Thursday, February 13, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၂)

သစ်ထူးလွင်


Posted: 11 Feb 2014 02:43 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ၁၁.၂.၂၀၁၄ ရက်နေ့၁၂၁၅ အချိန် တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းအတိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်ဘက်သို့ ယာဉ်မောင်း ကိုအဏ္ဏ၀ါစိုး (ဘ)ဦးသက်စိုး၊ တာမွေမြို့နယ်နေသူ မောင်းနှင်လာသော 2E/----ဟွန်ဒါဖစ် အနက်ရောင်ကိုယ်ပိုင်ယာဉ်သည် လဂွန်းအိမ်တံတား အရောက် အရှိန်လွန်ကာလမ်း၏ ယာဘက်သို့ရောက်ရှိပြီး တံတားအောက်သို့ ကျသွားခဲ့ပါသည်။ ယင်းသို့ ကျသွားခဲ့ရာတွင် တံတားအောက်ဖက် မီးရထားဝင်းလိုင်းရှိ
Posted: 11 Feb 2014 02:22 AM PST
ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် စပ်လျဉ်း၍ တရားစွဲဆို စစ်ဆေးခံရသူ သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌ ဦးမောင်ပုနှင့် အမျိုးဘာသာ စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များကို အမှုစီရင်ချက်ချရာတွင် စစ်ဆေးပေါ်ပေါက်ခြင်း မရှိသဖြင့် တရားရုံးက တရားသေ ပြန်လွှတ်လိုက်သည်ဟု ကာယကံရှင်များက ဖေဖော်ဝါရီ ၁၁ရက်တွင် မဇ္ဈိမကိုပြောသည်။ သံတွဲမြို့တွင် ရခိုင်အမျိုးသားတစ်ဦးနှင့် အစ္စလာမ်
Posted: 11 Feb 2014 01:43 AM PST
မြစ်ကြီးနားမီးရထားဘူတာက ထွက်ခွာလာတဲ့ အမှတ် ၉၃၈ ကုန်တင်မီးရထားဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမီးရထားဘူတာနဲ့ နန့်စီးအောင် မီးရထားဘူတာကြားမှာ ဒီနေ့မနက် ၇ နာရီ ၅ မိနစ်အချိန်က ရထားတွဲချော် တိမ်းမှောက်ခဲ့ပါတယ်။ ဖြစ်စဉ်မှာ မြစ်ကြီးနားကနေ မန္တလေးကို မောင်းနှင်လာတဲ့ စက်ခေါင်းအမှတ် DD 1118၊ စက်ခေါင်းမောင်း ဦးရဲသန်း၊ ရထားထိန်း ဦးလှမြင့်တို့ ဦးဆောင်မောင်းနှင်လာတဲ့ ကုန်တင်ရထားဟာ
Posted: 11 Feb 2014 01:41 AM PST
မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းမှ တဆင့် တရားဝင်သွားသူ ဘင်္ဂလီ ၁၈၁ ဦးကို စက်လှေကြီး တစ်စီးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်နှင့် ရေတပ်က ပင်လယ်ပြင် တစ်နေရာတွင် ဖမ်းဆီးလိုက်သည်။ ၎င်းတို့အား နတ်မြစ်ဝရှိ စိန်မာတင်ကျွန်း ( မြန်မာအခေါ် အုန်းကျွန်း) ၏ အရှေ့ဘက် ပင်လယ်ကမ်းခြေတွင် စက်လှေကြီး တစ်စီးပေါ်မှ ယနေ့ အင်္ဂါနေ့နံနက် (၅) က သတင်းအရ ဖမ်းဆီမိခဲ့သည်ဟု ဆိုသည်။ သူတို့သည် မောင်တောမြို့နှင့်
Posted: 11 Feb 2014 01:40 AM PST
ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ ဖေဖော်ဝါရီ ၁၀ နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ လိုင်ဇာနဲ့ ၂ နာရီမောင်းရတဲ့ ဂျာအိန်ယန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကေအိုင်အိုအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့ညကတော့ လိုင်ဇာနဲ့ ၂ နာရီလောက်မောင်းရတဲ့နေရာ ဂျာအိန်ယန်ဆိုတဲ့ ရွာလေးမှာ ဖြစ်တာ။ ဒါပေမယ့် အဲဒီရွာမှာတော့ အခု ပြည်သူလူထုတွေ ရွာတွေ မရှိတော့ဘူး။ ရွာဟောင်းပေါ့။
Posted: 11 Feb 2014 01:38 AM PST
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် တပ်ရင်းတစ်ခုမှ ကျေးရွာသားများ အသုံးပြုနေသော ချောင်းတစ်ခုအား ပိတ်ဆို့ဆည်နေသဖြင့် ထိုသို့ မပြုလုပ်ရန် ကျေးရွာသားများက ၀ိုင်းဝန်း ကန့်ကွက် တောင်းဆိုနေကြသည်ဟု သတင်းရရှိသည်။ ၎င်းကဲ့သို့ ၀ိုင်းဝန်းကန့်ကွက်ပြီး ချောင်းကို မပိတ်ဆို့ရန် တောင်းဆိုရခြင်းမှာ ၎င်းချောင်းကို ဆည်ထားသဖြင့် မိုးရာသီတွင် ရေပြည့်ပြီး စပါးခင်းများ ပျက်စီးသည်သာမက နွေရာသီတွင် ကျွဲနွားများသောက်သုံးရေမရရှိ
Posted: 11 Feb 2014 01:33 AM PST
ဒုချီးရားတန်းကျေးရွာအုပ်စုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါ်ထွက်ခဲ့သော သတင်းများကို မြေပြင်တွင် သွားရောက်စုံစမ်းစစ်ဆေးရာ၌ တပ်ကြပ်ကြီးသေဆုံးမှုမှလွဲ၍ အခြားသော လူသေမှုများနှင့် ဒဏ်ရာရသည်ဆိုသော သတင်းများမှာ သက်သေပြနိုင်သည့် အချက်အလက်များ မတွေ့ ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သတင်းရရှိသည်။ ““လူဘယ်နှယောက်  အသတ်ခံရတယ်။ ဘယ်နှစ်ဦး ဒဏ်ရာရတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့အတွက် ကျွန်တော်တို့
Posted: 11 Feb 2014 01:11 AM PST
လူဦးရေ ၈ သောင်းကျော် နေထိုင်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က ရပ်ကွက်ကြီး ၄ ခုဟာ ကျူးကျော် နေထိုင်သူတွေ ဖြစ်တဲ့အတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးရမယ်လို့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားကြောင်း ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။ ဖယ်ရှားပေးရမယ့်အထဲမှာ ဒဂုံဆိပ်ကမ်းမြို့နယ် ၆၀၊ ၆၁၊ ၆၇နဲ့ ၉၃ ရပ်ကွက်တွေမှာ နေထိုင်သူတွေ ဖြစ်ပြီး တကယ်ပဲ အစိုးရဘက်က အင်အားသုံး
Posted: 11 Feb 2014 12:54 AM PST
ထားဝယ်၊ ဖေဖော်ဝါရီ ၁၀ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းရှိ အီတာလျံ - ထိုင်း ကုမ္ပဏီမှ အလုပ်သမား တစ်ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ညက ရေနက်ဆိပ်ကမ်း ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များက လက်ထိတ်ခတ်ပြီး ထိုးကြိတ် ကန်ကျောက်ခဲ့ကြောင်း ယင်းသို့ ထိုးကြိတ်ခံရသည့် အလုပ်သမား၏ ဇနီးဖြစ်သူနှင့် မျက်မြင်တွေ့ရသူ အလုပ်သမား တစ်ဦးထံမှ သိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၈ နာရီခန့်တွင် အလုပ်သမားတန်းလျား
Posted: 11 Feb 2014 12:07 AM PST
သာယာဝတီမြို့နယ်ရှိ တပ်သိမ်း လယ်ယာမြေထဲမှ လယ်ယာမြေတချို့ကို မူလလက်ငုတ်ပိုင်ရှင် လယ်သမားများထံ သို့ ပြန်ပေးမည်ဆိုသော်လည်း ယနေ့အချိန်ထိ မရရှိသေး ကြောင်း ကညင်ကောက်ကျေးရွာမှ လယ်သမားဦးသန်း ထိုက်က ပြောသည်။ သာယာဝတီမြို့နယ်ရှိ ကညင်ကောက်၊ ဂွေးချောင်း၊ သာယာအေး၊ ကန်သာယာကျေးရွာနှင့် သရက်တော ကျေးရွာတို့မှ လယ်သမား ၁၀၀ နီးပါးခန့်လုပ်ကိုင်နေသည့် လယ်ယာမြေဧက ၇၅၀ ကျော်ကို ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၄ ခုနှစ်ထိ အမှတ် (၃၅)
Posted: 11 Feb 2014 12:05 AM PST
တိကျသော ရလဒ်မထွက်ရှိမီ အန္တရာယ်ရှိ စေသော စားသောက်ကုန်များ အဖြစ် ကြေညာမှုများ ရှိလာ၍ စားသုံးသူများ အတွက် ထိတ်လန့်ဖွယ် ဖြစ်လာသကဲ့သို့ ရောင်းချသူများ အတွက်လည်း ဈေးကွက်ထိခိုက် သည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း သိရသည်။ လက်ရှိ၌ စားသုံးသူများအတွက် ကာကွယ်ပေးသည့် အသင်းအဖွဲ့များ များစွာ ရှိလာပြီး ယင်းအဖွဲ့များက စားသုံးသူများ အတွက် ကွင်းဆင်းစစ်ဆေးမှုများ၊ အသိ ပညာပေးမှုများနှင့်
Posted: 10 Feb 2014 11:22 PM PST
၂၀၀၈ဖွဲ့စည်းပုံပါ ၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်လိုသူများနှင့် မပြင်ဆင်သင့် ကြောင်းကို ကန့်ကွက် ပြောဆိုမှုများ ရှိနေရာတွင် ပြင်ဆင် လိုသည့်ဘက်က ပြင်ဆင်သင့် ကြောင်းကို ဆန္ဒဖော်ထုတ်မှုများ ရှိနေ၍ မပြင်သင့်ကြောင်းကို ထောက်ခံသည့် ဘက်ကလည်း ဟောပြောပွဲများ ပြုလုပ်လျက်ရှိ သည်။ ၅၉(စ)နှင့် ၅၉(ဃ)တို့နှင့် ပတ်သက်၍ ရှမ်းပြည်လူမျိုး ပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့အပါ ၀င်(၃)ဖွဲ့၏ ကိုယ်စားလှယ်စိုင်းထွန်းေ
Posted: 10 Feb 2014 11:13 PM PST
မြန်မာနိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းအတွက် လုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ နော်ဝေးနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီအနေနဲ့ ရင်ဆိုင်ကျော်လွှားရမယ့် ပြဿနာတွေ အများအပြားရှိနေတယ်လို့ ကုမ္ပဏီ အရာရှိတစ်ဦးက ပြောပါတယ်။ ဒီနှစ် ဇန်န၀ါရီလကုန်ပိုင်းက လုပ်ကိုင်ခွင့်လိုင်စင် တရားဝင်ရရှိခဲ့တဲ့ Telenor ကုမ္ပဏီဟာ လာမယ့် ၈ လအတွင်း 2G နဲ့ 3G တယ်လီဖုန်းဝန်ဆောင်မှု စတင်နိုင်ဖို့ဆောင်ရွက်ရမှာပါ။ ဒါ့ပြင် ငါးနှစ်အတွင်းြ
Posted: 10 Feb 2014 11:10 PM PST
ရန်ကုန်မှာ ကားရောင်းစင်တာတွေ များပြီး လူတိုင်ကား တင်သွင်းခွင့်ရှိတဲ့အတွက် ကားလောက ဈေးကွက်ဝယ်လိုအား မရှိသလောက် ဖြစ်ပြီး အကျဘက်ကို ဦးတည်နေတယ်လို့ ကားဝယ်ရောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။ ကားရောင်းစင်တာအသစ်တွေ များလာပြီး သွင်းအားကောင်းနေတဲ့အတွက် ကားဈေးတွေ အကျဘက်ကို ဦးတည်နေတယ်လို့ မင်းရဲကျော်စွာ ကားပွဲစားတန်းက ၀ယ်ရောင်းတဦးဖြစ်တဲ့ ဦးအောင်သန်းဝင်က ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလဲ အင်ဂျင်ပါဝါ
Posted: 10 Feb 2014 11:08 PM PST
ရန်ကုန်တိုင်း ယုဇနဥယျာဉ်မြို့တော်အနီးက နေထိုင်ကြသူတွေက သူတို့ လက်ရှိနေအိမ် တွေကနေ  မဖယ်ရရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရဆီ သွားရောက်စာတင်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီးက ၉၃ တိုးချဲ့ရပ်ကွက်မှာ ရှိတဲ့ အိမ်ခြေ ၁၄၀၀ ကျော်ကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ပေးဖို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၇ ရက်နေ့က
Posted: 10 Feb 2014 11:04 PM PST
စစ်ကိုင်းတိုင်း၊ ခန်္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ယက်ဖကျေးရွာတွင် ဖေဖော်ဝါရီ ၉ က အစာအဆိပ်သင့်မှု ကြောင့် ထမံသီတိုက်နယ်ပြည်သူ့ဆေးရုံတွင် လူငါးဦး အရေးပေါ်တင်ကုသထားရကြောင်း ထမံသီနယ် မြေရဲစခန်းရှိ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက်က ဦးကျော်မင်းစိုးသည် သစ်ပါးလွှာစက်ရုံဟောင်းတစ်ခုမှ ဟင်းချက်ဆား များ ယူဆောင်လာကာ ညနေပိုင်းတွင် ဇနီးဖြစ်သူ မတူးသည် ကြိမ်ဖူးထောင်းဟင်းချက်ပြုတ်ရာ၌
Posted: 10 Feb 2014 10:37 PM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ အုပ်စုရှိ ကွမ်းခြံကုန်း ကျေးရွာကို ဖျက်သိမ်းပေးရန်နှင့် ယင်းကျေးရွာရှိ နေအိမ် ၁၄၀၀ ကျော်ကို နှစ်ပတ်အတွင်း ပြောင်းရွှေ့ပေးရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အမိန့် ကြော်ငြာစာ ထုတ်ပြန်ထားကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ
Posted: 10 Feb 2014 04:29 PM PST
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ ရက်ပေါင်း ၄၀ကျော် ဘဲ ကျန်ပါတော့တယ်။ တစ်နိုင်ငံလုံးအနှံ့ အကွတ်ပေါင်း တစ်သိန်းကျော် သတ်မှတ်ပြီး လာမဲ့ မတ်လ ၂၉ရက် နေ့ ညသန်းခေါင်ယံ အချိန် က စပြီး ၁၂ ရက် ကြာ ကောက်ခံမှာ ဖြစ်ပါတယ်။ ဒီကောက်ခံမှုကို အစိုးရအနေနဲ့ သတ်မှတ်ထားတဲ့ စနစ်တွေ အတိုင်း ကောက်ခံ သွားမယ်လို့ အစိုးရဖက်က ရန်ကုန်မှာ သတင်းစာ
Posted: 10 Feb 2014 04:24 PM PST
ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာ အေးမောင်တို့ ပြီးခဲ့တဲ့ အပတ် က မလေးရှား နိုင်ငံ ခရီးစဉ် အတွင်း ကွာလာ လမ်ပူမှာ ကားနဲ့ သွားလာစဉ်၊ ဆိုင်ကယ် တစီး ပေါ်ကနေ သေနတ် နဲ့ ပစ်ခတ်ခံရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးမလေးရှား ရဲ က လုံခြုံရေး ကင်မရာ စီစီတီဗီ မှတ်တမ်းတွေ အရ သံသယ ရှိသူတွေ ကို ရှာဖွေ နေပါပြီ။ ဒီအမှု ကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ ရဲအရာရှိ ဘားဆွတ် က အမှု ကို စုံစမ်းနေဆဲြ
Posted: 10 Feb 2014 04:19 PM PST
အာရှဒေသအတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ အတိုင်း မြန်မာနိုင်ငံမှာလည်း အခြေခံ အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသား ကော်မီတီက လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လုပ်ငန်းအမျိုးအစား၊ နေရာဒေသအပေါ် မူတည်ပြီး လုပ်ခ လစာ စံနှုန်းသတ်မှတ်မှုလုပ်ဆောင်ဖို့ ပြင်ဆင်နေကြပြီး မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နဲ့
Posted: 10 Feb 2014 04:26 PM PST
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက မောင်တောမြို့ အခြေစိုက် UN နှင့် INGO များ ဒေသအတွင်းမှ ထွက်ခွာသွားရန် ယနေ့ နေ့လည်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ထောင်နှင့်ချီရှိသည့် ဒေသခံများသည် UN ရုံးနှင့် AZG (MSF) ရုံးရှေ့သို့ ချီတက်ပြီး ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သူ မောင်တောမြို့အမျိုးသမီးအသင်းမှ ဒေါ်ခင်စောဦးက ဆန္ဒထုတ်ဖော်ရ သည့်
Posted: 10 Feb 2014 12:21 PM PST
KNU ကရင်အမျိုးသား အစည်းအရုံးက ရဲတပ်ဖွဲ့ကို လော်ခီးလာ စခန်းမှာ ပထမဆုံး အကြိမ် ဖွဲ့စည်း လိုက်ပါတယ်။ လော်ခီးလာ သင်တန်းခန်းမမှာ ပို့ချတဲ့ ကရင် အမျိုးသား ရဲတပ်ဖွဲ့ ပထမဆုံး အကြိမ် သင်တန်းမှာ ကေအင်ယူ ခရိုင် ၇ ခုက သင်တန်းသား ၇ဝ ကျော် တက်ပါတယ်။ ၁၉၉၅ က KNU ဌာချုပ် မာနာပလော ကျပြီး အနှစ် ၂ဝ နီးပါး အကြာမှာ အရင် ရှိပြီးသား ကေအင်ယူ ရဲတပ်ဖွဲ့ဝင် ဟောင်း တချို့နဲ့ အသစ်တွေကို ပေါင်းပြီး ရဲလုပ်ငန်း တွေ
Posted: 10 Feb 2014 12:17 PM PST
ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်မြို့နယ်က ရေမှာ အာဆင်းနစ်ဓါတ်တွေ အများဆုံး ပါဝင်နေတာ တွေ့ရတဲ့ သတင်းကို ဒေါ်သူသူအောင်က သတင်းပေးပို့ထား တာပါ။ DVB TV ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 10 Feb 2014 12:13 PM PST
လာဘ်စားမှုဖြင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်အတွင်းက မိသားစုနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ (၁ဝ)ရက် ရက်စွဲဖြင့် ရေးသားဖော်ပြသည်။ မြန်မာနိုင်ငံသို့ သက်ဆင်လာရောက်ခဲ့သည့် ဓာတ်ပုံများ အင်တာနက် စာမျက်နှာများပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့သည်။ ယင်းဓာတ်ပုံများကို
Posted: 10 Feb 2014 12:02 PM PST
ထိုင်းနိုင်ငံက နိုင်ငံရေး တင်းမာမှု တွေမှာ အဓိက ဆန့်ကျင် ခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က မြန်မာနိုင်ငံမှာ သူ့မိသားစုထဲက အရေးပါတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို သူ့ရဲ့ ညီမအကြီး ဖြစ်သူ ယောင်းဝဖါး ဝုံးစဝပ်နဲ့ သူ့ရဲ့ ခင်ပွန်း ဝန်ကြီးချုပ်ဟောင်း ဆွမ်ချိုင်း ဝုံးစဝပ် အပါအဝင် စုစုပေါင်း ၆ ယောက် တို့က ပြီးခဲ့တဲ့ သောကြာနေ့နဲ့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...