Thursday, January 9, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၁)

သစ်ထူးလွင်


Posted: 08 Jan 2014 05:41 AM PST
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်သားတွေ ပါဝင်ကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖလမ်းမြို့ လူထုဟောပြောပွဲမှာ ထပ်မံတိုက်တွန်း လိုက်ပါတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖလမ်းမြို့ ပြည်သူတွေကို မိန့်ခွန်း ပြောကြားစဉ် အန်အယ်ဒီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်လိုတဲ့ သဘောထားကို ပြောဆိုခဲ့ပြီး ဒီလို ပြင်ဆင်ရာမှာလည်း
Posted: 08 Jan 2014 05:23 AM PST
ဇန်န၀ါရီလ(၈)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၄၄ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 08 Jan 2014 05:19 AM PST
ဇန်န၀ါရီလ(၈)ရက်နေ့ ထုတ်  Mobile Guide Issue 136 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 08 Jan 2014 05:17 AM PST
ဇန်န၀ါရီလ(၁၀)ရက်နေ့ ထုတ် Hot News Weekly Vol 4 No 174 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 08 Jan 2014 04:52 AM PST
၁။ မန္တလေးနှင့်ပြင်စည်လမ်းခွဲ(မြင်းခြံ)အတွင်းဖြစ်သည်။ ၂။ လမ်းတွင်ကွဲအက်ကြောင်းများ၊လမ်ဘေးကာတွင်ကွဲအက် နေမှုများ၊ကျင်း၊ဂလှိုဏ်များအချို့နေရာများတွင်ဖြစ်ပေါ်နေသည် ကိုတွေ့ရှိရပါသည်။ ၃။ အောက်ခံမြေအမာခံမရှိခြင်းကြောင့်တစ်ချို့နေရာများတွင် လမ်းလှိုင်းထနေသည်။ ၄။ တစ်ချို့နေရာများတွင်စတင်ပြုပြင်နေသည်တွေ့ရှိခဲ့ရသော် လည်း ကျန်နေရာများတွင်အလံတိုင်ဖြင့်မှတ်သားပြသထားသည် ကိုတွေ့ရှိရပါသည်။ ၅။
Posted: 08 Jan 2014 04:55 AM PST
ဒေါ်အောင်ဆန်းစုကြည် ဖလမ်းမြို့ ပြည်သူတွေကို မိန့်ခွန်းပြောကြားစဉ် အန်အယ်ဒီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်လိုတဲ့ သဘောထားကို ပြောဆိုခဲ့ပြီး ဒီလို ပြင်ဆင်ရာမှာလည်း တပ်မတော်သားတွေအနေနဲ့ ပါဝင်ဖို့ စည်းရုံးပြောဆိုခဲ့ပါတယ်။ DVB TV News
Posted: 08 Jan 2014 05:39 AM PST
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ ISIS လို့ ခေါ်တဲ့ ဂျီဟာ့ဒ်အုပ်စု အဖွဲ့အပေါ် အစ္စလာမစ် လက်နက်ကိုင် သူပုန်တွေက အနိုင်ရပြီး နောက်ထပ် အောင်ပွဲခံလိုက်ကြပါတယ်။ အလက်ပိုမြို့မှာ ရှိတဲ့ ကလေး ဆေးရုံတခုမှာ စခန်းချထားတဲ့ ISIS ဌာနချုပ်ကို လက်နက်ကိုင် သူပုန်တွေက သိမ်းပိုက်လိုက်တယ်လို့ ဗြိတိန် အခြေစိုက် စောင့်ကြည့် လေ့လာရေး အဖွဲ့တဖွဲ့က ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ဂျီဟာ့ဒ်အုပ်စု
Posted: 08 Jan 2014 04:35 AM PST
ဆီးရီးယား ဓာတု လက်နက် ဖျက်သိမ်းရေး အတွက် နိုင်ငံ တကာ သဘော တူညီမှု အရ ပထမဆုံး ထုတ်ယူ လာနဲ့ ဓာတု လက်နက် တွေ တင်ဆောင် လာတဲ့ သင်္ဘာ ဆီးရီးယား က ထွက်ခွာ လာပါပြီ။ ဆီးရီးယား နိုင်ငံ Latakia ဆိပ်ကမ်း က ကွန်တိန်နာ သေတ္တာ ၉ လုံးနဲ့ ဒိန်းမတ် ကုန်သင်္ဘာ တစင်း ပေါ်ကို တင်ပေး လိုက်တယ်လို့ ဓာတု လက်နက် ပိတ်ပင်ရေး အဖွဲ့က လေ့လာ စောင့်ကြည့်သူ တွေက ဆိုပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ISIS အဖွဲ့ က
Posted: 08 Jan 2014 02:46 AM PST
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်း မြလယ်ကျေးရွာနှင့် ကောင်းတုံ ကျေးရွာအကြား ဧရာဝတီ မြစ်ကမ်းဘေးရှိ အောင်မြေသစ် ရောင်းဝယ်ရေးစခန်းမှ တစ်ဆင့် သစ်မာတန်းဝင် တမလန်းသစ်များ ကို တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့ ရောင်းချလျက် ရှိကြောင်း မြလယ်ကျေးရွာ ဒေသခံများထံမှ သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်နှင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အတွင်းမှ တမလန်းသစ်များမှာ တရားမဝင်
Posted: 08 Jan 2014 02:19 AM PST
ထိုင်းနိုင်ငံမှာတော့ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ အစိုးရဆန့်ကျင်ဆန္ဒပြ ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေ အင်အားသုံး နှိမ်နင်းခဲ့ချိန်မှာ ပြီးခဲ့တဲ့ရက်ကပဲ မြန်မာအလုပ်သမားတစ်ဦး မတော်တဆ သေနတ်ထိမှန်ခဲ့ပါတယ်။ ဒီလို သေနတ်ထိမှန်မှု မဖြစ်ခင်တရက်ကပဲ ထိုင်းနိုင်ငံ မြန်မာသံရုံး တာဝန်ရှိသူတွေက မြန်မာနိုင်ငံသားတွေကို ဆန္ဒပြပွဲတွေရှိရာနဲ့ ဝေးဝေးနေကြဖို့၊ ဆန္ဒပြပွဲတွေမှာ
Posted: 08 Jan 2014 02:15 AM PST
မြောက်ဝင်ရိုးစွန်းဖက်က အေးခဲလှတဲ့လေတွေ ဝင်ရောက်လာတဲ့ဒဏ်ကြောင့် အမေရိကန်ပြည်ထောင်စု မြို့တော်တော်များများမှာ အင်္ဂါနေ့တုန်းက ပုံမှန်ထက်ကို အေးခဲရာသီဥတု အခြေအနေ ဖြစ်ခဲ့ပါတယ်။ အသက်အန္တရာယ် ရှိတဲ့အထိကို အေးတဲ့ ဒေသတွေမှာဆိုရင် လူတွေကို အိမ်အပြင် မထွက်ကြဖို့အထိ သက်ဆိုင်ရာက သတိပေးနေပါတယ်။ အပူချိန် ၀ အောက် အနှုတ် ဒီဂရီ Celsius အထိ အေးနေတဲ့နေရာတွေမှာ အအေးဒဏ်ခံနိုင်အောင် ဘယ်လို ပြင်ဆင် ရင်ဆိုင်နေကြသလဲဆိုတာကို
Posted: 08 Jan 2014 02:07 AM PST
မောင် ကိန်းရွှေဆိုင်ကိုသေနတ်ကိုင် ဆောင်၍ ဓားပြတိုက်ခဲ့သူအား လုယက်မှုအပြင် မူးယစ်ဆေး ဝါးမှုဖြင့်ပါ အမှုဖွင့် စစ်ဆေး နေကြောင်း အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီးဝင်းကြည်က ပြော သည်။ ရွှေဆိုင်များ၏လုံခြုံရေး နှင့်ပတ်သက်ပြီး ဇန်နဝါရီ ရ ရက်က ဝါးတန်းလမ်း ပန်ဒါဟို တယ်၌ပြုလုပ်ခဲ့သည့် ရဲတပ် ဖွဲ့နှင့် ရွှေလုပ်ငန်းရှင်များအ သင်းတို့တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန်
Posted: 08 Jan 2014 01:59 AM PST
မိဇ္စျိမလှိုင်းရဲ့ ပင်တိုင် လိဒ်ဂီတာသမား သုံးထပ်ကွမ်း အကယ်ဒမီ ဇော်မျိုးထွဋ်ဟာ အသက် ၅၄နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ရန်ကုန်မြို့မှာ ဇန်နဝါရီ ၅ရက်နေ့ညက ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ ဂီတမှူး ဇော်မျိုးထွဋ်ရဲ့ ဈာပနကို ဇန်နဝါရီ ၇ရက်နေ့က ရေဝေးမှာ ဂူသွင်းသဂြိုဟ်ခဲ့ပြီး သူ့ရဲ့မိတ်ဆွေတွေ၊ ပရိသတ်တွေနဲ့ ကျန်ရစ်သူ ဆွေမျိုးသားချင်းတွေက နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ စန္ဒရားလှထွဋ်ရဲ့သား
Posted: 08 Jan 2014 01:46 AM PST
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မန်ဖကျေးရွာက ရွာသားတွေ ပြန်မရောက်သေးဘူးလို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲမှာ ကေအိုင်အေက ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ရွာသားတွေထဲက တချို့တလေသာ လွှတ်လာခဲ့ပြီး မန်ဖရွာသား ၁၇ ဦး ပြန်မရောက်သေးဘူးလို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က
Posted: 08 Jan 2014 01:43 AM PST
မလေးရှားနိုင်ငံ ဆာဗား ဆာရ၀တ်ပြည်နယ်ရှိ သင်္ဘောဆိပ်ကမ်း ဂိုထောင်တခုတွင် ပိတ်မိနေတဲ့ မြန်မာ အလုပ်သမားများ ရန်ကုန်သို့ ရောက်ရှိလာတာကို မြင်တွေ့ရတာဖြစ်ပါတယ်။ မြန်မာပြည်ကို ပြန်ဖို့ ပထမဆုံးအသုတ်အနေနဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့ညမှာ မြန်မာအလုပ်သမား ၉၈ ဦးထဲက ၆၉ ဦး ပြန်ခဲ့ရပြီး ဒုတိယအသုတ်အဖြစ် ဒီနေ့ညမှာ မြန်မာအလုပ်သမား ၂၁ ဦး မြန်မာပြည်ကို ပြန်မှာ ဖြစ်ပါတယ်။ မိသားစု အခက်အခဲကြောင့် မြန်မာပြည်ကို
Posted: 08 Jan 2014 01:19 AM PST
ရန်ကုန် တိုင်းဒေသကြီး မြို့နယ်ငါးခုရှိ လမ်းဘေးဆိုင်တချို့မှ အစား အစာ များအား သုတေသနပြု လုပ်ခဲ့ရာ အစာအဆိပ်သင့်စေ သော အဆိပ်ထွက်ပိုးများကို တွေ့ရှိခဲ့ရကြောင်း ဆေးသုတေ  သနဦးစီးဌာန (အောက်မြန်မာ ပြည်)၏ သုတေသနပြုချက်များ အရသိရသည်။ ယင်းသို့သုတေသနပြု လုပ်ခဲ့ရာတွင် မြို့နယ်တစ်ခုမှ အစားအစာနမူနာ၃၀၊ စုစုပေါင်း ၁၅ဝအား စမ်းသပ်ခဲ့ခြင်းဖြစ် ကာ ယင်းလမ်းဘေးဆိုင်များ တွင် ရောင်းချနေသော အစား အစာများတွင် အစာအဆိပ်သင့်
Posted: 08 Jan 2014 01:15 AM PST
နိုင်ငံ့ဝန် ထမ်းများအား အခြေခံ လစာ ကျပ်၂ဝဝဝဝစီ လာမည့်ဧပြီလ တွင်စတင်၍ တိုးမြှင့်ပေးသွား မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြား လိုက်သည်။  ဇန်နဝါရီရရက်တွင် နေ ပြည်တော် ရှိ နိုင်ငံတော်သမ္မတ ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ် သောဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး (၁/၂၀၁၄)တွင် လာမည့်ဧပြီတွင် စတင်မည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံ့ဝန်ထမ်းလစာများ အား ကျပ်၂ဝဝဝဝ စီတိုး မြှင့်ပေး သွားမည်ဖြစ်ကြောင်း ပြော
Posted: 08 Jan 2014 12:46 AM PST
လုပ်ခလစာ မပြည့်စုံမှုကြောင့် အကျင့်ပျက် ခြစားမှု ပိုမိုဖြစ်ပွား ရကြောင်း ပညာရှင်များ ထောက်ပြ ဝေဖန်ထားသည့် မြန်မာနိုင်ငံရှိ နိုင်ငံ့ ဝန်ထမ်းနှင့် ပင်စင်စား အားလုံး၏ လစာငွေကို ဧပြီလမှ စတင်ကာ တိုးမြှင့် သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ထုတ်ပြန် ပြောကြားသည်။ နေပြည်တော် သမ္မတ အိမ်တော်ရှိ အစိုးရ အဖွဲ့ အစည်း အဝေး ခန်းမ၌ ပြုလုပ်သည့် ဘဏ္ဍာရေး ကော်မရှင်
Posted: 08 Jan 2014 12:39 AM PST
ကျောင်းသား လူငယ်များကို နိုင်ငံရေး မလုပ်ရန် ကန့်သတ်ထားမှုကို ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲ၌ ပြောကြားသည်။ “ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရဘူး ဆိုတာကတော့ ကျွန်မတို့ နိုင်ငံကို ဒီမိုကရေစီနိုင်ငံ မဖြစ်စေချင်တဲ့ လူတွေက ပြောတဲ့ စကားပါ။ ကျောင်းသားတွေ နိုင်ငံရေး မလုပ်ဘူး။ လူငယ်တွေ နိုင်ငံရေး မလုပ်ဘူးဆိုရင် ဘယ်တော့မှ ဒီမိုကရေစီ
Posted: 08 Jan 2014 12:34 AM PST
ဗုဒ္ဓဂယာရှိ မဟာဗောဓိ ကျောင်းအနီး တစ်ဝိုက်တွင် ၂၀၁၃ ဇူလိုင် ၇ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုသည် နိုင်ငံတကာမှ လာရောက်ကြသည့် ဗုဒ္ဓဘာသာ ကမ္ဘာလှည့် ခရီးသွားများကို ပစ်မှတ်ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မွတ်ဆလင်များကို သတ်ဖြတ်မှုအပေါ်  လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် မိုဟာမက်အူမီစီဒီကီက ဖြောင့်ချက်ပေးခဲ့သည်။ --- သတင်း အပြည့်အစုံ
Posted: 08 Jan 2014 12:25 AM PST
အမြန်လမ်းပေါ်တွင် ခရီးသည်တင်ယာဉ်တစ်စီးက ရှေ့မှကားကို ကျော်တက်စဉ် ရှေ့မှ ယာဉ်၏ အနောက်ဘက်ကို ၀င်တိုက်မိသောကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ နေပြည်တော်မှရန်ကုန်သို့ မောင်းလာသည့် ရွှေမြင်းပျံမှန်လုံယာဉ်သည် အမြန်လမ်း မိုင်တိုင်အမှတ် ၇/၂ နှင့် ၇/၃ ကြားတွင် ကားတစ်စီးကို ကျော်တက်စဉ် အရှိန်လွန်၍ အနောက်ဘက်ခြမ်းအားတိုက်မိပြီး
Posted: 08 Jan 2014 12:16 AM PST
ယခုလ၁၃ရက်တွင် ပြုလုပ်မည့် ဘန်ကောက်မြို့ တစ်မြို့လုံးကို ပိတ် ဆို့ဆန္ဒပြခြင်း Bangkok Shutdown ဆန္ဒပြလှုပ်ရှားမှုနှင့် ၄င်းရက် မတိုင်မီ ရှေ့ပြေး ပြုလုပ်ကြမည့် နိုင်ငံရေးနှင့် ပတ်သက်သည့် လူစု လူဝေး ပြုလုပ်ခြင်းများ၊ ဆန္ဒပြမှု များနှင့် စုရုံးချီတက်ခြင်းများတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ မပါဝင်ကြရန် မြန်မာ သံရုံး ဘန်ကောက်မြို့က ယမန်နေ့ ရက်စွဲဖြင့် သတိပေးနှိုးဆော်ချက် ထုတ်ပြန်သည်။ --
Posted: 08 Jan 2014 12:11 AM PST
မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်စိမ်းဈေးကြီးဖြစ်သော ရန်ကုန်မြို့တော် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ပိတောက်ချောင်း မှတ်တိုင်ရှိ သီရိမင်္ဂလာ ဈေးသစ်တွင် ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၂နာရီခန့်က ပျံကျ ဈေးရောင်းချသူများနှင့် စည်ပင်မှ ဝန်ထမ်းများ အကြား နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။ ဈေး၏ မျက်နှာစာရှိ ကားရပ်နားရန် နေရာများတွင် ပျံကျဈေးသည်များ ဈေးမရောင်းရန်ေ
Posted: 08 Jan 2014 12:09 AM PST
အများပိုင် ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေသော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ယခုနှစ်အတွင်း အော်ရီဒူး၊ တယ်လီနော စသည့် ပြိုင်ဘက်ကုမ္ပဏီများ လုပ်ငန်း စတင်ချိန်မှသာ မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ “ဈေးနှုန်းကိုတော့ အခုချိန်မှာ မပြောနိုင်သေးပေမယ့်
Posted: 07 Jan 2014 04:07 PM PST
ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) နာရေး သတင်းကို ကြေးမုံ က ဇော်မျိုးထွဋ် (Emperor) ပုံ နဲ့ တင်သတဲ့..။  ဗမာ့ စာနယ်ဇင်း ရဲ့ အရည်အသွေး ကို အစကတည်းက နားလည်ပြီးသားပါ။  ဒါပေမယ့် အခုခေတ်လို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝါသနာရှင်တွေက ဝမ်းနည်းတကြီးနဲ့ အမှတ်တရ ဓာတ်ပုံတွေ တင်နေကြတဲ့ ခေတ်မျိုးမှာ ဒီလို အမှားမျိုး ကျူးလွန်တာတော့ တော်တော့်ကို သောက်သုံးမကျကြောင်း ပေါ်လွင်တယ်။ ပြောမယ့်သာ ပြောရတယ်၊ တကယ်တော့ အမှားတွေ၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...