Tuesday, March 18, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၃)

သစ်ထူးလွင်


Posted: 17 Mar 2014 07:00 AM PDT
ပြည်တွင်းနှင့် ကမ္ဘာလှည့် ခရီးသွားများအကြား အထူးထင်ရှားသော အမရပူရမြို့ရှိ ဦးပိန် တံတား၏ အခန်းပေါင်း ၁၈ ခန်းရှိ တိုင်လုံးများ မှာ ဆိုးရွားစွာ ပျက်စီးနေကာ တံတားကြီး ရေရှည်တည်တံ့ရေး အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံများကပြောသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၆၀ ခန့်က မြို့စာရေးဦးပိန်က ကျွန်းတိုင်ပေါင်း ၁, ၀၀၀ ကျော် အသုံးပြုကာ၊ ကမ္ဘာတွင် အရှည်လျားဆုံး သစ်သားတံတားအဖြစ် တောင်သမန်အင်းကို
Posted: 17 Mar 2014 06:54 AM PDT
ခရိုင်းမီးယားရဲ့ ပါလီမန်ဟာ ယူကရိန်း လက်အောက်က လွတ်လပ်ကြောင်း တရားဝင် ကြေညာခဲ့ပြီး ရုရှားထံကိုလည်း ပါဝင်ခွင့် ပြုဖို့ လျှောက်ထားလိုက်ပါတယ်။ ခရိုင်းမီးယားမှာ ရှိတဲ့ ယူကရိန်း ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင်သိမ်းမှာ ဖြစ်ပြီး ယူကရိန်း ဥပဒေဟာ ခရိုင်းမီးယားမှာ မသက်ရောက်တော့ ကြောင်းလည်း ကြေညာခဲ့ပါတယ်။ ခရိုင်းမီးယား ဒေသသား အဖြစ် အသိအမှတ်ပြု ခံထားရတဲ့ ယူကရိန်း စစ်သားတွေ အနေနဲ့ ရုရှား စစ်တပ်ထဲ
Posted: 17 Mar 2014 06:19 AM PDT
ဖော်ပြပါ ဓာတ်ပုံရှင်သည် (၁၅-၃-၂၀၁၄)ရက်နေ့ ည(၇) နာရီ အချိန်ခန့် မြိတ် - ကျွဲကူးလမ်းမကြီး ရွှေပေးကျေးရွာ အနီးတွင် မြိတ်မှ ကျွဲကူးဖက်သို့ မောင်းနှင်လာစဉ် ဂျစ်ကား တစ်စီးနှင့် ချိတ်မိပြီး ဦးခေါင်းဒဏ်ရာရကာ သေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံးသူအား မြိတ်ဆေးရုံကြီးရှိ ရင်ခွဲရုံတွင် စစ်ဆေးပြီး ထားရှိပါသည်။ ယခုအချိန် (၁၇-၃-၂၀၁၄) ရက်နေ့ နေ့လည်ပိုင်း အချိန်ထိ ၄င်းနှင့် ပတ်သက်သည့် ဆွေမျိုးသားချင်းများ
Posted: 17 Mar 2014 05:47 AM PDT
နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က)/ ၉ နဲ့ ဖမ်းဆီးအမှုဖွင့်ခံရတဲ့ ယူနတီဂျာနယ် သတင်းထောက်တွေကို ဒီကနေ့ အမှုစတင်စစ်ဆေးနေပါတယ်။ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ ဆောင်းပါးရေး သားဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ် သတင်းထောက် ၄ ဦးနဲ့  အမှုဆောင်အရာရှိချုပ် ၁ ဦး စုစုပေါင်း ၅ ဦးကို သက်ဆိုင်ရာက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က)/ ၉ နဲ့ စွဲဆိုထားတဲ့အမှုကို မကွေးတိုင်း
Posted: 17 Mar 2014 05:18 AM PDT
ရန်ကုန်၊ မတ် ၁၇ ၁၆.၃.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးပြီး ရောက်ရှိနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာနေ မြမြ မုန့်စက်ရုံ လုံခြုံရေး ၀န်ထမ်းဖြစ်သူ ဦးဝင်းနိုင်၊(၅၀)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံ တစ်ရာမရှိဘဲ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ
Posted: 17 Mar 2014 05:17 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် မိုးစပါးရိတ်သိမ်းချိန် ပိုးကျခြင်းနှင့် ကြုံတွေ့ခဲ့ရပြီး ယခုနှစ် စပါးထွက်ရှိမှုနှုန်းမှာလည်း ခုနစ်ဧကလျှင် တင်း ၁၀၀ ခန့်သာ ထွက်ရှိခဲ့သည်။ ထိုသို့ ဖြစ်ရသည်မှာ နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု စပါးစိုက်တောင်သူများထံမှ သတင်းရရှိသည်။           မိုးစပါးစိုက်တောင်သူများအနေဖြင့် ဆည်ရေရရှိမှု အချိန်မမှန်ခြင်း၊ ရိတ်သိမ်းချိန်နီးလာစဉ် စပါးစိုက်ကွင်းများ
Posted: 17 Mar 2014 05:15 AM PDT
ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကျင့်ပျက် ယာဉ်ထိန်းရဲ အရာရှိနှင့် အခြားအဆင့်ရှိသူ စုစုပေါင်း ၁၇ ဦးကို နှစ်လခွဲအတွင်း အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ‘‘အကျင့်ပျက်တယ်ဆိုတာထက် စည်းကမ်း ဖောက်ဖျက်တဲ့ သူတွေပေါ့။ ဘာတွေ ကျူးလွန်ခဲ့လို့လဲတော့ အသေးစိတ်မပြောတော့ပါဘူး။ တပ်သားပဲဖြစ်ဖြစ်၊ အရာရှိပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုရင်တော့
Posted: 17 Mar 2014 05:07 AM PDT
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲပြီး ဘ၀အာမခံချက်ရှိမှသာ နယ်စပ်ရှိ ဒုက္ခသည်တွေ နေရပ်ပြန်မယ်လို့ ကရင်ဒုက္ခသည်ကော်မတီ (ကေအာစီ) က ပြောပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေး မှုတွေ လုပ်နေတဲ့အချိန် ပြည်တွင်းက စစ်ပြေးဒုက္ခသည်နဲ့  ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခ သည်စခန်းက ဒုက္ခသည်တွေ ပြန်ဖို့ နေရာတွေ အစိုးရက ပြင်ဆင်ပေးနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေပါတယ်။ ဒီလိုြ
Posted: 17 Mar 2014 04:08 AM PDT
အသွေးအရောင်စုံသော ခေတ်မီဟောင်ကောင်မြို့ကြီးကို ၂ဝ၁၄ ခုနှစ်တွင် ပထမဆုံးကိုင်လှုပ်ခဲ့သောသတင်းမှာယခင်နှစ်များအတိုင်းပင် အိမ်ဖော်ကိစ္စ ဖြစ်ပါ သည်။ လူမဆန်စွာ ညှဉ်း ပန်းနှိပ်စက်ခံခဲ့ရသော အင်ဒိုနီးရှား အိမ်ဖော်အမျိုးသမီး Eruiana Sulistyaningsih ၏ ဖြစ်ရပ်က ဟောင်ကောင်ရှိ အိမ်ဖော်တို့၏ အကာအကွယ် မဲ့နေပုံကို ရှင်းရှင်းလင်းလင်း ညွှန်းဆိုနေသလိုပင်။ ”နေ့တိုင်းလိုလိုကို အရိုက်ခံနေခဲ့ရတာပါ။ ေ
Posted: 17 Mar 2014 03:55 AM PDT
ရန်ကုန်၊ မတ် ၁၇ ၁၆.၃.၂၀၁၄ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်နေ အငှားယာဉ်မောင်း ကိုစိုးဝင်းမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်း အတိုင်း ယာဉ်အားမောင်းနှင်လာစဉ် အမျိုးသား(၄)ဦးမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်သို့ ငှားရမ်းခဲ့သဖြင့် လိုက်ပို့ပေးခဲ့ကြောင်း၊ (၃၃)ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်း အရောက်တွင် အဆိုပါအမျိုးသားများမှ ထိုးကြိတ်ကာ ယာဉ်၏ ဒက်ရှ်ဘုတ်ပေါ်တွင်တင်ထားသော
Posted: 17 Mar 2014 03:53 AM PDT
ရန်ကုန်၊ မတ် ၁၇ ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံအနီး ပတ်ဝန်းကျင် နေရာများ၊ ဧမာနွေလဘုရားကျောင်းဘေးနေရာများ၊ မဟာဗန္ဓုလလမ်းနှင့် ဆူးလေဘုရား လမ်းဆုံအနီး ပတ်ဝန်းကျင်နေရာများနှင့် ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံအနီး ပတ်ဝန်းကျင်နေရာများတွင် ပလက်ဖောင်းဂိုက် များက နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကို အနှောက်အယှက် ပေးလျက်ရှိကြောင်း၊ ၎င်းတို့သည် ကား/လေယာဉ် လက်မှတ်ရောင်းခြင်း၊ေ
Posted: 17 Mar 2014 03:43 AM PDT
မုံရွာ၊ မဇ္ဈိမ။            ။ မုံရွာမြို့၊ ချင်းတွင်းမြစ်ထဲတွင်  ဂျင်းဘောင်းဘီအရှည်၊ တီရှပ်ဝတ်ဆင်ထားသည့် အမျိုးသားအလောင်းတစ်ခု မတ် ၁၇ ရက်၊ နံနက် ၁၁ နာရီက တွေ့ရှိသည်ဟု မုံရွာမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှုးရုံး၊ ပြောဆိုခွင့်ရှိသူက ပြောသည်။ မုံရွာတောင်ရပ်ကွက်၊ အောင်ဇေယျုံ ဇက်ကူးတို့ဆိပ်၏ အောက်ဖက် ချင်းတွင်းမြစ်အတွင်း လူသေအလောင်းတွေ့ရှိသည်ကို မြို့မရဲစခန်းမှ တာဝန်မှူးနှင့်အဖွဲ့က
Posted: 17 Mar 2014 03:43 AM PDT
မန္တလေး မတ် ၁၆ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဘီ ကျေးရွာအုပ်စုအနီးရှိ အလိုတော်ပြည့် ဘုရားအနီးတွင် မတ်လ ၁၅ ရက်နေ့က ဘယ်လ်ဂျီယန် နိုင်ငံသူတစ်ဦး စီးလာသည့် စက်ဘီးရှေ့ခြင်းထဲမှ ကျောပိုးအိတ်ကို ဆိုင်ကယ်ဖြင့် အမည်မသိ အမျိုးသားတစ်ဦးက လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ ညောင်ဦးမြို့နယ် တောင်ဘီကျေးရွာ အုပ်စု ပုဂံ-ညောင်ဦးသွား အနော်ရထာ
Posted: 17 Mar 2014 03:40 AM PDT
ရန်ကုန်၊ မဇ္ဈိမ။            ။သင်္ဘောသား အလုပ်အကိုင်ပွဲစား အမျိုးသမီးကြီး တစ်ဦးကို သင်္ဘောသား မှတ်ပုံတင် စာအုပ်အတု ပြုလုပ်မှုဖြင့် အထူးစုံစမ်း စစ်ဆေးရေး (စသုံးလုံး)က မတ်လ ၁၆ ရက်တွင် အမှုဖွင့် ဖမ်းဆီးလိုက်သည်။ သင်္ဘောသား မှတ်ပုံတင်စာအုပ်များ အတုပြုလုပ်နေကြောင်း သတင်းအရ ဗိုလ်တထောင်မြို့နယ် (၇) ရပ်ကွက်၊ (၄၂)လမ်းတွင် နေထိုင်သည့် သင်္ဘောသား အလုပ်အကိုင်ပွဲစား ဖြစ်သူကို ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု
Posted: 17 Mar 2014 03:31 AM PDT
မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားတဲ့ လေယာဉ် MH 370 ပေါ်ပါ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ဘေးကင်းမယ်လို့ မျှော်လင့်ကြောင်း မလေးရှားမြို့တော် ကွာလာလမ်ပူက လေကြောင်းခရီးစဉ်တွေကို စီးနင်းလိုက်ပါမယ့် ခရီးသည်တွေက ပြောပါတယ်။ လေယာဉ်ပျောက်ဆုံးခဲ့တာ ၁ ပတ်ကျော်ခဲ့ပြီ ဖြစ်ပေမယ့် လေယာဉ်ပျောက် ရဲ့ ခြေရာ သဲလွန်စကို ခုထိ ရှာမတွေ့သေးပါဘူး။ လေယာဉ်နဲ့ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းဆိုင်ရာ လမ်းကြောင်းရှာမှုနဲ့
Posted: 16 Mar 2014 10:12 PM PDT
လက်ပံတောင်းတောင် စီမံကိန်းက စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်မြေစာနဲ့ ကျောက်တွေက ထွက်လာတဲ့ အက်စက် ပျော်ရည်တွေဟာ ကြီးမားတဲ့ အ န္တရယ်ဖြစ်နိုင်တယ်လို့ သြစတြေးလျနိုင်ငံ Knight Pie’sold-KPရဲ့ ပတ်ဝန်းကျင်နဲ့ လူမှု ထိခိုက်ခြင်းဆိုင်ရာ အစီရင်ခံစာ(ESIA)က ဖေါ်ပြ လိုက်ပါတယ်။ ဒီအစီရင်ခံစာမှာ ပါတဲ့ အချက်တွေဟာ မြန်မာ့ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ တွက်ဆထားတဲ့ အတိုင်း ဘေးထွက် ဆိုးကျိုးတွေ ထပ်တူနီးပါး တူညီနေပါတယ်။
Posted: 16 Mar 2014 10:10 PM PDT
လမ်းနှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံး မြေနီများ ထုတ်ယူနေစဉ် မြေပြိုကျ၍ အလုပ်သမားနှစ်ဦး သေဆုံး ကာ တစ်ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်တစ်ခု ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာ အုပ်စုတွင် မတ်လ ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကျေးရွာမှ ဆယ်အိမ်စုမှူး ဦးဗိုလ်အုန်းက မဇ္ဈိမကို ပြော သည်။ နတ်မောက်ကျေးရွာ ကုက်္ကိုကုန်းရှိ မြေနီတောင်ကုန်းတွင် ယင်းနေ့ နေ့လယ် ၁၂ နာရီခန့်က အလုပ်သ မားငါးဦးသည် မြေစာများ
Posted: 16 Mar 2014 10:05 PM PDT
လှည်းကူး၊ မတ် ၁၆ လှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာနှင့်အတူ ဖယ်ရှားခံရသော ကျေးရွာ လေးရွာမှ နေထိုင်သူများ အနက် ကလေးငယ် ၁၅ ဦးမှာ ဝမ်းရောဂါများ ဖြစ်ပွားလျက် ရှိကြောင်း အင်းမတီး ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာက The Voice သို့ မိန့်ကြားသည်။ အဆိုပါ သမီးကလေး ကျေးရွာမှ ၁၂ နှစ်အောက် ကလေး လေးဦး၊ အင်းမတီး ကျေးရွာမှ ၁၀ နှစ်အောက် ကလေး သုံးဦး၊ လက်ကျိုက်ကျေးရွာမှ ၁၅ နှစ်အောက် ကလေးငယ် ငါးဦးေ
Posted: 16 Mar 2014 08:56 PM PDT
ရန်ကုန်၊ မတ် ၁၆ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခြင်း မပြုလုပ်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ်၌ မတ်လ ၁၆ ရက်နေ့တွင် ဒေသခံ တစ်သိန်းကျော် ဆန္ဒပြ တောင်းဆိုကြကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးသန်းထွန်းက ပြောကြားသည်။ စစ်တွေမြို့၌ ဆန္ဒပြရာတွင်
Posted: 16 Mar 2014 08:42 PM PDT
ရန်ကုန်၊ မတ် ၁၆- မောင်တောမြို့ နယ်၊ အလယ်သံကျော်ကျေးရွာရှိ စက်လှေ တစ်စင်းပေါ်တွင် အမေရိ ကန်နိုင်ငံ လုပ် ခြောက် လုံးပြူးသေ နတ် နှင့် ကျည်ဆန်များကို မောင်တော မြို့နယ်ရဲတပ်ရင်းက ရှာဖွေတွေ့ ရှိခဲ့ ကြောင်း သိရသည်။ အဆိုပါလက်နက်များကို မောင် တောမြို့နယ်တောင်ပိုင်းရှိ အလယ် သံကျေး ရွာ အုပ်စု၊ နှာခေါင်းတိုကျေး ရွာရှိ နတ်မြစ်ကမ်းတွင် ရပ်ထားသော စက်လှေ တစ်စင်းတွင် မတ် ၁၅ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီးေ
Posted: 16 Mar 2014 08:39 PM PDT
ကွာလာလမ်ပူ၊ မတ် ၁၆ လွန်ခဲ့သော ၉ ရက်ခန့်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ ကို တာဝန်ယူပြီး မောင်းနှင် သွားခဲ့သည့် လေယာဉ်မှူးမှာ နိုင်ငံရေးခံယူချက် ပြင်းထန်သူ တစ်ဦးဖြစ်ပြီး မလေးရှား အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် အန်ဝါအီဘရာဟင်မ်ကို ထောက်ခံသူတစ်ဦး ဖြစ်သည်ဟု Daily Mail တွင် ဖော်ပြထားသည်။ လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည်
Posted: 16 Mar 2014 08:33 PM PDT
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပျောက်ဆုံးနေသည့် လေယာဉ်သည် တစ်ဦးတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်သွယ်ရေးစနစ်များကို ဖြတ်တောက်ပြီး လမ်းကြောင်းပြောင်း မောင်းနှင်သွာဖွယ်ရှိသည်ဟု စနေနေ့က ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောကြားပြီးနောက် စုံစမ်းရှာဖွေသူများက မလေးရှားလေကြောင်းအမှတ် အမ်အိတ်ခ်ျ ၃၇၀ ဘိုးရင်း ၇၇၇-၂၀ဝ လေယာဉ်ကို မောင်းနှင်သွားသည့် အဓိက လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့၏
Posted: 16 Mar 2014 06:47 PM PDT
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် ဂျက်လေယာဉ်ပေါ်က အချက်ပြစနစ်ဟာ လေယာဉ်မှူးက လေကြောင်းထိန်းသိမ်းရေး ဆက်သွယ်မှု မလုပ်ခင်ကတည်းက အပြည့်အဝ အလုပ်မလုပ်တော့သလို ပြဿနာတစုံတရာရှိတယ်ဆိုတာကို အရိပ်အမြွက်တောင် မပြောခဲ့ဘူးလို့ မလေးရှား အစိုးရထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ လေယာဉ်ရဲ့ ဆက်သွယ်ရေးစနစ် တစိတ်တပိုင်းရပ်သွားခဲ့ပြီးတဲ့နောက် လေယာဉ်စက်ခန်းကနေ မလေးရှား လေကြောင်းထိန်းသိမ်းရေးကို နောက်ဆုံးြေ
Posted: 16 Mar 2014 06:35 PM PDT
ယူကရိန်းကနေ ခရိုင်းမီးယား ကျွန်းဆွယ်ခွဲထက်ဖို့ ဆန္ဒမဲခံယူတာကို ရုရှားက ကျောထောက်နောက်ခံ အားပေးခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ တကွ  ဥရောပ မိတ်ဆွေတွေက ရုရှားအပေါ် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ လုပ်ဖို့ပြင်ဆင်နေပြီလို့ သမ္မတ  ဘာရက် အိုဘားမားက  ရုရှားသမ္မတ Vladimir Putin ကို တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့ ခရိုင်းမီးယား ဆန္ဒမဲခံယူတာဟာ ယူကရိန်းဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုချိုးဖေါက်နေတာမို့  
Posted: 16 Mar 2014 06:32 PM PDT
ယူကရိန်းနိုင်ငံ ​ခရိုင်းမီးယားဒေသ ​ပိုင်ဆိုင်မှုအရေးနဲ့ ​ပတ်သက်တဲ့ ​အငြင်းပွားစရာ ​ဖြစ်နေတဲ့ ​လူထုဆန္ဒ ​ခံယူပွဲ ​တရပ်ကို ​မနေ့ကပဲ ​ကျင်းပပြီးစီးခဲ့ပါတယ်။ လူထုဆန္ဒခံယူပွဲက ​ရရှိတဲ့ရလဒ်တွေအရ ​ခရိုင်းမီးယား ​ဒေသကို ​ယူကရိန်း ​နိုင်ငံ ​ထဲကနေ ​ခွဲထွက်ပြီး ​ရုရှား ​နိုင်ငံနဲ့ ​ပူးပေါင်းဖို့ ​အများစုက ​မဲပေး ​ထောက်ခံ ​ခဲ့ကြတယ်လို့ ​ရုရှား ​အစိုးရ ​သတင်း ​မီဒီယာ ​တွေက ​ဆိုပါတယ်။ ဆန္ဒခံယူပွဲကို ​ဒေသခံြ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...