Monday, December 16, 2013

အကျင့်ပျက်အရာရှိ ဦးဟန်နီစိုးမှ ဖုန်းကဒ်များအား ရောင်းစားနေခြင်းအားတိုင်ကြားခြင်း။

ဆိတ်ပါးစပ် နတ်မျက်စိ

သို့ 

ဝန်ကြီး
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
နေပြည်တော်။။ နေ့ စွဲ။။ ၁၅.၁၂.၂၀၁၃

အကြောင်းအရာ။ အကျင့်ပျက်အရာရှိ ဦးဟန်နီစိုးမှ ဖုန်းကဒ်များအား ရောင်းစားနေခြင်းအားတိုင်ကြားခြင်း။
အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ကြေးနန်း ပူးတွဲ တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးဟန်နီစိုးသည် ဆက်သွယ်ရေးမှ ဖုန်းကဒ်များအား လစဉ် ရောင်း စားနေပါသည်။ထိုသို့ ရောင်းစားထားသည့် သက်သေများဖုန်းနံပါတ်များလည်း မိမိတွင်ရှိပါသည်။


ယခုအခါ နိုင်ငံတော်အစိုးရမှ အများပြည်သူအပေါ် သက်သာချောင်ချိစွာ သုံးစွဲရန် ဈေးနှုန်းချ ထားပေးသော ဖုန်းကဒ်များကို ၄င်းအကျိုးအမြတ်အတွက် အမြတ်ကြီးစားကာ အခွင့်အရေးယူရောင်းချနေခဲ့ပြီး ယခုလက်ရှိလ အထိ ထိုသို့  လုပ်ကိုင်နေဆဲဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်နေသော အကျင့်ပျက်အရာရှိမှာ မြန်မာ့ ဆက်သွယ်ရေးပိုင် PAC လုပ်ငန်းအားလည်း ၄င်းတစ်ဦးတည်းပိုင် အဖြစ် ၀ိုင်ဖိုင်များပေးကာ မိမိတစ်ဦးတည်းပိုင် လုပ်ငန်းသဖွယ် လုပ်ကိုင်နေခဲ့ပါသည်။ ထို PAC လုပ်ငန်းအား အများပြည်သူသုံးစွဲရန် မဖွင့်လှစ်ပဲ အမြဲတမ်း တံခါးပိတ်ထားကာ အနီးအနားမှ အိမ်များအား Wifi ကို တစ်လလျှင် တစ်သောင်းနှုန်းဖြင့် ယူကာ ငှားစားထားပါသည်။ Wifi အား Lock ချထားပြီး သုံးစွဲလိုလျှင်၎င်း၏ ဖုန်းနံပါတ်အားဆက်သွယ်နိုင်ကြောင်း လွှင့်ထားပါသည်။ နိုင်ငံတော်မှ ၄င်း၊ ပရဟိတလုပ်ငန်းများမှ၎င်း မိမိတို့ အသိစိတ်ဖြင့် နည်းပညာဖြန့် ဝေခြင်းလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် ၄င်း၏ ကိုယ်ကျိုးအတွက် PAC နှင့် သက်ဆိုင်သောဝန်ထမ်းများအား အသုံးပြု လုပ်ကိုင်ခွင့်မပေးပဲ ၄င်းတစ်ဦးတည်းအတွက်သာ လုပ်ကိုင်နေသော ထိုအရာရှိအား ထိုက်သင့်သောစစ်ဆေးမှု ပြုနိုင်ပါရန် တိုင်ကြားအပ်ပါသည်။တိုင်းမန်နေဂျာ အပြောင်းအလဲကြားတွင် စက်များမောင်းရန် ပေးအပ်ထားသည့် ဆီခွဲတမ်းများအားလည်း တစ်ဂါလံမျှ မချန်ပဲ ရောင်းစားပစ်ခဲ့ပါသည်။ ထိုကဲ့ သို့  အကျင့်ပျက်အရာရှိမှာ မိမိ၏ ပြင်ပလုပ်ကိုင်နေခြင်းအပေါ် မနာလိုအငြိုးဖွဲ့ ကာ မိမိတို့ မိသားစုအား ပြိုကွဲစေရန် မိမိအားအလုပ်ပြုတ်စေရန် လိုက်လံလုပ်ဆောင်နေပါသည်။မိမိသည် ဌာနမှ မည်သည့်လာဘ်စားခြင်းမှ မပြုထားသည်ကို သက်ဆိုင်ရာ တာဝန်ခံ အရာရှိများအား စစ်ဆေးမေးမြန်းနိုင်ပါသည်။ မိမိ၏အလုပ်တာဝန်များလည်း မည်သည့်ပြဿနာမျှ မဖြစ်ပေါ်ခဲ့ပါ။ ယခုအခါ နိုင်ငံတော်အစိုးရမှ ခြစားဝန်ထမ်းများအား ထိရောက်စွာ အရေးယူရန် ။ ထိုသို့ လာဘ်စားခြင်းများတွေ့ ၇ှိပါက သတင်းပေးပို့ နိုင်သော ဖုန်းနံပါတ်များ မိမိတွင်ရှိသော်လည်း ဌာန၏ ဂုဏ်သိက္ခာအား ပျက်စီးမည်စိုးသဖြင့် ယခုကဲ့ သို့  ၀န်ကြီးအား ပထမဦးစွာ အသိပေးတိုင်ကြားရခြင်းဖြစ် ပါကြောင်း လေးစားစွာ တိုင်ကြားအပ်ပါသည်။

ဦးကျော်မိုးခိုင်
ကြေးနန်းရုံး ပြည်မြို့ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...