Wednesday, December 11, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၁၂)

သစ်ထူးလွင်




Posted: 11 Dec 2013 05:28 AM PST
လား ​ရှိုး​မြို့​ရဲ့ ​ရပ်​ကွက်​တိုင်း​ လို​လို​မှာ ​ဖွင့်​ထား​တဲ့ ​အ​ကြွေ​စေ့​ လောင်း​က​စား​ရုံ​တွေ​ကို ​ပိတ်​သိမ်း​ပေး​ဖို့​နဲ့ ​ဖမ်း​ဆီး​အ​ရေး​ယူ​ပေး​ဖို့ ​မြို့​ခံ​လူ​တွေ​က ​တာဝန်​ရှိ​သူ​တွေ​ကို ​တောင်း​ဆို​လိုက်​ကြ​ပါ​တယ်။လား​ရှိုး​မြို့ ​လူ​စည်​ကား​တဲ့ ​နေ​ရာ​တွေ​ဖြစ်​တဲ့ ​စာ​သင်​ကျောင်း​၊ ​ကား​ဂိတ်၊ ​ဘူ​တာ​တွေ​ရဲ့​အ​နီး​မှာ ​ပိုက်​ဆံ​နဲ့ ​လဲ​ပြီး ​က​စား​ရ​တဲ့ ​အ​ကြွေ​စေ့ ​လောင်း​က​စား​ရုံ​တွေ ​ဖွ​င့်​လှစ်​ထား​တာ​ပါ။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Dec 2013 05:08 AM PST
မင်္ဂလာဒုံလေဆိပ် အ၀င်လမ်းတွင် ဒီဇင်ဘာလ ၅ ရက်က ဖြစ်ပွားခဲ့သော မထသ (ဗဟို) လက်အောက်ရှိ အမှတ် (၄၈) အထူးယာဉ်လိုင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့မှုအတွက် သေဆုံးသူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ယာဉ်ပိုင်ရှင်က နစ်နာကြေးပေးခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါယာဉ်မှာ ဒီဇင်ဘာ ၅ ရက်က မြောက်ဥက္ကလာပမြို့နယ်အတွင်း မင်္ဂလာဒုံလေဆိပ် အ၀င်လမ်းအတိုင်း မောင်းလာစဉ် ဘရိတ်ပေါက်ကာ လက်ယာဘက်လမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသမီးလေးဦးအား ၀င်တိုက်မိရာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2013 04:59 AM PST
ပြီးခဲ့သည့်နှစ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၁၀ ကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၈ ရက်က ဆက်လက်ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။ ““ဒီနှစ် ဒီဇင်ဘာ ၈ ရက်ဆိုရင် မောင်တောနယ်စပ်မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ဟာ တစ်နှစ်နဲ့ ခြောက်လ ရှိသွားပါပြီ။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကြောင့် အရင်တုန်းက မြို့ပေါ်မှာ လုံခြုံရေးတာဝန်ယူထားသူတွေနဲ့ ဒေသခံ တိုင်းရင်းသားလူငယ်တွေအကြား အချိန်လွန်သွားလာနေတဲ့ကိစ္စနဲ့ အခင်းဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဒေသအခြေအနေအရ ညမထွက်ရအမိန့် ဆက်မထုတ်လို့မဖြစ် ဖြစ်နေပါတယ်””ဟု မြို့ခံတစ်ဦးက ပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပဋိပက္ခစတင်ဖြစ်ပွားခဲ့ရာ မောင်တောမြို့ကို အပေါ်စီးမှ မြင်ရစဉ် ဓာတ်ပုံ-သီဟ / 7day Daily 

Posted: 11 Dec 2013 04:56 AM PST
ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ် များတွင် ရိုက်ခတ်မှုဖြစ်စေသော အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ကို ပြေးမြင်ကြမည်ဟု ထင်မိပါသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးအခင်းများ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံ တို့ ၏ ပဋိပက္ခများက သတင်းစာမျက်နှာများ ထက်တွင် ပလူပျံနေချိန်၌ မြန်မာနိုင်ငံသည် သတိထားရမည့် အိမ်နီးချင်းတစ်ဦး ဖြစ်သော ထိုင်းနိုင်ငံကို မေ့လျော့နေနိုင်ပါသည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2013 04:30 AM PST
ဒီဇင်ဘာလ(၁၄)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 14

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2013 04:29 AM PST
ဒီဇင်ဘာလ(၁၃)ရက်နေ့ ထုတ် Hot News Weekly Vol 4 No 170

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2013 04:28 AM PST
ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2013 04:27 AM PST
ဒီဇင်ဘာလ(၈)ရက်နေ့ ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ - ၁ ၊ အမှတ် - ၅၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Dec 2013 02:15 AM PST
ကံ့ကော်နှင့် စိန်ပန်းတို့ဖူးပွင့်ရာ တက္ကသိုလ် ကျောင်းတော်ကြီးသည် စစ်အာဏာရှင် ခေတ်အလွန် ယခုပြန်လည်နိုးထခွင့်ရရှိ လိုက်ပါပြီ။ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်ဝတ်ပြုကျောင်းနှင့် အင်းလျားကန်ရေပြင်တို့သည် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို အသင့်ကြိုဆိုနေကြလေပြီ။ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ စာပေပညာရှင်ဆရာဇော်ဂျီ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ စီးပွားရေးပညာရှင် ရော်နယ်ဖင်ဒလေတို့ကဲ့သို့ နယ်ပယ်အသီးသီးမှ ထူးချွန်ထက်မြက်၊ အောင်မြင်၊ ကျော်ကြားသူများကို မွေးထုတ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်သည် ဆယ်စုနှစ် နှစ်စုနီးပါး အသက်မဲ့သွားခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရက ပြန်လည်အသက်ဝင်စေခဲ့ပြီဖြစ်၏။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- နစ်ကီ ။ 7Day News Journal 

Posted: 11 Dec 2013 02:11 AM PST
နှစ်ပေါင်း ၅ဝခန့်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည့် စစ်အာဏာရှင်များ၏ မူဝါဒများကို ရိုက်သွင်းပေးသော ဗဟိုဝန် ထမ်းတက္ကသိုလ် (ဖောင်ကြီးသင် တန်း)အား လုံးဝဖျက်သိမ်းသင့် နေပြီဟု ပညာရေးအသိုင်းအဝိုင်း မှ ဆရာတချို့က ဝေဖန်ပြော ကြားလိုက်သည်။ လက်ရှိဗဟိုဝန်ထမ်းတက္က သိုလ်၏ သင်ရိုးညွှန်းတမ်းများမှာ ယနေ့ခေတ် အချိန်အခါနှင့် ညီ ညွတ်မှုမရှိတော့သဖြင့် ပြုပြင် ပြောင်းလဲရန် စီစဉ်လျက် ရှိသော် လည်း ယင်းတက္ကသိုလ်ကို တက် ရောက်ဖူးသည့် ပညာရေးဝန်ကြီး ဌာနမှဆရာများကမူ ယင်းသို့ပြန် လည်ပြုပြင်မည့်အစား လုံးဝဖျက် သိမ်းသင့်ကြောင်း၊ ယင်းတက္ကသိုလ် မှာ နိုင်ငံတော်၏ဘဏ္ဍာငွေများ အလဟဿဖြစ်နေသည့်နေရာ ဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2013 01:44 AM PST
နေပြည်တော် ဆီးဂိမ်းဖွင့်ပွဲ သတင်းယူမယ့် ပြည်တွင်းပြည်ပ မီဒီယာသမားတွေ အတားဆီး ခံနေရတဲ့ မြင်ကွင်း တိုက်ရိုက် သတင်းပေးပို့ချက် (ညနေ ၃း၃၀နာရီ)


 ဒီ​ဇင်​ဘာ ၁၁ ​ရက် ​ဒီ​နေ့ ​ည​နေ ​နေ​ပြည်​တော်​မှာ ​ကျင်း​ပ​ဖို့ ​ရှိ​တဲ့ ၂၇ ​ကြိမ်​မြောက် ​အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ (​ဆီး​ဂိမ်း​ ​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​ကို ​တက်​ရောက် ​သ​တင်း ​ယူ​မယ့် ​ပြည်​တွင်း​နဲ့ ​ပြည်​ပ​သ​တင်း​သ​မား​တွေ ​အ​နေ​နဲ့ ၀​ဏ္ဏ​သိ​ဒ္ဓိ ​အား​က​စား​ကွင်း​ကြီး​ကို ​သွား​ရောက်​နိုင်​ဖို့ ​အ​ခက်​အ​ခဲ ​အ​တား​အ​ဆီး​တွေ​နဲ့ ​ရင်​ဆိုင်​နေ​ရ​ပါ​တယ်။

ဒီ​ဗွီ​ဘီ​ရဲ့ ​သ​တင်း​ထောက် ​ဦး​အေး​နိုင်​က ​နေ​ပြည်​တော်​က​နေ ​သ​တင်း​ရ​ယူ​မှု​အ​ခြေ​အ​နေ​နဲ့ ​သ​တင်း​ပေး​ပို့ ​ထား​တာ​ကို ​အ​ပြည့်​အ​စုံ ​နား​ဆင်​ကြည့်ရှု နိုင်​ပါ​တယ်။ DVB TV News

Posted: 11 Dec 2013 01:32 AM PST
ကာ ​တာ​နိုင်​ငံ ​ဒို​ဟာ​မြို့​မှာ ​ကျင်း​ပ​နေ​တဲ့ ​က​မ္ဘာ ​ကျန်း​မာ​ရေး ​ဆန်း​သစ်​တီ​ထွင်​မှု​ဆိုင်​ရာ ​ထိပ်​သီး​ညီ​လာ​ခံ (WISH ​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ကျန်း​မာ​ရေး ​အ​ခြေ​အ​နေ​နဲ့ ​ပတ်​သက်​ပြီး ​ပြော​ဆို​ခဲ့​ပါ​တယ်။မြန်​မာ​နိုင်​ငံ​က ​အ​ကောင်း​ဆုံး ​ကျန်း​မာ​ရေး ​ပြု​စု​စောင့်ေ​ရှာက်​မှု​စ​နစ် ​ကို ​နိုင်​ငံ​ကို ​နှစ်​ပေါင်း ၆၀ ​ခန့် ​အုပ်​ချုပ်​ခဲ့​တဲ့ ​ကို​လို​နီ​အ​စိုး​ရ​ဆီ​က​နေ ​လက်​ခံ​ရ​ရှိ​ခဲ့​သ​လို ​လွတ်​လပ်​ရေး​ရ​ပြီး​တဲ့​နောက် ​အ​စိုး​ရ​က ​အဲ​ဒီ​အ​မွေ​ပေါ်​မှာ ​ဆက်​လက်​တည်​ဆောက်​ခဲ့​ကာ ​ကျန်​မာ​ရေး​စောင့်ေ​ရှာက်​မှု​မှာ ​မြန်​မာ​ဟာ ​ဒေ​သ​တွင်း​မှာ ​အ​ကောင်း​ဆုံး​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2013 01:11 AM PST
အစိုးရနှင့် ကေအိုင်အိုတို့ကြား အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့သော မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး နှစ်ပတ်ကျော်ခန့်အကြာ မန်စီမြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့သည်။ မုန်းဒိန်ပါ၊ နမ့်လင်းပါကျေးရွာ ၀န်းကျင်များတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့ပြီးနောက် ဒေသခံ ပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ်နှင့် ဗန်းမော်မြို့သို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ ရသည်။ ၂ နှစ်ကျော်ကာလ အတွင်း စစ်ဘေး ဒုက္ခသည် ပြည်သူတစ်သိန်း ကျော်အရေး မဖြေရှင်းနိုင်မီ စစ်ရှောင်ပြည်သူများ ထပ်မံတိုးပွား နေဆဲဖြစ်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2013 01:12 AM PST
၂၀၀၈ အခြေခံ ဥပဒေအရ ဖွဲ့စည်းထားသော လွှတ်တော်များ အသက်ဝင်လာသည်မှာ သုံးနှစ်နီးပါး ခန့်ရှိလာပြီဖြစ်သည်။ ပြည်ထောင်စု အဆင့် လွှတ်တော်များ ဖြစ်သည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် စသည့် လွှတ်တော်သုံးရပ်၏ လုပ်ဆောင်ချက်များသည် ပြည်ထောင်စု အစိုးရအဖွဲ့ကို ကောင်းစွာစောင့်ကြည့် ထိန်းညှိပြီး အပြန်အလှန်ထိန်း ကျောင်းကာ (Checkand Balance) ၊ ဥပဒေပြု တာဝန်များကို သက်တမ်းနှင့် စာလျှင် တာဝန်ကျေအောင် ဆောင်ရွက်လာနိုင်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- အိဖြူလွင် ။ 7Day News Journal

Posted: 11 Dec 2013 12:19 AM PST
၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက yangon police facebook မှာပါတဲ့  ရည်စားဟောင်းဖြစ်သူမှ လက်ကောက်အား လုယူသွားမှု သတင်းနဲ့ပတ်သက်လို့  ကာယကံရှင်မှ ရှင်းလင်းပြောကြား၍  ပြန်လည်တရားစွဲ လိုက်ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က Yangon Police Book မှာပါတဲ့  သာကေတမြို့နယ်နေ မနုနုထွေး၊ (ဘ)ဦးအုန်းလွင်က ၎င်းအား ရည်းစားဟောင်းဖြစ်သူ အောင်နိုင်ဦးမှ  ရွှေပုဇွန် စားသောက်ဆိုင်မှာ စားသောက်ပြီးအပြန်မှာ  ကားနှင့်ခေါ်လာခဲ့ပြီး  မယူလျှင်  သတ်ပစ်မည်ဟုပြောဆို၍  သန်လျင်ဘက်သို့  မောင်းနှင်ခဲ့ကြောင်း၊ မနုနုထွေးက  အိမ်ပြန်ပို့ပေးရန်ပြောပြီး  ကားပေါ်မှ  ဆင်းမည်ပြုစဉ်  ဆံပင်ဆွဲပြီး  လည်ပင်းကို  လက်နှင့်ရိုက်ကာ  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2013 11:42 PM PST
မရမ်းကုန်မြို့နယ် အထက (၄)မှ ကျောင်းသားလေး လေးဦး ထူးဆန်း စွာပျောက် ဆုံးသွားကြောင်း ဖေ့စ်ဘွတ်ခ်သတင်းတွေ ပလူပျံ သွားသည်။ ထိုကလေးတွေက လိမ္မာယဉ်ကျေးရှိသည်ဟုလည်း ဆိုသည်။ ရှာသူတွေ ခေါင်းနောက် ကုန်သည်။ ''သူတို့က နေပြည်တော် မှာ ကျင်းပနေတဲ့ ဆီးဂိမ်းကိုကြည့် ချင်လို့ ထွက်သွားကြတာတဲ့ဗျာ။ အခု နေပြည်တော်ဘူတာကို ရောက်ပြီး မသွားတတ်၊ မလာ တတ်ဖြစ်နေပြီတဲ့''ဟု အဆိုပါက လေးများထဲမှ တစ်ဦးက သူ့အစ်ကို ဖုန်းသို့ဆက်သွယ်ခဲ့သည့် သတင်း ကို အိမ်နီးချင်းတစ်ဦးက ရန်ကုန် တိုင်းမ်သို့ မသက်မသာပြောပြ သည်။ အဆိုပါကလေး လေးဦးမှာ အသက် ၁၃နှစ်ခန့်ရှိ သတ္တမတန်း ကျောင်း သားများ ဖြစ်ကြသော မရမ်းကုန်းမြို့နယ်နေ တင်ကိုကို၊ သုတဆွေ၊ ငြိမ်းချမ်းသော်၊ မင်း ကိုကို စသည့် လူငယ်လေးဦးတို့ ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Dec 2013 12:57 AM PST
နိုင်ငံတော် သမ္မတအမိန့်ဖြင့် ဒီဇင်ဘာလ ၁၁ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၁၃ခုမှ ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်မှု (စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈)၊ အများပြည်သူ အကျိုး ပျက်ဆီးမှုကို ဖြစ်ပေါ်စေသော ဖော်ပြချက် (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅) တို့ဖြင့် ပြစ်ဒဏ်ကျခံနေသူ အများစု အပါအ၀င် စုစုပေါင်း အကျဉ်းသား ၄၄ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု အကျဉ်းဦးစီးဌာန စာရင်းများကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 10 Dec 2013 11:34 PM PST
ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းတွင် ရိုးရာယဉ်ကျေးမှုကို ပြသပြီး ဝင်ငွေရှာနေသည့် လည်ပင်းကြေးကွင်းဝတ် ကယန်း တိုင်းရင်းသားများ အနေနှင့် မိမိတို့၏ နေရပ်ရင်း ဒေသသို့ ပြန်လာပါက စားဝတ်နေရေး နှင့် အလုပ်အကိုင် အတွက် ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်ထားကြောင်း ကယားပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ဦးက ဒီဇင်ဘာလ ၆ ရက်နေ့က ပြောကြားသည်။ "ကျွန်တော်တို့ တိုင်းရင်းသားတွေကို သူများ ခိုင်းစားတာ မလိုချင်ဘူး။ မလိုလားဘူး။ သူတို့ရဲ့ ဝင်ငွေနဲ့ ထိုက်သင့်တဲ့ လစာနဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲထားပါတယ်။ ခုချက်ချင်း ပြန်လာမယ်ဆို ခုချက်ချင်း လက်ခံပါမယ်။ အချိန်မရွေးပါ" ဟု ၄င်းက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2013 11:31 PM PST

ယနေ့ ဦးဝင်းချို နှင့် အပေါင်းအပါ (၆)ဦးထဲမှ (၅)ဦး ကျင့်(၄၀၁)ဖြင့် ထောင်မှပြန်လွှတ် ၊ ဓါတ်ပုံ - ကိုသန့် ဇင် 
ပဲခူးမြို့တွင် နိုင်ငံသားအရေး ဆောင်ရွက်ခဲ့သူ ဦးဝင်ချို နှင့် အပေါင်းအပါ(၆)ဦးအား (၂၉.၁၁.၂၀၁၃)နေ့ တွင် ပဲခူးမြို့နယ် တရားရုံး၌ မြို့နယ် တရားသူကြီး ဦးကျော်စိုးမှ  ပုဒ်မ ၅၀၅ (ခ)အမှုအတွက်သာ တစ်ဦးလျှင် ထောင်ဒဏ်(၆)လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ ပါသည်။

၎င်းတို့(၆)ဦး အမှု ရင်ဆိုင် နေစဉ်ကာလအတွင်း ချုပ်ရက် ပေါင်း(၉၀)ရက် ရရှိထားပြီ ဖြစ်သည်။

 (၁၁.၁၂.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်တွင် သမ္မတ၏ လွတ်ငြိမ်ချမ်းသာခွင့် အမိန့် နှင့် ဦးဝင်းချို၊ လေးနိုင်ဦး၊ ဘုံဘုံ၊ ဟန်လင်းအောင်နှင့် ထိန်လင်းတို့အား ကျင့်(၄၀၁)ဖြင့် ပဲခူးအကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်သည်။

သို့ သော် ကိုရန်ပိုင်စိုးမှာ ခြံမြေကိစ္စ ပုဒ်မ ၄၄၃ဖြင့် တရားဆွဲဆို ထားသောကြောင့်(၁၃.၁၂.၂၀၁၃)နေ့တွ
င် အာမခံရ၍ လွှတ်မြောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

by Thit Htoo Lwin

Posted: 10 Dec 2013 11:12 PM PST
အာရုံကြောဆေးအစား ပိုလိုပေါင်းသတ်ဆေးကို မှားယွင်းသောက်သုံးမိသူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှ လယ်ကူလီ အမျိုးသမီးငယ်တစ်ဦးသည် ဒီဇင်ဘာ ၈ ရက် ညနေကသေဆုံးသွားသည်ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က သုံးခွမြို့နယ်၊ ညောင်နီရွာနေ လယ်ကူလီ တစ်ဦးဖြစ်သူ မစိမ်းအိဖြူ ၁၈ နှစ်ကို သုံးခွဆေးရုံသို့ ပို့ဆောင်ရာတွင် ဆေးရုံရောက်ရှိသည့် အချိန်၌ သေဆုံးနေပြီး စစ်ဆေးရာတွင် သေဆုံးသူမှာ ပြင်ပဒဏ်ရာ မတွေ့ရှိရပဲ ပါးစပ်မှ ပိုးသတ်ဆေးနံ့ရသဖြင့် သေဆုံးသူ၏ မိသားစုကို မေးမြန်းကြည့်ရာ သေဆုံးသူသည် အတက်ရောဂါရှိကြောင်းနှင့် အာရုံကြော ဆေးသောက်နေရသူဖြစ်ကြောင်းသိရှိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2013 11:06 PM PST
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် “မမကြီး” အမည်ရှိ အနှိပ်ခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်က ဘုရင့်နောင်နယ်မြေ ရဲစခန်းက၀င် ရောက်ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ ဘုရင့်နောင်ပွဲရုံဝင်း၊ ယုဇနလမ်း၊ အမှတ် (ဋ/၁၁)ရှိ “မမကြီး”ဆိုင်သည် အလှပြင်ဆိုင်အမည်ခံပြီး အနှိပ် ခန်းပြုလုပ်နေခြင်းဖြစ်သည်ဟု သတင်းရရှိထားသဖြင့် သက်သေများနှင့်အတူဝင် ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Dec 2013 10:53 PM PST
မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ နယ် မိုးထိမိုးမိဒေသရှိ အမျိုးသား ကြီးပွားတိုး တက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်သို့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရန်အတွက် ဌာနဆိုင် ရာများ သို့ သတင်းပေးပို့ခြင်းမရှိ ဘဲ ရောက်ရှိ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ဦးကို ဒီဇင် ဘာ ၉ရက်တွင် မန္တလေးအပြည် ပြည် ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပြည် နှင်ပို့ဆောင်လိုက်ကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရ သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2013 10:45 PM PST
အကယ်၍သာ မီးဘေးလုံခြုံရေး ဆိုင်ရာ အစီအမံတွေသာ ကောင်းမွန်ခဲ့လျှင် သူတို့အသက်ချမ်းသာ ကောင်း ချမ်းသာနိုင်ပါသည်။ သို့သော် အရေးပေါ် မီးငြှိမ်းသတ် နိုင်ရေး အစီအမံ များအား နည်းမှုကြောင့် တစ်နေ့တာလုံး တခြားသူများအား လှပအောင်ပြုပြင် ဖန်တီးပေးခဲ့သော သူတို့တတွေ မလှမပဖြင့် ဘဝနိဂုံး ချုပ်ခဲ့ကြရပြီ ဖြစ်သည်။ ရန်ကုန်မြို့ပြင်ရှိ နာမည်ကျော် ဂန္ဓမာဟိုးဆေး( Ganda mar - wholesale)ဈေးဝယ်စင် တာ အပေါ်ဆုံး ထပ်ရှိ ဗီးနပ်ဂါး ဒင်းစပါး(vinus garden spa)အလှပြင်ဆိုင်တွင် ဒီဇင်ဘာ၁၀ ရက်အကူး သန်းခေါင်ယံအလွန် က မီးလောင်မှုဖြစ် ပွားခဲ့ရာ လူခုနစ် ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2013 10:37 PM PST
လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ကျပ်သိန်းတစ်ထောင် အသုံးပြုနိုင်မည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက ဥပဒေအတည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးခြင်း မရှိသော်လည်း အဆိုပါ အသုံးစရိတ် ကျပ်သိန်းတစ်ထောင်ကို ပြည်ထောင်စုလွှတ်တော်က ယနေ့ စတင်သုံးစွဲခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စု လွှတ်တော်ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2013 07:42 PM PST
တောင်အာဖရိ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ကို ဂုဏ်ပြုတဲ့ အောက်မေ့ပွဲမှာ စင်မြင့်ရှိရာသွားတဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကျူးဘားသမ္မတ ရောင်း ကက်စထရို (Raul Castro) ကို လမ်းမှာလက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံကြား ၁၉၆၁ ခုနှစ်ထဲက သံတမန် ဆက်ဆံရေး မရှိခဲ့တဲ့အတွက် အခုလို သမ္မတ ၂ ယောက် လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စက ဂရုစိုက်စရာ ဖြစ်ခဲ့ပါတယ်။ အခုနှစ်ပိုင်းတွေ အတွင်းမှာတော့ ၂ နိုင်ငံ ဆက်ဆံရေးဟာ စတင်ပျော့ပြောင်းလာနေပေမဲ့ ကျူးဘား အပေါ် အမေရိကန်ရဲ့ ကုန်သွယ်ရေးအရ ဒဏ်ခတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...