Tuesday, February 11, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၂)

သစ်ထူးလွင်


Posted: 10 Feb 2014 04:48 AM PST
သို့ ဒေါ်တင်မိုးလွင် Talents & Models မှ သတင်းစာဆရာတစ်ဦး အကြောင်းအရာ ။ ။ သင်တန်းသားသစ်များလက်ခံပါရန် လျှောက်ထားခြင်း။ ဒေါ်တင်မိုးလွင်ခင်ဗျား အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး လေးစားစွာစာရေးသားအပ်ပါသည်။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ အပြောအဆို၊ အနေအထိုင်မတတ်သေးသည့် သတင်းထောက်လူငယ်များအတွက် ယဉ်ကျေးစွာစကားပြောဆိုဆက်ဆံနည်း၊ သင့်တင့်လျောက်ပတ်စွာ သွားလာနေထိုင်နည်း၊ ၀တ်စားဆင်ယင်နည်း သင်တန်းကို မေတ္တာဖြင့်
Posted: 10 Feb 2014 04:42 AM PST
ရန်ကုန်၊ ဖေဖေ၀ါရီ ၁၀ ၉.၂.၂၀၁၄ရက်နေ့၂၃၃၀အချိန် စက်ဆန်းနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ကြည်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်တွင် လင်မယား (၂)ဦး၊ မိမိကိုယ်ကို ဓါးဖြင့်ထိုးကြသဖြင့် ဒဏ်ရာများ ရရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ခင်ပွန်းဖြစ်သူနှင့် ဇနီးဖြစ်သူတို့တွင် ၀မ်းဗိုက်များ၌ ထိုးသွင်းဒဏ်ရာ(၁)ချက်စီရရှိ ထားသည်ကို တွေ့ရှိရသည်ဟု Yangon Police အင်တာနက် စာမျက်မှာ ဖော်ပြထားပါသည်။ြ
Posted: 10 Feb 2014 03:12 AM PST
ရွာဖျက်ခံလို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးကလေးကျေးရွာသားတွေကို အစိုးရက ဘုန်းကြီးကျောင်းကနေ တပတ်အတွင်း ဖယ်ရှားပေးဖို့ ညွှန်ကြားလိုက်ပါတယ်။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် တပ်ပိုင်မြေမှာ သမီးကလေးကျေးရွာတည်တာဟာ ကျူးကျော်ဆောက်လုပ်တယ်ဆိုပြီး လွန်ခဲ့တဲ့ရက်ပိုင်းက  အင်အားသုံးပြီး အိမ်ခြေတွေကို ဖျက်ခဲ့လို့ အိမ်ဖျက်ခံရသူတွေဟာ ပဲခူးမြို့ရှိ အလံနီဆည်အနီး အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။
Posted: 10 Feb 2014 03:00 AM PST
မန္တလေး၊ ဖေဖော်ဝါရီ ၉ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ရွှေဆိုင် နှစ်ဆိုင်ကို တစ်ပြိုင်နက် ဓားပြတိုက်ခံရမှုတွင် ကျူးလွန်သည့် တရားခံများထဲတွင် ပါဝင်သည်ဟု ယူဆရသူ နှစ်ဦးကို ဖေဖော်ဝါရီလ၂ရက်နေ့က ခေါ်ယူ စစ်ဆေးနေရာ သံသယရှိသူ တစ်ဦး၏ ယောက်ဖဖြစ်သူ သက်သေ ထွက်ဆိုချက်အရ လက်နက်ကိုင် အဖွဲ့မှလည်း ပါဝင် ပတ်သက်နေသည်ဟု သိရကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Posted: 10 Feb 2014 02:40 AM PST
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ည ၈ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာထောင်ကျေးရွာတွင် ကလေးတစ်ဦးလှံထိုးမိ၍ သေဆုံးနေကြောင်း သတင်းအရ လယ်ကိုင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာထောင်ကျေးရွာနေ သောင်းထွန်း(၂၉)နှစ်သည် လှံကိုင်၍ နေအိမ်မှ ထွက်လာခဲ့ပြီး တစ်ရွာတည်းနေ
Posted: 10 Feb 2014 02:32 AM PST
မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မင်းခေါင်ကျေးရွာတွင် ဖေဖော်ဝါရီ ၉ ရက် နံနက် ၅ နာရီခန့်က ထမင်းဟင်းချက်ပြုတ်ရာမှ မီးလောင်ရာ နေအိမ်အပေါ်ထပ်တွင် (၇)နှစ်အရွယ် သမီးငယ် ရှိသည်အထင်ဖြင့် ကယ်ရန်ကြိုးစားခဲ့သည့် မိခင်တစ်ဦးသေဆုံးခဲ့သည်။ ““မီးစလောင်တာ နံနက် ၄ နာရီ ၅၅ မိနစ်ပါ။ မီးလောင်မှုကြောင့် နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးပြီး မိသားစု သုံးစု၊ ၁၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ပါတယ်။ မီးလောင်နေတုန်း အသက်(၃၈
Posted: 10 Feb 2014 02:30 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၃) ရပ်ကွက်ရှိ လယ်မြေများပေါ်တွင် ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် လူ ၁၅၀ ခန့်က ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ခြံစည်းရိုး လာရောက်ခတ်ရာမှ လယ်ပိုင်ရှင် မိသားစုနှင့် နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင် ကြုံတွေ့သူများထံမှ စုံစမ်းသိရှိရသည်။ မြို့နယ်ရဲတပ်ဖွဲ့မှူး၊
Posted: 10 Feb 2014 02:01 AM PST
ပြီးခဲ့တဲ့ ဇန်န၀ါရီလ၂၈ ရက်နေ့က မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာ ကောက် ကျေးရွာမှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် အောင်လံမြို့ခံ ၁ ထောင် နီးပါး ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဒေသခံတွေက ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် အလိုမရှိ၊ ပြည်သူကို ပါးရိုက်ချင်တဲ့ ၀န်ကြီး အလိုမရှိ အစရှိတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး အောင်လံမြို့ တွင်း လှည့်လည်
Posted: 10 Feb 2014 01:33 AM PST
အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မျက်ခြေမပြတ်စေဘဲ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ငြိမ်းချမ်း၍ တရားမျှတသော နည်းလမ်းများဖြင့် ပူးတွဲဆောင်ရွက်သွားမယ်လို့ အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကြေညာချက်ထဲမှာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကစတင်ပြီး ဒီနေ့အထိ စဉ်ဆက်မပြတ် လက်တွဲ
Posted: 10 Feb 2014 01:25 AM PST
”လာပြန်ပြီလား၊ ဒီတန်ဖိုးနည်း အိမ် ရာ၊ ဘယ်မှာလဲ တန်ဖိုးနည်း၊ တန်ဖိုးနည်း ဆိုတာ ဘာကိုပြောတာလဲ။ အခု ဂျာနယ် တို့ သတင်းစာတို့မှာ ဖတ်ရတာက သိန်း ၂ဝဝ လောက်ပေါက်နေတဲ့ တန်ဖိုးလား၊ မဝယ်နိုင်ပါဘူး”ဟုကြည့်မြင်တိုင်မှ အထည် ဆိုင်ဖွင့်ထားသော ဒေါ်စန်းရီက မာန် အပြည့်ဖြင့် ပြောသည်။နိုင်ငံတော်မှ အများပြည် သူများ ဈေးနှုန်းသက်သာစေ ရန် ရည်ရွယ်၍ အိမ်ရာစီမံကိန်းများဖြင့် အရစ်ကျရောင်း ချပေးရန် စီစဉ်နေသည့်
Posted: 10 Feb 2014 01:17 AM PST
ဖေဖော်ဝါရီလ ၉ ရက် (လပွတ္တာ) ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ဂုံညှင်းတန်း ကျေးရွာအုပ်စုက လယ်သမားတွေဟာ သူတို့လယ်တွေကို ဦးသန်းအေးဆိုသူက အတင်းအဓမ္မ ၀င်ရောက်ထွန်ယက်ပြီး လုယူသွားတဲ့ကိစ္စကို အာဏာပိုင်တွေ သိစေလိုတဲ့အတွက် ရုပ်/သံဗီဒီယိုရိုက်ကူးပြီး တိုင်ကြားခဲ့ရာမှာ တရားစွဲဆိုခံနေရကြောင်း သိရပါတယ်။ ဂုံညှင်းတန်း ကျေးရွာအုပ်စု လိပ်သစ်ကျေးရွာက လယ်သမားတွေရဲ့လယ်တွေကို လိပ်သစ်ကျေးရွာနေ
Posted: 09 Feb 2014 09:38 PM PST
လာဂို့၊ ဖေဖော်ဝါရီ ၈ နိုင်ဂျီးရီးယားနိုင်ငံ အနမ်ဘရာ ပြည်နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် လူသားကင်များ၊ လူသားဖြင့် ပြုလုပ်ထားသည့် ဟင်းလျာများ ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရခြင်းကြောင့် အာဏာပိုင်များက ဆိုင်ကို ပိတ်သိမ်းလိုက်ကြောင်း Ibtime သတင်းတွင် ဖော်ပြထားသည်။ လျှို့ဝှက် သတင်းပေး ပြောကြားချက်အတိုင်း လိုက်လံ စုံစမ်းပြီးနောက် လူသားများ ရောင်းချနေသည်ကို ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်
Posted: 09 Feb 2014 09:25 PM PST
ထားဝယ်မြို့မှ လယ်သိမ်းဆည်းခံ တောင်သူလယ်သမားငါးဆယ်ခန့်က ၎င်းတို့ လယ်ယာမြေများအပေါ်တွင် လာရောက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် အာဏာပိုင်များကို ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ကျိန်စာတိုက်ပွဲကို ဖေဖော်ဝါရီ ၈ ရက်က ဆောက်လုပ်ရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နေသော လယ်သမား ဦးကြူလွင်၏ လယ်ကွင်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သိမ်းဆည်းခံ လယ်ယာမြေများအတွက် နစ်နာကြေးများနှင့်
Posted: 09 Feb 2014 09:17 PM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ဆက်သွယ်ရေး ၀န်ကြီးဟောင်း ကြံ့ခိုင်ရေးပါတီအမတ် ဦးသိန်းဇော်၏ နိုင်ငံပိုင် ငွေကြေးအလွဲသုံးစားမှု ပြုလုပ် ခဲ့မှုနှင့်ပတ်သက်၍ ပြည်ထောင် စုကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းသို့ တိုင်ကြားစာအချို့ရောက်ရှိခဲ့ကြောင်း ယင်းပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောကြားသည်။ ဦးသိန်းဇော်သည် ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ချိန်က နိုင်ငံတကာမှ ဖုန်းခေါ်ဆိုမှုများကို ပြည်ပ
Posted: 09 Feb 2014 09:10 PM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှု အကောင်အထည်ဖော်ရန် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပသော အမျိုးသား ကျန်းမာရေးကွန်ရက် နှစ်ပတ်လည် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ကျပ်သိန်း ရှစ်ရာကျော်နှင့် အရေးပေါ် လူနာတင်ကားတစ်စီး ရရှိခဲ့ကြောင်း အဆိုပါကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက The Voice သို့ ပြောကြားသည်။ အရေးပေါ် လူနာတင်ကားအတွက် Ever Green Auto
Posted: 09 Feb 2014 09:08 PM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ မြန်မာနိုင်ငံ တစ်ဝန်းရှိ မှတ်ပုံတင် ထားရခြင်း မရှိသေးသော လိုင်စင်မဲ့ ဆိုင်ကယ်များအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မှတ်ပုံတင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်မှုများ ရှိခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှသာ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ပြန်လည် အသိပေးခဲ့သည်။ “ဘာကြောင့် ပြောင်းလဲ သတ်မှတ်လိုက်တယ်တော့
Posted: 09 Feb 2014 07:20 PM PST
ကျေးလက်ကျန်းမာရေး ရုပ်ပုံလွှာ တစ်ပိုင်းတစ်စကို လင်းလက်ကြယ်စင်မှာ နားဆင်နိုင်ပါပြီ။
Posted: 09 Feb 2014 07:10 PM PST
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ဂျာမဏီသမ္မတ ရိုအာဟင်းမ်ဂေါ့(က်) Joachim Gauck နဲ့အဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ကြပါတယ်။ ဂျာမဏီသမ္မတနဲ့အတူ အစိုးရ၀န်ကြီးအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၁၅၀ ကျော် လိုက်ပါလာခဲ့ကြပါတယ်။ ဂျာမဏီသမ္မတဟာ ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းမှာ ရွှေတိဂုံစေတီတော်ကို သွားရောက်ကြည်ညိုခဲ့ပါတယ်။ ဖေဖော်ဝါရီ
Posted: 09 Feb 2014 07:04 PM PST
မြန်မာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​ဂျာမနီနိုင်ငံ ​သမ္မတ ​Joachim ​Gauck ​ဟာ ​ဒီကနေ့မှာ ​နေပြည်တော်ကို ​သွားရောက်လည်ပတ်မှာဖြစ်ပြီးတော့ ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်တို့ကို ​တွေ့ဆုံမယ်လို့ ​သိရပါတယ်။ ဂျာမနီနိုင်ငံ ​သမ္မတဟာ ​သူ့ရဲ့ ​သုံးရက်တာ ​အရှေ့တောင်အာရှခရီးစဉ်အတွင်း ​မြန်မာနိုင်ငံကို ​တနင်္ဂနွေနေ့တုန်းက ​ရောက်ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုေ
Posted: 09 Feb 2014 06:58 PM PST
ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ် အားကစား ပြိုင်ပွဲမှာတော့ နော်ဝေးနိုင်ငံမှာ ဆုတံဆိပ် ၇ ခု ရထားပြီး ဆုတံဆိပ်အများဆုံးနဲ့ ပြိုင်ပွဲကို ဦးဆောင်နေပါတယ်။ နော်ဝေးနိုင်ငံက ရွှေတံဆိပ် (၂) ခု၊ ငွေ (၁) ခု နဲ့ ကြေး (၄) ခု ရထားပါတယ်။ အဲဒီနောက်မှာတော့ နယ်သာလန်က ရွှေတံဆိပ် (၂) ခု၊ ငွေ (၁) ခု ကြေး (၁) ခု နဲ့ ဒုတိယနေရာမှာရှိနေပြီး အမေရိကန်ကတော့ ရွှေ (၂) ခု ကြေး (၂) ခု နဲ့ တတိယနေရာမှာ
Posted: 09 Feb 2014 06:41 PM PST
ထိုင်းနိုင်ငံ ဖူးခက်ခရိုင် က ထွက်ခွာလာတဲ့ KS ဘလူးစတားကုမ္ပဏီပိုင် စက်တပ် ရွက်လှေတစီး မြန်မာ ရေပိုင်နက်အတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို မပေါက်ကွဲခင်အချိန်ပိုင်းလေးမှာ မြန်မာ ကင်းမွန် မီးထွန်းလှေက နိုင်ငံခြားသားတွေ အပါအဝင် လူ(၃၃)ဦးကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ အဲဒီလူတွေ မနေ့ နေ့လယ်ပိုင်း တနာရီမှာ ကော့သောင်းမြို့ မြိုမတံတားကိုရောက်လာပြီး သူတို့ကို အာဏာပိုင်တွေက ကြိုဆိုခဲ့ပါတယ်။
Posted: 09 Feb 2014 06:36 PM PST
ပြီးခဲ့တဲ့ရက်ပိုင်းက လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှာ နေအိမ်တွေဖျက်ဆီးခံရပြီး ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာက အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေထဲက ကျောင်းသူကျောင်းသားမရှိတဲ့ မိသားစု ၆၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားပေးဖို့ အလံနီကျေးရွာအုပ်ချုပ်ရေးမှူးက သတိပေးလိုက်ပါတယ်။ လှည်းကူးမြို့နယ် သမီးလေးကျေးရွာတ၀ိုက်ကို စီးပွားရေးလုပ်ငန်းရှင်တွေက မြေနေရာတွေကိုေ
Posted: 09 Feb 2014 06:32 PM PST
ဆီးရီးယားမှာ အစိုးရတပ်တွေ ဝိုင်းထားတဲ့ ဟုမ်းစ် မြို့က အသက်ကြီးရင့်တဲ့ အမျိုးသားကြီးတွေ ၊ အမျိုးသမီးနဲ့ ကလေး လူအယောက် ခြောက်ရာကျော်ကို ကယ်ထုတ် နိုင်ခဲ့တယ်လို့ လခြမ်းနီ အဖွဲ့ အကြီးအကဲ Khaled Erksoussi က ပြောပါတယ်။ ဒါ့အပြင် အစားအစာ ရိက္ခာထုပ် ၆ဝ လောက်နဲ့ ဂျုံမှုန့် ၁၅ဝဝ ကီလို ဂရမ် လောက်ကိုလည်း မြို့ထဲမှာ ပိတ်မိနေတဲ့ လူတွေအတွက် ယူဆောင်သွားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အမြောက် ၊ ဗုံးနဲ့ သေနတ်
Posted: 09 Feb 2014 06:25 PM PST
မကွေးတိုင်း၊ ပခုက္ကူ မြို့နယ် သရက်တော အုပ်စုမှာ မီတာခ အပို ယူနစ် ကောက်ခံတာကို မကျေနပ်လို့ ဒေသခံတွေ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဦးမြင့်နိုင် သတင်းပေးပို့ ထားပါတယ်။ DVB - TV ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 09 Feb 2014 06:09 PM PST
ကော့သောင်း ၊ ဖေဖေါ်ဝါရီ ၉ ကော့သောင်းမြို့နယ် အက်ဒမန်ပင်လယ် ၊ကျွန်းမဲ အနီး ထိုင်းအခြေစိုက် ၊ ဖူးခက် A.F.S ကုမ္ပဏီပိုင် နိုင်ငံခြား စက်တပ် (၃)ထပ် အပျော်စီး ရွက်လှေ တစ်စီး ဖေဖေါ်ဝါရီ ၉ ရက် ၊နံနက် (၁) နာရီ ခန့် ကပင်လယ်ပြင် အတွင်း ရေယာဉ်စက်ခန်း အတွင်း မှ မီးလောင်ပေါက်ကွဲ နှစ်မြုပ်မှု တစ်ခုဖြစ်ပွားသည်။ ဖြစ်စဉ်မှာ အဆိုပါကုမ္ပဏီပိုင်MV -BLUESTARအမည်ရှိစက်တပ် အပျော်စီး ရွက်လှေ တစ်စီးသည် မြန်မာနိုင်ငံ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...