Tuesday, December 10, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၁၂)

သစ်ထူးလွင်



Posted: 10 Dec 2013 03:27 AM PST

ဘန်ကောက်မြို့မှာ ကျင်းပတဲ့ Kawasaki Stunt King ဆိုင်ကယ် စတန့်စီးအားကစား ချံပီယံရွေးပွဲမှာ မြန်မာနိုင်ငံသား ချန်ပီယံဟောင်းက စတုထ္တဆု ရရှိခဲ့ပါတယ်။ ရိုက်ကူး/တင်ဆက်- ရဲဝင့်သူ DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2013 01:15 AM PST

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့်ရှိ၊ အိမ်အမှတ် (၁၈၈) နှစ်ထပ်နေအိမ်၌ ဒီဇင်ဘာ ၈ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်မြောက်ကျောင်းလမ်း
နှင့် အုတ်ဖိုလမ်းထောင့်ရှိ အိမ်အမှတ် (၁၈၈) နှစ်ထပ်အိမ်နေ ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်း (၄၈)နှစ်၊ အလယ်ဗလီဥက္ကဋ္ဌသည် ၎င်းနေအိမ်အောက်ထပ်၌ ကွန်ထရိုးမိုင်းဒေသန္တရဗုံးအား နှစ်လက်မခွဲခန့်ရှိ သံပိုက်ခေါင်း အဖုံးနှစ်ခုဖြင့် ယမ်းများထည့်၍ စမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့
ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2013 12:37 AM PST

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် အုန်းဇုန်းကျေးရွာအုပ်စု ဝက်သေ ကျေးရွာတွင် သပိတ်စခန်းအောင်ပွဲ အဖြစ် ဒီဇင်ဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ တို့တွင် အထူးတရားပွဲ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ကျေးရွာဒေသခံ များထံမှ သိရသည်။ ကျေးရွာမြေ ပြန်လည်ရရှိရေး အတွက် ဒေသခံ ၁၀၀ ဦးကျော်ခန့်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကို ပိုင်ဆိုင်သော မြန်မာဂိုးလ်ဒင်းပွိုင့် ကုမ္ပဏီရှေ့တွင် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ကစတင်ကာ သပိတ်စခန်း ဖွင့်လှစ် ဆန္ဒထုတ်ဖော်ကြရာ သုံးရက်ခန့် အကြာ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် သဘောတူညီချက် ရရှိခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2013 12:35 AM PST

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အတွင်းရှိ ထူးထူးတိုး ကုမ္ပဏီပိုင် ရော်ဘာခြံ တစ်ခုတွင် အလုပ် လုပ်ကိုင်နေသည့် လုပ်သား ၆၀ ကျော်ကို အလုပ်ကြပ် အပါအဝင် လူသုံးဦးက သေနတ်ကို မိုးပေါ် ထောင်ပစ်၍ ခြိမ်းခြောက်ကာ အလုပ်နုတ်ထွက် ခိုင်းစေခဲ့ကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာဂျာနယ်လစ် ကွန်ရက်တွင် ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လုပ်သားများက ယင်းသို့ ပြောဆိုကြခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2013 12:02 AM PST

ပြီး ​ခဲ့​တဲ့​ရက်​ပိုင်း ​သာ​ကေ​တ ​မြ​မာ​လာ​လမ်း​က ​ဂို​ဒေါင်​တ​ခု​မှာ ​နိုင်​ငံ​ခြား​က ​တင်​သွင်း ​လာ​တဲ့ ၀ိုင်​ပု​လင်း ၉ ​သောင်း​နီး​ပါး​နဲ့ ​အ​ရက်​ပု​လင်း ၁ ​ထောင်​ကျော် ​ဖမ်း​ဆီး ​စစ်​ဆေး ​ခံ​နေ​ရ​တာ​နဲ့ ​ဆက်​စပ်​ပြီး ​စီး​တီး​မတ် ​ဟိုး​ဒင်း​ကု​မ္ပ​ဏီ​ဟာ ​သူ​ကုန်​တိုက်​တွေ​က​နေ ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက်​အား​လုံး​ကို ​ဖယ်​ရှား​လိုက်​ပြီး ​ရောင်း​ချ​ခြင်း​ကို​လည်း ​ရပ်​ဆိုင်း​ထား​လိုက်​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Dec 2013 11:58 PM PST

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲသစ် ကျင်းပမယ့် အစီအစဉ်ကို ဘုရင် ဘူမိဘော အဒူယာဒတ်က အတည်ပြု ပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးဖို့အစီအစဉ်ကို ဘုရင်ကြီးက အတည်ပြုတဲ့အကြောင်းကို တော်ဝင် ဂေဇက် (Royal Gazette)သတင်းစာမှာ ဖော်ပြ ထားပါတယ်။ ၀န်ကြီးချုပ် ယင်းလပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က တီဗွီ မိန့်ခွန်းတခုမှာ ထိုင်းပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပချိန်အထိ လက်ရှိ အစိုးရကပဲ ကြားဖြတ်အစိုးရအနေနဲ့ ဆက်လက်တာဝန်ယူထားမယ်လို့ ဒီနေ့ ထပ်မံပြောကြားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 11:44 PM PST

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချော ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့မည့် မြွေသေတ္တာ အလုံး၂၀ တွေ့ရှိခဲ့ကြောင်း အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်း၍ ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က စီနိုထရပ်ယာဉ် အမျိုးအစား ၂၂ ဘီး နောက်တွဲယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ရာ ယင်းယာဉ် ပေါ်မှ မြွေမျိုးစုံ ထည့်ထားသော ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Dec 2013 11:40 PM PST

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ ၂၀ ရာခိုင်နှုန်းမှာ HIV/AIDS ရောဂါဝေဒနာ ခံစားနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။ ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက အပြည်ပြည်ဆိုင်ရာ စံနှုန်း သတ်မှတ်ချက်တွင် မူးယစ်ဆေး ထိုးသွင်းသူ၏ ၅ ရာခိုင်နှုန်း၌ HIV Positive များအဖြစ် တွေ့ရှိရပါက ယင်းနယ်မြေကို HIV ထိန်းချုပ်မရသော အန္တရာယ်ရှိ နယ်မြေ သတ်မှတ်ထားကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 10:52 PM PST

ဆီးဂိမ်းပြိုင်ပွဲကာလတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်ရန် ထွက်ခွာလာသည်ဆိုသည့် ကေအိုင်အေ အကြမ်းဖက်သမားသုံးဦးအကြောင်း နေပြည်တော်မြို့မဈေး ကြေညာချက်နှင့် ပတ်သက်ပြီး အခြေအနေမှာ ရှုပ်ထွေးလျက်ရှိသည်။ ထိလွယ်ရှလွယ်ဖြစ်ပြီး လက်ရှိအချိန်တွင် လုံခြုံရေးအရ အရေးကြီးသည့် အချက်အလက်များကို ထည့်သွင်းကြေညာထားသော်လည်း လုံခြုံရေးအရာရှိများဘက်က ၎င်းတို့မသိရှိသေးကြောင်းသာ ငြင်းဆိုလျက်ရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ - နေပြည်တော်သတင်းအဖွဲ့ (7day Daily )


Posted: 09 Dec 2013 10:45 PM PST

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ
့အတူ မြေမြှုပ်မိုင်းဆိုင်ရာ အစီအစဉ်တွေ စတင်နိုင်ကြောင်း CPI ခေါ် မြေမြှုပ်မိုင်း ရှင်းလင်းရေးဆိုင်ရာအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြေမြှုပ်မိုင်းဒဏ်ကြောင့် အရပ်ဘက်ပြည်သူ သုံးဦး သေဆုံးခဲ့ရကြောင်း ပလောင်အမျိုးသမီးများအဖွဲ့ကပြောဆိုကြောင်း Clear Path International (CPI) ခေါ် မြေမြှုပ်မိုင်း ရှင်းလင်းရေးဆိုင်ရာအဖွဲ့က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 10:38 PM PST

ရတ် ​က​ရစ် ​ပင်​နီ​ချ​ပါ​တီ​ကမ်​က ၂၀၁၂ ​လန်​ဒန်​အို​လံ​ပစ်​မှာ ​ထိုင်း​လက်ေ​ရွး​စင် ​သေ​နတ်​ပစ် ​က​စား​သ​မား​တ​ယောက် ​ဖြစ်​ခဲ့​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ရတ်​က​ရစ်​ရဲ့​ပု​ဂ္ဂိုလ်​ရေး ​ပုံ​ရိပ်​က​တော့ ​မ​ကောင်း​လှ​ပါ​ဘူး​။ အ​သက် ၇၂ ​နှစ် ​ရှိ​ပြီ​ဖြစ်​တဲ့ ​ဆူ​ရန်​ဒူ​အန်​ချင်း​ဒါး​က ​လွန်​ခဲ့​တဲ့ ​လ​က ​သေ​နတ်​သ​မား​တ​ယောက် ​ငှား​ပြီး ​အ​သတ်​ခိုင်း​ခဲ့​တယ်​လို့ ၀န်​ခံ​ခဲ့​ပါ​တယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 10:35 PM PST

တပ်မတော် ဗိုလ်ကြီးတစ်ဦး မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် သံသယရှိ၍ အကျဉ်းစစ်တရားရုံးချုပ်တွင် စစ်ဆေးခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၂ ရက်က စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မြောက်ရပ်ကွက်၌ အမျိုးသားနှစ်ဦး၏ ဘောင်းဘီအိတ်အတွင်း WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၃၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နေအိမ်ကို ဆက်လက်ရှာဖွေစစ်ဆေးရာ WY စာတန်းပါ မူးယစ်ဆေးပြား ၁၅၀၀ ကျော် ထပ်မံသိမ်းဆည်းရမိခဲ့၍ စမ်းချောင်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 10:30 PM PST

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ ခံယူမှု ပြုလုပ်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကော့မှူးမြို့နယ် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ လူထုဆန္ဒ ခံယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီက သတင်းထုတ်ပြန်သည်။ ကော့မှူးမြို့နယ်သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 10:29 PM PST
Moe Zay Nyein အမည်ဖြင့် Facebook လူမှုကွန်ရက်တွင် ဖော်ပြထားသည့် သံဃာလှုပ်ရှားမှုများ ထပ်မဖြစ်ပွားစေရန် မြန်မာနိုင်ငံ အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် သတင်း ရဲတပ်ဖွဲ့များက ရဲသတင်းပေးများကို လျှို့ဝှက်စွာ အမာခံ မွေးမြူထားသည်ဟု ဖော်ပြထားမှုမျိုး လက်ရှိ အစိုးရသစ် လက်ထက်တွင် မရှိတော့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ကြိုတင် လက်ဦးမှု ရယူနိုင်ရန် သတင်းရဲတပ်ဖွဲ့မှ ရေးဆွဲခဲ့သည့် ‘ဘုန်းကြီးကျောင်းများအတွင်း အမာခံ သတင်းပေးများ မွေးမြူ ထိုးဖောက်ရေး စီမံချက်’ တွင်  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ မြို့လုံခြုံရေးစီမံချက်မှ မိမိအင်အားဖော်ပြချက်

Posted: 09 Dec 2013 10:16 PM PST

ဟင်္သာတမြို့နယ် လူအသွားအလာရှုပ်ထွေးရာ ကျောက်တော်ကြီးကုန်းပေါ်၌ ဒီဇင်ဘာ ၇ ရက် ညက ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်စီးနင်းလာသူ လေးဦးလုံး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ နှစ်ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသနေရကြောင်း သတင်းရရှိသည်။ ““လမ်းပြောင်းပြန် မှားဝင်မိပြီးတော့ ကုန်းပေါ်အရောက်မှာ မျက်နှာချင်းဆိုင် တိုက်မိတာပါ။ အမျိုးသားလေးယောက် ဒဏ်ရာရခဲ့ပြီး နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ဆေးရုံကို ပို့လိုက်ရပါတယ်””ဟု ဟင်္သာတမြို့ ပန်းပဲတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အတိုက်ခံရသော ဆိုင်ကယ်နှစ်စီး ဓာတ်ပုံ-ပီတူး(ဟင်္သာတ) 7day Daily 

Posted: 09 Dec 2013 10:11 PM PST

ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အမှတ် (၅၆)ရပ်ကွက်နှင့်အမှတ် (၅၅)ရပ်ကွက်ကြား ပုဂံလမ်းပေါ် တွင် အထက (၅)ဒဂုံတောင်အနီး ဗုဒ္ဓဘာသာဘုရားကျောင်းနှင့် ကပ်လျက် ပုဂံလမ်းမပေါ်ရောက် လျက်ရှိသောအမှိုက်ပုံကြီးကို (၈.၁၂.၂၀၁၃)ရက်နေ့က တွေ့မြင်ရသည်။

““ပုဂံလမ်းဟာသံဃာတော် များ ဆွမ်းခံထွက်တာအများဆုံး ဖြစ်ပါတယ်။ အထက (၅)ဒဂုံ တောင်နဲ့လည်း နီးပါတယ်။ ကပ် ရက်မှာလည်း ဗုဒ္ဓဘာသာဘုရား ကျောင်းလည်းရှိပါတယ်။ နောက် ပြီး အမှိုက်ကန်လည်းမရှိဘဲ ဘယ်သူကသတ်မှတ်ပေးထားမှန်း မသိ လမ်းသွားလမ်းလာများနဲ့ ကျောင်းသားကျောင်းသူများအတွက် ကျန်းမာရေးလည်းထိခိုက်နိုင်ပါ တယ်။ တာဝန်ရှိသူများလာစစ် ဆေးပြီး အမှိုက်ပစ်ရမည့်ကန်လေး လုပ်ပေးလျှင်ပိုကောင်းပါတယ်။ အခုတော့ အနံ့ပေါင်းစုံနဲ့တော် တော်နေရထိုင်ရခက်နေရပါတယ်”” လို့ အမှိုက်ပုံနားနေအိမ်ရှင်တစ်ဦး က ပြောပြပါသည်။

ရွှေထူး (ဥူးဥတ္တမ)

Hot News Journal
Posted: 09 Dec 2013 10:09 PM PST

မိကျောင်းကန်သပိတ်စခန်းကို ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံး
မှ အသိပေးထားသော်လည်းအဆိုပါ နေ့၌ပင် မိကျောင်းကန်သပိတ်စခန်းမှာ ကြေညာချက်များကပ်၍ တောင်းဆိုမှုများကို အရှိန်မြှင့်ခဲ့သည်။ " ဥပဒေကို လေးစားပါ၊ အဘိုးအဘွားတို့ရဲ့ မြေမတရားသိမ်းခံရမှု၊ နစ်နာမှု၊ ဆုံးရှုံးမှုတွေကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပါ။ အကြမ်းဖက်မှုတွေ မလုပ်ပါနဲ့တော့ သမ္မတကြီးရယ်" ဟု ရေးသားထားသော ဗီနိုင်းကို နံနက် ၁၀ နာရီခွဲတွင် တပ်ဆင်ခဲ့ပြီး နေ့လယ်ပိုင်းခန့်မှ စတင်ကာသပိတ်စခန်း ၏ တောင်းဆိုချက်များကို တောက်လျှောက် ကြွေးကြော်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 10:05 PM PST
တိမ်ကောနေတဲ့ Gale ရေအိုင်ဟောင်းကြီး

နာဆာ အမေရိကန် အာကာသ အေဂျင်စီရဲ့ Curiosity အာကာသ ယာဉ်က ရယူ ရိုက်ကူး ထားတဲ့ ဓာတ်ပုံ အချက်အလက် တွေအရ ကမ္ဘာပေါ်က ဇီဝ ပိုးမွှားတွေ အသက် ရှင်သန် နေထိုင်နိုင်တဲ့ ရေအိုင်ကြီး တအိုင်ကို အင်္ဂါ ဂြိုဟ်မှာ တွေ့ရှိ ခဲ့ပါတယ်။

chemolithoautotrophs အမည်ရတဲ့ ဒီပိုးမွှား တွေဟာ အသက်ရှင် ရပ်တည်ဖို့ အလင်းရောင် မလိုအပ်ပေမယ့် ကျောက်ခဲနဲ့ ဓာတ်သတ္တု တွေကို ဖြိုခွဲပြီး စွမ်းအင် ထုတ်ယူ ကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။

ဒီပိုးမွှားတွေက ကမ္ဘာပေါ်က သမုဒ္ဒရာ ကြမ်းပြင်နဲ့ လိုဏ်ဂူတွေ ထဲမှာ တည်ရှိ ကြပါတယ်။

Gale ချိုင့်ကြီး လို့ ခေါ်တဲ့ တိမ်ကော နေတဲ့ ရေအိုင်ဟောင်း ကြီးဟာ ကမ္ဘာပေါ်က အိုင်တွေနဲ့ အလွန် တူကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Posted: 09 Dec 2013 10:04 PM PST

ရန်ကုန်မြို့တော်ရှိ လမ်းများပေါ်၌ ယာဉ်များ အချိန်ပြည့် ပိတ်ဆို့နေသည့်အတွက် ခရီးသွား ပြည်သူများ လမ်းပေါ်၌သာ အချိန်ကုန်နေရခြင်းကို ဖြေရှင်းရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးသို့ အဆို တင်သွင်းထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြားသည်။ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းကိုလှက ယာဉ်ကြော ပိတ်ဆို့မှု ရှင်းလင်းရေးအဆို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဆိုကို ဒီဇင်ဘာလ ၁၂ ရက်နေ့၌ ထပ်မံ ဆွေးနွေးရန် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 10:02 PM PST

ရန်ကုန်မြို့တော် စည်ပင်က ပြည်သူပိုင် အားကစားကွင်းများနှင့် ပန်းခြံများကို ပုဂ္ဂလိကပိုင် ပြုကာ အဆောက်အအုံများ ဆောက်လုပ်ခြင်းမပြုဘဲ အများပိုင် အားကစားကွင်း နေရာအဖြစ် ပြန်လည် သတ်မှတ်ပေးရေးအတွက် ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ရှေ့နေများ ကွန်ရက်နှင့် ဒီမိုကရေစီ အင်အားစုအဖွဲ့တို့က ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ရှေ့နေများ ကွန်ရက် အဖွဲ့ဝင် ဦးအေးမင်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 09:42 PM PST

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ဟိုဆေးကုန်တိုက်တွင်  မီးလောင်မှု ဖြစ်ပွားမှုကြောင့် လူ(၇)ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါသည်။  အဆိုပါ မီးလောင်မှုကို ၁၀.၁၂.၂၀၁၃ရက်နေ့ ၀၀၂၅အချိန်မှာ မရမ်းကုန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ဟိုဆေးကုန်တိုက်တွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 03:48 PM PST

ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ပြီး ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ က တပ်သားသစ်တွေ ခေါ်ယူစုဆောင်းနေတာကြောင့် ဒေသခံတွေဘက်က စိုးရိမ်နေကြတယ်လို. သတင်းရရှိပါတယ်။ အစိုးရ စစ်တပ်အင်အား လှုပ်ရှားမှု ရှိတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲက နမ့်လင်းပါနဲ့ မုန့်လင်းပါ ရွာတွေတဝိုက်မှာ ပြီးခဲ့တဲ့ ရက်အတွင်း အစိုးရတပ်တွေနဲ့ ကေအိုင်အေ အကြား တိုက်ပွဲငယ်လေးတွေ ဖြစ်ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 03:45 PM PST

မြန်မာ အစိုးရ ရုံးစိုက်ရာ နေပြည်တော်က မြို့မဈေးမှာ ဈေး တာဝန်ခံက ကေအိုင်အေ အဖွဲ့က ဆိုတဲ့ အကြမ်းဖက် သမား သုံးယောက်နဲ့ ပတ်သက်တဲ့ အချက် အလက် တခိျု့ကို ရေးထားတဲ့ အသိပေး ကြေညာချက် ထုတ်ပြန်ထား ပါတယ်။ ဒီတော့ ဒီအသိပေးချက်နဲ့ ပတ်သက်လို့ သူတို့ကို ချပြ ထားတာတော့ ရှိပေမဲ့ နောက်ထပ် အသေးစိတ် အချက် အလက်တွေကိုတော့ မသိရသေးဘူးလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့က ဒုတိယ ရဲမှူးကြီး ဦးမင်းအောင်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆီးဂိမ်းစ် အတွက် လုံခြုံရေးတွေ အတတ်နိုင်ဆုံး လုပ်ထားတယ်လို့ အစိုးရဘက်ကဆို

Posted: 09 Dec 2013 03:42 PM PST

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊ ၂၊ ၃) မြေနေရာတွေပြန်ပေးဖို့ ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ မိကျောင်းကန်သား ဦးစိန်သန်းနဲ့ ကိုထင်ကျော်တို့ကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးက တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ကျောက်တံတားမြို့နယ်က ချမှတ်တဲ့ပြစ်ဒဏ်ကို တခြားပြစ်ဒဏ်တွေနဲ့ သီးခြားစီ ကျခံသွားရမှာတယ်လို့ ဦးစိန်သန်းရဲ့သမီး မိကျောင်းကန်အရေး လက်ရှိ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူ မနေနွယ်သန်းက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 03:39 PM PST

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ဆက်စပ်ပြီး ထိမ်းသိမ်းခံထားရတဲ့ ယိုင်သည်ကျေးရွာနေ ရခိုင်တိုင်းရင်းသား ၈ ဦးထဲက ၅ ဦးကို စစ်တွေခရိုင်တရားရုံးက ဒီကနေ့ လွှတ်ပေးလိုက်ပြီး ၃ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ၃ ဦးမှာ ၂ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီး ကျန် ၁ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အသီးသီးချမှတ်လိုက်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...