Friday, February 21, 2014

မြန်မာ့ရွှေအိုး ထမ်းချိန်ကို မြင်ချင်ပါသည်

Tuesday, 18 February 2014 13:09

Written by  ကျော်စံဝင်း

၂၀၁၀ နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်း နိုင်ငံရေးအရ တည်ငြိမ်မှု ရှိခြင်း၊ မရှိခြင်း ကိစ္စများစွာတို့ ပေါ်ပေါက် လာခဲ့ကြပြီး အဆိုပါ ကိစ္စများ၏ အရေးအရာများနှင့် မြစ်ဖျားခံရာ များသည် မည်သည့် နေရာများမှ ထွက်ပေါ်ခဲ့သနည်း ဆိုသည်မှာ များစွာ စိတ်ဝင်စားဖွယ်ရာနှင့် နိုင်ငံရေး လေ့လာသူ လူတန်းစားများအကြား အငြင်းအခုံ ဖြစ်စရာ၊ ပြောစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

ယခင် နိုင်ငံတော်အာဏာ အဝဝကို ကိုင်တွယ် ကျင့်သုံးခဲ့သူ တပ်မတော် အစိုးရ လက်ထက်မှ ယခု ဒီမိုကရေစီနည်းကျ ပြောင်းလဲလာသည့် အရပ်သား အစိုးရတို့အကြား မပြီးပြတ်နိုင်သေးသော Institution များ ကိစ္စ၊ ပွင့်လင်း မြင်သာမှု ရှိခြင်း၊ မရှိခြင်း ကိစ္စ၊ တာဝန်ယူမှု၊ တာဝန်ခံမှု ကိစ္စ စသဖြင့် ကိစ္စ မြောက်မြားစွာတို့ ရှုပ်ထွေးနေသလို တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ စသဖြင့် နိုင်ငံ၏ အဓိက အရေးကြီးသော ပြုပြင် ပြောင်းလဲရေးများ အပြင် အခြား အရေးကြီးသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အရပ်သား အစိုးရသည် ကိုင်တွယ် ဖြေရှင်း နေခဲ့ရပြီလည်း ဖြစ်သည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အခြေခံဥပဒေ ကိစ္စ

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ အပြီး၌ မြန်မာ့နိုင်ငံရေးတွင် အရှိန်အဝါကြီးသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အတိုင်း တရားဝင် နိုင်ငံရေး လမ်းကြောင်းပေါ်သို့ ရောက်လာခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်များ ပိုမို မြန်ဆန်ခဲ့သည်မှာ ယခုဆိုလျှင် ၂ နှစ် ပြည့်မြောက်တော့မည်လည်း ဖြစ်သည်။ မကြာသေးခင် ကာလများက NLD ပါတီနှင့် ခေါင်းဆောင်မှ ၎င်းတို့၏ ရွေးကောက်ပွဲ ဝင်ခြင်း ရည်ရွယ်ချက်များထဲမှ တစ်ခုဖြစ်သော အခြေခံဥပဒေ ပြင်ဆင်ရေးကို စတင် လုပ်ဆောင်လာခဲ့ပြီး နိုင်ငံအနှံ့ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲများကို ခပ်သွက်သွက် လှုပ်ရှားခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ များမကြာမီ ရက်များ အတွင်းကလည်း မြန်မာ့နိုင်ငံရေး အဝန်းအဝိုင်းအကြား သြဇာရှိသော ၈၈ မျိုးဆက် ပွင့်လင်း ကွန်ရက်အဖွဲ့မှ ခေါင်းဆောင်များနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကို ညှိနှိုင်း၍ သဘောတူ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့သည်။

နိုင်ငံ၏ ပြောင်းလဲသွားသော နိုင်ငံရေး ပုံစံအရ ဒီမိုကရေစီ နိုင်ငံတစ်ခု အဖြစ်သို့ လျှောက်လှမ်းရာတွင် အရေးကြီးသော ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း ဖြစ်စဉ်တွင် များစွာ အရေးကြီးသော လက်တွေ့ကျကျ အလုပ် လုပ်နိုင်သည်များကိုလည်း ထည့်သွင်း စဉ်းစားထားဖို့ လိုအပ်နေရာ ဒီမိုကရေစီနှုန်း စံများနှင့် တိုင်းတာရန် ခက်ခဲသော အခြား ကိစ္စများသည်ပင်လျှင် တစ်ပြိုင်နက် ထွက်ပေါ်လာတတ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွင် နိုင်ငံကို ဒီမိုကရေစီနည်းကျ သိမ်မွေ့စွာ ခရီးဆက်နိုင်ဖို့ ဆိုလျှင် ဒီမိုကရေစီ စနစ်အဖြစ် ကူးပြောင်းရန် ခက်သော၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ် အလုပ် လုပ်ရန် ခက်ခဲသော ပုဒ်မများကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်နေသည်။

ဥပမာအားဖြင့် ပြောရလျှင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ မြန်မာ့ ဥပဒေပြုရေး အာဏာဖြစ်သော ပြည်ထောင်စုအဆင့် လွှတ်တော်များကို အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဟူ၍ နှစ်မျိုး ခွဲခြားထားပြီး အမျိုးသား လွှတ်တော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ လူဦးရေ အချိုးအစား တူညီစွာဖြင့် ဖွဲ့စည်းထားပြီး ပြည်သူ့လွှတ်တော်ကို တစ်နိုင်ငံလုံးရှိ မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားပါသည်။ လူဦးရေအားဖြင့်လည်း အမျိုးသား လွှတ်တော်တွင် ၂၂၄ ယောက်နှင့် ပြည်သူ့လွှတ်တော်တွင် ၄၄၀ ဦးတို့ဖြင့် ဖွဲ့စည်းထားရာ လူဦးရေ အချိုးအားဖြင့် ပြည်သူ့လွှတ်တော်သည် ကိုယ်စားလှယ်ဦးရေ ပိုမို များပြားနေသည်။ သို့သော်လည်း လုပ်ပိုင်ခွင့်၊ ခံစားခွင့်နှင့် သက်တမ်းတို့မှာ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှာ အတူတူ ဖြစ်နေရာ ပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ် ရယူရမည့် ကိစ္စများတွင် အမျိုးသား လွှတ်တော်အနေနှင့် အရေးနိမ့်ရမည် ဖြစ်သည်။ ထိုသို့ဆိုပါလျှင် Minority Rights ကို ပိုမို ရရှိစေရန် ဖန်တီးထားသော လွှတ်တော်နှစ်ရပ် စနစ်၏ လာရင်း ရည်ရွယ်ချက်သည် ပျောက်ဆုံးသွားမည် ဖြစ်ရာ ဥပဒေပြုရေး အာဏာအနေနှင့် အလုပ် လုပ်ရန် ခက်သော ကိစ္စတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ထို့ပြင် နိုင်ငံရေး ရာထူး ရယူထားသူများနှင့် အုပ်ချုပ်ရေး ယန္တရားအကြား အားပြိုင်မှုများ ဖြစ်စေနိုင်သော ပုဒ်မများလည်း ရှိနေသေးသည် ဖြစ်ရာ အဆိုပါ ကိစ္စများကိုလည်း ထည့်သွင်း စဉ်းစားသွားရမည် ဖြစ်သည်။

ဒီမိုကရေစီနှင့် အမျိုးသားရေး

ဒီမိုကရေစီသည် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို အခြေခံ တည်ဆောက်ထားပြီး လက်ရှိ အချိန်တွင် ကမ္ဘာ့နိုင်ငံများအကြား အောင်မြင်မှု အထိုက်အလျောက် ရှိနေသော အယူဝါဒ တစ်ရပ်အဖြစ် ရေပန်းစားနေချိန် ဖြစ်နေသည်။ မြန်မာနိုင်ငံသည်လည်း ထိုဒီမိုကရေစီ လမ်းစဉ်ကို ပြောင်းလဲရန် ကြိုးစားနေချိန်တွင် အမျိုးသားရေး အယူဝါဒနှင့် အတိုက်အခိုက် စတင် ဖြစ်ပေါ်မှုများ စတင်၍ ရှိသလောက် ရှိလာပြီ ဖြစ်သည်။

အမျိုးသားရေးနှင့် ဒီမိုကရေစီတို့၏ တန်ဖိုးမှာ နှိုင်းယှဉ်စရာ မဟုတ်သလို နှိုင်းယှဉ်ရန်လည်း မသင့်တော်ပါ။ မြန်မာနိုင်ငံ၏ နိုင်ငံရေးနောက်ခံ သမိုင်းကြောင်းအပြင် လက်ရှိ တည်နေရာ နယ်နိမိတ်အရ အမျိုးသားရေး ကိစ္စကို မေ့ထား၍ မရသလို ဒီမိုကရေစီ လမ်းကြောင်းမှလည်း သွေဖည် သွားရန် မဖြစ်နိုင်ပါ။ သို့ဆိုပါလျှင် အဆိုပါ အမျိုးသားရေးနှင့် ဒီမိုကရေစီအရေး ကိစ္စနှစ်ခုကို ဟန်ချက်ညီအောင် ထိန်း၍ နိုင်ငံကို မိမိတို့ အချုပ်အခြာ အာဏာပိုင်သော၊ လွတ်လပ်သော နိုင်ငံတော်သစ် တစ်ခုဆီသို့ ရွှေ့ပြောင်းရန် လိုလာပြီ ဖြစ်သည်။ ထိုသို့ ရွှေ့ပြောင်းရာတွင် နိုင်ငံ၏ အခြေအနေကို လက်ရှိ အခြေအနေမှ နောက်ထပ် အခြေအနေသို့ ပြောင်းလဲလိုက်နိုင်သော ပလေယာများ၏ အခန်းကဏ္ဍသည် အရေးကြီးလာသည်။

မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပုဒ်မ အချို့ကို ပြင်ဆင်လိုသော အင်အားစုများနှင့် မပြင်ဆင်လိုသော အင်အားစုများအကြား အပြန်အလှန် ဆန္ဒခံယူပွဲများသည် ဒီမိုကရေစီရေးနှင့် အမျိုးသားရေး ဝါဒတို့အကြား အားပြိုင်လာမှုများ ဖြစ်သည်။ နိုင်ငံတည်ဆောက်ရာတွင် အရေးကြီးသော အမျိုးသား ရင်ကြားစေ့ရေးအတွက် လားရာ တူပါလျက်နှင့် လာရာ မတူကြခြင်းကြောင့် ဖြစ်လာသော ကိစ္စများကို နှစ်ဖက် Stakeholders များအကြား အကျေအလည် ညှိနှိုင်းရတော့မည် ဖြစ်သည်။ သို့မဟုတ်လျှင် မည်သည့် ကိစ္စများ ဖြစ်ပေါ်လာနိုင်သည် ဆိုခြင်းမှာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် မည်သို့ သက်ရောက်မှုများ ရှိသွားမည် ဆိုခြင်းကို မိမိတို့ လိုရာရှုထောင့်မှ မဟုတ်ဘဲ ရှုထောင့်စုံမှ ခံစား ကြည့်မြင်နိုင်ရန် အရေးကြီးပေသည်။

ရာစုနှစ် ထက်ဝက်နီးပါး စနစ်တစ်ခု၏ အောက်တွင် အတူတူ ရှင်သန်ခဲ့ရသူများ အားလုံးအနေနှင့် ယခင် အခြေအနေများထက် ပိုမို ကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်ချင်ကြသည်မှာ မြန်မာ့ လူ့အဖွဲ့အစည်း၏ လိုအင် ဆန္ဒပင် ဖြစ်သည်။ သို့သော်လည်း ယခင် စနစ်၏ အောက်တွင် ခံစားခဲ့ရသော ခံစားမှုများကိုလည်း နားလည် သဘောပေါက်ဖို့ လိုသလို ပိုမို အရေးကြီးသော လူ့အဖွဲ့အစည်း၏ လိုအင် ဆန္ဒကိုလည်း နားလည် သဘောပေါက်ဖို့ လိုအပ်ပေသည်။ ရင့်ကျက်သော လူ့အဖွဲ့အစည်း အဖြစ်သို့ ရောက်ရှိရန် လိုအပ်ချက် များစွာ ရှိနေသေးသော မြန်မာ့ လူ့အဖွဲ့အစည်းကို ဒီမိုကရေစီ အလေ့အထများနှင့် အကျွမ်းတဝင် ရှိလာရေး၊ ပိုမို ရင့်ကျက်လာစေရန် ပြုလုပ်ခြင်းတို့ အတွက်မှာ လူထုကို နားလည် သဘောပေါက်အောင် ရှင်းပြရန်သာ လိုအပ်ပြီး လူထု၏ ဆုံးဖြတ်ခွင့်ကို လွှမ်းမိုးမှုများ ပြုလုပ်ခြင်းမှာ များစွာ မသင့်တော်ပေ။ ခံစားမှုများနှင့် မိမိတို့၏ လိုလားချက်များကိုသာ ရှေ့တန်းတင်ပြီး လူထု၏ ခံစားမှုများနှင့် လိုအင် ဆန္ဒများကို မျက်ကွယ် ပြုထားခဲ့ပါလျှင် သားရွှေအိုး ထမ်းလာသည်ကို မြင်ရခြင်းမှ ဝေးကွာပြီး အရှိတရားနှင့် ကင်းလွတ်မည် ဖြစ်သည်။

လေးလေးနက်နက် မေတ္တာရပ်ခံ လိုသည်မှာ ဆန္ဒစွဲများ၊ ပုဂ္ဂိုလ်စွဲများဖြင့်သာ တည်ဆောက်သော လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ်သို့ မြန်မာ့ လူ့အဖွဲ့အစည်း ရောက်ရှိမသွားစေရေးနှင့် ဒီမိုကရေစီ အလေ့အထများ ထွန်းကားသော၊ ရင့်ကျက်သော၊ Institution များဖြင့် အလုပ် လုပ်နိုင်သော ယဉ်ကျေးသည့် မြန်မာ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာရေးအတွက် သက်ဆိုင်ရာ ပလေယာများက မိမိတို့၏ ရင့်ကျက်မှုများ၊ အမြော်အမြင်များဖြင့် လူထုကို ခေါ်ဆောင်သွားရန် အတွက် ပြည်သူတစ်ဦးအနေနှင့် လေးနက်စွာ တောင်းဆိုလိုက်ရပါသည်။
Tuesday, 18 February 2014 13:09

Written by ကျော်စံဝင်း

၂၀၁၀ နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်း နိုင်ငံရေးအရ တည်ငြိမ်မှု ရှိခြင်း၊ မရှိခြင်း ကိစ္စများစွာတို့ ပေါ်ပေါက် လာခဲ့ကြပြီး အဆိုပါ ကိစ္စများ၏ အရေးအရာများနှင့် မြစ်ဖျားခံရာ များသည် မည်သည့် နေရာများမှ ထွက်ပေါ်ခဲ့သနည်း ဆိုသည်မှာ များစွာ စိတ်ဝင်စားဖွယ်ရာနှင့် နိုင်ငံရေး လေ့လာသူ လူတန်းစားများအကြား အငြင်းအခုံ ဖြစ်စရာ၊ ပြောစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

ယခင် နိုင်ငံတော်အာဏာ အဝဝကို ကိုင်တွယ် ကျင့်သုံးခဲ့သူ တပ်မတော် အစိုးရ လက်ထက်မှ ယခု ဒီမိုကရေစီနည်းကျ ပြောင်းလဲလာသည့် အရပ်သား အစိုးရတို့အကြား မပြီးပြတ်နိုင်သေးသော Institution များ ကိစ္စ၊ ပွင့်လင်း မြင်သာမှု ရှိခြင်း၊ မရှိခြင်း ကိစ္စ၊ တာဝန်ယူမှု၊ တာဝန်ခံမှု ကိစ္စ စသဖြင့် ကိစ္စ မြောက်မြားစွာတို့ ရှုပ်ထွေးနေသလို

တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ စသဖြင့် နိုင်ငံ၏ အဓိက အရေးကြီးသော ပြုပြင် ပြောင်းလဲရေးများ အပြင် အခြား အရေးကြီးသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အရပ်သား အစိုးရသည် ကိုင်တွယ် ဖြေရှင်း နေခဲ့ရပြီလည်း ဖြစ်သည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အခြေခံဥပဒေ ကိစ္စ

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ အပြီး၌ မြန်မာ့နိုင်ငံရေးတွင် အရှိန်အဝါကြီးသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အတိုင်း တရားဝင် နိုင်ငံရေး လမ်းကြောင်းပေါ်သို့ ရောက်လာခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်များ ပိုမို မြန်ဆန်ခဲ့သည်မှာ ယခုဆိုလျှင် ၂ နှစ် ပြည့်မြောက်တော့မည်လည်း ဖြစ်သည်။ မကြာသေးခင် ကာလများက NLD ပါတီနှင့် ခေါင်းဆောင်မှ ၎င်းတို့၏ ရွေးကောက်ပွဲ ဝင်ခြင်း ရည်ရွယ်ချက်များထဲမှ တစ်ခုဖြစ်သော အခြေခံဥပဒေ ပြင်ဆင်ရေးကို စတင် လုပ်ဆောင်လာခဲ့ပြီး နိုင်ငံအနှံ့ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲများကို ခပ်သွက်သွက် လှုပ်ရှားခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ များမကြာမီ ရက်များ အတွင်းကလည်း မြန်မာ့နိုင်ငံရေး အဝန်းအဝိုင်းအကြား သြဇာရှိသော ၈၈ မျိုးဆက် ပွင့်လင်း ကွန်ရက်အဖွဲ့မှ ခေါင်းဆောင်များနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကို ညှိနှိုင်း၍ သဘောတူ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့သည်။

နိုင်ငံ၏ ပြောင်းလဲသွားသော နိုင်ငံရေး ပုံစံအရ ဒီမိုကရေစီ နိုင်ငံတစ်ခု အဖြစ်သို့ လျှောက်လှမ်းရာတွင် အရေးကြီးသော ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း ဖြစ်စဉ်တွင် များစွာ အရေးကြီးသော လက်တွေ့ကျကျ အလုပ် လုပ်နိုင်သည်များကိုလည်း ထည့်သွင်း စဉ်းစားထားဖို့ လိုအပ်နေရာ ဒီမိုကရေစီနှုန်း စံများနှင့် တိုင်းတာရန် ခက်ခဲသော အခြား ကိစ္စများသည်ပင်လျှင် တစ်ပြိုင်နက် ထွက်ပေါ်လာတတ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွင် နိုင်ငံကို ဒီမိုကရေစီနည်းကျ သိမ်မွေ့စွာ ခရီးဆက်နိုင်ဖို့ ဆိုလျှင် ဒီမိုကရေစီ စနစ်အဖြစ် ကူးပြောင်းရန် ခက်သော၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ် အလုပ် လုပ်ရန် ခက်ခဲသော ပုဒ်မများကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်နေသည်။

ဥပမာအားဖြင့် ပြောရလျှင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ မြန်မာ့ ဥပဒေပြုရေး အာဏာဖြစ်သော ပြည်ထောင်စုအဆင့် လွှတ်တော်များကို အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဟူ၍ နှစ်မျိုး ခွဲခြားထားပြီး အမျိုးသား လွှတ်တော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ လူဦးရေ အချိုးအစား တူညီစွာဖြင့် ဖွဲ့စည်းထားပြီး ပြည်သူ့လွှတ်တော်ကို တစ်နိုင်ငံလုံးရှိ မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားပါသည်။ လူဦးရေအားဖြင့်လည်း အမျိုးသား လွှတ်တော်တွင် ၂၂၄ ယောက်နှင့် ပြည်သူ့လွှတ်တော်တွင် ၄၄၀ ဦးတို့ဖြင့် ဖွဲ့စည်းထားရာ လူဦးရေ အချိုးအားဖြင့် ပြည်သူ့လွှတ်တော်သည် ကိုယ်စားလှယ်ဦးရေ ပိုမို များပြားနေသည်။ သို့သော်လည်း လုပ်ပိုင်ခွင့်၊ ခံစားခွင့်နှင့် သက်တမ်းတို့မှာ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှာ အတူတူ ဖြစ်နေရာ ပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ် ရယူရမည့် ကိစ္စများတွင် အမျိုးသား လွှတ်တော်အနေနှင့် အရေးနိမ့်ရမည် ဖြစ်သည်။ ထိုသို့ဆိုပါလျှင် Minority Rights ကို ပိုမို ရရှိစေရန် ဖန်တီးထားသော လွှတ်တော်နှစ်ရပ် စနစ်၏ လာရင်း ရည်ရွယ်ချက်သည် ပျောက်ဆုံးသွားမည် ဖြစ်ရာ ဥပဒေပြုရေး အာဏာအနေနှင့် အလုပ် လုပ်ရန် ခက်သော ကိစ္စတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ထို့ပြင် နိုင်ငံရေး ရာထူး ရယူထားသူများနှင့် အုပ်ချုပ်ရေး ယန္တရားအကြား အားပြိုင်မှုများ ဖြစ်စေနိုင်သော ပုဒ်မများလည်း ရှိနေသေးသည် ဖြစ်ရာ အဆိုပါ ကိစ္စများကိုလည်း ထည့်သွင်း စဉ်းစားသွားရမည် ဖြစ်သည်။

ဒီမိုကရေစီနှင့် အမျိုးသားရေး

ဒီမိုကရေစီသည် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို အခြေခံ တည်ဆောက်ထားပြီး လက်ရှိ အချိန်တွင် ကမ္ဘာ့နိုင်ငံများအကြား အောင်မြင်မှု အထိုက်အလျောက် ရှိနေသော အယူဝါဒ တစ်ရပ်အဖြစ် ရေပန်းစားနေချိန် ဖြစ်နေသည်။ မြန်မာနိုင်ငံသည်လည်း ထိုဒီမိုကရေစီ လမ်းစဉ်ကို ပြောင်းလဲရန် ကြိုးစားနေချိန်တွင် အမျိုးသားရေး အယူဝါဒနှင့် အတိုက်အခိုက် စတင် ဖြစ်ပေါ်မှုများ စတင်၍ ရှိသလောက် ရှိလာပြီ ဖြစ်သည်။

အမျိုးသားရေးနှင့် ဒီမိုကရေစီတို့၏ တန်ဖိုးမှာ နှိုင်းယှဉ်စရာ မဟုတ်သလို နှိုင်းယှဉ်ရန်လည်း မသင့်တော်ပါ။ မြန်မာနိုင်ငံ၏ နိုင်ငံရေးနောက်ခံ သမိုင်းကြောင်းအပြင် လက်ရှိ တည်နေရာ နယ်နိမိတ်အရ အမျိုးသားရေး ကိစ္စကို မေ့ထား၍ မရသလို ဒီမိုကရေစီ လမ်းကြောင်းမှလည်း သွေဖည် သွားရန် မဖြစ်နိုင်ပါ။ သို့ဆိုပါလျှင် အဆိုပါ အမျိုးသားရေးနှင့် ဒီမိုကရေစီအရေး ကိစ္စနှစ်ခုကို ဟန်ချက်ညီအောင် ထိန်း၍ နိုင်ငံကို မိမိတို့ အချုပ်အခြာ အာဏာပိုင်သော၊ လွတ်လပ်သော နိုင်ငံတော်သစ် တစ်ခုဆီသို့ ရွှေ့ပြောင်းရန် လိုလာပြီ ဖြစ်သည်။ ထိုသို့ ရွှေ့ပြောင်းရာတွင် နိုင်ငံ၏ အခြေအနေကို လက်ရှိ အခြေအနေမှ နောက်ထပ် အခြေအနေသို့ ပြောင်းလဲလိုက်နိုင်သော ပလေယာများ၏ အခန်းကဏ္ဍသည် အရေးကြီးလာသည်။

မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပုဒ်မ အချို့ကို ပြင်ဆင်လိုသော အင်အားစုများနှင့် မပြင်ဆင်လိုသော အင်အားစုများအကြား အပြန်အလှန် ဆန္ဒခံယူပွဲများသည် ဒီမိုကရေစီရေးနှင့် အမျိုးသားရေး ဝါဒတို့အကြား အားပြိုင်လာမှုများ ဖြစ်သည်။ နိုင်ငံတည်ဆောက်ရာတွင် အရေးကြီးသော အမျိုးသား ရင်ကြားစေ့ရေးအတွက် လားရာ တူပါလျက်နှင့် လာရာ မတူကြခြင်းကြောင့် ဖြစ်လာသော ကိစ္စများကို နှစ်ဖက် Stakeholders များအကြား အကျေအလည် ညှိနှိုင်းရတော့မည် ဖြစ်သည်။ သို့မဟုတ်လျှင် မည်သည့် ကိစ္စများ ဖြစ်ပေါ်လာနိုင်သည် ဆိုခြင်းမှာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် မည်သို့ သက်ရောက်မှုများ ရှိသွားမည် ဆိုခြင်းကို မိမိတို့ လိုရာရှုထောင့်မှ မဟုတ်ဘဲ ရှုထောင့်စုံမှ ခံစား ကြည့်မြင်နိုင်ရန် အရေးကြီးပေသည်။

ရာစုနှစ် ထက်ဝက်နီးပါး စနစ်တစ်ခု၏ အောက်တွင် အတူတူ ရှင်သန်ခဲ့ရသူများ အားလုံးအနေနှင့် ယခင် အခြေအနေများထက် ပိုမို ကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်ချင်ကြသည်မှာ မြန်မာ့ လူ့အဖွဲ့အစည်း၏ လိုအင် ဆန္ဒပင် ဖြစ်သည်။ သို့သော်လည်း ယခင် စနစ်၏ အောက်တွင် ခံစားခဲ့ရသော ခံစားမှုများကိုလည်း နားလည် သဘောပေါက်ဖို့ လိုသလို ပိုမို အရေးကြီးသော လူ့အဖွဲ့အစည်း၏ လိုအင် ဆန္ဒကိုလည်း နားလည် သဘောပေါက်ဖို့ လိုအပ်ပေသည်။ ရင့်ကျက်သော လူ့အဖွဲ့အစည်း အဖြစ်သို့ ရောက်ရှိရန် လိုအပ်ချက် များစွာ ရှိနေသေးသော မြန်မာ့ လူ့အဖွဲ့အစည်းကို ဒီမိုကရေစီ အလေ့အထများနှင့် အကျွမ်းတဝင် ရှိလာရေး၊ ပိုမို ရင့်ကျက်လာစေရန် ပြုလုပ်ခြင်းတို့ အတွက်မှာ လူထုကို နားလည် သဘောပေါက်အောင် ရှင်းပြရန်သာ လိုအပ်ပြီး လူထု၏ ဆုံးဖြတ်ခွင့်ကို လွှမ်းမိုးမှုများ ပြုလုပ်ခြင်းမှာ များစွာ မသင့်တော်ပေ။ ခံစားမှုများနှင့် မိမိတို့၏ လိုလားချက်များကိုသာ ရှေ့တန်းတင်ပြီး လူထု၏ ခံစားမှုများနှင့် လိုအင် ဆန္ဒများကို မျက်ကွယ် ပြုထားခဲ့ပါလျှင် သားရွှေအိုး ထမ်းလာသည်ကို မြင်ရခြင်းမှ ဝေးကွာပြီး အရှိတရားနှင့် ကင်းလွတ်မည် ဖြစ်သည်။

လေးလေးနက်နက် မေတ္တာရပ်ခံ လိုသည်မှာ ဆန္ဒစွဲများ၊ ပုဂ္ဂိုလ်စွဲများဖြင့်သာ တည်ဆောက်သော လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ်သို့ မြန်မာ့ လူ့အဖွဲ့အစည်း ရောက်ရှိမသွားစေရေးနှင့် ဒီမိုကရေစီ အလေ့အထများ ထွန်းကားသော၊ ရင့်ကျက်သော၊ Institution များဖြင့် အလုပ် လုပ်နိုင်သော ယဉ်ကျေးသည့် မြန်မာ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာရေးအတွက် သက်ဆိုင်ရာ ပလေယာများက မိမိတို့၏ ရင့်ကျက်မှုများ၊ အမြော်အမြင်များဖြင့် လူထုကို ခေါ်ဆောင်သွားရန် အတွက် ပြည်သူတစ်ဦးအနေနှင့် လေးနက်စွာ တောင်းဆိုလိုက်ရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...