Tuesday, February 11, 2014

"NGOs"


မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ပြင်ပက လူတွေက သိပ်မသိကြဘူး..။ ဒီလိုပဲ ပြည်တွင်းကလူတွေကလည်း ဂလိုဘယ်လိုက်ဇေးရှင်းလှိုင်းပုတ်ချက်ကို မယဉ်ပါးနိုင်ကြသေးဘူးထင်တာပဲ..။ ဒီ ဂလိုဘယ်လိုက်ဇေးရှင်းရိုက်ချက်တွေထဲက တစ်ခုက အင်ဂျီအို လို့ ခေါ်တဲ့ အဖွဲ့ တွေပေါ့….။ ခုလို ၂၀၁၀ နောက်ပိုင်း ဖြေလျော့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းထဲ ၀င်တိုးဖို့ လုပ်တာနဲ့ အတူ ကမ္ဘာ့ NGO မျိုးစုံ ဟာ ရည်ရွယ်ချက်မျိုးစုံနဲ့ ဝင်လာတော့တာပေါ့လေ..။ ဒီနေ့ ခေတ်မှာ INGO/NGO မရှိတဲ့ တိုင်းပြည်အတော်ရှားလိမ့်မယ်ထင်တယ်..။


နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ တွေရဲ့ မူဝါဒတွေကလည်း ဒီလို အစိုးရမဟုတ်တဲ့ အဖွဲ့ တွေက တဆင့်ပဲကူညီလာကြတာဆိုတော့ ဒီအဖွဲ့ တွေဟာ ဆင်းရဲတဲ့ နိုင်ငံတွေက အစိုးရတွေအဖို့ မချစ်သော်လည်း အောင့်ကာနမ်းဖြစ်လာကြတာပေါ့လေ…။ ဒီလိုနဲ့ ပရဟိတစိတ် (Altruism) ဟာ ချမ်းသာတဲ့နိုင်ငံကလူတွေအတွက် လုပ်သားဈေးကွက်ကြီး (job market) ကြီးဖြစ်လာတဲ့အပြင် အချို့ နိုင်ငံတွေမှာဆိုရင် သက်ဆိုင်ရာ အစိုးရတွေကိုလည်း ဒီအဖွဲ့ တွေကနေတဆင့် အလှူရှင်နိုင်ငံတွေက ထိန်းချုပ်လာနိုင်တဲ့ အဆင့်ထိကိုရောက်လာကြလို့ NGO Business လို့ တောင် ကင်ပွန်းတပ်ကြလေရဲ့ ….။

အမှန်တကယ်က ဒီအဖွဲ့ တွေရဲ့ ပင်မရည်ရွယ်ချက် က သက်ဆိုင်ရာ တိုင်းပြည်တွေမှာ Civil Societies လို့ ခေါ်တဲ့ အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေ ဖွံ့ ဖြိုးစေရေး အကူအညီပေးရေးပါ..။ ကုလသမဂ္ဂတို့ အစိုးရတို့ ဆိုတာတွေဟာ အောက်ခြေ လူထုနဲ့ ထိတွေ့ ဖို့ လုပ်ဆောင်ရာမှာ ကြာညောင်းတယ်..အောက်ခြေက လိုအပ်ချက်နဲ့ အသံကို မသိဘူး စတဲ့ အားနည်းချက်တွေရှိတယ်..။ ဒါပေမယ့် ဒီအဖွဲ့ တွေကကြတော့ မြန်မြန်ဆန်ဆန်လှုပ်ရှားနိုင်တယ်… လူထုနဲ့ တိုက်ရိုက်ထိတွေ့ ခွင့်ရတယ်.. လူထုလိုအပ်ချက်ကို သိတယ်….စတဲ့အားသာချက်တွေရှိတယ် (Reach the grass-root level )။ ဒါ့အပြင် အစိုးရလုပ်မပေးနိုင်တဲ့ ၀န်ဆောင်မှုတွေကိုပေးနိုင်တယ်..။ အစိုးရရဲ့ ပေါ်လစီတွေကို စောင့်ကြည့် တည့်မတ်ပေးနိုင်တယ် စသဖြင့် အယူအဆတွေပေါ့ (Decentralization)..။

ဆိုတော့..ဒီအဖွဲ့ တွေမှာ CBO (Community Based Organizatoins) တွေလို ရပ်ရွာအဖွဲ့ တွေကအစ Local NGO တွေအလယ် နောက်ဆုံး အစိုးရတပိုင်း ကြက်ခြေနီလို အင်ဂျီအိုတွေ နဲ့ International NGO (INGOs) တွေထိပါသွားတာပေါ့…။
အမှန်တကယ် လူမှုအပြောင်းအလဲဖြစ်စဉ်( Social Process) ကိုအကောင်အထည်ဖေါ်မယ်ဆိုရင် ဒီအဖွဲ့ တွေက လိုကိုလိုအပ်ပါတယ်..။ တကယ့်တကယ် ဒီအဖွဲ့ တွေသာ အားကောင်းခဲ့ရင် နာဂစ်လို သဘာဝဘေးအန္တရာယ်နဲ့ ကြုံတဲ့အခါမှာ ဒီအဖွဲ့ တွေကနေတဆင့် မြန်မြန်ဆန်ဆန် ကူညီနိုင်တာပေါ့လေ…။ နာဂစ်မှာ အပေါ်ယံကြောမဟုတ်ပဲ ထဲထဲဝင်ဝင် လုပ်ဖူးရင် ဒီအဖွဲ့ တွေ ရဲ့ အခန်းကန္တ ဘယ်လောက်အရေးကြီးဆယ်ဆိုတာ သိပါတယ်...။ ဒါပမယ့် မြန်မာ့နိုင်ငံရေးက နာဂစ်တုန်းက ဒီလောက် ခွင့်မပြုခဲ့ဘူး..။ ဘေးအန္တရယ်ကာကွယ်ရေးစီမံခန့် ခွဲမှု ဥပဒေ (Disaster Management Law) ဆိုတာတောင် လွန်ခဲ့တဲ့ နှစ်ကမှ ထုတ်ပြန်နိုင်တာ..။ စစ်အစိုးရရဲ့ တင်းကျပ်တဲ့ Existing Order အောက်မှာ လှုပ်ရှားရတာ..။

နိုင်ငံရေးကိစ္စမပါဘဲနဲ့ ဆိုရင်တောင်..ဒီလို သဘာဝ ဘေးဒဏ်ကယ်ဆယ်ရေးဆိုတာ လုပ်ချင်စိတ်ရှိပေမယ့် လုပ်တတ်ကိုင်တတ်ဦးမှ...။ ငွေလှူတာပဲဆိုပြီး ဘုရားပွဲ ပိုက်ဆံကျဲသလို သွားလုပ်ရင် နောက်ဘေးထွက်ဆိုးကျိုးတွေရှိတယ်..။ လူတွေကြားမှာ ပရဟိတ စိတ်ရှိကြပါတယ်...။ ...အဲ..လုပ်ပုံကိုင်ပုံနေရာမကျလို့ … အပြင်က အကူအညီ အထောက်အပံ့တွေလာမှ လူတွေစိတ်ဓါတ်တွေပျက်ကုန်တတ်တာ…(Moral Hazard)..။ ကယ်ဆယ်ရေးအကူအညီဆိုတာ စံနစ်တကျ စီမံခန့် ခွဲတတ်ဖို့ လုပ်တတ်ကိုင်တတ်ဖို့ အရေးကြီးတယ်...။

တကယ်က…နိုင်ငံတကာအကူအညီတွေမှာ ထားရှိတဲ့သဘောထားက...အလှူဆိုတာ ဘာကြောင့်လှူလဲ...လှူတဲ့ငွေကို ဘယ်လို အကျိုးရှိအောင်သုံးမှာလဲ..ဒီလို အကျိုးရှိမရှိ ဘယ်လို သိနိုင်မလဲ ဆိုတာပဲ...။ ဒါကို သူတောင်းစားပိုက်ဆံပေးသလိုမျိုး အလှူနဲ့  ဘေးအန္တရာယ်ကယ်ဆယ်ရေး အလှူနဲ့ သွားရောပြီးနားလည်လို့ မရဘူး...။ သူတောင်းစားကို လှူတာက သနားလို့ လှူတာ...ဒုက္ခသည်တွေကိုလှူတာက တန်းတူစိတ်နဲ့ လှူရတာ..(right to protection)..ဆိုတော့ ဒီ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာက လူမှုသဘောတရားတွေအများကြီးပါတယ်...။ ဆိုခဲ့တဲ့အလှူနဲ့ ပါတ်သက်တဲ့အချက်သုံးချက်ကို စံနစ်တကလုပ်နိုင်တာက အဖွဲ့ အစည်းတွေပဲရှိတယ်..။

ကျန်တဲ့ (Charity Based) ဘာသာရေးအဖွဲ့ တွေ....ဥပမာ သီတဂူဆရာတော်ကြီးတို့ ဆီလှူလိုက်တာမျိုးက လူတွေဆီကိုတိုက်ရိုက်ရောက်တဲ့ အားသာချက်တော့ရှိတယ်..ဒါပေမယ့် ဆိုခဲ့တဲ့အချက်သုံးချက်ကို အာမမခံနိုင်ဘူး...။ ဆိုတော့ နောက်ဆုံး Capacity Building ကိုရောက်တာပဲ..။ နာဂစ်မှာ လုပ်သမျှအရာအားလုံး (ကယ်ဆယ်ရေး + ပြန်လည်ထူထောင်ရေး) မှာ အကြီးမားဆုံး စိန်ခေါ်မှုက မလုပ်တတ်မကိုင်တတ်ခြင်းပဲ..(.ကိုယ်ကိုယ်တိုင်လည်းပါတာပဲ..)။ အခုမှ နဖူးတွေ့ ဒူးတွေ့ ကိုး..။ ဆိုတော့…တိုင်းပြည်မှာ ဒီလိုအဖွဲ့ အစည်းနဲ့ စံနစ်တကျ လုပ်တတ်ကိုင်တတ်တဲ့ ဓလေ့ ထွန်းကားဖို့ လိုနေတာပေါ့....။
သမားရိုးကျ အလှူငွေနဲ့ ပစ္စည်း လက်ခံ၊ ပြန်ဖြန့် ..ဒီလောက်လုပ်နိုင်တာကို ကယ်ဆယ်ရေး လုပ်တယ်လို့ ပြောလို့ မရဘူး..။ တကယ်က အဲဒီ ကယ်ဆယ်ရေးပစ္စည်းဖြန့် တဲ့ဖြစ်စဉ်မှာကို ပဲ...ဘယ်ရွာကို ဦးစားပေးဖြန့် မလဲ...ဘယ်သူတွေကို ပေးမှာလဲ...ဘာကြောင့် ပေးမှာလဲ...ဘယ်ပစ္စည်းကို ပေးတာအကောင်းဆုံးလဲ..စသဖြင့် စဉ်းစားရတဲ့အချက်တွေအများကြီးရှိတယ်..။ ဒါတွေကို မှန်မှန်ကန်ကန်လုပ်နိုင်မှ ထိရောက်တာ...။ ဆိုတော့ ...ပထမအဆင့် ဆိုခဲ့တဲ့အချက်တွေကို သိဖို့ ကွင်းဆင်း စစ်တမ်းကောက်ရတာ (assessment) လုပ်ငန်းအစီအစဉ်ဆွဲရတာ (Action Plan) သူများကိုသွားကယ်မယ့်သူကိုယ်တိုင်က ဘေးဒုက္ခမရောက်အောင်ကြိုတင်စီမံရတာ (security)....ဒီလို အတိဒုက္ခရောက်နေတဲ့ မြင်ကွင်းတွေ အနိဋ္ဋာရုံတွေက ကယ်ဆယ်ရေးသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်တော့ ဒီလိုဒဏသင့်တဲ့သူတွေကိုပြန်လည်ထူထောင်ရတာ ..စသဖြင့်...အများကြီးပဲ...။

ကယ်ဆယ်ရေးအဆင့်ကနေ ပြန်လည်ထူထောင်ရေးအဆင့်ကို ချောချောမွေ့ မွေ့ ကူးပြာင်းနိုင်အောင် စီမံတတ်ဖို့ လည်းလိုတယ်..။ ဥပမာ- Shelter Tool Kits ဆိုတဲ့ လက်သမားသုံးပစ္စည်းတွေဟာ အစုံလိုက်က တန်ဖိုးကြီးတော့ များများမပေးနိုင်ဘူး..။ ကယ်ဆယ်ရေးအဆင့်မှာ အရေးပေါ်အခိုအကာအတွက် အသုံးပြုဖို့  ဒီပစ္စည်းတွေကို ဝေရာမှာ အိမ်ထောင်စု တစ်ခုတည်းကိုပဲ ကွက်ဝေပေးတာမျိုးမလုပ်ရပဲ အနဲဆုံးငါးအိမ်ထောင်တစ်စုံ ဘုံသုံးအဖြစ်ဝေပေးရတယ်။ …ဒါမှမဟုတ် ဘုန်းကြီးကျောင်းကို လှူရတယ်...။ ဒါမှသာ.. ပြန်လည်ထူထောင်ရေးအဆင့်မှာ အခိုအကာတွေအများကြီးဆောက်လုပ်ပေးပြီဆိုရင် ရပ်ရွာက ဒီပစ္စည်းတွေကို ပြန်သုံးနိုင်တယ်..။ ရပ်ရွာရဲ့ စည်းလုံးမှုကိုလည်း ရစေတယ် ဆိုတာမျိုးပေါ့…

ခု..ပြောတာတွေကို ကျွမ်းကျွမ်းကျင်ကျင်ပိုင်ပိုင်နိုင်လုပ်တတ်ဖို့ က သင်ယူမှရတယ်..။ ဒါလုပ်ဖို့ က...အချိန်တစ်ခုပေးရမယ်..International NGO, UN တို့ ဆီက Knowledge Transfer လုပ်ရမယ်လေ..။ ဒါမှ.. ဒီနိုင်ငံတကာ အဖွဲ့ အစည်းတွေရဲ့ ပင်မ ရည်ရွယ်ချက်ဖြစ်တဲ့… ဒေသခံ အဖွဲ့ တွေ (LNGO, CBO, etc) ကို မြှုင့်တင်ထူထောင်ရေးကအောင်မြင်တာ..။ ဒီလို ဒေသခံအဖွဲ့ တွေဟာ သူတို့ ဘာသာ သူတို့ လည်ပတ်လုပ်နိုင်..စီမံခန့် ခွဲနိုင်ပြီဆိုရင်….Development as Social Change ဖြစ်တာပဲ..။

ဒါဆို.. ဒီလို အစိုးရမဟုတ်တဲ့ အဖွဲ့ တွေ (ကုလ အပါအ၀င်) တွေမှာရော မကောင်းတဲ့အချက်တွေမရှိဘူးလားပေါ့…။ လုပ်တာတော့ Non-discrimination ဆိုပြီးလုပ်ကြတာပဲ...။ ဒါပေမယ့် အချို့ ဟာတွေကြတော့ Positive Discrimination ဆိုပြီးလုပ်ကြရလေ့ ရှိတယ်...ဥပမာ..အမျိုးသမီးကိုပဲ ဦးစားပေးခန့် ထားရမည်ဆိုတဲ့ လိင်ခွဲခြားမှုမျိုး...။ ဒုက္ခသည် (refugees) ကိုပဲ ဦးစားပေးရမည် ဆိုတာမျိုး..။ ဒါကကြတော့ Beneficiary Selection မှာပါတဲ့ သတ်မှတ်စံတွေ criteria တွေဘယ်လိုတည်ဆောက်သလဲပေါ်မူတည်သွားတော့တာ..။ အဲဒီအခါမှာ ခွဲခြားဆက်ဆံတယ်ဆိုတာ အလိုလိုဖြစ်သွားရော...။

နောက်တစ်ခုက power structure လို့ ပြောရမယ့် စီမံခန့် ခွဲမှုအဆင့်တွေမှာ အပေါ်က လူတွေရဲ့ ပေါ်လစီပေါ့..။ နိုင်ငံတကာအဖွဲ့ တွေမှာ အရေးပါတဲ့ နေရာက နိုင်ငံခြားသားတွေပဲရတာ...။ အဲလိုလူတွေက မောင်းတောတို့ လို ရုံးတွေမှာဆိုရင်.. တကယ့်အာဏာရှိဆုံး တရုံးလုံးကိုမောင်းနှင်တဲ့သူတွေပဲ..။ သူတို့  ရုံးကို အလုပ်လုပ်ဖို့ ရောက်တာနဲ့  ကုလားတွေက ပိုင်အောင်ပေါင်းထားလိုက်တော့တာပဲ..။.နဂိုရှိရင်းစွဲ ကိုင်းညွှတ်မှုနဲ့ ဆိုတော့ အများကြီးလွယ်သွားတာပေါ့လေ...။ အဲ..လက်အောက်ငယ်သားတွေဆိုတာလည်း beneficiaries must be employees ဆိုတဲ့ ပေါ်လစီနဲ့ သွားတာ..။ ဒိလိုနဲ့ ဒီ ကုလားတွေက ၀န်ထမ်းဖြစ်လာရော...။ ဘာသာစကားလိုအပ်မှုအရ သူတို့ ကသာလျှင် တကယ့် ကွန်မြူနတီနဲ့ ပဲထိတွေ့ ရတာဆိုတော့...ရခိုင်ကို ကူညီတယ်ဆိုတာ ကုလားပေးတာကျန်မှ ရတာမျိုးဖြစ်လာတယ်..။ ရခိုင်က ဒုက္ခသည်မဟုတ်တော့ အမြဲတမ်းလည်းပေးလို့ မရပြန်ဘူး..။ ဘတ်ဂျက်မှာက သတ်မှတ်ပြီးသား..။

ဒီလိုနဲ့ ဘုတ်ကျီးမြှောက် ကျိးဘုတ်မြှောက်နဲ့ ခွဲခြားဆက်ဆံမှုဆိုတာ ပေါ်လစီလာဖြစ်တာပဲ.....။ မန်းဒိတ်မှာကို က to safe-guard the welbeing of refugees ဆိုပြီး တခါတည်း positive discrimination က ပါပြီးသားကိုး..။ ...အခြား INGO တွေမှာလည်း ဒီတိုင်းရှိနေတတ်တာ..။.အထူးသဖြင့် ဘာသာရေးအခြေခံ အဖွဲ့ တွေမှာ သူ့ဘာသာဝင်မှ အလုပ်ခန့် ဖို့  Short-list ကတည်းက ဖေါ်မပြောပေမယ့်..ကန့် သတ်ထားလိုက်ပြီးသား..။ ဒါပေမယ့် နာဂစ်မှာတော့ ဒီ Faith Based Organization တွေက ဒုက္ခသည်တွေကို ကူညီရာမှာ တော့ ခွဲခြားဆက်ဆံမှု မရှိသလောက်ပါပဲ..။ အခြားမှာဆိုရင်တော့…ကုလ လိုနေရာမျိုးမှာကလည်း ဆရာမွေးတပည့်မွေးတွေက Internal Politics အနေနဲ့ ရှိနေတတ်တာပဲ…။..နဲတာများတာကွာတာပဲရှိတယ်....။ တောင်အာရှသား တွေ (အန္ဒိယ၊ နီပေါ) အစရှိသဖြင့် ကြီးစိုးလွန်းလို့ ကုလားသမဂ္ဂ လို့ တောင် နာမည် ပြောင်ခေါ်ကြလေရဲ့ ….

ဒီလို ဟာတွေကို ထိန်းချုပ်ဖို့ ကြတော့ အစိုးရနဲ့ မဆိုင်ပြန်ဘူး..။ လုပ်လို့ လည်းမရဘူး…။.အဲ ခပ်မာမာခပ်တင်းတင်း အစိုးရဆိုရင်တော့ ပြည်တွင်း နိုင်ငံရေးဝင်ရှုပ်မှာကို ကာကွယ်ဖို့ အတွက် ဘယ်သူက ဘာပြောပြော ကိုင်တာပဲ..။ ဥပမာ..ပူတင် ကြီးက INGO တွေရဲ့ ငွေကြေးစီးဆင်းမှုတွေ နဲ့ လုပ်ငန်းလည်ပတ်မှုကို ထိန်းချုပ်စစ်ဆေးနိုင်မယ့်ဥပဒေပြဋ္ဋာန်း တာပဲ..။ ဘာ လူ့ အခွင့်အရေး မှ ဘာမှ လာမပြာနဲ့  မာမာပဲ..။ ဒါပေမယ့်လည်း… ခုလို နိုင်ငံတကာအဖွဲ့ အစည်းတွေ ကို အစိုးရက နိုင်ငံရေးအရ ပြဿနာရှုပ်လွန်းလို့ တတ်နိုင်ရင် လက်မခံချင်ပေမယ့်လည်း စီးပွားရေးအရက နိုင်ငံခြားငွေစီးဝင်လာမယ့်လမ်းကြောင်းအရင်းအမြစ်အဖြစ် လက်ခံရတာပဲလေ...။ နောက်တစ်ချက်က နိုင်ငံတကာဆက်ဆံရေးအသိုင်းအ၀ိုင်းမှာ သူတို့ ကို လက်ခံထားတော့ နိုင်ငံတကာမှာ မျက်နှာရတာလည်းပါတာပေါ့...စသဖြင့် ကောင်းကွက်၊ဆိုးကွက်တွေတော့ရှိတာပဲ..။

ဘာပဲပြောပြော..နိုင်ငံတစ်ခု လူ့ အဖွဲ့ အစည်းတစ်ခုကို..အောက်ခြေကနေ စပြောင်းလဲဖို့  bottom-up approach ဆိုရင် ဒီလို အဖွဲ့ တွေက မရှိမဖြစ်ပေါ့.။ အကဲဒမစ်စကားနဲ့ ပြောရရင်..ရပ်ရွာအခြေပြုဖွံ့ ဖြိုးမှု community-based development / grass-root development မှာ ဒီလို အစိုးရမဟုတ်တဲ့အဖွဲ့ တွေ၊ ရပ်ရွာအခြေပြုအဖွဲ့ တွေ မပါဘဲ ဘယ်လိုမှမဖြစ်နိုင်ဘူး..။ အားကောင်းမောင်းသန် လုပ်နိုင်ကိုင်နိုင် စီမံခန့် ခွဲနိုင်ဖို့ ပဲလိုတာ..။ Decentralization ကိုဖန်တီးနိုင်ဖို့ နဲ့ Development as Social Change ဖြစ်စေဖို့ မှာ ဒီအဖွဲ့ တွေဟာ မရှိမဖြစ်ပါ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...