Saturday, December 28, 2013

လွတ်လပ်ရေးအကြိုကာလ အောင်ဆန်းအက်တလီ စာချုပ်၏ အနှစ်သာရ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(Written by - နီငြိမ်း)

၁၉၄၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့သည်မှာ နု-အက်တလီ စာချုပ်ကြောင့်ဟု လူသိများသည်။ သမိုင်းကို စစ်စစ်ပေါက်ပေါက် လေ့လာလျှင် လွတ်လပ်ရေးရခြင်းသည် အောင်ဆန်းအက်တလီစာချုပ်အပေါ်၌ အခြေခံသည်။ မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှစနစ် ဓနသဟာယအတွင်း နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ဆောလျင်စွာ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်က မျှော်မှန်းသည်။ ဗိုလ်ချုပ်တို့ သဘောတူညီချက်များ အပြည့်အစုံမှာမရပါ။ ယခုရှာဖွေရသည်ကို ဂျာနယ်မှ တင်ပြလိုက်ပါသည်။ ခေါင်းစီးအလိုက်ဖော်ပြပါမည်။

တိုင်းပြုပြည်ပြုလွှတ်တော်

၁၉၃၅ ခု အက်ဥပဒေအရ ဥပဒေပြုအဖွဲ့အစား တိုင်းပြုပြည်ပြုလွှတ်တော်တစ်ခု လွှတ်တော်တစ်ရပ်ကို ရွေးကောက်တင်မြှောက်ဖို့လိုသည်။
ဧပြီလအတွင်း လူမျိုးသီးခြားမထားသောအစု၊ ကရင်အမျိုးသားအစု၊ အင်္ဂလိပ်၊ မြန်မာ ကပြားအစုတို့အတွက် ရွေးကောက်ပွဲကျင်းပမည်။ ထိုအစုအဖွဲ့တိုင်းက ကိုယ်စားလှယ်နှစ်ဦးစီ လွှတ်ရမည်။

ခေတ်ပြောင်းချိန်က အရေးကြီး

၁၉၃၅ ခုတွင် ဖြစ်ပေါ်လာသော အက်ဥပဒေပါ အထူးအာဏာများနှင့် ၄၅း၃ ယာယီစီမံချက် ဥပဒေများ ပေါင်းစပ်ကာ ဘုရင်ခံကာင်စီတွင် အမိန့်များထုတ်ပြန် ဆာင်ရွက်ကြမည်။
အထူးဆောင်ရွက်ရန်လိုသည်ဟူသော ထင်မြင်ချက်များရှိလျှင် အစိုးရက ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားမည်။

ကြားဖြတ်အစိုးရအဖွဲ့

ကြားဖြတ်အစိုးရအဖွဲ့အတွင်း ၁၉၄၅ ခုနှစ် အက်ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဥပဒေပြုကောင်စီရှိမည်။ ထိုကောင်စီအတွက် ၅၁ ဦးမှ ၁၀၀ အထိ ပါဝင်ရန် လျာထားသည်။
တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ခြင်းများ ပြီးဆုံးသည်နှင့် ဘုရင်ခံသည် ဦးရေ ၁၀၀ ပါ ဥပဒေပြုကောင်စီကို ခန့်အပ်မည်။ ထိုကောင်စီတွင် တိုင်းရင်းသားမဟုတ်သူ လူနည်းစု ကိုယ်စားလှယ်များလည်း ပါဝင်ရမည်။ ထိုကိုယ်စားလှယ်များကို တိုင်းပြုပြည်ပြု လွှတ်တော်ကရွေးချယ်ရန်။

ကြားဖြတ်အစိုးရအဖွဲ့ ဆောင်ရွက်ရန်များ

ဘုရင်ခံ၏ အာဏာကိုပြောင်းလဲပစ်ရန် မဖြစ်နိုင်သော်လည်း ကြားဖြတ်အစိုးရသည် အိန္ဒိယတွင် လုပ်သလိုလုပ်မည်။
ဒိုနိုမီနီယမ် အစိုးရကို ဘုရင်ခံက တိုင်ပင်ဖွဲ့စည်းရပါမည်။ နိုင်ငံအုပ်ချုပ်ရေးတွင် အမှုဆောင်ကောင်စီက အစိုးရအကြီးအကဲကို လွတ်လွတ်လပ်လပ်ရွေးချယ်ပေးရမည်။
ကာကွယ်ရေး၊ နိုင်ငံခြားရေးကိစ္စရပ်များကို အမှုဆောင်ကောင်စီအစိုးရက တင်သွင်းရမည်။
ထိုကိစ္စများ ဆောင်ရွက်ရန် ဘုရင်ခံက ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်လွှဲမည်။ အမှုဆောင်ကောင်စီအစိုးရသည် စီမံကိန်းနှင့်အုပ်ချုပ်မှုကိစ္စရပ်များကို ကင်းလွတ်ခွင့်ရမည်။

ကုလသမဂ္ဂ၀င်ခွင့်

နိုင်ငံခြားရေးကိစ္စရပ်များ ဆောင်ရွက်ရန် လန်ဒန်တွင် မဟာမင်းကြီးတစ်ဦး ခန့်ထားရမည်။ မြန်မာနိုင်ငံ ကုလသမဂ္ဂ၀င်ဖြစ်ရေး အချိန်အခါအရ ဘုရင့်အစိုးရက ထောက်ခံချက်ပေးမည်။ ဤနေရာ၌ UN အတွင်းရေးမှူးချုပ်ကိုလည်း တိုင်ပင်ရမည်။
အခြားသော နိုင်ငံတကာအဖွဲ့အစည်းများအတွင်းသို့ မြန်မာဝင်လိုလျှင် ခွင့်ပြုချက်ရရေး ဘုရင့်အစိုးရအဖွဲ့ထံ ချဉ်းကပ်လုပ်ဆောင်မည်။

ကာကွယ်ရေး
(က) မြန်မာနိုင်ငံ၌ထားသည့် စစ်သည်များသည် အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုအောက်၌ ရှိသည်။
(ခ) မြန်မာစစ်သည်အားလုံး မြန်မာအစိုးရအုပ်ချုပ်မှုအောက်၌ ရှိသည်။
(ဂ) လက်နက်ကိုင်အဖွဲ့များ၏ အကြီးအကဲသည် ဘုရင်ခံနှင့်မြန်မာအစိုးရ လက်အောက်ခံဖြစ်ရမည်။
(ဃ) မဟာမိတ်အချင်းချင်း စစ်ဘက်လုပ်ငန်းများ မပြီးသေး၍ လက်နက်ကိုင်အားလုံး၊ အရှေ့တောင်အာရှတပ်မှူးအောက်၌ ရှိနေလိမ့်မည်။
(င) နှစ်ဖက်အစိုးရတို့က ကာကွယ်ရေးအတွက် ကူညီရန်တာဝန်ရှိသည်။
(စ) အုပ်ချုပ်ရေးအသစ်ထူထောင်ပြီးလျှင် ဗြိတိသျှ စစ်တပ်များအတွက် ထားရေး၊ မထားရေး ဗြိတိန်အစိုးရနှင့် မြန်မာအစိုးရညှိနှိုင်းလုပ်ဆောင်မည်။

နယ်ခြားကိစ္စရပ်များ
နှစ်ဖက်အစိုးရ သဘောတူပြီး ဖြစ်သည့်အတိုင်း တောင်တန်း မြေပြန့်အကျိုးရှိအောင် ပူးတွဲလုပ်ကိုင်မည်။
ပြည်နယ် ပြည်မ လွတ်လပ်စွာကူးသန်းခွင့်ရှိသည်။
မကြာမီ ကျင်းပမည့် ပင်လုံညီလာခံ ခေါင်းဆောင်များထံ နယ်ခြားအုပ်ချုပ်ရေးအတွက် အမှုဆောင်ဝန်ကြီးတစ်ဦးစီခန့်ထားရေးလုပ်ဆောင်မည်။
ပင်လုံကွန်ဖရင့်ပြီးလျှင် ဗြိတိသျှအစိုးရ နှင့် မြန်မာအစိုးရတို့အကြား တောင်တန်းသားများဆိုင်ရာ သဘောတူညီချက်ယူမည်။
နယ်ခြားဒေသများနှင့် ပေါင်းစည်းရန် စုံစမ်းရေးကော်မရှင်ထူထောင်မည်။ ထိုကော်မရှင်တွင် ပြည်နယ်၊ ပြည်မကိုယ်စားလှယ်များ အချိုးကျပါဝင်မည်။
ဥက္ကဋ္ဌမှာ မြန်မာပြည်ပြင်ပမှ ကြားနေပုဂ္ဂိုလ်ဖြစ်ရမည်။

ဘဏ္ဍာရေးသဘောတူညီချက်
မြန်မာနိုင်ငံတော်က ကိုယ်ပိုင်ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရှိသည်ကို ဗြိတိသျှအစိုးရက သဘောတူသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ် World Bank တွင် မြန်မာအဖွဲ့ဝင်ဖြစ်ရေး ဗြိတိသျှအစိုးရက တာဝန်ယူခဲ့ပြီး ဖြစ်၏။
၄၅ ခု အောက်တိုဘာလမှ ၄၆ ခု စက်တင်ဘာလအထိ အတိုးလွတ်ငွေဒင်္ဂါး နှစ်သန်းရခဲ့ပြီး ၄၆ ခု အောက်တိုဘာမှ ၄၇ ခု စက်တင်ဘာအထိ ၇၅ သန်း ရရန်သဘောတူညီချက်ရသည်။
ဗြိတိသျှအစိုးရက ပရောဂျက်စီမံကိန်း ဘတ်ဂျက်ကို အချုပ်အချယ်ကန့်သတ်မှု မပြုသတ်မှတ် ချေးငွေရရန် ဗြိတိသျှတို့က စုံစမ်းပေးမည်။
တစ်ဦးအပေါ်တစ်ဦးက တာဝန်မထားဘဲ ဘဏ္ဍာရေးကို ထပ်မံတွဲဖက်စစ်ဆေးကြရန်။

အခြားလုပ်ငန်းအချို့
ဗြိတိသျှအစိုးရနှင့် မြန်မာအလုပ်အမှုဆောင်အစိုးရတို့သည် ယခုနည်းအတိုင်းရိုင်းပင်းခြင်း၊ တိုင်ပင်ခြင်းကို ဓနသဟာယ သို့ ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ တိုးတက်အောင်ပြုလုပ်ရမည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေးအသစ်မစမီ အနာဂတ်တွင်ဖြစ်ပေါ်မည့် ကိစ္စရပ်တိုင်းကို တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီရန်တို့ ပါရှိသည်။
(ပုံ) စီအာအက်တလီ
၂၀ ဒေါင်းနင်းလမ်း
၁၉၄၇ ခု ဇန်န၀ါရီ ၂၇ ရက်
(ပုံ) အောင်ဆန်း
မြန်မာအဖွဲ့ခေါင်းဆောင်
ဗမာပြည်
၂၇-၁-၁၉၄၇

ဤအောင်ဆန်းအက်တလီစာချုပ်ကြီး ကိုဦးစောနှင့် သခင်ဗစိန်တို့က သဘောမတူသဖြင့် Note of dissent by ဦးစော U Saw and Tha khin Ba Sein ဟူသော အင်္ဂလိပ်လို ထည့်ရေးခဲ့သည်။ အောင်ဆန်းအက်တလီ စာချုပ်ရေးရာတွင်အပါးတော်မြဲ၊ ဗိုလ်ထွန်းလှက အချိန်ပြည့် လိုက်လံဆောင်ရွက်ပေးသည်။ ထို့နောက် ဗိုလ်ချုပ်တို့အားလုံး ၃၁-၁-၁၉၄၇ ရက်တွင် လန်ဒန်မှ မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ကြောင်း စုဆောင်းပါရှိသည့် သတင်းဟောင်းများကို တင်ပြအပ်ပါသည်။

ကျမ်းကိုး
- ဗိုလ်ချုပ်နှင့်မောင့်ဗက်တန် (ကိုဝမ်း)
- မြန်မာ့သမိုင်းပုံရိပ်များ (လာဘ်မိုးဆွေ ဦးသန့်)
- မြန်မာ့စွယ်စုံကျမ်းကောက်နုတ်ချက်

((၀ဲမှယာ) မစ္စတာ အက်တလီ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးစော (မျက်မှန်)၊ ဦးတင်ထွဋ်)

https://www.facebook.com/ElevenMediaGroup

(Written by - နီငြိမ်း)

၁၉၄၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့သည်မှာ နု-အက်တလီ စာချုပ်ကြောင့်ဟု လူသိများသည်။ သမိုင်းကို စစ်စစ်ပေါက်ပေါက် လေ့လာလျှင် လွတ်လပ်ရေးရခြင်း သည် အောင်ဆန်းအက်တလီစာချုပ် အပေါ်၌ အခြေခံသည်။ မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှစနစ် ဓနသဟာယအတွင်း နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ဆောလျင်စွာ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်က မျှော်မှန်းသည်။ ဗိုလ်ချုပ်တို့ သဘောတူညီချက်များ အပြည့်အစုံမှာမရပါ။ ယခုရှာဖွေရသည်ကို ဂျာနယ်မှ တင်ပြလိုက်ပါသည်။ ခေါင်းစီးအလိုက်ဖော်ပြပါမည်။

တိုင်းပြုပြည်ပြုလွှတ်တော်

၁၉၃၅ ခု အက်ဥပဒေအရ ဥပဒေပြုအဖွဲ့အစား တိုင်းပြုပြည်ပြုလွှတ်တော်တစ်ခု လွှတ်တော်တစ်ရပ်ကို ရွေးကောက်တင်မြှောက်ဖို့လိုသည်။
ဧပြီလအတွင်း လူမျိုးသီးခြားမထားသောအစု၊ ကရင်အမျိုးသားအစု၊ အင်္ဂလိပ်၊ မြန်မာ ကပြားအစုတို့အတွက် ရွေးကောက်ပွဲကျင်းပမည်။ ထိုအစုအဖွဲ့တိုင်းက ကိုယ်စားလှယ်နှစ်ဦးစီ လွှတ်ရမည်။

ခေတ်ပြောင်းချိန်က အရေးကြီး

၁၉၃၅ ခုတွင် ဖြစ်ပေါ်လာသော အက်ဥပဒေပါ အထူးအာဏာများနှင့် ၄၅း၃ ယာယီစီမံချက် ဥပဒေများ ပေါင်းစပ်ကာ ဘုရင်ခံကာင်စီတွင် အမိန့်များထုတ်ပြန် ဆာင်ရွက်ကြမည်။
အထူးဆောင်ရွက်ရန်လိုသည်ဟူသော ထင်မြင်ချက်များရှိလျှင် အစိုးရက ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားမည်။

ကြားဖြတ်အစိုးရအဖွဲ့

ကြားဖြတ်အစိုးရအဖွဲ့အတွင်း ၁၉၄၅ ခုနှစ် အက်ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဥပဒေပြုကောင်စီရှိမည်။ ထိုကောင်စီအတွက် ၅၁ ဦးမှ ၁၀၀ အထိ ပါဝင်ရန် လျာထားသည်။
တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ခြင်းများ ပြီးဆုံးသည်နှင့် ဘုရင်ခံသည် ဦးရေ ၁၀၀ ပါ ဥပဒေပြုကောင်စီကို ခန့်အပ်မည်။ ထိုကောင်စီတွင် တိုင်းရင်းသားမဟုတ်သူ လူနည်းစု ကိုယ်စားလှယ်များလည်း ပါဝင်ရမည်။ ထိုကိုယ်စားလှယ်များကို တိုင်းပြုပြည်ပြု လွှတ်တော်ကရွေးချယ်ရန်။

ကြားဖြတ်အစိုးရအဖွဲ့ ဆောင်ရွက်ရန်များ

ဘုရင်ခံ၏ အာဏာကိုပြောင်းလဲပစ်ရန် မဖြစ်နိုင်သော်လည်း ကြားဖြတ်အစိုးရသည် အိန္ဒိယတွင် လုပ်သလိုလုပ်မည်။
ဒိုနိုမီနီယမ် အစိုးရကို ဘုရင်ခံက တိုင်ပင်ဖွဲ့စည်းရပါမည်။ နိုင်ငံအုပ်ချုပ်ရေးတွင် အမှုဆောင်ကောင်စီက အစိုးရအကြီးအကဲကို လွတ်လွတ်လပ်လပ်ရွေးချယ်ပေးရမည်။
ကာကွယ်ရေး၊ နိုင်ငံခြားရေးကိစ္စရပ်များကို အမှုဆောင်ကောင်စီအစိုးရက တင်သွင်းရမည်။
ထိုကိစ္စများ ဆောင်ရွက်ရန် ဘုရင်ခံက ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်လွှဲမည်။ အမှုဆောင်ကောင်စီအစိုးရသည် စီမံကိန်းနှင့်အုပ်ချုပ်မှုကိစ္စရပ်များကို ကင်းလွတ်ခွင့်ရမည်။

ကုလသမဂ္ဂ၀င်ခွင့်

နိုင်ငံခြားရေးကိစ္စရပ်များ ဆောင်ရွက်ရန် လန်ဒန်တွင် မဟာမင်းကြီးတစ်ဦး ခန့်ထားရမည်။ မြန်မာနိုင်ငံ ကုလသမဂ္ဂ၀င်ဖြစ်ရေး အချိန်အခါအရ ဘုရင့်အစိုးရက ထောက်ခံချက်ပေးမည်။ ဤနေရာ၌ UN အတွင်းရေးမှူးချုပ်ကိုလည်း တိုင်ပင်ရမည်။
အခြားသော နိုင်ငံတကာအဖွဲ့အစည်းများအတွင်းသို့ မြန်မာဝင်လိုလျှင် ခွင့်ပြုချက်ရရေး ဘုရင့်အစိုးရအဖွဲ့ထံ ချဉ်းကပ်လုပ်ဆောင်မည်။

ကာကွယ်ရေး
(က) မြန်မာနိုင်ငံ၌ထားသည့် စစ်သည်များသည် အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုအောက်၌ ရှိသည်။
(ခ) မြန်မာစစ်သည်အားလုံး မြန်မာအစိုးရအုပ်ချုပ်မှုအောက်၌ ရှိသည်။
(ဂ) လက်နက်ကိုင်အဖွဲ့များ၏ အကြီးအကဲသည် ဘုရင်ခံနှင့်မြန်မာအစိုးရ လက်အောက်ခံဖြစ်ရမည်။
(ဃ) မဟာမိတ်အချင်းချင်း စစ်ဘက်လုပ်ငန်းများ မပြီးသေး၍ လက်နက်ကိုင်အားလုံး၊ အရှေ့တောင်အာရှတပ်မှူးအောက်၌ ရှိနေလိမ့်မည်။
(င) နှစ်ဖက်အစိုးရတို့က ကာကွယ်ရေးအတွက် ကူညီရန်တာဝန်ရှိသည်။
(စ) အုပ်ချုပ်ရေးအသစ်ထူထောင်ပြီးလျှင် ဗြိတိသျှ စစ်တပ်များအတွက် ထားရေး၊ မထားရေး ဗြိတိန်အစိုးရနှင့် မြန်မာအစိုးရညှိနှိုင်းလုပ်ဆောင်မည်။

နယ်ခြားကိစ္စရပ်များ
နှစ်ဖက်အစိုးရ သဘောတူပြီး ဖြစ်သည့်အတိုင်း တောင်တန်း မြေပြန့်အကျိုးရှိအောင် ပူးတွဲလုပ်ကိုင်မည်။
ပြည်နယ် ပြည်မ လွတ်လပ်စွာကူးသန်းခွင့်ရှိသည်။
မကြာမီ ကျင်းပမည့် ပင်လုံညီလာခံ ခေါင်းဆောင်များထံ နယ်ခြားအုပ်ချုပ်ရေးအတွက် အမှုဆောင်ဝန်ကြီးတစ်ဦးစီခန့်ထားရေးလုပ်ဆောင်မည်။
ပင်လုံကွန်ဖရင့်ပြီးလျှင် ဗြိတိသျှအစိုးရ နှင့် မြန်မာအစိုးရတို့အကြား တောင်တန်းသားများဆိုင်ရာ သဘောတူညီချက်ယူမည်။
နယ်ခြားဒေသများနှင့် ပေါင်းစည်းရန် စုံစမ်းရေးကော်မရှင်ထူထောင်မည်။ ထိုကော်မရှင်တွင် ပြည်နယ်၊ ပြည်မကိုယ်စားလှယ်များ အချိုးကျပါဝင်မည်။
ဥက္ကဋ္ဌမှာ မြန်မာပြည်ပြင်ပမှ ကြားနေပုဂ္ဂိုလ်ဖြစ်ရမည်။

ဘဏ္ဍာရေးသဘောတူညီချက်
မြန်မာနိုင်ငံတော်က ကိုယ်ပိုင်ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရှိသည်ကို ဗြိတိသျှအစိုးရက သဘောတူသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ် World Bank တွင် မြန်မာအဖွဲ့ဝင်ဖြစ်ရေး ဗြိတိသျှအစိုးရက တာဝန်ယူခဲ့ပြီး ဖြစ်၏။
၄၅ ခု အောက်တိုဘာလမှ ၄၆ ခု စက်တင်ဘာလအထိ အတိုးလွတ်ငွေဒင်္ဂါး နှစ်သန်းရခဲ့ပြီး ၄၆ ခု အောက်တိုဘာမှ ၄၇ ခု စက်တင်ဘာအထိ ၇၅ သန်း ရရန်သဘောတူညီချက်ရသည်။
ဗြိတိသျှအစိုးရက ပရောဂျက်စီမံကိန်း ဘတ်ဂျက်ကို အချုပ်အချယ်ကန့်သတ်မှု မပြုသတ်မှတ် ချေးငွေရရန် ဗြိတိသျှတို့က စုံစမ်းပေးမည်။
တစ်ဦးအပေါ်တစ်ဦးက တာဝန်မထားဘဲ ဘဏ္ဍာရေးကို ထပ်မံတွဲဖက်စစ်ဆေးကြရန်။

အခြားလုပ်ငန်းအချို့
ဗြိတိသျှအစိုးရနှင့် မြန်မာအလုပ်အမှုဆောင်အစိုးရတို့သည် ယခုနည်းအတိုင်းရိုင်းပင်းခြင်း၊ တိုင်ပင်ခြင်းကို ဓနသဟာယ သို့ ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ တိုးတက်အောင်ပြုလုပ်ရမည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေးအသစ်မစမီ အနာဂတ်တွင်ဖြစ်ပေါ်မည့် ကိစ္စရပ်တိုင်းကို တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီရန်တို့ ပါရှိသည်။
(ပုံ) စီအာအက်တလီ
၂၀ ဒေါင်းနင်းလမ်း
၁၉၄၇ ခု ဇန်န၀ါရီ ၂၇ ရက်
(ပုံ) အောင်ဆန်း
မြန်မာအဖွဲ့ခေါင်းဆောင်
ဗမာပြည်
၂၇-၁-၁၉၄၇

ဤအောင်ဆန်းအက်တလီစာချုပ်ကြီး ကိုဦးစောနှင့် သခင်ဗစိန်တို့က သဘောမတူသဖြင့် Note of dissent by ဦးစော U Saw and Tha khin Ba Sein ဟူသော အင်္ဂလိပ်လို ထည့်ရေးခဲ့သည်။ အောင်ဆန်းအက်တလီ စာချုပ်ရေးရာတွင်အပါးတော်မြဲ၊ ဗိုလ်ထွန်းလှက အချိန်ပြည့် လိုက်လံဆောင်ရွက်ပေးသည်။ ထို့နောက် ဗိုလ်ချုပ်တို့အားလုံး ၃၁-၁-၁၉၄၇ ရက်တွင် လန်ဒန်မှ မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ကြောင်း စုဆောင်းပါရှိသည့် သတင်းဟောင်းများကို တင်ပြအပ်ပါသည်။

ကျမ်းကိုး
- ဗိုလ်ချုပ်နှင့်မောင့်ဗက်တန် (ကိုဝမ်း)
- မြန်မာ့သမိုင်းပုံရိပ်များ (လာဘ်မိုးဆွေ ဦးသန့်)
- မြန်မာ့စွယ်စုံကျမ်းကောက်နုတ်ချက်

((၀ဲမှယာ) မစ္စတာ အက်တလီ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးစော (မျက်မှန်)၊ ဦးတင်ထွဋ်)

https://www.facebook.com/ElevenMediaGroup
2

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...