Wednesday, February 5, 2014

"Bitter Truth"


- ဘင်္ဂလီကိစ္စကြတော့ Humanitarian Aid အောက်မှာ။ အမှန်က အစိုးရညံ့လို့ ဒီကိစ္စက ပိုရှုပ်ပိုကြီးထွားလာတာ...ဘာလို့ လဲဆိုတော့ နိုင်ငံတကာဥပဒေအရ (international law) အရ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နမိတ်အတွင်းမှာရောက်ရှိနေတဲ့ လူသားတိုင်းအတွက် ပထမဆုံးတာဝန်ရှိသူက သက်ဆိုင်ရာ နိုင်ငံရဲ့ အစိုးရပဲ….။ ဒါကိုသိတဲ့ ချမ်းသာတဲ့လူလည်ကြီးတိုင်းပြည်တွေက သူတို့ တိုင်းပြည်ထဲကို အ၀င်အထွက်ခက်အောင်လုပ်ထားကြတာ…။ ဒါကြောင့် သူတို့ တိုင်းပြည်တွေထဲကို ဆင်းရဲတဲ့ နိုင်ငံတွေက လူတွေ ၀င်ဖို့ ဗီဇာ ခက်တာပဲ..။



- အခုရခိုင်မှာ.. UNHCR တို့  INGO တို့ ဝင်ရောက်ခြယ်လှယ်ခွင့်ရတာ အစိုးရက သူ့ ဇတ်သူမနိုင်တော့လို့ ...။ ဒီအဖွဲ့ တွေက သူတို့ ရဲ့ မန်ဒိတ် (to safeguard the well beings of refugees) နဲ့ လာတာဆိုတော့ သူတို့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တော့… အဲဒီမှာ ခွဲခြားဆက်ဆံတယ်ဆိုပြီးဖြစ်ကုန်တာ..။ ဒေသခံရခိုင်တွေက ဒုက္ခသည် (Refugee) မဟုတ်တော့ ဘင်္ဂလီတွေကို ထောက်ပံသလို ကူညီချင်တောင် ကူညီထောက်ပံ့လို့ မရဘူး...။ သူတို့ ရဲ့ ဘတ်ဂျက်သုံးစွဲမှုမှာ သုံးသမျှ ဒေါ်လာတိုင်းဟာ မန်းဒိတ်နဲ့ ညီရတယ်....ဥပမာ UNHCR ရဲ့ ပထမဦးစားပေး အုပ်စုက Refugees တွေဖြစ်နေတော့ ဒီ ဘင်္ဂလီတွေကိုပဲ ဦးစားပေးစောင့်ရှောက်မှာပဲ....နှစ်ကုန်လို့ ဘတ်ဂျက်ကို အလှူရှင်ဆီ တင်ပြရပြီဆိုရင်…အကဲဖြတ်ပြီဆိုရင် ဒါနဲ့ ဆုံးဖြတ်တာ...။.သူတို့ က သူ တို့ အလုပ်သူတို့ လုပ်တာ..။.အစိုးရကညံ့ ပြီးခြစားလွန်းတော့ ကိုယ့်လူက ဒုက္ခသည်လောက်မှ လူမွေးလူရောင်မပြောင်တော့လို့  ခွဲခြားဆက်ဆံခံရသလို အလို လိုဖြစ်သွားတာ...

- ဒီလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်ဂျီအိုတွေရဲ့ ထောက်ပံ့မှု စံနှုန်း (International Humanitarian Standards) တွေက မြန်မာနိုင်ငံလိုဆင်းရဲ စုတ်ချာနေတဲ့ နိုင်ငံအတွက် မြင့်လွန်းနေတာရယ်...ဘင်္ဂလားလို မွဲတဲ့နိုင်ငံအနေနဲ့ ဒီထောက်ပံ့မှုတွေက နတ်သုဒ္ဓါဖြစ်နေတာရယ်က အဓိက အကြောင်းပါ..။.ဒါကြောင့် ဒီလိုထောက်ပံ့မှုအပေါ်ဒုက္ခသည်တွေကမှီခိုလာတာကို Moral Hazard လို့ ခေါ်တာပဲ…။ Dependency ပဲ..။ ဒါမျိုးက..နာဂစ်မှာလည်း ရှိတာပဲ ...။ နိုင်ငံတကာအဖွဲ့ အစည်းတွေရဲ့ လုပ်မှားကိုင်မှားတွေကလည်း အကြောင်းတရားတစ်ခုပေါ့…။

- ဒီ ဘင်္ဂလီတွေကို မြန်မာအစိုးရကလည်း လက်မခံ သူ့ နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကလည်း လက်မခံတော့ ဘယ်သူက စောင့်ရှောက်မှာလဲ....။ သူတို့ ကလည်း လူတွေလေ...။ လူသားခြင်းစာနာမှုအကူအညီ (Humanitarian Aids) ဆိုတာ ဒါကိုပြောတာပဲ...။ မြန်မာအစိုးရက ညံ့လွန်းတော့…သူ့ နိုင်ငံသား သူ့ နိုင်ငံတာဝန်က ကိုယ့်ပခုံးပေါ်ပုံကျလာတာ…။ အမှားက အမှန်ဖြစ်လာတာ...။

- ဒီ ဘင်္ဂလီတွေကို ထောက်ပံ့တဲ့နေရာမှာလည်း ဖွံ့ ဖြိုးမှု သဘောတရားတွေနဲ့ ထောက်ပံ့တာပဲ။ ပေးနိုင်တာက နည်းနည်း ရချင်တဲ့သူက များနေတော့ ဘယ်သူ့ ကို ထောက်ပံ့မှာလည်းဆိုတာ (beneficiary selection) ဆိုတာကိုလုပ်ရတာပဲ..။ ဥပမာ အိမ်ထောင်စုကြီးတဲ့ ဘင်္ဂလီမိသားစုကို ထောက်ပံ့ပြီး အိမ်ထောင်စုသေးတဲ့ မိသားစုကို မထောက်ပံ့နိုင်တာမျိုးပေါ့….

- ဒါပေမယ့်…ဒီလို နိုင်ငံရေးခိုလှုံသူ ဒုက္ခသည်တွေ (refugees) နဲ့ ပတ်သက်ရင် ထောက်ပံတဲ့အကူအညီ Humanitarian Aid မှာကိုပဲ ၂ မျိုးကွဲသွားတယ်...၁) သမရိုးကျ အသက်ရှင်သန်ရေးအတွက် ထောက်ပံ့တာ..ဥပမာ WFP က မငတ်အောင်ဆန်ပေးတာ…AZG တို့ လို အဖွဲ့ တွေက ကျန်းမာရေးစောင့်ရှောက်ပေးတာမျိုး ..။ ၂) အကာအကွယ်ပေးတာ (protection).။.ဒီ အကာအကွယ်ပေးခြင်း protection မှာက နိုင်ငံရေးပါလာတယ်...။ ဥပဒေတွေပါလာတယ်..။.နိုင်ငံတကာဥပဒေတွေပါလာတယ်...(International Law) ကိုနားလည်ရတယ်...ဥပမာ..International Refugee Law, International Human Rights Law, Internatinal Humanitarian Law စသဖြင့်...။ အခု ပြောနေကြတဲ့ White Card ဆိုတာ အဲဒီ protection ကလာတာ…UNHCR လို အဖွဲ့ က ဒါမျိုးကို အားပေးလှသပေါ့…။ International Human Rights Law မှာက Right to participation လို့ ပါသကိုး..။ မဲပေးခွင့် ပြုလိုက်တာ…နိုင်ငံသားအဖြစ် အသိအမှတ်ပြုတော့မယ်လို့  အချက်ပြလိုက်တာကိုး…။

- အဲဒီလို Protection ကိစ္စဟာ နိုင်ငံတကာ ကိစ္စဖြစ်လာတဲ့အခါ ...ကိုယ့်အစိုးရ ရဲ့ ကိုင်တွယ်ပုံက နေရာမကျရင် ပိုရှုပ်ထွေးလာပြီး ကိုယ့်ဇတ်ကိုယ်မနိုင်ဖြစ်လာရော...။ ဘင်္ဂလီ ပြဿနာ..ဒီနေ့ ဒီအခြေအနေရောက်တာ ကိုယ့်အစိုးရ အသုံးမကျ ညံ့ဖျင်းလို့ ပဲ...။
နိုင်ငံတကာ အဖွဲ့ အစည်းတွေကတော့ သူ့ မန်းဒိတ်အတိုင်းလုပ်ကြတာဆိုတော့ နိုင်ငံရေးခံစားချက်နဲ့ ကြည့်ရင် ရခိုင်တွေ၊မြန်မာနိုင်ငံသားတွေအတွက်က (biased) ဘက်လိုက်တာပဲ...။ ဒီလိုပဲ...မယ်လ တို့ အုန်းပြန့် တို့ မှာရှိတဲ့ မြန်မာဒုက္ခသည် စခန်းတွေမှာဆိုရင်လည်း ထိုင်းတွေက သူတို့ ကို ဒီအဖွဲ့ တွေကို မြန်မာတွေ မနှစ်မြို့ သလို သဘောကျမှာမဟုတ်ဘူး..။ ဒါပေမယ့် ဘာပဲပြောပြော...ဒီ အဖွဲ့ အစည်းတွေမှာက လူသားခြင်းစာနာမှုစည်းမျဉ်း (Humanitarian Principles) တွေအတိုင်းလုပ်ကြ ကိုင်ကြတာ...။ အဲဒီအခါမှာ...ဘက်လိုက်သလိုဖြစ်ကုန်တာပဲ...။

- တကယ်လို့  သူတို့ ကို သဘောမကျ ထွက်သွားစေချင်ရင် အစိုးရက အဲဒီ ဘင်္ဂလီတွေကို တာဝန်ယူနိုင်လား...ဒါက မေးစရာဖြစ်လာတယ်..။ တာဝန်မယူနိုင်လို့ ဦးသိန်းစိန်တောင် မဟာမင်းကြီးကို တတိယနိုင်ငံ ပို့ ပေးဖို့ အရေး ကပ်ပြီးပြောသေးမင့်ဟာပဲ....။ သန်းနဲ့ ချီနေတဲ့လူတွေကို တရက် ထမင်း သုံးနပ် အလကားကျွေးထားရမယ့်အပြင် နိုင်ငံတကာ လူသားခြင်းဆိုင်ရာစံနှုန်းနဲ့ အညီစောင့်ရှောက်ထားရမှာ....။ အဲသလို လုပ်နိုင်လား အရင်ကိုယ့်ဟာကိုယ်မေးကြည့်ပေါ့...။ တကယ့် နိုင်ငံသားစစ်စစ်ကြီးတွေတောင် လူမွေးလူရောင်ပြောင်အောင်မစောင့်ရှောက်နိုင်တဲ့ဥစ္စာပဲ...။-

- သူ့ ကိုယ်သူတောင် နိုင်ငံတကာမျက်နှာရအောင်... နိုင်ငံတကာ လူရာဝင်ဆံ့အောင် အမျိုးမျိုးလုပ်ပြနေရတယ့် အစိုးရလေ….။ပြဿာနကိုယ်တိုင်က အစိုးရပဲ..။ အစိုးရက ဒီလူတွေဟာ ဥပဒေအရ (၈၂ အရ) နိုင်ငံသားအဖြစ်မပေးနိုင်ကြောင်း နိုင်ငံတကာကို ခိုင်ခိုင်မာမာ မထောက်ပြနိုင်တာ၊ မလှန်ဝံ့တာ...။ သူကိုယ်တိုင်က တရားဝင်တဲ့ အစိုးရ (legitimacy) ဖြစ်ဖို့ နိုင်ငံတကာ ကထောက်ခံလာအောင် မျက်နှာရအာင်ရုန်းကန်နေရတာကိုး..။

- ဒီ protection မှာပါတာက Right to citizenship, right to participation, right to free movement စသဖြင့် လူ့ အခွင့်အရေး ပြဋ္ဋာန်းချက်တွေလာတာကိုး..။ အမှန်က ဒီအခွင့်အရေးတွေက နိုင်ငံသား (citizen) အခွင့်အရေးတွေ..။ အစိုးရကိုယ်တိုင်က တရားဝင်အစိုးမဟုတ်ဘဲ.. နိုင်ငံတကာအလယ်မှာ လူရာဝင်ဖို့ ရုန်းကန်နေရတော့..."ဒီအခွင့်အရေးတွေကို ဘင်္ဂလီတွေကိုမပေးနိုင်ပါဘူး...နိုင်ငံသား မဟုတ်လို့ ပါ လို့  မာမာတင်းတင်းမငြင်းရဲဘူး..။ သက်သေအထောက်အထားနဲ့ ခိုင်ခိုင်မာမာမပြောရဲဘူး.."..။ အဓိက လက်သည်တရားခံက အဲဒါပဲ...။ ခေတ်အဆက်ဆက် အရိုးစွဲလာတဲ့ ခြစားမှုက ထပ်ဆောင်းလိုက်တော့ ....အ၀ီစိထိရောက်သွားတော့တာပေါ့...။ ဒါကို နိုင်ငံရေးကစားကွက်အဖြစ် ပုံဖေါ်လာတဲ့ ဦးတည်ချက်ကတော့ "မိုက်မဲမှုကမ်းကုန်တယ်" ပြောရုံမှအပ အခြားမရှိပဲ...

- အခု ဘင်္ဂလီပြဿနာက ဒုတိယပိုင်း Protection မှာအဓိကပဲ…။ နိုင်ငံသား ရဲ့ အခွင့်အရေး citizenship right ကိုပေးကြည့်လိုက်…။.အဲဒီ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့ တွေက ကပြီးတောင် ထွက်သွားမှာ..။ ဘတ်ဂျက်တွေကို အခြားနေရာတွေမှာ သုံးနိုင်မှာမို့ ....။ အဲ မပေးနိုင်ဘူးလား…ဒီ သန်းချီနေတဲ့ လူတွေကို ဘယ်လိုကျွေးမွေး စောင့်ရှောက်မလဲဆိုတာ စဉ်းစား…။ ဒါ လုပ်နိုင်မှ တကယ် မျိုးစောင့်ရာ ၊ မျိုးချစ်ရာ ရောက်မယ်….

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...