Monday, December 16, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၁၂)

သစ်ထူးလွင်


Posted: 16 Dec 2013 06:20 AM PST
ဓါတ်ပုံ - MOI Webportal Myanmar
အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ဒီဇင်ဘာလ ၁၆ရက် ညနေက ယှဉ်ပြိုင်ကစားရာ အင်ဒိုအသင်းက မြန်မာအသင်းကို ၁ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။ ပွဲစဉ် မိနစ် ၉၀အပြီး ၅မိနစ် အချိန်ပိုပေးခဲ့သော်လည်း မြန်မာအသင်းက ဂိုးမရရှိခဲ့ပေ။

မြန်မာအသင်းရှုံးနိမ့်မှုကြောင့် ပရိတ်သတ်များက ထိုင်ခုံများဖြုတ်ကာ ပစ်ပေါက်ခြင်းကြောင့် ကွင်းတောင်၊မြောက် ပွဲကြည့်စင်ရှေ့တွင် ခုံများနှင့်ပြည့်နေပြီး ပွဲချိန် မိနစ် ၉၀အကျော်တွင် ပရိတ်သတ်နှစ်ဦး ကွင်းထဲဝင်လာသဖြင့် လုံထိန်းများက အခြေအနေကို ထိန်းသိမ်းလိုက်ရသည်။

ယခုကဲ့သို့ မြန်မာအသင်းက ရမှတ် ၇မှတ်ဖြင့် ရှုံးနိမ့်မှုကြောင့် ကစားပွဲက ထွက်ရမည်ဖြစ်သည်။

အင်ဒို-မြန်မာပွဲသို့ ထိုင်း-မြန်မာပွဲ ကဲ့သို့ပင် ပရိတ်သတ်ပေါင်း ၃၀,၀၀၀ လာရောက်ကြည့်ရှုခဲ့သည်။

(မဇ္ဈိမသတင်းဌာန)
Posted: 16 Dec 2013 01:59 AM PST
လာမည့်နှစ် အစောပိုင်းတွင် တစ်အိမ်ထောင် ကလေးတစ်ယောက် မိသားစုမှ ပေါက်ဖွားလာသည့် မိခင်၊ ဖခင်များ အနေဖြင့် ၄င်းတို့မိသားစု အတွက် ဒုတိ ယမြောက် ရင်သွေး ကို ရယူခွင့်ရှိလာနိုင် ဖွယ်ရှိကြောင်း မိသားစု စီမံကိန်း ဆိုင်ရာ အကြီးတန်း အရာရှိ တစ်ဦးက စနေနေ့ တွင် ထုတ်ဖော် ပြောကြားလိုက်သည်။ ၄င်း အရာရှိသည် အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်းကော်မရှင်မှ မိသားစု စီမံကိန်း ညွှန်ကြားမှု ဌာန၏ ဒါရိုက်တာ ရန် ဝန်ဇူရန် ဖြစ်ပြီး နိုင်ငံပိုင် CCTV သတင်း ဌာနနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 16 Dec 2013 01:51 AM PST
ကမ္ဘာ့ စားအုန်းဆီစားသုံးမှု များ လျှော့ ချ နေသော် လည်း မြန်မာနိုင်ငံတွင် စားအုန်းဆီ စားသုံးမှုမှာ ပိုမိုမြင့် တက် လာနေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်း ဒု-ဥက္ကဋ္ဌ ဦးဇော် မင်းဝင်းက ဒီဇင်ဘာ ၁၄ရက် ကုန်သည်စက်မှု အသင်းရုံးချုပ်၌ ပြုလုပ်သော (၂၁)ကြိမ်မြောက် မြန်မာနိုင်ငံဆီ ကုန်သည်နှင့် လုပ် ငန်းရှင်များအသင်းသားစုံညီအ စည်းအဝေးတွင် ပြောကြားခဲ့ သည်။ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ''ကျွန် တော်တို့နိုင်ငံရဲ့ စားအုန်းဆီစား သုံးမှုက တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေပေမယ့် နိုင်ငံတကာ မှာက ကျန်းမာရေးအရ တဖြည်း ဖြည်းလျှော့ ချဖို့ လုပ်နေ တယ်။ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ဆီစား သုံးမှုက တစ်နှစ်ကို ခြောက်ပိဿာ လောက်ကို စားသုံးနေတယ်။ ဒါကို တဖြည်းဖြည်းလျှော့ချနိုင် ဖို့လိုတယ်''ဟု ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Dec 2013 12:55 AM PST
ရှမ်း ​ပြည်​အေ​ရှ့​ပိုင်း ​ကျိုင်း​တုံ​မြို့​နယ်​ထဲ​မှာ ​ဒီ​နှစ်​ထဲ ​တ​တိ​ယ​အ​ကြိမ် ​ရေ​ပြန်​ကြီး​တဲ့​အ​တွက် ​လယ်​ယာ​စိုက်​ပျိုး​သီး​နှံ ​ဆုံး​ရှုံး​မှု​တွေ ​ရှိ​နေ​ပါ​တယ်။ ပြီး​ခဲ့​တဲ့ ​ရက်​ပိုင်း​အ​တွင်း ​အ​ချိန်​အ​ခါ​မ​ဟုတ် ​မိုး​တွေ ​ဆက်​တိုက်​ရွာ​သွန်း​ခဲ့​တဲ့​အ​တွက် ​ကျိုင်း​တုံ​မြို့ ​အေ​ရှ့​ဘက်​က ​နမ့်​ခွန်​နဲ့ ​နမ့်​ခတ် ​ချောင်း​ရေ​တွေ ​လျှံ​ကျ​ပြီး ​ဒီ​ဇင်​ဘာ ၁၄ ​ရက် ​ည​နဲ့ ၁၅ ​ရက်​တွေ​မှာ ​စိုက်​ခင်း​ထဲ​ကို ​ရေ​တွေ ၀င်​လာ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


ဓာတ်​ပုံ – ​မောက်​ကွန်​လူ​မှု​ကူ​ညီ​ရေး​အ​ဖွဲ့

Posted: 15 Dec 2013 11:58 PM PST
အင် ​တာ​နက်​ပေါ် ​ဓာတ်​ပုံ​တွေ ​တက်​လာ​လို့ ​ကြည့်​လိုက်​တော့ ​တပ်​စည်​ပင်​ဆို​သူ​တွေ​ဟာ ​အ​ရပ်ဝတ်​နဲ့ ​တ​ကယ့် ​လူ​မိုက်​ရုပ်​တွေ​ပါ။ ​စွမ်း​အား​ရှင်​တွေ ​တ​ကျော့​ပြန်​လာ​လေ ​သ​လား​၊ ​ဓာတ်​ပုံ​တွေ​ကြည့်​ရင်း ​သော​က​များ​ရ​ပါ​တယ်။ လက်​လှမ်း​မီ​သ​လောက် ​မေး​ကြည့်​တော့ ​တပ်​မြို့​တွေ ​ဥ​ပ​မာ ​မိ​တီ်္ထ​လာ၊ ​ဗ​ထူး​၊ ​မ​င်္ဂ​လာ​ဒုံ ​စ​တဲ့ ​တပ်​မြို့​တွေ​မှာ ​တပ်ဝင်း ​စည်​ပင်​သာ​ယာ​ရေး​လုပ်​ဖို့ ​ခန့်​ထား​တဲ့ ​အ​ရပ်ဝတ် ၀န်​ထမ်း​တွေ ​ရှိ​တယ်​လို့ ​သိ​ရ​ပါ​တယ်။ ​ဒါ​ဆို ​မိ​ကျောင်း​ကန် ​သ​ပိတ်​စ​ခန်း​ကို ​ရောက်​လာ​တဲ့ ​တပ်​စည်​ပင်​တွေ​ကို ​အဲ​ဒီ​တပ်​ရဲ့ ​တပ်​မှူး​က ​အ​မိန့်​ပေး​လို့ ​အ​ခု​လို ​လာ​လုပ်​တာ​ပေါ့​။ ​စစ်​တပ် ​အ​လုပ်​က ​နိုင်​ငံ​တော် ​ကာ​ကွယ်​ရေး​အ​တွက်​ပဲ ​လုပ်​ရ​တာ ​မ​ဟုတ်​လား​။---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2013 11:54 PM PST
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နယ်တွင် ဒီဇင်ဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာလေးရွာမှ လူနေအိမ် ၃၆ လုံး ပျက်စီးခဲ့ပြီး အသက် ၁၆ နှစ်အောက် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေဘေးသင့်သူ များကို သွားရောက် ကူညီပေးသည့်အဖွဲ့မှ ကိုတိုးက ပြောကြားသည်။ မိုးရွာသွန်းချိန် လေပြင်း တိုက်ခတ်မှုကြောင့် ကူးကော်၊ ဝါးပြား၊ ဒရယ်အင်းနှင့် စံသီကုန်း ကျေးရွာတို့မှ လူနေအိမ်များ ပျက်စီးခဲ့ပြီး ဝါးပြားရွာတွင် နေထိုင်သူ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 15 Dec 2013 11:49 PM PST
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ဖြူးမြို့နယ် ကညွတ်ကွင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၄ နာရီခွဲက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ကညွတ်ကွင်းမြို့ ရန်ကုန်မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၃/၀ နှင့် ၁၀၃/၁ အကြားတောင်ကုန်းတဲရွာအနီးတွင် ယာဉ်မောင်း ပြည့်ဖြိုးကိုကို(၃၁)နှစ် စာတိုက်ရပ်ကွက် ကျောက်တံခါးမြို့နေသူ တောင်မှ မြောက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 8F/7939 တိုယိုတာတောင်းအေ့(စ်)အမျိုးအစား အဖြူရောင်ယာဉ်သည်နေပြည်တော်သို့ ဘုရားဖူးရန် ဘုရားဖူးခရီးသည်များ တင်ဆောင်မောင်းနှင်လာစဉ်  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 15 Dec 2013 10:52 PM PST
အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့ ​ချုပ် ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​ဒီ​နေ့ ​မ​နက် ၇ ​နာ​ရီ​ခွဲ​က​နေ ​မ​နက် ၉ ​နာ​ရီ​ကျော်​အ​ထိ ​အာ​ရှ​တော်ဝင်​ဆေး​ရုံ​မှာ ​ခြေ​ထောက်​ခွဲ​စိတ်​ကု​သ​မှု ​ခံ​ယူ​ခဲ့​တယ်​လို့ ​ဒေါက်​တာ ​တင်​မျိုး​၀င်း​က ​ပြော​ပါ​တယ်။ ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ဆ​ရာဝန် ​ဒေါက်​တာ ​တင်​မျိုး​၀င်း​က ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ကျန်း​မာ​ရေး ​အ​ခြေ​အ​နေ​နဲ့ ​ပတ်​သက်​ပြီး ​ဒီ​နေ့ ​ပြု​လုပ်​တဲ့​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​မှာ ​ပြော​ဆို​လိုက်​တာ​ပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2013 10:33 PM PST
အင်္ဂလိပ်စာသင်တန်းတစ်ခုတွင် ၁၀ နှစ်အရွယ် သမီးငယ်ကို မညှာမတာရိုက်နှက်သည်ဟုဆိုကာ သင် တန်းဆရာမကို ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ရေး ဥပဒေဖြင့် အရေးယူပေးရန် တရားရုံးသို့ ဦးတိုက် လျှောက်ထားသွားမည်ဟု ဖခင်ဖြစ်သူ ကိုရန်ပိုင်စိုးက ဒီဇင်ဘာ ၁၅ ရက်တွင် မဇ္ဈိမကို ပြောသည်။ ကလေးငယ်ကို ဆိုးသည်ဟု ဆရာမများဘက်က ပြောဆိုမှုများရှိခဲ့သည့်အတွက် မိဘများက ပူးပေါင်း ဆုံးမသွန်သင်ပေးရန် ဆွေးနွေးမှုများပြုခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက် အင်္ဂလိပ်စာသင်တန်း၌ မေးခွန်းသုံးမျိုး အတွက် အမှား ၁၁ ခုရှိခဲ့ရာတွင် ဆရာမနှစ်ဦးတို့က ကျောပြင်နှင့်ခါးတို့အား ကြိမ်လုံးဖြင့် ရိုက်နှက်ခဲ့ ခြင်းဖြစ်သည်ဟု ကလေးမိဘများဘက်က ပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2013 10:20 PM PST
အခြေခံပညာအဆင့် အတန်းတင် စာမေးပွဲများ ဖြစ်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့် စာမေးပွဲများကို ရမှတ်နှင့် စစ်ဆေးသော ပုံစံဖြင့် စစ်ဆေးနေရာမှ အဆင့် အမျိုးအစားအလိုက် ခွဲခြား အတန်းတင်ပေးမည့် စာမေးပွဲစနစ် (Level Test) သို့ ပြောင်းလဲသွားရန် စီစဉ်နေကြောင်း ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီဝင်များထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ စာမေးပွဲစနစ် အပြောင်းအလဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 15 Dec 2013 10:34 PM PST
အရှေ့တောင်အာရှ အားကစား ပွဲတော်တွင် ပါဝင်ကူညီသူ စေတနာ့ ဝန်ထမ်းများအတွက် ပံ့ပိုးကူညီသူ (Sponsor) အဖြစ် သတ်မှတ်ထားသည့် ကုမ္ပဏီက ရက်လွန် ခေါက်ဆွဲခြောက်များ ရိက္ခာအဖြစ် ထုတ်ပေးသည်ဆိုသည့် ကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ SEA Games ပြိုင်ပွဲအတွက် ဆက်ဆံရေး အရာရှိ (Liaison Officer) အဖြစ် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးထံမှ အဆိုပါသတင်း ထွက်ပေါ်လာခြင်း ဖြစ်ပြီး ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း၊ အဆိုပါသတင်း မှန်ကန်ပါက ကုမ္ပဏီ၏ လုပ်ရပ်မှာ လုံးဝ မသင့်တော်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 15 Dec 2013 10:15 PM PST
ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလကုန်အထိ လူကုန်ကူးခံရသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၄၄ ဦး ရှိသည့်အနက် အ ရွယ်မရောက်သေးသူ ကလေးသူငယ် ၅၈ ဦး ပါဝင်ကြောင်း ကလေးသူငယ် လူကုန်ကူးမှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (နေပြည်တော်)မှ ရဲမှူးဒေါ်အေးအေးမြင့်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော ပြည်ပအလုပ်သမားအချို့၊ ထိုင်းငါးဖမ်းလုပ်ငန်းအများစုမှာ လူကုန်ကူးမှုနှင့် ဆက်စပ်နေကြောင်း စောင့်ကြည့်သောအဖွဲ့များကဆိုသည်။ Chiangraitimes


Posted: 15 Dec 2013 10:07 PM PST
ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်က ဖြစ်ပွားခဲ့သော မိသားစုဝင်သုံးဦး အသတ်ခံခဲ့ရသည့်အမှုမှာ သမီးဖြစ်သူက မိဘများသဘောမတူသည့် ယောက်ျားကို ယူကာ ကလေးမွေးခဲ့သောကြောင့် သမီးနှင့် သမက်အပြင် နှစ်လသားအရွယ် မြေးဖြစ်သူကိုပါ သတ်ခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ““အဖေအရင်းကသတ်တယ်လို့ စစ်ဆေးတွေ့ရှိရပြီး စခန်းမှာ ထိန်းသိမ်းထားပါတယ်။ အခင်းဖြစ်တဲ့နေ့က မူးယစ်ဆေးဝါးသုံးစွဲထားမှုရှိ၊ မရှိ ဆိုတာကိုလည်း ဆေးရုံမှာ စစ်ဆေးနေပါတယ်”” ဟု ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Dec 2013 10:04 PM PST
တရား မဝင်ကုန်သွယ်မှုတွင် ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများ မှ ပါဝင်ဆောင်ရွက် မှုများရှိနေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဝန်ကြီး ဌာနမှ တင်သွင်းခွင့် မရှိသောကုန်စည်များအား လက် နက်ကိုင် အဖွဲ့အစည်း အမည်ခံ ကာ ကုန်သည်များနှင့်ပူးပေါင်း လုပ်ကိုင်မှုများရှိနေပြီး လက်နက် ဖြင့်ခြိမ်းခြောက်မှုများရှိနေသည် ဟု ယင်းတာဝန်ရှိသူက ပြောဆို သွားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2013 09:56 PM PST
၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် အရွေးခံလိုကြောင်း ပြောဆိုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီသည် မြန်မာနိုင်ငံရေးတွင် အာဏာရယူ လိုသောကြောင့် ထူထောင်ထားသည့် ပါတီတစ်ခု မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ပြုလုပ်သည့် ၂၀၀၈ အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒ ရယူပွဲ၌ ပြောကြားသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 15 Dec 2013 09:49 PM PST
နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ရန်ကုန်မြို့တော်တွင် ပထမဆုံး အကြိမ်အဖြစ် (၃၉) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့ရာ ပရိသတ်ပေါင်း တစ်သောင်းကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ နာယက ဒေါက်တာစံလှကျော်က ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ တိုင်းရင်းသား ကျေးရွာတွင် ကျင်းပသည့် ယင်းအခမ်းအနားတွင် ရခိုင်ရိုးရာ ကျင်ပွဲ အပါအဝင် အားကစားပွဲများ၊ ရခိုင်ရိုးရာ ပစ္စည်းများ၊ ရခိုင်သမိုင်း စာအုပ်များ ရောင်းချပွဲ၊ တေးဂီတ ဖျော်ဖြေပွဲများ၊ ရခိုင် ယဉ်ကျေးမှုပြခန်းများ ပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2013 09:32 PM PST
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့၊ ကျောက်တန်းကြီး ကျေးရွာအုပ်စု၊ နေရာပျံချီကျေးရွာမှ ရွာသားတဦးမှာ နေအိမ်ဝင်းထဲအထိ လိုက်လံထိုးကြိတ်ခြင်း ခံရသော်လည်း အုပ်ချုပ်ရေးမှူးက ထိုးကြိတ်သူများကို အရေးမယူဘဲ အထိုးခံရသည့် ရွာသားအား ထိပ်တုံးခတ်ခြင်း၊ မြက်ရှင်းခိုင်းခြင်း စသည့် အပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2013 09:38 PM PST
အာရှတော်ဝင်ဆေးရုံမှာ ယနေ့ မနက် ၇း၃၀ ကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခြေထောက်ကို ခွဲစိတ်တာ ၉း၀၀ နာရီဝန်းကျင်မှာ ပြီးဆုံးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေမနှစ်ချောင်းလုံးရဲ့ဘေးအရိုးတွေက အတွင်းဘက်ကို ယိုင်နေတာကြောင့် လမ်းလျှောက်တိုင်း နာနေတာကြောင့် ခွဲစိတ်ရတာပါ။

အခုသတိပြန်ရနေပြီး ကျန်းမာရေး အခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။

Author နန်းလွင်

Kumudra



Posted: 15 Dec 2013 09:06 PM PST
Posted: 15 Dec 2013 09:03 PM PST
ဒီဇင်ဘာလ(၁၅)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၂ အမှတ် ၃၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Dec 2013 08:58 PM PST
မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် လိုအပ်သည့် ဥပဒေများကို လွှတ်တော်ဘက်မှ ထိရောက်စွာ ပြဋ္ဌာန်းနိုင်ရေးတွင် အခက်အခဲရှိနေသည်ဟူသည့် နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG ၏ အစီရင် ခံစာနှင့်ပတ်သက်၍ ထိုသို့ဖြစ်ရခြင်းမှာ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် မပြည့်စုံမှုများစွာဖြင့် ကြုံတွေ့နေရခြင်းကြောင့် ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က ဒီဇင်ဘာ ၁၅ ရက်တွင် မဇ္ဈိမ ကို သုံးသပ် ပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2013 08:52 PM PST
နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် ရွှေပိဿာချိန် ၁,၀၀၀ (တစ်တန်ခွဲနီးပါး) အမြန်ဆုံးပေးသွင်းရန် ရွှေ လုပ်ငန်းရှင်များသို့ သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင်က တောင်းဆိုလိုက် သည်။ ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ၁၁ ကြိမ်မြောက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ၁၁ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် တိုက်တွန်းသွားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း (၁၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်မြို့ Panda Hotel ပုလဲခန်းမတွင် ကျင်းပပြုလုပ်စဉ်။ (ဓာတ်ပုံ -  ငြိမ်သစ်ညီ မဇ္ဈိမ)

Posted: 15 Dec 2013 08:34 PM PST
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ပါဝင်အရွေးခံခွင့်ပြုဖို့ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေက မြန်မာအစိုးရ ကို တိုက်တွန်းကြမယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ EU နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ သဘောတူညီခဲ့ကြတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2013 08:26 PM PST
တရုတ်အစိုးရ သည် နိုင်ငံ တစ်ဝန်းရှိ ဆေးဝါး အတုများ ရောင်းချမှုကို တိုက်ဖျက်မှုများ ပြုလုပ်ခဲ့ရာ တွင် အဆိုပါ ဆေးဝါး အတုများ ရောင်းချခြင်း ၌ ပါဝင်ခဲ့သူ ၁၃ဝဝ ကျော်ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း တွင် ယင်းသို့ ဖမ်းဆီးရာတွင် အာဏာပိုင် များသည် ယွမ် ၂ ဒသမ ၂ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၃၆၂ ဒသမ ၄ သန်း ) တန်ဖိုးရှိ ဆေးဝါး အတု နှင့် ဆေးဝါး ထုတ်လုပ် ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းများ (ပုံ) ကို သိမ်းဆည်း ရမိခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန က ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန ၏ ပြောကြားချက် ကို ကိုးကား၍ ယမန်နေ့ တွင် ဖော်ပြခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2013 08:20 PM PST
ဒီဇင်ဘာလ(၁၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...