Tuesday, February 18, 2014

ဆရာကျော်ဝင်း - အပြောင်းအလဲနှင့် စဉ်းစားစရာများ (၁) တောင်သာစာပေဟောပြောပွဲ

ဆရာကျော်ဝင်း - အပြောင်းအလဲနှင့် စဉ်းစားစရာများ (၁)
တောင်သာစာပေဟောပြောပွဲ - Jan-7, 2014

ဘာမှမပြောခင် ပထမဆုံး ကြိုတင်မေတ္တာရပ်ခံထားချင်တာ ရှိပါတယ်။ အခု ကျွန်တော်ပြောမည့် အကြောင်းအရာတွေက ပျင်းစရာကောင်းဖို့များပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ မျက်မှောက်ပြုနေရတဲ့ အခြေအနေမှာ စဉ်းစားသင့်တယ်ထင်လို့မို့ ကျွန်တော် ဉာဏ်မှီသလောက် ဒါလေးတွေကို ထုတ်နှုတ်ပြီး ပြောသွားပါမယ်။ ပေးထားတဲ့ခေါင်းစဉ်ကတော့ အပြောင်းအလဲနှင့် စဉ်းစားစရာများပေါ့။

နိဒါန်းအနေနဲ့ ပြောချင်တာက စဉ်းစားပုံ စဉ်းစားနည်းတွေထဲမှာ အပြောင်းအလဲနှင့် ပါက်သက်တဲ့ စဉ်းစားနည်းပေါ့။ ယေဘူယျ နှစ်ခုရှိတယ်လို့ ကြားဖူးပါတယ်။ ဒါလည်း အခုမှ မဟုတ်ပါဘူး။ သမိုင်းနဲ့ချီပြီး ရှိခဲ့တာပါ။ အဲဒီတော့ ပြောကြမယ်ဆိုရင်တော့ B.C ၆-ရာစုလောက်ပေါ့။ အဲတော့ B.C ၆-ရာစုကို ဘာကြောင့်တည်ပြောရလဲဆိုတော့ ဒီဒဿနစာပေသမိုင်းမှာ B.C 6 ရာစုက အရေးကြီးတဲ့ အလှည့်အပြောင်းလို့ ပညာရှင်တွေ သတ်မှတ်ထားတာရှိပါတယ်။ အဲဒါက ဘယ်မှာ ဗဟိုပြုဖြစ်လဲဆိုတော့ India တိုက်ငယ်မှာ ဗဟိုပြုဖြစ်တာပေါ့။ အဲဒီတုံးက အားလုံးသိတဲ့အတိုင်း India တိုက်ငယ်မှာ လွှမ်းမိုးထားတဲ့ ဘာသာရေးလို့လည်းပြောနိုင်တယ်၊ ဒဿနလို့လည်းပြောနိုင်တဲ့ အယူအဆကြီးက ရှေးဟောင်း Hindu အယူအဆပါ။

အဲဒီရှေးဟောင်း Hindu အယူအဆက အခြေခံဒေါက်ကြီး လေးခုနဲ့ ဖွဲ့ထားပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ နံပါတ်တစ်က ဖန်ဆင်းရှင်အယူအဆ၊ နံပါတ်နှစ်က ထာဝရအယူအဆ၊ နံပါတ်သုံးက အတ္တအယူအဆနဲ့ နံပါတ်လေးက ပရလောကဆိုတဲ့ ဘ၀ကူးတယ်ဆိုတဲ့အယူအဆ ဒီလေးခုပါ။ အဲဒီအယူအဆကြီးကို အပေါ်စီးရနေတဲ့ အယူအဆကြီးကို တော်လှန်ပြောင်းလဲကြတဲ့ ဒဿနဂိုဏ်းတွေ၊ ဘာသာရေးဂိုဏ်းကြီးတွေ အများကြီးပေါ်လာပါတယ်။ အဲဒီဂိုဏ်းတွေထဲမှာ အထင်ရှားဆုံး သုံးခုကတော့ ကျွန်တော်တို့ရဲ့ဘုရားပေါ့ ဂေါတမဗုဒ္ဓရယ်၊ ပထမဆုံးရုပ်ဝါဒီလို့ အဆိုရှိကြတဲ့ စာရ၀ကဆိုတဲ့ ပညာရှင်ရယ်၊ နောက် ဂျိမ်း (Jainism - Tirthankara) ဘာသာကို စတင်တည်ထောင်တဲ့ မဟာဝီရပေါ့။ ကျွန်တော်တို့ ဗုဒ္ဓကျမ်းဂန်တွေထဲမှာ မဟာဝီရလို့ပါပါတယ်။

ဒီသုံးခု အဲဒီသုံးခုကလည်း တစ်ခုနဲ့ တစ်ခု သဘောသဘာဝ မတူပါဘူး။ မဟာဝီရက ထာဝရကိုတော့ Sorry ဖန်ဆင်းရှင်အယူအဆကိုတော့ ပယ်တယ်။ ဒါပေမယ့် ထာဝရကိုတော့ သူက တစ်ဝက်တစ်ပျက်ပဲပယ်ပါတယ်၊ အကုန်မပယ်ပါဘူး။ အတ္တကိုတော့ သူ မပယ်နိုင်ပါဘူး၊ ပရလောကကိုလည်း မပယ်နိုင်ပါဘူး။ ဂေါတမ ဗုဒ္ဓကတော့ ဖန်ဆင်းရှင်ကို လုံးဝပယ်တယ်၊ ထာဝရကို လုံးဝပယ်တယ်၊ အတ္တကို လုံးဝပယ်တယ်။ ပရလောကကိုတော့ လက်ခံပါတယ်။ နောက်ဆုံး စာရ၀က၊ စာရ၀ကဆိုတာကတော့ ဒဿနသမိုင်းမှာပါတဲ့ နာမည်ပေါ့။ ကျွန်တော်တို့ဆီမှာတော့ နိဂဏ္ဍနာဠပုတ္တတို့ ဘာညာလို့ ခေါ်တာတွေလည်းရှိပါတယ်။ ဒါကတော့ မဟာဝီရရဲ့ နာမည်ပေါ့။ ကျွန်တော်တို့က အာဇီဝကလို့လည်းခေါ်တဲ့ပညာရှင်ပါ။ ဘုရားပေါ့၊ ဘုရားနဲ့ ခေတ်ပြိုင်ပေါ့။ သူကတော့ ဒေါက်လေးခုလုံးကို ပယ်ပါတယ်။

အဲဒီအထဲမှာမှ နောက်ပိုင်း နိုင်ငံရေးအတွေးအခေါ်တွေကို သြဇာလွှမ်းမိုးတဲ့ ဂိုဏ်းနှစ်ဂိုဏ်း ကျန်ရစ်ပါတယ်။ အဲဒါကတော့ စာရ၀ကဂိုဏ်းရယ်၊ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာရဲ့ စဉ်းစားနည်းပါ။

စာရ၀က,က ဘာကိုအခြေခံပြီး စဉ်းစားလဲဆိုတော့ ထာဝရဆိုတာကို လက်မခံဘူး၊ အားလုံးဟာ ပြောင်းလဲနေတယ်ဆိုတဲ့ အပြောင်းအလဲကို လက်ခံပါတယ်။ အဲဒီတော့ အပြောင်းအလဲကို ဘယ်လိုပုံဖော်ယူမလဲ၊ ချည်းကပ်မလဲဆိုတော့ အပြောင်းအလဲကို သူက အတ္တနဲ့ စဉ်းစားပါတယ်။ ကိုယ်ဘာလိုချင်သလဲ၊ လိုချင်တဲ့ဆီကို ကံ၊ ဉာဏ်၊ ၀ီရိယအားကိုးပြီး လုပ်လို့ရှိရင် ရောက်ကိုရောက်မယ်ဆိုတဲ့ အယူအဆ၊ တစ်နည်းပြောရင် အပြောင်းအလဲကို လိုချင်တဲ့ဆီကို သေချာပေါက်ရောက်ရမယ်။ မုချအောင်ရမယ်ဆိုတဲ့ နည်းနဲ့ ချည်းကပ်တဲ့နည်းပါ။ ဒါပထမနည်းပါ။

ဒုတိယနည်းကတော့ အနိစ္စဆိုတာကိုတော့ လက်ခံတယ်။ သို့သော် အနိစ္စကို အတ္တနဲ့ မကြည့်ပါဘူး၊ အနတ္တနဲ့ ကြည့်ပါတယ်။ ပြောင်းနေတာတော့မှန်တယ်။ ဒါပေမယ့် ကိုယ့်အလိုကျ၊ ကိုယ့်ဆန္ဒအတိုင်း ဟုတ်ချင်မှ ဟုတ်မယ်။ ဒါကြောင့် အပြောင်းအလဲတွေကို ချည်းကပ်တဲ့အခါမှာ ဆန္ဒကို ဦးစားမပေးဘဲနဲ့ အရှိကို ဦးစားပေးပြီး ချည်းကပ်တာက ပိုပြီးလမ်းကြောင်းမှန်ကို တည်မိမယ်ဆိုတဲ့ စဉ်းစားနည်းပါ။ ဒုတိယ စဉ်းစားနည်းပါ။

ကမ္ဘာပေါ်မှာ သိပ္ပံပညာ တွင်ကျယ်လွှမ်းမိုးလာတော့ ဘာက အပေါ်စီးရလဲဆိုတော့ ကမ္ဘာ့လူသားအများစုက စာရ၀ကရဲ့စဉ်းစားနည်းကို ပိုခံတွင်းတွေ့ခဲ့ကြပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ မြန်မာပြည်မှာရော၊ ကမ္ဘာမှာရော သိပ်သြဇာကြီးခဲ့တဲ့ လက်ဝဲအယူအဆ၊ Communist ၀ါဒဆိုတာ အဲဒီစဉ်းစားနည်းက လာတာပါ။ ဒုတိယကမ္ဘာစစ်ပြီးခါစလောက်အထိ ဒီစဉ်းစားဟာ ပညာရှင်လောကမှာ သိပ်ပြီးတော့ အရေးကြီးခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေတိုင်းမှာ မုချအောင်ရမယ်၊ မဖြစ်,ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ မုချတွေ သိပ်ခေတ်စားခဲ့တဲ့အချိန်ပါ။

ဒါပေမယ့် စစ်ပြီးခေတ် ကာလတစ်ခုကြာတော့ သိပ္ပံပညာဖက်ကလည်း Heisenberg တို့၊ Einstein တို့ရဲ့ မရေရာမှုတွေ (Werner Karl Heisenberg - Uncertainty Principle) ပေါ်လာတဲ့နောက်ပိုင်းမှာကြတော့ အရင်ကပစ်ပယ်ထားခဲ့တဲ့ ဗုဒ္ဓရဲ့ စဉ်းစားနည်းက ရှေ့ပြန်ရောက်လာပါတယ်။ အပြောင်းအလဲဆိုတာကတော့ သဘာဝဘဲ ဘယ်သူမှ ရှောင်လို့မရဘူး။ သို့သော် သည်အပြောင်းအလဲဟာ ကိုယ့်သဘောကိုမဆောင်ဘူး သူ့သဘောသူဆောင်တယ်။ ဒါကြောင့် အပြောင်းအလဲကို ချည်းကပ်မည့်လူဟာ သူ့သဘောသူဆောင်တဲ့ အနေအထားကိုသိရမယ်။  အတ္တနဲ့ ရှေ့တန်းတင်လို့မရဘူး၊ အနတ္တကို နှလုံးသွင်းပြီးတော့မှ တဖြည်းဖြည်းပုံဖော်ယူရမယ်ဆိုတဲ့ စဉ်းစားနည်းက ရှေ့ရောက်လာပါတယ်။

အဲဒါ စဉ်းစားနည်းနှစ်ခုကို ကျွန်တော် နိဒါန်းအနေနဲ့ ပြောတာပါ။ ကျွန်တော်တို့ တိုင်းပြည်ကတော့ အဆက်ပြက်ခဲ့တဲ့ကာလက တော်တော်ကြာတော့ ပထမစဉ်းစားနည်းနဲ့ အသားကြနေပါပြီ။ ဗုဒ္ဓဘာသာနိုင်ငံဆိုပေမယ့် နိုင်ငံရေးနဲ့ပါတ်သက်ရင် ဒုတိယစဉ်းစားနည်းကို သိပ်မြိုမကျကြသေးပါဘူး။ သို့သော် ကမ္ဘာမှာ အောင်မြင်တဲ့အပြောင်းအလဲတွေ လိုက်ကြည့်ရင် ဒုတိယစဉ်းစားနည်းနဲ့ သွားတာကို သွားတွေ့ပါတယ်။ ဒါလေးကို နိဒါန်းခံပြီးတော့ ဒီစဉ်းစားပုံနှစ်ခုနဲ့ ရှေ့ဆက်ပြောမှာတွေကို ဆက်စပ်ပြီးတော့ စဉ်းစားစေချင်ပါတယ်။
 - Jan-7, 2014

ဘာမှမပြောခင် ပထမဆုံး ကြိုတင်မေတ္တာရပ်ခံထားချင်တာ ရှိပါတယ်။ အခု ကျွန်တော်ပြောမည့် အကြောင်းအရာတွေက ပျင်းစရာကောင်းဖို့များပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ မျက်မှောက်ပြုနေရတဲ့ အခြေအနေမှာ စဉ်းစားသင့်တယ်ထင်လို့မို့ ကျွန်တော် ဉာဏ်မှီသလောက် ဒါလေးတွေကို ထုတ်နှုတ်ပြီး ပြောသွားပါမယ်။ ပေးထားတဲ့ခေါင်းစဉ်ကတော့ အပြောင်းအလဲနှင့် စဉ်းစားစရာများပေါ့။

နိဒါန်းအနေနဲ့ ပြောချင်တာက စဉ်းစားပုံ စဉ်းစားနည်းတွေထဲမှာ အပြောင်းအလဲနှင့် ပါက်သက်တဲ့ စဉ်းစားနည်းပေါ့။ ယေဘူယျ နှစ်ခုရှိတယ်လို့ ကြားဖူးပါတယ်။ ဒါလည်း အခုမှ မဟုတ်ပါဘူး။ သမိုင်းနဲ့ချီပြီး ရှိခဲ့တာပါ။

အဲဒီတော့ ပြောကြမယ်ဆိုရင်တော့ B.C ၆-ရာစုလောက်ပေါ့။ အဲတော့ B.C ၆-ရာစုကို ဘာကြောင့်တည်ပြောရလဲဆိုတော့ ဒီဒဿနစာပေသမိုင်းမှာ B.C 6 ရာစုက အရေးကြီးတဲ့ အလှည့်အပြောင်းလို့ ပညာရှင်တွေ သတ်မှတ်ထားတာရှိပါတယ်။ အဲဒါက ဘယ်မှာ ဗဟိုပြုဖြစ်လဲဆိုတော့ India တိုက်ငယ်မှာ ဗဟိုပြုဖြစ်တာပေါ့။ အဲဒီတုံးက အားလုံးသိတဲ့အတိုင်း India တိုက်ငယ်မှာ လွှမ်းမိုးထားတဲ့ ဘာသာရေးလို့လည်းပြောနိုင်တယ်၊ ဒဿနလို့လည်းပြောနိုင်တဲ့ အယူအဆကြီးက ရှေးဟောင်း Hindu အယူအဆပါ။

အဲဒီရှေးဟောင်း Hindu အယူအဆက အခြေခံဒေါက်ကြီး လေးခုနဲ့ ဖွဲ့ထားပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ နံပါတ်တစ်က ဖန်ဆင်းရှင်အယူအဆ၊ နံပါတ်နှစ်က ထာဝရအယူအဆ၊ နံပါတ်သုံးက အတ္တအယူအဆနဲ့ နံပါတ်လေးက ပရလောကဆိုတဲ့ ဘ၀ကူးတယ်ဆိုတဲ့အယူအဆ ဒီလေးခုပါ။ အဲဒီအယူအဆကြီးကို အပေါ်စီးရနေတဲ့ အယူအဆကြီးကို တော်လှန်ပြောင်းလဲကြတဲ့ ဒဿနဂိုဏ်းတွေ၊ ဘာသာရေးဂိုဏ်းကြီးတွေ အများကြီးပေါ်လာပါတယ်။ အဲဒီဂိုဏ်းတွေထဲမှာ အထင်ရှားဆုံး သုံးခုကတော့ ကျွန်တော်တို့ရဲ့ဘုရားပေါ့ ဂေါတမဗုဒ္ဓရယ်၊ ပထမဆုံးရုပ်ဝါဒီလို့ အဆိုရှိကြတဲ့ စာရ၀ကဆိုတဲ့ ပညာရှင်ရယ်၊ နောက် ဂျိမ်း (Jainism - Tirthankara) ဘာသာကို စတင်တည်ထောင်တဲ့ မဟာဝီရပေါ့။ ကျွန်တော်တို့ ဗုဒ္ဓကျမ်းဂန်တွေထဲမှာ မဟာဝီရလို့ပါပါတယ်။

ဒီသုံးခု အဲဒီသုံးခုကလည်း တစ်ခုနဲ့ တစ်ခု သဘောသဘာဝ မတူပါဘူး။ မဟာဝီရက ထာဝရကိုတော့ Sorry ဖန်ဆင်းရှင်အယူအဆကိုတော့ ပယ်တယ်။ ဒါပေမယ့် ထာဝရကိုတော့ သူက တစ်ဝက်တစ်ပျက်ပဲပယ်ပါတယ်၊ အကုန်မပယ်ပါဘူး။ အတ္တကိုတော့ သူ မပယ်နိုင်ပါဘူး၊ ပရလောကကိုလည်း မပယ်နိုင်ပါဘူး။ ဂေါတမ ဗုဒ္ဓကတော့ ဖန်ဆင်းရှင်ကို လုံးဝပယ်တယ်၊ ထာဝရကို လုံးဝပယ်တယ်၊ အတ္တကို လုံးဝပယ်တယ်။ ပရလောကကိုတော့ လက်ခံပါတယ်။ နောက်ဆုံး စာရ၀က၊ စာရ၀ကဆိုတာကတော့ ဒဿနသမိုင်းမှာပါတဲ့ နာမည်ပေါ့။ ကျွန်တော်တို့ဆီမှာတော့ နိဂဏ္ဍနာဠပုတ္တတို့ ဘာညာလို့ ခေါ်တာတွေလည်းရှိပါတယ်။ ဒါကတော့ မဟာဝီရရဲ့ နာမည်ပေါ့။ ကျွန်တော်တို့က အာဇီဝကလို့လည်းခေါ်တဲ့ပညာရှင်ပါ။ ဘုရားပေါ့၊ ဘုရားနဲ့ ခေတ်ပြိုင်ပေါ့။ သူကတော့ ဒေါက်လေးခုလုံးကို ပယ်ပါတယ်။

အဲဒီအထဲမှာမှ နောက်ပိုင်း နိုင်ငံရေးအတွေးအခေါ်တွေကို သြဇာလွှမ်းမိုးတဲ့ ဂိုဏ်းနှစ်ဂိုဏ်း ကျန်ရစ်ပါတယ်။ အဲဒါကတော့ စာရ၀ကဂိုဏ်းရယ်၊ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာရဲ့ စဉ်းစားနည်းပါ။

စာရ၀က,က ဘာကိုအခြေခံပြီး စဉ်းစားလဲဆိုတော့ ထာဝရဆိုတာကို လက်မခံဘူး၊ အားလုံးဟာ ပြောင်းလဲနေတယ်ဆိုတဲ့ အပြောင်းအလဲကို လက်ခံပါတယ်။ အဲဒီတော့ အပြောင်းအလဲကို ဘယ်လိုပုံဖော်ယူမလဲ၊ ချည်းကပ်မလဲဆိုတော့ အပြောင်းအလဲကို သူက အတ္တနဲ့ စဉ်းစားပါတယ်။ ကိုယ်ဘာလိုချင်သလဲ၊ လိုချင်တဲ့ဆီကို ကံ၊ ဉာဏ်၊ ၀ီရိယအားကိုးပြီး လုပ်လို့ရှိရင် ရောက်ကိုရောက်မယ်ဆိုတဲ့ အယူအဆ၊ တစ်နည်းပြောရင် အပြောင်းအလဲကို လိုချင်တဲ့ဆီကို သေချာပေါက်ရောက်ရမယ်။ မုချအောင်ရမယ်ဆိုတဲ့ နည်းနဲ့ ချည်းကပ်တဲ့နည်းပါ။ ဒါပထမနည်းပါ။

ဒုတိယနည်းကတော့ အနိစ္စဆိုတာကိုတော့ လက်ခံတယ်။ သို့သော် အနိစ္စကို အတ္တနဲ့ မကြည့်ပါဘူး၊ အနတ္တနဲ့ ကြည့်ပါတယ်။ ပြောင်းနေတာတော့မှန်တယ်။ ဒါပေမယ့် ကိုယ့်အလိုကျ၊ ကိုယ့်ဆန္ဒအတိုင်း ဟုတ်ချင်မှ ဟုတ်မယ်။ ဒါကြောင့် အပြောင်းအလဲတွေကို ချည်းကပ်တဲ့အခါမှာ ဆန္ဒကို ဦးစားမပေးဘဲနဲ့ အရှိကို ဦးစားပေးပြီး ချည်းကပ်တာက ပိုပြီးလမ်းကြောင်းမှန်ကို တည်မိမယ်ဆိုတဲ့ စဉ်းစားနည်းပါ။ ဒုတိယ စဉ်းစားနည်းပါ။

ကမ္ဘာပေါ်မှာ သိပ္ပံပညာ တွင်ကျယ်လွှမ်းမိုးလာတော့ ဘာက အပေါ်စီးရလဲဆိုတော့ ကမ္ဘာ့လူသားအများစုက စာရ၀ကရဲ့စဉ်းစားနည်းကို ပိုခံတွင်းတွေ့ခဲ့ကြပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ မြန်မာပြည်မှာရော၊ ကမ္ဘာမှာရော သိပ်သြဇာကြီးခဲ့တဲ့ လက်ဝဲအယူအဆ၊ Communist ၀ါဒဆိုတာ အဲဒီစဉ်းစားနည်းက လာတာပါ။ ဒုတိယကမ္ဘာစစ်ပြီးခါစလောက်အထိ ဒီစဉ်းစားဟာ ပညာရှင်လောကမှာ သိပ်ပြီးတော့ အရေးကြီးခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေတိုင်းမှာ မုချအောင်ရမယ်၊ မဖြစ်,ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ မုချတွေ သိပ်ခေတ်စားခဲ့တဲ့အချိန်ပါ။

ဒါပေမယ့် စစ်ပြီးခေတ် ကာလတစ်ခုကြာတော့ သိပ္ပံပညာဖက်ကလည်း Heisenberg တို့၊ Einstein တို့ရဲ့ မရေရာမှုတွေ (Werner Karl Heisenberg - Uncertainty Principle) ပေါ်လာတဲ့နောက်ပိုင်းမှာကြတော့ အရင်ကပစ်ပယ်ထားခဲ့တဲ့ ဗုဒ္ဓရဲ့ စဉ်းစားနည်းက ရှေ့ပြန်ရောက်လာပါတယ်။ အပြောင်းအလဲဆိုတာကတော့ သဘာဝဘဲ ဘယ်သူမှ ရှောင်လို့မရဘူး။ သို့သော် သည်အပြောင်းအလဲဟာ ကိုယ့်သဘောကိုမဆောင်ဘူး သူ့သဘောသူဆောင်တယ်။ ဒါကြောင့် အပြောင်းအလဲကို ချည်းကပ်မည့်လူဟာ သူ့သဘောသူဆောင်တဲ့ အနေအထားကိုသိရမယ်။ အတ္တနဲ့ ရှေ့တန်းတင်လို့မရဘူး၊ အနတ္တကို နှလုံးသွင်းပြီးတော့မှ တဖြည်းဖြည်းပုံဖော်ယူရမယ်ဆိုတဲ့ စဉ်းစားနည်းက ရှေ့ရောက်လာပါတယ်။

အဲဒါ စဉ်းစားနည်းနှစ်ခုကို ကျွန်တော် နိဒါန်းအနေနဲ့ ပြောတာပါ။ ကျွန်တော်တို့ တိုင်းပြည်ကတော့ အဆက်ပြက်ခဲ့တဲ့ကာလက တော်တော်ကြာတော့ ပထမစဉ်းစားနည်းနဲ့ အသားကြနေပါပြီ။ ဗုဒ္ဓဘာသာနိုင်ငံဆိုပေမယ့် နိုင်ငံရေးနဲ့ပါတ်သက်ရင် ဒုတိယစဉ်းစားနည်းကို သိပ်မြိုမကျကြသေးပါဘူး။ သို့သော် ကမ္ဘာမှာ အောင်မြင်တဲ့အပြောင်းအလဲတွေ လိုက်ကြည့်ရင် ဒုတိယစဉ်းစားနည်းနဲ့ သွားတာကို သွားတွေ့ပါတယ်။ ဒါလေးကို နိဒါန်းခံပြီးတော့ ဒီစဉ်းစားပုံနှစ်ခုနဲ့ ရှေ့ဆက်ပြောမှာတွေကို ဆက်စပ်ပြီးတော့ စဉ်းစားစေချင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...