုဖြစ်ရင် ဆန်တပြည် ၁၈၀၀ ကနေတပြည်၂၀၀၀ဖြစ်သွားနိုင်တယ်။ စီးပွားရေးသိပ်အခြေအနေဆိုးလာရင် Hyper Inflation ဆိုတာဖြစ် တတ်တယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ဂျာမဏီမှာဖြစ်တယ်။ဇင်ဘာဘွေနိုင်ငံမှာဖြစ်တယ်။မနက်ဈေးနဲ့ညနေဈေးတောင်မတူဖူး။နေ့တွင်းချင်းဈေးတွေတက်ကုန်တယ်။ဇင်ဘာဘွေမှာထောင်းသောင်းမကဖူးတချို့ပစ္စည်းတွေဆိုmillions မဟုတ်ဖူး။ Billions အထိတက်ကုန်ကြတယ်။
Inflation ဖြစ်ရင်၊ဥပမာသားငါးဈေးတွေတက်လာရင်အရင်ဆုံးထိတာကဆင်းရဲသားတွေပဲ။ကြာရင်ပြည်သူတွေဒုက္ခရောက် တာကြောင့်တိုင်းပြည်ပါဆူပူလာနိုင်တယ်။ ဒါကြောင့်ဗဟိုဘဏ်တိုင်းဟာ inflation ကိုအဓိကထား တိုက်ကြရတယ်။
စီးပွားရေးပညာဆိုတာကလည်းလေ့လာလေစိတ်ဝင်စားစရာကောင်းလေပဲ။အခုခေတ်လိုဂလိုဖယ်လိုင်ဇေးရှင်းခေတ်ကြီးမှာကမ္ဘာကြီးတခုလုံးဟာဆက်စပ်နေကြတယ်။ဒါကြောင့်တစ်နိုင်ငံမှာစီးပွားရေးဒုက္ခတွေ့ရင်၊အထူးသဖြင့်စီးပွားရေးအင်အားကြီးတဲ့နိုင်ငံတွေမှာစီးပွားရေးအကြပ်အတယ်တွေ့ရင်ကျန်တဲ့နိုင်ငံတွေကိုပါထိရောက်နိုင်တယ်။အမေရိကန်က၂၀၀၈စီးပွားရေးကပ်စိုက်တော့ဗဟိုဘဏ်ကQE (Quantitative Easing) ဆိုတဲ့တခါမှမသုံးဖူးတဲ့လက်နက်ကိုထုတ်သုံးရတယ်။တလကိုဘီလီလျံ(၈၀)ဖိုးသူ့စီးပွားရေးနယ်ပယ်ထဲကိုမှန်မှန်ထဲ့ပေးခဲ့တယ်။အမှန်ကElectronic Printing လို့ခေါ်တယ်။ငွေစက္ကူရိုက်ထုတ်တာမဟုတ်ပဲ၊ဘဏ်တွေက၀ယ်ထားတဲ့ငွေအိပ်နေတဲ့အစိုးရအကြွေးစာရွက်တွေကိုပြန်ဝယ်ပြီးအီလက်တရွန်နစ်နည်းနဲ့ငွေဖြည့်ပေးတဲ့အစီအစဉ်ပါပဲ။(၆)နှစ်ကြာမှအမေရိကန်စီးပွားရေးပြန်ခေါင်းထောင်လာပြီမို့၊ဒီအစီအစဉ်ကိုလျော့ချရတော့မယ်။ဒီလျော့ချမှုကြောင့်ကမ္ဘာကြီးမှာDEFLATION ပြဿနာ ပေါ်လာစရာအကြောင်းရှိလာတယ်။

ဗမာစကားမှာ ညောင်ဦးကမ်းပါးပြိုသည်နှင့်စမ္ပါနဂိုရ်ကနွားပေါင်ကျိုးတာဘာဆိုင်လို့လဲ..ဆိုတဲ့.. အဆိုရှိ တယ် မဟုတ်လား။ အခုခေတ်မှာတော့ ညောင်ဦးကမ်းပြိုရင် ကြောက်နေကြရပြီ။ စီးပွားရေးမှာ မက်ခရို (Macro) နဲ့  မိုက်ခရို (Micro) ဆိုတာရှိပါတယ်။ မက်ခရို ဆိုတာက တတိုင်းပြည်လုံးကိုကြည့်ပြီးဗဟိုဘဏ်တွေကစီးပွားရေးကိုပေသုံးသောင်းအမြင့်ကကြည့်ပြည်ထိန်းသိမ်းလမ်းကြောင်းပေးတာပါ။Micro ကတော့သူ့စီးပွားရေးနယ်ပယ်Sector အလိုက်ကြည့်ကြတာပါ။အခုခေတ်ကကိုယ့်တိုင်းပြည်တစ်ခုထဲကြည့်လို့မရတော့ဖူး။ကမ္ဘာကြီးနဲ့ယှဉ်ပြီးသော်၎င်း၊ကိုယ်ဒေသအလိုက်ယှဉ်ပြိးသော်၎င်းကြည့်တတ်ရပါမယ်။ဘာကြောင့်လဲဆိုတော့အာလုံးဟာဆက်စပ်နေကြပြီ…..

မြန်မာနိုင်ငံမှာတော့ကမ္ဘာနဲ့အဆက်ပြတ်နေတာကြောင့်ဗဟိုဘဏ်မှာလုပ်နေတဲ့သူတွေ၊တာဝန်ရှိပုဂ္ဂိုလ်တချို့တောင်မက်ခရိုနယ်ပယ်ကရှုပ်ထွေးနက်နဲပွေလီတဲ့ဆက်စပ်မှုတွေနဲ့နည်းပညာတွေကို(မသိ)ကြပါဖူး။ဒါကြောင့်လူငယ်လေးတွေကို(အသိ)အမြင်ကျယ်စေချင်တဲ့စေတနာပါ။ပြဿနာကစီးပွားရေးပညာအကြောင်းရေးရာပြောရာမှာစီးပွားရေးအသုံးအနှုံးတွေကိုတွင်တွင်သုံးကြပေမဲ့ဘာဆိုတာကိုရှင်းမပြကြဖူးအကြောင်းကစီးပွားရေးပညာကိုသိကြသူများ၊သဘောတရားတွေကိုသိပြီးပြီလို့ယူဆပြီးရေးကြတာကြောင့်ပါ။

ပိုဆိုးတာကဗမာတချို့ဟာသေသေခြာခြာမလေ့လာပဲစိတ်အထင်နဲ့ဖြီးတတ်ကြသေးတယ်။ မကြာ သေးခင်တပတ်လောက်က အင်တာနက်ပေါ်မှာ…. အမေရိကားမှာခုန်ချပြီးနိုင်ငံရေးခိုလုံခွင့်လျှောက်ခဲ့တဲ့ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က…
ပြောရရင်တော့ခုချိန်ထိ၁၉ ရာစုတုန်းက စခဲ့တဲ့ အရင်းရှင်နဲ့လက်ဝဲ၀ါဒီတို့ရဲ့တိုက်ပွဲဟာ  အမေရိကန် မြေမှာမပြီးဆုံးသေးပါဘူး။ မာ့ခ်စ်ရဲ့လူတန်းစားတိုက်ပွဲက ခုမှကို လှလှပပသိမ် သိမ်မွေ့မွေ့ စ ကောင်းတုန်းပါ။ ဘယ်မှာလဲ မမေးနဲ့ အမေရိကားမှာပါ ..တဲ့
နောက်သူကဆက်ပြောသေးတယ်…

“ကမ္ဘာပေါ်ကအချမ်းသာဆုံးသော ပိုက်ဆံဝါလားအရင်းရှင်ကြီးတွေက ဒီမိုကရေစီ ကို ဖျက်လိုဖျက်ဆီးလုပ်နေကြပါတယ် ” တဲ့။
ဒီအရေးအသားတွေက ဘာကိုဖေါ်ပြနေသလဲဆိုရင်..ဒါရိုက်တာကြီးခမြာအရင်းရှင်စနစ်ဆိုတာ ဘာလဲဆိုတာကို သဘောပေါက်ပုံမရ..ထို့ပြင် … ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ကိုရောထွေးမြင်နေပုံရပါတယ်။ အမေရိကားမှာနေတယ်ကွဆိုပြီး..ဒီလိုအင်တာနက်အပေါ်တက်ဖြီးကြတော့..တကယ်. စီးပွားရေးကိုလေ့လာလိုက်စားထားသူတွေကြားရင် ရီစရာဖြစ်ရပါတယ်။ ဒါကြောင့် အရင်းရှင်စနစ် ကိုအထင်အမြင်မမှားကြရလေအောင်…  ဒီဆောင်းပါးကိုပြောင်းရေးလိုက်ရတာပါ။

လူငယ်လေးတွေက “လစ်ဖရယ်ဒီမိုကရေစီ” ဆိုတဲ့အသုံးအနှုံးကို မကြာခဏကြားနေကြရတယ်လစ်ဖရယ် ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံတွေမှာဒီမိုကရေစီနည်းနဲ့အစိုးရတွေကိုရွေးကောက်တင်မြှောက်၊စီးပွားရေးအား ဖြင့်အရင်ရှင်စနစ်ရဲ့ ဈေးကွက်စီးပွားရေးကိုကျင်သုံးကြပြီ၊ လူမှုရေးမှာတော့ လု့အခွင့်အရေး နဲ့ သတင်းစာ လွပ်လပ်ခွင့် တွေကိုဦးစားပေးပြီး၊ လူတိုင်းပညာသင်ခွင့်ဆေးခန်းပြသခွင့် စတဲ့လစ်ဖရယ်ပေါ်လီစီတွေ ကျင့် သုံးကြတော့၊အလေးအနက်မတွေးတတ်သူတွေအဖို့ အမြင်မှားအထင်မှားစရာရှိတတ်ပါတယ်။

ပထမစကားစုကတော့..အရင်းရှင်စနစ်ဆိုတာဘာလဲမသိ..အရင်ရှင်စနစ်ဖြတ်သန်းခဲ့ရတဲ့..ဖြတ်သန်းဆဲရာဇ၀င်ကို မဖတ်ဖူး၊ မလေ့လာဖူးလို့ နာမလည်တဲ့ ignorance သက်သက်ပါပဲ။

ဒီမိုကရေစီဆိုတာက (နိုင်ငံရေး)ရွေးချယ်မှုစနစ်။ အရင်းရှင်ဆိုတာက (စီးပွားရေး) စနစ်.. ဘာမှ ..မဆိုင်ကြပါ။ဒီမိုကရေစီစနစ်ရှိမှ အရင်းရှင်စနစ်ကို ကျင့်သုံး၍ရသည်မဟုတ်ပါ….

စစ်အာဏါရှင်စနစ်အောက်မှာလည်း အရင်းရှင်ဈေးကွက်စနစ်ကိုဖေါ်ထုတ်နိုင်သလို …ကွန်မြူနစ် ပါလို့ကြွေးကျော်ပြီး အရင်းရှင်ဈေးကွက်စနစ်ကိုဖေါ်ထုတ်နိုင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ စစ် အာဏါရှင်ပတ်ချုံဟီးဟာအရင်းရှင်စီးပွားရေးစနစ်လမ်ကြောင်းကိုလိုက်ခဲ့လို့ တောင်ကိုရီးယားနိုင်ငံဟာယနေ့ကမ္ဘာ့စီးပွားရေးမှာခေါင်းထောင်နိုင်ခဲ့ပါတယ်။ လက်ရှိတောင်ကိုရီးယားကသမ္မတဟာပတ်ချုံဟီး ရဲ့သမီးပါ။
တရုတ်နိုင်ငံမှာတော့ မာ့က်စ်ရဲ့ဆိုရှယ်လစ်စီးပွားရေးစနစ်နောက် မော်စီတုံး တို့လိုက်ခဲ့မိရာ တိုင်းပြည် လည်းကျုံးကျုံးကျ၊လူတွေလည်းသေကြေပျက်စီးကြရတာမို့တိန်လျှောက်ပိန်ဟာ အရင်းရှင်လမ်းကြောင်း ဖက်ကို ပြောင်းလျှောက်ခဲ့ရပါတယ်။နက်နက်တွေးတတ်တဲ့ လူမျိုး မို့ဆိုရှယ်လစ်စနစ်အောက်မှာ ဈေးကွက် စီးပွားရေးကိုအောင်အောင်မြင်မြင်ဖေါ်ထုတ်နိုင်တာကြောင့်တရုတ်ပြည်နဲ့စီးပွားရေးဟာ GDP အရ မကြာ ခင်မှာ အမေရိကန်နိုင်ငံကိုတောင်ကျော်လွန်ပြီးနံပတ် (၁) အဆင့်ကိုရောက်ရှိပါတော့မည်။တရုတပြည် ကြီမှာ အစိုးရ (ကွန်မြူနစ်) အစိုးရကဦးစီးပြီး အရင်းရှင်စနစ်ကိုဖေါ်ထုတ်တာကြောင့် State Capitalism နိုင်ငံတော်ရဲ့အရင်းရှင်စနစ် လို့တောင်နံမည်တွင်လျှက်ရှိပါတယ်။

ဒါကြောင့်စီိးပွားရေးကို နားလည်သူများအဖို့ …ရယ်စရာ…ဖြစ်လာရပါတယ်။

ဒီမိုကရေစီကို ဖျက်စီးနာတာက (နိုင်ငံရေးသမား) တွေပါပဲ….တချို့ငွေကြေးချမ်းသာလာတဲ့သူတွေ ဟာ ရွေးကောက်ပွဲဝင်ပြီး နိုင်ငံရေးသမား တွေဖြစ်လာကြပေမဲ့အမေရိကားမှာတော့အလွန်နဲ ကြပါ တယ်။ နယူယောက်မြို့တော်ဝန်ဟောင်း ဘလွန်းဖပ်(Bloomberg)တို့လောက်ရှိကြတာပါ။ Bill Gates တို့လို၊ အရင်းရှင်အကြိးစားတွေ အများစုကနိုင်ငံရေးဝင်မလုပ်ကြတော့ပါ။ ဒီလိုလူမျိုး တွေ ကြတော့ ကမ္ဘာနဲ့ တ၀ှမ်းအလှူပေးရင်းကောင်းရာကောင်းကြောင်းတွေပဲလုပ်ကြပါတော့တယ်။
လွပ်လပ်ရေးခေတ်ကလည်း ကွန်မြူနစ်တွေက အရင်းရှင်စီးပွားရေးစနစ်ကိုကိုလိုနီစနစ်နဲ့ ၀ိုင်းချိပ် ကြတာပဲ။ တချိန်က နံမည်ကြီးခဲ့လို့ သခင်ဗဟိန်းရေးတဲ့(ဓနရှင်)စာအုပ်ကိုဖတ်ကြည့်တော့မာ့က်စ်  Das Capital မှာရေးပြသွားတဲ့ အလုပ်သမားတွေရဲ့လုပ်အားခကို ဘယ်လို အမြတ်ထုတ်တယ် ဆိုတာမပါဖူး။ အရင်းရှင်စနစ်ဟာ ကိုလိုနီစနစ်ယောင်ယောင်ရမ်းရေးသွားတာပါပဲ။
အရင်းရှင်စနစ်မပေါ်ခင်က Commercialism ဆိုတာခေတ်စားခဲ့ပါတယ်။အဲဒီခေတ်တွေကကိုလိုနီတွေဟာ (ကူးသန်းရောင်း) ၀ယ်ဖို့အတွက်နယ်မြေကျူးကျော်ကြတာကိုး။ အခုဒီမိုကရေစီ ခေတ် ကြတော့လည်း စာမဖတ်သူတွေ ။ ရာဇ၀င်ကို (မသိ) သူတွေဟာဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ကို ရောချနေကြပြန်ပါပြီ။

အရင်းရှင်စနစ်မှာ
အရင်းရှင်စနစ်မှာ အရေးကြီးတဲ့ ကဏ္ဍ (၂) ပိုင်းရှိပါတယ်
(၁) Production of Goods and Services….ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှု အပိုင်းနဲ့
(၂) Capital market ဆိုတဲ့အရင်အနှီး..ဈေးကွက်ဆိုတာရှိပါတယ်
တိုးတက်မှုနှေးတဲ့ မြန်မာနိုင်ငံမှာ တကယ်ဆို… တိရောက်တဲ့ ..အရင်းအနှီးဈေးကွက်မရှိသေးပါဖူး။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆောင်းပါးရှည်ကြီးရေးဖို့ စိတ်ကူးရှိပါတယ်။

ဘဏ်တွေမှာလည်း အရေးကြီးတဲ့ ဘဏ် (၂) မျိုးရှိပါသေးတယ်
(၁) Commercial Banks.. ကူးသန်းရောင်းဝယ်ရေးဘဏ်
(၂) Investment Banks ရင်းနှီးမြှုပ်နှံမှုဘဏ်

မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်အမျိုးအစားကို Commercial Banking လို့ခေါ်ပါတယ်။အရောင်းအ၀ယ် ဖြစ်ဖို့ အတွက်ဝန်ဆောင်မှုပေးနိုင်တဲ့ ဘဏ်အဆင့်ပဲရှိပါသေးတယ်။
အရင်းအနှီးဖေါ်ထုတ်တဲ့ (ရင်းနှီးမြှုပ်နှံမှုဘဏ်) ဆိုတာမြန်မာနိုင်ငံမှာ မရှိသေးပါဖူး။
ဒါကြောင့် စာရေးသူက (ငွေရင်းမရှိတဲ့မြန်မာပြည်) ဆိုတဲ့ဆောင်းပါးရေးဖို့စိတ်ကူးရှိပါတယ်။ ပိုဆိုးတာက..အများက ဘာလိုနေတယ်ဆိုတာတောင် မသိကြသေးပါ။

ဒီလို (ငွေရင်း) ချို့တဲ့မှုကြောင့် မြန်မာနိုင်ငံရဲ့ဈေးကွက်စီးပွားရေးဆိုတာ ခြေတဖက်ကျိုးနေတဲ့ စီးပွားရေးဒုက္ခိတနဲ့တူပါတယ်။ Capital Investment ကိုနားမလည်ကြတဲ့အတွက် မြန်မာနိုင်ငံ လူအများအဖြင့်က အရင်းရှင်ဆိုတာနဲ့ ကုန်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မငအပိုင်းကို ပဲသိကြပါတယ်။
တကယ်တော့ အရင်းရှင်ရဲ့ အဓိက ရည်ရွယ်ချက်က (WEALTH CREATION) ဥစ္စာဓနကိုဖေါ်ထုတ် ဖို့ပါ။ ဓနကို တကယ်ဖေါ်ထုတ်နိုင်တာက ရင်းနှီးမှုအပိုင်းကပါ။

အရင်းရှင်စနစ်ရဲ့တဖြည်းဖြည်းပြောင်းလဲမှု Evolution
အရင်းရှင်စနစ်..အစ…မှာ အရင်းရင်စနစ်ရဲ့ ပထမအပိုင်းဖြစ်တဲ့ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုအပိုင်းကို ဦးစားပေးခဲ့ကြရတယ်။ တကယ်တော့ပထမအဆင့်မှာ(၀န်ဆောင်မှု) အပိုင်းထက် (ထုတ်လုပ်မှု) အပိုင်းကိုပိုဦးစားပေးခဲ့ကြတာပါ။ထုတ်လုပ်မှုအပိုင်းကိုဦးစားပေးရင်းတခြားနိုင်ငံတွေကိုမိမိထုတ်ကုန်တင်ပို့တဲ့စီးပွားရေး(Exportoriented economy) ကိုရောက်သွားရတယ်။ အမေရိကားလည်းဒီလိုနဲ့ပဲ(စ) ခဲ့ရတာပါပဲ။ တရုတ်ကြီးလည်း ဒီအဆင့်ကို အရင်ဖြတ်ရတာပါပဲ ဒီအဆင့် မှာ အချက်နှစ်ချက်က အဓိကလာဖြစ်တယ်။ပထမ တစ်ချက်က (လုပ်အားခ) ကိုအခွင့်ရေးယူပြိး အလုပ်သမားတွေ ကိုခေါင်းပုံဖြတ်နိုင်တယ်။ ရလာတဲ့ အမြတ် အစွန်းတွေနဲ့စက်မှုလက်မှုအင်အားကိုတည်ထောင်နိုင်ရမယ်။ ဒီအဆင့်မှာစက်မှုလက်မှုတော်လှန် ရေးကြီး ဖြစ်တာပဲ။ဒီအဆင့်မှာမှ ကာလ်မာ့က်စ်ရည်မှန်းတဲ့ ပစ္စည်းမဲ့တော်လှန်ရေးဆိုတာဖြစ်ရမှာ….

အင်္ဂလန်မှာ စက်မှုလက်မှုတော်လှန်ရေးဖြစ်တဲ့ဖြတ်သန်းမှုကာလကိုကြည့်ပြီး မာ့က်စ်က အင်္ဂလန်မှာ တော်လှန်ရေးဖြစ်ရမယ်လို့ ရည်မှန်းခဲ့တယ်။ မဖြစ်ခဲ့ဖူး။အပြိုင်အဆိုင်များလာကြတော့ အောင်မြင်တဲ့ ကုမ္ပဏီကြီး တွေက Merger and Acquisition (M&A) လို့ခေါ်တဲ့ကြီးနိုင်ငယ်ညှင်း သဘာဝသဘော တရားအတိုင်းအောင်မြင်တဲ့ ကုမ္ပဏီကြီးတွေကအသေးလေးတွေကို (၀ယ်၊ပေါင်း) လုပ်ပြီး ကြီးသထက် ကြီးလာကြပြီး Market Consolidation လို့ခေါ်တဲ့ဈေးကွက်ထဲမှာ (ကုမ္ပဏီကြီး) တွေပဲကျန် ခဲ့နိုင်တဲ့ အဖြစ်ကိုရောက်လာကြရတယ်။ ကုမ္ပဏီကြီးတွေပဲထီးထီးကျန်နေရင် ကြိုက်သလိုဈေးကစားလို့ရသလို၊အလုပ်သမားတွေအပေါ် လည်း ခေါင်းပုံဖြတ်လို့ရတာပေါ့။ဒီအဆင့်မှာကုမ္ပဏီတွေဟာ ကြီးထွားလာပြီးဈေးကွက် ကိုအုပ်စီးလာနိုင်တော့တယ်။ အမှန်ကဒီအဆင့်မှာတော်လှန်ရေးဖြစ်စရာအကောင်းဆုံးအချိန်ပဲ။အရင်းရှင် တွေနဲ့ အလုပ်သမားတွေအားပြိုင်မှုဟာလည်းဒီအချိန်မှာအကြီးဆုံးပါပဲ။ ဥပမာအမေရိကားမှာ StandardOil ကုမ္ပဏီကြီးဟာ ရေနံ့ဈေးကွက်ကို လုံးဝအုပ်ထိန်းနိုင်သလို ၊ AT&T ဆိုတာကလည်းဆက်သွယ်ရေး (Communication) ဈေးကွက်မှာအုပ်စိုးထားနိုင်တဲ့အထိအောင်မြင်လာကြတယ်။ ဒီမှာ အစိုးရက ၀င်လာ ပြီး Anti Trust Law ဆိုတဲ့ “တစ်ဦးတစ်ယောက်ထဲကမအုပ်စီးစေရ”ဆိုတဲ့ ဥပဒေ ကိုဖေါ်ထုတ်ပြီး ဒီ ကုမ္ပဏီ ကြီးတွေကို (ခွဲ) ပစ်လိုက်တယ်။
နောက်အရေးကြီးတဲ့အချက်ကဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာလူ့အခွင့်အရေးဆိုတာတွေရှိတာကြောင့် အလုပ်သမားသမဂ္ဂတွေက ဦးဆောင်ပြီး (အလုပ်သမားအခွင့်အရေး)တွေကိုတောင်းဆိုနိုင်တယ်။ ဥပမာ အစိုးရက minimum wage လို့ခေါ်တဲ့ အလုပ်သမားတစ်ယောက်ကိုအနဲဆုံးပေးရမဲ့လစာကိုသတ်မှတ်ပေး ထားတယ်။ အလုပ်သမားတွေရဲ့ လုံခြုံရေးအတွက် ကုမ္ပဏီတွေကဘာလုပ်ပေးရမယ်ဆိုတဲ့သတ်မှတ်ချက်တွေရှိတယ်။ တနေ့ကိုအလုပ်ချိန် (၈)နာရီထက်ပိုရင် (အပိုနှုန်း) ပေးရမယ် စတဲ့ဥပဒေတွေပြုလုပ်ပြီး အလုပ်သမားတွေကို အစိုးရကအကာအကွယ်ပေးလာတယ်။ နောက် the Rights to Collective Bargaining လို့ခေါ်တဲ့အလုပ်သမားအစည်းအရုံးတွေဖွဲ့ပြီးစုပေါင်းတောင်းဆိုခွင့် ၊ ကုမ္ပဏီတွေနဲ့ညှိနှိုင်းခွင့် ရှိတယ်ဆိုတဲ့ ဥပဒေတွေရှိလာတယ်။

ဒါဒီမိုကရေစီအောက်မှာဖြစ်ပေါ်လာတဲ့ အလုပ်သမားတွေရဲ့အခွင့်အရေးနဲ့ လုံခြုံရေးတွေအတွက် အစိုးရက ဥပဒေနဲ့ အကာအကွယ်ပေးထားနိုင်ခဲ့တာပါ။ဒီလိုပေးနိုင်ရင်းအကြောင်းအက Rule of Law လို့ခေါ်တဲ့ (ဥပဒေစိုးမိုးရေး) ဆိုတာဒီမိုကရေစီစနစ်အောက်မှာ ရှင်သန်နိုင်လို့ပါ။
စာရေးသူရဲ့သုံးသပ်ချက်အရဒီမိုကရေစီစနစ်အောက်မှာအစိုးရက၀င်ပြီးထိန်းပေးနိုင်သည့်အတွက်အရင်း ရှင်စီးပွားရေးသမားကြီးတွေနဲ့ အလုပ်သမားတွေဟာ ပဋိပက္ခတော့ရှိကြပေမဲ့တော်လှန်ရေးကြီး ဖြစ်ပေါ် လောက်အောင်မပြင်းထန်ခဲ့တော့ဖူး။
(ရေ) ဆိုတာအပေါက်ရှာပြီးစီးဆင်းသလို၊(ငွေ) ရှာရာမှာလည်းအပေါက်ရှာပြီး ရအောင်ရှာကြတာပါပဲလေ။

ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာအလုပ်သမားတွေအတွက် စောင့်ရှောက်တဲ့ဥပဒေတွေတင်းကြပ်လာ တော့ကုမ္ပဏီတွေအတွက်ထုတ်လုပ်မှုကုန်ကြစရိတ်ကကြီးထွားလာကြတယ်။ အလုပ်သမားသမဂ္ဂအစည်း အရုံးတွေကလည်းအာဏါရှိလာကြတော့ လောဘထွက်လာကြပြီး တိုးတောင်း၊ ဒီသမဂ္ဂတွေက နိုင်ငံရေး သမားတွေကိုအရွေးကောက်ခံရအောင်ငွေထဲ့၊ လူစိုက်တာတွေလုပ်လာတော့ နိုင်ငံရေးသမားတွေအပေါ်သြဇာညောင်းလာကြတော့၊ ကုမ္ပဏီကြီးတွေက ထွက်ပေါက်ရှာကြတော့တယ်။

ဒီတော့ ကုမ္ပဏီကြီးတွေဟာ မိမိတို့နိုင်ငံကမှ …ဥပဒေစိုးမိုးရေးနဲတဲ့..အလုပ်သမားခတန်ဖိုးနဲတဲ့နိုင်ငံတွေကို မိမိတို့လုပ်ငန်းတွေ၊ စက်ရုံတွေကိုရွှေ့သွားတော့အမေရိကန်ကုမ္ပဏီ၊ အင်္ဂလိပ်ကုမ္ပဏီ၊ ဂျာမန်ကုမ္ပဏီတွေ ကနေ ၊ Multi-Nationals ကုမ္ပဏီကြီးတွေဖြစ်လာကြတော့ GrossDomestic Products (GDP) လို့ခေါ်တဲ့ တစ်ပြည်တောင်ထုတ်ကုန်ပမဏကနေ၊တခြားနိုင်ငံရှိ မိမိတို့ကုမ္ပဏီ အမြတ်တွေကိုထဲ့တွက်ရတဲ့ Gross National Product  (GNP) လို့ခေါ်တဲ့အမျိုးသားထုတ်ကုန်ဆိုတာဖြစ်လာရတယ်။ ဒီလို ကုမ္ပဏီကြီးတွေက မိမိနိုင်ငံကနေကမ္ဘာတ၀ှမ်းချဲ့ဖြစ်လိုက်တော့(ထောင်လိုက်)(Vertical) တည်ဆောက်မှုကနေ(အလျှားလိုက်) (Horizontal) တည်ဆောက်မှုကိုပြောင်းလိုက်ကြတော့ထိန်းချုပ်မှု (Regulation)တင်းကြပ်တဲ့ တိုးတက် ပြီးသားနိုင်ငံတွေက တင်းကြပ်တဲ့ဥပဒေတွေစီကရုန်းထွက်ပြီး တိုးတက်ဆဲ နဲ့ မတိုးတက်သေးတဲ့နိုင်ငံတွေ က အလုပ်သမားတွေကို (အမြတ်) ပိုထုတ်နိုင်တော့ကုမ္ပဏီကြီးတွေအတွက် (အမြတ်) ပိုကျန်တော့တာပေါ့။
မိမိတို့ (စ)တင်ရာ မိခင်နိုင်ငံတွေမှာစက်ရုံတွေလျော့၊ အလုပ်သမားတွေ အလုပ်ပြုတ်ကုန်ကြတော့ တချိန် က အလွန်လူပါးဝခဲ့ကြတဲ့အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေဟာ သြဇာကျပြီး ဒုက္ခတွေ့ကုန်ကြရော။ အလုပ်လက်မဲ့တွေပေါလာတော့ အလုပ်တစ်ခုကိုလူရာနဲ့ချည်လျှောက်ကြတော့ ဘယ်အလုပ်သမားကလာပြီးအရမ်းတောင်းဆိုရဲမှာလဲ။ ဒီမှာ Outsourcing ဆိုတဲ့ဝေါဟာရက ခေတ်စားလာခဲ့ရပြီး Globalization ဆိုတာဟာလည်းရေပန်းစားလာခဲ့ရတယ်။လက်ခံတဲ့နိုင်ငံတွေကလည်း အလုအယက် နိုင်ငံခြားက ငွေရှင် ကုမ္ပဏီကြီးတွေကို ဖိတ်ခေါ်ခဲ့ကြတော့တယ်။FDI လို့ခေါ်တဲ့ Foreign Direct Investment ဆိုတာ ဒါပါပဲ။

Outsourcingဆိုတာ ဂလိုဖယ်လိုင်ဇေးရှင်းခေတ်ရောက်မှ ခေတ်စားလာတာပါ။ဦးနေ၀င်း အုပ်စိုးတဲ့ ဆိုရှယ်လစ်ခေတ်မှာ မာ့က်စစ်ဦးဘငြိမ်ဟာရွှေဥါဏ်တော်စူးရောက်ပြီး မြင်မြင်သမျှ ပြည်သူပိုင်သိမ်းပြစ် လိုက်တာမြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံနဲ့ လုပ်ငန်းတွေ ရပ်ပြီးတဖက်ထိုင်းနိုင်ငံကိုရောက်သွားကြလေရဲ့။ ဘန်ကောက်အီလစ်ဆိုတာဦးနေ၀င်းနဲ့ ဦးဘငြိမ်တို့ကြောင့်ချမ်းသာကြွယ်ဝလာကြတာပါ။ မြန်မာနိုင်ငံသား တွေကတော့ ဆင်းရဲငတ်ပြတ်ကုန်ပြီးထိုင်းတွေရဲ့ စီးပွားရေးကျွန်ဖြစ်ခဲ့ကြရတယ်။ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖွဲ့ဝင်ဖြစ်ခဲ့ကြရပါတယ်။ လူတဦးတစ်ယောက်ရဲ့ အာဏါမက်မှုကြောင့်တိုင်းပြည် စီးပွားရေး ပျက်ခဲ့ရတယ်။ မြန်မာနိုင်ငံက လူဦးရေသန်း ၆၀ ဟာ ဦးနေ၀င်းနဲ့ဦးဘငြိမ်တို့ရဲ့ တကိုယ်ကောင်း ဆံမှုနဲ့ မိုက်မဲမှုဒဏ်ကိုယနေ့အထိခံနေကြရတယ်။

တကယ်တော့ ဂလိုဖယ်လိုင်ဇေးရှင်းဆိုတာမျိုးချစ်စိတ်နဲ့ကြည့်ရင် မကြေနပ်စရာတွေ အများကြီးရှိပါတယ်။ မိမိတို့နိုင်ငံမှာရှိတဲ့ စက်မှုလက်မှုအင်အားတွေကို တခြားနိုင်ငံကို ရွှေ့သွားတော့ ပထမဦးဆုံး ထိခိုက်တာ(အတတ်ပညာ) (know how) အပိုင်းပဲ။အတတ်ပညာရှင်ဆိုတာ ချက်ချင်းပြန်တည်ဆောက်လို့မရဖူး။ ဥပမာ စစ်ဖြစ်လာရင်သံမဏိစက်ရုံတွေလိုတယ်။ အမေရိကားမှာ သံမဏိထုတ်လုပ်မှုကဏ္ဍကျဆုံးသွား တော့ သံမဏိစက်ရုံတွေတိုင်းတပါးရောက်သွားတော့ သံမဏိစက်ရုံတွေလည်းမရှိတော့ ၊ သံမဏိထုတ် လုပ်တတ်တဲ့အလုပ်သမားတွေနဲ့ အတတ်ပညာရှင်တွေလည်း ပပျောက်ကုန်တာပေါ့။ ဒါကြောင့် လေယဉ်တည်ဆောက်မှုမှာ အမေရိကန်ကကြီိးစိုးလာပြီး ဘိုရင်းကုမ္ပဏီတစ်ခုပဲ ဦးဆောင်တော့မဲ့အနေအထား ရောက်လာတော့ ဥရောပနိုင်ငံတွေစုပေါင်းပြီး EADS ဆိုတဲ့လေယဉ်တည်ဆောက်မှုကုမ္ပဏီကိုထောင်ကြရတယ်။ အင်္ဂလိပ်၊ပြင်သစ်၊ဂျာမဏီတို့က အဓိကငွေထဲ့ဦးဆောင်ကြတာပါ။ (၁၀) နှစ် (၁၅)နှစ်လောက်အရှုံးခဲပြီး၊ ထောင်ခံထားတာကြောင့် ၊ အခု Airbus ဟာ ဘိုရင်းကို ပြိုနိုင်တဲ့အခြေရောက်ရပြီ။ နောက်မို့ဆို ဥရောပမှာ လေယဉ်တည်ဆောက်မှုကျွမ်းတဲ့ အတတ်ပညာပပျောက်သွားမှာပေါ့။

သဘောင်္တည်ဆောက်ရေး။ အထူးသဖြင့် လေယဉ်သင်္ဘေတည်ဆောက်ရေးမှာအင်္ဂလိပ်နဲ့ ပြင်သစ်တို့ဟာ (၇) နှစ်တခါလောက် သင်္ဘောတစီးတည်ဆော်ပေးနေရတယ်။ အလုပ်ရှိနေမှဒီပညာမတိမ်ဂေါမှာကိုး။  ဒါကြောင့်မိမိနိုင်ငံက စက်ရုံတွေ တခြား နိုင်ငံရောက်ကုန်တာဟာမကောင်းတဲ့လက္ခာဏါပါပဲ။ ဒါပေမဲ့စီးပွားရေး သမားဆိုတာက တိုင်းပြည်အကျိုးထက် မိမိအကျိုးကိုအရင်ကြည့်ကြတာကိုး။စီးပွားရေးဆိုတာ ကလည်း (လောဘ) ကိုအရင်းတည်တာမို့တခါတရံ စီးပွားရေးပညာရှင်တွေ ၊ နိုင်ငံရေးသမားတွေ တွေးထင်သလိုမဖြစ်လာတာတွေရှိတတ်တယ်။

လွပ်လပ်စွာရောင်းဝယ်ရေး
အမေရိကန်တွေက လွပ်လွပ်လပ်လပ်ရောင်းဝယ်မှုရှိရင်နှစ်နိုင်ငံအကျိုးရှိလိမ့်မည်ဆိုတဲ့ အဆွဲရှိတယ်။ ဒါကြောင့် Free TradeAgreement ဆိုတဲ့နိုင်ငံအချင်းချင်းလွပ်လပ်လပ်လပ်ရောင်းဝယ်ဖေါက်ကားခွင့်သ ဘောတူညီချက်တွေကိုဦးစားပေးခဲ့တယ်။ ဘီလ်ကလင်တန်လက်ထက်က မြောက်အမေရိကလွပ်လပ်သောရောင်းဝယ်မှုသဘောတူညီချက် North American Free Trade Agreement (NAFTA) ဆိုတာကို အမေရိကန်၊မက်စီကိုနဲ့ ကနေတာ (၃) နိုင်ငံအကြား သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီနေရာ မှာအမေရိကန်တွေရဲ့ အတွေးက Low Tech လို့ခေါ်တဲ့ အသိပညာသိပ်မလိုတဲ့စက်ရုံတွေ အလုပ်သမားခ ပေါတဲ့ မက်စီကိုနိုင်ငံကိုရွှေ့သွားလိမ့်မယ်။ ဒါပေမဲ့ HighTech လို့ခေါ်တဲ့ အမေရိကန်ပစ္စည်းတွေ မက်စီကို နဲ့ ကနေတာကိုပိုပြီပြန့်နှံ့ လာလိမ့်မည်။ ဒါကြောင့် ဘဲစားဘဲခြေပဲ။ ငါတို့ပြည်သူတွေ ဈေးပေါတဲ့ကုန် ပစ္စည်းတွေပေါပေါလောလောဝယ်နိုင်ကြမယ်။ ဈေးကြီးပေးရတဲ့ High Tech ပစ္စည်းတွေပိုတင်ပို့နိုင် လိမ့် မယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ။ တနည်းအားဖြင့်အမေရိကန်တပြည်ထောင်တစ်ခုထဲဈေးကွက်ကနေ (၃)ပြည် ထောင်ဈေးကွက်ဖြစ်အောင် ကြိုးစားတာပဲ။ ဥပမာ အသိပညာမလိုတဲ့ စက်ရုံတွေမက်စီကိုဖက်ကိုရွှေ့သွား ကြပြီး ကွန်ပြူတာတွေ၊ ဆက်သွယ်ရေးစက်တွေ စတဲ့ဈေးကြီးပေးရတဲ့ ထုတ်လုပ်မှုတွေကို အမေရိကန်တွေ ဖက်မှာထုတ်မယ်ဆိုတဲ့ စိတ်ကူးယဉ်မှုပဲ။
တကယ်လက်တွေ့အကောင်အထည်ဖေါ်ကြတော့ အမေရိကန်က စက်ရုံတွေမက်စီကိုဖက် ပြောင်းသွားတာ ဟုတ်ပေမဲ့ ၊ မက်စီကိုကနေတဆင့် ၊ တရုတ်ပြည်ကိုရွှေ့ကုန်ကြပြန်တယ်။ အကြောင်းက တရုတ်ပြည်မှာ လုပ်အားခက မက်စီကိုထက်ပေါ်တယ်။စာရေးသူအထင်တော့ တရုတ်အလုပ်သမားတွေက ပိုဝရိယရှိ တာ ကြောင့် ထုတ်လုပ်မှုအားပိုသာတာကြောင့်လို့ထင်မိတယ်။ နောက်တစ်ခုက တိုင်ဝမ်တရုတ်တွေက ကမ္ဘာမှာလူလည်ဖြစ်နေကြတာ ကြာပြီ။ တိုင်ဝမ်တရုတ်တွေ ကကြားပွဲစားလုပ်ပြီးမက်စီကိုကစက်ရုံတွေ တရုတ် ပြည်ကို ပြောင်းရွှေ့သွားကြတော့ အမေရိကန်တွေထင်သလိုဖြစ်မလာပဲ အမေရိကန်အလုပ်သမားတွေ အလုပ်ပြုတ်ကုန်ပြီး ၊တရုတ်အလုပ်သမားတွေအလုပ်ရကြတာပေါ့။

အရင်းရှင်စနစ်ရဲ့ဒုတိယအဆင့်
အရင်းရှင်စနစ်ရဲ့ ပထမဦးအစ မှာ စီးပွားရေးဟာထုတ်ကုန်အပေါ်မှီရတာကြောင့် စက်ရုံတွေထောင်၊ ကုန်ပစ္စည်တွေထုတ်၊မိမိနိုင်ငံစက်မှုလက်တိုးတက်အောင်လုပ်ရင်း စက်ရုံပိုင်ရှင်သူဌေးတွေက ပိုချမ်းသာ လာ။ အလုပ်သမားတွေကလည်း လစာတိုးရကြတော့ တပြည်လုံးလူလတ်တန်းစားတွေများလာပြီးချောင်ချောင်လည်လည်ဖြစ်လာကြတာပေါ့။ ဥပမာတရုတ်ပြည်ကြီးတိုးတက်လာသလိုပေါ့။ အနှစ် (၂၀)(၃၀) လောက် အောင်မြင်လာတော့ လူတွေလည်းတိုက်တွေကားတွေ နဲ့ဖြစ်လာ၊ အပိုဝင်ငွေတွေရှိလာ ကြတာပေါ့။

ဒီအခြေအနေရောက်လာရင် နိုင်ငံခြားပို့ကုန်ကိုမှီခိုရတဲ့ Export OrientedEconomy ကနေ ၊ မိမိနိုင်ငံမှာ ပင်သုံးစွဲနိုင်တဲ့ ConsumerOriented Economy ကိုပြောင်းလဲလာလိမ့်မယ်။ လူတွေကပိုက်ဆံရှိလာတော့ပစ္စည်းကောင်းကောင်းဝယ်ချင်တယ်၊ အိမ်ကောင်းကောင်းနေချင်တယ်၊စားသောက်ဆိုင်ကောင်းကာင်း စား ချင်တယ် စသည်ဖြင့် ၀န်ဆောင်မှု အပိုင်းကို အလေးပေးတဲ့Service Economy ကိုပြောင်းလာတတ်တယ်။ဒါကစားသုံးသူပြည်သူအပိုင်း။ စက်ရုံပိုင်ရှင် ၊ လုပ်ငန်းပိုင်ရှင်တွေရဲ့အောင်မြင်မှုကရလာတဲ့ (ပိုငွေ) တွေတိုးပွားဖို့ အရင်းအနှီးဈေးကွက် Capital Market ရှိကိုရှိရတော့မယ်။ဒီဈေးကွက်ရှိမှာ တကယ့် Wealth Creation ကိုဖြစ်ပေါ်စေမှာ။

နိုင်ငံတစ်ခုဟာ တိုးတ်ပြီးနိုင်ငံအဆင့်ကိုရောက်သွားပြီး Service Economyအဆင့်ကိုရောက်သွားရင် ခေါင်းပုံးဖြတ်စရာ စက်ရုံအလုပ်သမားတွေများများမရှိကြတော့ဖူး။ အကြောင်းက စက်ရုံတွေက High Tech စက်ရုံတွေ၊အလုပ်သမားတွေက လည်း High Tech အလုပ်သမားတွေ။ အရင်းရှင်တွေကမတိုးတက်သေး တဲ့ မြန်မာ နိုင်ငံ၊ ဘင်္ဂလားဒေ့ရ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊အာဖရိကနိုင်ငံတို့လို နိုင်ငံတွေက အလုပ်သမား တွေကို လိုက်ခေါင်းပုံဖြတ်ကြပေါ့။ မတိုးတက်သေးတဲ့နိုင်ငံတွေကအစိုးရတွေကလည်း မိမိတို့နိုင်ငံမှာ ရင်း နှီးမြှုပ်နှံဖို့ ဒီကုမ္ပဏီကြီးတွေကိုအပြိုင်အဆိုင်ဖိတ်ခေါ်ကြရတော့ ဘာပြောအားရှိကြမှာလဲ၊ ဥပဒေ စိုးမိုးရေးမထွန်းကားသေးတဲ့နိုင်ငံတွေမို့ အလုပ်သမားတွေကို အကာကွယ်ပေးနိုင်မဲ့ ဥပဒေတွေလည်းမထွန်းကားကြ သေးဖူးမဟုတ်ပါလား။ ဘင်္ဂလာဒေ့ရ် လိုနိုင်ငံမှာ လူတွေပြည့်ညပ်နေတဲ့စက်ရုံအဆောက်အဦးတွေပြိုကျ၊ တနှေ့ တစ်ဒေါ်လာ သုံးဒေါ်လာရတဲ့ အလုပ်သမားတွေမီးလောင်လို့ထွက်မပြေးနိုင်ပဲသေကြေကြတာ ခဏ ခဏ ကြားနေရတာပဲ။နိုင်ငံခြားကုမ္ပဏီကြီတွေက ကုမ္ပဏီလေးတွေကိုငှါး၊ ပြည်တွင်းကုမ္ပဏီတွေက ပြည်တွင်းအလုပ်သမားတွေကို ခေါင်းပုံဖြတ်ကြတာလေ။ နိုင်ငံခြားကုမ္ပဏီကြီး တွေအာပါလွပ်ခေါင်းပုံဖြတ် နေကြတာပါ။ မြန်မာနိုင်ငံမှာ မဖြစ်အောင် အစိုးရကသတိရှိဖို့လိုပါတယ်။

Virtual Company တကယ်မရှိတဲ့ကုမ္ပဏီ
ဒါထက်အဆင့်မြင့်တဲ့ အဆင့်ရောက်တော့ Virtual CompanyConcept ဆိုတာပေါ်လာတယ်။
ဒီသဘောတရား က အဆင့်မြင့်တဲ့ကုမ္ပဏီကြီးတွေဟာ (ဦးဏှောက်)သက်သက်ဖြစ်လာတယ်ဆိုတဲ့သ ဘောပါပဲ။ ဆိုလိုချင်တာက အဆင့်မြင့်တဲ့ဒီဇိုင်း ၊ Finance နဲ့ marketing ၊အထူးသဖြင့် (Brand) ကိုပဲ ကုမ္ပဏီတွေက ကိုင်ထားတော့တယ်။ထုတ်လုပ်ရေး နဲ့ ဖြန့်ချည်ရေးတွေကို ဈေးပေါတဲ့ နိုင်ငံတွေကို outsource လုပ်ပြီးကုန်ကျစိရိတ်ကို လျော့ယူလိုက်တယ်။ ဥပမာ နိုင်ကီ (Nike) ကုမ္ပဏီကိုကြည့်ပါ။ နိုင်ကီ တံဆိပ်လိုကို (Logo) ကိုလူတိုင်းမှတ်မိအောင်ဈေးကောင်းပေးပြီးလိုက်ကြော်ငြာတယ်။ ဒီဇိုင်းလှလှလေး တွေဖြစ်ထွန်းအောင်လူတော်တွေကို လစာများများပေးပြီး ငှားတယ်။ ဒါကဦးဏှောက်တွေလေ။ တကယ် ထုတ်လုပ်တာကြတော့တကမ္ဘာလုံး အလုပ်သမားဈေးပေါ်တဲ့ ဘင်္ဂလာဒေ့ရ်တို့ ၊ မလေးတို့လိုနိုင်ငံက ကုမ္ပဏီတွေကိုပုံစံပေးပြီးချုပ် ခိုင်းတယ်။ အလုပ်သမားတွေကို သူတို့ကဖိနှိပ်တာမဟုတ်ဖူး။ အပေါဆုံးနေရာကိုရှာပြီး ဒေသခံကုမ္ပဏီတွေကိုငှားတာ။ ခေါင်ပုံဖြတ်တာက ဒေသခံကုမ္ပဏီတွေက ဒေသခံ အလုပ်သမားတွေကို ခေါင်းပုံဖြတ်ကြတာ။ 

Low tech ကုမ္ပဏိတွေပဲလားတဲ့။ မဟုတ်ပါဖူး။စာရေးသူ Cisco မှာလုပ်တုန်းက ထုတ်လုပ်မှု ဆိုင်ရာ အဆောက်အဦဟာတိုက်တစ်ခုရဲ့ တစ်ထပ်ပဲရှိတယ်။ လူနဲနဲလေး။ အကြောင်းက Silicon Valley လို့ခေါ်တဲ့ အမေရိကန်နိုင်ငံ ရဲ့ High Tech Mecca မှာမိမိကိုယ်တိုင် မိမိပစ္စည်းတွေကို ထုတ်လုပ်ရင် စရိတ်စက ကြီးတယ်။ ချမ်းသာတဲ့ကုမ္ပဏီ ၊အောင်မြင်တဲ့ ကုမ္ပဏီမို့လို အလုပ်သမားတွေက လုပ်ခပိုလိုချင်မယ်။ တရားစွဲကြမယ်။ ဒါကြောင့်Contract Manufacturing ဆိုတာကိုဖေါ်ထုတ်လာကြတယ်။ ဆိုလိုတာက Ciscoကုမ္ပဏီတွေ က မိမိတို့ကိုယ်ပိုင် မထုတ်လုပ်ကြတော့ပဲ ၊ ထုတ်လုပ်မှုကိုထုတ်လုပ်မှုကျွမ်းကျင်တဲ့ ကုမ္ပဏီကို အပ်လိုက်တယ်။

အမေရိကားမှာ Hedging ဆိုတာရှိတယ်။ ဥပမာလေယဉ်ကုမ္ပဏီတစ်ဟာ (၃)လကို ဓါတ်ဆီ ဂါလံတသန်း ကုန်တယ်ဆိုပါစို့.. ဓါတ်ဆီဈေးတွေတက်နေရင် (ကြို) ပြီးအောက်ဈေးနဲ့ဖြတ်ထားလိုက်တော့ သက် သာ တာပေါ့။အမြတ်ပိုရနိုင်တာပေါ့။Cisco တို့လိုကုမ္ပဏီတွေကျတော့ chipset လို့ခေါ်တဲ့ကွန်ပြူတာစက်ကြီယာတွေ သန်းနဲ့ချီပြီးမိမိပစ္စည်းတွေမှာသုံးရတယ်။ ဒီတော့ ပစ္စည်း product တစ်ခုမှာ (၃)သန်း သုံးရမယ်ဆိုရင် (၅) ခုမှာဆိုရင် (၁၅) သန်းသုံးရမယ်ဆိုရင် လက်လီဈေးအစား လက်ကားဈေးနဲ့ ကြိုမှာလို့ရတယ်။ Cisco လိုကမ္ပဏီတစ်ခုက (၁၅) သန်းသုံးရင် သူ့လို ကုမ္ပဏီ (၁၀) ခုကို ထုတ်လုပ်ပေးတဲ့ ContractManufacturer ကုမ္ပဏီက အာလုံးကိုယ်စား သန်း (၁၅၀)သုံးရမယ်ဆိုရင် သူက ဈေးပိုနဲအောင် ဈေးညှိ နိုင်တာပေါ့…..ဒီလိုအကျိုးအမြတ်တွေရတာကြောင့် စာရေးသူတို့ခေတ်က Solectron ဆိုတဲ့ Contract Manufacturer ကို SiliconValley ကကုမ္ပဏီတွေက ၀ိုင်းအပ်ကြတယ်။
တိုင်ဝမ်တရုတ်တွေက ဘယ်လောက်လျှင်သလဲဆိုရင်…. ဒီအတွေးအခေါ်ကို ဆွဲယူသွားပြီး ထုတ်လုပ်မှု manufacturing ကိုတရုတ်ပြည်မ ကြီးကို ရွှေ့သွားတယ်။ ပိုင်ဆိုင်မှုနဲ့ အုပ်ချုပ်တာကတော့တိုင်ဝမ်တရုတ် တွေ။ပြည်ကြီးတရုတ်တွေလည်းအလုပ်ရ၊တိုင်ဝမ်တရုတ်တွေလည်းဓနဥစ္စာပိုကြွယ်ဝလာတာပေါ့။ဒါကြောင့် အခု Apple iPhone တွေဟာတရုတ်ပြည်မှာထုတ်ကြတာပါ။ ကုမ္ပဏီနံမည်က FoxPro လို့ခေါ်ပါတယ်။အလုပ်သမားသောင်းနဲချီပြီးအလုပ်ပေးထားတယ်။ တိုင်ဝမ်မှာတော့ precisionTooling လိုအပ်တဲ့ ခက်ခဲ တဲ့ အစိပ် အပိုင်းတွေကိုပဲထုတ်ပါတယ်။ Appleက ဒီဇိုင်း နဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာကိုပဲတာဝန်ယူတယ်၊ ထုတ်လုပ်တာက လုပ်အားခ..ဈေးပေါတဲ့ တရုတ်ပြည်…ခက်ခဲတဲ့ထုတ်လုပ်မှုကိုတိုင်ဝမ်…ဆိုတော့  ..Skilled labor လို့ခေါ်တဲ့ အင်ဂျင်နီယာ နဲ့ စက်ကရိယာကျွမ်းတဲ့တိုင်ဝမ်မှာ ..ဒီလူတွေက လစာ များများ ရတယ်… ဦးဏှောက်သုံးရတယ်…. ဦးဏှောက်မသုံးရတဲ့ unskilledlabor က တရုတ်ပြည်မှာ… အလုပ် သမားသမဂ္ဂ တွေသြဇာမရှိတဲ့ ကွန်မြူနစ်နိုင်ငံမှာ…. ဒီလိုကမ္ဘာကြီးကိုဖြန့်ပြီး အမြတ်ထုတ်နိုင်တာမို့ ဂလို ဖယ်လိုင်ဇေး ရှင်း Globalization ခေတ်လို့ခေါ်ကြတာပါ။ Virtual Company အဆင့်ကိုတော့စင်ကာပူနဲ့ တိုင်ဝမ်တို့ပဲ အမေရိကန်ကို လိုက်အတုခိုးနိုင်ကြပါတယ်။


ငွေရင်းရှာတဲ့ဈေးကွက်

စီးပွားရေးပညာမှာ Absolute Advantage နဲ့ RelativeAdvantage ဆိုတဲ့ Concept အတွေးနှစ်ခုရှိ ပါတယ်။ ဥပမာ စက်ရုံတွေရွှေ့သွားတယ်။ ဒါက Absolute Advantage။ဒီစက်ရုံတွေက အမြတ်ရလာတဲ့ သူဌေးကြီးတွေဟာ (ငွေရွှင်) လာကြတော့၊ ဘယ်မှာ ပြန်ရင်းနှီးကြမှလဲ။ ကမ္ဘာမှာ ပထမတန်းစား Capitalmarket ရင်းနှီးမှုဈေးကွက် ဟာ Wall St လို့ခေါ်တဲ့နယူးရောက်မြို့ အမေရိကန်ပြည်မှာ။ ဒီတော့ တကမ္ဘာ လုံးက ငွေအရင်းအနှိးတွေကနောက်ဆုံးဒီဘူတာပဲ ပြန်ဆိုက်ရတာပဲ။ ဒါက Relative Advantage။တနာရီ ၅ဒေါ်လာ အလုပ်သမား တွေနဲ့ သန်းချီရတဲ့ Skilled လုပ်သမားတွေကိုအမေရိကားကလဲလိုက်တာပဲ။Venture Capitalism လို နည်ပညာပိုင်းတွေကျတော့ အမေရိကားမှာ အထွန်ကားဆိုးပဲ။စာရေးသူဖြေး ဖြေးချင်းတင်ပြဆွေးနွေးသွားပါမယ်။

အမှန်တော့ Capital market ကငွေရှင်တွေဟာခေတ်သစ်ချစ်တီးတွေပါပဲ။ လက်ရှိအဖိနှိပ်ခံအလုပ်သမား တွေက မတိုးတက်သေးတဲ့နိုင်ငံကအလုပ်သမားတွေပါ။ အမေရိကားရဲ့ စီးပွားရေးဟာ ထုတ်လုပ်မှုစီးပွား ရေးစနစ် manufacturingeconomy ကနေ …၀န်ဆောင်မှုစီးပွားရေစနစ် ServiceEconomy ကို ၁၉၈၀ ခုနှစ်တွေကတည်းက တဖြေးဖြေးပြောင်းခဲ့သည်ပါ။ဒါကြောင့် ကျွမ်းကျင်မှုမရှိတဲ့ ပညာမတတ်တဲ့ သူတွေ တက်စီမောင်း ၊ စူရှီလိပ် ၊ နဲ့အလုပ်ရှာမရ ဒုက္ခရောက်ကြရပြီး အလုပ်လက်မဲ့တွေပေါလာတော့ ဆင်းရဲချမ်း သာသိပ်ကွာခြားလာရတယ်။ ဒီမှာ Occupy Wall St လိုလက်ဝဲငပေါတွေက ဘုမသိဘမသိ၊ Wall St ကိုသိမ်းပိုက်မယ်လုပ်ကြရသေးတယ်။သိမ်းပြီးဘာလုပ်ကြရမှာလဲ…. အိုဘားမားလို နိုင်ငံရေးသမားတွေဟာလူကြားကောင်းအောင်အော်ကြပြီး နောက်ဆုံးတော့ ရွေးကောက်ပွဲအတွက် Wall St ကငွေရှင်တွေစီ မှာပဲ လက်ဖြန့်တောင်းကြရတာပါပဲ။ ဒါအမေရိကန်ဒီမိုကရေစီပါပဲ။

အရေးကြီးတာက…ဘယ်နိုင်ငံမှာ..မဆို..(စနစ်) ကို (သိ)….ဖို့..လိုပါတယ်
(စနစ်) ကို (သိ) မှ ဘာကို..ဘယ်လို..ပြောင်းမယ်..ဆိုတာ..သိမှာပေါ့

အမေရိကားရောက်တုန်း..အခွင့်ရေးသာပြီဆိုပြီး….ခုန်ချလိုက်ပြီး…လွယ်လွယ်ကူကူ..နိုင်ငံရေးခိုလှုံခွင့်ရ သွားတဲ့ မြန်မာနိုင်ငံကဒါရိုက်တာဇတ်လိုက်ကြီးအဖို့ ..ပညာကလည်းမတတ် .. တနှစ်ဗီဒီယို (၂)ကား (၃) ကား လောက်ရိုက်လာရုံနဲ့ကမ္ဘာ့အတော်ဆုံးတွေလာပြိုင်ကြရတဲ့ ဟော်လီဝပ်မှာ တံခါးစောင့်အလုပ်တောင်မရနိုင်ပါဖူး။ နောက်ဆုံး တက်စီပြေးမောင်းရတော့ …. မြေပြင်မှာအပြေးအလွှားပြာပြားဝပ် ပိုက်ဆံရှာနေရ တော့ မိုးထိအဆောက်အအုံတွေထိပ်မှာ ဥါဏ်ကစားနေကြတဲ့ အရင်းရှင်ကြီးတွေအကြောင်းကိုဘယ်လာ သိနိုင်မှာလည်း။ စနစ်ကို မသိတော့ စနစ်တစ်ခုရဲ့အောက်ဆုံးအဆင့်မှာရုန်းကန်ရင်း ကားပေါ်ရောက်လာ တဲ့ passengerတွေမိုးပြောဂျိုးပြော၊ ပြောသွားတာတွေကို ကြားဖူးနားဝ နဲ့ရောနှောပြီး ၊လက်ဝဲသမားတွေ လ္ဘက်ရည်ဆိုင်မှာ အလေလိုက်ပြီး လေကြီးမိုးကြီး ပြည်သူ့တော်လှန်ရေးလုပ်နေကြသလို ကာလ်မာ့က်စ်ရဲ့ ပစ္စည်းမဲ့တော်လှန်ရေးကို အမေရိကားမှာဖြစ်မယောင်စိတ်ကူးယဉ်နေတာပါ။

လောကမှာ Exposure နဲ့ Experienceဟာ စကားပြောတယ်။
Marxism နဲ့ အရင်းရှင်ကွာတာက Marxism မှာ Marx ဆိုတဲ့ (ဘုရား)ရှိတယ်။ Marx ကလည်း သေသွားပြီ
အရင်းရှင်စနစမှာ (ဘုရား) မရှိဖူး… (အမြတ်) နဲ့ (လောဘ) ပဲရှိတယ်
ဒါကြောင့် အပြောင်းအလဲ ကိုရင်ဆိုင်နိုင်တယ်။ Flexible ဖြစ်တယ်။
နောက်တဆင့် လာမဲ့ အရင်းရှင်စနစ် က SpaceCapitalism လို့စာရေးသူ မျှော်လင့်တယ်
ကိုလိုနီခေတ်ကလို ခေတ်ပညာနောက်ကျသူတွေ ကျန်ခဲ့မှာပဲ

Capitalism ရဲ့ အဓိက ဦးတည်ချက်က WealthCreation.
Wealth Distribution မဟုတ်ပါ။
Wealth Distribution (၀ါ) မျှတမှုက အစိုးရ ကထိန်းပေးရမှာ

စာရေးသူကတော့ အမျိုးသားအရေး nationalist စစ်စစ်ပဲ
မြန်မာပြည်သူတွေ အတွက်ပဲ စိတ်ဝင်စားတယ်
အများက ဆင်းရဲတွင်းနက်နေကြတော့ သူတို့ သက်သာရေးပဲစိတ်သန်တယ်။
အာရပ်တွေ အချင်းချင်းသတ်နေကြတာ စာရေးသူတို့နဲ့ မဆိုင်
ကမ္ဘာ့ ပစ္စည်းမဲ့တွေအတွက်လည်းတွေးမပူနိုင်ပါ….

တကယ်တော့ လူတန်းစားခွဲ..တိုက်ပွဲဆိုတာ နဲ့ အချင်းချင်းသတ်ကုန်ကြရော
စာရေးသူအတွက်ကတော့ vertical ဖြစ်တဲ့မြန်မာနိုင်ငံအတွက်ပဲ စိတ်ဝင်စားတယ်။

Social Liberalism လည်း Horizontal ကြည့်ပြီး တကမ္ဘာလုံအတွက် လိုက်ပူနေတဲ့ အတွက်
Communism လို ကျဆုံးခန်းကိုရောက်နေရပြါပြီ….
နောက်ကြုံမှ….တင်ပြ..ဆွေနွေးပါရစေ……

အာလုံးကို မေတ္တာထားလျှက်

ဘိုဘိုကျော်ငြိမ်း
ဖေဖေါ်ဝါရီ (၉)ရက်၂၀၁၄ခု
ရန်ကုန်


ဒါ ပန်းစိုးတန်းပန်းချီပြခန်း ကထုတ်တဲ့ လူငယ် Intellectual ကလေးတွေအတွက်ထုတ်တဲ့ ဂျာနယ်မှပါတာပါ.....
လူငယ်လေးတွေ စဉ်းစားတတ်စေချင်တဲ့ စေတနာပါ....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...