Saturday, December 14, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၁၂)

သစ်ထူးလွင်



Posted: 14 Dec 2013 03:16 AM PST
ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး ရပ်ကွက်ရှိ နိုင်ငံရေးမှတ်တိုင်အနီးပြည် လမ်းမပေါ် ရထားလမ်းကူး ခုံးကျော် တံတားပေါ်တွင် မြန်မာဘီယာကုမ္ပဏီ၏ ကုန်ကြမ်းများဟု ယူဆရသော ဖွဲ့နုများ ကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ရန်ကုန်-မှော်ဘီဟိုင်းလတ်ယာဉ် အမျိုး အစား ခရီးသည်တင်ယာဉ်သည် ခုံးကျော် တံတားမှတစ်ဆင့် ရထားသံလမ်းပေါ်သို့ ထိုးကျခဲ့သောကြောင့် ၂ ဦးသေဆုံး၍ ၁၁ ဦး အရေးပေါ်ရောက် ရထားသံလမ်းပေါ် သို့ ထိုးကျခဲ့သောကြောင့် မင်္ဂလာမြို့နယ် မီးသတ်ဌာနမှ တာဝန်ကျ တပ်ကြပ်တစ်ဦး News Watch သို့ အတည်ပြုပြောကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 14 Dec 2013 03:11 AM PST
 (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင် မြန်မာအားကစားသမားများကို ရှုံးရင် လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ နိုင်တယ်ဆိုတာတောင် မှ သိက္ခာရှိရှိနိုင်တာမှ တန်ဖိုးရှိ တာဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က အားပေးစကားပြောကြား ခဲ့သည်။ ယနေ့ နေပြည်တော်ဝဏ္ဏ သိဒ္ဓိအားကစား(B)ရုံတွင် ကျင်းပ သော (၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသမီးပြိုင် ပွဲ မြန်မာနှင့်ထိုင်းပွဲ ယှဉ်ပြိုင်မှု ကို တက်ရောက်အားပေးပြီး အ ပြန်တွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဒီဇင်ဘာ၁၃ရက်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိမြင်းပြိုင်ပွဲတွင် ဆုရအားကစားသမားများအား ဒေါ်အောင်ဆန်းစုကြည် ဆုချီးမြှင့်နေစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/ ရန်ကုန်တိုင်းမ်

Posted: 14 Dec 2013 02:53 AM PST
ဟောင်ကောင်မှာရှိတဲ့ အလုပ်သမားအေဂျင်စီတွေက မြန်မာနိုင်ငံက အိမ်ဖော်တွေကို တရားဝင် ခေါ်ယူခွင့် လိုင်စင်ရဖို့ ကြိုးစားနေတဲ့အတွက် မြန်မာနိုင်ငံဟာ ဟောင်ကောင် အိမ်ဖော်လိုအပ်အတွက် နောက်ထပ်ဈေးကွက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဒီကနေ့ ဟောင်ကောင်ထုတ် South China Morning Post သတင်းစာက ရေးသားလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 14 Dec 2013 02:41 AM PST
တပ်မတော်နဲ့ ပြည်သူအကြား တသွေးတသားတည်းဖြစ်စေချင်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ချင်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Dec 2013 02:30 AM PST
ဖွဲ့ ​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြု​ပြင်​ပြောင်း​လဲ​ရေး​ကို ​လုပ်​တာ​ဟာ ​တပ်​မ​တော်​ကို ​ဆန့်​ကျင်​တာ ​မ​ဟုတ်​ဘဲ ​တပ်​မ​တော်​နဲ့​ပြည်​သူ​အ​ကြား ​တ​သွေး​တ​သား​တည်း ​ဖြစ်​အောင်​လို့ ​လုပ်​တာ​ဖြစ်​ကြောင်း ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ကြား​လိုက်​ပါ​တယ်။ ​ရန်​ကုန်​တိုင်း​၊ ​ကော့​မှူး​မြို့​နယ်၊ ​အ​ဖျောက်​ကျေး​ရွာ​မှာ ​ဒီ​နေ့ ​မ​နက်​ပိုင်း​က ​ပြု​လုပ်​ခဲ့​တဲ့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ရဲ့​  ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​ပွဲ ​မိန့်​ခွန်း​မှာ ​ထည့်​သွင်း ​ပြော​ကြား​ခဲ့​တာ​ဖြစ်​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 14 Dec 2013 02:16 AM PST
မန္တလေးမှာ အမျိုးသမီး ဘောလုံးအသင်းကို အားပေးချင်လွန်းလို့ လက်မှတ် အလုအယက်ဝယ်နေသော ရွှေမြန်မာများ ။ MOI Webportal Myanmar

Posted: 14 Dec 2013 02:06 AM PST
ဒီဇင်ဘာ(၁၃)ရက် နေ့လည်(၂)နာရီ သီလရှင်များ ညီညွတ်ရေး သြ၀ါဒခံယူပွဲတွင် ခေမာသီရိသိလရှင် စာသင်ကျောင်းတိုက် လက်ထောက်တိုက် အုပ် ဒေါ်နန္ဒမာလာ မှ ဒီဇင်ဘာ(၉)ရက်နေ့ ညနေ မကွေးမြို့ မြို့ရှောင်လမ်းတွင် ဖြစ်ပွားခဲ့သည့် အမျိုးသား နှစ်ယောက်က သီလရှင်တစ်ပါးအား ဓါးထောက်ခြိမ်းချောက်ပြီး အဓမ္မပြုကျင့် ခံခဲ့ရသော အမှုကို တရားခံများ အမြန်ဖော်ထုတ်ပြီး အမှုမှန်ပေါ်ပေါက်ရေး၊ ထိရောက်စွာ တရားဥပဒေဖြင့် အရေးယူပေးရန် နှင့် အရေးယူ ဆောင်ရွက်မှုအား သတင်းမီဒီယာများမှ တဆင့် ပြန်လည်ရှင်းလင်း ပေးပါရန် လျှောက်ထားကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 14 Dec 2013 01:59 AM PST
ဒီဇင်ဘာ(၁၃)ရက် နံနက်(၇း၃၀)နာရီ အချိန်ခန့်တွင် မကွေးမြို့နယ် ထုံးပေါက်တော ကျေးရွာ အုပ်စု သဖန်းဆိပ်ကျေးရွာနှင့် ကမ်းရင်ကျေးရွာအုပ်စု တို့ မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ နှစ်ဘက်အပြန်အလှန် လေးခွများပစ်ပြီး ဓါးခုတ်မှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၃)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်တွင် ထုံးပေါက်တော ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးနန်းမြင့် နှင့် သဖန်းဆိပ်ကျေးရွာ ဆယ်အိမ်မှူး ဦးကောက်ကြီး(ခ)ဦးစံထွန်း၊ ဦးအောင်သန်းဇော်၊ ဦးအောင်နိုင်ဝင်းနှင့်အတူ သဖန်းဆိပ်ရွာသားများသည် မြို့နယ်မြေယာစီမံခန့်ခွဲရေးမှ လုပ်ကိုင်ခွင့်ပေးထားသော သဖန်းဆိပ်ကျေးရွာနှင့် ကမ်းရင်ကျေးရွာကြားရှိ မြေနုကျွန်းခွဲဝေမှုအား ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

မြေလုပွဲ တခု မြင်ကွင်း 

Posted: 14 Dec 2013 01:48 AM PST
စစ်ကိုင်းမြို့ရွှေမင်းဝံ ရပ်ကွက်ရှိ ၂၄ လမ်းမကြီးအား ပိတ်ဆို့၍ ဝင်းခြံခတ် ရောင်းချထားမှုအား အမြန်ဆုံးဖယ်ရှားပေးရန်နှင့် ရောင်းချသူကို အရေးယူပေးနိုင်ရန် ရွှေမင်းဝံ ရပ်ကွက်သူရပ်ကွက်သား ၁၀၀ခန့်က တရားဝင် ဒီဇင်ဘာ ၁၃ရက် နံနက် ၉နာရီတွင် စစ်ကိုင်းမြို့လယ် မှ ရွှေမင်းဝံရပ်ကွက်အထိ လမ်းလျှာက်ဆန္ဒဖော်ထုတ်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 14 Dec 2013 01:35 AM PST
ဆီးဂိမ်းပြိုင်ပွဲ ဒီဇင်ဘာ ၁၄ ရက်နေ့ ထိုင်း-မြန်မာ အမျိုးသား ဘောလုံးပွဲ မစခင် နေ့လည် ၃ နာရီ သုဝဏ္ဍကွင်း မြင်ကွင်းများ။ ဓါတ်ပုံ - ကျော်ဇေယျာဝင်း / DVB TV News




Posted: 14 Dec 2013 01:28 AM PST
ရန်ကုန်မြို့ သုဝဏ္ဍကွင်းမှာ ဒီညနေ ကစားမယ့် ထိုင်း-မြန်မာ အမျိုးသား ဘောလုံးပြိုင်ပွဲ လက်မှတ်ရောင်းချနေမှု မြင်ကွင်းများ။ ရိုက်ကူး - လှလှဝင်း

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Dec 2013 12:55 AM PST
မြောက်ဥက္ကလာပမြို့နယ်တွင် လွန်ခဲ့သော ၂ နှစ်ကျော်က ဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှုနှင့် ပတ်သက်၍ သေဒဏ် ကျခံနိုင်သော ပုဒ်မဖြင့် စွဲချက်တင်ခံရသူ ၂၃ ဦးအနက် ၁၆ ဦးကို စွဲချက်တင်ပုဒ်မ ပြင်ဆင်ပေးရန် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်တိုင်း လွှတ်တော် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့ကြောင်း အဆိုပါ တိုင်းတရား လွှတ်တော်ရုံးထံမှ သိရှိရသည်။ စွဲချက်တင်သော ပုဒ်မသည် ကြီးမားသော ပြစ်ဒဏ် ရှိသောကြောင့် တရားစွဲဆို ခံရသူများဘက်တွင် ဖြေရှင်းရန် အလွန်ခက်ခဲကြောင်း၊ ဥပဒေအရ မှန်ကန်မှုရှိ မရှိ ပြန်လည် ဆန်းစစ်ပေးရန် လိုအပ်နေသောကြောင့် စွပ်စွဲခံရသူ ၁၆ ဦးကို ဦးတိုက် လျှောက်ထားရခြင်း ဖြစ်ကြောင်း စွပ်စွဲခံ ရသူဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော် ရှေ့နေ ဦးသန်းလွင်က ရှင်းပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Dec 2013 12:51 AM PST
စားသုံးသူ ကာကွယ်ရေးဥပဒေ မထွက်ရှိသေးသော်လည်း အရေးအကြောင်း ပေါ်ပါက အလွယ်တကူ တိုင်ကြားနိုင်မည့် စားသုံးသူ အကာအကွယ် ပေးရေးရုံးခန်း ၁၄ ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လာမည့်နှစ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စပယ် ကြည်မောင်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 14 Dec 2013 12:46 AM PST
ရန်ကုန်တိုင်း ဒေသကြီးမြောက် ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပေါက် ကုန်းရပ်ကွက် ဝါယာလက်ဈေး တွင် ယနေ့နံနက် ၉ နာရီခွဲခန့်က ကျပ် ၅ဝဝဝတန် ငွေစက္ကူ အတုဟု ယူဆရသည့် ငွေစက္ကူများကို ကျပ် ၁ဝဝဝ တန်ငွေစက္ကူနှင့် ဝါယာလက် ဈေးအတွင်း လာရောက်လဲလှယ် သုံးစွဲနေကြောင်း သတင်းရရှိ၍ မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှုးဝင်းမြင့်နှင့်အဖွဲ့က သွားရောက်စုံစမ်း စစ်ဆေးခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 14 Dec 2013 12:42 AM PST
မြန်မာနိုင်ငံပဲမျိုးစုံဈေးကွက် အတွင်း အရောင်းအဝယ်စနစ်တ ကျမှန်ကန်မှုရှိစေပြီး ပဲထုတ်လုပ် သူ တောင်သူလယ်သမားများ၊ ပြည်တွင်းရောင်းဝယ်သူကုန်သည် များ၊ ပြည်ပတင်ပို့သည့် ပို့ကုန် လုပ်ငန်းရှင်များ မျှတစွာအကျိုးရှိ စေရန် အရောင်းအဝယ်စည်းကမ်း ချက်များကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဘုရင့် နောင်ကုန်စည်ဒိုင်သို့ ထုတ်ပြန် ကြေညာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပဲမျိုးစုံ ပြည်ပတိုးမြှင့်တင်ပို့ရေးလုပ် ငန်းကော်မတီ ၁/၂ဝ၁၃ ကြေညာ ချက်အရသိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 14 Dec 2013 12:37 AM PST
ဆီးဂိမ်း မြန်မာဘောလုံးအသင်း ပွဲစဉ် လက် မှတ်များရောင်းချမှုတွင် မှောင်ခို ဈေးကွက် ကြီးမားစွာဖြစ်ပေါ်နေ ပြီး မြန်မာ-ထိုင်းဘောလုံးပွဲလက် မှတ်များကို ရှစ်ဆခန့် ဈေးနှုန်း တင်၍ ရောင်းချမှုများရှိနေကြောင်း မြန်မာပရိသတ်များထံမှ သိရသည်။ ဒီဇင်ဘာ၁၃ရက်တွင် နံနက် ၁ဝနာရီမှစတင် ၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ အောင်ဆန်း ကွင်းနှင့်စလင်းကွင်းတို့တွင် အထူး တန်း၊ ရိုးရိုးတန်းလက်မှတ်များကို ရောင်းချပေးရာတွင် မှောင်ခိုပြန် လည် ရောင်းချမည့်သူများသည် မှတ်ပုံတင်များကို အထပ်လိုက် ကိုင်ဆောင်ကာ ရှေ့ဆုံးမှတန်းစီ ဝယ်ယူကာ ရိုးရိုးတန်း ကျပ်၂၀၀၀ ကို ကျပ်၁၀၀၀၀၊ အထူးတန်း ကျပ် ၄ဝဝဝကို ကျပ်၃၀၀၀၀ စသည် ဖြင့် လက်မှတ်တန်းစီနေသည့်နေ ရာတွင်ပင် ပြန်လည်ရောင်းချနေ ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒီကနေ့ ထိုင်းနဲ့ကစားရမယ့်ပွဲအတွက် အကုန်လုံးစိတ်လုပ်ရှားနေကြမယ်ထင်ပါတယ်။ အသင်းအနေနဲ့ ပြင်ဆင်လို့ရတဲ့အပိုင်း အားလုံးပြင်ဆင်ထားပြီးဖြစ်သလို ထိုင်းအသင်းကိုလည်း အကောင်းဆုံးခြေစွမ်းနဲ့ အနိုင်ယူနိုင်ဖို့မျှော်လင့်ထားပါတယ်။ ဒီနေ့မနက် အသင်းသားတွေ ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့ကြပြီး အားလုံးအတွက် ရလဒ်ကောင်းတစ်ခု စွမ်းဆောင်ပေးနိုင်ဖို့ ဆုတောင်းခဲ့ကြပါတယ်။ ဓါတ်ပုံ - Myanmar National U23 Football Team
Posted: 14 Dec 2013 12:30 AM PST
ရန်ကုန် တိုင်းဒေသကြီးတွင် တည်ရှိနေ သည့် တရုတ်ဆေးခန်းများနှင့် တရုတ်ဆေး ဆရာဝန်များကို ဆေးကုသခွင့်အတွက် အစိုးရပိုင်း မှ တရားဝင်ခွင့်ပြုထားခြင်းမရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၏ ပြောကြားမှုအရ သိရသည်။ ဒီဇင်ဘာ ၁၂ရက်ကကျင်းပ သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် အစည်းအဝေးတွင် စမ်းချောင်း မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က'တရုတ်ဆေး ခန်းများနှင့် တရုတ်ဆရာဝန်များ ကို ဆေးကုသမှုခွင့်ပြုရာတွင် သက် ဆိုင်ရာဆေးပညာတတ်ကျွမ်းမှု အထောက်အထားလိုင်စင်ရှိ/ မ ရှိ'သိရှိလိုကြောင်းမေးမြန်းမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှု ရေး ဝန်ကြီးကဖြေကြားရာ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Dec 2013 12:09 AM PST
ထိုင်း-မြန်မာနယ်စပ် တပ်ဒ်ခရိုင်အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည် စခန်းများကို ဆေးကုသမှု ပေးနေသော မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံ၏ ဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံက ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မယ်တော်ဆေးခန်းမှ ကြေညာချက် ထုတ်ပြန်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 14 Dec 2013 12:07 AM PST
ရန်ကုန်မြစ်တွင်းရှိ ဆိပ်ကမ်းမြို့နယ် သက်ကယ်ကွင်း ကျေးရွာ အနီးတွင် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်တွဲ ယာဉ်ပေါ်သို့ ရွာသူရွာသား ၂၅၀ ခန့် တက်ရောက်ကာ ဒီဇယ်များ ခပ်ယူမှုကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ခံ မန်နေဂျာ ဦးသန်းထွေးက ပြောကြားသည်။ သီလဝါဆိပ်ကမ်း အရှေ့ဘက်ရှိ ရေလယ်တွင် ကျောက်ချ ရပ်နားထားသော စင်ကာပူ ကုမ္ပဏီပိုင် သင်္ဘောပေါ်မှ ဒီဇယ် ဂါလန် သုံးသိန်းတစ်သောင်းကို ကမ်းခြေသို့ သယ်ဆောင်လာသည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်တွဲယာဉ်မှာ ဦးဆိုက်သွားသဖြင့် နီးစပ်ရာ ကမ်းစပ်ဖြစ်သော သက်ကယ်ကွင်း ကျေးရွာ အနီးသို့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကမ်းကပ်ခဲ့ကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

Posted: 14 Dec 2013 12:02 AM PST
ကော့မှူးမြို့နယ်- ဒီဇင်ဘာ၁၄

ကော့မှူးမြို့နယ် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲတွင် အဖွဲ့ချုပ်မှ ဦးဝင်းမြင့်၊ ဦးဌေးဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့နံန့က်က ဟောပြော ရှင်းလင်းသည်။

အခမ်းအနားကို နံနက် ၈:၃၀ နာရီစတင်ပြီး ၁၁နာရီကျော်တွင်ပြီးဆုံးသည်။

ထို့နောက် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများနှင့် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးသည်။

နေ့လည် ၁း၀၀နာရီတွင် ကော့မှူးမြို့နယ် ပညာရေးမှူးရုံးတွင် ဆိုလာမီးအိမ်များ လှုဒါန်းမည်ဖြစ်ပြီးဒေါ်ခင်ကြည်ေ
ဖါင်ဒေးရှင်းမှ ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးမည်ဟုသိရသည်။

ကော့မှူးမြို့နယ်မှ နေ့လည် ၃ နာရီခန့်တွင် ပြန်လည်ထွက်ခွါမည် ဖြစ်သည်။

Popular Myanmar News Journal


Posted: 13 Dec 2013 11:50 PM PST
ကန့် သတ်ကုန်ပစ္စည်းများဖြစ်သည့် အရက်၊ ဘီယာနှင့် စီးကရက်များကို တရားဝင်တင်သွင်းခွင့်ရရန် စီစဉ်နေပြီဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေး ရာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးညွန့်အောင်က ထုတ် ဖော်ပြောသည်။ မြန်မာနိုင်ငံအတွင်း အရက်၊ ဘီယာတင်သွင်းခွင့်အား ဟိုတယ် လုပ်ငန်းရှင်များကိုသာ ခွင့်ပြုထား ခြင်းကြောင့် မှောင်ခိုရောင်းဝယ် မှုများ နေရာအနှံ့ဖြစ်ပွားနေမှုကို လျော့နည်းရန်အတွက် တရားဝင် တင်သွင်းခွင့်ရရန် ဖြေလျှော့ပေး သွားမည်ဟု ရန်ကုန်တိုင်းမ်သတင်း စာနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 13 Dec 2013 11:34 PM PST
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည်စခန်းတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၂၈၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။ မွန်းလွဲ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုသည် ထမင်းချက်ရာမှ လောင်ကျွမ်းခြင်း ဖြစ်ပြီး အိမ်ထောင်စု ရှစ်စုစီ နေထိုင်သည့် တန်းလျား ၃၄ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ငှက်ချောင်း ဒုက္ခသည်စခန်းမှာ အမျိုးသားတစ်ဦးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Dec 2013 11:27 PM PST
ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရန် တက္ကသိုလ် အသီးသီးတွင် အဆောင်များ ထားရှိမှုနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းက အရေးပေါ် ကြေညာချက် တစ်စောင်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းမှ အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က The Voice သို့ ပြောကြားသည်။ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များ နေထိုင်စေသော အဆောင်များမှာ တက္ကသိုလ် ဆရာ၊ ဆရာမများ နေထိုင်လျက်ရှိသော အဆောင်များ ဖြစ်သောကြောင့်  ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 13 Dec 2013 05:50 PM PST
အခုကျင်းပနေတဲ့ (၂၇) ကြိမ်မြောက် Sea Games ခေါ် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ပြည်တွင်းသတင်းတွေဟာ နေပြည်တော်ကို တန်ဆာဆင်ပြီး ဦးသိန်းစိန်အစိုးရကို အမွှန်းတင်နေသလို ဖြစ်နေတာ တွေ့ရပါတယ်။ (၂) နှစ် တစ်ခါ အလှည့်ကျကျင်းပတဲ့ အားကစားပွဲတော်ဖြစ်ပေမယ့် မြန်မာပြည်မှာ မကျင်းပနိုင်တာ ၁၉၆၉ ကတည်းကဖြစ်လို့ (၄၄) နှစ် ရှိပါပြီ။ ပြိုင်ပွဲကျင်းပဖို့အတွက် Sea Games Federation ဟာ ကြိုတင်စည်းကမ်းတွေ သတ်မှတ်တာမျိုးတွေ မလုပ်ပါဘူး။ ဒါကြောင့် အိမ်ရှင်နိုင်ငံတွေဟာ အားကစားပွဲကို သူ့အိုးနဲ့သူ့ဆန်တန်ရုံ ကျင်းပနိုင်ကြတာကို တွေ့ရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 13 Dec 2013 05:42 PM PST
ပျဉ်းမနားမြို့နယ် အိုးဘိုတိုက်ကျေးရွာမှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက အဓိက အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လာကြတဲ့ အိုးလုပ်ငန်းဟာ အခုအချိန်မှာ တိမ်ကောစပြုနေပြီဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...