Monday, December 16, 2013

ဗမာ့ တော်ဝင် ဘုရင့် တပ်မတော်

အိ မ် December 14, 2013 at 6:22am

 ရှေးခေတ် ဗမာ့ တော်ဝင် ဘုရင့် တပ်မတော် ဖွဲ့စည်းပုံကို ခိုင်မာသော မှတ်တမ်းအဖြစ် ခရစ် သက္ကရာဇ် ၈၄၅ မှ ၁၈၈၅ အတွင်းသာ တွေ့ရှိရသည်။ ဗမာ့ ဘုရင့် နိုင်ငံတော်၏ အလံမှာ ကဒေါင်းပုံဖြစ်သည်။ဗမာ ဘုရင့်နိုင်ငံတော် အတွက် အမြဲတမ်း  ဗမာ့ တော်ဝင် ဘုရင့် တပ်မတော် တပ်ဖွဲ့ဝင်များကို -
                 (က)နန်းတော် ကင်းစောင့်များ
                 (ခ)မြို့တော်ကာကွယ်ခြင်း တပ်မ
                              
                 (ဂ)အမြောက်တပ် တပ်မကြီး                     
                 (ဃ)ဆင်တပ် တပ်မကြီး                           
                 (င)မြင်းတပ် တပ်မကြီး                                 
                 (စ)ခြေလျှင်တပ်ရင်းများနှင့်                      
                 (ဆ)ရေတပ် စသည်ဖြင့်ဖွဲ့စည်းထားသည်။ တပ်မတော်ခွန်အားသည် တိုင်းပြည် အင်အားဟု ဗမာ့ တော်ဝင် ဘုရင့် တပ်မတော်၏ ဆောင်ပုဒ်အဖြစ် ကျင့်သုံးသည်။ ထို့ကြောင့် တပ်မတော်ကို အင်အားတောင့်တင်းစေရန် စစ်သည်အင်အား ၇၀,၀၀၀အထိ အားကောင်း မောင်းသန်သော ယောင်္ကျားများဖြင့် ဖွဲ့စည်းထား သည်။
               ဗမာ့ တော်ဝင် ဘုရင့် တပ်မတော် ရင်ဆိုင် တိုက်ခိုက်ခဲ့ရသော စစ်ပွဲများမှာ -
                (၁)မွန်ဂို ကျူးကျော်စစ်ပွဲ
                (၂)နှစ်လေးဆယ် မွန်-ဗမာစစ်ပွဲ
(၃)တောင်ငူ-ဟံသာဝတီစစ်ပွဲ
                (၄)ဗမာ-ယိုးဒယားစစ်ပွဲများ
                (၅)ကုန်းဘောင်-ဟံသာဝတီစစ်ပွဲ
                (၆)တရုတ်-ဗမာစစ်ပွဲ
                (၇)အင်္ဂလိပ်-မြန်မာစစ်ပွဲတို့ဖြစ်သည်။

                 ရှေးခေတ်  ဗမာ့တော်ဝင် ဘုရင့်
တပ်မတော်တွင် ထင်ရှားသော တပ်မှူးများမှာ-
                (၁)ကျန်စစ်သား
                (၂)မင်းရဲကျော်စွာ
                (၃)ဘုရင့်နောင်
                (၄)အလောင်းဘုရား
                (၅)မဟာ နော်ရထာ
                (၆)မဟာ သီဟသူရ
                (၇)မဟာ ဗန္ဓုလ တို့ဖြစ်ကြသည်။

                ၉ရာစုမှ၁၉ရာစုအထိ ဗမာဘုရင်စနစ် အတွက်  စစ်သည်တို့ကို အသုံးပြု၍  အနိုင်အထက် လုပ်သော သက်ဦးဆံပိုင် ဘုရင်စနစ်ဖြစ်ခဲ့သည်။ ထိုသက်ဦးဆံပိုင် ဘုရင်စနစ် အဖြစ်ရည်ညွှန်းရသော် ပုဂံမင်းဆက်၊အင်းဝ မင်းဆက်၊တောင်ငူမင်းဆက်
နှင့်ကုန်းဘောင်မင်း ဆက်တို့သည် နယ်ချဲ့သိမ်းပိုက်မှုများကို အစဉ်အဆက် ပြုလုပ်ခဲ့သည်။၁၉ရာစုတွင် အင်္ဂလိပ်ကျူးကျော်စစ် မဖြစ်ခင်အထိဗမာ့တော်ဝင် ဘုရင့် တပ်မတော်၏ နယ်ပယ်ချဲ့ထွင်မှုတို့ကြောင့်စစ်အင်အား တောင့်တင်းသဖြင့် အရှေ့တောင် အာရှ ဒေသတွင် စစ်အင်အား အကြီးမားဆုံးဖြစ်ခဲ့သည်။
                ဗမာ့ တော်ဝင် ဘုရင့် တပ်မတော်ကို ဖွဲ့စည်းပုံအားဖြင့် စစ်သည် တစ်ထောင်စီပါဝင်သော အစုများဖြင့် ဖွဲ့စည်းထားကာ နန်းတော်နှင့်မြို့တော်ကို ကာကွယ်ခဲ့၍  စစ်မက် ဖြစ်ပွားသော အခါ ဥပဒေ အရ  စစ်မှုထမ်းရသူများကို ခေါ်ယူစစ်မှုထမ်းစေသော ကြောင့် ဗမာ့ တော်ဝင် ဘုရင့် တပ်မတော်၏ စစ်အင်အားသည် ကြီးမားခဲ့သည်။ ဗမာ့ တော်ဝင် ဘုရင့် တပ်မတော်တွင် ဥပဒေအရ  စစ်မှုထမ်းရသူ များကိုအခြေပြုထားသောသဖြင့် အမှုထမ်းဟူသော စနစ်ကိုကျင့်သုံးခဲ့သည်။ဥပဒေအရ စစ်မှုထမ်းစေသည့် အမှုထမ်းစနစ်ကိုကျင့်သုံးသောကြောင့် ဘုရင့်လက် အောက်ခံ မြို့စားနယ်စားတို့သည် ကြိုတင်၍ ဥပဒေအရ အမှုထမ်းစေရန် စစ်သည်၊ရဲမက်တို့ကို စုဆောင်း ထားရသည်။ စစ်အတွင်းကာလတွင် ဗမာ့တော်ဝင်ဘုရင့်တပ်မတော်အတွက် အမှုထမ်း ရမည့် စစ်သည်၊ရဲမက် အင်အားကို နယ်မြေဒေသ အလိုက် ကန့်သတ်ထားပြီး မြို့စား၊နယ်စားတို့က ရာစုမြို့၊ထောင်စုမြို့ စသည့်အရေအတွက်ဖြင့် စစ်သည်၊ရဲမက်တို့ကို စုဆောင်း၍ တပ်မတော်အား ထောက်ပံ့ ပေးကြရသည်။ စစ်အတွင်း ကာလတွင်
စစ်သည် ၊ရဲမက်တို့အပြင် ဆင်တပ်၊မြင်းတပ်၊ အမြောက် ၊ရေတပ် စသည့် အစုအဖွဲ့တို့ဖြင့် ဖွဲ့စည်း ထားသည်။


၁၄ရာစုတွင် တရုတ်နိုင်ငံမှ ခြောက်လုံးပြူး သေနတ်ကို  ၀ယ်ယူသုံးခဲ့ပြီး ဘုရင့်တပ်မတော်၏ ရှေးရိုး စစ်သေနင်္ဂအတွင်း ခေတ်မှီ လက်နက်များကို မဟာဗျူဟာမြောက်၍ ခေတ်မှီစေရန် ဖြေးညှင်းစွာ ပြောင်းလဲခဲ့သည်။ ၁၆ရာစုတွင် ထိုမဟာဗျူဟာမြောက် စစ်လက်နက် တပ်ဆင်ရေးအတွက် ပေါ်တူဂီမှ ခြေလျှင်တပ်အတွက် အထူးပြောင်းချော သေနတ်များ (matchlocks) ၊အမြောက်တပ် အတွက် အမြောက်များ(Cannon )ကိုဝယ်ယူ တပ်ဆင်ခဲ့သည်။စစ်မှုမထမ်းမနေရ  ဥပဒေအရ
စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသော အမှုထမ်းများသည် နည်းစနစ်တကျ စစ်ပညာကို သင်ကြားခဲ့ရခြင်း မရှိခဲ့ပေ။၁၈ရာစုတွင် ပြောင်းချောသေနတ် မည်သို့ ထုတ်လုပ်သည်ကို ဥရောပ၌ သွားရောက် လေ့လာခဲ့ကြသည်။ပိုမို ခေတ်မှီသော လက်နက်များဖြင့် ဥရောပကိုမှီခိုနေ ခြင်းထက် တိုင်းပြည်ကိုကာကွယ်ရန် လက်နက်ထုတ် လုပ်မှုကို အာရုံစိုက် လုပ်ဆောင်လာခဲ့ကြသည်။ အိမ်နီးချင်းနိုင်ငံများ၏ ပြည်ပရန်ကိုတွန်းလှန်နိုင်ရန် အတွက် ပို၍လုပ်ဆောင်ခဲ့ကြသည် ။ဟောင်းနွမ်း၍ ခေတ်မမှီတော့သော လက်နက်များအစား ပို၍ နည်းပညာမြင့်မားသော စစ်လက်နက်အသုံးပြုနိုင်ရန် ပြင်သစ်နှင့်ပေါ်တူဂီသို့ ၁၇ရာစုနှင့် ၁၈ ရာစုအတွင်း သွားရောက်သင်ယူခဲ့ကြသည်။သို့သော်လည်း ၁၉ရာစု တွင် ပို၍စစ်လက်နက်သာလွန်သော အင်္ဂလိပ်တို့ကိုယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိပေ။ အင်္ဂလိပ်-ဗမာစစ်ပွဲ သုံးကြိမ်ရှုံးနှိမ့်ပြီးနောက် အင်္ဂလိပ်တို့ကတော်ဝင် ဘုရင့် တပ်မတော် ကို ၁၈၈၆ ဇန္န၀ါရီလတွင်ဖျက်သိမ်းခဲ့ သည်။

            ၉ရာစုခန့်အလယ်လောက်ကတည်းက ရှင်ဘုရင်အုပ်စိုးသည့်ပုဂံနိုင်ငံ၏ဗမာ့တော် ၀င်ဘုရင့်တပ်မတော်သည် စစ်မက်ကို လိုလားခဲ့ ကြသည်။မြန်မာနိုင်ငံ၏ အစောဆုံးမှတ်တမ်းများ အရ ၈၄၉ခုနှစ်တွင် ပုဂံအပါအ၀င်မြို့လေးဆယ်ကို တည်ထောင်ခဲ့ကြ သည်။ ၁၈၃၀ခုနှစ်တွင် Nanzhao(တရုတ်) တို့က ဧရာဝတီ မြစ်ဝှမ်း အထက်ပိုင်း တလျောက် တိုက်ခိုက်လုယက် ဖျက်ဆီးခဲ့သ ဖြင့် ပျူ မြို့တော်များ ပျက်စီးခဲ့သည်။ စစ်ကာလ အတွင်း ပုဂံဘုရင့် တပ်မတော်၏ ပဓာနကျ ၍ လျော်ကန်သော ဥပဒေတရပ်အဖြစ် စစ်မှုမထမ်း မနေရ စနစ်ကို စောလျင်စွာကျင့်သုံးခဲ့ကြသည်။ရာဇ၀င်ကျမ်းပြုဆရာများသည်  ပုဂံတွင် မင်းဧကရာဇ်၏ တန်ခိုး အာဏာ အကျယ်ပြန့်ဆုံးအဖြစ် အနော်ရထာဖြစ်သည် ဟု ယုံကြည်ခဲ့ ကြသည်။ဗမာ့ရာဇ၀င်တွင် ၁၁၇၄ခုနှစ်၌ နရပတိ စည်သူက နန်းတော်စောင့်တပ်ကို ဖွဲ့ စည်း တည်ထောင်ခဲ့သည်။ နန်းတော်စောင့်တပ်တွင် အတွင်းနန်းတော်စောင့်တပ်နှင့် အပြင်နန်းတော်စောင့်တပ်ဟူ၍ ရှိပြီး ယင်းတပ်များက စည်းစနစ်ကျနစွာ စီတန်း၍ စောင့်ကြပ်ကြသည်။စစ်ကာလကျရောက်သောအခါ နန်းတော် စောင့်တပ်များသည် ပင်မအရင်းခံ တပ်များဖြစ် ကြပြီး စစ်ပွဲကို ဦးဆောင်တိုက်ခိုက်ကြသည်။တော်ဝင်ဘုရင့် တပ်မတော် တွင်ပါဝင်သော နန်းတော်စောင့်တပ်နှင့် မြို့တော်ကာကွယ်ရေး တပ်ရှိစစ်သည်များသည် စစ်မဲ့ကာလတွင်လယ်ယာအခွန် စည်းကြပ်ခြင်းကို လုပ်ဆောင် ပေးကြရပြီး စစ်အတွင်းကာလတွင် ဦးတည်ချက်အဖြစ်အချုပ်အခြာအာဏာကို ကာကွယ်ပေးကြသည်။

အပြည့်အစုံကိုနှစ်ပတ်လည် ယူနတီ ဂျာနယ် အထူးထုတ်တွင် ဖေါ်ပြပါမည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...