Saturday, March 8, 2014

အမျိုးသားရေးဆိုတာ...(၂)

အမျိုးသားရေးစကားတွေ လှိုင်အောင်ပြောလာကြတော့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅နှစ်ကျော် က ပျောက်ဆုံးသွားတဲ့ အမျိုးသားရေး ပြန်ပြီးခေါင်းထောင်လာတယ်လို့ မြင်မိပါတယ်။
ဝမ်းသာစရာတစ်ခုလို့ ရှု့မြင်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ မြန်မာပြည်မှာ အမျိုးသားရေးဆိုတာ
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆) ခန့်မှာစစ်ဖိနပ်ကျည်ဆံအောက်မှာ သေဆုံးသွားခဲ့ရတာပါ။ သေချာပါ တယ်။ မြန်မာပြည်သူလူထုအတွက် အမျိုးသားရေးဆိုတဲ့စကားဟာ ဖွင့်ဟခွင့်မရှိခဲ့သလို စစ်ဖိနပ်၊ နံပတ်တုတ်၊ လက်ထိပ်နဲ့ သံတိုင်တွေကြားမှာ ပျောက်ဆုံးခဲ့ရတာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။
အဲ့ဒီအတွက် မြန်မာလူမျိုး၊ တိုင်းရင်းသားပြည်သူတွေအတွက် အမျိုးသားရေးဆိုတာ မွတ်သိပ်နေတဲ့
အရာတစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။ နောက်ဆုံး ကျွန်တော်တို့နိုင်ငံရဲ့ အထင်ကရ တက္ကသိုလ် ကျောင်းကြီးများ ချိပ်ပိတ်ခံခဲ့ရုံမဟုတ်ဘဲ တက္ကသိုလ်ကျောင်းသားများပင် သံတိုင်ကြား မြန်းခဲ့ရပါတယ်။ အမျိုးသားရေးအတွက် ပြည်သူ့ဘက်က ရပ်တည်ခဲ့တဲ့ သံဃာတော်များကိုယ်တိုင် သင်္ကန်းကိုချွတ်ကာ သံတိုင်နဲ့ သေလမ်းမြန်းခဲ့ကြရသလို ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာဆိုတဲ့ အမည်ခံဘာသာမဲ့တွေလက်မှာ ဘာသာတရားကလည်း
နံပတ်တုတ်နဲ့ သံတိုင်ကိုအသေအလဲ ကြောက်ခဲ့ရပါတယ်။ အဲ့ဒီလိုစစ်အာဏာရှင်အောက်မှာ
ကျွန်တော်တို့ပြည်သူတွေ ရဟန်းသံဃာတွေ၊ တိုင်းရင်းသားတွေဘ၀ဟာ စစ်ကျွန်ဘ၀မှာ ခါးစည်းခံရင်ဆိုင်ခဲ့ရလို့ အားလုံးရဲ့ရင်ထဲမှာ မေ့ပျောက်လို့မရနိုင်တဲ့ ပုံရိပ်တွေ ယနေ့ထိရှိနေဆဲပါ။
ပြန်တူးစွတာမဟုတ်ပါဘူး။ မေ့ပျောက်ပစ်လိုက်ပါလို့ ပြောတဲ့သူရှိရင် ကျွန်တော်တို့ မေ့ပျောက်နိုင် ရင် မေ့ပျောက်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သမိုင်းတော့ ရှိနေမှာပါ။

အခုအခါမှာအမျိုးသားရေးစကားတွေ ပြောတဲ့သူတွေများလာတော့ တော်တော်ကိုအထင်ကြီးလေးစားမိခဲ့တဲ့ အထဲမှာကျွန်တော်ကိုယ်တိုင်လည်းပါခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တစ်ယောက်ထဲ အတွက်အမျိုးသားရေးကို ငတ်မွတ်ခဲ့တာမဟုတ်ပါဘူး။ ပြည်သူအားလုံး
ငတ်မွတ်ခဲ့တဲ့ အမျိုးသားရေး အသိ၊ အမျိုးသားရေးစိတ်ဓါတ်အတွက်ပါ။ တောင်းတပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုအတွက် အမျိုးသားရေးအသိ အမြင် စိတ်ဓါတ်တွေ ပြန်လိုချင်ပါတယ်။
ဒါပေမဲ့... ကျွန်တော်တို့လိုချင်ခဲ့တဲ့ ပြည်သူအတွက်အမျိုးသားရေးစစ်စစ်မဟုတ်ဘဲ စစ်မှန်တဲ့ အမျိုးသားရေး စိတ်ဓါတ်တောင် အင်ထုခံလိုက်ရတယ်ဗျာ။ မဆန်းပါဘူး။ နိုင်ငံတကာသုံး ဒီမိုကရေစီစကားတောင် မြန်မာပြည်ရောက်မှ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုပြီး ရွှေရည်စိမ်သေးတာပဲ။ စည်းကမ်းမပြည့်ဝရင် မချောင်ဘူးဆိုတဲ့သဘောပေါ့ဗျာ... ရှင်းနေတာပဲ။

အဲ့ဒီတော့ အမျိုးသားရေးဆိုတာဘာလဲလို့ ... ကျွန်တော်တော်တော်များများမေးကြည့်ဖူးပါတယ်။
အင်္ဂလိပ်၊ ဖက်ဆစ်စနစ်က အမျိုးသားရေးတော့ စာတွေထဲမှာရှာဖတ်ရင် သိနိုင်ပါတယ်။ လက်ရှိ
ပြန်လည်ကျင့်သုံးလာတဲ့အမျိုးသားရေးကဘာကိုအခြေခံလည်း သေသေချာချာစဉ်းစားကြည့်တော့ တိတိပပထိထိရောက်ရောက် အမျိုးသားရေးတကယ်မတွေ့ဘူး။ ကုလားဆိုမုန်း။ ကုလားအတွက် စားစရာမရှိစေရ ဒီလိုလာတယ်။ ဒါအမျိုးသားရေးမှမဟုတ်တာဗျ...။ ဒဲ့ပဲပြောမယ်... အဲ့ဒီအမျိုးသားရေးက တစ်ဘက်သား သောက်ကျင့်ယုတ်တဲ့အမျိုးသားရေး ၀ါဒလို့ခေါ်တယ်။ အင်္ဂလိပ်ခေတ်ကလည်း ဒီလိုပုံစံဖန်တီးခဲ့တာမျိုးပဲ။ မကျေနပ်လို့ စားစရာမရှိအောင် လုပ်ပြမယ်ဆိုတဲ့ အမျိုးသားရေး မြန်မာမှာကျွန်တော်မကြားဖူးဘူး။ တခြားနိုင်ငံတော့ ရှိချင်ရှိမယ်...
မပြောလိုဘူး။ ကျွန်တော်တို့မြန်မာတွေ စစ်သာတိုက်ရင်တိုက်လိုက်မယ်။ တစ်ဘက်သား ယုတ်မာတယ်ဆိုတာရာဇ၀င်လည်းမရှိဘူး။အင်္ဂလိပ်ပြေးဂျပန်ဝင်၊ဂျပန်ပြေးမဟာမိတ်အ၀င် ခေတ်တွေမှာတောင် ဗမာတွေရန်သူအပေါ်ကူညီခဲ့၊ စောင့်ရှောက်ခဲ့တာမျိုးတွေ ရှိတယ်။ အဲ့ဒါဗမာတွေရဲ့
လေးစားစရာအကောင်းဆုံးစိတ်ဓါတ်၊ ဂုဏ်အယူရဆုံး ယနေ့ထိတိုင်းတစ်ပါးတွေ သမိုင်းမှာ မှတ်တမ်းတင်ထားတာရှိတဲ့စိတ်ဓါတ်။ အခုတော့ မြန်မာရဲ့ကျန်တဲ့သိက္ခာလေးပါ အကုန်ရိုက်ချိုးပစ်လိုက်ကြတယ်။ ဗုဒ္ဓဘာသာနိုင်ငံမှာလည်း အစွန်းရောက်တွေရှိတယ်လို့ ထင်သွားကြတယ်။ ကမ္ဘာမှာအကောင်းဆုံးဘာသာရယ်လို့ သတ်မှတ်ခံရတဲ့ ဗုဒ္ဓဘာသာတောင် ပုံရိပ်မဲတွေစွန်းထင်းခံလိုက်ရတယ်။(အမျိုးသားရေးသမားတွေဘာသာချစ်လှပါချည်ရဲ့ လေနဲ့အာပေးနေတဲ့သူတွေ ခင်ဗျားတို့လုပ်တာ အမျိုးဘာသာသာသနာဆိုပြီး လုပ်ကြတာပဲ။ တစ်ဘက်က မရှိတဲ့သိက္ခာတွေပါကျကုန်တယ်။ ခင်ဗျားတို့ မရှက်ဘူးလား။)

အမျိုးသားရေးဆိုတာ ကိုယ့်ပြည်သူလူနေမှုအဆင့်တန်း၊ ပညာရေးအဆင့်တန်း မြင့်မားအောင်၊
စီးပွားရေး၊ ကျန်းမာရေး အခြေခံစနစ်က မြင့်တက်လာမှလုပ်လို့ရတာပဲ။ အော်တော့အော်ကြတာပဲ။
အမျိုးသားရေးဆိုပြီး။ လေ....က အလကားရတာကိုဗျာ။ တကယ်ဝေဖန်စမ်းပါ။ ပညာရေး၊ စီးပွားရေး၊ လူနေမှုစနစ် ဒီထက်မြင့်မားလာဖို့။ ဆင်းရဲသား၊ အလုပ်လက်မဲ့တွေပေါများလာတာတွေ မူလရင်းမြစ်အခြေခံတွေ ဘာတွေလိုအပ်နေတယ်။ အမျိုးသားရေးသမားတွေဆီက တစ်ခွန်းမှ မကြားရဘူး။ သူတို့ပြောတာတော့ မြင်မြင်နေရပါတယ်။ ကုလားကွ... (မအေ) (ယီး) ကိုင်ကိုင်တုပ်တာပဲ။ အဲ့ဒီလိုကုလားဆဲမှ ကိုယ့်အမျိုးဘာသာတိုးတက်မယ်ဆိုရင် မြန်မာတွေအကုန်
ထိုင်ဆဲနေတာကြာပြီ။ ဘယ်နိုင်ငံရေးသမားမှမလိုဘူး။ အဓိကကိုယ့်လူမျိုးတွေအတွက် အခြေခံကောင်းတွေတည်ဆောက်ပေးနိုင်မှ အမျိုးသားရေးလုပ်ကြပါ။ ကန်တော့ဗျာ...။ သူတို့လုပ်ပုံက သူတောင်းစားများ ထမင်းမ၀ ငတ်နေပါတယ်ဆို ဟိုဒင်းခိုင်းသလိုဖြစ်နေတယ်။

အခုလည်း အမျိုးစောင့်အမျိုးစောင့်နဲ့ ဥပဒေထုတ်ဖို့ လုပ်နေကြတယ်။ ကုလားနဲ့ ဗမာမိန်းကလေးနဲ့
ယူရင် ဆိုတာတွေ။ ကျွန်တော်အနေနဲ့ အသေချာတကယ်မျိုးချစ်တယ်ဆိုရင် အမျိုးစောင့် ဥပဒေထက် လယ်စောင့်ဥပဒေတို့ အိမ်စောင့် ဥပဒေတို့ထုတ်ရင် ပိုတောင်မကောင်းဘူးလား။
ကျူးကျော်ဆိုပြီးဖျက်ခံရ၊ မီးရှို့ခံရ၊ ဘုန်းကြီးကျောင်းတောင် တိုင်ခြေကနေဓါးနဲ့ဝင်ခုပ်ခံရတယ်။ တပ်ပိုင်ဆိုပြီးသိမ်းခံရတယ်။ ပြန်ရချင်လို့ လုပ်တဲ့သူတွေ ဆန္ဒပြ ထောင်ထဲရောက်။ အဲ့ဒါခင်ဗျားတို့ ပြည်သူပြည်သားတွေ။ ဗမာစစ်စစ်တွေ။ တစ်ခွန်းတောင်မှဟဖော်မရတဲ့မျိုးချစ်တွေ။
နောက်ထပ်လယ်တီသိမ်ကြီး ရွေ့ပေးရမယ်ပြောတယ်။ လယ်တီဆရာတော်ဆိုတာ အထင်ကရ
မြန်မာမှာထင်ရှားတဲ့ရဟန်း။ဒီသိမ်ကြီးရွေ့ပေးရမယ်ဆိုတော့တစ်ခွန်းမှမပြောကြဘူး။ ထောက်ခံလိုက်ကြတဲ့မျိုးချစ်တွေ။ အမျိုးဘာသာ သာသနာစောင့်ရှောက်ပုံက မြင်မကောင်း။ ကျုပ်ကတော့ရှင်းတယ်။သာသနာ့နယ်မြေ ရှောင်ရမယ့်ဟာစီမံကိန်းနဲ့သိမ်တောင်ဖယ်ပေးရမယ်ဆိုတော့.... ရွှေတိဂုံကြီးသိင်္ဂုတ္တရကုန်းပေါ်က ရွှေပေးရမယ်ဆိုရင်တောင်မင်းတို့မျိုးချစ်တွေ ထောက်ခံဦးမှာပါ။

အဲ့ဒီတော့ လက်ရှိအမျိုးစောင့် ဆိုတာကိုပါ ကျွန်တော်ဝေဖန်ပါရစေ။ အမျိုးဘာသာစောင့်ဖို့
ဥပဒေတောင်ထုတ်ရတယ်ဆိုတော့ မြန်မာလူမျိုးတွေ တော်တော်ပြိန်းပါလားလို့ စဉ်းစားစရာပဲ။
ဥပဒေထုတ်တားတော့ကောအကုန်လိုက်နာပါ့မလား။ မြန်မာပြည်ကလက်ရှိဥပဒေတွေ ပြဌာန်းထားတာတွေ အများကြီး။ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး။ ခုတစ်မျိုးတော်ကြာတစ်မျိုး။ ဥပဒေထုတ်တိုင်း
တည်၏ ရှိလား....။ ဥပမာ... အရက်မကောင်းဘူး။ တားမြစ်တယ်။ မြန်မာပြည်မှာ ခွက်ပုန်းဘီယာဆိုင်တွေမနည်း။ အရေးယူတယ်ဆိုတာ ဘန်းပြပဲ။ တကယ်မထိရောက်ဘူး။
ဆေးပြား၊ ဘိန်း၊ ဆေးခြောက် ဥပဒေအရတားတာပဲ။ သုံးတဲ့ သူတွေဆီရောက်တာပဲ။ ဘယ်လိုရောက်လည်း ကိုယ်လည်းမသိဘူး။ ဘိန်းသမားတစ်ယောက်တွေ့ဖူးတယ်။ အချာဗင်မဟုတ်ဘူး။ မူးယစ်အထူးတပ်ဖွဲ့ကတဲ့။ ခုတော့သေတာကြာပေါ့ဘိန်းနဲ့။

အဲ့ဒီတော့ မြန်မာပြည်မှာ ပြဌာန်းထားတဲ့ လက်ရှိဥပဒေတွေက စာအုပ်တွေထဲမှာသာရှိပြီး တကယ်ကျင့်သုံးလိုက်နာမှု အားနည်းနေတယ်။ လဘ်ပေး လဘ်ယူကလည်း တိုက်ဖျက်မယ်ပြောမှ အိမ်သွားကန်တော့တာမျိုးတွေ။ တရားဥပဒေစိုးမိုးမှု မြန်မာပြည်မှာ ထိပ်ပိုင်းကစပြီး အောက်ခြေထိ
လိုက်နာမှုမရှိသလို ကျင့်သုံးနိုင်မှူလည်းမရှိဘူး။ ကဲ... ဒီတော့ အမျိုးစောင့်ဖို့ ဥပဒေထုတ်တယ် ထားတော့။ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးနဲ့ တရားရေးမှာ လဘ်လာဘ ကိစ္စတွေ ထပ်မ၀င်လာပါဘူး ဘယ်သူငြင်းရမလဲ။ ဥပဒေထုတ်တာက ကုလားကိုယူလည်းရတယ်။ ဘာသာဝင်မှရမယ်ဆိုတာ အတော်ကြီးကျယ်တယ်။ ကုလားက မယားလိုချင်လို့ ယူတာ... ဘုရားနဲ့မဆိုင်ဘူး။ သူကိုးကွယ်သလား မကိုးကွယ်သလား အမြဲချောင်းကြည့်နိုင်ကြမလား။ နှိပ်စက်မနှိပ်စက် သူများခြင်ထောင်ထဲ သွားပြီး ဘယ်သူကြည့်နိုင်မှာလည်း။ ကျွန်တော်အနေနဲ့ မြင်မိတာက
မူလဇစ်မြစ်ပဲ။ ကုလားကိုယူတာ လက်မခံဘူး။ ဥပဒေအရကောဘာကောဖြစ်ဖြစ် ခွင့်ရှိလည်း မယူစေ့ချင်ဘူး။ အရင်းမြစ်က ဗုဒ္ဓဘာသာအပေါ် သေသေချာချာ သက်ဝင်ယုံကြည်သူ၊ လူမျိုးအပေါ် စောင့်ထိန်းတတ်အောင် အသိထည့်ပေးနိုင်ဖို့ မူလဇစ်မြစ်က အခြေခံမယ်ထင်တယ်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးသာဆိုတယ် ဒီလိုအသိတွေမရှိလို့ကတော့ ဘာသာပြောင်းချင်ပြောင်းမှာပဲ။
ကုသခြင်းထက် ကြိုတင်ကာကွယ်တဲ့နည်းသုံးတတ်ရင် ဘာဥပဒေမှထုတ်စရာမလိုဘူး။ ဗုဒ္ဓဘာသာ
ဝင်စစ်စစ်ဖြစ်အောင် ငယ်စဉ်ကလေးဘ၀ထဲက ပြုစုပျိုးထောင်ပေးနိုင်ကြရင်အသိပညာတွေပေးနိုင် ဘာဥပဒေမှမလိုဘူး။ ခွေးကြီးမှလက်ပေးသင်ချင်တဲ့တချို့ရှိပါတယ်။ တော်တော်လည်း ပြိန်းကြတယ်လို့ ယူဆပါတယ်။ ဒီလိုဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ဖို့ လူမျိုးအသိရှိဖို့ ဆရာတော်ကြီးတွေရဲ့ တရားစစ်စစ်တွေ နာနိုင်အောင် အသိပညာပေးနိုင်အောင် လုပ်ပေးရမယ်။
(မှတ်ချက်။ ဦးဝီရသူတရားမပါ။) အခုမြန်မာပြည်မှာဖြစ်နေတဲ့ လက်ရှိဇစ်မြစ်ကိုက တရားတောင် ပါမစ်ရမှဟောဆိုတာမျိုး။ ဘုန်းကြီးကျောင်းတောင် လူစုရင်မကြိုက်တဲ့ ပုံစံတွေ။ ဒါတွေအရင်ပြင်ဖို့ လုပ်ကြပါ။ ဘာသာကောလူမျိုးအသိတွေကော အသိတွေပိုရှိလာမှာပါ။ မူလဇစ်မြစ်တွေမှာ လိုအပ်နေတာတွေ ဖြည့်ရမှာတွေမပြောရဲမဆိုရဲလုပ်ပြီး ဥပဒေထုတ်မယ်ဆိုတော့ ဆေးစွဲအောင်ထားပြီး ဆေးဖြတ်ခိုင်းတဲ့ဥပမာနဲ့တူနေတယ်။

အပိုင်း(၃)တွင် ဆက်လက်ဖတ်ရှု့ပါ

ဥယျာဉ်မှူး

၆.၃.၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...