Tuesday, December 17, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၁၂)

သစ်ထူးလွင်



Posted: 17 Dec 2013 06:32 AM PST
၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှား အသင်းမှ မြန်မာ အသင်းအား (၁-၀)ဖြင့် အနိုင်ရရှိခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့ အားပေးသည့် မြန်မာအသင်း ရှုံးနိမ့်သွားသဖြင့် အားမလို အားမရဖြစ်ပြီး ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပါဝင်သည့် လူငယ်(၉)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်း ထားရှိခဲ့ပါသည်။ အဆိုပါလူငယ်များအနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံ ဘောလုံး အသင်းအား အနိုင်ရရှိ စေလိုသည့် စိတ်ဖြင့် အားပေးရာမှ အားမလို အားမရဖြစ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 17 Dec 2013 06:20 AM PST
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ မြန်မာနိုင်ငံက အမျိုးသား ဘောလုံးအသင်း မနေ့က ရှုံးနိမ့်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူမှာ ဖြစ်တဲ့အကြောင်း မြန်မာအာဏာပိုင်တွေက ပြောပါတယ်။ အကြမ်းဖက် ဖျက်ဆီးမှုတွေ ဖြစ်ခဲ့ရတဲ့အထိ ပေါ်ပေါက်ခဲ့တဲ့ မြန်မာအသင်း နည်းပြဖြစ်သူကတော့ ရှုံးနိမ့်ခဲ့ရတဲ့အပေါ် တာဝန်ရှိတဲ့အကြောင်း တောင်းပန် စကား ပြောခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပါမယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 17 Dec 2013 06:17 AM PST
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်တင်းမာနေဆဲ အခြေအနေတွေ လျော့ကျနိုင်ဖို့နဲ့ လူ့အသိုင်းအဝိုင်းနှစ်ခုကြား ပြန်လည်သင့်မြတ်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းဆောင်ရွက်ရေးဟာ အဓိကကျနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Andrew Patrick က ဒီကနေ့ ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ ဒီကနေ့ နေ့လည်ပိုင်းက ဒေသခံသတင်းထောက်တွေနဲ့တွေ့ဆုံပြီး သံအမတ်ကြီးက စကားပြန်ကတစ်ဆင့် ပြောကြားလိုက်တာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Dec 2013 05:41 AM PST
ကွမ်းလုံမြို့တွင် ဒီဇင်ဘာလ (၁၇) ရက်နေ့ မွန်းလွဲ (၁၄း၄၅)နာရီ အချိန်က လားရှိုး- ကွမ်းလုံလမ်းမပေါ် ခရိုင် သာသာနာရေး ဦးစီးဌာနရုံးနှင့် ဆက်သွယ်ရေး ရုံးကြားတွင် လေးလုံးထိုး ထော်လာဂျီ ယာဉ်မှ ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။ ပေါက်ကွဲမှုကြောင့် ဒုတပ်ကြပ် ဇော်မင်းသိန်း (အမှတ်(၂) အခြေချ စစ်ဗျူဟာ အဖွဲ့) ကွမ်းလုံမြို့၊ တင်မင်းဇော်၊ အသက်(၂၅)နှစ် Asia World ကုမ္ပဏီ စက်မောင်း၊ သူရကျော်၊ အသက်(၂၅)နှစ် Asia World စက်မောင်းတို့ (၃)ဦး သေဆုံးပြီး ဇော်မျိုးအောင် (၂၆)နှစ်၊ (နည်းပြ၊ နတလ သင်တန်းကျောင်း၊ ကွမ်းလုံ)သည် ၀ဲခြေသလုံး ရိုးကျိုးနှင့် သက်ဇေယျာထွန်း (Asia World) လုပ်သားသည် ယာလက်မောင်း ပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 17 Dec 2013 04:20 AM PST
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 17 Dec 2013 04:15 AM PST
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ၊ မိုင်တိုင်အမှတ်(၉၅/၆)နှင့် (၉၇/၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ကျိုက်ထိုရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။  စစ်ဆေးချက်အရ မော်လမြိုင်မှ ရန်ကုန်သို့ သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်နေ သက်နိုင်ဝင်း(၂၉)နှစ် မောင်းနှင်လာသော ၆က/xxxxxx ဖောအမျိုးအစား ကုန်းလမ်း ပို့ဆောင်ရေးပိုင် အပြာရောင်ယာဉ်သည် ရှေ့မှမောင်းနှင် နေသောယာဉ်အား ကျော်တက်စဉ် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောရှိ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 17 Dec 2013 03:58 AM PST
တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအားရပ်ဝန်းဟာ ဆက်အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံကို အရှေ့မြောက်က လေအေးတွေ ထိုးဆင်းပြီး အအေးပိုလာဖို့ ရှိနေပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ပြီး နောက် ၅ ရက်အတွင်း မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်၊ မွန် ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတွေမှာ ညအပူချိန် သိသိသာသာ လျော့နည်းလာနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 17 Dec 2013 03:03 AM PST
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ စစ်တပ်ပိုင် အင်းဝဘဏ်မှာ ဒီဇင်ဘာ ၁၇ ရက်မနက်က ဗိုလ်ကြီးအဆင့်ရှိ တပ်မတော် အရာရှိတဦး ဓားကိုင် ၀င်ရောက်လာပြီး အနုကြမ်းစီး လုယက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းထုတ်ပြန်ထား ပါတယ်။ အနုကြမ်းစီးသူက ဘဏ်မန်နေဂျာ ဒေါ်မိမိယဉ်ကို ဓားနဲ့ထောက်ပြီး ဘဏ်ကောင်တာမှာ ရှိတဲ့ ငွေတွေကို ကျောပိုးအိတ်ထဲ ထဲ့ခိုင်းရာမှာ ဘဏ်ဝန်ထမ်းတွေက ကောင်တာမှာ ပိုက်ဆံမရှိလို့ ငြိမ်နေကြတုန်း ဓားကို ကောင်တာပေါ် လှမ်းတင်ထားခိုက် မန်နေဂျာက ဓားကို တွန်းချ အော်ဟစ် အကူအညီတောင်းတဲ့အတွက် လုံခြုံရေးဝန်ထမ်းတွေ ရောက်လာပြီး ဖမ်းဆီး ရဲစခန်းကို ခေါ်ဆောင်သွားနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ – wunna ဖေ့ဘုတ်

Posted: 17 Dec 2013 02:54 AM PST
မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြေကုပ်ယူနေသော နယ်စပ် သောင်းကျန်းသူများ အရေး ဆွေးနွေးရန် အတွက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ အင်ဖာမြို့သို့ ရောက်ရှိနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 17 Dec 2013 02:49 AM PST
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင် ပြောင်း လဲပြင်ဆင်ရန် မန္တလေး တိုင်းဒေသကြီးအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ မန္တလေးလူ ထု၏ဆန္ဒသဘောထားရယူပွဲကို ၂၀၁၄ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပမည်ဖြစ်ရာ အဆိုပါဆန္ဒ ခံယူပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မည်ဖြစ် ကြောင်း မန္တလေး တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ် ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

သာယာဝတီ ဟောပြောပွဲ အပြန်  ဥက္ကံမြို့ လူထူကြိုဆိုနေပုံ။ 

Posted: 17 Dec 2013 02:27 AM PST
မိတ္ထီလာမြို့  ဈေးအရှေ့ ပြင်ရပ်ကွက် မြို့ ဈေးကြီး အနောက်တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမအနီး အင်းဝဘဏ်တွင် ဒီဇင်ဘာ ၁၇ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကတစ်ကိုယ်တော် အနုကြမ်းစီး လုယက်မှုဖြစ်ပွားကြောင်း သိရသည်။ အနုကြမ်းစီးသူမှာ ကန့်ဘလူမြို့ ၊အမှတ်(၆၀၀၆)တင့်ကားတပ်မှ ကြီး။၄၇၄၈၀ ဗိုလ်သင်တန်းအမှတ်စဉ် ၄၉ မှ ဗိုလ်ကြီး ဝေယံကျော်ဖြစ်သည်။ ကူမဲမြို့နယ်၊မိုင်းမော တွင် တပ်ခွဲမှူးသင်တန်း အမှတ်စဉ် ၃၆။၂၀၁၃ တို့ သင်တန်း တက်ရောက်နေသော ဗိုလ်ကြီး ဖြစ်သူဆို၏။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

အင်းဝဘဏ်ခွဲတခုအားတွေ့ ရစဉ် 

Posted: 17 Dec 2013 02:07 AM PST
ရန်ကုန်မြို့တော် အတွင်း ယာဉ်မရပ်နားရန် ကန့်သတ်ထားသည့် နေရာများတွင် စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်များကို နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ဖမ်းဆီးခဲ့ရာ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ တစ်လအတွင်း ယာဉ်စီးရေ ရှစ်ရာကျော်ကို ဖမ်းဆီး အရေးယူခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး၏ တရားဝင် စာရင်းများအရ သိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 16 Dec 2013 10:57 PM PST
ပရိသတ်များ ထိန်းမရတော့။ ထိုင်ခုံများကို ပိုရိုက်ချိုးလာကြသည်။ ဘောလုံးပွဲ အစီအစဉ် ကြေညာသူ အမျိုးသမီးက ပရိသတ်များ ထိုင်ခုံများ မရိုက်ချိုးကြရန် မေတ္တာရပ်ခံ သော်လည်းမရ။ မီးသတ်၊ လုံးထိန်းရဲ၊ ရဲတပ်ဖွဲ့ အကုန် ဝိုင်းထိန်းသည့် အတွက် ဘောလုံးကွင်းအတွင်း ငြိမ်သွားသည်။ သို့သော်ကွင်းပြင်တွင် သောင်းကျန်း ကြပြန်သည်။ "ရှက်တတ်ရင် မြန်မာအင်္ကျီတွေ ချွတ်ပြီး မီးပုံရှို့" ဟု အော်ဟစ်ကာ အင်္ကျီများ မီးပုံရှို့ ကြသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 16 Dec 2013 10:32 PM PST
မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့ ဒီဇင်ဘာ(၁၆)ရက်နေ့အထိ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု များ(၃၈၈)ရွက်နှင့် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူ အတုများ(၃၁)ရွက် စတင်သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၃)ရက် နေ့(၁၁)နာရီအချိန်ခန့်တွင် ထီးလင်းမြို့ လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ မတင်မာစန်း(၂၂)နှစ်မှ စိုက်ပျိုးစရိတ် ချေးငွေ လာရောက်သွင်းကြောင်း၊ သွင်းငွေများမှာ ၅၀၀၀ ကျပ်တန်ရွက်ရေ (၄၀)ဖြင့် ငွေနှစ်သိန်းကျပ်တိတိသွင်းကြောင်း၊ ၎င်းငွေစက္ကူများအား မင်္သကာ၍စစ်ဆေးကြည့်ရာ အတုများဖြစ်နေ ၍ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 16 Dec 2013 10:26 PM PST
မင်္ဂလာဒုံမြို့နယ်တွင် ၅၀၀၀ တန် ငွေစက္ကူအတုများ သုံးစွဲခဲ့သည့် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို မြို့နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ တွင် အမှုဖွင့်ပြီး စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၁၃ ရက်က အမှတ် ၄၇၊ ပိတောက်လမ်းနေ (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဈေးအတွင်းတွင် ဖမ်းဆီးခဲ့ရာ ၎င်းထံမှ အတုဟုယူဆရသော ငွေစက္ကူခြောက်ရွက်တို့ကို သိမ်းဆည်းရ မိထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Dec 2013 10:23 PM PST
အသက်မပြည့်သေးသည့် ကလေးငယ်များ ဖြားယောင်သွေးဆောင်ခံရမှု နှစ်ခုလှည်းကူးနှင့် ထန်းတပင် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာမိဘများက ဒီဇင်ဘာ ၁၅ ရက်တွင် အမှုဖွင့်တိုင်တန်းထား ကြသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်တစ်ခုမှာ လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီ အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 16 Dec 2013 10:15 PM PST
အကြိုဗိုလ်လုပွဲတက်ရန် အကောင်းဆုံးအနေအထား ရခဲ့သည့် မြန်မာဘောလုံးအသင်းသည် မယုံနိုင်လောက်သည့် လွဲချော်မှုကြောင့် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ၍ မြန်မာပရိသတ်များ ဒီဇင်ဘာ ၁၆ ရက်ညတွင် ပေါက်ကွဲခဲ့ကြသည်။ အုပ်စုတွင်း မဟာပြိုင်ဘက် ထိုင်းထံမှ ဆီးဂိမ်းပြိုင်ပွဲတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် သရေတစ်မှတ်ရရှိခြင်း၊ နှစ်aပါင်း ၄၀ ကြာမှ အိမ်ရှင်အဖြစ် ပြန်လည်လက်ခံကျင်းပခွင့်ရခြင်း အစရှိသည့် အချက်များကြောင့် အင်ဒိုနီးရှားနှင့်ပွဲကို လာရောက် ကြည့်ရှုသည့် သောင်းနှင့်ချီသည့် ပရိသတ်များသည် ရှုံးပွဲကြောင့် ဒေါသထွက်ကာ ပေါက်ကွဲခဲ့ကြသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ - 7Day News Journal

Posted: 16 Dec 2013 10:06 PM PST
ကြက်ခြေနီဆိုသည့် ဝေါဟာရကို လူတိုင်းသိကြမည် ဖြစ်ပါသည်။ စာရှည်မည်စိုး၍ သမိုင်းကြောင်းများကို ပြန် လည်၍ မဖော်ပြလိုတော့ပါ။ စာရေးသူဖော်ပြလိုသည်မှာ ယနေ့မျက်မှောက်ကာလတွင် စေတနာ့ ဝန်ထမ်းတာဝန်ထမ်း ဆောင်နေကြသော တပ်ဖွဲ့ဝင်များ ကြုံတွေ့နေရသော အခက်အခဲများ၊ အရပ်ဖက်ဌာနများမှ အနိုင်အထက်ဆောင်ရွက်မှု များ၊ မသမာပြုမှုများ၊ ဗျုရိုကရက်ဆန်သော အုပ်ချုပ်သူများ၊ အခွင့်အရေးကိုမျှော်ကိုးသူများ၊ အဖွဲ့အစည်းကို ခုတုံးလုပ်၍ မိမိအကျိုးစီးပွားအတွက် ဆောင်ရွက်သူများ၊ သာရာကူးများ၊ ခွတုတ်များ အကြောင်းကို တင်ပြပါမည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 16 Dec 2013 09:24 PM PST
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကုကိ္ကု ကုန်းရဲစခန်းပိုင်နယ်မြေတွင် သား ဖြစ်သူက ဖခင်ဖြစ်သူကို လယ် ယာသုံးဓားမဖြင့် ခုတ်သတ်မှုဖြစ် ပွားနေကြောင်း သတင်းရသည်။ ဒီဇင်ဘာ ၁၅ ရက်နေ့၊ နံနက် (၆) နာရီအချိန်ခန့်က တောင်တွင်း ကြီးမြို့နယ်၊ ကြို့ချောင်းအလယ် စုရွာနေ မတင်တင်မြင့် (၁၈)နှစ်၊ (ဘ)ဦးအောင်သာ၊ တောင်သူ လုပ်ကိုင်သူသည် ဖခင်ဖြစ်သူ ဦး အောင်သာနှင့်အတူ မီးလှုံနေစဉ် တစ်ဝိုင်းတည်းအိမ်တောင်ဘက် ကပ်လျက်ရှိနေအိမ်တွင် တစ်ဦး တည်းနေထိုင်သောအစ်ကိုအရင်း ဖြစ်သူ ကိုမြင့်ဇော်(၃၇)နှစ်၊ (ဘ) ဦးအောင်သာသည် ဖခင်၏ဆို ဆုံးမမှုတို့ကိုမကျေနပ်၍ နေအိမ် ပေါ်မှဆင်းလာပြီး လက်ထဲတွင် အသင့်ပါလာသော ၀ါးရိုးတပ် အရိုးအသွား (၂၂)လက်မရှိ တောင်သူသုံးဓားမဖြင့် ဖခင် ဖြစ်သူကို ခုတ်ရာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 16 Dec 2013 09:17 PM PST
စစ်ကိုင်းတိုင်းဒေသကြီး၊  ကောလင်းမြို့နယ်၊ ကျောက်တန်း အုပ်စု၊ ပေကုန်းရွာတွင် ၂၀၁၃ ဒီဇင်ဘာ(၅)ရက်နေ့ ည(၈)နာရီ အချိန်ခန့်က ဦးဝင်းလှိုင် (၃၇) နှစ် သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အိမ်မြောက်ဘက်(၂)ဖာလုံခန့် အကွာမှ အော်သံများကြားရသဖြင့် သွားရောက်ကြည့်ရှုရာ ဦး အောင်ငြိမ်းဆိုသူ၏ နေအိမ်ရှေ့ လမ်းမပေါ်တွင် အစ်ကိုဖြစ်သူ မောင်စန်းသည် သွေးများစိုရွဲနေပြီး ဓားဒဏ်ရာ(၂)ချက်ဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသောကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 16 Dec 2013 08:55 PM PST
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာလ ၈ ရက်တွင် တ ရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် NLD ကိုယ်စားလှယ်အဖွဲ့ကို ပေကျင်းမြို့ရှိ ၀မ်ပေါင်ကုမ်ဏီရုံးခန်းသို့ ဖိတ်ခေါ်၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆိုင်ရာကိစ္စများ ရှင်းလင်းပြောဆိုခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က ဒီဇင်ဘာ ၁၆ ရက်တွင် မဇိ္ဈမကို ပြော သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Dec 2013 08:34 PM PST
မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါဝင်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အ တိုင်း ဒီမိုကရေစီကျင့်စဉ်များကို ၀ိုင်းဝန်းထိန်းသိမ်းရန်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ပြောဆိုလိုက်သည်။  “အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်နေရခြင်းမှာလည်း နိုင်ငံရေးတည်ငြိမ်မှုရင့်ကျက်ခြင်း၊ ပြည်သူပြည်သားများ၏ ဒီမိုကရေစီကျင့်စဉ်များ၊ ဥပဒေနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းများအတွက် ၀ိုင်းဝန်းထိန်းသိမ်းရန် ဖြစ်ကြောင်း”ဟု တပ်မတော်ပိုင် မြ၀တီသတင်းစာ၏ ဒီဇင်ဘာလ ၁၆ ရက်ထုတ် တွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 16 Dec 2013 08:12 PM PST
အင်ဒိုနီးရှား အသင်းကို အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ရှုံးနိမ့်ကာ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာ အသင်းကို (၂)နှစ်ကြာ တာဝန်ယူခဲ့သည့် တောင်ကိုရီးယား နိုင်ငံသား နည်းပြချုပ် ပတ်ဆောင်ဟွာကို မြန်မာအသင်း၏ နည်းပြချုပ် အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ကြေငြာခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 16 Dec 2013 08:08 PM PST
တောင် ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက် အတွင်းရှိ သုံးရာသီ Beauty Spa မီးလောင်မှုဖြစ် ပွားခဲ့ရာ ၁၈နှစ် အရွယ် အမျိုးသမီးတစ်ဦးသေဆုံး ခဲ့ပြီး တန်ဖိုးငွေကျပ်၂၃သိန်းခန့် ဆုံးရှုံးမှုရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုသည် ဒီဇင်ဘာ ၁၆ရက် မွန်းလွဲ ၁၂နာရီ ၁ဝမိနစ်ဝန်းကျင်က တောင်ဥက္က လာပမြို့နယ် (၁၂)ရပ်ကွက် သုမင်္ဂ လာလမ်းအမှတ် ၁၅၃ သုံးထပ်ခွဲ တိုက်၊ ဒုတိယထပ် ဒါဘာနှစ်ခန်းတွဲ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ် ဦးစီးဌာန ၏ မှတ်ချက်အရ ပေါ့ ဆမီးဖြစ်ကြောင်း၊ သေဆုံးသူအမျိုး သမီးမှာ မီးခိုးမွှန်သေ ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 16 Dec 2013 07:03 PM PST
မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘောလုံးပွဲအပြီးပရိသတ်တွေနဲ့ လုံခြုံရေး တာဝန်ရှိသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Photo : RFA/ Sai Htun Aung Lwin




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...