Friday, March 21, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၃)

သစ်ထူးလွင်


Posted: 21 Mar 2014 07:04 AM PDT
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်း ရွှေပျောက်ဆုံးမှုနဲ့ဖမ်းဆီးချုပ်နှောင်ခံ ရသူတွေက သူတို့ကို ရဲ က ပြင်းထန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး ပြည့်ဖြိုး အိုင်စီဂျေ DVB TV News
Posted: 21 Mar 2014 06:56 AM PDT
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း လေယာဉ်တစီးပျက်ကျတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ပြည်နယ်တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းအတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ ဟားခါးမြို့နယ် ဟိုင်ဖိုင်ကျေးရွာအုပ်စု ကေဘောရွာအနီး မတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီက လေယာဉ်တစီး ပျက်ကျတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီအပေါ် ဟားခါးနဲ့ ဖလန်း ခရိုင် ရဲတပ်ဖွဲတွေ တောနင်းစုံစမ်းမှုလုပ်ပေမယ့် တစုံတရာ အတည်ပြုချက်မရသေးဘူးလို့ ချင်းပြည်နယ်ရဲတပ်ဖွဲ့က
Posted: 21 Mar 2014 06:47 AM PDT
မန္တလေးမြို့၊ ချမ်းအေး သာစံ မြို့နယ်၊ လမ်း (၆၀)၊ (၂၉) လမ်း နှင့် လမ်း (၃၀) ကြား ရှိ X Café ဆိုင် ရှေ့ တွင် မတ်လ (၁၉) ရက် နေ့၊ ည ၈ နာရီ အချိန် က မွေးနေ့ပွဲ ကျင်းပ နေသူ လူငယ် များကို အခြား လူငယ် များက အုပ်စု ဖွဲ့ကာ ရိုက်နှက်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံး မှ သတင်း ရရှိ သည်။ အခင်းဖြစ်စဉ်မှာ မွေးနေ့ပွဲ ကျင်းပ နေသူ များဆိုင်မှအပြန် ဆိုင်ရှေ့တွင် လူငယ်အုပ်စု တစ်စုက
Posted: 21 Mar 2014 05:25 AM PDT
လာမယ့် ဧပြီလ ၁ ရက်ကစပြီး အစိုးရ၀န်ထမ်းလစာတွေ ကျပ် ၂ သောင်းစီ တပြေးညီ တိုးပေးမယ်လို့ ဘဏ္ဍာအခွန်ဝန်ကြီးက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်က ၂၀၁၄ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လာရောက် ရှင်းလင်းတင်ပြရင်း လစာတိုးပေးမယ့်အကြောင်း ထည့်သွင်းပြောကြားခဲ့တာလို့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကြေ
Posted: 21 Mar 2014 05:15 AM PDT
မတ်လ ၂၁ ရက် (သာပေါင်း) ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်ကို သာပေါင်းမြို့နယ် ရဲစခန်းမှာ ရွာသားတွေက လူကုန်ကူးမှုနဲ့ အမှုဖွင့်ထားပေမယ့် ဒီကနေ့အထိ ဖမ်းဆီးခြင်းမရှိဘဲ လွှတ်ပေးထားတယ်လို့ တောင်ကလေးကျေးရွာဒေသခံတွေက Myanmar News Now ကို ပြောပါတယ်။ တောင်းကလေးကျေးရွာက လူငယ်တွေကို ထိုင်းနိုင်ငံကို တရားမ၀င်လမ်းကြောင်းကနေ ပို့ဆောင်၊ အကြွေးနဲ့ချည်နှောင်ပြီး
Posted: 21 Mar 2014 04:27 AM PDT
    ငါတို့ကတော့ ဒီပါတီဘက်ကပဲ ရပ်တည်မယ်။ အခြားပါတီထောင်မှာလားဆိုတော့ သစ္စာတရား အခြေခံပြီးတော့ ရှုံးရင်လည်း ဒီပါတီနဲ့ရှုံးမယ်။ နိုင်ရင်လည်း ဒီပါတီနဲ့နိုင်မယ်။ ပါတီရဲ့လမ်းစဉ်မူဝါဒလည်း မှန်နေတာပဲ။ လူ့အကြိုက် လိုက်လုပ်တိုင်း ကောင်းတာမှမဟုတ်တာ . . . ၂၀၁၅ တွင် ကျင်းပမည့် ပါတီစုံရွေး ကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်နိုင်မည်ဟု နိုင်ငံရေး သမားများနှင့် ပြည်သူအများစု ထင်ကြေးပေးခြင်း ခံထားရသော အာဏာရ
Posted: 21 Mar 2014 04:13 AM PDT
မကွေးတိုင်း ပခုက္ကူမြို့မှာ ဒေသခံတွေက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားချက်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ပယ်ချလိုက်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြဖို့ ဥပဒေနဲ့အညီ လျှောက်လွှာတင်ခဲ့တာဖြစ်ပေမဲ့၊ အကြောင်းပြချက် ၄ ရပ်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ်လိုက်တာဖြစ်ကြောင်း မနေ့က ရက်စွဲနဲ့ အကြောင်းပြန်စာမှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်လျှောက်လွှာကို
Posted: 21 Mar 2014 04:04 AM PDT
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ် ဘုရင့်နောင်တာဝါ(၂)ရှိ ၄ လွှာ အခန်းအမှတ် ၄၀၆ ဘီရှိ အခန်းတစ်ခု တွင် အိမ်အကူမိန်းကလေးအား အိမ်ရှင်ဖြစ်သူ ဒေါ်စီစီလျာ (ခ)ခါးခါးမှ ရေနွေးပူဖြင့်ပက်၊ ပါးနားရိုက်ခြင်းများ၊ အမှိုက်လှည်းရာတွင် မပြောင်ခြင်းများကြောင့် လျှာဖြင့်ပြန်လျက်ခိုင်းခြင်းများ၊ အ၀တ်လှန်းသည့် သံတုတ်များဖြင့် မျက်နှာကို ရိုက်နှက်နှိပ်စက်ခြင်းများ၊ ၈ ရက်ခန့် အခန်းပိတ်လှောင်ထားခြင်းများ (၃)လ ခန့်
Posted: 21 Mar 2014 04:02 AM PDT
ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ်တွင် မတ်လ ၁၅ ရက်နေ့ညကဓားဖြင့် ရက်စက်စွာ မသေမချင်း ခုတ်သတ်ခံခဲ့ရသည့် ကိုမင်းမင်းဦးမှာ ပြစ်မှုကျုးလွန်ခဲ့ သူတရားခံ နှင့်ရန်ငြိုးရန်စ တစ်စုံတစ်ရာမရှိဘဲ မတရား ခံခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရှိရသည်။ အခင်းဖြစ်ပွားခဲ့သည့်နေ့က ဓားဖြင့် ခုတ်သတ်ခံခဲ့ရသူ ကိုမင်းမင်းဦးမှာအလုပ်မှ အပြန် ၀ါးတံတားလမ်းတွင် နေထိုင်သည့်
Posted: 21 Mar 2014 03:50 AM PDT
စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ တောင်ငူတက္ကသိုလ် တတိယနှစ် ရူပဗေဒ ကျောင်းသူ(၂)ဦးရဲ့ ဆိုင်ကယ်နဲ့ ၆ဘီးတပ်ယာဉ် နောက်ပိုင်းနဲ့ ပွတ်တိုက်မိပြီး ကျောင်းသူတဦး သေဆုံးမှုတစ်ခု မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ မဒေလီယာ(၂၁)နှစ် မောင်းနှင်းလာတဲ့ ဆိုင်ကယ်ကို မကြည်ပြာဖြိုးအောင် (၂၀)နှစ် စီးနင်းလိုက်ပါလာရာ ရန်ကုန်-မန္တလေး ကားလမ်း တောင်ငူ-သံတောင်ကားလမ်း လမ်းဆုံမီးပွိုင်အနီး NISSAN အမျိုးအစား (၆)
Posted: 21 Mar 2014 03:41 AM PDT
ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးက ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲတွေမှာ ဆန္ဒပြသူတွေရဲ့ အနှောင့်အယှက်တွေ ရှိခဲ့တာကြောင့် တရားမ၀င်ကြောင်း မတ် ၂၁ ရက် ဒီနေ့ ထုတ်ပြန် ကြေညာပါတယ်။ အဲဒါကြောင့် ထိုင်းအစိုးသစ် ဖွဲ့စည်းဖို့ဆိုတာတွေလည်း နှောင့်နှေးမှုတွေ ဖြစ်တော့မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလရွေးကောက်ပွဲအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းမှာ မဲရုံ ၂၈ ရုံမှာ ဆန္ဒပြသူတွေက ပိတ်ဆို့ထားတာကြောင့်
Posted: 21 Mar 2014 03:39 AM PDT
ငွေဆောင် မတ် ၂၁ (၈.၃.၂၀၁၄)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲ ပုလဲငွေဆောင်ဟိုတယ်သို့ ရောက်ရှိတည်းခိုနေထိုင်သည့် ပိုလန်နိုင်ငံသူ Ms. KATARZYNA JOANNA (၃၇)နှစ်သည် (၁၀.၃.၂၀၁၄)ရက်နေ၊ (၂၁း၀၀)နာရီ အချိန်ခန့်တွင် ရွှေဟင်္သာဟိုတယ်မှ ကမ်းခြေအတိုင်းတစ်ဦးတည်း လမ်းလျှောက်၍ ပြန်လာစဉ် Silver Coast ဟိုတယ်ရှေ့အရောက်တွင် ၄င်း၏ နောက်မှ လူ(၂) ဦးလိုက်ပါလာကာ မျက်နှာအားလက်သီးနှင့် ထိုးပြီး
Posted: 21 Mar 2014 03:29 AM PDT
ရန်ကုန်၊ မတ် ၂၀ ရန်ကုန်မြို့တွင်း နယ်လိုင်စင်များဖြင့် မောင်းနှင်လျက်ရှိသော အငှားယာဉ် (TAXI) များကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးလျက် ရှိခြင်းကြောင့် နယ်လိုင်စင် ဝင်ထားသော အငှားယာဉ်များ ဈေးနှုန်းရော အရောင်းအဝယ်ပါ ကျဆင်းနေကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။ အဆိုပါ မော်တော်ယာဉ်များ ဖမ်းဆီး စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ နောက်ဆုံးပတ် အတွင်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဖမ်းဆီးခြင်းကြောင့်
Posted: 21 Mar 2014 03:21 AM PDT
ရန်ကုန်၊ မတ် ၂၁ ၂၀.၃.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် သုံးခွမြို့ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သုံးခွမြို့နယ်၊ အနောက်ကျေးရွာ၌ အမျိုးသမီးတစ်ဦး ရေခန်းနေသည့် ရေကန်အတွင်း နွံနစ်သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်တင်စန်း၊ (၅၅)နှစ်ဖြစ်ပြီး ၎င်းသည် နေအိမ်မြောက်ဘက်ရှိ အကျယ်(၃၀)ပေခန့်ရှိ ရေခမ်းစ ပြုနေသောရေကန်အတွင်း၌ နွံအနက်(၄)ပေ ခန့်ရှိ နွံအိုင်အတွင်း စောက်ထိုးကျလျက်
Posted: 21 Mar 2014 03:19 AM PDT
အဲပုဂံ၊ ထူးကုမ္ပဏီများနဲ့ ဦးတေဇကို အမေရိကန် ၂ ဦးက အမေရိကန်နိုင်ငံရဲ့ စူပါ ပါဝါကို အသုံးချပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံ တရားရုံးတွေမှာ မမှန်ကန်တဲ့စွပ်စွဲချက်တွေနဲ့ တရားစွဲထားကြောင်း ဦးတေဇက သူ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ တရားစွဲတဲ့သူ ၂ ဦးက Mr. Allan Lokos နဲ့ Mrs. Susanna Weiss တို့ဖြစ်ပြီး အဲပုဂံလေယာဉ် XY-AGC ရှမ်းပြည်နယ် ခရီးစဉ်အသွား ပျက်ကျမှုမှာ
Posted: 21 Mar 2014 03:17 AM PDT
ရန်ကုန်၊ မတ် ၂၁ ၂၀.၃.၂၀၁၄ ရက်နေ့ ၂၁၅၀ အချိန် မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့၊ မြောင်းတကာ ရဲကင်းစခန်းမှတပ်ဖွဲ့ဝင် များသည် မြောင်းတကာကျေးရွာ၌ အမျိုးသမီးငယ်တစ်ဦး ပိုးသတ်ဆေးသောက် သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မသီတာအေး၊ (၁၅)နှစ်၊ (၉)တန်းကျောင်းသူ ဖြစ်ပြီး နေအိမ်ဘေးရှိ ဟင်းရွက်စိုက်ခင်းအတွင်း ပါးစပ်မှအမြှုပ်များ ထွက်ကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။ ဖြစ်စဉ်အား စုံစမ်းရာ၎င်းသည်
Posted: 21 Mar 2014 02:59 AM PDT
စုဆောင်းအပ်နှံထားတဲ့ငွေတွေ ဆိုင်ရှင်ဆီက ပြန်လည်ထုတ်ယူတာ မရလို့ စားပွဲထိုးတစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု တောင်ငူမြို့မှာ မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ၂၁.၃.၂၀၁၄ ရက်ေ မနက် ၉ နာရီ ၁၀ မိနစ်အချိန်က တောင်ငူမြို့ ၁၈ ရပ်ကွက် ရန်ကုန် မန္တလေးကားလမ်းမ အနောက်ဘက်ခြမ်းရှိ ရွက်သစ်ဝေေ၀ စားသောက်ဆိုင်ရှေ့မှာ စားပွဲထိုးဖြစ်သူကိုမျိုး ခေါ် မျိုးမင်းလှိုင် (၂၁ နှစ်)ဟာ စုဆောင်းအပ်နှံထားတဲ့ငွေကို
Posted: 21 Mar 2014 02:53 AM PDT
မြစ်ကြီးနား၊ မတ် ၂၀ ကချင်ပြည်နယ် မန်စီမြို့နယ် တရုတ် - မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းတွင် မီးလောင်မှု ဖြစ်ခဲ့သောကြောင့် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ကြောင်း ကရုဏာမြန်မာ လူမှုဖွံ့ဖြိုးရေး (ဗန်းမော်) ရုံးက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ယင်း စစ်ရှောင်စခန်းတွင် မတ်လ ၂၀ ရက်နေ့ နံနက် ၂ နာရီခန့် အချိန်က လေပြင်း ကျရောက်စဉ် စစ်ရှောင်စခန်း အတွင်းရှိ
Posted: 21 Mar 2014 02:51 AM PDT
ရန်ကုန်၊ မတ် ၂၀ ပြည်တွင်းအလှကုန် ဈေးကွက်အတွင်းရှိ တားမြစ် ဓာတုပစ္စည်းများ ပါဝင်နေသော ထိုင်းနိုင်ငံထုတ် အသားဖြူခရင်မ် တံဆိပ် ကိုးမျိုးကို သုံးစွဲရန် မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။ အလှကုန် ဈေးကွက်မှ မှတ်ပုံတင် မထားသော အသားဖြူခရင်မ် ပစ္စည်း ၂၁ မျိုးကို စစ်ဆေးခဲ့ရာ ကိုးမျိုးတွင် တားမြစ် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို စစ်ဆေးေ
Posted: 21 Mar 2014 02:31 AM PDT
အိမ်ဖော်အဖြစ်လုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် အိမ်ဖော်အမျိုးသမီးတဦးကို အိမ်ရှင်က ရေနွေးပူနဲ့လောင်း၊ မီးပူနဲ့ အထိုးခံရတာ အပါအ၀င် အပြင်းအထန် နှိပ်စက်ခံရမှုတခု ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန် ဘုရင့်နောင်တာဝါ ၂ က အခန်းတခုမှာ နေထိုင်တဲ့ ဒေါ်စီစိလျ (ခ) ဒေါ်ခါးခါး ဆိုသူက သူ့အိမ်ဖော် မသီတာဝင်းကို ရေနွေးပူလောင်း၊ မီးပူထိုးတာအပါအ၀င် အပြင်းအထန် နှိပ်စက်ခဲ့တာဖြစ်ပါတယ်။ မသီတာဝင်းဟာ မကွေးတိုင်းေ
Posted: 20 Mar 2014 08:36 PM PDT
ဖျာပုံ၊ မတ် ၁၈ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတွင် အများပြည်သူများ အန္တရာယ် ကင်းရှင်းရေး၊ ၀န်ထမ်းများ လုပ်အားခရရှိရေးနှင့် အထက်အရာရှိက ဌာနအပေါ်တွင် ကိုယ်ကျိုး စီးပွားရှာနေခြင်း တို့အား သက်ဆိုင်ရာဌာနများသို့ တင်ပြမိ သည့်အတွက် တင်ပြသော ၀န်ထမ်းများအား တရားမ၀င်ဓာတ် အား သုံးစွဲမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမ၀င် ဘီလ်မထွက် သော မီတာများ ဖြစ်ပေါ်ခဲ့ခြင်း၊
Posted: 20 Mar 2014 08:38 PM PDT
မူးယစ်ရမ်းကား၍ အချုပ်ခန်းတွင်း ထိန်းသိမ်းခံထားရသူ ရိုက်နှက်ခံဒဏ်ရာများနှင့် အသည်းကွဲသေဆုံး တာဝန်ကျဝန်ထမ်းများနှင့် မသက်ဆိုင်ဟု ရဲစခန်းမှူး ငြင်းဆို ရန်ကုန်၊ မတ် ၁၃ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ မြို့မရဲစခန်း အချုပ်ခန်းအတွင်း မတ် ၉ ရက်က အချုပ်သား တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ယင်းသို့ သေဆုံးမှုမှာ ရဲစခန်း တာဝန်ကျ ၀န်ထမ်းများနှင့် မသက်ဆိုင်ကြောင်း မြို့မ ရဲစခန်းမှ ဒုရဲမှူး ဦးသက်စိုးက
Posted: 20 Mar 2014 08:24 PM PDT
ရန်ကုန်၊ မတ် ၂၀ ပြည်ထောင်စုလွှတ်တော်က အခွန်ဥပဒေများကို အတည်ပြုလိုက်ပြီး ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန် (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) ပမာဏများကို လျှော့ချလိုက်သဖြင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်တက်နိုင်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့က ပြောကြားသည်။ ဝင်ငွေရလမ်း မဖော်ပြနိုင်သော (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) ဥပဒေ ပြင်ဆင်ချက်တွင် ယခင် ပေးဆောင်ရသည့် ၃၀ ရာခိုင်နှုန်းမှ ၃
Posted: 20 Mar 2014 08:07 PM PDT
ရန်ကုန်၊ မတ် ၂၀ မြန်မာနိုင်ငံက နိုင်ငံတကာထံ ချေးယူငွေများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချေးယူထားငွေမှာ ပြည်ပချေးငွေ စုစုပေါင်း၏ ထက်ဝက်ခန့် ရှိပြီး အမေရိကန်ဒေါ်လာ ၄၀၂၈ ဒဿမ ၁၉၃ သန်း ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။ မတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန် ကျန်ရှိသည့် ချေးငွေ ပမာဏကို
Posted: 20 Mar 2014 07:37 PM PDT
အိန္ဒိယ နိုင်ငံ မှာ ဆေးကျောင်းသူလေး တယောက် ကို လူတစု က အုပ်စုဖွဲ့ မုဒိန်းကျင့် လို့ ဆေးကျောင်းသူလေး သေဆုံးတဲ့ အမှု ပေါ်ပေါက် ပြီး မကြာခင်မှာ အမျိုးသမီး ဓါတ်ပုံ သတင်းထောက် တယောက် ကို လည်း အုပ်စု ဖွဲ့ မုဒိန်းကျင့်မှု ဖြစ်ခဲ့ပါတယ်။ ဒီအမှု နဲ့ ပတ်သက်တဲ့ တရားခံ လေးယောက် ကို တရားရုံး က အပြစ်ရှိကြောင်း အမိန့်ချပြီး ကနေ့ မှာ အပြစ်ဒဏ် စီရင်ချက် ချမှတ်တော့မှာပါ။ အခု အချိန်မှာ မုဒိန်းမှု တွေ တိုးလာလို့ အိန္ဒိယ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...