Tuesday, January 14, 2014

ဒါလေး မမေ့ကြဖို့

ဒါလေး မမေ့ကြဖို့ .....>>>>>>

သိပ် အထင်ကြီးနေတဲ့ ပုဂ္ဂိုလ်တွေ.... အဖွဲ့အစည်းတွေကို ပြောချင်တယ်ဗျ။

ဒီလောကကြီးမှာ အကုန်လုံးကြိုက်တဲ့ ပုဂ္ဂိုလ် ဆိုတာ မရှိသလို.....
အကုန်လုံး သဘောမကျတဲ့ ပုဂ္ဂိုလ် ဆိုတာလည်း မရှိဘူး။

နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ယန္တရားကို မောင်းနှင်နေတာက သမ္မတလည်း မဟုတ်ဘူး... 
ပြည်ထောင်စု ၀န်ကြီးလည်း မဟုတ်ဘူး... 
တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရလည်း မဟုတ်ဘူး.. 

ဘယ်သူတွေလည်း သိလား ၀န်ထမ်းတွေပေါ့ဗျ...

ဝန်ထမ်းဆိုတဲ့ နေရာမှာ မြို့နယ် အုပ်ချုပ်ရေးမှူးအဆင့်လောက်က သောက်တလွဲ လုပ်ရင်တောင် နိုင်ငံရေးသမားက အစိုးရကို  လက်ညှိုးထိုးစရာ အစိုးရမှာ တာဝန်ရှိတယ် ဆိုတော့ကာ..

ဝန်ထမ်းဆိုတာကလည်း အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်ရယ်....၊
ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်တွေရယ်..၊
မြန်မာနိုင်ငံသား မိဘနှစ်ပါးက ဖွားမြင်သူ မြန်မာနိုင်ငံသား ဖြစ်ရမည် ဆိုတာရယ်... ပြီးတော့ ပညာအရည်အချင်းဖော်ပြချက်  (မိတ္တူလေး တစ်ချို့ မူရင်း) တင်ပြပြီးမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် သင်တန်းတွေတက်ပြီးမှ ၀န်ထမ်း ဖြစ်ရတာလေ...။

ပါတီဝင် ကတော့ ထောင်ပဲထွက်ထွက် တိုင်းရင်းသားအစစ် ဟုတ်ဟုတ် မဟုတ်ဟုတ် အကုန် လက်ခံတာ... 
အကျင့်စာရိတ္တလည်း ကောင်းစရာ မလိုဘူး...
ထောင်ကျထားလည်း အေးဆေးပဲ.. ဟုတ်တယ် မဟုတ်လား ????

အဲဒီတော့ သေသေချာချာ ပြောချင်တာက ၀န်ထမ်းတွေက ထောင်ထွက်တွေရယ်၊ တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံသားတွေရယ် ဆိုရင် လက်ခံပြီး ဆက်ဆံနေရရင်တောင်  ကြည့်မရဘူးဗျ။  ဒီထက် ဆက်ပြောရရင်လည်း မကောင်းတော့ဘူး.....။

အာဏာရချင်တဲ့ ပါတီတွေအနေနဲ့  ဘူးလုံးနားမကွဲတဲ့ ပြည်သူတွေကို ဟုတ်နိုးနို၊ ရနိုးနိုး မဟုတ်တရုတ်တွေ ပြောရင်း စည်းရုံးနေသလို.... ၀န်ထမ်းတွေကိုလည်း ယုတ္တိရှိရှိပြောပြီး စည်းရုံးဖို့လည်း မမေ့ကြနဲ့နော်...။

ပေါက်ကရတော့ မပြောနဲ့ဗျ.. ၀န်ထမ်းတွေက အတွေ့အကြုံရော.. မာနရော၊ အုပ်ချုပ်မှု အတွေ့အကြုံရော ရှိကြတယ်...။

လူကောင်းသူကောင်းနဲ့ အယောင်ဆောင်တွေကိုလည်း ခွဲတတ်ကြတယ်...။ ဘာကိုရည်ရွယ်လာသလဲဆိုတာလည်း ပါးစပ်ဟတာနဲ့ သိကြတယ်။

အခုခေတ်က ၀န်ထမ်းတွေကို ဖြုတ်လိုက်မယ်.... သတ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက် အုပ်ချုပ်လို့လည်း မရတော့ဘူး...၊ ပါတီက ထုတ်သလို ထုတ်ပစ်လို့လည်းမရဘူး၊ ပယ်ထားလို့လည်း မရဘူး... သူတို့မှာ... တစ်ဦးချင်း သီးသန့် တာဝန်တွေလည်း ရှိကြလို့ဗျ...။

နောက်ပြီး စည်းမျဉ်းစည်းကမ်းတွေ၊  လုပ်ထုံးလုပ်နည်းတွေ... 
အားနည်းချက် အားသာချက်တွေ...
ဖြစ်သင့် မဖြစ်သင့်တွေ... မေးခွန်းတွေ... ချေပချက်တွေ... 
ဥပဒေနဲ့ အကျုံးဝင်/ မ၀င်ဆိုတာတွေ သိကြတယ်ဗျ...။  ဟုတ်ပြီနော်....

အဲဒီတော့... ၀န်ထမ်းတွေ လေးစားအောင်လည်း လုပ်ကြဦး... 
တင်ပြစာလေးတစ်စောင်တောင် စနစ်ကျကျ မရေးတတ်တဲ့... ထောင်ထွက်တွေ အမိန့်ပေးရင် ၀န်ထမ်းတွေ နာခံပါ့မလားဆိုတာလည်း စဉ်းစား..

နောက်တစ်ခုက တိုင်းရင်းသား စစ်စစ် မဟုတ်တဲ့ နိုင်ငံသားတွေ အမိန့်ပေးရင် နာခံမလား ဆိုတာလည်း စဉ်းစား.... 
ဝန်ထမ်းဖောက်ရင် လူလဲဖို့ ခက်တယ်... 
ဘာဖြစ်လို့လည်း သိလား ကဏ္ဍအလိုက် အသိပညာနဲ့ အတတ်ပညာတွေကို ကျွမ်းကျင်တာက ၀န်ထမ်းတွေ ဖြစ်နေလို့ပဲ.... 

နောက်တစ်ချက်ကလည်း ၀န်ထမ်းတွေ ဦးထိပ်ပန်ဆင်ထားတာ နိုင်ငံတော် ဖြစ်နေလို့ပဲ.... သဘောပေါက်တယ်နော်...။

(ကွန်ဆူးမား)(၁၃-၁-၂၀၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...