Thursday, December 19, 2013

**ဗိုလ်ချုပ်နှင့် ကျွန်တော်** (၃) (ဗိုလ်တာရာ)

December 14, 2013 at 3:30am
**စစ်လောက ခရီးကြမ်းဝယ်**

ဘန်ကောက်တမြို့လုံး ဂျပန်စစ်တပ်တွေ ဒင်းကြမ်းနှင့် ယိုးဒယားပြည်တစ်ပြည်လုံး နီပွန်အလံများ လွှမ်းမိုးလျှက် ကမ္ဘာ့အရှေ့ပိုင်းတစ်ခုလုံး ဂျပန်စစ်ဘီလူးကြီးက ဝါးမြိုထားခိုက်ဖြစ်တော့သည်။


ဗိုလ်အောင်ဆန်းခေါ် ဗိုလ်တေဇ၊ တချိန်တခါက အညတသခင်အောင်ဆန်းဖြစ်ခဲ့သူ ဦးစီးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဋ္ဌာနကြီးကား ---ဘန်ကောက်မြို့အရှေ့တောင်ဒေါင့်ရှိ ဇရပ်နီရပ်ကွက်ခေါ် ဆာလာဒင်ရပ် နိုင်ငံခြားသားများသံရုံးတစ်ခုလုံးဋ္ဌ် ခန့်ညားစွားစခန်းချလျှက် စစ်ရေးပြင်နေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းကား ဒုတိယစစ်သေနာပတိအဖြစ် နှင့် တိုက်ရေးခိုက်ရေးမှစရု် တပ်မတော် ဖွဲ့စည်းရေးပါမကျန် တာဝန်ခံယူရသည်ဖြစ်သဖြင့် စိတ်ပန်းလူပန်းဖြစ်နေပုံရလေသည်။

ကျွန်တော်စခန်းချသော အမေရိကန် သံအမတ်အိမ်ဋ္ဌ် ကြီးကျယ်လှသည့် စာဖတ်ခန်းမကြီးထဲမှ စစ်နှင့် ပတ်သတ်သောစာအုပ်များကို အားလပ်ခွင့်ရတိုင်း မွှေနှောက် အမြတ်ထုတ်ရု် ကျွန်တော်က စာဂျပိုးလုပ်နေမိ၏။ တစ်နေ့တွင် အခန်းတစ်ခန်းထဲမှ ကျွန်တော့ခြေထောက်နှင့်တိုင်းချုပ်ထားသလို အံကိုက်နေသော TOP BOOTS ဒူးဆစ်အထိရှည်ရု် ပထမတန်းသားရေနှင့် ချုပ်ထားသည့်စစ်ဖိနပ်တစ်ရံ ကို ကျွန်တော်တွေ့ရှိရု် ကျကျနနဆေးတိုက်ပြီး အိပ်ရာထိပ်ဋ္ဌ် စနစ်တကျ ထောင်ထား၏။ ညနေ စစ်လေ့ကျင့်ခဏ်းမှ အပြန်တွင် ကျွန်တော် အလွန်နှစ်သက်လှသော ဘိနပ်အရှည်ကြီး ကြက်ပျောက် ငှက်ပျောက် ပျောက်နေတော့၏။ အိပ်ခန်းစောင့်ရဲဘော်တစ်ဦးကို ခေါ်ယူစစ်ဆေးသည်တွင် -----ဗိုလ်ချုပ်အောင်ဆန်း က အိမ်ခန်းများကို လာရောက်စစ်ဆေးသည်တွင် ကျွန်တော့်ဘိနပ်ကို တွေ့သွားသဖြင့် ဘာမပြော ညာမပြောနှင့် အသင့်စီးထွက်သွားကြောင်း အစစ်ခံလေတော့သည်။

သူ့ဋ္ဌာနချုပ်ရုံးခန်းထဲဋ္ဌ် စမတ်ကျကျ ကျွန်တော့ဘိနပ်ကို အခံ့သားစီးကာ မြေပုံတွေကြည့်နေသော ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ရရု ဒေါသဖြစ်နေသော ကျွန်တော်က အလေးပြုလိုက်ပြီး-----

``ခင်ဗျား --- ဒီဘိနပ်ကို --- ဘာလို့မပြောဆိုဘဲ ယူသွားသလဲ---``

``ငါ စီးချင်လို့ကွ`` သူကခပ်တည်တည် ၊ခပ်အေးအေး အမှုမထားသလို ပြန်ဖြေသည်တွင်----------

``ခင်ဗျားတို့ လူကြီးတွေ ဘာမှစည်းကမ်းမရှိဘူး ၊ သိပ်ခက်တယ်---``

ဒေါပွပွ နှင့် ကျွန်တော် နင်းဆူပါတော့သည်။

သူက စိတ်ဆိုးသည့်အခါ စီးကရက်ကို အားရပါးရ ဖွာလိုက်ပြီး ပြုံးဖြဲဖြဲကြီးနှင့် ကျွန်တော့်ဆီသို့ ဆေးလိပ်ငွေ့များမှုတ်ထုတ်လျှက်---

``ကွာ----- ငါ့ညီကလည်း--- ငါ့ညီဘိနပ်ကို စီးစရာမရှိလို့ ငါယူစီးတယ်၊ မင့်ဘိနပ်ဟာ ငါ့ဘိနပ်ဘဲကွ
၊ ပြီးတော့ ငါနေရတာက စစ်သေနာပတိရာထူးယူထားရတော့ တကယ်လို့ ငပုတွေ(ဂျပန်စစ်ဋ္ဌာနချုပ်)နဲ့ စကားပြောတဲ့အခါမှာ--- ငါ့ကို အထင်သေးခံရရင် မင်းတို့ကို အထင်သေးခံရတာနဲ့ အတူတူပဲ --မဟုတ်လား--၊ ပြီးတော့ ငါ့ညီဘိနပ် ပြန်ယူပေါ့ကွာ-- စိတ်ချပါ။ ငါပြောလိုတဲ့အဓိပ္ပါယ် ရှင်းရဲ့မဟုတ်လား--လူကြီးစိတ်ထားစမ်းဟေ့--- ကောင်ကလေး-``

ကှုတွင် ကျွန်တော့မှာ သူ၏အဖြစ်ကို ဒေါသဖြစ်ရာမှ သနားလာပြီး သူပြောဆိုသည့် ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိကို ဂျပန်တွေ အထင်သေးမခံစေရမှု ရည်ရွယ်ချက်၊ အကြောင်းပြချက်။ ခိုင်လုံနေသောကြောင့် အဆုံးတွင် ``ကောင်းပါပြီဗျား--- ခင်ဗျားစီးပြီးတော့ ပြန်ပေးနော်``

``အင်း``

သူက ကျေနပ်စွာ တစ်ခွန်းတည်း ဖြေဆိုလျှက် -- ကျွန်တော့ကို သေနင်္ဂဗျူဟာနှင့် နည်းပရိယာယ်အကြောင်း တိုင်ပင်ဆွေးနွေးစေပါသည်။
ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဋ္ဌာနချုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေပါသည်။ ထိန်ထိန်သာသာ ယိုးဒယားပြည်၏ ညခင်းက ကျွန်တော်တို့ရဲဘော်သုံးကျိပ်ဝင်တို့ကို သာယာမှုရင်ခွင်ဆီသို့ ညို့ယူခေါ်ဆောင်သွားပါသည်။ တိုက်ကြီး၏ အထက်ထပ် အောက်ထပ်တွင် မီးတွေလင်းနေသလောက် ကင်းစောင့်ရဲဘော်များနှင့် ကျွန်တော်သာ ကျန်ရစ်ခဲ့သည်။ စစ်လောကတွင်းက စစ်သားတွေပီပီ မသေမီ ပျော်သလိုသာနေလိုက် ကိုယ့်လူရေ--ဆိုသလို ရဲဘော်သုံးကျိပ်ဝင်တို့သည် ပြင်ပ ယိုးဒယားညနန်းသို့ ခပ်မူးမူးနှင့် ခြေကုန်သုတ်သွားကြသည်။ ကျွန်တော်သာ လက်ရွေးစဉ်ရှာဖွေထားသော စစ်သေနင်္ဂဗျူဟာ အခြေခံစာအုပ်ကို အလွန်စိတ်ဝင်စားစွာ လေ့လာနေခိုက်ဖြစ်လေသည်။

``ဟေ့ ကောင်လေး ဘာတွေဖတ်နေသလဲကွ``

လန့်ဖျန့်သွားအောင် အသံသြကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်းကမေးရင်း ကျွန်တော့အနား ဝင်ထိုင်လိုက်သည်။ သို့ရာတွင် ကျွန်တော်က ဖတ်ကောင်းတုန်း မို့စကားပြန် မပေးလိုက်ပါ။

သူက ``ပြစမ်းပါဦးကွ -- မင့်စာအုပ် ခဏလေး --`` ပြောပြောဆိုဆိုနှင့် ကျွန်တော်ဖတ်နေသောစာအုပ်ကို အတင်းဆွဲယူပါတော့သည်။

ကျွန်တော်က သတိရပြီး ``ဟင် အကိုကြီး တစ်ယောက်လဲ ကျန်ရစ်ခဲ့သကိုး ----``

``အေးပေါ့ကွာ--- အလကားဟာတွေ---ပိုနေတာဘဲ``

သူက အရေးမကြီးပုံနှင့် ပါးစပ်ကသာ ဖြေရု် မျက်စေ့က စာမျက်နှာတွေနှင့် ကမန်းကတန်း မိတ်ဖွဲ့နေပါသည်။

``သိပ်ကောင်းတဲ့စာအုပ်ဗျ ကျွန်တော်တော့ ပွတာဘဲ```

သို့ရာတွင် သူ့ဆီက လုံးဝစကားပြန်မ၇တော့ချေ။ ဆယ့်ငါးမိနစ်ခန့်ကြာအောင် သူက စာသားများကို ဖတ်နေပြီး ---

``ဒီစာအုပ်ကို ငါ့ပေးလိုက်လကွာ--- သိတ်ကောင်းတယ်ဟေ့---``

``ဟာဗျာ--- ခင်ဗျားကြီးကလဲ တခါလာ ဘိနပ်ယူ ၊စာအုပ်ယူနဲ့ သိတ်ဗိုလ်ကျတာဘဲ--``

``မင်း ဘာနားလည်လို့လဲ --မင်းတို့က ရှေ့ဆုံးချီတတ်၇မယ့် တပ်မှုးတွေကွ စစ်မြေပြင်မှာ ဒီစာအုပ်ဟာ တိုက်ရင်း ခိုက်ရင်းပျောက်သွားရင် ဒို့အဘို့ ဘယ်လောက် နစ်နာမလဲ ။ ငါက စစ်ဋ္ဌာနချုပ်ကို အုပ်စီးပြီးလိုက်ရမှာမို့ ငါယူခဲ့မယ်။ ဗမာပြည်ရောက်တော့ ဆက်ဆက် မင့်စာအုပ်ကို ပြန်ရစေ့မယ်``

ကှုသို့နှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းထံသို့ ကျွန်တော်၏ စစ်ဘိနပ်ရော အလွန်မြတ်နိုးလှသော စစ်ကျမ်းစာအုပ်ရော ပေးလိုက်ရ၏။ ရန်ကုန်တွင်ဆုံမိကြသောအခါ ကျွန်တော်က အကြွေးတောင်းသလို အတင်းပူဆာသည်တွင် သူက---``ငါ ဘယ်နားသိမ်းမိမှန်း မသိဘူးကွ နောက်မှ ငါရှာပေးမယ် စိတ်ချနေ`` ဟုခြေရာဖျောက်ပြောကာ ခေါင်းရှောင်ခဲ့၏။ ယခုထိ ဘိနပ်နှင့် စာအုပ် ဇာတ်ဆုံးခဲ့ရတော့၏။

``လူ နီနီ ဘောင်းဘီဝတ်ပါလို့ ဒါးစလွယ်ငွေကွပ်လို့ ပြေညွတ်အောင် လာချည်သေးခ၇ဲ့ ဘိုးတော်ကြီး မြေး``

ကှုတဘောင်ကား မှန်မမှန် မပြောတတ်ချေ။ ကျွန်တော်တို့ ဗိုလ်ချုပ်ကြီး ဗိုလ်တေဇနှင့် ဗိုလ်ချုပ် ဗိုလ်မိုးကြိုးတို့ ဦးစီးကာ ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးအား နီပွန်စစ်တပ်များနဲ့အတူ ဗမာပြည်တွင်းသို့ ဗြိတိသျှ နယ်ချဲ့သမားများကို ဒါး လှံစွတ် ကျည်ဆန် ဗုံးဆန် အမြောက်ဆန်တို့ဖြင့် လမ်းရှင်းပြီး ဝင်ရောက်ခဲ့နိုင်၏။ ဘန်ကောက်မြို့တော်ကို ဗြိတိသျှလေကြောင်းမှ တန်ပြန်ထိုးစစ်ဆင်သည့် ပထမညဦးပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝတ်စစ်စား အပြည့်အစုံဖြင့် ဂျပန်ဓါးရှည်ကို ခါးတွင်ပတ်ကာ ပုန်းရှောင်ရကောင်းမှန်းမသိ သည့်အလား နေရာတပ်ဖွဲ့အနှံ့အပြား ပြေးလွှားရု် ရဲဘော်များကို ရှောင်းရှားအကာအကွယ်ယူရန် အမိန့်ပေးနေ၏။ ရန်သူ့လေယဉ်ပျံများက ချထားသော မီးကျည်အလင်းရောင် တွင် သူက ဘိုင်စကုတ်အ၇ိုက်ခံရမည့် ဇာတ်လိုက်မင်းသားပမာ ဆလိုက်ထိုးထားသည့် အလင်းရောင်အောက်တွင် မကြောက်မရွံ့ တပ်များကို ကွတ်ကဲ အမိန့်ပေးသည်ကို ဘေးမှမြင်ရသော ဂျပန်အရာရှိများက နေရာမယူရကောင်းလားဟု အပြစ်တင်နေကြသည်။အမှန်မှာ ရန်သူလေယဉ်ပျံများက ဗုံးချရုံသာ မဟုတ်သေး ။စက်သေနတ်နှင့် ထင်ရာမြင်ရာ ပစ်ခတ်နေသောကြောင့်တည်း။

**လောကီဇာတ်ခုံပေါ်က ဗိုလ်ချုပ်**

``ရာဇဝင် အထုပ္ပတ္တိလည်းရှိရမယ်--- မော်ကွန်းလဲထိုးလောက်တဲ့--မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်-----``

ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်ချုပ်အောင်ဆန်း၏ မင်္ဂလာ အခမ်းအနားအတွင်းမှ ပဲ့တင်ပေါ်ထွက်လာသော ဗိုလ်ချုပ်အောင်ဆန်းအား ချီးကျူး ထားသည့် သီချင်းသံမှာ ဗမာပြည်တဝှမ်းလုံးသို့ တခဏခြင်းဝဲပျံ လွှမ်းမိုးပြီးသားဖြစ်သွား၏။ တခါက ဗြိတိသျှ နယ်ချဲ့သမား၏ လက်ပါးစေ မျက်နှာဖြူ အရေးပိုင်တစ်ဦး၏ ဆုတော်ငွေ ငါးကျပ်တိတိ ထုတ်ကာ ဖမ်းဆီးသတင်းပေးရန် အရေးကြီးခဲ့သော တရားခံအောင်ဆန်းကား ယခုအခါဋ္ဌ် ဗမာ့ကာကွယ်ရေးတပ်မတော် သို့မဟုတ် ကျွန်ခောတ်မှ သခင်ခေတ်သို့ ပို့ဆောင်နိုင်ခဲ့သူ ၏ဘခင်ကြီးအဖြစ် ကောင်းမြတ်သော ဘိသိတ်မင်္ဂလာ အခါတော်ယူခိုက်ဖြစ်၇ု် လောကီဇာတ်လမ်းတစ်ခုကို ကပြရန် လောကဇာတ်ခုံအပေါ်ဋ္ဌ် သူ၏ချစ်သူ ဒေါ်ခင်ကြည်နှင့် စုလျားရစ်ပတ် လက်ထပ်ချိန်ကြီးပင် ဖြစ်တော့သည်။

ဗိုလ်ချုပ်အောင်ဆန်းက သူမိန်းမယူသည့်ကိစ္စနှင့် ပတ်သတ်ရု်ကျွန်တော်တို့ထံ ဝေဖန်ချက်များတောင်း၏။ သူက သူ့ညီငယ်များ၏ ဆန္ဒကို အထူးသိလိုသည့်အတွက်ကြိုးစားခဲ့၏။ ကျွန်တော့အလှည့်တွင် ``ခင်ဗျား သဘောကျလို့--- ခင်ဗျားကြိုက်လို့--ခင်ဗျားယူတယ်--ခင်ဗျားကျေနပ်လျှင်ပြီးတာပဲ``ဟု ဝေဖန်ချက်ပေးပြီး နောက်ပိုင်းတွင် ခပ်နောက်နောက် ``ဂွတ်တယ်ထင်၇င် ဒူးသာဒူးပေါ့`` ဟုအဆုံးသတ် အဖြေပေးလိုက်၏။

မိန်းမယူဘို့ အချစ်ကိစ္စလက်ခံဘို့ တခါကမှ စိတ်မကူး-- မစဉ်းစားနိုင်ခဲ့သော ကျွန်တော့မှာ ချစ်သူသက်လယ်နှင့် တွေ့မိတော့သည်။ တနေ့တွင် ဗိုလ်မှုးကြီးစင်္ကြာနှင့် စေတနာဝန်ထမ်းသတင်း ပို့ချက်ကြောင့် ကျွန်တော့အချစ်ရေး သတင်းပို့ချက်ကို ဗိုလ်ချုပ်အောင်ဆန်းထံ ပေါက်ရောက်သွားတော့၏။ သူကမဆိုင်းမတွနှင့် ကျွန်တော့်ကိုခေါ်ကာ မေးမြန်းသည်တွင် ဝါသနာအတိုင်း ကျွန်တော်ကလည်း ဘွင်းဘွင်းပင် ဟုတ်မှန်ကြောင်း အစစ်ခံလိုက်၏။

ကျွန်တော့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ``ဟေ့ ကောင်လေး တာရာ--- ဒီကိစ္စကို မင့်သဘောအရ အရမ်းလုပ်လို့ ဘယ်ဖြစ်မလဲ ---ဒို့နဲ့ တိုင်ပင်မှပေါ့ကွ``

``ဗျာ--- လူ့အခွင့်အရေးကို ခင်ဗျားက ဘာလို့ဝင်ပြီး ချုပ်ချယ်ချင်သလဲ---ခင်ဗျားလဲ ဂွတ်တယ်ထင်လို့ ဒူးလိုက်တယ်မဟုတ်လား ----ဗိုလ်ချုပ်``

``အံမာ-- မင်းက နိုင်ငံရေးစကားတွေ ဘာတွေနဲ့ ဟုတ်ပေ့ကွာ ။ ဘာပဲဖြစ်ဖြစ် ဒို့လူကြီးတွေခေါ်ပြီး မင့်ဇနီးလောင်းကို စစ်ဆေးအုန်းမယ် --- မင်းဒို့စကား နားထောင်ရမယ် ၊ ဒါဟာ ငါ့အမိန့်ဘဲ ``

ခပ်တင်းတင်းပြောရင်း ကျွန်တော့ဇနီးလောင်း ဗဟိုလ်စစ်ဆေးရုံကြီးမှ ဆရာမစောချစ်ဦးကို စစ်ဦးစီးအဖွဲ့ဝင်ဗိုလ်ချုပ်တို့ ခေါ်ယူရု် နောက်ပိုင်း ရာဇဝင်နှင့် ကျွန်တော့အပေါ် သဘောထားပုံများကို စစ်ဆေးလျှက် အမျိုးမျိုး ထုတ်လိုက်ပါသေး၏။ နောက်မျ ကျွန်တော်တို့ လက်ထပ်ခွင့် အမိန့်ပြန်တမ်း ကိုတပါတည်း ထုတ်ပေးလိုက်ပြီး သူတို့ကိုယ်တိုင် အိမ်ကိုလာကြရု် တဟားဟား ပွဲကျအောင် ဟိုကနောက် ဒီကနောက်နှင့် လုပ်ကြတော့၏။

ဆိုင်းသံ ဗုံသံတို့ဆူညံနေသော သီတင်းကျွတ်ပွဲတော်သို့ ဆိုက်ရောက်ခဲ့သည်။ ဗိုလ်ရဲထွဋ် ဗိုလ်ဇင်ယော် ဗိုလ်မင်းရောင် အစချီရု် ကျွန်တော်ကပါ ကန်တော့စရာ လက်ဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း ၏နေအိမ် ယခုပျဉ်းမနားမြို့ ရှမ်းကန်အနောက်မြောက်ဒေါင့် သို့ နံနက်စောစော ဝင်သွားတော့သည်။ သူက ဆိုဖာပေါ်တွင် စာအုပ်တစ်အုပ်ကို အခံ့သားဖတ်နေ၏။

ကျွန်တော်တို့ သူ့ကို တန်းစီအလေးပြုလိုက်ကြသည်။ သူက ဖတ်နေသော စာအုပ်ကို အသာဘေးဖယ်လိုက်ပြီးနောက် ကျွန်တော်တို့ တတွေကို စူးစူးဝါးဝါးကြီး မျက်နှာထားတင်းတင်းနှင့် ကြည့်နေပါတော့၏။ ပြီးမှ---

``ဟေ့ကောင်တွေ မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်စမ်း`` ဟုငေါက်လိုက်သည်။ ကျွန်တော်တို့မှာ ဗမာ့အခါတော်ဖြစ်ရု် ယူနီဖောင်းအစား ဗမာပြီပြီ ---- ပိုးလုံခြည် တိုက်ပုံအင်္ကျီနှင့် အတော်စတိုင်ထုတ်ပြီး ကန်တော့လာခိုက်ဖြစ်သည်---။ ပြီးမှ ``ထွီ``ဟု ဆောင့်ကြီး အောင့်ကြီးနှင့် တံတွေးထွေးလိုက်ပြီး ``မင်းတို့ တပ်မှုးကြီးတွေ လုပ်နေတယ် ဘာမှမစဉ်းစားဘူး -- ရဲဘော်လေးတွေမှာတော့ ယူနီဖောင်းအစုတ်စုတ် ၊ မင်းတို့ကတော့ ပိုးလုံးခြည်တပြောင်ပြောင် သူတို့စိတ်ထဲ ဘယ်လိုနေကြမလဲ စဉ်းစားကြည့်စမ်း ``

ကှုတွင်မှ ကျွန်တော်တို့မှာ ကိုယ့်ချို့ယွင်းချက် အမှားကို သိရသဖြင့် မျက်နှာမထားတတ်အောင် ဖြစ်သွားကြ၏။

``ခု သွား ငါ့အိမ်ခန်းထဲမှာ -ငါ့ယူနီဖောင်းတွေ သွားဝတ်ပြီးမှ ငါ့ကို လာကန်တော့ ကိုင်း------အခုသွားလဲကြ။ မင်းတိုက လုံခြည် အင်္ကျီတွေ အကုန်ချွတ်ပြစ်ခဲ့--``

ဗိုလ်ချုပ်အမိန့်ကြောင့် အခန်းထဲသို့ အမြန်လစ်ခဲ့ရတော့၏ သူ၏ ဘီရိုသေတ္တာကို အမြန်ဖွင့်ရု်နေသော ဗိုလ်မင်းရောင်က နှာခေါင်းတရှုံ့ရှုံ့နှင့် ဖြစ်နေပြီး ``ဟေ့ ချဉ်စော်ကြီး နံနေတယ်ကွ``

ဘီရိုထဲမှ စုပုံထားသော ဖြစ်ကတတ်ဆန်း ဗိုလ်ချုပ်၏ ယူနီဖောင်းများကို အနံ့ဆိုးစွာဖြင့် ဗိုလ်မင်းရောင်က ဆွဲယူရု် ကျွန်တော်တို့ဆီကို ပစ်ပေးလိုက်ပြီးနောက် ``ဟီး ဟီး ကြည့်သာ ဝတ်ကြပေတော့ကွာ ချဉ်စော်နံတာ လက်စသတ်တော့ ငမိုးအဝတ်အစားတွေကကိုး--``

ကျွန်တော်တို့ဘာမှမတတ်နိုင် သူ့သဘောအတိုင်း မလျှော်မဖွတ်ဘဲ ဂရုမစိုက်ထားသည့် ချဉ်စော်နံ``ယူနီဖောင်းများကို မတန့်တတန် ဝတ်ကာ ကြာလျှင်နောက်ပိုင်းက မီးတောက်မည့် နိမိတ်လက္ခဏာကြောင့် ဝတ်ဆင့်ပြီး ဗိုလ်ချုပ်ရှေ့သို့ တန်းစီခဲ့သည်။

သူက မျက်မှောင်ကုတ်ရာမှ ခပ်ပြုံးပြုံးကြီးဖြစ်လာပြီး ``အေး ကန်တော့ကြ ကန်တော့ကြ ပြီးရင် ဒီအတိုင်းပြန် မင်းတို့သောက်သုံးမကျတဲ့ လုံခြည်တွေ တခုမှပြန်မယူနဲ့ ကြားလား--``

ကန်တော့ ကောင်းလွန်းရု် ကျွန်တော်တို့ ပိုးလုံခြည် အင်္ကျီတွေ ဆုံးခဲ့ရတော့၏။ အချိုးမကျ ဂွှတတ မတန့်တတန် ယူနီဖောင်းတွေကြောင့် ဗိုလ်ချုပ်ကားကို ကမန်းကတန်းစီးကာ ကိုယ့်အိမ်အေ၇ာက် လေ၏လျှင်မြန်နှုံးနှုင့်အတူ သုတ်ခြေတင်ခဲ့ရလေသည်။

ကျွန်တော့အား အထက်ဗမာပြည်သို့ ဗိုလ်ဇေယျတပ်ရင်းနှင့် ပို့လိုက်သည်။ ယခင်က ကျွန်တော်အလုပ် အထူးကြိုးစားလုပ်ခဲ့သည်နှင့် အမျှ ဗိုလ်ချုပ်က နှုတ်ဖြင့် စာဖြင့် ချီးကျူး၏။ အားပေးခြင်းခံရ၏။ ယခုမှာမူ ခါတိုင်းထက် ကျွန်တော်အလုပ်ကြိုးစားခဲ့သည်။ သို့ရာတွင် သူ့ဆီက ``ဟေ့ ကောင်လေး မင်းအလုပ်ဂရုစိုက်စမ်း သိပ်နေရာမကျဘူး--``ဟု တွေ့တိုင်း ဆူနေတော့၏။ တခါလည်းမဟုန် နှစ်ခါလည်းမဟုတ် ခဏခဏဆူလွန်းသည့်အဆုံးတွင် ကျွန်တော်က သူ့ဆီ စာေ၇းလိုက်၏။ ``ခင်ဗျား ဒီလောက်ဆူနေရင် ကျွန်တော် ဘာမှမလုပ်တော့ဘူး ထိုင်နေမယ် ``ဟု ဘုကျကျ အစီရင်ခံလိုက်သည်။ စစ်ဋ္ဌာနချုပ်မှုး ဗိုလ်မှုးကြီးလကျာင်္က ကျွန်တော့ကိုခေါ်ပြီး ``မင်းစာကို ဗိုလ်ချုပ်ရတယ် လို့ပြောတယ် မင်းသူ့ကို ဘုရေးတယ်လို့ပြောတယ်။ သူက မင့်ကို ခဏခဏဆူတာ မင်းကောင်းဘို့ဘဲကွ။ အ၇င်တုန်းက မင်းလူပျိုဘဝဆိုတော့ မင့်ကို မြှောက်ပေးတယ်။ မင်းမိန်းမရပြီးတော့ သူက မင့်စိတ်ပေါ့သွားမှာ စိုးလို့ ခဏခဏဆူပေးတာပါတဲ့ --တကယ်ဆိုတော့ မင့်ရဲ့ဆောင်ရွက်မှု တွေဟာ အတော်တိုးတတ်နေတယ် ``ဟုဗိုလ်ချုပ်၏ ကျွန်တော့်အပေါ် သံယောဇဉ်ကြီးမှုအမှန်ကို သိရပါတော့၏။

ဗမာပြည်အတွင်းသို့ လက်ဝဲဝါဒမုန်တိုင်း သည် တဟောဟော ကျဆင်းဆိုက်ရောက်လာတော့၏ ကှုတွင် တပ်မတော်အတွင်းမှ ဗိုလ်များ အကြပ်များ တပ်သားများမှာ ထိုလက်ဝဲမုန်တိုင်းဒဏ်သင့်ကာ မာ့ခ် ဝါဒ မြူမှုံတွေ လူးကပ်လျှက် လက်ဝဲဝါဒ အတွင်းသို့ဝင်ရောက်ခဲ့၏။ကျွန်တော်လည်း ထိုအထဲတွင် တစ်ယောက်အပါအဝင် ဖြစ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စကားပြောတိုင်းဋ္ဌ် လက်ဝဲစကားလုံးများ ပါဝင်နေမှုကြောင့် ကျွန်တော်က ဗိုလ်ချုပ်ကို ကျွန်တော်ကဲ့သို့ လက်ဝဲဝါဒ သမားတစ်ဦး ဖြစ်နေပြီဟု ထင်မိ၏။ ဒါကြောင့်လည်း ကျွန်တော်က သူလုပ်သလို သူယူဆသလို လိုက်နာမိတော့၏။

``စံပြလည်းမသွားနှင့် မံသလည်း မစားနှင့်`` ဟူသောစကားအတိုင်း ကျွန်တော်မှာ စံပြတပ်ရင်းသို့ ခြေလျှင်တပ်ခွဲမှုးတာဝန်ဖြင့် ကူးပြောင်းခဲ့ရ၏။ ဗိုလ်ကျော်ဇောက တပ်၇င်းမှုး ဗိုလ်ဘုန်းမြင့်က စိန်ပြောင်းတပ်ခွဲမှုး ကျွန်တော်က ခြေလျှင်တပ်ခွဲမှုး ဗိုလ်ဗလက အရာရှိသင်တန်း တပ်ခွဲမှုးများ အဖြစ်တာဝန်ယူရင်း ကျွန်တော် လက်ဝဲဝါဒကို အတော်လေ့လာ လိုက်စားရာမှ သက်ဝင်ယုံကြည်ခဲ့၏။ ``စံပြသွားလျှင် ဖားတတ်သည်---မံသစားလျှင် ယားတတ်သည် ``ဟူသော စကားပုံအဖြေအတိုင်း ကျွန်တော်က စစ်တာဝန်များကို တဖက်က တာဝန်ကျေပြွန်စွာလုပ်ဆောင်ကာ တဖက်က ရဲဘော်များကို တပ်ရင်းမှုး လုပ်သူနှင့် နားလည်မှုယူရု် ဖက်ဆစ် ဆန့်ကျင်ရေးလုပ်ငန်း လမ်းစဉ်များ ချမှတ် ပေးအပ်ခဲ့ကာ ဖက်ဆစ်တော်လှန်ရေးကြီးဆီသို့ တရိပ်ရိပ် ကူးပြောင်းခဲ့တော့၏။ ဗိုလ်ချုပ်အောင်ဆန်းထံ မကြာခဏသွားတွေ့စဉ် ကျွန်တော့ကို သူ၏လက်ဝဲဝါဒကို အလွန်အကျူးမလိုက်စားရန် နှင့် တဖက်သတ် သက်ဝင်ယုံကြည်မှုမရှိရန် သတိပေးခဲ့၏။

**ဘဝ၏ အဆုံး**

ကျွန်တော်သည် လက်ဝဲဝါဒ ကွန်မြူနစ်တစ်ယောက် ဖြစ်ခဲ့သော်လည်း ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းအား ကွန်မြူနစ်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု ထင်ခဲ့၏။ သည်လို သူ့အနေနှင့် အမျိုးသားတပ်ပေါင်းစု ဖ-ဆ-ပ-လ အဖွဲ့တွင် ကျန်ရစ်ခဲ့၏ ။ ထိုအခိုက်တွင် ဝါဒလှိုင်းဂယက် ပြင်းထန်စွာ ပုတ်ခတ် ဝေဖန်မှုကြောင့် ဖ-ဆ-ပ-လ နှင့် ကွန်မြူနစ်ပါတီတို့ ကွဲခဲ့ရ၏.။ အခါကောင်းယူနေသော ဗြိတိသျှ နယ်ချဲ့သမားများက ကွန်မြူနစ်ပါတီကို ဖိနှိပ်ရု် နိုင်ငံရေးသမားများကို ရက်ရက်စက်စက် သတ်ဖြတ်ကြလေ၏။ ဖ-ဆ-ပ-လ အဖွဲ့ကြီးသည်လည်း ဗမာပြည်လွတ်လပ်မှုကို အကောင်အထည်ဖော်နိုင်ရန် ရွေးကောက်ပွဲကြီး ကျင်းပဘို့ ကြိုးပမ်းနေကြလေသည်။

တစ်နေ့တွင် ကွန်မြူနစ်တို့၏ အခြေခံစခန်း ပျဉ်းမနားနယ်သို့ ဗိုလ်ချုပ်အောင်ဆန်း မဲတရားဟော လာလိမ့်မည်ဟူသော သတင်းရောက်ရှိခဲ့၏။ ထိုအချိန်က ဗမာပြည်အုပ်ချုပ်ရေးမှာ တောခိုကာ လက်နက်ကိုင်ရု် နယ်ချဲ့သမား ဗြိတိသျှတပ်များနှင့် တိုက်ခိုက်နေခိုက်ဖြစ်သည်။ ထို ဗိုလ်ချုပ်လာမည့် သတင်းရသည့်အတွက် ကျွန်တော်က တောတွင်းရှိ လက်နက်ကိုင်တပ်များကို မော်တော်ကားလမ်းနှင့် ဝေးသည်ထက်ဝေးအောင် စီမံလျှက် ဗိုလ်ချုပ်လာမည့်လမ်းခရီး သာယာဘေးကင်းမှုကို တာဝန်ယူမိသည်။ သူသည် ဗဟို ဖ-ဆ-ပ-လ ဥက္ကဋ္ဌဖြစ်ရု် ကျွန်တော်က ကွန်မြူနစ်တစ်ဦးဖြစ်သော်လည်း ကျွန်တော့အနေဖြင့် စိတ်ထားမပြောင်း ဗိုလ်ချုပ်သည် ကျွန်တော့ဗိုလ်ချုပ်။ ကျွန်တော့အကိုကြီးဟု အစဉ်အောက်မေ့ ယုံကြည်ခဲ့၏။

ဗိုလ်ချုပ်တို့ကားများ တောင်ငူမှ ပျဉ်းမနားနယ်စပ်သို့ ကူးလာစဉ် မော်တော်ကားဒရိုင်ဘာလုပ်သူက တောတွင်းဝယ် အန္တရာယ်ကိုကြောက်ရွံ့ရု် မျက်နှာ ပျက်နေစဉ် နောက်ပိုင်း ကားအတွင်းရှိ ဗိုလ်ချုပ်က ဒရိုင်ဘာရဲဘော်သို့ ``ဟေ့ စိတ်ချလက်ချမောင်းပါကွ ဒို့ကို တောထဲကအကောင်တွေ ဘာမှမလုပ်ပါဘူး။ တာရာဟာ ငါ့ကို သစ္စာမဖောက်ပါဘူး`` ဟု ရယ်မောရင်းပြောလိုက် ကြောင်းကို ကားမောင်းသူမှတဆင့် ကျွန်တော်သို့ သတင်းပို့ရု် ကျွန်တော် ထခုန်ခမန်း ဝမ်းသာသွားတော့၏။

သို့ရာတွင် ပျဉ်းမနားမြို့ မဲတရားပွဲတွင် ဗိုလ်ချုပ်က ပရိတ်သတ်အလယ်တွင် ``တာရာဟာ ကျုပ်တပည့် ဒီကောင်ကျပ်မပြည့်ဘူး``ဟု ကျွန်တော့ကို ဆော်ထည့်ပါသည်။ ကျွန်တော့အဘို့ မတုန်လှုပ်တော့ပါ``တဟားဟား သာရယ်ပြီး ``အဘက ဆဲလှချည်လားကွ`` ဟုဝေဖန်ချက်ပေးမိ၏။ ဖ-ဆ-ပ-လ အဖွဲ့သို့ အာဏာလွှဲပြောင်းခါနီး စပ်ကူးမပ်ကူးအချိန်တွင် ဗြိတိသျှအစိုးရက ကျွန်တော်တို့ လွတ်လပ်သော ပြင်ပလောကတွင် မနေနိုင်အောင် နိုင်ငံရေးဥပဒေနှင့် ဖမ်းကာ လက်စဆုံးဖျောက်မည့် သတင်းကို ခိုင်လုံစွာရရှိသည်ကြောင့် ကျွန်တော်တို့ တောခိုခဲ့ရတော့၏။

ထိုအချိန်မှစရု် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော်တို့ကြားဝယ် အကန့်အသက်မရှိသော တံတိုင်းကြီးက တားဆီးခြားနားနေတော့သည်။ သို့ရာတွင် သတင်းစာကို တောတွင်းသို့ကောင်းကောင်း မွန်မွန် ရောက်အောင်ယူစေပြီး သူ့သတင်းတွေကို အာရုံစိုက်၏ လုပ်ငန်းစဉ်ကို ဝေဖန်၏။ ဆွေးနွေး၏ သူ့ဓါတ်ပုံကို အရိုအသေ ခေါင်းရင်းတွင်ချိတ်ထားမှုကြောင့် ကွန်မြူနစ်ဆရာကြီးများနှင့် ကျွန်တော် မကြာခဏ စကားစစ်ထိုးရလေသည်။

တောပြင်ကို ကျောထင်ရု် အိပ်ခဲ့၏ တောင်လွှာကို ရှောင်ကာ ဖြတ်ကူး ရင်း စစ်ရေးဆင်ခဲ့၏။ ဗြိတိသျှနယ်ချဲ့တပ်များကို အချက်ပိုင်ပိုင် အနိုင်စီးရု် ကျွန်တော်၏တပ်ဖွဲ့များကို လက်နက်တပ်ဆင်နိုင်ခဲ့၏ သို့ရာတွင် ကျွန်တော်၏ ညီအကို ရဲဘော်များပါသော ဗမာ့တပ်မတော် တပ်ရင်း ၄ နှင့် ရင်ဆိုင်၇မည့်အလှည့်တွင် စစ်ေ၇းရှောင်ကာ တိုက်ပွဲလွှဲခဲ့၏ တပ်ရင် ၄ ကလည်း ကျွန်တော့အပေါ် သံယောဇဉ်ကြီးလှစွာ ဖြင့် ငြိမ်းချမ်းရေးကို မကြာခဏ လက်ကမ်းနေတော့၏

တစ်နေ့သောအခါ သခင်တင်ထွန်း စခန်းသို့ ရောက်လာ၏။ သူက ရန်ကုန်က ပြန်လာသည်မှာ ၂ ရက် ၃ရက်သာ ရှိသေးရု် ရန်ကုန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ခဲ့ကြသည်။ ဗိုလ်ချုပ်က ကျွန်တော့အကို သခင်တင်ထွန်းကို ကျွန်တော့အကြောင်းမေးပြီး တောခိုနေမှုမှ ပြန်လည်ရု် အလင်းသို့ ဝင်ခဲ့ရန် မှာကြားသည်မှာ--

``ကျုပ်တော့ ဒီကောင်လေးကြောင့် ခက်နေတယ်။ တာရာကလည်း ကျုပ်လိုပဲ တယူသန် မို့-- အင်းလေ ကျုပ်ကလည်း ကျုပ်ရဲ့ ရဲဘော်ရဲဘက်တွေကို မေ့နေခဲ့တာ သူ့အပြစ်ချည်းလဲမဟုတ်ဘူး ကောင်းပြီ ကွဲပြားနေတဲ့ ကျုပ်ညီရဲဘော်တွေကို အမြန်ဆုံးပြန်စုမယ်။ တာရာကို ဆက်ဆက်ပြောလိုက်ပါတဲ့။ ``

အကိုကြီးအောင်ဆန်း၏ မျက်နှာဖြင့် ကျွန်တော့်အပေါ်အလိုလိုခင်ပုံကို ချက်ချင်းလိုလိုမြင်လာပြီး ``ဘာဘဲဖြစ်ဖြစ် ငါသွားပြီး အတွေ့ခံမယ် ငါ့ကိုလုပ်ချင်သလိုလုပ် ၊သူ့ရှေ့မှာ ရဲဘော်ပြီးပြီ လည်စင်းပေးလိုက်မယ် သူအဓိပ္ပါယ်ရှင်းတော့မှ သူနဲ့အတူ ဗမာပြည်သစ်တည်ထောင်မယ်`` ဟု အဓိဋ္ဌာန်ပြုလိုက်၏

ဗိုလ်ချုပ်နှင့် ကျွန်တော်တို့နှစ်ဦးစလုံး နောင်တရကြပေပြီ------------
ပျဉ်းမနား အနောက်ဘက် ၁၀ မိုင်ကွာ ကျဉ်းမြောင်းစခန်းကား-----
နေ့၁၀ နာရီ ခန်ကရှိ နေအတော်ပူပြင်းနေပေပြီ ချိုးကူသံများသည် တစ်စခန်းလုံးဆူညံနေပါသည်။ ထိုအခိုက်တွင် မြို့ချေစခန်းရှိ ဗိုလ်ကြီးလှကြည်က ရဲဘော်တစ်သိုက်နှင့် ကျွန်တော့စခန်းသို့ မျက်နှာပျက်ပျက်ဖြင့် --ရောက်လာကြသည်။ ကျွန်တော်က သူတို့စခန်းဋ္ဌ် ကြီးကျယ်နစ်နာချက်ကြီးတစ်ခု ဖြစ်ပြီဟု တွက်ချက်မိ၏။ ကျွန်တော်နှင့် နှစ်ကိုယ်ချင်းဆုံမိသောအခါ လေသံကလေးမှာ လည်ချောင်းထဲမှ မထွက်နိုင်ရှာပဲ---

``ဗိုလ်ချုပ်တို့ --- ဆုံးပြီဗျ --``

ကျွန်တော်က ရုတ်တရက် နားမလည်လိုက်ရု် ``ဘာတုန်းဗျ ကျယ်ကျယ်ပြောစမ်းပါ----``

``ဗိုလ်ချုပ်တို့ အသတ်ခံရပြီ``

``ဗျာ အမလေး `` ဟုကျွန်တော့မှာ နားရင်းနှစ်ဖက်ကို လက်ဖဝါးများဖြင့်ပိတ်ကာ ---နားတွင်းသို့ မိုးကြိုးစက်ကျသည် ထင်လိုက်မိရု် ကျွန်တော့်လက်ချောင်းတွေမှာလဲ တဆတ်ဆတ်တုန်နေသည်ကို တခဏကြာမှ သတိပြုလိုက်မိ၏။ ကျွန်တော်သတ္တိမကြောင်ပါ။ စစ်ပွဲတိုင်း နွဲခဲ့သော လက်နက်ဘေး ရန်သူ့ဘေးမှ မသေရု် ယခုစာရေးသည်အထိ အသက်ရှင်နိုင်ခဲ့သော ကျွန်တော့်အဖို့မှာ ပူဆွေးခြင်း ဝမ်းနည်းခြင်း စိုးရိမ်ခြင်းတို့က ချယ်လှယ်နေကြသည်။

ကျွန်တော်က ချက်ချင်းအသေခံရဲသော ဗမာ့တပ်မတော်ဟောင်း ကြီးနှစ်ဦးကို တိတ်တဆိတ်ရန်ကုန်သို့ စုံစမ်းရန်လွှတ်လိုက်၏။

သုံးရက်ကြာသည့်နောက်တွင် မျက်ရည်ပေါက်ကြီးတွေနှင့် ကျွန်တော့်ရဲဘော်နှစ်ယောက် ပြန်ရောက်လာပြီး---------

``ဗိုလ်ချုပ်တို့ အသတ်ခံရပြီ ဗိုလ်မှုး ---ဗမာပြည်အဘို့တော့ သွားပြီဗျ ---`` ဟုသတင်းလည်းပို့ ချုံးချရု်လည်း ငိုကြွေးလိုက်ပါသည်။ ကျွန်တော်လည်း မရှက်နိုင်တော့ပါ ။ စွဲကိုင်ထားသော ဓါးရှည်ကို မြေပေါ် သို့ပင်ချလိုက်ပြီး ကျွန်တော်တို့၏ ဘခင်ကြီး ၊အကိုကြီးအတွက် အားရပါးရ ငိုကြွေးလိုက်သည်။ မင်္ဂလာဆောင်စဉ်--------- သတို့သမီး၏ အဘ အနေနှင့်လည်းကောင်း ၊ အကိုကြီးအနေနှင့် လည်းကောင်း၊ ဦးဆောင်မှုပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းအတွက် ကျွန်တော်၏ဇနီး စောချစ်ဦးလည်း မြေဋ္ဌ် လူးလှိမ့်ကာ ငိုကြွေးနေသည်ကြောင့် သွားရောက် ဖျောင်းဖျလိုက်ရပါသည်။

အလင်းသို့ ထွက်လာခဲ့သော ကျွန်တော့အဘို့ ကျွန်တော်၏အဖေ အသက်ရှင်နေသော ဗိုလ်ချုပ်အောင်ဆန်းအစား သူပြုစုဦးဆောင်ခဲ့သော-- လွတ်လပ်ရေးကျောက်တိုင်ကြီးနှင့် သူ၏လွတ်လပ်ရေး ဆုလဒ်ကြီး ---- အာဇာနည်ဗိမာန်တို့ကသာ ကျွန်တော့်ကို ဝမ်းနည်းကျေကွဲစွာဖြင့် ---ဆီးကြိုနှုတ်ဆက်နေကြသယောင် ရှိတော့၏။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော်တို့ နောင်တမှာကား---- အချိန်လွန် ဘဝခြားမှ သေကွဲကွဲရု် ယခုဘဝတွင် ပြန်လည် မဆုံစည်းနိုင်အောင် ရာဇဝင်ဆောင်စေသည့် နောင်တစ်ခါမှ တမ်းတပူဆွေးစေသည့် နောင်တများသာလျှင် ဖြစ်တော့သတည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...