Wednesday, January 1, 2014

နှစ်သစ်အတွေး

Bo K Nyein December 31, 2013 at 5:43pm
 
ဒေါ်စု နဲ့ Aljazeera Interview ကိုကြည့်လိုက်ရတော့….ဒေါ်စုကို လေးစားမိတာရှိတယ်….
ဒေါ်စု ဟာ သူယုံကြည့်တဲ့ Non Violence  ကိုယုံယုံကြည်ကြည်ဆွဲကိုင်ထားတယ်…..
မှားမှားမှန်မှန်…ဒါ..Conviction ပဲ…..
ဒါကြောင့်…. Confrontation လိုင်းကို မသွားဖူး……


ဥါဏ်မရှိတဲ့ (လေ) တော်လှန်ရေးသမားတွေက…
...ဒေါ်စုကို ..Confrontation Line..ယူအောင်..(ဖွ) ..ပေးနေကြတာ….
ဒေါ်စု….ရဲ့..Conviction ကိုနားမလည်ကြလို့ပဲလို့..ထင်မိတယ်….

မနေ့ကဦးလှမောင်ရွှေနဲ့ ..စကားလက်စုံကျမိပြီးတော့…
ဒေါက်တာနေ၀င်းမောင်ကို သတိရနေမိတယ်…..
အကြောင်းက… စာရေးသူ… အနှစ် ၃၀ နီးပါး..တိုင်းပြည်နဲ့..ဝေးခဲ့ရပြီး…
၂၀၁၁ ဒီဇင်ဘာ၂၉ရက် (ကြာသာပတေး) နေ့မှာ ပြန်ရောက်လာတော့
Egress ကလူ..တွေနဲ့…ညစာ..စားဖြစ်တယ်….
စနေနေ့ညမှာ…အမှတ်မထင်..ကိုနေ၀င်းမောင်ဆုံးတဲ့..သတင်းကိုကြားလိုက်ရတယ်….

ဒေါက်တာနေ၀င်းမောင်ရဲ့ ထူးခြားတဲ့ သတ္တိက….
(လေ)ကို..ဆန်ပြီး..(တွေး) ရဲတယ်……
အခါမသင့်လို့…(ပြုတ်)ကျသွားလည်း
ဖုတ်ဖက်ခါပြီး…. ပြန်ထ…ရဲတယ်….
သူ့ရဲ့.".ချောတိုင်…ပြန်တက်ရအောင်." ...ဆိုတဲ့
ဆောင်းပါးလေးက…ဒီအတွေးအခေါ်ကို..သက်သေထူနေတာပဲ…

ဒီလို… လေကိုဆန်ပြီး…တွေး..ရတဲ့..အချိန်မှာ….
ဖုတ်ဆို…ပြုတ်ကျသွားတာတောင်……
စိတ်ဓါတ်..မကျပဲ…ပြန်..(ထ) …နိုင်ဖို့ဟာ…
ယုံကြည်မှု..Conviction…ကြောင့်ပါ….

နောက်တချက်..လူငယ်လေးတွေကို…စဉ်းစားစေချင်တာက….

လက်နက်ကိုင်..တော်လှန်မှ….တော်လှန်ရေးလား…
အတွေးအခေါ်..အရ..သမရိုးကျ…တွေးတာကို
တော်လှန်တာ..ကော..တော်လှန်ရေး..မဟုတ်ဖူးလား….

အရင်းရှင်စနစ်..ကြီးထွားနေချိန်မှာ… Karl Marx…က..
ခေတ်ရေစီးကြောင်း…ကို ..ဆန်..ပြီး..(တွေး)..ရဲ..ခဲ့လို့….
နောက်ဆုံး..ပစ္စည်းမဲ့..တော်လှန်ရေးကြီးပေါ်ခဲ့ရတယ်..မဟုတ်လား….
လက်တွေ့..လူ့သဘာဝနဲ့ ..မကိုက်လို့..
ပျက်စီးသွားတာ..တပိုင်းပေါ့…..

စစ်အစိုးရ..စစ်အာဏါရှင်…မကောင်းတာ….
မြန်မာပြည်သူပြည်သားတွေ
ကိုယ်တိုင်ခံစားကြရလို့..(သိ)..ကြပါတယ်…
တိုင်ပြည်လည်း..မွဲပြာ..ဖြစ်နေပြီ….
စစ်ဗိုလ်ချုပ်တွေ..ကိုယ်တိုင်… Substain မလုပ်နိုင်တာ..သိ..ကြပါတယ်…

ဒီလို…အချိန်မှာ…ဗျပ်..ကနဲ့..အလင်းတန်းလေး… ၀င်လာတော့….
အများက…စစ်အစိုးရကို မုန်းတီးမှုကြောင့်….
လာကြဟေ့….ဆိုပြီး..တွန်း…မဖွင့်ရဲကြဖူး…..
တနည်းအားဖြင့်…ရေဆန်ကို…မလှော်ရဲကြဖူး…..

ဒီအခွင့်အရေးကို….. အမုန်း..ခံပြီး…၀င်..မတွန်း..ရဲကြဖူး….
Risk ယူရဲ..ခဲ့ကြတာ… ဒေါက်တာနေ၀င်းမောင်..နဲ့…Egress ပဲ…

လောကမှာ ..အရာရာတိုင်းကို…
Positive..Negative…. မြင်လို့..ရကြပါတယ်….
ခုထိ..စိတ်ခံစားမှု emotion နောက်လိုက်ပြီး..ဆဲ..နေကြသူတွေ..တပုံကြီး..
တချို့ကလည်း….Marx Engle ကိုတမ်းတ..နေကြတုန်း…

လောလောလတ်လတ်..South Sudan မှာ
သမ္မတ..နဲ့ ဒုသမ္မတ…ကွဲ..ပြီး..စစ်ပွဲတွေ..ဖြစ်နေပြီ…
ကြားထဲမှာ..သေရ..ကြေရ..ထွက်ပြေးရတာက…ပြည်သူတွေ
Syria မှာလည်း…Arab Spring ကွဆိုပြီး..လက်နက်ကိုင်လိုက်ကြတာ….
တိုင်ပြည်လည်းပျက်..လူတွေလည်း..သေလိုက်ကြတာ….မဆုံးတော့ဖူး

လက်နက်ကိုင်တော်လှန်ရေး..ဆိုတာ… လွယ်တာ..မဟုတ်…
အီဂျစ်မှာလည်း… လမ်းပေါ်ထွက်…ဆန္ဒပြလိုက်ကြတာ…
သေ…လို့..သတ်..လို့..မဆုံးသေးဖူး….
လူထု..အင်အားဆိုကလည်း… (အသေ) ခံရဲမှ…..

လောကမှာ… reality ..နဲ့..စိတ်ကူး..နဲ့..ကွာခြားနိုင်ပါတယ်….

မြန်မာနိုင်ငံမှာလည်း….
လက်နက်ကိုင်…တော်လှန်ခဲ့ကြတာ..ကြာပြီပေါ့…
ဘယ်ဖက်မှ…အပြတ်မရှင်း..နိုင်ကြလို့…
Realism က..ငြိမ်းချမ်းရေးကို..တွန်း..ပို့ခဲ့တာပါ….

၂၀၁၀ ရွေးကောက်ပွဲ..ဟာ…စစ်အာဏါရှင်ရဲ့..
အငွေ့အသက်..မကင်းတာ …မှန်ပါတယ်…..
၂၀၁၅ ကြရင်…ကြိုက်ကြိုက်..မကြိုက်ကြိုက်….
(မဲ) နဲ့…ရွေးချယ်ပွဲ..ကို..ရင်ဆိုင်ကြရတော့မှာပဲ…..
ဒီမိုကရေစီ ရဲ့ ..(အနှစ်) ..ပါလာပြီ….
ဒါကို ..အခွင့်အရေး..ယူပြီး… အတင်းဝင်တွန်း..ကြရတော့မှာပဲ

စစ်အာဏါရှင်စနစ်ကို… (မုန်း) တာ..တပိုင်း
စစ်အာဏါရှင်…စနစ်.. စီက..(ရုန်းထွက်) နိုင်.. တာတပိုင်း
Emotion  နဲ့ ….Reality မတုဖူး….

ဒါကိုနားလည်လို့လည်း… ဒေါ်စု.လည်း…၀င်တွန်းတာပေါ့….
လူတိုင်းစဉ်းစားရမှာက….. တနေရာက..လက်ပိုက်ကြည့်နေကြမှာလား…
ဝင်တွန်း…ကြမှာလား….
ဒါကတော့..မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ…လို့ထင်မိတယ်

စာရေးသူအတွက်…ကတော့….
ဆင်းရဲနေတဲ့ … ပြည်သူတွေ ..ဆင်းရဲတွင်းက..လွပ်ဖို့..ဟာ….
တိုင်ပြည်ထူထောင်ရေး..ပဲ

အငွေ့..မကင်းသေးတဲ့..ကာလမှာ…တတ်နိုင်သမျှ..ကူမယ်…
အငွေ့..ကင်းသထက်..ကင်းပြီး….
(မဲ) …ပေးခွင့်..ရလာရင်…ဥါဏ်စွမ်းရှိသမျှ…
တိုင်ပြည်ထူထောင်ရေးကို ….လုပ်ပေးချင်တယ်….
(အာဏါနိုင်ငံရေး) ကို တော့ …စိတ်မ၀င်စားလှ..ပါဖူး…

အစိုးရအတွက်တွင် မဟုတ်…..
REFORM…PEACE…DEVELOPMENT….ဆိုတာ
ပြည်သူ…အာလုံးအတွက်…အရေး..ပါပါတယ်….

REFORM….CONTINUITY ..ဆိုတာကိုလည်း…မေ့..လို့..မရဖူး…..
DEVEOPMENT ဆိုတာ (အားလုံး) ..၀ိုင်းလုပ်ကြရမှာပါ….
၂၀၁၄ နှစ်..(အစ) မှာ….Positive အတွေး..တွေကို သာ…(တွေး).မိတာပါ…

My 2c

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...