Saturday, December 21, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆီက လူထုသဘောထားကိုထင်ဟတ်စေတဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကို (၂၀၁၅) မတိုင်ခင်ကြားချင်တယ်

တကယ်တော့(၂၀၀၈) ထောင်ဂျောက်ထဲကိုရောက်ခဲ့ရတာ ကြားဖြတ်ရွေးကောက်ပွဲ
ကြောင့်ပါ၊ အခုတော့ စစ်ဗိုလ်ချုပ်ကြီးတွေက ဒါကိုကိုင်ပြောပြီ..


****
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယခု ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူပုဂ္ဂိုလ် တဦးတယောက်အတွက်၊ အဖွဲ့အစည်းတရပ် အတွက် ရေးဆွဲထားတာ မဟုတ်ပဲ ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက် လူတန်းစားအလွှာ အသီးသီးမှ ပါဝင်သည့် ပြည်သူ့ကိုယ်စားလှယ်များက စနစ်တကျရေးဆွဲထားခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောဆိုခဲ့သလို တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟုလည်း အကြိမ်ကြိမ် ပြောဆိုဖူးသည်။
****
ဒီပုံအတိုင်းဆိုလျှင်
လူထုထောက်ခံမှုအပြည့်ရှိထားတဲ့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လေးပွင့်ဆိုင်
ဆွေးနွေးကိုရနိုင်တော့မည်မဟုတ်..ဘာလုပ်စရာကျန်သေးလဲ..

ရွေးကောက်ပွဲဝင်မ၀င်ဆိုတဲ့ဆုံးဖြတ်ချက်ဟာ ကိုယ့်ဘက်မှာအမာခံရှိနေတဲ့အင်အားပဲ၊
ဘယ်သူဝင်ဝင် မ၀င်ဝင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုတောင် ညီညွတ်ရေးအတွက် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် လမ်းရှင်းပေးခဲ့တဲ့ NLD ပါတီအနေ့နဲ့ (၂၀၁၅)ရွေးကောက်ပွဲကိုမ၀င်ဘူးဆိုရင်တော့ ဒါဟာနိုင်ငံရေးပြသနာ နိုင်ငံတကာနဲ့ချီပြီး ရင်ဆိုင်လာရမဲ့ပြသနာဖြစ်လာပါမယ်၊ စစ်အစိုးရလိုချင်တဲ့
လျှောက်ချင်တဲ့လမ်းတော့ ဟုတ်မယ်မထင်ဘူး၊

ကျနော်တို့အနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို မအောင်မြင်နိုင်ပါဘူးလို့ တောက်လျှောက်
ဝေဖန်နေခဲ့တာ ငြိမ်းချမ်းရေးကိုမလိုလားလို့တော့မဟုတ်ဘူး၊ အခုလိုမျိုးပဲ တစ်ချိန်ချိန်
မှာ အထစ်အငေါ့ဖြစ်လိမ့်မယ်လို့ ရင်ထဲမှာ အခိုင်အမာယုံကြည်နေလို့ပဲဖြစ်ပါတယ်၊

ဒါဟာမိမိတို့အတိုက်အခံတွေကို မလိုလားတာမဟုတ်ပဲ မာယာများတဲ့ စစ်အာဏာရှင်တွေကို အတွေ့အကြုံအရမယုံကြည်လို့ပဲဖြစ်ပါတယ်၊

(၈၈)ကျောင်းသားခေါင်းဆောင်ကိုကိုကြီးကကပြောပါတယ်၊ ယုံကြည်မှုကိုအရင်တည်ဆောက်ရအောင်တဲ့၊ ဟာသမဟုတ်ပါ၊
သူတကယ်ပြောနေတာကိုး..

အဲဒီစကားလုံးတွေကပြည်ပကနာမည်ပျက်ပြီးခဲ့တဲ့အမ်ဂျီအိုနောက်မီးဆွဲတွေပြောခဲ့တဲ့စကားလုံးတွေ
ပါဘာတဲ့လဲ Trust Building ဟုတ်လား..မဲဆောက်မှာနေဘူး
တဲ့နိုင်ငံရေးအသိုင်းအ၀န်းကလူတွေ မကြားဘူးသူရှိမယ်မထင်ဘူး၊
မဲဆောက်မှာတော်တော်ကိုရေပန်းစားခဲ့တဲ့စကားလုံးပဲ၊ အမ်ဂျီအိုတွေသိပ်ကြိုက်တဲ့စကားလုံး၊

ဘယ်လိုလုပ်ပြီး..သေနတ်ကိုင်ထားတဲ့ဓါးပြနဲ့ ပုတီးကိုင်ထားတဲ့သူတော်စင်ကို
ညီညွတ်ရေးရအောင်ယုံကြည်မှုကိုတည်ဆောက်ရမှာလဲ၊

ဟို..အခုမှ..သူတော်စင်ယောင်ဆောင်နေတဲ့ ဦးခင်ညွန့်လက်ထက်ကတည်းက ညာဖြီးခဲ့တဲ့လမ်းပြမြေပုံကအနှစ်နှစ်ဆယ်လေ..အခုယုံကြည်မှုကိုတည်ဆောက်ရဦး
မယ်ဆိုတော့ နောက်ထပ်အနှစ်နှစ်ဆယ်..ဆိုတော့

ကိုကိုကြီးရေမင်းလည်းသေလောက်ပြီ.. ငါလည်းပဲသေလောက်ပြီ၊ ယုံကြည်မှုကတော့ရချင်မှရဦးမယ်၊ အာဏာရှင်တွေအချိန်ဆွဲထားချင်တာနဲ့
အတော်ပဲ..မင်းတော့ အမြှောက်စားခံရဦးမယ်၊

အခုလိုနိုင်ငံရေးဂယောက်ဂရက်ထပြီး စမ်းတ၀ါးဝါးဖြစ်နေချိန်မှာ ပွင့်လင်းမြင်သာမှုကို
ပိုပြီးပြရမဲ့အချိန်လို့ထင်ပါတယ်၊ ဖြစ်နိုင်ရင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လူထုကို
အသေးစိတ်ထုတ်မပြောတောင်မှ ယေဘူယျသဘောမျိုးလူထုကိုပြောသင့်တာတွေ ကျန်နေပါသးတယ်၊

သူမနဲ့ဦးအောင်ကြည်နှစ်ဦးဆွေးနွေးတုန်းက ရထားတဲ့သဘောတူညီချက်အတိုင်း လက်ရှိစစ်ခေါင်းဆောင်တွေကတိတည်ခဲ့ မတည်ခဲ့ဆိုတာလေးကိုပါ၊ ဂတိမတည်ခဲ့ဘို့
များပါလိမ့်မယ်၊ဒီအချက်ကလည်း(၂၀၁၅)မတိုင်ခင်မှာလူထုကနေ စစ်အစိုးရအပေါ် အကဲဖြတ်ဖို့အတွက် အရေးကြီးတဲ့အချက်တစ်ချက်ပဲလို့ထင်ပါတယ်၊

လူထုအနေနဲ့လည်း စစ်အစိုးရနဲ့ရှေ့ဆက်ပြီး စခန်းသွားလို့ရမရဆိုတာ လွတ်လပ်
စွာဆုံးဖြတ်ပိုင်ခွင့်ရမှာဖြစ်လို့ ဒီနေ့ဒီအချိန်မှာ ချွင်းချန်စရာမလိုတော့တာတွေကို
လူထုကိုအသိပေးခြင်းအားဖြင့် လူထုသဘောထားထင်ဟတ်မှုကိုရရှိလာမှာဖြစ်တယ်၊
လူထုအနေနဲ့လည်း စစ်အစိုးရနဲ့ရှေ့ဆက်ပြီးယုံကြည်မှုကိုလုံးဝတည်ဆောက်လို့
မရတော့ဘူးဆိုရင်တော့ (၂၀၁၅)ကို သပိတ်မှောက်မယ် မမှောက်ဘူးဆိုတာ ပိုပြီး
စောလျှင်စွာအဖြေပေါ်လာမှာဖြစ်တယ်၊

ကျနော်တို့အနေနဲ့ကတော့ အဖွဲ့ချုပ်အနေနဲ့လူထုသဘောထားကိုထင်ဟတ်တဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုကြားရတော့
မယ်လို့ မျှော်လင့်နေမိပါတယ်၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...