Thursday, December 19, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၁၂)

သစ်ထူးလွင်



Posted: 18 Dec 2013 03:48 AM PST
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် လယ်ယာမြေ သိမ်းဆည်းမှု များကြောင့် ကျယ်ကျယ် လောင်လောင်ထွက် ပေါ်လာသည့် ဆန္ဒထုတ် ဖော်တောင်းဆိုမှုများ၊ သပိတ်စခန်းဖွင့် တောင်းဆိုမှုများ အကြား ဒေသခံအာဏာပိုင်၊ မူလနေထိုင်သူနှင့် ကျူးကျော်သူတို့အကြား ပဋိပက္ခ အသွင်ဆောင်သည့် ထိပ်တိုက်တွေ့ဆုံမှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ ယင်းကဲ့သို့ ထိပ်တိုက်တွေ့ဆုံမှုများ၌ မြေလွတ်၊ မြေလပ် စီမံကိန်း မြေနေရာများတွင် အင်အား အလုံး အရင်းဖြင့် လာရောက်ကျူးကျော် နေထိုင်သူများနှင့် ဒေသခံ အာဏာပိုင်များ အကြား ပဋိပက္ခအသွင်ဆောင် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တွင် ကျူးကျော် ပြဿနာများကြောင့် အာဏာပိုင်နှင့် ထိပ်တိုက်တွေ့ဆုံမှု သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 18 Dec 2013 03:44 AM PST
အလင်းရောင်ကောင်းစွာမရသည့် အခန်းအတွင်း ကျပ်နှစ်ဆယ့်ခြောက်သိန်းခန့်တန်ဖိုးရှိသည့် တွင်ခုံကြီးများသည် ဖုန်အလိမ်းလိမ်းဖြင့် ငြိမ်သက်စွာတည်ရှိနေသည်။ တန်ဖိုးကြီးသော အရင်းအနှီးပစ္စည်းများဖြစ်သော်လည်း လွန်ခဲ့သည့်သုံးနှစ်ခန့်မှစ၍ ၎င်းတွင်ခုံကြီးများကို ကိုအောင်ဇေယျ ကောင်းစွာအသုံးပြုနိုင်ခြင်းမရှိတော့။ ခန္ဓာကိုယ်တစ်ခုလုံး စက်သုံးဆီများပေကျံနေခဲ့ပြီး ဆီဂျီး(ချေး) အထပ်ထပ်ညစ်ပေနေသည့် အ၀တ်အစားများဝတ်ကာ ဆယ်နှစ်ကျော်ကြာ လေ့လာသင်ယူခဲ့ရသည့် တွင်ခုံ၊ စက်မှုပညာများမှာလည်း ယခုအချိန်တွင် သူ့ဘ၀ရပ်တည်မှုအတွက် သေချာသည့် အာမခံချက်မပေးတော့။ လေ့လာသင်ယူခဲ့ရသည့် ပညာ၊ ရှိသမျှအင်အားဖြင့် ရင်းနှီးမြှုပ်နှံကာ ထူထောင်ခဲ့ရသည့် စက်မှုလက်မှုလုပ်ငန်းမှာ ယခုအခါယိုင်နဲ့နဲ့သာ။ ပြိုလဲမသွားစေရန် အစွမ်းကုန်ကြိုးစားကျားကန်ထားရသည်ဟု ကိုအောင်ဇေယျကပြောသည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- မောင်တာ / 7Day News Journal

Posted: 18 Dec 2013 03:34 AM PST
ဝိုင်၊ အရက်နှင့် ဘီယာများ တင်သွင်းမှု တွင် အစိုးရက လိုက်လံဖမ်းဆီးမှုများ ရှိနေခြင်းကြောင့်
ထိုကုန်စည်များ နည်းတူ တရားဝင်တင်သွင်းခွင့် မရရှိသေးသော စီးကရက်ကို လက်ရှိရောင်းချ
သူများ စိုးရိမ်ထိတ်လန့်လျက်ရှိပြီး ဈေးနှုန်းများ မြင့်တက်သွားကြောင်း စီးကရက် ဖြန့်ဖြူးရောင်း
ချသူများက ပြောသည်။ အထူးသဖြင့် လူဝယ်များသော တံဆိပ်များဖြစ်ကြသည့် Marlboro, Dunhill, Kent နှင့် Esse တို့ ၏ဈေးနှုန်း များမှာ ပစ္စည်းရရှိနိုင်မှုအပေါ် မူတည် ကာ ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၆၆ ရာခိုင်နှုန်းကျော် အထိ မြင့်တက်သွားခဲ့သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ရန်ကုန်မြို့တွင်းရှိ စီးကရက်နှင့် မုန့်မျိုးစုံ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဇာနည်ဖြိုး ( မြန်မာတိုင်း(မ်) )

Posted: 18 Dec 2013 03:27 AM PST
ကမ္ဘာ့ ပြဿနာ များကို ဖခင်ကြီး တစ်ဦး သဖွယ် ကိုင်တွယ် ဖြေရှင်း ပေးလေ့ ရှိသည့် ”နယ်လ်ဆင် မန်ဒဲလား”ကို မကြာခဏ ဆိုသလို ကမ္ဘာ့ သက်ကြီး နိုင်ငံရေး သမား တစ်ဦး အဖြစ် ဖော်ပြတတ်ကြသည်။ ကိုယ်ကျင့်တရား ဆိုင်ရာ သြဇာ ကြီးမားမှုက နယ်လ်ဆင်မန် ဒဲလားကို မဟတ္တမ ဂန္ဓီ ဖြစ်စေခဲ့၏။ ယခု သူ့နေရာကို မည်သူ ဆက်ခံ မည်နည်း။ လော့ကာဘီ၊ ဘာရွန်ဒီ၊ ဒီအာ ကွန်ဂို၊ လီဆိုသို၊ အင်ဒိုနီးရှား၊ အစ္စရေး၊ ပါလက်စတိုင်း၊ ကက်ရှ်မီးယား၊ စတက် ဖင်လော့ရင့်စ် လူသတ်မှု၊ HIV ပညာ ပေး လှုံ့ဆော်မှု၊ ကမ္ဘာ့ ဖလား ဘောလုံး ပွဲ စသည့် ကမ္ဘာ့ ကိစ္စများနှင့် ပတ်သက် ၍ နယ်လ်ဆင်မန်ဒဲလား က အမျိုးမျိုး အဖုံဖုံ ပြောဆို ကိုင်တွယ် ကူညီခဲ့သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 18 Dec 2013 03:23 AM PST
ရန်ကုန်မြို့အပါအ၀င် အခြားထင်ရှားသောမြို့ကြီးများရှိ အရက်၊ ဘီယာ ရောင်းချသောဆိုင်များ၌ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ တည်ခင်းရောင်းချသည်ကို မတွေ့ရတော့ပေ။ သို့သော် ၀ယ်ယူလို့တော့ ရရှိနေသေးသည်။ ဆိုင်ရှင်များက လူစိမ်းများကို မရောင်းချရဲသော်လည်း ရင်းနှီးသူများကိုမူ အလွယ်တကူ ရောင်းချပေးလျက်ရှိသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး တခြားသောအဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသော တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့က ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် လိုက်လံစစ်ဆေးဖမ်းဆီးနေသဖြင့် စတိုးဆိုင်များ ပေါ်တင်မရောင်းချတော့ခြင်းဖြစ်သည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 18 Dec 2013 03:19 AM PST
“မင်းဘယ်လောက်ပညာတတ်လဲ၊ ဘယ်လောက်ချမ်းသာလဲ ထောင်ဘူးဝမှာထားခဲ့”

“ပြစ်မှုကြွေးကို ချွေးနှင့်ပေးဆပ်ရမည်”

ထိုဆောင်ပုဒ်များနှင့် မြန်မာနိုင်ငံအကျဉ်းထောင်များတွ
င် အကျဉ်းသားနှစ်မျိုးနှစ်စားသာ ရှိပါသည်။ အာဏာပိုင်နှင့်နီးစပ်သူ၊ ငွေကြေးတတ်နိုင်သည့် အကျဉ်းသားနှင့် ကျောထောက်နောက်ခံမဲ့ ငွေမတတ်နိုင်သည့် ထောင်ကျအကျဉ်းသား။ ထိုနှစ်မျိုးပင်။

အာဏာပိုင်နှင့်နီးစပ်သူများ၊ ငွေကြေးတတ်နိုင်သူများအတွက်မူ ထောင်သည် အပြင်လောကနှင့် ၀င်းထရံတစ်ခုသာခြားသည့် သဘောဆောင်ပြီး ကြောက်စရာလောကငရဲမဟုတ်ပါ။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 18 Dec 2013 02:24 AM PST
အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘက်ခြမ်းမှ ဝင်ရောက် လာသည့် လေအေး များကြောင့် ရန်ကုန် အပါအဝင် မြို့ကြီး အချို့တွင် ညအပူချိန်များ လျော့နည်းပြီး အအေးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။ လေအေးများ ဝင်ရောက် တိုက်ခတ် လာနေခြင်းကြောင့် မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ပျမ်းမျှ ညအပူချိန်များအောက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၅ ဒီဂရီစင်တီဂရိတ် လျော့နည်းမည် ဖြစ်ပြီး အအေးပိုမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 18 Dec 2013 01:49 AM PST
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မြို့မ(၅)ရပ်ကွက် စံပြ (၁)လမ်းအားမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဦးဆောင်၍ အလျှား (၁၈၄၀)ပေ အကျယ်(၁၂)ပေ ထု(၁)ပေ ၂လက်မ ဖြင့်လမ်းပြုပြင်နေကြောင်းသိရသည်။

အဆိုပါလမ်းအား ခင်းကျင်းနေသည်မှာ သတ်မှတ်စံချိန်စံညွှန်းမမှီသည်ကိ
ုတွေ့ ရှိနေပါပြီး သုံးစွဲပစ္စည်းများမှာ ဈေးပေါ  ကျောက်များ ခြားခံ ပစ္စည်းများ၊ ထုများသည် မိမိအကျိုး စီးပွားကိုသာ ကြည့်ပြီး ၀န်ထမ်းနှင့် ကန်ထရိုတ်များ ပူးပေါင်းကာ ပြုလုပ်နေပါသည်။

နိုင်ငံတော်မှ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်မှု လွယ်ကူစေရေး အတွက် သတ်မှတ်တွက်ချက်ကာ လမ်းညွှန်မှူသည် တာဝန်ရှိသူနှင့် စီပွားရေးသမားများ၏ ပေါင်းဆက်ကာမိမိအကျိုးစီးပွာတခု
တည်းကိုသာ ကြည့်ပြီး ပြုလုပ်နေပါသည်။

မြို့နယ်တာဝန်ရှိ အုပ်ချုပ်ရေးမှူး၊ အထောက်ကူပြုအဖွဲ့ ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်၊ စည်ပင်ဖွံ့ ဖြိုးရေးကော်မတီများမှ လာရောက်ကြည့်ရှူခြင်း မရှိခြင်းမှာ လုပ်သာပြည်သူများ အတွက် များစွာနစ်နာပါသည်။

အလားတူ ညောင်လေးပင်မြို့ မြို့မ(၂) ရပ်ကွက် အောင်ဇေယျလမ်းအား ခင်းကျင်းခဲ့သည်မှာလည်း တနှစ်မပြည့်မှီ ယခုအချိန်အလွန်ဆိုးရွာ နေသည်ကိုတွေ့ မြင်ရပါသည်။

အဆိုပါလမ်းအားနေ့ စဉ်သွားလာနေသော အမှတ်(၁)အခြေခံ အထက်တန်းကျောင်း၊ ကျောင်းသား/သူများ အခက်အခဲနှင့် ရင်ဆိုင်နေရပါသည်။ (ပုံ)  သို့ ပါ၍စံပြ(၁)လမ်းအား ခင်းကျင်း နေခြင်းအား မြို့နယ်မှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကူညီကျပါရန်တင်ပြ အပ်ပါသည်။

လမ်းသူလမ်းသားများ စံပြ(၁)လမ်း ညောင်လေးပင်မြို့

ပုံ(၁) ခင်းကျင်းနေသော စံပြလမ်း 

ပုံ(၂) တနှစ်မပြည့်မှီ ပျက်စီးနေသော အောင်ဇေယျလမ်း

Posted: 18 Dec 2013 01:34 AM PST
အင်ဒိုနီးရှားကို  မယုံနိုင်စရာ ရှုံးပွဲကြုံရသည့် ဒီဇင်ဘာ ၁၆ ည တွင် မြန်မာအသင်း ဘာတွေဖြစ်ခဲ့ပါလဲ။ ဒေါသကြီးသည့် ပတ်ဆောင်ဟွာနှင့် မြန်မာကစားသမား၊ နည်းပြများအကြား ဘာသာပြန်အဖြစ် တာဝန်ယူရမည့် ဦးနိုင်ဝင်းက ထိုညအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကန့်လန့်ကာနောက်ကွယ်မှ အကြောင်းအရာများကို ပြောပြခဲ့သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နည်းပြချုပ်ပတ်ဆောင်ဟွာ၏ စကားပြန် ကိုနိုင်ဝင်း ဓာတ်ပုံ - ထွန်းခိုင်/ 7day Daily 

Posted: 18 Dec 2013 01:15 AM PST
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ဘက်ကမ်းက ခေါင်တိုင်ရွာက ဟူပင် ဟိုတယ်ပေါ်ကို မီးပုံးပျံပေါ်က မီးကျည်တွေ ကျတဲ့အတွက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၆ ရက် ည ၉ နာရီခွဲကနေ စတင်ပြီး တနာရီနီးပါးလောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ရေပေါ်မှာ တည်ဆောက်ထားတဲ့ ဘန်ဂလို ၁၈ လုံး မီးလောင်သွားတာဖြစ်တယ်လို့ ခေါင်တိုင် ဟူပင် ဟိုတယ်က ၀န်ထမ်းတဦးက ပြောပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဟူပင် ဟော်တယ် ဘန်ဂလိုများအား တွေ့မြင်ရစဉ်

Posted: 18 Dec 2013 01:10 AM PST
လာမယ့်နှစ် ဇန်န၀ါရီ ၁၂ ရက်ကစပြီး မြန်မာနဲ့ ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာ လျှောက်ထားစရာ မလိုပဲ ၀င်ထွက်သွားလာခွင့် ရတော့မယ်လို့ ကမ္ဘောဒီးယားသံရုံးရဲ့ တာဝန်ရှိသူ မြန်မာအရာရှိက အတည်ပြုပြောဆိုပါတယ်။ မြန်မာအစိုးရနဲ့ ကမ္ဘောဒီးယားအစိုးရတို့အကြား နှစ်နိုင်ငံဗီဇာ ကြိုတင် လျှောက်ထားစရာ မလိုပဲ အပြန်အလှန် သွားလာခွင့် လက်မှတ်ရေးထိုးပြီးနောက် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 18 Dec 2013 01:05 AM PST
ပြည်မြို့ရှိ လေလွင့်ကလေးငယ် များ စာသင်ကြားနိုင်ရေးအတွက် လို အပ်သည့် ရန်ပုံငွေကို ပြန်လည်ရောင်း ချနိုင်မည့် စွန့်ပစ်ပစ္စည်းများ အလှူခံ ခြင်းဖြင့် ပြုလုပ် သွားရန်ရှိကြောင်း ကရု ဏာလက်များကွန်ရက် (ပြည်)မှ သိရ သည်။ ၄င်းတို့အနေဖြင့် လေလွင့်ကလေး ငယ်များအား စာဆက်လက် သင်ကြား ပေးနိုင်ရန် ငွေကြေးအခက်အခဲရှိနေ သော်လည်း ရန်ပုံငွေရှာဖွေမှုကို ငွေ ကြေးကောက် ခံခြင်းမျိုးပြုလုပ်မည် မဟုတ်ဟု အဆိုပါ ကွန်ရက်၏ အထွေ ထွေအတွင်းရေးမှူး ဦးပုညက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Dec 2013 09:44 PM PST
ပြိုင်ကားမောင်းနှင်သူတစ်ဦးက နေအိမ်ရှေ့တွင် ညအိပ်ရပ်နားထားသည့် ကားတစ်စီးအား ဖျက်ဆီးခဲ့မှု တစ်ခု ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းတွင် ဒီဇင်ဘာ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည့်အတွက် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၈၁(က)တွင် နေထိုင်သူ၏ နေအိမ်ရှေ့တွင် နံနက် ၃ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 17 Dec 2013 09:32 PM PST
မန္တလေးမြို့တွင် ယနေ့ ကျင်းပမည့် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီး ဘောလုံးအသင်းတို့၏ အကြိုဗိုလ်လုပွဲမှာ အရေးကြီးပွဲစဉ်ဖြစ်ပြီး သုဝဏ္ဏကွင်းမှ ဖြစ်ရပ်မျိုး ထပ်မံမကြုံတွေ့စေရန် နေပြည်တော်နှင့် ရန်ကုန်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား မန္တလေးသို့ စေလွှတ်ပြီး အင်အားတိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ဆီးဂိမ်းလုံခြုံရေးတာဝန်ယူထားသူ ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

အင်ဒိုနီးရှားအသင်းက တစ်ဂိုးသွင်းယူအပြီး ဒုတိယပိုင်းပြီးခါနီးတွင် ကွင်းအတွင်းဝင်လာသည့် ပရိသတ်တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွင်းပြင်သို့ ခေါ်ထုတ်နေစဉ် ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ

Posted: 17 Dec 2013 09:27 PM PST
နှစ်ပေါင်း ၄၄ နှစ်ကြာမှ မြန်မာ့မြေပေါ်သို့ တစ်ကျော့ပြန်ရောက်လာသော အရှေ့တောင်အာရှအားကစားပွဲတော်ကြီး၏ဖွင့်ပွဲက အံ့မခန်းခြိမ့်ခြိမ့်သဲလှသည်။ ဤမျှအထိ ထင်မှတ်မထား၊ မျှော်လင့်မထားခဲ့ကြသည့်အတွက်လည်း မြန်မာပြည်သူပြည်သားအားလုံး အသိအမှတ်ပြု ဂုဏ်ယူခဲ့ကြသည်။ သို့ရာတွင် ခဲအကြိမ်ကြိမ် မှန်ဖူးသည့် စာသူငယ်ကဲ့သို့ ဖြစ်နေသော မြန်မာနိုင်ငံအတွက်မူ အကောင်းမြင်စိတ်ထားကြသော်လည်း လက်ရှိပြည်တွင်း အခြေအနေနှင့် နောက်ဆက်တွဲ အလားအလာများ အ တွက် တွေးတောရင်ပူ နေကြသည်ကလည်း အမှန်ပင်ဖြစ်သည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 17 Dec 2013 09:21 PM PST
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၆,၀၀၀ ခန့် မြ၀တီတွင် စောင့် ဆိုင်းနေရဆဲဖြစ်သည်ဟု ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ Joint Action Committee for Burmese Affairs (JACBA) မှ ဦးမိုးကြိုးက ပြောသည်။ “မြ၀တီမှာ မြန်မာနိုင်ငံ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကနေ နာမည်ကျော်တဲ့ ကုမ္ပဏီတော်တော်များ များဟာ လူသိုလှောင်ပါတယ်။ ကျွန်တော်တို့ရဲ့ သွားလာလှုပ်ရှား ခန့်မှန်းတွက်ချက်မှု စာရင်းအရဆိုရင် မြ၀တီမှာ စောင့်ဆိုင်းနေတဲ့ အလုပ်သမား ၆,၀၀၀ လောက်ရှိတယ်”ဟု ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Dec 2013 09:17 PM PST
ကောလင်း ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့နယ် အလောင်းတော် ကဿပ ဘေးမဲ့တော အနီးရှိ အလောင်းတော်ကဿပ ရဟန္တာမထေရ်ကို သွားရောက်ဖူးမျှော် လိုသူများအတွက် ယခုနှစ် ဘုရားဖူးရာသီအတွက် ဘုရားဖူး လမ်းဖွင့်ပွဲကို ၁၃၇၅ ခုနှစ် နတ်တော်လဆန်း ၁၁ ရက်နေ့ (ဒီဇင်ဘာလ ၁၃ ရက်) နံနက်ပိုင်းက အလောင်းတော်ကဿပ တောင်ပေါ်လမ်းတွင် ဖိုလ်ဝင်တောင် ဆရာတော် ဘဒ္ဒန္တ သုမန ( မဟာသဒ္ဒမဇောတိကဓဇ) ပုပ္ပားကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့် ပုလဲ၊ ကနီ၊ ယင်းမာပင်၊ ဆာလင်းကြီး လေးမြို့နယ်ရှိ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများမှ ဘုရားဖူးလမ်း အသွားအပြန် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်၍ အခမ်းအနား ဖွင့်လှစ်ပြီးကြောင်း အလောင်းတော်ကဿပ ဂေါပက အဖွဲ့ထံမှ သိရှိရသည်။

လွန်ခဲ့သော ငါးနှစ် ခြောက်နှစ်မှ စ၍ တပို့တွဲလပြည့် ဆီမီးကိုးထောင် ကပ်လှူပွဲ၊ နှမ်းမနဲကပ်လှူပွဲ ကျင်းပသည့် ရက်များတွင် ရဟန္တာ ကိုယ်တော်မြတ်ကြီးစံပယ်ရာ ဂူတံခါး ပွင့်သည့်ဟု သတင်းများ၊ ဓာတ်ပုံများတွင် ဖတ်ရှု မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းနှစ်များတွင် ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိကြောင်းနှင့် ဘုရားဖူး ပို့ဆောင် ရေးအဖွဲ့မှလည်း ခရီးစဉ်စတင်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

MOI Webportal Myanmar


Posted: 17 Dec 2013 08:29 PM PST
အိန္ဒိယနိုင်ငံ ​သံတမန်တစ်ဦးကို ​အမေရိကန်က ​ဖမ်းဆီးထိန်းသိမ်းထားတာဟာ ​အိန္ဒိယနိုင်ငံအတွက် ​အရှက်ရစရာဖြစ်နေပြီး ​ဒီလို ​အရှက်ရစရာဖြစ်စေတဲ့အပေါ် ​အမေရိကန်အနေနဲ့ ​တောင်းပန်သင့်ကြောင်း ​အိန္ဒိယအစိုးရက ​ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံရှိ ​အိန္ဒိယသံရုံးက ​ဒုကောင်စစ်ဝန်ဖြစ်သူဟာ ​သူ့ရဲ့အိမ်အကူကို ​လုပ်အားခလစာ ​လျော့ပေးထားသလို ​အိန္ဒိယနိုင်ငံက ​အိမ်အကူအတွက် ​ပြည်ဝင်ခွင့်ဗီဇာ ​လျှောက်ထားရာမှာလည်း ​လိမ်လည်မှုတွေ ​လုပ်ခဲ့တယ်ဆိုပြီး ​အမေရိကန်က ​ဖမ်းဆီးလိုက်တာ ​ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

အိန္ဒိယ သံတမန် Devyani Khobragade (Credit: Audience submitted) 

Posted: 17 Dec 2013 08:13 PM PST
မြန်မာ-အိန္ဒိယနယ်စပ်၊ တ မူးမြို့တွင်ဖြစ်ပွားနေသောအငြင်း ပွားဖွယ်ဖြစ်နေသော ဘီပီ (၇၇) နှင့် (၇၉) နယ်မြေအတွင်း အိန်္ဒိယ အစိုးရဘက်မှ(ICP)  ရုံးတည် ဆောက်နေခြင်းများနှင့်ပတ်သက် ၍ မြန်မာအစိုးရဘက်မှတားမြစ် ကန့်ကွက်စာများပေးပို့ထားသော် လညိး အမှတ် (၉) အာသံ တပ် ရင်းမှူးမှ ဗဟိုအစိုးရမှလုပ်ဆောင် ခိုင်းသည်ဟုဆိုကာအဆောက်အအုံ များ ဆောက်လုပ်နေခြင်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံတင်းမာနေ သည့်အခြေအနေများ ဖြစ်ပေါ် နေပြီး အိန္ဒိယအစိုးရဘက်မှ တပ် ရင်း (၄) ရင်းဖြင့် နေရာယူထားပြီး မြန်မာဘက်မှ တပ်ရင်းတစ်ရင်း သာ နယ်စပ်တွင် နေရာယူထား ကြောင်း သိရှိရပြီး ၄င်းပြဿနာ ဖြစ်ပွားနေသော နေရာများကို ပိတ်ဆို့ထားကြောင်းနှင့် လုံခြုံရေး များချထားကြောင်းသိရှိရပါသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 17 Dec 2013 08:04 PM PST
မြန်မာနဲ့မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှုတွေ ဆက်ရှိနေတာကြောင့် စစ်ရေးဆက်ဆံမှုနဲ့ပတ်သက်တဲ့ မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိ ၁ ဦးကို အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ထားအရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအ၀ယ် လုပ်ငန်းတွေမှာ ပတ်သက်တဲ့ Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့နဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိရုံးက ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦးတို့ကို အရေးယူစာရင်းထဲ ထည့်လိုက်တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

၂၀၀၈ နှစ်က မြောက်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဒုဗိုလ်ချုပ်ကြီး သိန်းဌေး 

Posted: 17 Dec 2013 07:50 PM PST
မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုရှိနေတဲ့အတွက် မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိတစ်ယောက်ကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက်အရောင်းအဝယ် လုပ်တဲ့အတွက် Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူ ပိတ်ဆို့လိုက်တယ်လို့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 17 Dec 2013 07:32 PM PST
မြန်မာနိုင်ငံက Offshore ရေနံ လုပ်ကွက်များမှာ PTTEPI, DAEWOO, TOTAL, PETRONAS, PETRO VIETNAM စသည့် နိုင်ငံခြား ရေနံ ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင် နေသည်မှာ နှစ်များစွာ ကြာခဲ့ပြီ ဖြစ်ပါသည်။ ယနေ့ အချိန်ထိ ရေနံ လုပ်ကွက်များတွင် တွင်းတူးဖော်သည့် နေရာများနှင့် အခြား ပရောဂျက်များတွင် မြန်မာလူမျိုး အလုပ်သမား ဟူ၍ တွေ့ ရှိရခြင်း မရှိပဲ ဒေသတွင်း နိုင်ငံများမှ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယ စသည့် လူမျိုးများသာ တွေ့ ရှိရပါသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Dec 2013 07:14 PM PST
ဒီဇင်ဘာလ(၁၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Dec 2013 07:11 PM PST
ဒီဇင်ဘာလ(၁၈)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Dec 2013 07:08 PM PST
ဒီဇင်ဘာလ(၂၁)ရက်နေ့ ထုတ် Tech Space Journal ( Vol-2, Issue-38 )

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...