Tuesday, December 10, 2013

"" နိုင်ငံသားတွေရဲ့ ရင့်ကျက်မှုဟာ ဒီမိုကရေစီ ရင့်ကျက်မှုနဲ့ တိုက်ရိုက် အချိုးကျတယ်ဆိုတာပါဘဲ"""

 
 မဟာဗျူဟာမြောက်လှည့်စားတာလား သက်ဆင်မိသားစု 
 
 အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ မျက်မှောက်ကာလ အခြေအနေဟာ မကြာခင် စိုးရိမ်မှတ် တစ်ခုကို ရောက်ရှိတော့မဲ့အနေအထားပါ သိပ်မကြာခင်မှာ ရှပ်နီ ရှပ်ဝါ ထိပ်တိုက်ဖြစ်လာရင် ထိုင်းတပ်မတော် ကြားဝင်လာပါလိမ့်မယ်။ အတွေ့အကြုံတွေအရ ထိုင်းဘုရင့်တပ်မတော်က လိုအပ်တယ်ယူဆရင် အင်အားသုံးနှိမ်နင်းတဲ့ အတွေ့အကြုံတွေ ရှိပြီးသားပါ မဝေးသေးတဲ့ အတိတ်သမိုင်းကို သမင်လည်ပြန်ရှုစားမယ်ဆိုရင်တော့ ၂၀၁၀ ဧပြီလ ထိုင်းနိုင်ငံရေးကို ခါယမ်းသွားစေတဲ့ ဆန္ဒပြပွဲကြီးတွေကို မေ့နိုင်ကြမယ် မထင်သေးပါဘူး။ လက်လှမ်းမီသလောက် လေ့လာတွေ့ရှိရတဲ့ စာရင်းဇယားတွေအရ အဲဒီ ကာလမှာ လူဦးရေ ၁၀၀ ခန့် သေဆုံးပြီး ၁၄၀၀ ခန့် ဒဏ်ရာရရှိခဲ့တာ အင်မတန်ဆိုးရွားတဲ့ ဖြစ်ရပ်ပါ။ွှအဲဒီ ၂၀၁၀ နိုင်ငံရေးအုံကြွမြှု8ကီးကို အခြေတည်ပြီး ယင်လတ်ကို ၀န်ကြီးချုပ်ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ ရက်သတ္တနှစ်ပါတ်အတောအတွင်း မျက်မှောက် သူကြုံတွေ့နေရတဲ့ ဆန့်ကျင် ဆန္ဒပြနေမှုတွေမှာတင် ထိုင်းရဲတပ်ဖွဲ့ ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ လူတစ်သိန်းကျော်အင်အားရှိတဲ့ Suthep Thaugsuban ဦးဆောင်သော ဆန္ဒပြသူ တွေထဲက အနည်းဆုံး လူ((၅)) ဦးသေဆုံးခဲ့ပြီး ရာချီမက တဲ့ ပြည်သူတွေ ဒဏ်ရာရနေပါပြီခင်ဗျာ ယခင်ထက်ပိုဆိုးမဲ့ ဖြစ်စဉ်မျိုးကို ယင်လတ် ဖြစ်ပွားစေမှာလား အစ်ကို သက်ဆင်ရော ဖြစ်ပွားစေမှာလား ဘယ်အဖြစ်ခံနိုင်ပါ့မလည်း နိုင်ငံအတွက်သာမက ဒီလိုအချိန်မှာ သက်ဆင် မိသားစု အနေနဲ့ အရှက်တကွဲ ကိုယ်ကျိုးနဲ ရတဲ့ ဖြစ်စဉ်ဖြစ်လာမှာကို သူတို့ လိုလားကြမှာ မဟုတ်ပါဘူး ဒီ့အပြင် အခြေခံလူတန်းစား ရာနှုန်းပြည့်လုလု ထောက်ခံမှုတွေ ရရှိထားတဲ့ ဒေါ်ယင်လတ်ဟာ ကြားဖြတ်အစိုးရကိုဖော်ထုတ်ဖို့ ပါလီမန်ဖျက်သိမ်းပြီး နောက်တစ်ခေါက်ရွေးကောက်ပွဲ ၀င်ရင် နိုင်လိမ့်မယ်လို့ ကိုယ်တိုင်သော်လည်းကောင်း အစ်ကိုသက်ဆင် ရဲ့ အာာဘော်အရသော်လည်းကောင်း ယုံကြည်နေပုံရပါတယ် ဒီလိုတွက်ကိန်းတွေကြောင့် ဒေါ်ယင်လတ် ဟာ လက်ရှိ ကြားဖြတ်အစိုးရကို ဖော်ထုတ်ပေးလိုက်ပုံပါဘဲ ဒီ့အပြင်ကို ဆက်လက်တောင့်ခံထားရင် ဖြစ်ပေါ်လာမဲ့ ရလဒ်တွေက ထိုင်းပြည်သူတွေအနေနဲ့ သက်ဆင် ဆိုတဲ့ အမည်ကို နာနာကျည်းးကျည်းမုန်းတည်းသွားမဲ့ အကြောင်းတွေကြောင့် နိုင်ငံရေးအသာစီးရယူပြီိး လက်ဦးမှုနဲ့ ခဏဖယ်ပေးတဲ့အချိန်မှာ စကားလှလှလေးလည်း ပြောခဲ့ပါသေးတယ် """ တိုင်းပြည်ရဲ့ အနာဂါတ်လားရာ ဦးတည်ချက်ကို ပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်ကြပါစေတဲ့ """" ကျွန်တော်မနေ့က ရေးခဲ့ပါတယ် သူ့ဟာသူခုန်ချတာပါလို့ ဒီလိုအရေးတွေကို ကျွန်တော်တို့ နိုင်ငံသားတွေ မမြင်နိုင်ပေမဲ့ ရှပ်ဝါတွေကတော့ ကွင်းကနည်း မြင်ထားပုံရပေသားကိုးဗျာ ........ အသေချာဆုံး သင်ခန်းစာရလိုက်တာကတော့ "" နိုင်ငံသားတွေရဲ့ ရင့်ကျက်မှုဟာ ဒီမိုကရေစီ ရင့်ကျက်မှုနဲ့ တိုက်ရိုက် အချိုးကျတယ်ဆိုတာပါဘဲ""" """ ထိုင်းက သက်သေထင်ရှားပြနေပါတယ် """ စိတ်မထင်တိုင်း အစိုးရပြုတ်ကျတဲ့အထိ တဖက်နဲ့ တဖက် တိုက်ခိုက်နေကြတာကို သင်ခန်းစာ ယူသင့်လှပါပြီရွှေ မြန်မာတို့ရယ်။။။။။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...