Friday, December 6, 2013

၂၀၁၅ မှာ vision တွေအားပြိုင်တဲ့ပွဲမျိုးဖြစ်စေချင်တယ် (ဦးမင်းဇင်နှင့်တွေ့ဆုံခြင်း)

၂၀၁၅ မှာ vision တွေအားပြိုင်တဲ့ပွဲမျိုးဖြစ်စေချင်တယ် (ဦးမင်းဇင်နှင့်တွေ့ဆုံခြင်း)

December 2, 2013 at 2:59pm
၂၀၁၃၊ ဒီဇင်ဘာ၊ ရနံ့သစ်
 
အယ်ဒီတာအဖွဲ့
 
  
သစ်။ တော်ဝင်နှင်းဆီမှာသံလွင် (Citizen Empowerment Program) ကပြု လုပ်သွားတာ မြန်မာ့နိုင်ငံရေးအကူးအပြောင်း၏အခွင့်အလမ်းနှင့်စိန်ခေါ်မှုများခေါင်းစဉ်နဲ့ပြုလုပ်တဲ့စကားဝိုင်း ဆွေးနွေးပွဲမှာ Institution  ခေါင်းစဉ်နဲ့ကိုမင်းဇင်ဆွေး နွေးခဲ့တာတွေ့ရပါတယ်။ အဲဒီတော့ Institution ဆိုတာဘာလဲ။ ပြီးတော့ Institution ရဲ့သဘောသဘာဝနဲ့ အရေးပါပုံတွေကို ပထမဦးစွာပြောပြပေးစေချင်ပါတယ်။

ဇင်။ အလွယ်ဆုံးပြောရရင်တော့ Institution ဆိုတာ စည်းမျဉ်းစည်းကမ်းတွေ၊ ကျင့်ထုံးတွေကို ပြောတာပါပဲ။ သဘောကတော့စည်းမျဉ်းစည်းကမ်း၊ ကျင့်ထုံးတွေအားကောင်းရင် လူပုဂ်္ဂိုလ်တွေပေါ်မှာ သိပ်အားကိုးစရာမလိုဘဲစနစ်ကိုအားကိုးပြီးတော့အဖွဲ့အစည်းကိုပဲဖြစ်ဖြစ်နိုင်ငံကိုပဲဖြစ်ဖြစ် အုပ်ချုပ်သွား လို့ရတယ်။နောက်တစ်ခုက Institution တွေမှာ စာနဲ့ရေးထားတာရှိတယ်။ မရေးထားတာတွေလည်း ရှိတယ်။ Formal နဲ့ Informal  ပေါ့။ ဥပမာဆိုပါတော့ဗျာမိသားစုတစ်ခုရဲ့ထမင်းဝိုင်းမှာထမင်းစား တော့မယ်ဆိုရင် သားသမီးတွေက အဖေကိုအရင်ဆုံးဦးချပြီးမှစားတယ်။ အဲဒီလိုကျင့်သုံးရင်းနဲ့ကျင့်ထုံး ဖြစ်လာတယ်။ အဲဒါ Institution ပါပဲ။ Rule of game ပဲဗျ။ ကစားပွဲရဲ့စည်းမျဉ်းစည်းကမ်းပဲ။ စည်းမျဉ်းစည်းကမ်းနဲ့ အစဉ်အလာကမိသားစုဝင်တွေပေါ်မှာ လွှမ်းမိုးတယ်။ နောက်မွေးလာတဲ့ကလေး က ရှေ့ကကလေးလိုလိုက်နာပြီးအဖေကို ဦးချသွားတာမျိုးပေါ့။ နောက်တစ်ခုက Institution တွေမှာ အဓိပ္ပါယ်တွေလည်းပါတယ်။ တန်ဖိုးထားမှုတွေလည်းပါတာပေါ့။ Identity လည်းပါတယ်။ ဥပဓိပေါ့။ စောစောကပြောတဲ့မိသားစုထမင်းဝိုင်းမှာ အဖေကိုအရင်ဆုံးဦးချတယ်ဆိုတာ ဂါရ၀တရားကိုပြတာ။ ချစ်ခင်မှုကိုပြတာပေါ့။ ပြီးတော့ မိသားစုစိတ်ဓာတ်ကိုလည်း ပြရာရောက်တာပေါ့။ ဒီလိုတွေးလို့ရတယ်။ နိုင်ငံရေးမှာလည်း ဒီလိုပဲ။ နိုင်ငံရေးပါတီတစ်ခုမှာသူ့ရဲ့စည်းမျဥ်းစည်းကမ်းတွေ ရှိတယ်။ အခြေခံဥပဒေ ရှိတယ်။ ဒါနိုင်ငံရေးပါတီရဲ့စည်းမျဉ်းစည်းကမ်း ကျင့်ထုံးတွေပေါ့။ အဲဒီမှာလည်း ရေးထားတာတွေ မရေးထားတာတွေလည်းရှိပါတယ်။ အဲဒီနိုင်ငံရေးပါတီရဲ့ပြယုဂ်ကဘာလဲ။ Identity ကဘာလည်း ဆိုတာလည်းရှိပါတယ်။ ဒီမိုကရေစီရေးအတွက်လား၊ တရားမျှတမှုအတွက်လား၊ ပတ်ဝန်းကျင်ထိန်း သိမ်းမှု ဇောင်းပေးတာလား၊ ကျင့်ထုံးစည်းမျဉ်းစည်းကမ်းရယ် Identity ဥပဓိရယ်ဆိုပြီးရှိပါတယ်။ တခါ Resource ဆိုတာလည်းရှိရတယ်။ မိသားစုထမင်းလက်ဆုံစား နိုင်ဖို့ဆိုရင်လူစုံရမယ်။ မိသားစုဝင် တွေမှာစာဝတ်နေရေး လုံးပန်းရင်းအချိန်ပိုဆင်းရတာတို့ ညဆိုင်းအလုပ်ဆင်းရတာတို့ရှိရင် လူမစုံနိုင် တော့ဘူး။ ထမင်းလက်ဆုံ မစားနိုင်တော့ဘူး။ ဒါဆိုထမင်းဝိုင်းမှာ အဖေကိုဦးချနိုင်မှာလည်းမဟုတ်တော့ ဘူး။ ဒါ့ကြောင့် ဘယ်လို  Institution တွေမှာပဲဖြစ်ဖြစ် Resource ဟာအရေးပါပါတယ်။ အဲဒီတော့ Institution ဆိုတာ(၁) စည်းမျဉ်းစည်းကမ်းကျင့်ထုံး၊ (၂) အဲဒီစည်းမျဉ်းစည်းကမ်းကျင့်ထုံးကပေးတဲ့ အဓိပ်္ပါယ်တန်ဖိုး၊ ပြယုဂ်တွေပါတယ်။ (၃) အဲဒီစည်းမျဉ်းစည်းကမ်းတွေကို အကောင်အထည်ဖော်ဖို့ အရင်းအမြစ်လည်းလိုပါတယ်။ နောက်တစ်ခုကတော့ Institution အားကောင်းမကောင်းတိုင်းတာ တာပေါ့။ ဥပမာဆိုပါတော့ဗျာInstitution တွေမှာမလုပ်မနေရလုပ်ရမယ်ဆိုတာမျိုး။ enforcement ရှိသလားပေါ့။ ထမင်းဝိုင်းမှာ အဖေကိုသားသမီးက ဦးမချဘူးဆိုရင် အမေကဗိုက်ခေါက်လိမ်ဆွဲသလား ဆိုတာမျိုးပေါ့။ အဲဒီလိုမျိုးဆုပေးဒဏ်ပေးပေါ့ enforcement ရှိတယ်ဆိုရင် အဖွဲ့အစည်းအတွက် အားကောင်းစေ၊ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီနိုင်ငံမှာဥပဒေတွေတော့ရှိနေတာပဲ။လူတွေက လိုက်မလုပ်ကြ ဘူးဆိုရင်ဒါ enforcement မရှိတဲ့သဘောပေါ်လွင်တာပေါ့။ နောက် Institution တွေဟာ စည်းမျဥ်းစည်းကမ်းတွေ၊ ကျင့်ထုံးတွေကို ခုပြဌာန်းလိုက် ခုရုပ်သိမ်းလိုက်လုပ်နေရင်လည်း Institution ဟာ တည်ငြိမ်မှုမရှိနိုင်ဘူး။ တသမတ်တည်း မဖြစ်နိုင်တော့ပြန်ဘူး။ ဒါဆိုရင်အဲဒီ    Institution ဟာ အားမကောင်းနိုင်ဘူး။ အဖေကိုဦးချနေ ရာက အဖေအရက်မူးလာရင် ဦးမချနဲ့ဆိုရင် စည်းကမ်းကစောစာကတစ်မျိုး၊ ခုတစ်မျိုးဆိုရင်လည်း လိုက်နာရမယ့် လူတွေကအလေးအနက်မထား တော့ဘူး။ နိုင်ငံရေးပါတီတွေအဖွဲ့အစည်းတွေမှာလည်း ဒီအတိုင်းပါပဲ။ Institutionalization ဖြစ်မဖြစ်ဆိုတာ၊ သူ့စည်းသူ့ဥပဒေသူ့ကျင့်ထုံးတွေကို ဘယ်လောက်အထိ မလုပ်မနေရလုပ်ရမယ်ဆိုတဲ့ ကျင့်သုံးမှုမျိုးရှိမရှိရယ်၊ တသမတ်တည်းကျင့်သုံးနိုင်မှုရှိမရှိဆိုတာရယ်ပေါ်မှာမူတည်ပါတယ်။
 
သစ်။ မြန်မာ့နိုင်ငံရေးအကူးအပြောင်းမှာ Institution တွေ အားနည်းတယ်လို့ panel discussion တစ်ခုမှာ ပြောသွားတာရှိတယ် အထူးသဖြင့်မြန်မာနိုင်ငံမှာစစ်တပ်ကလွဲလို့ ခိုင်မာ အားကောင်းတဲ့ Institution မရှိဘူးလို့ ပြောခဲ့တာသတိထားမိပါတယ်။ Institution တွေ အားနည်းတယ်။ အဲဒီလိုအားနည်းတယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်လဲ။ အားကောင်းလာအောင် ကျွန်တော်တို့ ဘာတွေလုပ်ဖို့လိုမလဲဆိုတာ ရှင်းပြပေးပါ။

ဇင်။ Institution  နဲ့ပတ်သက်ပြီးပြောရရင် (၁) စည်းမျဉ်းစည်းကမ်းတွေရှိနေတာ၊ ရှိအောင်တည် ဆောက်တာရယ်၊ (၂) အဲဒီစည်းမျဉ်း စည်းကမ်းကျင့်ထုံးတွေရဲ့အရည်အသွေးရယ်အဲ့ဒီနှစ်ခုကတော့ မတူဘူးပေါ့။ emergence or existence of institution နဲ့  quality of institution မတူဘူးပေါ့။ ရောပြီးလုံးထွေးမစဉ်းစားသင့်ဘူး။ ခုနပြောသလို စစ်တပ်သာလျှင်တစ်ခုတည်းသော institution လို့ပြောတဲ့အခါမှာ institution အဖြစ်တည်ရှိတဲ့သဘောကိုပြောတာပဲဖြစ်တယ်။ အဲ့ဒီရှိတဲ့ institution ဟာ quality အရည်အသွေးရှိတဲ့အင်စတီကျုးရှင်းဟုတ်၊ မဟုတ်ဆိုတာကတော့သီးသန့် စဉ်းစားရမယ့်ကိစ္စ ဖြစ်ပါတယ်။ စစ်တပ်သာလျှင်တခုတည်းသော institution လို့ ပြောတာဟာဒီ institution မှာ quality အရည်အသွေးရှိနေတယ်လို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော် ပြောချင်တာက ဒီနိုင်ငံမှာသံဃာအဖွဲ့အစည်းကလွဲရင်လောကီရေးမှာတော့ ထိထိရောက်ရောက် ရပ်တည်နေတာဆိုလို့ စစ်တပ်ပဲရှိတယ်။ အဲဒီလိုစစ်တပ်တခုတည်း ကြီးစိုးထားတဲ့အခါကျတော့ တိုင်းပြည်ရဲ့ လုံခြုံရေးမှာတင်မဟုတ်ဘူး။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့နေရာတိုင်းမှာလိုလို စစ်တပ်ကထိုးဖောက်ပြီး နေရာယူထားနိုင် တာပေါ့။ တစ်ခါအဲဒါကိုပြန်လည်ထိန်းညှိနိုင်မယ့်ကျန်တဲ့ institution  တွေအားမကောင်းဘူးဆိုရင် လူ့အဖွဲ့အစည်းဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ကြိုက် သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေရှိနေမှာပဲ။ ဒါကြောင့် ကျွန်တော်ထင်တာကတော့ပါလီမန်တွေ အားကောင်းဖို့လိုတယ်၊ နိုင်ငံရေးပါတီတွေ အားကောင်းဖို့ လိုတယ်။ ရွေးကောက်ပွဲ စနစ်တွေအားကောင်း ဖို့လိုတယ်။ မီဒီယာတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့လိုတယ်။ ဒီဟာတွေ အကုန်လုံးကလည်းစည်းမျဉ်းစည်းကမ်း တွေကျင့်ထုံးတွေနဲ့ လှုပ်ရှား နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက်ကြောင့်မို့ ဒါတွေအားကောင်းမှ သာလျှင် ဒီနိုင်ငံမှာတပ်မတော် တစ်ခုတည်းမဟုတ်ဘဲ၊ တခြားသော institution တွေပါ အားကောင်းလာပြီး ဗဟုသဘောပေါ့ မြိုင်မြိုင် ဆိုင်ဆိုင်ရှိမယ်လို့ ကျွန်တော်ကတော့သုံးသပ်ပါတယ်။ အပြန်အလှန် ထိန်းညှိမှုတွေ ရှိလာမယ်လို့ယူဆပါတယ်။
 
သစ်။ ကိုမင်းဇင် ပြောသွားတဲ့ထဲမှာ CSO  ရဲ့ အခန်းကဏ္ဍလည်း ပါဝင်တာတွေ့ရပါတယ်။ အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ နိုင်ငံရေးပါတီတွေဟာ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာရှင်သန် ရေးအတွက်ရုန်းကန်ခဲ့ရတဲ့အတွက်ကြောင့် အဖွဲ့အစည်း တွေ ဟာ စနစ်တကျမရှိဘဲအားနည်းကြတယ်။ တချို့လည်းခုမှ ပါတီ စထောင်တဲ့အတွက် institution ကိုသေချာမလုပ်နိုင်ကြဘူး။ အဲဒီ တော့ အကူးအပြောင်းမှာ CSO တွေ နိုင်ငံရေးပါတီတွေ အား ကောင်းလာအောင် ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာလည်း ဆက်ပြောပြပါဦး။

ဇင်။  ဒီမိုကရေစီစနစ်ရှင်သန်ဖို့ဆိုတာ နိုင်ငံရေးပါတီအားကောင်းမှပဲ ရှင်သန်မှာပါ။ ပါလီမန်ရှင်သန်ဖို့ဆိုတာလည်း နိုင်ငံရေးပါတီအား ကောင်းမှပါ။ နိုင်ငံရေးပါတီဆိုရာမှာလည်း သုံးပိုင်းပေါ့။ တစ်ပိုင်းက အာဏာရ၊ လွှတ်တော်ထဲမှာထိုင်နေတဲ့ လွှတ်တော်အမတ်တွေ၊ အုပ်ချုပ်ရေးဘက်မှာ ရှိနိုင်တဲ့ ပါတီက နိုင်ငံရေးသမားတွေ။ Public office မှာတာဝန်ယူထားတဲ့နိုင်ငံရေးသမားတွေပေါ့။ နောက် တစ်ခုကတော့ party on the ground ပေါ့ဗျာအောက်ခြေမှာ လိုက် ပြီးလူထုကိုစည်းရုံးပေးရတဲ့ organizer တွေ၊ ပါတီစည်းရုံးရေးမှူး ကောင်းတွေရယ်၊ နောက်မဲဆန်္ဒရှင်တွေပေါ့ဗျာ။ နောက်ဆုံးတစ်ခုက တော့ ဌာနချုပ်မှာရှိတဲ့ ပါတီအာဏာပိုင်တွေ၊ ပါတီမန်နေဂျာတွေ party in the headquarter ပေါ့။ နိုင်ငံရေးပါတီတစ်ခုမှာ အဲလို level အဆင့်အလွှာသုံးခုရှိတာပေါ့ဗျာ။ အာဏာမှာဝင်လုပ်နေတဲ့သူရှိ တယ်။ အောက်ခြေ သိမ်းဝင်လုပ်နေတဲ့သူရှိတယ်။ အဲ့နှစ်ခုကိုဆက်စပ် ပေးပြီးတော့ ကြားခံလုပ်ပေးတာက ဌာနချုပ်ကပေါ့။ အာဏာမှာ ၀င်လုပ်နေတဲ့သူတွေက နိုင်ငံရေးသမားပေါ့။အောက်ခြေမှာဝင်လုပ်နေ တဲ့သူတွေက စည်းရုံးရေးမှူးတွေ၊ မဲဆန်္ဒရှင်တွေပေါ့။ အလယ်အလတ် တွေက ပါတီမန်နေဂျာတွေပေါ့။ အဲ့သုံးခုကဆက်စပ်မှုအား မကောင်း ရင် နိုင်ငံရေးပါတီ အားမကောင်းနိုင်ဘူး။ ကြံ့ခိုင်ရေးပါတီပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပါတီတွေပဲဖြစ်ဖြစ် ပါတီတိုင်းမှာ အဲဒီသုံးလွှာရှိတယ်။ အဲ့ဒီသုံးလွှာဘယ်လောက်ထိ ပေါင်းစပ်ညှိနှိုင်းမှု ရှိသလဲဆိုတာနဲ့တိုင်းတာလေ့ရှိပါတယ်။ ပိုင်းလိုက်ရင် နှစ်ခုထွက်လာ တယ်။ ပါတီနဲ့ နိုင်ငံတော်ဆက်ဆံရေး၊ ပါတီနဲ့ လူ့အဖွဲ့အစည်း (၀ါ) ပြည်သူဆက်ဆံရေး။ ပါတီနဲ့နိုင်ငံတော်ဆက်ဆံရေးက မြန်မာနိုင်ငံမှာ ဆိုရင်အားနည်းတယ်လို့ ပြောလို့ရတယ်။ နိုင်ငံတော်မှာ အုပ်ချုပ်ရေး အာဏာယူမယ့် သမ္မတတို့၊ ၀န်ကြီးတို့ဟာအုပ်ချုပ်ရေး အာဏာယူတဲ့ အချိန်ကစပြီး ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရလို့ အခြေခံဥပဒေ ပုဒ်မ  ၆၄  နဲ့  ပုဒ်မ ၂၃၂ (ဋ) တွေမှာ ပြဌာန်းထားပါ တယ်။ သဘောက ပါတီတစ်ခုဟာမဲနိုင်ရင် ပါတီခေါင်းဆောင် တစ်ယောက်ကို သမ်္မတဖြစ်အောင်လုပ်ပေးနိုင်ပေမယ့် အဲဒီသမ္မတ ဟာ သမ်္မတဖြစ်သွားတဲ့အချိန်ကစပြီးပါတီ စမသါမော အတိုင်း ပါတီ စသူငခပ အတိုင်းဆောင်ရွက်စရာမလိုဘူး။ သူကပါတီကိုတာဝန်ခံ စရာမလိုဘူး။ သူကပါတီက ယာယီထွက်ထားရသလိုပဲ။ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ လုပ်ချင်တဲ့ရည်ရွယ်ချက်ကတော့ အာဏာကိုတစ်နေ ရာထဲလူတစ်ဦးထဲဆီမှာ ပုံနေမှာစိုးလို့ခွဲထုတ်ထားဖို့ရည်ရွယ်ပုံရပါ တယ်။ မင်းကတော့ ပါတီမှာနေခဲ့။ မင်းကတော့ သမ်္မတသွားလုပ်။ မင်းကတော့လွှတ်တော်သွား။ မင်းကတော့တပ်မှာ နေခဲ့ဆိုပြီးခွဲထုတ် တာ။ ဒါပေမဲ့ အဲလိုခွဲထုတ်ခြင်းအားဖြင့် ပါတီက အားမကောင်းတော့ ဘဲ လူပုဂ်္ဂိုလ်တွေကအားကောင်းသွားတာ။ ဦးသိန်းစိန်က ခုလိုလုပ် နိုင်တယ်ဆိုတာပါတီနဲ့သိပ်မဆိုင်ဘူး။ သူ့နားမှာ ရှိနေတဲ့ပြောင်းလဲ ချင်တဲ့ဝန်ကြီးတွေ၊ Technocrat ပညာသည်တွေနဲ့ သူခုလိုလုပ်နေ တာ။ ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲအနိုင်ရပါတီ election winning party ဖြစ်တယ်။ ဒါပေမယ့် အုပ်ချုပ်နေတဲ့ပါတီ ruling party တော့မဟုတ်ဘူးလို့ ကျနော်အမြဲ ပြောလေ့ရှိပါတယ်။ ဒါဟာ မကောင်းဘူးလို့ ကျွန်တော်ကတော့ထင်တယ်။ ဥပမာဆိုပါတော့ဗျာ ပညာတတ်တစ်ယောက်က ပါတီဝင်ချင်တယ်။ ကြံ့ခိုင်ရေးပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်ပေါ့ဗျာ။ သမ္မတက ၀န်ကြီးခန့်တဲ့နေရာမှာ သူကြိုက် တဲ့လူကို ရွေးပြီးခန့်နိုင်တယ်။ ပါတီဝင်ဖြစ်စရာမလိုဘူး။ ပုံမှန်အားဖြင့် လူတော်တစ်ယောက်ဟာပါတီဝင်လို့ရှိရင်ပါတီ့ hierarchy အဆင့်ဆင့်ဖြတ်သန်းပြီးမှ ၀န်ကြီးဖြစ်နိုင်ဖွယ်ရှိတယ်။ သဘောက တော့ လူတော်လူကောင်းတစ်ယောက်ဟာပါတီဝင်ဖို့အတွက် incentive မက်လုံးသိပ်မရှိဘူးဖြစ်နေတယ်။ ဒီတိုင်းအပြင်ကနေသွား တာကမှ တိုက်ရိုက်ဝန်ကြီးတန်းဖြစ်နိုင်တယ်။ သမ်္မတအကြံပေးဖြစ် နိုင်တယ်။ ပါတီမှာဝင်လုပ်ရင် party hierarchy လို့ခေါ်တဲ့ ပါတီယန်္တရားထဲမှာ မြုပ်သွားနိုင်တယ်။ ပါတီဟာleadership recruitment လို့ခေါ်တဲ့ ခေါင်းဆောင်သစ်မွေးမြူတဲ့နေရာမှာ အဟန့် အတားဖြစ်စေတဲ့ သဘောဖြစ်နေတယ်။ အခြေခံဥပဒေဟာ ပါတီ တွေကို အားကောင်းအောင်မလုပ်ပေးနိုင်ဘူး ဆိုတာတွေ့ရတယ်။ နိုင်ငံတော်နဲ့ ပါတီရဲ့ဆက်ဆံရေးက အင်မတန်မှအားနည်းတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါကို ပြင်သင့်တယ်။ အဲဒါကိုမပြင်ရင် ပါတီ အားမကောင်းနိုင်ဘူး။ ပါတီအားမကောင်းရင် ဒီမိုကရေစီမရှင်သန်နိုင် ဘူး။ ပါတီနဲ့လူ့အဖွဲ့အစည်း ပြည်သူ တွေကြားမှာတော့ ဆက်ဆံရေး အားကောင်းတာတွေ့ရတယ်။ ဒါပေမယ့် လူထုနောက်မြီးဆွဲလုပ်တာ၊ အကြိုက်လိုက်ပြီးစည်းရုံးတာမျိုး၊ လာဘ်ထိုးပြီး စည်းရုံးတာမျိုး တွေပိုတွေ့ရတယ်။ တကယ့်တကယ် program နဲ့လုပ်ငန်းစဉ်နဲ့ စည်းရုံးတာမျိုးတော့မတွေ့ရဘူး။ ကျန်းမာသန်းစွမ်းတဲ့အားကောင်းပုံ မျိုးတော့မဟုတ်ဘူး။ ဆရာဒကာဆက်ဆံရေး clientalism ပုံစံမျိုး ပိုဆန်နေတယ်။ အဲဒါကတိုင်းပြည်အတွက် သိပ်မကောင်းဘူး။
 
သစ်။ အခုကျွန်တော်တို့နိုင်ငံရဲ့ အကူးအပြောင်းကာလမှာ အမျိုး သားရေးဝါဒ ခေါင်းထောင်လာနိုင်တဲ့ အရိပ်အရောင်တွေ တွေ့မြင်နေရပါတယ်။ အကယ်၍သာ nationalist တွေအား ကောင်းလာရင် ဘယ်လိုအကျိုး ဆက်တွေဖြစ်ပေါ်လာနိုင်မလဲ။

ဇင်။ အမျိုးသားရေးစိတ်ဓာတ်ဆိုတာကောင်းပါတယ်။ နောက် ကျနေလို့ နောက်ကနေအမှီလိုက်ဖို့ဆို အမျိုးသားရေးစိတ်ဓာတ်နဲ့ မောင်းနှင်ရတာပါပဲ။ ဂျာမနီတို့ ၊ ဂျပန်တို့ဆို ဒီအတိုင်းပဲလုပ်ခဲ့ကြ တယ်။ အမျိုးသားရေးစိတ်ဓာတ်ကနိုင်ငံသားဖြစ်မှု အပေါ်မူတည်ရင် တော့ကောင်းတယ်။ အဲလိုမဟုတ်ဘဲ ဘာသာရေး၊ လူမျိုးရေးတို့ပေါ် အခြေခံရင်တော့မကောင်းဘူး။ ကျနော်တို့လူ့အဖွဲ့အစည်းက ပဋိပက္ခ တွေကြောင့်  အနာတရဖြစ်ရတာတွေများပြီ။ ထပ်ပြီးတော့ ဒါတွေ ကြောင့်အကွဲအပြဲတွေထပ်ဖြစ်ရမယ်ဆိုရင် ဘယ်လိုမှပြန်ကောင်း နိုင်စရာမရှိဘူး။ အမျိုးသားရေးစိတ်က ငါတို့နောက်ကျနေပြီဆိုတဲ့ အသိစိတ်နဲ့ဆိုရင်တော့ အမျိုးသားရေးစိတ်ကကောင်းတယ်။ အဲလိုမဟုတ်ဘဲလူမျိုးတစ်မျိုး၊ ဘာသာတစ်ခုကို ရည်ရွယ်တိုက် ခိုက်ချင်တဲ့ Negative Nationalism ဆိုရင်တော့ ဒီနိုင်ငံဟာ ပဋိပက္ခ တွေနဲ့ နောက်ထပ်နှစ်ပေါင်းများစွာ သွားရဖို့ရှိတယ်။ အဲဒါဆိုရင်တော့ ၀မ်းနည်းစရာပဲ။ ကမ္ဘာမှာလည်းဒီလိုပါပဲ။ ယူဂိုစလားဗီးယားတို့ဆိုရင် negative nationalism  ဖြစ်တယ်။ ကျွန်တော်ပြောချင်တာက positive nationalism လိုအပ်တယ်။ တရုတ်မှာလည်း တိန် ရှောက်ဖိန်တို့ဆို အမျိုးသားရေးစိတ်နဲ့ပဲ ထိုးတင်ခဲ့တာ။ထိုင်ဝမ်ရော တရုတ်ပြည်မကြီးကရောနိုင်ငံရေးဝါဒ ideology  ကွဲတယ်ပြော ပေမယ့် ဟန်တရုတ်အမျိုးသားရေးစိတ် nationalism  နဲ့ပဲတိုင်း ပြည်ကို တိုးတက်အောင်လုပ်ရတာပဲ။ ငါတို့နောက်ကျနေပြီဆိုတဲ့ စိတ်နဲ့လုပ်တာ။ ကျွန်တော်တို့နိုင်ငံမှာပြဿနာက nationalism က နယ်ချဲ့ဆန့်ကျင်ရေးပေါ်မှာ အခြေခံပြီးဖြစ်လာတာဖြစ်တဲ့အတွက် တစ်ခုခုပေါ်မှာ ဆန့်ကျင်တဲ့မျိုးချစ်စိတ်က အစဉ်အလာလိုဖြစ်နေ တယ်။ ဖြစ်သင့်တာကတော့ positive ကို အခြေခံတဲ့ အနာဂတ် တိုးတက်မှုကိုအခြေခံတဲ့  nationalism ဖြစ်သင့်တယ်။ အဲဒါကို လည်း ခေါင်းဆောင်ပိုင်းကနားလည်ထားဖို့ လိုအပ်သလိုလူထုကို ပွင့်ပွင့်လင်းလင်းချပြဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။
 
သစ်။ နောက်တစ်ခုက ကိုမင်းဇင်ပြောဖူးတယ်။ ကျွန်တော်တို့ နိုင်ငံက ပထ၀ီအနေအထားအရကို အမျိုးသားလုံခြုံရေးပြဿနာ ရှိတယ်။ ဘာကိုဆိုလိုတာလဲဆိုတာ တိတိကျကျ ရှင်းပြပေးပါလား။

ဇင်။  နိုင်ငံတော်ဆိုတာသူ့ရဲ့ နယ်မြေအချုပ်အခြာအာဏာဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက  နိုင်ငံတော်ဆိုတာ နိုင်ငံ တော်မည်ကာမတ္တသဘောမျိုးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့နယ်စပ်တွေအကုန်လုံးမှာ တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခတွေရှိတဲ့အတွက်ကြောင့် အဲဒီနယ်စပ်တွေကို နိုင်ငံတော် အာဏာစက် ကမလွှမ်းခြုံနိုင်ဘူး။ ဒါကြောင့်မို့အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့နိုင်ငံကိုလွှမ်းမိုးတဲ့သဘောရှိတယ်။ သက်ဆိုင်ရာအဖွဲ့ အစည်းတွေကိုလွှမ်းမိုးတာသော်လည်းကောင်း၊ လက်နက်အထောက် အပံ့စတာတွေနဲ့ လွှမ်းမိုးတာသော်လည်းကောင်း၊ အယူအဆ အရ လွှမ်းမိုးတာသော်လည်းကောင်း၊ စီးပွားရေးအရလွှမ်းမိုးထားသော် လည်းကောင်း ဖြစ်နိုင်တယ်။ ပထ၀ီနိုင်ငံရေး ပြဿနာဆိုတာ အဲဒါပဲ။ အဲဒီလို နိုင်ငံတော်ရဲ့အာဏာစက်ဟာ တစ်တိုင်းပြည်လုံးကို မလွှမ်းမိုးနိုင်သေးတဲ့အချိန်မှာပထ၀ီနိုင်ငံရေး အန္တရာယ်ကို လျှော့တွက် လို့မရဘူး။
 
သစ်။ Globalization ဖြစ်စဉ်ကြောင့် ပထ၀ီနိုင်ငံရေးဟာ အဓိကမကျတော့ဘူးလို့ ယူဆသံတွေကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ပထ၀ီနိုင်ငံရေးဟာ ကျယ်ကျယ်လောင်လောင်နဲ့ ရှေ့တန်းပြန်ရောက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ပထ၀ီနိုင်ငံရေးအကြောင်းဆက်ပြောပေးပါဦး။

ဇင်။ ပထ၀ီနိုင်ငံရေးက ပဋိပက္ခများတဲ့နိုင်ငံတွေမှာ ၊ နောက်တစ်ခုက ကိုယ့်နိုင်ငံအနေအထား၊ မြန်မာပြည်ဆိုရင် တရုတ်ပြည်တောင်ပိုင်းအ တွက် ပင်လယ်ထွက်ပေါက်ဖြစ်နေတာပေါ့။ တခါအိန်္ဒိယတိုက်၊ ပြီးတော့ အရှေ့တောင်အာရှတခုလုံးနဲ့ ချိတ်ဆက်မှုစသဖြင့် အများ ကြီးပါပဲ။ ပထ၀ီနိုင်ငံရေးအရ အရေးပါတာပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ location  သဘောအရ အလွန်တရာအရေးပါတယ်။ Globalization ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် တကယ့်အရေးပါတဲ့ စီးပွားရေးဆုံးဖြတ်ချက်တွေကိုချမှတ်တဲ့အခါမှာ နိုင်ငံတွေဟာဘယ် တော့မှ  supply နဲ့ demand တို့ profit စတာတွေ တခုတည်း ကြည့်ပြီးမချဘူး။ ဘယ်နိုင်ငံက ငါ့ရဲ့မဟာမိတ်လည်း။ ဘယ်နိုင်ငံက ငါ့ရဲ့ရန်သူလည်း။ ဘယ်သူ့ကိုဘာပေးရင်ဘာရမလဲ။ အဲလိုပဲတွေး တာ။ ၂၀၀၇ ခုနှစ် သြဂုတ်လတုန်းက မြန်မာနိုင်ငံရွှေသဘာဝဓာတ် ငွေ့သိုက်ကထွက်တဲ့ သဘာဝဓာတ်ငွေ့ကို တရုတ်၊ အိန်္ဒိယရယ် တောင်ကိုရီးယားရယ် သုံးနိုင်ငံကဈေးပြိုင်ဝယ်ကြတယ်။ အဲ့ဒီထဲမှာ တရုတ်က ဈေးအနည်းဆုံးပေးတယ်။ မြန်မာစစ်အစိုးရက ဈေး အနည်းဆုံးပေးတဲ့ တရုတ်ကိုရောင်းတယ်။ ဘာလို့ရောင်းလဲ ၂၀၀၇ ဇန်န၀ါရီတုန်းက တရုတ်ကမြန်မာစစ်အစိုးရကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အကာအကွယ်ပေးဗီတိုသုံးပေးခဲ့လို့ပဲ။ သဘောက တိုင်းပြည်အတွက် တကယ့်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ မှာစီးပွားရေးမက်လုံးတခုတည်းနဲ့ ဘယ်နိုင်ငံမှမချဘူး။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဂျပန်ကိုအမေရိကားက အထူးအခွင့်အရေးတွေ အများကြီးပေးခဲ့တယ်။ သူ market  ကြီးကိုဖွင့်ပေးထားတာ။ လုပ်ခွင့်အများကြီးပေးတယ်။ အချိန်အတော်ကြာပြီး မထိန်းနိုင်တော့မှ ဂျပန်ရဲ့ငွေကို တန်ဖိုး မြှင့်ခိုင်းတာမျိုးလုပ်ခဲ့တယ်။ ဒါ ၁၉၈၅ လောက် မှာဖြစ်တာ။ Plaza Accord ဆိုတာ။ အဲဒီမတိုင်ခင်မှာ ဂျပန်ကို သူဈေးကွက်ကို သူကာကွယ်ခွင့်ပေးပြီး အမေရိကန်ကိုဈေးကွက်ကို တော့ ဒလဟော တင်ပို့ ခွင့်ပေးထားခဲ့တာ။ ဂျပန်ဟာအမေရိကန်ရဲ့ မဟာမိတ်အဖြစ်ရှိနေခြင်းဟာ အရှေ့အာရှအတွက် အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အကျိုးရှိတာပဲ။ အဲဒီလိုပဲ အမေရိကန်က ဥရောပက မဟာမိတ်တွေနဲ့  နေတိုးကို သူကိုယ်တိုင် ပိုက်ဆံအကုန်ခံပြီး စစ်ရေး၊ စီးပွားရေး ထူထောင် ပေးထားခဲ့တယ်။ ပြောချင်တာကတော့ဗျာ ပထ၀ီနိုင်ငံရေးကို ထည့်မစဉ်းစားဘဲနဲ့ Globalization ကိုစဉ်းစားလို့မရပါဘူး။ အမျိုးသားအကျိုးစီးပွားနဲ့ ယှဉ်လာရင်စီးပွားရေးအကျိုးအမြတ် တခု တည်းကိုကြည့်လို့မရပါဘူး။ ဒီလိုပြောလို့ စီးပွားရေးအရေးမကြီးဘူးလို့ ပြောတာမဟုတ်ပါဘူး။ တကယ့်တကယ် super power တွေဟာ စီးပွားရေးအကျိုးအမြတ်တခုတည်းကိုပဲ ကြည့်မလုပ်ပါဘူး။ နိုင်ငံ ရေးကို အလေးထားစဉ်းစားလေ့ရှိပါတယ်။ အဲ့လိုပဲကျနော်တို့ ပဋိပက်္ခ တွေနဲ့ပြွန်းနေတဲ့ နိုင်ငံတွေ၊ ပထ၀ီအနေအထားအရ ဆူးကြားက ဘူးလို့ အကဲဆတ်တဲ့နေရာမှာရှိနေတဲ့နိုင်ငံတွေအတွက် ဘက်စုံ စဉ်းစားမှဖြစ်မှာပါ။

သစ်။ အခုကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ရေးဆွဲရေးအတွက် ငြင်းခုံနေကြတယ်။ ပြောရရင်တော့  constitution crisis ပေါ့။ အသစ်ရေးမလား၊ ပြင်မလားပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ မှတ်ချက်လေးပေးပါဦး။

ဇင်။ အများစုကတော့ နောက်ဆုံးမှာ ပြင်ဆင်ရမယ်ဆိုတာပေါ်မူ တည်ပြီးရလာဒ်ထွက်လာမှာပါ။ ပြင်ဆင်မယ်ဆိုရင် ဘာတွေကိုပြင်မှာ လဲ။ ဘယ်လိုပြင်မှာလဲ။ သူ့ရဲ့ timing  နဲ့ priority အချိန်ချင့်တွက်မှုနဲ့ ဦးစားပေးမယ့်ကိစ်္စ ချင့်တွက်မှုပေါ့ဗျာ။ ကျွန်တော့အထင်ကတော့ ကိုယ့်အစုအဖွဲ့ထဲမှာကိုယ်နဲ့စိတ်တူကိုယ်တူတွေပဲ ဆွေးနွေးကြပြီး တော့ ကိုယ်ကိုယ်ကို ပိုတွက်နေမယ်ဆိုရင်တော့ အနာဂတ်မှာဒုက်္ခ ရောက်ကြမယ့် အဖြစ်မျိုးနဲ့ကြုံနိုင်တယ်။ ဆိုပါတော့ဗျာ ၅၉(စ)လို ဟာမျိုး။ ဒါအရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ်္မတ ဖြစ်ရေးဆိုတာ NLD ပါတီအတွက်လည်း အရေးကြီးတယ်။ ဒါပေမယ့် ဒါကိုလူထုဖိအားနဲ့နိုင်ငံတကာဖိအားနဲ့ ပြင်ရင်ဖြစ်မှာပဲလို့ ပုံသေ တွက်ထားပြီး Plan B လို့ခေါ်တဲ့ ဒါမဖြစ်ရင်ဘာလုပ်မလဲဆိုတဲ့ နောက်ထပ်ပြင်ဆင်မှုတွေမရှိဘဲနဲ့ ဆက်လုပ်မယ်ဆိုရင်တော့ မှန်း ချက်နဲ့နှမ်းထွက်မကိုက်တာတွေလည်း ရှိလာနိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ကိုယ်ဖြစ်ချင်တာတော့ မှန်တယ်။ အဲဒီဖြစ်ချင်တာ တွေကလတ်တလောဖြစ်နိုင်လား။ အချိန်စောင့်ပြီးမှ ဖြစ်မှာလား။ timing ဆိုတာ အဲဒါပေါ့ဗျာ။ အားလုံးကတော့ဗျာ စစ်တပ်က လွှတ်တော်မှာဝင်ထိုင်နေတဲ့ ၂၅% လည်း လျှော့ချင်တယ်။ ကာလုံ လည်း ဖျက်ချင်တယ်။ ဦးပိုင်လည်း ဖျက်ချင်တယ်။ ဒါပေမဲ့ အဲဒါတွေက လတ်တလောဖြစ်နိုင်လား။ လတ်တလောဖြစ်နိုင်ဖို့ ကိုယ့်မှာအင်အားရှိလား။ အဲလိုမှမဟုတ်ဘူးဆိုရင် လက်တွေ့ဖြစ် နိုင်တာဘာလဲ။ ကျွန်တော်ထင်တယ် ကျွန်တော်တို့ခွဲခြားနိုင်ရမယ်။ လတ်တလောရယ်၊ ကြားကာလဖြစ်နိုင်တာရယ်၊ ရေရှည်အတွက်ရယ် ပေါ့။ အဲလိုမခွဲဘဲ တပေါင်းတည်းလုံးထွေးပြီး စဉ်းစားရင်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ရုံသာမက အရပ်ဘက်-စစ်ဘက် ဆက်ဆံ ရေး တင်းမာမှုနဲ့ အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်းကို ထိခိုက် မှုတွေကိုပါ ကြုံကောင်း ကြုံလာရနိုင်ပါတယ်။
 
သစ်။ ကျွန်တော်မေးတာတွေကို အချိန်ပေးပြီးဖြေကြားပေးတဲ့ အတွက်ကိုမင်းဇင်ကိုကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပြောချင်တာ များ ရှိရင်လည်း သိချင်ပါတယ်။

ဇင်။ ကျွန်တော်ကတော့ နိုင်ငံရေးလုပ်တဲ့အခါမှာ အတိုက်အခံတွေ ကလည်း နိုင်ငံရေးကို အမှတ်သညာနဲ့ memory  နဲ့ စည်းရုံးတာမျိုး သိပ်မလုပ်စေချင်ဘူး။ history  ကိုအားကိုးပြီးနိုင်ငံရေးလုပ်တာမျိုးကို ကျွန်တော်တော့ အားမပေးချင်ဘူး။ ငါတို့က ဘယ်လိုသမိုင်းနဲ့ လုပ်ခဲ့တာ ငါတို့ကဘယ်လို အနစ်နာခံခဲ့တာ။ ဘယ်သူတွေကတော့ ဘယ်လိုဆိုတာမျိုးလောက်နဲ့တော့ မသွားစေချင်ဘူး။ တိုင်းပြည် အတွက် vision ပေါ့။ ငါ့နိုင်ငံကို ဘယ်လိုတည်ဆောက်ချင်တာ၊ ငါ့နိုင်ငံရဲ့စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လို စဉ်းစားထားတယ်ပေါ့။ အဲလိုမျိုး policy တွေ program တွေနဲ့ သွားစေချင်တယ်။ အဲဒါတွေကိုလူထုကိုချပြပြီး vision တွေပြိုင် ကြမယ်။ အဲလိုဖြစ်စေချင်တယ်။ ခက်တော့ခက်ပါတယ်။ အဲလိုမဟုတ် ဘဲနဲ့ လူတွေရဲ့ အမှတ်သညာကိုပဲဆွပေးပြီး ဘယ်သူကတော့ကောင်း တယ်။ ဘယ်သူကမကောင်းဘူးဆိုပြီး အဖြူ-အမဲ Black & White ကစားပွဲမျိုး၊ စဥ်းစားပုံမျိုးကို ကျွန်တော်ကမလုပ်စေချင်ဘူး။ ဘာလို့လဲဆိုတော့အဲဒီလိုလုပ်လို့ရှိရင်တစ်ဖက်ကလည်းအထိနာတယ်။ အထိနာတော့ မကောင်းတဲ့အဖျက်အင်အားစုတွေကလည်း ဘာ လုပ်နိုင် လည်းဆိုတော့ ခုနပြောတဲ့အမျိုးဘာသာသာသနာတို့၊ သွေး က စကားပြောတယ်တို့ ဘာသာရေးအထိကရုဏ်းတွေနဲ့ ပြန်တုံ့ ပြန်မယ်။ သဘောကတော့ဗျာကိုယ်က history ကိုအားကိုးပြီးလုပ် ရင်ဟိုဘက်က biology  ကိုအားကိုးပြီးပြန်လုပ်မှာပဲ။ ဒါမှ သမိုင်း ကောင်းတဲ့ လူ
 December 2, 2013 at 2:59pm ၂၀၁၃၊ ဒီဇင်ဘာ၊ ရနံ့သစ် အယ်ဒီတာအဖွဲ့ သစ်။ တော်ဝင်နှင်းဆီမှာသံလွင် (Citizen Empowerment Program) ကပြု လုပ်သွားတာ မြန်မာ့နိုင်ငံရေးအကူးအပြောင်း၏ အခွင့်အလမ်းနှင့်စိန်ခေါ်မှုများခေါင်းစဉ်နဲ့ပြုလုပ်တဲ့ စကားဝိုင်း ဆွေးနွေးပွဲမှာ Institution ခေါင်းစဉ်နဲ့ ကိုမင်းဇင်ဆွေး နွေးခဲ့တာတွေ့ရပါတယ်။ အဲဒီတော့ Institution ဆိုတာဘာလဲ။ ပြီးတော့ Institution ရဲ့သဘောသဘာဝနဲ့ အရေးပါပုံတွေကို ပထမဦးစွာပြောပြပေးစေချင်ပါတယ်။ ဇင်။ အလွယ်ဆုံးပြောရရင်တော့ Institution ဆိုတာ စည်းမျဉ်းစည်းကမ်းတွေ၊ ကျင့်ထုံးတွေကို ပြောတာပါပဲ။ သဘောကတော့စည်းမျဉ်းစည်းကမ်း၊ ကျင့်ထုံးတွေ အားကောင်းရင် လူပုဂ်္ဂိုလ်တွေပေါ်မှာ သိပ်အားကိုးစရာမလိုဘဲ စနစ်ကိုအားကိုးပြီးတော့အဖွဲ့အစည်းကိုပဲဖြစ်ဖြစ်နိုင်ငံကိုပဲဖြစ်ဖြစ် အုပ်ချုပ်သွား လို့ရတယ်။နောက်တစ်ခုက Institution တွေမှာ စာနဲ့ရေးထားတာရှိတယ်။
မရေးထားတာတွေလည်း ရှိတယ်။ Formal နဲ့ Informal ပေါ့။ ဥပမာဆိုပါတော့ဗျာမိသားစုတစ်ခုရဲ့ထမင်းဝိုင်းမှာထမင်းစား တော့မယ်ဆိုရင် သားသမီးတွေက အဖေကိုအရင်ဆုံးဦးချပြီးမှစားတယ်။ အဲဒီလိုကျင့်သုံးရင်းနဲ့ကျင့်ထုံး ဖြစ်လာတယ်။ အဲဒါ Institution ပါပဲ။ Rule of game ပဲဗျ။ ကစားပွဲရဲ့စည်းမျဉ်းစည်းကမ်းပဲ။ စည်းမျဉ်းစည်းကမ်းနဲ့ အစဉ်အလာကမိသားစုဝင်တွေပေါ်မှာ လွှမ်းမိုးတယ်။ နောက်မွေးလာတဲ့ကလေး က ရှေ့ကကလေးလိုလိုက်နာပြီးအဖေကို ဦးချသွားတာမျိုးပေါ့။ နောက်တစ်ခုက Institution တွေမှာ အဓိပ္ပါယ်တွေလည်းပါတယ်။ တန်ဖိုးထားမှုတွေလည်းပါတာပေါ့။ Identity လည်းပါတယ်။ ဥပဓိပေါ့။ စောစောကပြောတဲ့မိသားစုထမင်းဝိုင်းမှာ အဖေကိုအရင်ဆုံးဦးချတယ်ဆိုတာ ဂါရ၀တရားကိုပြတာ။ ချစ်ခင်မှုကိုပြတာပေါ့။ ပြီးတော့ မိသားစုစိတ်ဓာတ်ကိုလည်း ပြရာရောက်တာပေါ့။ ဒီလိုတွေးလို့ရတယ်။ နိုင်ငံရေးမှာလည်း ဒီလိုပဲ။ နိုင်ငံရေးပါတီတစ်ခုမှာသူ့ရဲ့စည်းမျဥ်းစည်းကမ်းတွေ ရှိတယ်။ အခြေခံဥပဒေ ရှိတယ်။ ဒါနိုင်ငံရေးပါတီရဲ့စည်းမျဉ်းစည်းကမ်း ကျင့်ထုံးတွေပေါ့။ အဲဒီမှာလည်း ရေးထားတာတွေ မရေးထားတာတွေလည်းရှိပါတယ်။ အဲဒီနိုင်ငံရေးပါတီရဲ့ပြယုဂ်ကဘာလဲ။ Identity ကဘာလည်း ဆိုတာလည်းရှိပါတယ်။ ဒီမိုကရေစီရေးအတွက်လား၊ တရားမျှတမှုအတွက်လား၊ ပတ်ဝန်းကျင်ထိန်း သိမ်းမှု ဇောင်းပေးတာလား၊ ကျင့်ထုံးစည်းမျဉ်းစည်းကမ်းရယ် Identity ဥပဓိရယ်ဆိုပြီးရှိပါတယ်။ တခါ Resource ဆိုတာလည်းရှိရတယ်။ မိသားစုထမင်းလက်ဆုံစား နိုင်ဖို့ဆိုရင်လူစုံရမယ်။ မိသားစုဝင် တွေမှာစာဝတ်နေရေး လုံးပန်းရင်းအချိန်ပိုဆင်းရတာတို့ ညဆိုင်းအလုပ်ဆင်းရတာတို့ရှိရင် လူမစုံနိုင် တော့ဘူး။ ထမင်းလက်ဆုံ မစားနိုင်တော့ဘူး။ ဒါဆိုထမင်းဝိုင်းမှာ အဖေကိုဦးချနိုင်မှာလည်းမဟုတ်တော့ ဘူး။ ဒါ့ကြောင့် ဘယ်လို Institution တွေမှာပဲဖြစ်ဖြစ် Resource ဟာအရေးပါပါတယ်။ အဲဒီတော့ Institution ဆိုတာ(၁) စည်းမျဉ်းစည်းကမ်းကျင့်ထုံး၊ (၂) အဲဒီစည်းမျဉ်းစည်းကမ်းကျင့်ထုံးကပေးတဲ့ အဓိပ်္ပါယ်တန်ဖိုး၊ ပြယုဂ်တွေပါတယ်။ (၃) အဲဒီစည်းမျဉ်းစည်းကမ်းတွေကို အကောင်အထည်ဖော်ဖို့ အရင်းအမြစ်လည်းလိုပါတယ်။ နောက်တစ်ခုကတော့ Institution အားကောင်းမကောင်းတိုင်းတာ တာပေါ့။ ဥပမာဆိုပါတော့ဗျာInstitution တွေမှာမလုပ်မနေရလုပ်ရမယ်ဆိုတာမျိုး။ enforcement ရှိသလားပေါ့။ ထမင်းဝိုင်းမှာ အဖေကိုသားသမီးက ဦးမချဘူးဆိုရင် အမေကဗိုက်ခေါက်လိမ်ဆွဲသလား ဆိုတာမျိုးပေါ့။ အဲဒီလိုမျိုးဆုပေးဒဏ်ပေးပေါ့ enforcement ရှိတယ်ဆိုရင် အဖွဲ့အစည်းအတွက် အားကောင်းစေ၊ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီနိုင်ငံမှာဥပဒေတွေတော့ရှိနေတာပဲ။လူတွေက လိုက်မလုပ်ကြ ဘူးဆိုရင်ဒါ enforcement မရှိတဲ့သဘောပေါ်လွင်တာပေါ့။ နောက် Institution တွေဟာ စည်းမျဥ်းစည်းကမ်းတွေ၊ ကျင့်ထုံးတွေကို ခုပြဌာန်းလိုက် ခုရုပ်သိမ်းလိုက်လုပ်နေရင်လည်း Institution ဟာ တည်ငြိမ်မှုမရှိနိုင်ဘူး။ တသမတ်တည်း မဖြစ်နိုင်တော့ပြန်ဘူး။ ဒါဆိုရင်အဲဒီ Institution ဟာ အားမကောင်းနိုင်ဘူး။ အဖေကိုဦးချနေ ရာက အဖေအရက်မူးလာရင် ဦးမချနဲ့ဆိုရင် စည်းကမ်းကစောစာကတစ်မျိုး၊ ခုတစ်မျိုးဆိုရင်လည်း လိုက်နာရမယ့် လူတွေကအလေးအနက်မထား တော့ဘူး။ နိုင်ငံရေးပါတီတွေအဖွဲ့အစည်းတွေမှာလည်း ဒီအတိုင်းပါပဲ။ Institutionalization ဖြစ်မဖြစ်ဆိုတာ၊ သူ့စည်းသူ့ဥပဒေသူ့ကျင့်ထုံးတွေကို ဘယ်လောက်အထိ မလုပ်မနေရလုပ်ရမယ်ဆိုတဲ့ ကျင့်သုံးမှုမျိုးရှိမရှိရယ်၊ တသမတ်တည်းကျင့်သုံးနိုင်မှုရှိမရှိဆိုတာရယ်ပေါ်မှာမူတည်ပါတယ်။ သစ်။ မြန်မာ့နိုင်ငံရေးအကူးအပြောင်းမှာ Institution တွေ အားနည်းတယ်လို့ panel discussion တစ်ခုမှာ ပြောသွားတာရှိတယ် အထူးသဖြင့်မြန်မာနိုင်ငံမှာစစ်တပ်ကလွဲလို့ ခိုင်မာ အားကောင်းတဲ့ Institution မရှိဘူးလို့ ပြောခဲ့တာသတိထားမိပါတယ်။ Institution တွေ အားနည်းတယ်။ အဲဒီလိုအားနည်းတယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်လဲ။ အားကောင်းလာအောင် ကျွန်တော်တို့ ဘာတွေလုပ်ဖို့လိုမလဲဆိုတာ ရှင်းပြပေးပါ။ ဇင်။ Institution နဲ့ပတ်သက်ပြီးပြောရရင် (၁) စည်းမျဉ်းစည်းကမ်းတွေရှိနေတာ၊ ရှိအောင်တည် ဆောက်တာရယ်၊ (၂) အဲဒီစည်းမျဉ်း စည်းကမ်းကျင့်ထုံးတွေရဲ့အရည်အသွေးရယ်အဲ့ဒီနှစ်ခုကတော့ မတူဘူးပေါ့။ emergence or existence of institution နဲ့  quality of institution မတူဘူးပေါ့။ ရောပြီးလုံးထွေးမစဉ်းစားသင့်ဘူး။ ခုနပြောသလို စစ်တပ်သာလျှင်တစ်ခုတည်းသော institution လို့ပြောတဲ့အခါမှာ institution အဖြစ်တည်ရှိတဲ့သဘောကိုပြောတာပဲဖြစ်တယ်။ အဲ့ဒီရှိတဲ့ institution ဟာ quality အရည်အသွေးရှိတဲ့အင်စတီကျုးရှင်းဟုတ်၊ မဟုတ်ဆိုတာကတော့သီးသန့် စဉ်းစားရမယ့်ကိစ္စ ဖြစ်ပါတယ်။ စစ်တပ်သာလျှင်တခုတည်းသော institution လို့ ပြောတာဟာဒီ institution မှာ quality အရည်အသွေးရှိနေတယ်လို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော် ပြောချင်တာက ဒီနိုင်ငံမှာသံဃာအဖွဲ့အစည်းကလွဲရင်လောကီရေးမှာတော့ ထိထိရောက်ရောက် ရပ်တည်နေတာဆိုလို့ စစ်တပ်ပဲရှိတယ်။ အဲဒီလိုစစ်တပ်တခုတည်း ကြီးစိုးထားတဲ့အခါကျတော့ တိုင်းပြည်ရဲ့ လုံခြုံရေးမှာတင်မဟုတ်ဘူး။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့နေရာတိုင်းမှာလိုလို စစ်တပ်ကထိုးဖောက်ပြီး နေရာယူထားနိုင် တာပေါ့။ တစ်ခါအဲဒါကိုပြန်လည်ထိန်းညှိနိုင်မယ့်ကျန်တဲ့ institution တွေအားမကောင်းဘူးဆိုရင် လူ့အဖွဲ့အစည်းဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ကြိုက် သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေရှိနေမှာပဲ။ ဒါကြောင့် ကျွန်တော်ထင်တာကတော့ပါလီမန်တွေ အားကောင်းဖို့လိုတယ်၊ နိုင်ငံရေးပါတီတွေ အားကောင်းဖို့ လိုတယ်။ ရွေးကောက်ပွဲ စနစ်တွေအားကောင်း ဖို့လိုတယ်။ မီဒီယာတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့လိုတယ်။ ဒီဟာတွေ အကုန်လုံးကလည်းစည်းမျဉ်းစည်းကမ်း တွေကျင့်ထုံးတွေနဲ့ လှုပ်ရှား နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက်ကြောင့်မို့ ဒါတွေအားကောင်းမှ သာလျှင် ဒီနိုင်ငံမှာတပ်မတော် တစ်ခုတည်းမဟုတ်ဘဲ၊ တခြားသော institution တွေပါ အားကောင်းလာပြီး ဗဟုသဘောပေါ့ မြိုင်မြိုင် ဆိုင်ဆိုင်ရှိမယ်လို့ ကျွန်တော်ကတော့သုံးသပ်ပါတယ်။ အပြန်အလှန် ထိန်းညှိမှုတွေ ရှိလာမယ်လို့ယူဆပါတယ်။ သစ်။ ကိုမင်းဇင် ပြောသွားတဲ့ထဲမှာ CSO ရဲ့ အခန်းကဏ္ဍလည်း ပါဝင်တာတွေ့ရပါတယ်။ အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ နိုင်ငံရေးပါတီတွေဟာ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာရှင်သန် ရေးအတွက်ရုန်းကန်ခဲ့ရတဲ့အတွက်ကြောင့် အဖွဲ့အစည်း တွေ ဟာ စနစ်တကျမရှိဘဲအားနည်းကြတယ်။ တချို့လည်းခုမှ ပါတီ စထောင်တဲ့အတွက် institution ကိုသေချာမလုပ်နိုင်ကြဘူး။ အဲဒီ တော့ အကူးအပြောင်းမှာ CSO တွေ နိုင်ငံရေးပါတီတွေ အား ကောင်းလာအောင် ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာလည်း ဆက်ပြောပြပါဦး။ ဇင်။ ဒီမိုကရေစီစနစ်ရှင်သန်ဖို့ဆိုတာ နိုင်ငံရေးပါတီအားကောင်းမှပဲ ရှင်သန်မှာပါ။ ပါလီမန်ရှင်သန်ဖို့ဆိုတာလည်း နိုင်ငံရေးပါတီအား ကောင်းမှပါ။ နိုင်ငံရေးပါတီဆိုရာမှာလည်း သုံးပိုင်းပေါ့။ တစ်ပိုင်းက အာဏာရ၊ လွှတ်တော်ထဲမှာထိုင်နေတဲ့ လွှတ်တော်အမတ်တွေ၊ အုပ်ချုပ်ရေးဘက်မှာ ရှိနိုင်တဲ့ ပါတီက နိုင်ငံရေးသမားတွေ။ Public office မှာတာဝန်ယူထားတဲ့နိုင်ငံရေးသမားတွေပေါ့။ နောက် တစ်ခုကတော့ party on the ground ပေါ့ဗျာအောက်ခြေမှာ လိုက် ပြီးလူထုကိုစည်းရုံးပေးရတဲ့ organizer တွေ၊ ပါတီစည်းရုံးရေးမှူး ကောင်းတွေရယ်၊ နောက်မဲဆန်္ဒရှင်တွေပေါ့ဗျာ။ နောက်ဆုံးတစ်ခုက တော့ ဌာနချုပ်မှာရှိတဲ့ ပါတီအာဏာပိုင်တွေ၊ ပါတီမန်နေဂျာတွေ party in the headquarter ပေါ့။ နိုင်ငံရေးပါတီတစ်ခုမှာ အဲလို level အဆင့်အလွှာသုံးခုရှိတာပေါ့ဗျာ။ အာဏာမှာဝင်လုပ်နေတဲ့သူရှိ တယ်။ အောက်ခြေ သိမ်းဝင်လုပ်နေတဲ့သူရှိတယ်။ အဲ့နှစ်ခုကိုဆက်စပ် ပေးပြီးတော့ ကြားခံလုပ်ပေးတာက ဌာနချုပ်ကပေါ့။ အာဏာမှာ ၀င်လုပ်နေတဲ့သူတွေက နိုင်ငံရေးသမားပေါ့။အောက်ခြေမှာဝင်လုပ်နေ တဲ့သူတွေက စည်းရုံးရေးမှူးတွေ၊ မဲဆန်္ဒရှင်တွေပေါ့။ အလယ်အလတ် တွေက ပါတီမန်နေဂျာတွေပေါ့။ အဲ့သုံးခုကဆက်စပ်မှုအား မကောင်း ရင် နိုင်ငံရေးပါတီ အားမကောင်းနိုင်ဘူး။ ကြံ့ခိုင်ရေးပါတီပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပါတီတွေပဲဖြစ်ဖြစ် ပါတီတိုင်းမှာ အဲဒီသုံးလွှာရှိတယ်။ အဲ့ဒီသုံးလွှာဘယ်လောက်ထိ ပေါင်းစပ်ညှိနှိုင်းမှု ရှိသလဲဆိုတာနဲ့တိုင်းတာလေ့ရှိပါတယ်။ ပိုင်းလိုက်ရင် နှစ်ခုထွက်လာ တယ်။ ပါတီနဲ့ နိုင်ငံတော်ဆက်ဆံရေး၊ ပါတီနဲ့ လူ့အဖွဲ့အစည်း (၀ါ) ပြည်သူဆက်ဆံရေး။ ပါတီနဲ့နိုင်ငံတော်ဆက်ဆံရေးက မြန်မာနိုင်ငံမှာ ဆိုရင်အားနည်းတယ်လို့ ပြောလို့ရတယ်။ နိုင်ငံတော်မှာ အုပ်ချုပ်ရေး အာဏာယူမယ့် သမ္မတတို့၊ ၀န်ကြီးတို့ဟာအုပ်ချုပ်ရေး အာဏာယူတဲ့ အချိန်ကစပြီး ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရလို့ အခြေခံဥပဒေ ပုဒ်မ ၆၄ နဲ့  ပုဒ်မ ၂၃၂ (ဋ) တွေမှာ ပြဌာန်းထားပါ တယ်။ သဘောက ပါတီတစ်ခုဟာမဲနိုင်ရင် ပါတီခေါင်းဆောင် တစ်ယောက်ကို သမ်္မတဖြစ်အောင်လုပ်ပေးနိုင်ပေမယ့် အဲဒီသမ္မတ ဟာ သမ်္မတဖြစ်သွားတဲ့အချိန်ကစပြီးပါတီ စမသါမော အတိုင်း ပါတီ စသူငခပ အတိုင်းဆောင်ရွက်စရာမလိုဘူး။ သူကပါတီကိုတာဝန်ခံ စရာမလိုဘူး။ သူကပါတီက ယာယီထွက်ထားရသလိုပဲ။ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ လုပ်ချင်တဲ့ရည်ရွယ်ချက်ကတော့ အာဏာကိုတစ်နေ ရာထဲလူတစ်ဦးထဲဆီမှာ ပုံနေမှာစိုးလို့ခွဲထုတ်ထားဖို့ရည်ရွယ်ပုံရပါ တယ်။ မင်းကတော့ ပါတီမှာနေခဲ့။ မင်းကတော့ သမ်္မတသွားလုပ်။ မင်းကတော့လွှတ်တော်သွား။ မင်းကတော့တပ်မှာ နေခဲ့ဆိုပြီးခွဲထုတ် တာ။ ဒါပေမဲ့ အဲလိုခွဲထုတ်ခြင်းအားဖြင့် ပါတီက အားမကောင်းတော့ ဘဲ လူပုဂ်္ဂိုလ်တွေကအားကောင်းသွားတာ။ ဦးသိန်းစိန်က ခုလိုလုပ် နိုင်တယ်ဆိုတာပါတီနဲ့သိပ်မဆိုင်ဘူး။ သူ့နားမှာ ရှိနေတဲ့ပြောင်းလဲ ချင်တဲ့ဝန်ကြီးတွေ၊ Technocrat ပညာသည်တွေနဲ့ သူခုလိုလုပ်နေ တာ။ ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲအနိုင်ရပါတီ election winning party ဖြစ်တယ်။ ဒါပေမယ့် အုပ်ချုပ်နေတဲ့ပါတီ ruling party တော့မဟုတ်ဘူးလို့ ကျနော်အမြဲ ပြောလေ့ရှိပါတယ်။ ဒါဟာ မကောင်းဘူးလို့ ကျွန်တော်ကတော့ထင်တယ်။ ဥပမာဆိုပါတော့ဗျာ ပညာတတ်တစ်ယောက်က ပါတီဝင်ချင်တယ်။ ကြံ့ခိုင်ရေးပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်ပေါ့ဗျာ။ သမ္မတက ၀န်ကြီးခန့်တဲ့နေရာမှာ သူကြိုက် တဲ့လူကို ရွေးပြီးခန့်နိုင်တယ်။ ပါတီဝင်ဖြစ်စရာမလိုဘူး။ ပုံမှန်အားဖြင့် လူတော်တစ်ယောက်ဟာပါတီဝင်လို့ရှိရင်ပါတီ့ hierarchy အဆင့်ဆင့်ဖြတ်သန်းပြီးမှ ၀န်ကြီးဖြစ်နိုင်ဖွယ်ရှိတယ်။ သဘောက တော့ လူတော်လူကောင်းတစ်ယောက်ဟာပါတီဝင်ဖို့အတွက် incentive မက်လုံးသိပ်မရှိဘူးဖြစ်နေတယ်။ ဒီတိုင်းအပြင်ကနေသွား တာကမှ တိုက်ရိုက်ဝန်ကြီးတန်းဖြစ်နိုင်တယ်။ သမ်္မတအကြံပေးဖြစ် နိုင်တယ်။ ပါတီမှာဝင်လုပ်ရင် party hierarchy လို့ခေါ်တဲ့ ပါတီယန်္တရားထဲမှာ မြုပ်သွားနိုင်တယ်။ ပါတီဟာleadership recruitment လို့ခေါ်တဲ့ ခေါင်းဆောင်သစ်မွေးမြူတဲ့နေရာမှာ အဟန့် အတားဖြစ်စေတဲ့ သဘောဖြစ်နေတယ်။ အခြေခံဥပဒေဟာ ပါတီ တွေကို အားကောင်းအောင်မလုပ်ပေးနိုင်ဘူး ဆိုတာတွေ့ရတယ်။ နိုင်ငံတော်နဲ့ ပါတီရဲ့ဆက်ဆံရေးက အင်မတန်မှအားနည်းတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါကို ပြင်သင့်တယ်။ အဲဒါကိုမပြင်ရင် ပါတီ အားမကောင်းနိုင်ဘူး။ ပါတီအားမကောင်းရင် ဒီမိုကရေစီမရှင်သန်နိုင် ဘူး။ ပါတီနဲ့လူ့အဖွဲ့အစည်း ပြည်သူ တွေကြားမှာတော့ ဆက်ဆံရေး အားကောင်းတာတွေ့ရတယ်။ ဒါပေမယ့် လူထုနောက်မြီးဆွဲလုပ်တာ၊ အကြိုက်လိုက်ပြီးစည်းရုံးတာမျိုး၊ လာဘ်ထိုးပြီး စည်းရုံးတာမျိုး တွေပိုတွေ့ရတယ်။ တကယ့်တကယ် program နဲ့လုပ်ငန်းစဉ်နဲ့ စည်းရုံးတာမျိုးတော့မတွေ့ရဘူး။ ကျန်းမာသန်းစွမ်းတဲ့အားကောင်းပုံ မျိုးတော့မဟုတ်ဘူး။ ဆရာဒကာဆက်ဆံရေး clientalism ပုံစံမျိုး ပိုဆန်နေတယ်။ အဲဒါကတိုင်းပြည်အတွက် သိပ်မကောင်းဘူး။ သစ်။ အခုကျွန်တော်တို့နိုင်ငံရဲ့ အကူးအပြောင်းကာလမှာ အမျိုး သားရေးဝါဒ ခေါင်းထောင်လာနိုင်တဲ့ အရိပ်အရောင်တွေ တွေ့မြင်နေရပါတယ်။ အကယ်၍သာ nationalist တွေအား ကောင်းလာရင် ဘယ်လိုအကျိုး ဆက်တွေဖြစ်ပေါ်လာနိုင်မလဲ။ ဇင်။ အမျိုးသားရေးစိတ်ဓာတ်ဆိုတာကောင်းပါတယ်။ နောက် ကျနေလို့ နောက်ကနေအမှီလိုက်ဖို့ဆို အမျိုးသားရေးစိတ်ဓာတ်နဲ့ မောင်းနှင်ရတာပါပဲ။ ဂျာမနီတို့ ၊ ဂျပန်တို့ဆို ဒီအတိုင်းပဲလုပ်ခဲ့ကြ တယ်။ အမျိုးသားရေးစိတ်ဓာတ်ကနိုင်ငံသားဖြစ်မှု အပေါ်မူတည်ရင် တော့ကောင်းတယ်။ အဲလိုမဟုတ်ဘဲ ဘာသာရေး၊ လူမျိုးရေးတို့ပေါ် အခြေခံရင်တော့မကောင်းဘူး။ ကျနော်တို့လူ့အဖွဲ့အစည်းက ပဋိပက္ခ တွေကြောင့် အနာတရဖြစ်ရတာတွေများပြီ။ ထပ်ပြီးတော့ ဒါတွေ ကြောင့်အကွဲအပြဲတွေထပ်ဖြစ်ရမယ်ဆိုရင် ဘယ်လိုမှပြန်ကောင်း နိုင်စရာမရှိဘူး။ အမျိုးသားရေးစိတ်က ငါတို့နောက်ကျနေပြီဆိုတဲ့ အသိစိတ်နဲ့ဆိုရင်တော့ အမျိုးသားရေးစိတ်ကကောင်းတယ်။ အဲလိုမဟုတ်ဘဲလူမျိုးတစ်မျိုး၊ ဘာသာတစ်ခုကို ရည်ရွယ်တိုက် ခိုက်ချင်တဲ့ Negative Nationalism ဆိုရင်တော့ ဒီနိုင်ငံဟာ ပဋိပက္ခ တွေနဲ့ နောက်ထပ်နှစ်ပေါင်းများစွာ သွားရဖို့ရှိတယ်။ အဲဒါဆိုရင်တော့ ၀မ်းနည်းစရာပဲ။ ကမ္ဘာမှာလည်းဒီလိုပါပဲ။ ယူဂိုစလားဗီးယားတို့ဆိုရင် negative nationalism ဖြစ်တယ်။ ကျွန်တော်ပြောချင်တာက positive nationalism လိုအပ်တယ်။ တရုတ်မှာလည်း တိန် ရှောက်ဖိန်တို့ဆို အမျိုးသားရေးစိတ်နဲ့ပဲ ထိုးတင်ခဲ့တာ။ထိုင်ဝမ်ရော တရုတ်ပြည်မကြီးကရောနိုင်ငံရေးဝါဒ ideology ကွဲတယ်ပြော ပေမယ့် ဟန်တရုတ်အမျိုးသားရေးစိတ် nationalism နဲ့ပဲတိုင်း ပြည်ကို တိုးတက်အောင်လုပ်ရတာပဲ။ ငါတို့နောက်ကျနေပြီဆိုတဲ့ စိတ်နဲ့လုပ်တာ။ ကျွန်တော်တို့နိုင်ငံမှာပြဿနာက nationalism က နယ်ချဲ့ဆန့်ကျင်ရေးပေါ်မှာ အခြေခံပြီးဖြစ်လာတာဖြစ်တဲ့အတွက် တစ်ခုခုပေါ်မှာ ဆန့်ကျင်တဲ့မျိုးချစ်စိတ်က အစဉ်အလာလိုဖြစ်နေ တယ်။ ဖြစ်သင့်တာကတော့ positive ကို အခြေခံတဲ့ အနာဂတ် တိုးတက်မှုကိုအခြေခံတဲ့ nationalism ဖြစ်သင့်တယ်။ အဲဒါကို လည်း ခေါင်းဆောင်ပိုင်းကနားလည်ထားဖို့ လိုအပ်သလိုလူထုကို ပွင့်ပွင့်လင်းလင်းချပြဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။ သစ်။ နောက်တစ်ခုက ကိုမင်းဇင်ပြောဖူးတယ်။ ကျွန်တော်တို့ နိုင်ငံက ပထ၀ီအနေအထားအရကို အမျိုးသားလုံခြုံရေးပြဿနာ ရှိတယ်။ ဘာကိုဆိုလိုတာလဲဆိုတာ တိတိကျကျ ရှင်းပြပေးပါလား။ ဇင်။ နိုင်ငံတော်ဆိုတာသူ့ရဲ့ နယ်မြေအချုပ်အခြာအာဏာဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက နိုင်ငံတော်ဆိုတာ နိုင်ငံ တော်မည်ကာမတ္တသဘောမျိုးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့နယ်စပ်တွေအကုန်လုံးမှာ တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခတွေရှိတဲ့အတွက်ကြောင့် အဲဒီနယ်စပ်တွေကို နိုင်ငံတော် အာဏာစက် ကမလွှမ်းခြုံနိုင်ဘူး။ ဒါကြောင့်မို့အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့နိုင်ငံကိုလွှမ်းမိုးတဲ့သဘောရှိတယ်။ သက်ဆိုင်ရာအဖွဲ့ အစည်းတွေကိုလွှမ်းမိုးတာသော်လည်းကောင်း၊ လက်နက်အထောက် အပံ့စတာတွေနဲ့ လွှမ်းမိုးတာသော်လည်းကောင်း၊ အယူအဆ အရ လွှမ်းမိုးတာသော်လည်းကောင်း၊ စီးပွားရေးအရလွှမ်းမိုးထားသော် လည်းကောင်း ဖြစ်နိုင်တယ်။ ပထ၀ီနိုင်ငံရေး ပြဿနာဆိုတာ အဲဒါပဲ။ အဲဒီလို နိုင်ငံတော်ရဲ့အာဏာစက်ဟာ တစ်တိုင်းပြည်လုံးကို မလွှမ်းမိုးနိုင်သေးတဲ့အချိန်မှာပထ၀ီနိုင်ငံရေး အန္တရာယ်ကို လျှော့တွက် လို့မရဘူး။ သစ်။ Globalization ဖြစ်စဉ်ကြောင့် ပထ၀ီနိုင်ငံရေးဟာ အဓိကမကျတော့ဘူးလို့ ယူဆသံတွေကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ပထ၀ီနိုင်ငံရေးဟာ ကျယ်ကျယ်လောင်လောင်နဲ့ ရှေ့တန်းပြန်ရောက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ပထ၀ီနိုင်ငံရေးအကြောင်းဆက်ပြောပေးပါဦး။ ဇင်။ ပထ၀ီနိုင်ငံရေးက ပဋိပက္ခများတဲ့နိုင်ငံတွေမှာ ၊ နောက်တစ်ခုက ကိုယ့်နိုင်ငံအနေအထား၊ မြန်မာပြည်ဆိုရင် တရုတ်ပြည်တောင်ပိုင်းအ တွက် ပင်လယ်ထွက်ပေါက်ဖြစ်နေတာပေါ့။ တခါအိန်္ဒိယတိုက်၊ ပြီးတော့ အရှေ့တောင်အာရှတခုလုံးနဲ့ ချိတ်ဆက်မှုစသဖြင့် အများ ကြီးပါပဲ။ ပထ၀ီနိုင်ငံရေးအရ အရေးပါတာပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ location သဘောအရ အလွန်တရာအရေးပါတယ်။ Globalization ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် တကယ့်အရေးပါတဲ့ စီးပွားရေးဆုံးဖြတ်ချက်တွေကိုချမှတ်တဲ့အခါမှာ နိုင်ငံတွေဟာဘယ် တော့မှ supply နဲ့ demand တို့ profit စတာတွေ တခုတည်း ကြည့်ပြီးမချဘူး။ ဘယ်နိုင်ငံက ငါ့ရဲ့မဟာမိတ်လည်း။ ဘယ်နိုင်ငံက ငါ့ရဲ့ရန်သူလည်း။ ဘယ်သူ့ကိုဘာပေးရင်ဘာရမလဲ။ အဲလိုပဲတွေး တာ။ ၂၀၀၇ ခုနှစ် သြဂုတ်လတုန်းက မြန်မာနိုင်ငံရွှေသဘာဝဓာတ် ငွေ့သိုက်ကထွက်တဲ့ သဘာဝဓာတ်ငွေ့ကို တရုတ်၊ အိန်္ဒိယရယ် တောင်ကိုရီးယားရယ် သုံးနိုင်ငံကဈေးပြိုင်ဝယ်ကြတယ်။ အဲ့ဒီထဲမှာ တရုတ်က ဈေးအနည်းဆုံးပေးတယ်။ မြန်မာစစ်အစိုးရက ဈေး အနည်းဆုံးပေးတဲ့ တရုတ်ကိုရောင်းတယ်။ ဘာလို့ရောင်းလဲ ၂၀၀၇ ဇန်န၀ါရီတုန်းက တရုတ်ကမြန်မာစစ်အစိုးရကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အကာအကွယ်ပေးဗီတိုသုံးပေးခဲ့လို့ပဲ။ သဘောက တိုင်းပြည်အတွက် တကယ့်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ မှာစီးပွားရေးမက်လုံးတခုတည်းနဲ့ ဘယ်နိုင်ငံမှမချဘူး။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဂျပန်ကိုအမေရိကားက အထူးအခွင့်အရေးတွေ အများကြီးပေးခဲ့တယ်။ သူ market ကြီးကိုဖွင့်ပေးထားတာ။ လုပ်ခွင့်အများကြီးပေးတယ်။ အချိန်အတော်ကြာပြီး မထိန်းနိုင်တော့မှ ဂျပန်ရဲ့ငွေကို တန်ဖိုး မြှင့်ခိုင်းတာမျိုးလုပ်ခဲ့တယ်။ ဒါ ၁၉၈၅ လောက် မှာဖြစ်တာ။ Plaza Accord ဆိုတာ။ အဲဒီမတိုင်ခင်မှာ ဂျပန်ကို သူဈေးကွက်ကို သူကာကွယ်ခွင့်ပေးပြီး အမေရိကန်ကိုဈေးကွက်ကို တော့ ဒလဟော တင်ပို့ ခွင့်ပေးထားခဲ့တာ။ ဂျပန်ဟာအမေရိကန်ရဲ့ မဟာမိတ်အဖြစ်ရှိနေခြင်းဟာ အရှေ့အာရှအတွက် အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အကျိုးရှိတာပဲ။ အဲဒီလိုပဲ အမေရိကန်က ဥရောပက မဟာမိတ်တွေနဲ့  နေတိုးကို သူကိုယ်တိုင် ပိုက်ဆံအကုန်ခံပြီး စစ်ရေး၊ စီးပွားရေး ထူထောင် ပေးထားခဲ့တယ်။ ပြောချင်တာကတော့ဗျာ ပထ၀ီနိုင်ငံရေးကို ထည့်မစဉ်းစားဘဲနဲ့ Globalization ကိုစဉ်းစားလို့မရပါဘူး။ အမျိုးသားအကျိုးစီးပွားနဲ့ ယှဉ်လာရင်စီးပွားရေးအကျိုးအမြတ် တခု တည်းကိုကြည့်လို့မရပါဘူး။ ဒီလိုပြောလို့ စီးပွားရေးအရေးမကြီးဘူးလို့ ပြောတာမဟုတ်ပါဘူး။ တကယ့်တကယ် super power တွေဟာ စီးပွားရေးအကျိုးအမြတ်တခုတည်းကိုပဲ ကြည့်မလုပ်ပါဘူး။ နိုင်ငံ ရေးကို အလေးထားစဉ်းစားလေ့ရှိပါတယ်။ အဲ့လိုပဲကျနော်တို့ ပဋိပက်္ခ တွေနဲ့ပြွန်းနေတဲ့ နိုင်ငံတွေ၊ ပထ၀ီအနေအထားအရ ဆူးကြားက ဘူးလို့ အကဲဆတ်တဲ့နေရာမှာရှိနေတဲ့နိုင်ငံတွေအတွက် ဘက်စုံ စဉ်းစားမှဖြစ်မှာပါ။ သစ်။ အခုကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ရေးဆွဲရေးအတွက် ငြင်းခုံနေကြတယ်။ ပြောရရင်တော့ constitution crisis ပေါ့။ အသစ်ရေးမလား၊ ပြင်မလားပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ မှတ်ချက်လေးပေးပါဦး။ ဇင်။ အများစုကတော့ နောက်ဆုံးမှာ ပြင်ဆင်ရမယ်ဆိုတာပေါ်မူ တည်ပြီးရလာဒ်ထွက်လာမှာပါ။ ပြင်ဆင်မယ်ဆိုရင် ဘာတွေကိုပြင်မှာ လဲ။ ဘယ်လိုပြင်မှာလဲ။ သူ့ရဲ့ timing နဲ့ priority အချိန်ချင့်တွက်မှုနဲ့ ဦးစားပေးမယ့်ကိစ်္စ ချင့်တွက်မှုပေါ့ဗျာ။ ကျွန်တော့အထင်ကတော့ ကိုယ့်အစုအဖွဲ့ထဲမှာကိုယ်နဲ့စိတ်တူကိုယ်တူတွေပဲ ဆွေးနွေးကြပြီး တော့ ကိုယ်ကိုယ်ကို ပိုတွက်နေမယ်ဆိုရင်တော့ အနာဂတ်မှာဒုက်္ခ ရောက်ကြမယ့် အဖြစ်မျိုးနဲ့ကြုံနိုင်တယ်။ ဆိုပါတော့ဗျာ ၅၉(စ)လို ဟာမျိုး။ ဒါအရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ်္မတ ဖြစ်ရေးဆိုတာ NLD ပါတီအတွက်လည်း အရေးကြီးတယ်။ ဒါပေမယ့် ဒါကိုလူထုဖိအားနဲ့နိုင်ငံတကာဖိအားနဲ့ ပြင်ရင်ဖြစ်မှာပဲလို့ ပုံသေ တွက်ထားပြီး Plan B လို့ခေါ်တဲ့ ဒါမဖြစ်ရင်ဘာလုပ်မလဲဆိုတဲ့ နောက်ထပ်ပြင်ဆင်မှုတွေမရှိဘဲနဲ့ ဆက်လုပ်မယ်ဆိုရင်တော့ မှန်း ချက်နဲ့နှမ်းထွက်မကိုက်တာတွေလည်း ရှိလာနိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ကိုယ်ဖြစ်ချင်တာတော့ မှန်တယ်။ အဲဒီဖြစ်ချင်တာ တွေကလတ်တလောဖြစ်နိုင်လား။ အချိန်စောင့်ပြီးမှ ဖြစ်မှာလား။ timing ဆိုတာ အဲဒါပေါ့ဗျာ။ အားလုံးကတော့ဗျာ စစ်တပ်က လွှတ်တော်မှာဝင်ထိုင်နေတဲ့ ၂၅% လည်း လျှော့ချင်တယ်။ ကာလုံ လည်း ဖျက်ချင်တယ်။ ဦးပိုင်လည်း ဖျက်ချင်တယ်။ ဒါပေမဲ့ အဲဒါတွေက လတ်တလောဖြစ်နိုင်လား။ လတ်တလောဖြစ်နိုင်ဖို့ ကိုယ့်မှာအင်အားရှိလား။ အဲလိုမှမဟုတ်ဘူးဆိုရင် လက်တွေ့ဖြစ် နိုင်တာဘာလဲ။ ကျွန်တော်ထင်တယ် ကျွန်တော်တို့ခွဲခြားနိုင်ရမယ်။ လတ်တလောရယ်၊ ကြားကာလဖြစ်နိုင်တာရယ်၊ ရေရှည်အတွက်ရယ် ပေါ့။ အဲလိုမခွဲဘဲ တပေါင်းတည်းလုံးထွေးပြီး စဉ်းစားရင်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ရုံသာမက အရပ်ဘက်-စစ်ဘက် ဆက်ဆံ ရေး တင်းမာမှုနဲ့ အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်းကို ထိခိုက် မှုတွေကိုပါ ကြုံကောင်း ကြုံလာရနိုင်ပါတယ်။ သစ်။ ကျွန်တော်မေးတာတွေကို အချိန်ပေးပြီးဖြေကြားပေးတဲ့ အတွက်ကိုမင်းဇင်ကိုကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပြောချင်တာ များ ရှိရင်လည်း သိချင်ပါတယ်။ ဇင်။ ကျွန်တော်ကတော့ နိုင်ငံရေးလုပ်တဲ့အခါမှာ အတိုက်အခံတွေ ကလည်း နိုင်ငံရေးကို အမှတ်သညာနဲ့ memory နဲ့ စည်းရုံးတာမျိုး သိပ်မလုပ်စေချင်ဘူး။ history ကိုအားကိုးပြီးနိုင်ငံရေးလုပ်တာမျိုးကို ကျွန်တော်တော့ အားမပေးချင်ဘူး။ ငါတို့က ဘယ်လိုသမိုင်းနဲ့ လုပ်ခဲ့တာ ငါတို့ကဘယ်လို အနစ်နာခံခဲ့တာ။ ဘယ်သူတွေကတော့ ဘယ်လိုဆိုတာမျိုးလောက်နဲ့တော့ မသွားစေချင်ဘူး။ တိုင်းပြည် အတွက် vision ပေါ့။ ငါ့နိုင်ငံကို ဘယ်လိုတည်ဆောက်ချင်တာ၊ ငါ့နိုင်ငံရဲ့စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လို စဉ်းစားထားတယ်ပေါ့။ အဲလိုမျိုး policy တွေ program တွေနဲ့ သွားစေချင်တယ်။ အဲဒါတွေကိုလူထုကိုချပြပြီး vision တွေပြိုင် ကြမယ်။ အဲလိုဖြစ်စေချင်တယ်။ ခက်တော့ခက်ပါတယ်။ အဲလိုမဟုတ် ဘဲနဲ့ လူတွေရဲ့ အမှတ်သညာကိုပဲဆွပေးပြီး ဘယ်သူကတော့ကောင်း တယ်။ ဘယ်သူကမကောင်းဘူးဆိုပြီး အဖြူ-အမဲ Black & White ကစားပွဲမျိုး၊ စဥ်းစားပုံမျိုးကို ကျွန်တော်ကမလုပ်စေချင်ဘူး။ ဘာလို့လဲဆိုတော့အဲဒီလိုလုပ်လို့ရှိရင်တစ်ဖက်ကလည်းအထိနာတယ်။ အထိနာတော့ မကောင်းတဲ့အဖျက်အင်အားစုတွေကလည်း ဘာ လုပ်နိုင် လည်းဆိုတော့ ခုနပြောတဲ့အမျိုးဘာသာသာသနာတို့၊ သွေး က စကားပြောတယ်တို့ ဘာသာရေးအထိကရုဏ်းတွေ နဲ့ ပြန်တုံ့ ပြန်မယ်။ သဘောကတော့ဗျာကိုယ်က history ကိုအားကိုးပြီးလုပ် ရင်ဟိုဘက်က biology ကို အားကိုးပြီးပြန်လုပ်မှာပဲ။ ဒါမှ သမိုင်း ကောင်းတဲ့ လူ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...