Friday, December 20, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၁၂)

သစ်ထူးလွင်



Posted: 19 Dec 2013 04:41 AM PST
ပဲခူးတိုင်း ဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက် နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္(၂)မျိုး ပါဝင်သူ ကလေးငယ် လေး တစ် ဦးကို (၁၄.၁၂.၂၀၁၃)ရက်နေ့ မနက် (၄း၃၀)မိနစ်အချိန်ခန့်တွင် ကံကြီးကုန်း/အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း ၏ဇနီး မစန်းစန်းမော်(ခ) ပူစူးမ မှ အဆိုပါ (ယောက်င်္ကျားလေး လိင်အဂါင်္ နှင့် မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူ ကလေးငယ်လေးကို မွေးဖွားခဲ့သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 19 Dec 2013 03:08 AM PST
မလေး ရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများ၌ ရောက်ရှိ နေကြသော မြန်မာ လူမျိုးများကို ပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း စင်းလုံး ငှားခရီး စဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေး လျက်ရှိရာ ရှစ်ကြိမ်မြောက် အခမဲ့ ခရီးစဉ်ဖြစ်သော ဒီဇင်ဘာ ၁၈ ရက် ခရီးစဉ်တွင် မြန်မာနိုင်ငံသား ၁၄၆ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 19 Dec 2013 03:04 AM PST
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင် သီရိခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Dec 2013 02:58 AM PST
ရန်ကုန်တိုင်း ဒေသကြီးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ် အမှုဆောင်များအတွင်း၌ ၂၀၁၅ ခုနှစ်အတွက် အမတ်ရောဂါ ထနေကြကြောင်း၊ အမတ်ရောဂါ ထခွင့်ရှိသော်လည်း အဖွဲ့ချုပ်သွေး ကွဲအောင် မလုပ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်း ဒေသကြီး အလုပ်အမှု ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဒီဇင်ဘာ ၁၈ ရက်၌ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဒေသကြီးတိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်များ ဒုတိယ အကြိမ်တွေ့ဆုံ ညှိနှိုင်း အစည်းအဝေး၌ ပြောကြား လိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Dec 2013 02:47 AM PST
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ဗီဇာမလိုဘဲ သွားလာနိုင်ရန် အတွက် နှစ် နိုင်ငံအစိုးရအဖွဲ့တို့အကြား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် နှစ်နိုင်ငံ သံတမန်များနှင့် အဆင့်မြင့်အရာရှိများအနေ ဖြင့် သွားလာနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတိုင်း သွားလာနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 19 Dec 2013 02:38 AM PST
ဒီဇင်ဘာလ(၁၈)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၄၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Dec 2013 02:16 AM PST
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင်ရှိသော ကျိုက်ထီးရိုး စေတီတော် တောင်ပေါ် တောင်အောက် တည်းခိုခနှုန်းထားများသည် ယခုရက်ပိုင်းတွင် ဈေးနှုန်း ကြီးမြင့်နေသည်ဟု ကျိုက်ထီးရိုး ဘုရားဖူးပြန်လာသူများဆီက သိရသည်။ တောင်အောက် ထမင်းဆိုင်များက တည်းခိုခန်းများသည် တစ်ယောက်ကို တစ်သောင်းနှုန်းယူပြီး တောင်ပေါ်ထမင်းဆိုင် တည်းခိုခန်းများက မိသားစု အခန်းတစ်ခန်းကို တစ်ညအိပ်ငါးသောင်းနှုန်းယူသည်ဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 19 Dec 2013 02:01 AM PST
စင်ကာပူနိုင်ငံရှိ အိန္ဒိယ ရပ်ကွက်တွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း စင်ကာပူ အစိုးရ၏ ပြောကြားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် အဆိုပါကိစ္စတွင် ပါဝင် ပတ်သက်သော နောက်ထပ် လူ ၂၈ ဦးကိုလည်း ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 19 Dec 2013 01:57 AM PST
အခွင့်အရေး ချိုးဖောက် ခံရမှုများကို ထိုင်းနိုင်ငံအစိုးရ ဖြေရှင်းပေးနိုင်ရန် ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ မြန်မာလုပ်သား ၂၀၀ ကျော် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း လုပ်သားများနေ့ (ဒီဇင်ဘာလ ၁၈) တွင် စမွတ်စခွန် ခရိုင်အုပ်ချုပ်ရေးရုံးသို့ လမ်းလျှောက် ချီတက် တောင်းဆို ခဲ့ကြောင်း ယင်းတောင်းဆိုမှုကို ဦးဆောင်သည့် ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 19 Dec 2013 01:43 AM PST
ဒီဇင်ဘာလ(၁၉)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ(၂)၊ အမှတ်(၅၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Dec 2013 01:40 AM PST
ဒီဇင်ဘာလ(၁၅)ရက်နေ့ ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ(၁)၊ အမှတ်(၅၁)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2013 12:57 AM PST
မြန်မာနှင့် ထိုင်းအမျိုးသမီးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များ မျှတမှုမရှိသည့်အတွက် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တိုင်ပင်ကာ အာရှဘောလုံးအဖွဲ့ ချုပ်(AFC)ထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသမီးဘောလုံးအသင်း နည်းပြက ပြောကြားလိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

မြန်မာ အမျိုးသမီး ဘောလုံး အသင်းက ထိုင်းအသင်းကို ၁၁ ဂိုး ၁၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ငိုကြွေးနေသော ကစားသမားများကို နှစ်သိမ့်နေသော အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကို တွေ့ရစဉ် ဓာတ်ပုံ - ညီညီဇော် / 7day Daily 

Posted: 19 Dec 2013 12:50 AM PST
ငွေနှစ်ရာကျပ်နှင့် အသက်ရင်းသူ များမှာ ရန်ကုန်မြို့တော်နှင့် အလွန်ဝေး ကွာ၍ ခေါင်သီသော နယ်မြို့များတွင် မဟုတ်ဘဲ ရန်ကုန်မြို့တွင်းတွင်ပင် ဖြစ် ပျက်နေသည်ကို ကျွန်ေ တ်ာတွေ့ရှိခဲ့ရပါ သည်။ ကျွန်တော်သည် ပြီးခဲ့သော အောက်တိုဘာလဆန်းက ပင်စင်ထုတ် ရန်အတွက် ကျွန်တော်နေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်မှ ပင်စင်ထုတ် ရ မည့် စက်ရုံခွဲတည်ရှိရာ ဘုရင့်နောင် လမ်း ချောင်းဝကျောင်းတိုက်အနီးသို့ သွားရောက်ခဲ့ပါသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 19 Dec 2013 12:11 AM PST
မလက်တို လယ်ယာမြေပဋိပက္ခမှာ ရဲတစ်ဦး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး လယ်သမားတွေကို ထပ်မံဖမ်းဆီးမယ်လို့ သိရပါတယ်။ ဦးထွန်းကျော် သတင်း ပေးပို့ထားပါတယ်။ DVB TV

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Dec 2013 12:04 AM PST
မြန်မာနိုင်ငံ၌ ဒီဇင်ဘာလ ဒုတိယပတ်ခန့်မှ စ၍ မြို့ကြီးအချို့တွင် အအေးပိုလျက် ရှိရာ မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် ရှမ်းကလေးကျွန်း ကျေးရွာ တောင်ဘက် စစ်ကိုင်း-မန္တလေး ကန်ပတ်လမ်း ဘေးတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းခန့်က အိမ်ရာမဲ့ အမျိုးသားတစ်ဦး အဆုတ်အအေးမိ၍ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ သေဆုံးသူ အသက် ၄၀ နှစ်ခန့် အမျိုးသားသည် အခြေအနေမဲ့ သွားလာနေထိုင်သူ ဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံးနေခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Dec 2013 11:35 PM PST
ရန်ကုန်မြို့တော်တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ လူကုန်ကူးမှု ၁၈ မှု ဖမ်းမိခဲ့ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ဖမ်းဆီးရရှိခဲ့သော လူကုန်ကူးမှု ၉၅ မှုအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၈ မှု ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ၁၈ မှုတွင် ပြည်ပ အလုပ်အကိုင် အကျိုးဆောင် မှတ်ပုံတင် လက်ဝယ် မရှိသူများက အလုပ်သမားများကို ပြည်ပသို့ ပို့ဆောင်မှုများကြောင့် ဖမ်းဆီး အရေးယူမှု အများဆုံး ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 18 Dec 2013 11:30 PM PST
မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း အဝိုင်းအနီး၌ ဒီဇင်ဘာ ၁၈ ရက် မနက် 12.42am အချိန်တွင် မြန်မာ အမျီုးသမီး နှစ်ဦးစီးနှင်းလိုက်ပါလာသည့် နီဆန်း စကိုင်းလိုင်း ကားတစ်စီး မှာမော်တော်ယာဉ် ဘယ်နှင့်ညာ ယာဉ်ကြောကိုပိုင်းခြားထားသည့် အုတ်တံတိုင်းနှင့်တိုက်မိပြီး မီးလောင်ကျွမ်းသဖြင့် သေဆုံးသွားကြောင်း New Straits Times သတင်း အရသိရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 18 Dec 2013 10:57 PM PST
မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူများကို ဗြိတိန်တပ်မတော်မှ သင်တန်းပေးရန်ရှိပြီး တိုက်နည်း ခိုက်နည်းကို သင်ကြားပေးမည်မဟုတ်ဘဲ ထိုသူတို့၏ စိတ်နေစိတ်ထား ပြောင်းလဲရေးအတွက် ဦးတည် သင်ကြားပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အန်ဒရူးပက်ထရစ်က ပြောသည်။ “ကျွန်တော်တို့အနေနဲ့ တပ်မတော်သားတွေကို သင်တန်းပေးတယ်ဆိုတာ ဘယ်လိုတိုက်ရမယ်၊ ခိုက်ရ မယ်ဆိုတာမျိုး သင်ပေးတာမဟုတ်ပါဘူး။ စာသင်ခန်းထဲမှာလိုမျိုး သူတို့နဲ့ဆွေးနွေးပြီး သူတို့တွေရဲ့စိတ် နေစိတ်ထား ပြောင်းပေးဖို့ပဲ ရည်ရွယ်တာပါ”ဟု ဗြိတိန်သံအမတ်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards နှင့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့က ဇွန်လအတွင်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

Posted: 18 Dec 2013 10:58 PM PST
ပဲခူးတိုင်း ပေါင်းတည်ထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ မိတ္တီလာမြို့အခြေစိုက် ပြည်သူ့ အကျိုး ဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး ၊ ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထက်တို့ ၃ ဦးကို အထောင်ဝင်စာ တွေ့ခွင့်မပေးတဲ့အတွက် သူတို့ရဲ့ကျန်းမာရေးကို စိုးရိမ် နေရတယ်လို့ မိသားစုဝင်တွေက ဒီကနေ့ ပြောပါတယ်။ သူတို့ ၃ ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် သောကြာနေ့ကစပြီး ထောင်တွင်းအစာငတ်ခံ ဆန္ဒပြနေကြတာဖြစ်ပြီး ကျန်းမာရေးချို့တဲ့လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မိသားစုက ပြီးခဲ့တဲ့တနင်္လာနေ့က ထောင်ဝင်စာသွားတွေခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေက တွေ့ခွင့်မပေးခဲ့ဘူးလို့ ဒေါ်ခင်မိမိခိုင်ရဲ့အမဖြစ်သူ ဒေါ်အေးမှီကပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒေါ်မြင့်မြင့်အေး

Posted: 18 Dec 2013 10:50 PM PST
ဒေါ်အောင်ဆန်းစုကြည်က မိမိဂုဏ်သိက္ခာကို တကယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြုပြင်ပဲနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်မှာမဟုတ်ဘူးလို့ သာယာဝတီမြို့မှာ ပြောခဲ့တာကို တချို့က ဒါဟာလာမယ့်ရွေးကောက်ပွဲကို NLD က သပိတ်မှောက်လိမ့်မယ်လို့ ရည်ညွန်းပြောဆိုတာဖြစ်နိုင်ကြောင်း ယူဆနေကြတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ဒါဟာတဖက်သတ်အပေါ်စီးကနေ ရွေးကောက်ပွဲ ယှဉ်ပြိုင်လိုစိတ်ရှိသူတွေကို ရည်ညွန်းခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 18 Dec 2013 10:43 PM PST
ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးခံရမှုများတွင် တရုတ်မယားအဖြစ် ရောင်းစားမှု အများ ဆုံးပါဝင်နေသည်ဟု တိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ တိုင်းအဆင့်အရာရှိတစ်ဦးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောဆိုလိုက်သည်။ ရန်ကုန်တိုင်းအတွင်း ဇန်န၀ါရီလ ၁ ရက်မှ ယနေ့အချိန်ထိ လူကုန်ကူးမှု ပေါင်း ၁၈ မှုထိ ဖြစ်ပွားထားပြီး လူကုန်ကူးခံရသူ အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၃၂ ဦးထိရှိခဲ့ကာ လူကုန်ကူးမှု ကျူးလွန်သူ အမျိုး သား ၁၀ ဦး၊ အမျိုးသမီး ၂၈ ဦး ပါဝင်ခဲ့သည်။ “အဓိကတော့ တရုတ်ပြည်ကို တရုတ်မယားအဖြစ် မြန်မာမိန်းကလေးတွေကို ပို့ဆောင်ရောင်းစားခံရမှု တွေက အများဆုံးဖြစ်ပွားတယ်” ဟု အထက်ပါ တိုင်းအဆင့်အရာရှိက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 18 Dec 2013 10:40 PM PST
၁၉.၁၂.၂၀၁၃ရက်နေ့ ၀၂၃၀အချိန် မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ သူရလမ်း၊ အမှတ်(၉၀)၊ ဒေါ်ခင်သန်း၏နေအိမ်အောက်ထပ်တွင် ငှားရမ်းနေထိုင်သူ မျိုးမြင့်အောင်သည် နေအိမ်အိပ်ခန်းအတွင်း၌ လျှပ်စစ်မီးပူအား မီးပလပ်ထိုးထားရာမှ အပူလွန်ကဲကာ အနီးရှိ အကြော်ကြော်ရာတွင် အသုံးပြုသည့် ပွဲအိတ်များအား မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် နေအိမ်အပါအ၀င် အခြားအိမ်ခြေ(၁၅)လုံး
မီးလောင်ကျွမ်းခဲ့ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 18 Dec 2013 10:34 PM PST
မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းတွင် ဆီးဂိမ်း အမျိုးသမီးဘောလုံး အကြိုဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကစားရာ ပထမပိုင်း ၁၃ မိနစ်တွင် မြန်မာအသင်းရရှိသည့် ပွဲဦးထွက်ဂိုးကို လူကျွံ သည့်အကြောင်းပြချက်ဖြင့် ဂိုးမပေးမှု၊ ပွဲချိန် ၂၅ မိနစ်တွင် ထိုင်းအသင်းက မြန်မာအသင်းဘက်သို့ ဂိုး သွင်းယူရာတွင် လူကျွံသော်လည်း ဂိုးပေးခဲ့ခြင်းတို့ကြောင့် အိနိ္ဒယဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်၍ အာ ရှဘောလုံးအဖွဲ့ချုပ်သို့ တိုင်ကြားစာပေးပို့မည်ဟု မြန်မာအသင်းနည်းပြ ဂျပန်လူမျိုး Kumda Yoshinori က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 18 Dec 2013 10:24 PM PST
မြန်မာအမျိုးသမီး ဘောလုံးအသင်း၏ ဂျပန်လူမျိုး နည်းပြက အိန္ဒိယဒိုင်၏ ဆုံးဖြတ်ချက်ကို အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) သို့ တိုင်ကြားသွားမည်ဟု ဆီးဂိမ်း အကြိုဗိုလ်လုပွဲ မြန်မာနှင့် ထိုင်းပွဲအပြီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ဒိုင်၏ မှားယွင်းမှုကြောင့် ဂိုးပေးလိုက်ရသောအခါ ကစားသမားများ အနေနှင့် နောက်မှလိုက်ကာ ကစားရသည့် အခြေအနေသို့ ရောက်ရှိ သွားကြောင်း၊ ပင်နယ်တီ အဆုံးအဖြတ်တွင်မူ ဂိုးသမားနှင့် ကန်သွင်းသည့်သူ နှစ်ဦးတည်းနှင့်သာ သက်ဆိုင်သောကြောင့် မည်သူမှားသည်၊ မှန်သည်ဟုပြော၍ မရကြောင်း၊ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 18 Dec 2013 10:13 PM PST
မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်ရှိ မန္တလာသီရိ အားကစားကွင်းတွင် ပြုလုပ်သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာ အမျိုးသမီး ဘောလုံးအသင်းမှာ နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်အထိ ဇွဲမလျှော့ဘဲ ကြိုးစား နိုင်ခဲ့သော်လည်း ထိုင်းအမျိုးသမီး ဘောလုံးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ်ခဲ့သည်။ ပထမပိုင်းပွဲစပြီး ၁၂ မိနစ်တွင် မြန်မာ အမျိုးသမီးအသင်းက ပထမဆုံးဂိုးကို သွင်းယူသော်လည်း ကွင်းလယ်ဒိုင်က လူကျွံဘော ဖြစ်နေသည်ဟုဆိုကာ ဂိုးမပေးခဲ့ပေ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...