Thursday, December 26, 2013

ပြင်ရေး မပြင်ရေးနှင့် နိုင်ငံသားတစ်ဦး၏ သုံးသပ်မှု (အပိုင်း ၁)

December 13, 2013 at 1:01am
နိဒါန်း

ပြည်သူလူထု တစ်ရပ်လုံး၏ အမှန်စင်စစ် ပကတိ လိုလားချက်မှာ Democracy ဆိုသည့် လူထု အခြေပြု အုပ်ချုပ်ရေး စနစ်ချည့် သက်သက် မဟုတ်သကဲ့သို့ စစ်အာဏာရှင် ဖြုတ်ချရေးနှင့် နောက်ကြောင်း မပြန်ရေး လည်း မဟုတ်ပါ။ ပကတိ ငြိမ်းချမ်းရေးလည်း မဟုတ်သလို၊ အမျိုး၊ ဘာသာ၊ သာသနာဆိုပြီး အမျိုး စောင့်စည်းရေး လည်း မဟုတ်ပါ။ ထို့အတူ ခရိုနီ (ဝါ) မင်းကပ်ပါး လုပ်ငန်းရှင် များ ပပျောက်ရေးနှင့် ပြည်ထောင်စု စနစ် စစ်စစ် ဖြစ်ပေါ် လာရေးလည်း မဟုတ်ချေ။

အမှန်တကယ် ပြည်သူလူထု၏ လိုလားချက်မှာ တစ်ချက်တည်းသာ ဖြစ်သည်။ မည်သို့ပင် မည်သည့် ရှုထောင့်မှ ဆိုစေကာမူ ၎င်း၏ နယ်ပယ်မှ လွတ်မြောက်မည်မဟုတ်ပါ။
၎င်းကို သုံးသပ်လိုသူက Freedom of Practicing Rights & Responsibilities ဟု ဆိုချင်ပါသည်။ တနည်းအားဖြင့် ပြည်သူလူထု တစ်ရပ်လုံးမှာ မိမိတို့၏ မွေးရာပါ ရပိုင်ခွင့်များနှင့် ထမ်းဆောင်ရမည့် တာဝန် များ ကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါသည်။

အထက်ဖော်ပြပါကို ရှင်းရလျှင်မူ နေအိမ်တံခါးရှေ့သို့ ညအချိန်မတော် လုံခြုံရေး ဝန်ထမ်းများ တံခါး ခေါက်ခြင်း၊ မိမိ၏ ကံ၊ ဥာဏ်၊ ဝီရိယတို့ကို ပြည့်ဝစွာ အသုံးမချရခြင်း၊ မိမိ၏ စိတ်ကူး၊ စိတ်သန်းနှင့် ဆန္ဒတို့ကို လွယ်ကူ လွတ်လပ်စွာ မပြောဆိုခြင်းနှင့် မိမိ ယုံကြည် သက်ဝင်သည့် ဘာသာတရားတို့၏ လုပ်ဆောင်မှုများကို လွတ်လပ်စွာ မလုပ်ဆောင် ရခြင်း တို့မှ ကင်းဝေးခြင်း ဖြစ်ပါသည်။ (စာထွေး မည် စိုး၍ ရှည်လျားစွာ မဆိုတော့ပါ) တနည်းအားဖြင့် ရှင်းစွာဆိုရလျှင် သန်းခြောက်ဆယ်သော ပြည်သူလူထု၏ လိုလားချက်မှာ Democracy ဆိုသည်ကို ရရှိရန် မဟုတ်ပါ။

ခေတ်အဆက်ဆက်တွင် အုပ်ချုပ်ရေး စနစ်အမျိုးမျိုးတို့ဖြင့် အုပ်ချုပ်သူတို့သည် တိုင်းနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အထက်ပါ ကိစ္စရပ်ကို နည်းအမျိုးမျိုးဖြင့် ကြံဆောင်သော်လည်း ၎င်းတို့ကိုယ်တိုင်၏ ပညာပိုင်း ဆိုင်ရာ အားနည်းမှုများ၊ ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်တို့၏ မပြတ်သားမှု၊ အာဂတ တရားများနှင့် သဘောထားရေးရာ (ideology) အားပြိုင်မှုများကြောင့် တိုင်းနိုင်ငံတွင် ဖြစ်သင့် ဖြစ်ထိုက်သော အနေအထား၊ ရှိသင့်ရှိထိုက်သော အခြေအနေကောင်းများ မရှိခဲ့၊ မဖြစ်ခဲ့ရဘဲ မလိုလားအပ်သော ပြည်တွင်းစစ်များ၊ နိမ့်ကျမှုများနှင့် ပြည်သူလူထု မှာလည်း မိမိတို့၏ မွေးရာပါ နိုင်ငံသား တစ်ယောက်၏ ရပိုင်ခွင့်များနှင့် ထမ်းဆောင်ပိုင်ခွင့်များ ယနေ့တိုင် အပြည့်အဝ မရှိရသေးသည်ကို သုံးသပ်လိုသူနှင့် စာရှုသူအားလုံးတို့ သိပြီး ဖြစ်ပါလိမ့်မည်။

ဆက်ပါဦးမည်......

လေးစားလျက်
မောင်စော

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...