Thursday, January 2, 2014

တရုတ်ရဲ့ ဗျူဟာ.....

တရုတ်ရဲ့ ဗျူဟာ.....  

တကယ်လို့များ မြစ်ဆုံကို ဆက်လုပ်ခွင့်ပြုလိုက်လို့ ဆည်ကြီး ပြီးသွားပါပြီတဲ့.... ဆည်ကြီးကို တည်ဆောက်တာက တရုတ်တွေ၊ ဒီဆည်ကြီးကို ဆက်လက် ထိန်းသိမ်းသွားမှာကလည်း တရုတ်တွေ၊ မြန်မာတွေ ရှိမယ်ဆိုရင်တောင် အနည်းအကျဉ်းသာ။ ဒါတောင် စီမံခန့်ခွဲ ညွှန်ကြားမှာက တရုတ်တွေ.....

အကယ်၍များ အခြားသော စီးပွားရေးလုပ်ငန်း ကိစ္စတွေဖြစ်ဖြစ်၊ အစိုးရချင်းချင်း အပေးအယူ မတည့်လို့ဖြစ်ဖြစ် တစ်ခုခု သူတို့ မကျေလည်စရာများ ဖြစ်ခဲ့ရင် တရုတ်တွေရဲ့ အကြပ်ကိုင်တတ်တဲ့ ဗျူဟာအတိုင်း

ဟော... မြန်မာပြည်ထိပ်ဖျားက ဧရာမ ဆည်ကြီးထိပ်မှာရှိနေတဲ့ တရုတ်တွေက “ဟောဒီဆည်ကြီးကို ဖောက်ချပစ်လိုက်ရမလား၊ ဒါမှမဟုတ် မတော်တဆ လိုလိုနဲ့ ဆည်ကြီး ကျိုးသွားအောင် လုပ်လိုက်ရမလား ” လို့များ ခြိမ်းခြောက်ခဲ့မယ် ဆိုရင် သေနတ် တစ်ချက်မှ မဖောက်လိုက်ရပဲ တစ်နိုင်ငံလုံးက တရုတ်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်နေရမဲ့အဖြစ်... 
ဆည်ကြီးသာ ကျိုးပေါက်သွားရင် တစ်နိုင်ငံလုံးလည်း ရေစုန်မျှောဖို့ပြင်။ 
မြန်မာပြည် ထိပ်ဖျားကနေ အောက်ဆုံးနားထိ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးဟာ တစ်နိုင်ငံလုံးရဲ့ တကယ့် အချုပ်အခြာ။

ဧရာဝတီသာ တစ်ခုခုဖြစ်ရင်လည်း တစ်နိုင်ငံလုံးနီးပါး ဒုက္ခရောက်ကြရမှာ သေချာ သလောက်ပါဘဲ။ ကိုယ့်ပစ္စည်းနဲ့ကိုယ် ပြန်ခြိမ်းခြောက် ခံရမဲ့အဖြစ်..
စဉ်းစားမိရုံနဲ့တောင် တော်တော်လန့်စရာကောင်းပါတယ်။
ဒီတော့ တကယ့်ကို မဟာဗျူဟာ အချက်အခြာကျတဲ့ ဧရာဝတီမြစ်ဆုံကြီးကို တရုတ်ကို ဆက်လုပ်ခွင့်ပြုဖို့ဆိုတာ ကျွန်မ အမြင်ကတော့ အိပ်မက်တောင် မမက်စကောင်းတဲ့ အရာတစ်ခုပါပဲ။ 

မြန်မာပြည်သူ ပြည်သားတွေ ကျီးလန့်စာစား နေထိုင်ရမဲ့အဖြစ်ကို မိဘနဲ့တူတဲ့ ဘယ်အစိုးရကမှ လက်မခံသင့်ပါဘူး။ 
ကိုယ့်နိုင်ငံကို ခြိမ်းခြောက်နိုင်မဲ့ အနေအထားမျိုးကို ဘယ်လိုမှ သူခိုးဓားရိုး မကမ်းသင့်ဘူး။ ဒီမြစ်ဆုံစီမံကိန်းကို စလုပ်ဖို့ လက်ခံခဲ့တဲ့ လူကြီးတွေလည်း ကိုယ့်လုပ်ရပ်ကို အထပ်ထပ် ပြန်စဉ်းစားသင့်ပါတယ်။

တကယ်တမ်းဆိုရင် မြစ်ဆုံလို သာယာလှပတဲ့ နေရာမှာ ဆည်ကြီးဆောက်မဲ့အစား နိုင်ငံတကာ အဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ်သာ တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် ပြည်တွင်းခရီးသွားရော ပြည်ပ ခရီးသွားတွေပါ လေ့လာလည်ပတ်စရာအဖြစ် ဘယ်လောက်များ ဂုဏ်ယူဖို့ ကောင်းလိုက်မလဲနော်။ 

Post by : အစိမ်းရောင် လွင်ပြင် (Chaw)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...