Saturday, December 14, 2013

စစ်တပ်နဲ့ နိုင်ငံရေး (၁၀)

Bo K Nyein December 13, 2013 at 5:39pm

မတည်ငြိမ်သေးတဲ့အချိန်

၁၉၉၀ ခုရွေးကောက်ပွဲအပြီးကာလဟာမတည်ငြိမ်ဆုံးအချိန်ပဲ။စစ်တပ်ထဲမှာလည်း အာဏါအနည်မထိုင် သေးပါဖူး။ နိုင်ငံရေးမှာလည်းကျောင်းသား၊အင်အဲလ်ဒီ၊ ၀ါရင့်နိုင်ငံရေးသမားဟောင်းများ၊ မြေပေါ်ကွန်မြူနစ် တွေရှုပ်ရှက်ခပ်နေကြတဲ့အချိန်။စစ်တပ်ထဲမှာလည်း အာဏါခိုင်မြဲအောင်(Consolidate) မလုပ်နိုင်သေးတဲ့ အချိန်။ ဒီအချိန်ဟာ ဖရိုဖရဲ အဖြစ်ဆုံးအချိန်လို့ ထင်မိတယ်။ပြည်တွင်းမှာအစိုးရမဖွဲ့နိုင်တော့ပြည်ပကို ထွက် ဖွဲ့ဖို့ကြံစသည်ကြတယ်။ ဒါမှန်ကန်တဲ့ဗျူဟာလို့ စဉ်းစားမိတယ်။ ဒါပေမဲ့ဗမာတွေကအရည်အချင်းထက် ပုဂ္ဂိုလ် ရေးဦးစားပေးမှုက အားသာနေကြတော့၊ ဒေါ်စုဆန်းထနေတဲ့ အချိန်မှာဗိုလ်ချုပ်အောင်ဆန်းရဲ့တူ၊ ဒေါ်အောင် ဆန်းစုကြည်ရဲ့ဝမ်းကွဲအကို၊ ဒေါက်တာစိန်ဝင်းကိုအဝေးရောက်အစိုးရ(NCGUB)ရဲ့အကြီးအကဲဝန်ကြီးချုပ်ဆို ပြီးဝိုင်း(မ)တင် ပေးလိုက်ကြတယ်။တိုင်းရင်းသားတွေကတောင်ဒေါ်စုမျက်နှာနဲ့ ၀ိုင်းစောင့်ရှောက်ပေးခဲ့ကြ တယ်။ နိုင်ငံတကာကလည်း ၀ိုင်ဖူးဖူးမှုတ်ထားကြတယ်။ အဲဒီအချိန်အခါက ဒေါက်တာစီန်ဝင်းကို ရွှေထီး အဆောင်းခံရတဲ့ အိမ်ရှေ့မင်းသားတပါးပမာ ၀ိုင်းကြုဆိုထောက်ခံကြတာပါ။

ပြဿနာက ဒေါက်တာစိန်ဝင်းဟာနိုင်ငံရေးနဂန်းတလုံးမှ နားမလည်ရှာဖူး။ နိုင်ငံရေးမှာ အရေးအကြီးဆုံး လိုအပ်ချက်က ဦးတည်ချက်ကိုသိရမယ်။ဒီဦးတည်ချက်ကို ဘယ်လိုအကောင်အတည်ဖေါ်မယ်ဆိုတာကို စဉ်းစားထားရမယ်။ ဒီဦးတည်ချက်ကိုကောင်အထည်ဖေါ်ဖို့လူတွေကိုစည်းရုံးနိုင်ရမယ်။ အဖွဲ့အစည်းတွေ ဖွဲ့ပေးပြီးလမ်းညွှန်နိုင်ရမယ်။ နိုင်ငံရေးဦးဆောင်နိုင်ရမယ်။ဒီအတွက် စာတွေ့သမား (Book Smart) မလို၊ လူရည်လည်တဲ့ (Street Smart) သမားလိုတာ။ နိုင်ငံထဲမှာဒေါ်စုနဲ့ အင်အဲလ်ဒီဖိနှိပ်ခံနေရပြီ။ဒီအချိန်မှာ ပြည်ပမှာ လွပ်လွပ်လပ်လပ် လှုပ်ရှားနိုင်တဲ့သူတွေစုစည်းလာကြပြီး အတွင်းကိုကူဖို့ (အင်အား) တည် ဆောက်ဖို့် အကောင်းဆုံးအချိန်ပေါ့။

နိုင်ငံရေးခေါင်းဆောင်ကောင်းဆိုတာ
တောင်အာဖရိကနိုင်ငံကမင်ဒယ်လား (Mandela) ဟာဒေါ်စုလိုပဲထောင်ထဲမှာ(၂၇) နှစ်အဖမ်းခံခဲ့ရပါတယ။်မင်ဒယ်လားက ထောင်ထဲမှာ ကြံ့ကြံ့ခံပြီးဦးမကျိုး ရဲရဲတောက်ဆန့်ကျင်ပြီး (စိတ်ဓါတ်) အရဦးဆောင်နေတဲ့ အချိန်မှာတိုင်းပြည်အပြင်ဖက်မှာအော်လီဗါတင်ဘို (Oliver Tambo) ဆိုတဲ့ ခေါင်းဆောင်က မင်ဒယ်လားရဲ့  အေအင်စီ (AfricanNational Congress) ပါတီကို ပြည်ပထွက်ဦးဆောင်ခဲ့တယ်။ အော်လီဗါတင်ဘိုဟာ မင်ဒယ်လာနဲ့အတူကျောင်းသားဘ၀ကတည်းက နိုင်ငံရေးအတူတူလုပ်လာခဲ့ကြတဲ့သူ။အေအင်စီလူငယ်အဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့ကြတဲ့သူ။ နိုင်ငံရေးကိုနားလည်ရုံကမ ၊ နိုင်ငံရေးဦးဆောင်မှုကိုပါဖေါ်ထုတ်နိုင်တဲ့လူတော်။ တောင်အာဖရိကနိုင်ငံကိုဝိုင်းရံထားတဲ့နိုင်ငံတွေမှာ စစ်သင်တန်းပေးဖို့ စီစဉ်ရတယ်။အေအင်စီ ဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်သိတိုင်အောင် အနောက်နိုင်ငံတွေကအားပေးလာအောင်၊ကျန်တဲ့ အာဖရိကနိုင်ငံတွေကထာက်ခံလာအောင်၊စွမ်းဆောင်နိုင်ဖို့နိုင်ငံရေးနားလည်သလိုသံတမန်ရေးရာကိုလည်းနားလည်ရတယ်။ တောင်အာဖရိကလူဖြူအစိုးရကိုစီးပွားရေးပိတ်ဆိုတဲ့ ဆိုင်ရှင်လုပ်တော့ တကမ္ဘာလုံးမင်ဒယ်လားရုပ်ပုံကိုကိုင်ပြီးဆန္ဒပြကြတဲ့အထိ စွမ်းဆောင်နိုင်ခဲ့တာလည်း အော်လီဗါတင်ဘိုရဲ့စည်းရုံး ရေးနားလည်မှုကြောင့်ပါ့ပဲ။ နောက်ဆုံး ဘဏ်တွေပါလာမှတောင်အာဖရိကနိုင်ငံ မခံနိုင်တော့တာပါ။ ဒီလို ဆိုင်ရှင်ဗျူဟာကိုထိထိမိမိ ပဲ့ထိန်း နိုင်တာလည်းအိုလီဗါတင်ဘိုပဲ။ မင်ဒယ်လာထောင်ကျနေပေမဲ့ အေအင် စီ အင်အားမလျော့သွားတဲ့အပြင် တကမ္ဘာလုံးအေအင်စီဖက်က ပါလာအောင်စွမ်းဆောင်နိုင်ခဲ့တာလည်း သူ့ ကြောင့်ပဲ။
ဒါနိုင်ငံရေးနားလည်တဲ့သူဦးဆောင်ခဲ့လို့ ၊ ဒီလိုအောင်မြင်မှုရခဲ့တာ။

NCGUB ခမြာ

NCGUB အဝေးရောက်အစိုးရရဲ့ ၀န်ကြီးချုပ်ဒေါက်တာစိန်ဝင်းဟာအလွန်ရိုးသားတာမှန်ပါတယ်။ရိုးလွန်း တော့ (အ) ဆိုသလို ၊ ဘာမှမလုပ်တတ်ရုံမက၊ ဘာမှကိုယ်တိုင်လုပ်ချင်စိတ်မရှိဖူး။ မကြာလိုက်ဖူး၊ အကြံ ပေးဆိုတဲ့ (ရှမ်း)ကြီးက တိုင်းရင်းသားကောင်စီဖွဲ့ပြီး ၀န်ကြီးချုပ်ရဲ့အလှူရှင်တွေကို (ဆွဲစား) သွားလေရဲ့။ စာရေးသူကမေးကြည့်ဖူးပါတယ်။အေးဗျာ “ယုံမိတာကိုး” တဲ့… သနားစရာ။  ၁၉၉၀ရွေးကောက်ပွဲအပြီး စစ်အစိုးရက ဒေါ်စုနဲ့ အင်အဲလ်ဒီကို အပီကိုင်တဲ့အချိန်မှာ ကျောင်းသားထုအတော်များများဟာ ပြည်ပကို ထွက်လာကြပြီး ကျောင်းသားတပ်မတော် (ABSDF) ကိုထောင်ကြပြီး မကြာလိုက်ဖူး ၊ ခေါင်းဆောင်တွေ ကွဲ ကြပြီး တကမ္ဘာလုံးပြန့်ကြဲခဲ့ရတယ်။အမှန်က နိုင်ငံရေးနားလည်ရင် ဒီလူတွေကိုစုစည်းပြီး (အင်အား)ထောင်လို့ရပါတယ်။ဒါပေမဲ့ အဝေးရောက်ဝန်ကြီးအဖွဲ့ကပြည်တွင်းကဦးနေ၀င်းအမွေပေးလိုက်တဲ့ (မဆလ) စိတ်ဓါတ်အစွဲက မပျောက်ကြဖူး။ (ငါ) တို့ပဲလုပ်မယ်ဆိုတဲ့ (အကျင့်) ကဖျက်လို့မရကြရှာဖူး။ အဓိက ၊ က တော့  (ငွေ)ပဲ။ (ငွေ) ရပေါက်ကို (သိ)မှာစိုးရိမ်လို့(ပိတ်) ထားကြတာ။ အတွင်းစည်းကိုဘယ်သူ့ကိုမှ အ၀င်မခံဖူး။

စာရေးသူဥပမာတင်ပြပါရစေ။မဆလခေတ်က မြန်မာနိုင်ငံမှာ အမေရိကန်စစ်သံမှူးလုပ်သွားတဲ့ အမေရိ ကန်စစ်တပ်ကဗိုလ်မှူးကြီးဟဲလ်ဗီ (Colonel Helvy) ဆိုတာရှိပါတယ်။ ဗမာစစ်ဗိုလ်တွေအကြောင်းသိသလိုမြန်မာပြည်ကိုချစ်ခင်လေးစားတဲ့ စစ်ဗိုလ်တဦးပါ။ သူက Non Violence (အကြမ်းမဖက်မှု)သီအိုရီနဲ့ နံမည် ကြီးလာတဲ့ ဂျင်းရှဖ် Gene Sharp နဲ့ပေါင်းမိပြီး နိုင်ငံရေးဖီဆန်မှု (Political Defiance) ဆိုတာ ကိုဖေါ်ထုတ် လာသူပါ။ ပါမောက္ခ ဂျင်းရှဖ်က သီအိုရီသိပ်ဆန်လွန်းတယ်။ ဗိုလ်မှူးကြီးဟဲလ်ဗီကစစ်ဗျူဟာကိုဆွဲယူလာ ပြီး အာဏါရှင် စနစ် တွေကိုပံ့ပိုးထားတဲ့ ဒေါက်တိုင်(Pillars)တွေရှိတယ်။ဒါတွေကိုဘယ်လို (ဖြို)ရမလဲဆို တာကိုရေးပြနိုင်ခဲ့တဲ့ သူ။ မြန်မာပြည်နယ်စပ်ကိုသူ့စရိတ်နဲ့သူလာပြီးတိုင်းရင်းသားတွေနဲ့ မြန်မာအတိုက် အခံတွေကို “နိုင်ငံရေးဖီ ဆန်မှု”ကိုလာသင်ကြားပေးခဲတဲ့သူ။ ၁၉၉၀ခုနှစ်အဦးပိုင်းတွေမှာ အင်တာနက် ဆို တာကိုသိကြတဲ့သူ အ လွန်နည်းပါသေးတယ်။ Col Helvy ကသူ့မိတ်ဆွေ ဆွီဒင်သားစီကငွေရှာပြီး စစ် အစိုးရကိုဆန့်ကျင်နေတဲ့ အတိုက်ခံတွေစုစည်းမိအောင် အင်တာနက်နဲ့ အချင်းချင်းဆက်သွယ်နိုင်မဲ့ပရော ဂျက်ကိုလုပ်ပေး ဖို့စီစဉ် တယ်။ ငွေကလည်း မများလှပါဖူး။ အဲဒါကို NCGUBက မြန်မာနိုင်ငံနဲ့သက်ဆိုင်သမျှ ပရောဂျက်တွေသူတို့ စီကပဲတဆင့် ပေးဝေရမယ်ဆိုပြီးကန့်ကွက်လို့ဗိုလ်မှူးကြီးဟဲလ်ဗီကို သူ့မိတ်ဆွေက တောင်းပန်ရရှာတယ်။ ဒေါ်စုဒုတိယအကြိမ်အကျယ်ချုပ်ကလွပ်လာတော့ဝန်ကြီးချုပ်နဲ့ သူ့အတိုင်ပင်ဆရာ၊ ရှမ်းမင်းသားတို့က Political Defiance လုပ်ငန်းတွေရပ်ပေးပါ။စစ်တပ်ကအထင်အမှားမခံနိုင်ဆိုတာကြောင့် ၊ ငါ့ကြိုးစားမှုတွေအတားအစီးဖြစ်ခဲ့ရတယ်ဆိုပြီး ဗိုလ်မှူးကြီးဟဲလ်ဗီက စာရေးသူကိုငြီးထွားခဲ့တယ်။NCGUB ဆိုရင် မကြားချင်ဖူးဖြစ်ခဲ့ရတယ်။ ဦးတင်မောင်ဝင်းကြောင့် စာရေးသူဟာဗိုလ်မှူးကြီးဟဲလ်ဗီနဲ့ ပြောမနာဆိုမနာ ခင်ခဲ့ရ တယ်။

သူမသေသေးပါဖူး။ နောက်ပိုင်းမှာကမ္ဘာ့ပြဿနာနေရာတိုင်းမှာအမေရိကန်နိုင်ငံခြားရေးဌါနက ဗိုလ်မှူးကြီးဟဲလ်ဗီကိုပဲအားကိုးနေရတယ်။ အီရန်၊ ဗင်နယ်ဇွေးယား(Venezuela) အား လုံးမှာသူ့ခြေရာတွေ ကြီးပဲ။ ဒီလိုအရာရောက်တဲ့ အမေရိကန်ဗိုလ်မှူးကြီးကိုတောင် (မဆလ) စိတ်ဓါတ်နဲ့ လိုက်ပိတ်နေရင် ဗမာ အချင်းချင်းဆိုရင်တော့ ပြောဖွယ်မရှိတော့ဖူး။

NCGUB ဖွဲ့ပြီး ပထမဆယ်နှစ်မှာ ဘာတွေလုပ်ခဲ့ကြသလဲ။အဝေးရောက်မြန်မာနိုင်ငံသားတွေကို(အင်အား) အဖြစ်စုစည်းရေး မလုပ်ကြပဲ၊ နှစ်စဉ်နှစ်တိုင်းကုလသမဂ္ဂ (UN) မှာ NCGUB အစိုးရသာ တရားဝင်အစိုးရ ဖြစ်ဖို့ လော်ဘီ (lobby) လုပ်ရင်း အချိန်တွေဖြုန်းခဲ့ကြတယ်။ဆယ်နှစ်ကျော်လာတော့ အားလုံးကလည်း အဝေးရောက်အစိုးရရဲ့ အရည်အချင်းတွေကို (သိ)လာကြပါပြီ။ NCGUB အစိုးရရဲ့ဝန်ကြီးတွေဟာလည်း ဇာတ်ထဲက၀န်ကြီးတွေလောက်တောင် တန်ဖိုးမရှိကြတော့ပါဖူး။ ဦးသိန်းစိန်အစိုးရမတက်ခင်ကလေးအထိ NCGUB နဲ့ NCUB တို့အစိုးရဖွဲ့နိုင်ဖို့ ကိုက်လိုက်ကြတာ ရှက်စရာ။
တိကျထက်မြက်တဲ့ခေါင်းဆောင်မှုမရှိတာကြောင့်ပြည်ပ(ပြင်ပ)ကအတိုက်အခံဆိုသူအများစုဟာအချင်းချင်းရန်ဖြစ်လိုက်ကြတာရှက်စရာ။ NCGUB နဲ့အတူ လူနဲစုဟာလည်း အနောက်နိုင်ငံတွေရဲ့ငွေဝယ်ကျွန် (NGO) တွေဖြစ်ခဲ့ရပြီး အားလုံးဟာသူတပါးပေးစာကန်းစာနဲ့အသက်ရှင်ရတဲ့(ဒေါ်လာစား) တနည်းအားဖြင့် နိုင်ငံ ရေးသူတောင်းစားတွေဖြစ်ခဲ့ရတယ်။သတင်းသမားဆိုတာတွေလည်းအတူတူပါပဲ။နောက်ဆုံးတော့ ပြည်ပ ကနိုင်ငံရေးဆိုတာ သတင်းအရောင်းဝယ်လုပ်ကြတဲ့လုပ်ငန်းသက်သက်အဖြစ်နိမ့် ဆင်းခဲ့ရတယ်။ အစာ ရဖို့ အမြီးလှုပ်ပြရတဲ့ ပါပီကလေးတွေ အဖြစ်မျိုးပါပဲ။

ဆုံးရှုံးခဲ့ရတဲ့ နှစ်တွေ (Lost Decades)
အပြင်မှာ ခေါင်းဆောင်မှုအရွေးမှားလို့ဖရိုဖရဲ ဖြစ်ခဲ့ရသလိုပြည်တွင်းမှာရောဘာထူးခြားမှု ရှိခဲ့လို့လဲ။ အင် အဲလ်ဒီပါတီဆိုတာဒေါ်စုရဲ့ အရိပ်အောက်ကမှ မထွက်နိုင်တာ။ ပထမဒေါ်စုကိုဖမ်းတယ်။ ဦးတင်ဦးကိုဖမ်း တယ်။ကျောင်းသားတွေကိုဖမ်းတယ်။ကံကောင်းတာက ၁၉၉၀ရွေးကောက်ပွဲ ကာလမှာ တပ်မဟာ ကိုအုပ် ချုပ်ခဲ့တဲ့ အုပ်ချုပ်မှုနဲ့ ဖွဲ့စည်းမှု (Organization) ကိုနိုင်တဲ့ ဗိုလ်မှူးကြီးကြည်မောင်လိုပုဂ္ဂိုလ်မျိုးတွေရှိ နေလို့ ၁၉၉၀ ရွေးကောက်ပွဲကိုဦးစီးနိုင်တာပါ။ ဗိုလ်မှူးကြီးကြည်မောင်အဖမ်းခံရပြီးတော့NLDဟာ အတော်အားနဲ သွားတယ်လို့ထင်မိတယ်။

စာရေးသူအမြင်မှာတော့အဓိကကျတဲ့ အားပြိုင်မှုက ၁၉၈၉ခု ဇူလိုင်လအာဇာနည်နေ့ပဲ။ ဒေါ်စုကသူနဲ့ အတူ ထောက်ခံသူထောင်နဲ့ချည်ပြီးငြိမ်းချမ်းစွာလမ်းလျှောက်ပြီးအာဇာနည်ကြီးတွေကိုဂါဝရပြုမယ်လို့ ကြေငြာ ထားတယ်။ ဇူလိုင်လ (၁၈) ရက်မှာ စစ်တပ်ကမြိုကထဲမှာနေရာယူထားပြီးပြီ။နေက်နေ့ ဇူလိုင်လ (၁၉)ရက် နေ့မှာ စစ်သားတစ်သောင်းကျော်သံချပ်ကာကားတွေ အမြောက်တွေနဲ့ထပ်မံအားဖြည့်ပို့ဖို့ ရန်ကုန်ထဲကိုဝင် လာကြပြီ။ စစ်တပ်ကပစ်မှာပဲ။၁၉၈၈အာဏါသိမ်းတုန်းကလည်းပစ်ပြပြီးပြီ။ဦးနေ၀င်းသတိပေးခဲ့သလို စစ် တပ် ကစစ်အာဏါရှင်တည်မြဲရေးအတွက်တဲ့တဲ့ပစ်မှာပဲ။
ဒီမှာဒေါ်စုရဲ့ စိတ်ထားနဲ့အတွင်းသဏ္ဍန် Character ပေါ်လာတယ်။ ဒေါ်စုဟာ တော်လှန်ရေးသမားသမား  မဟုတ်ဖူး။ ဒေါ်စုဟာငြိမ်းချမ်းရေးသမား။ ကွန်မြူနစ်တွေကတော်လှန်ရေးသမားဖြစ်အောင်မြှောက်ပေးနေ ကြပေမဲ့ ဒေါ်စုက (အကြမ်းမဖက်ရေး) ကို သူ့နှလုံးသားထဲက ထုတ်လို့မရဖူး။တော်လှန်ရေးသမားမဟုတ်တဲ့ အတွက်အပြစ်မဲ့တဲ့ပြည်သူတွေကိုဒေါ်စု စတေးနိုင်တဲ့ (စိတ်) မရှိရှာဖူး။ မရမ်းခဲ့ဖူး။ သူသေကိုယ်သေ မစွန့် နိုင်ရင် မလုပ်တာပဲ ကောင်းမယ်လို့စာရေးသူကတော့တွေးမိတယ်။ ဒီလိုလမ်းပေါ်မှာ အကြမ်းဖက်မှုကို ရင် ဆိုင်ကြ ပြီဆိုရင်၊ စစ်တပ်ကလည်း ပစ်မှာပဲ။တချီထဲတခါထဲနဲ့ အောက်ပွဲခံမှာမဟုတ်ဖူး။ သူပစ် ကိုယ်တက် နောက် ဆုံး သူသတ်ကိုယ်သတ်နိုင်မှကွန်မြူနစ်တွေပြောပြောနေတဲ့ (အဆုံးသတ်) စစ်ပွဲဆို ကိုနွှဲတာ ကောင်းတယ်။ စတာလင်တို့လို၊ ပေါ်လ်ပေါက် တို့လို ဘယ်သူသေသေငတေမာရင်ပြီးရော (စိတ်ဓါတ်) နဲ့မှ ကိုက်တာ။

ဒီဖြစ်ရပ်က ဒေါ်စုရဲ့စိတ်ဓါတ်နဲ့ခံယူချက် ကို ခိုင်မာစေသလားမပြောတတ်ဖူး၊ ဒေါ်စုဟာ (အကြမ်းမဖက်) ရေးမူကိုအသေကိုင်ဆွဲတော့တာပဲ။

ဒီ၁၉၈၉ုခုနှစ်ဇူလိုင်လအဖြစ်အပျက်ကြောင့်ပဲ ဒေါ်စုဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ကို ၁၉၉၁ခုနှစ် ဒီဇင် ဘာလမှာ စွပ်ခူးနိုင်ခဲ့တယ်။ဒီဆုကြောင့် ပဲဒေါ်စုရဲ့ အရှိန်ဟာ ကမ္ဘာ့စင်မြင့်ပေါ်အထိရောက်ခဲ့ရတယ်။ တချို့ ကလည်း ဒီတော်လှန်ရေးအခွင့်အရေးကို စွန့်လွှပ်ခဲ့လို့ဆိုပြီးအပြစ်တင်ချင်ကြတယ်။ ၂၀၁၃ လက်ရှိ အီဂျစ် ကဖြစ်ရပ်တွေက သက်သေထူနေသလိုပဲ။ စစ်တပ်က ဆန့်ကျင်လာရင်(ပစ်)မှာပဲ။ ခုထိ အပစ်မရပ် သေး ဖူး။ လက်နက်ကိုင်တော်လှန်ရေးလမ်းကိုဆီးရီးယားလိုရွေးတော့လည်း သူလည်းမနိုင်ကိုယ်လည်းမနိုင်နဲ့ တိုင်းပြည်လည်းပျက်။လူတွေလည်းသိန်းနဲ့ချီပြီးသေ၊သန်းနဲ့ချီပြီး ဒုက္ခရောက်ကြရတယ်။ နောက်ဆုံး တော့ (ခေါင်းဆောင်မှု)ပဲ။ဆီးရီးယား မှာအတိုက်ခံဖက်မှာ ၀ိုင်းရပ်စရာခေါင်းဆောင်မရှိဖူး။ လမ်းပေါ်ထွက်တိုင်း၊ လက်နက်ကိုင်တော်လှန်ရေးလုပ်တိုင်း၊ လွယ်လွယ်နဲ့မအောင်မြင်မှု မရနိုင်ဖူးဆိုတာလက်ဝဲစိတ်ကူး ယဉ် သမားတွေက မသိကြရှာဖူး။ ဒေါ်စုကို နိုင်ငံရေးနားမလည်ဖူး၊ ရှေ့ကတင်ပြီးငါတို့လှည့်စားလို့ရမယ်လို့ ထင် ပုံရတယ်။ ဒေါ်စုက ဗိုလ်ချုပ်သမီး ပြတ်သားတယ်။ လာလူလည်လုပ်လို့ကတော့သည်းညည်းမခံဖူး။
အစဦးနှစ်တွေမှာ NLD ဟာလည်းဖရိုဖရဲပဲ။ NLD နဲ့ ဒေါ်စုရဲ့ (အားနဲချက်) (Achilles’ Heel) က NLD ဆို တာ (ဖဆပလ) လိုအဖွဲ့အစည်း အနေနဲ့ (အား) ယူခဲ့တာမှမဟုတ်တာ။ ဒေါ်အောင်ဆန်းစုကြည် ပါတီ ဆိုပြီး ဒေါ်စုရဲ့ ပုဂ္ဂိုလ်ရေးအရှိန်ကို (အား)ယူ ရပ်တည်ခဲ့ကြတာတာကိုး ။ ဒေါ်စုရဲ့ အရှိန်က မိုးထိအောင်လှေ ကားထောင်တက်သွားတယ်။ ကျန်အင်အဲလ်ဒီပါတီဝင်တွေက မြေပြင် မှာပဲကျန်ခဲ့ကြတယ်။ အမှန်အတိုင်းမြင်တတ်ကြရင် ဒေါ်စုနဲ့ NLD ဟာ မိုးနဲ့မြေလို အလှမ်းကွာသွားခဲ့ရတယ်။

ဒါကြောင့် NLD ဆိုတာ ဒေါ်စုလာဖြစ်တာကြောင့် ဒေါ်စု မရှိရင်NLD ဆိုတလည်း နံမည်လောက်သာ ကျန် ရစ်ခဲ့တာပါ။ 
 ဒါကြောင့် နအဖ အကွက်ရသွားတာက ဒေါ်စုကိုဖမ်းထဲ့လိုက်ရင် အတိုက်ခံကို ချည်ပြီးတုတ်ပြီးပဲ။ ဒေါ်စု ထွက်လာရင် အင်အဲလ်ဒီဟာ အသက်ရှင်လာတယ်။ဒေါ်စုကိုဖမ်းချုပ်လိုက်ရင် အင်အဲလ်ဒီဆိုတာ အသက် မဲ့ဖြစ်သွားပြန်ရော။
ဒီအားနဲချက်ကိုစစ်ဗိုလ်ချုပ်တွေက ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်။

ဒီလိုဖြစ်ရတာဟာ NLD ကို Institutionalized မလုပ်နိုင်လို့ပဲ။

အဝေးရောက်အစိုးရသာနိုင်ငံရေးလုပ်တတ်ရင် ၊ အပြင်မှာ အင်အဲလ်ဒီလူတွေကိုခေါ်ထုတ်ပြီး နောင်တချိန် အတွက်လူငယ်လေးတွေကိုသင်တန်းပေးပြုစုပျိုးထောင်းပေး၊အင်အားတည်ထောင်နိုင်တာပေါ့။ (OliverTambo တို့ဒီလိုပဲလုပ်ခဲ့ကြတာပဲ)။ ဒေါက်တာ စိန်ဝင်းတို့ရဲ့အဝေးရောက်အစိုးရက ဒါမျိုးကို နားမလည်နိုင် ကြဖူး။ တကမ္ဘာလုံးအစည်းအဝေးတွေလိုက်တက်ပြီးPer Diem လို့ခေါ်တဲ့ နေ့စဉ်အသုံးစရိတ်ထုတ်စားဖို့ပဲ စိတ် ထက်သန်နေကြတယ်။လာစာနဲနဲပဲယူထားပြီး Per Diem နဲ့ လုပ်စားကြတာ လူတွေက မသိကြဖူး။ 
အပြင်နဲ့ အထဲ ခါးပြတ်ပြီးအနှစ် (၂၀) ကျော် အချိန်တွေဖြုးန်တီးခဲ့ကြတယ်။

စစ်တပ်ထဲမှာ သူရဲကောင်းပေါ်လာပြီ
NLD မှာဖရိုဖရဲဖြစ်၊ပြည်ပမှာဖရိုဖရဲဖြစ်သလို ဗမာစစ်တပ်အတွင်းမှာလည်း ဖရိုဖရဲပါပဲ။ ဗိုလ်ချုပ်ကျော်ဘ တို့ထွန်းကြည်တို့ တဗိုလ်တမင်းလုပ်နေကြတာပဲ။ မဆလအောက်က စစ်တပ်ကနေ စစ်အာဏါရှင် ဘ၀ပြန် ကောင်းစားလာကြတော့၊မိမိတို့နယ်မှာမိမိတို့ လုပ်ချင်ရာလုပ်နိုင်တဲ့ နယ်စားပယ်စား (war lords) ကလေး တွေဖြစ်လာကြတာပေါ့။ ဗဟိုအာဏါကို အပြည့်အ၀ မထူထောင်နိုင်သေးတဲ့ အချိန်။ဒါပေမဲ့ စစ်တပ်က ခံ သာတာက ဗမာစစ်တပ်ဟာ တိုင်းပြည်မှာ တစ်ခုထဲသော မဏ္ဍိုင်(Institution) ကျန်ရစ်တာကြောင့်ပါ။

ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ၊ ခိုင်းတာလုပ်မဲ့ ၊ အမိန်နာခံတတ်တဲ့စစ်သားတစ်ယောက်ကလွဲ လို့ ပိုမယ် မထင်ဖူး။ ကြက်ဥအရောင်တိမ်တောင်သဖွယ်မင်းရေးကျယ် ဆိုသလို တိုင်းပြည်အုပ်ချုပ် ရေးဆိုတာ လွယ် တာမှ မဟုတ်တာ။ဥါဏ်များပြီး ထက်ထက်မြက်မြက်ရှိတဲ့ ထောက်လှမ်းရေးမှူးဗိုလ်ချုပ်ခင်ညွန့် ထင်ပေါ်ဖို့ဖြစ်လာရတယ်လို့ထင်မိတယ်။ စာရေးသူနားလည်သလောက် ၈၈ အရေးအခင်းအပြီးမှာ နိုင်ငံခြားငွေမရှိ သလောက်ပဲဖြစ်ခဲ့ရတယ်။ ဒီမှာ ဘိန်းဘုရင် ခွန်စာတို့ ၊ လောစစ်ဟန်တို့ရဲ့ ငွေမဲတွေကိုငွေဖြူ ဖြစ်အောင် ခ၀ါချတာ အစိုးရအတွက် နိုင်ငံခြားငွေ ရတာပဲမဟုတ်ပါလား။
ဒီနေရာမှာ အရေးကြီးတဲ့အတွေး တစ်ခုကိုတင်ပြချင်ပါတယ်။ ခွန်စာတို့ဟာ ရွှေတြိဂံနယ်မြေက နံမည် ကျော် ဘိန်းဘုရင်တွေပါ။အမေရိကန်မူယစ်ဆေးဝါးထိန်းသိမ်းရေးအေဂျင်စီ (DEA) ကအလိုရှိနေသူတွေ ပါ။ သူတို့မှာ ပိုက်ဆံရှိနေပေမဲ့ သူတို့မှာလုံခြုံမှုမရှိ။ငွေရှိပြီး ဒီတရားမ၀င်ငွေတွေကိုဘယ်မှာသွားဖြုံးရမှာလဲ။ ငွေ ရှိပေမဲ့ အစဉ်ထိပ်လန့်နေရတဲ့ဘ၀ပါ။သူတို့ ဟာ န၀တ အစိုးရနဲ့ ပူးပေါင်းလိုက်ခြင်းဖြင့် သူတို့ရဲ့ချမ်းသာ မှုတွေဟာလည်း(တရားဝင်) ဖြစ်လာသလို သူတို့ ဟာလည်း နေရင်းထိုင်ရင်း၊တရားဝင်နေထိုင်ခွင့် လိုင်စင် ရပြီး လုံခြုံမှုအတွက် အစိုးရရဲ့ တရားဝင်စောင့်လျှောက်ခွင့်တောင်ရလိုက်သေး။လော်စစ်ဟန်ရဲ့သားဆိုယနေ့ဂုဏ်သရေရှိ သူဋ္ဌေးမင်းဖြစ်နေပါပြီ။အစိုးရ အတွက်လည်း လိုနေတဲ့ နိုင်ငံခြားငွေ မပင်မပန်းပဲရလိုက်နိုင်တာပေါ့။ win-win သူနိုင်-ကိုယ်နိုင် အကွက်ကိုရိုက်ယူလိုက်တာ။Bertil Lintner ရဲ့ Burma Revolt မှာဖေါ်ပြ ထားတာက တော့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးအဖွဲ့ DDSI ဟာ ရန်ကုန်ကအမေရိကန် DEA ထိပ်ပိုင်းကို အပိုင်သိမ်း သွင်းထားပြီလို့ဆိုတယ်။( Bertil စာမျက်နှာ ( ၃၉၁-၃၉၃ ) ။

မဆလခေတ်မှာ စစ်ဗိုလ်ချုပ်ဆိုတာဗျူရိုကရက်အဆင့်ပဲရှိပါတယ်။ မျက်စိမှိတ်ပြီး မှန်ပါ့ဘုရားထူးတတ်ရင် ၊ ခိုင်းတာလုပ်၊စေရာသွား၊ ပုတ်သင်ညိုလို ခေါင်းညိပ်တတ်ရင် အပွင့်တွေတတ်ပြီး ရာထူးတက်ခဲ့ကြသည်ပဲ။ ရာထူးသာရသည်။ တကယ်အာဏါမရှိပါ။ ဗိုလ်ချုပ်နေ၀င်းဟာ အာဏါအကြောင်းကို ကောင်းကောင်းနား လည်တဲ့အတွက်ဘယ်လောက်ယုံကြည်ရပါစေ၊စစ်တပ်ထိပ်မှာဗိုလ်ချုပ်တစ်ယောက်ကို ရာသက်ပန်မထား ဖူး။ အမေရိကန်စနစ်ဖြစ်တဲ့ (စစ်တပ်သည်အစဉ်နုပျို) နေရမယ်ဆိုတဲ့ ဆောင်ပုဒ်ကိုတောင်ယူလာပြီး၊ စစ် ဗိုလ်ချုပ်တွေကို၊ လဲ၊လဲပစ်တယ်။စစ်ဗိုလ်ချုပ်တစ်ယောက်ကိုကြာရှည်ထားရင်း မိမိလူတွေပဲ ထဲ့ပြီး အာဏါ ထူထောင်နိုင်တယ်။ တကယ်တော့ ဗမာစစ်တပ်ဆိုတာဗိုလ်ချုပ်နေ၀င်းထူထောင်ခဲ့တဲ့တပ်၊ ဗိုလ်ချုပ် စော မောင်က သူတပါးတည်ဆောက်ထားတဲ့ အိမ်မှာနေရာဝင်ယူပေးရတဲ့ (၀င်သစွပ်) ပါပဲ။ ဗိုလ်ချုပ်နေ၀င်းရဲ့လူ ရင်းက ဗိုလ်ချုပ်ခင်ညွန့်။

စာရေးသူသုံးသပ်လို့ရသလောက်ကတော့၊ ဗိုလ်ချုပ်စောမောင်ဟာ ရိုးရိုးစစ်သားတစ်ယောက် အဆင့်ပဲ ရှိတယ်။ တိုင်းပြည်ကို နိုင်နိုင်နင်းနင်အုပ်ချုပ်နိုင်လောက်တဲ့။ နိုင်ငံရေးနားလည်တဲ့စစ်ဗိုလ်အာဏါရှင် အ ဆင့် မှာမရှိ ဖူး။ ရာထူးသာရှိနေရာကနေ အါဏါပါ လာရောလာတော့၊(ပိ)လာတဲ့ တာဝန်တွေကိုထမ်းနိုင်ဖို့ မနိုင်မနင်းဖြစ်တာပဲ လို့ ယျေဘူရအားဖြင့် နားလည်လို့ရပါတယ်။ (မှတ်ချက်။ န၀တ၊နအဖခေတ်ကာလက စာရွက် စာတမ်းတွေ ကို စီစစ်လေ့လာသုတေသန်ပြုပြီးရေးနိုင်တဲ့ အခွင့်အလမ်းမရှိသေးပါဖူး။ထို့ကြောင့် ဖြစ်ရပ် မျးကို စုစည်းပြီး ဥါဏ်မှီသမျှသာဝေဖန်ပိုင်းခြားကာတင်ပြနိုင်ကြသည်မို့ယျေဘူရ လို့ သုံးစွဲရခြင်းပါ။)

နိုင်ငံအများအဖြစ်မှာတိုင်းပြည်အကြီးအကဲဖြစ်ဖို့ရာ တသက်လုံးကြိုးစားခဲ့ကြရတာာ။ တရုတ်ပြည်မှာဆို တသက်းလုံးပိုးမွေးသလိုမွေးခဲ့ကြရတာ။ ဗိုလ်ချုပ်စောမောင်ခမြာ စိုင်ကော်လို့ခြုံပေါ်ရောက်ခဲ့ရပေမဲ့ကြီး မားတဲ့ နိုင်ငံ့အကြီးအကဲတာဝန်ကိုထမ်းဆောင်ဖို့ အစဉ်သင့် မဖြစ်ခဲ့ဖူးလို့ ထင်စရာရှိပါတယ်။၈၈ အရေး အခင်း ရဲ့ ဒုတိယနှစ်လည်ပြည့်မှာ မန္တလေးမှာသံဃာတော်အပါးထောင်ချီပြီးဆွမ်းခံထွက်လာကြပြီးလူထု သောင်းနဲ့ ချီပြီးထွက်လာကြတယ်။ အစိုးရိမ်လွန်တဲ့စစ်သားတွေ ပစ်လိုက်တာကြောင့် ရှင်အစိန်နဟာ သေ နပ်ကျည်ဆံ မှန်ပြီး လဲကျသွားခဲ့ရတယ်။ ဘုန်းကြီး (၉)ပါးနဲ့ ကြည့်ရှုသူ လူနှစ်ယောက် လဲထိခဲ့ကြတယ် လို့ ဆိုပါတယ်။ (Bertil  စာမျက်နှာ ၃၈၅)။ ဒါပေမဲ့ န၀တစစ်အစိုးရက မပစ်ပါဖူးလို့ဗြောင်ငြင်းခဲ့တယ်။ ဒါ့အပြင် ဗိုလ်ချုပ်စောမောင်ဟာ အောက်တိုဘာလ ၂၀ရက်နေ့မှာ အစိုးရကိုဆန့်ကျင်တဲ့ သံဃာ့အဖွဲ့အစည်းတွေကို ဖြိုဖက်ဖို့နဲ့ဒေသခံ စစ်အာဏါပိုင်တွေ ကို အစိုးရအမိန့် မနာခံတဲ့ သံဃာတွေကို လူဝတ်လဲနိုင်တဲ့ မာရှယ်လောအမိန့် ကို ထုတ် ပြန်ခဲ့တယ်။ မန္တလေးမှာတင် ဘုန်းကြီးကျောင်း၁၃၃ကျောင်းကို ၀င်စီးပြီး ဘုန်းကြီး တွေကို ဖမ်းစီးခဲ့တယ်။ ဗိုလ်ချုပ်စောမောင်ကိုယ်တိုင် မန္တလေးမှာ ကိုယ်တိုင်ဦးစီးခဲ့တယ်။ (Bertil စာမျက် 00နှာ ၃၈၆)။

ဒါ လူကြီး မလုပ်တတ်တာကိုသက်သေပြတာပဲ။ နိုင်ငံ့အကြီးအကဲဆိုတာ ဒီလိုနေရာတကာ လိုက်ပါရတာ မဟုတ်ဖူး။ အမေရိကန်သမ္မတတွေဆိုငြင်းနိုင်ဖို့အကွက် အမြဲချန်ထားရတယ်။ မသိချင်ဖူး။ (Plausibledeniability ) လို့ခေါ်ပါတယ်။ အထူးသဖြင့် ဒီလို နှိမ်နင်း တော့မယ်ဆိုရင် လက်အောက်ငယ်သား ၀န်ကြီး အဆင့်ကိုခိုင်းရမှာ။ကွန်မြူနစ်တွေ ဆန္ဒပြကြ၊ ဆန်လုပွဲ တွေလုပ်လာတော့ ပြည်ထဲရေးဝန်ကြီးကို ခိုင်းတာ ပဲ။ ဗိုလ်ချုပ်အောင်ဆန်းတော်တာကဥပဒေကိုနား လည် တာကြောင့် သူအမိန့်နဲ့ခိုင်းတာမဟုတ်ဖူး၊ကက်ဘိ နက်ဆုံးဖြတ်ချက် နဲ့ခိုင်းတာ။သခင်မြကြီးက ပျော့တော့ ဦးကျော်ငြိမ်းကို ပြောင်းခန့်ပြီး လူမိုက်လုပ်ခိုင်းတာ ပဲ။ဦးကျော်ငြိမ်းကလည်း မသိလို့မဟုတ်။ တိုင်းပြည် အတွက် လိုအပ်နေတဲ့အချိန်မှာ လူလည်လုပ်ဖို့မ ကောင်းလို့ ငြင်းချင်ပေမဲ့မငြင်းနိုင်လို့ပါ။

ဗိုလ်ချုပ်စောမောင်ဟာဗိုလ်ချုပ်သန်းရွှေ ကိုလည်း အသာလေးဆွဲခေါ်လာတာမဟုတ်၊ ဗိုလ်ချုပ်သန်းရွှေကို ဆည်တွေဆောက်တာတံတားဆောက်တာတွေပဲ။ လှည့်ကြည့်ခိုင်းထားတာ။
နိုင်ငံရေးနားမလည်လို့လည်းရွေးကောက်ပွဲပြီးရင်စစ်တပ်ကစစ်တန်လျားပြန်မယ်လို့ပြောတာပေါ့။နိုင်ငံ့အကြီးအကဲဆိုတာ ဒီလိုစကားကျွံ လို့မရပါဖူး။ စစ်ဗိုလ်တွေရွေးကေက်ပွဲအကြောင်းနားမလည်ပဲအာဏါသုံး၊ခြိမ်းခြောက်ထားရင် အစိုးရအလိုကျ ပြည်သူတွေက (မဲ) ထဲ့လိမ့်မယ်လို့ထင်ကြပုံရတယ်။ ပြည်သူတွေကဒေါ်စု ကို ကြည်ညိုကြပြီး NLD ကိုမဲထဲ့လိုက်ကြတော့မှ နောက်ပြန်ဆုတ်ကြရတာ။

မကြာခင်မှာပဲ ဗိုလ်ချုပ်စောမောင်ပြောတဲ့မိန့်ခွန်းတွေဟာ ရှေ့နောက်မညီဖြစ်လာတယ်။ နာရီနဲ့ချီပြီးမိန့်ခွန်း အရှည်ကြီးတွေပေးပြီးနိုင်ငံ့အကြီးအကဲ နဲ့ဘာမှအပတ်သက်တဲ့ မနက်ဖန်သေဖို့ နဲ့ ရေရှုသခင်(Jesus) ကိုတိဗက်မှာ တွေ့တာတွေပါ ပါလာတယ်။(မှတ်ချက်။Bangkok Post ဒီဇင်ဘာ ၂၁ရက် ၁၉၉၁ခု ၊ ဘီဘီစီဒီဇင်ဘာ ၁၉ရက် ၁၉၉၁ခု)။ ပိုဆိုးတာကတော့ ဒီဇင်ဘာလ ၂၁ရက်၁၉၉၁ခုနှစ်မှာဂေါက်ဦးပွဲမစခင်ကလေး မှာ  “ငါဟာကျန်စစ်သားမင်းပဲ” လို့ထကြွေးကြော်သတဲ့။ (Bertil စာမျက်နှာ ၃၉၆)

မကြာမှီပါပဲ ဗိုလ်ချုပ်မှူးကြီးစောင် Nervous breakdown ရတယ်လို့သတင်းထွက်လာပါတော့တယ်။(Bertil စာ (၄၇၁)။ စိတ်ခံစားမှုများပြီးအကြောင်းကြောင်းကြောင့် ဖိအားခံစားမှု သိပ်များနေပြီး မခံနိုင် တော့ပဲ၊ ဘုံးဘုံးလဲ သွားတာကိုNervous breakdown ရတယ်လို့ခေါ်ကြပါတယ်။

ဆက်လက်ဖေါ်ပြပါမည်။

ဘိုဘိုကျော်ငြိမ်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...