Tuesday, December 17, 2013

**ဗိုလ်ချုပ်နှင့် ကျွန်တော်** (၂) (ဗိုလ်တာရာ)

December 14, 2013 at 3:29am
**သခင်ဝါဒလှိုင်းယဉ်သာမှာ**

``ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို လေးစားပါ၊ ဒို့စကားကို လေးစားပါ။``
ဒို့ဗမာအစည်းအရုံး ဆောင်ပုဒ်ကြွေးကြော်သံကား ဗမာပြည်တစ်ဝှမ်းလုံးလိုလိုပြန့်နှံ့မြူးကွန့်လျက် နိုင်ငံရေး တက်ကြွနေခိုက် ဖြစ်တော့သည်။
ထိုလှိုင်းယဉ်သာဌ် ကျွန်တော်လည်း ဗမာ့လွတ်လပ်ရေးကို လိုချင်ရမက်အားကြီးသူပြီပြီ၊ သခင်တစ်ယောက်အနေဖြင့်၎င်း၊ ဗမာ့လက်ရုံးတပ်သားတစ်ယောက်အနေဖြင့်၎င်း၊ ကျောင်းသားသမဂဂရဲဘော်တစ်ယောက်အနေဖြင့်တဖုံ ကူးသန်းကာ မြူးတူးရင်း အထက်ပါဒို့ဗမာဆောင်ပုဒ်ကို အနုလုံပဋိလုံ နှလုံးသွင်းလျက် သာယာဝတီညီလာခံကြီးသို့ သခင်အောင်ဆန်းတို့နောက်မှ တတ်ရောက်ခဲ့လေ သည်။
ဒို့ဗမာသီချင်းကို ဝိုင်- အမ်- ဘီ သခင်တင်က တရားစင်ထိတ်မှ အာဘောင်အာရင်းသန်သန်ဖြင့် တိုင်ကာပေးလျှက် တရားစင်ရှေ့ဋ္ဌ် ပင်နီအင်္ကျီအုံးခွန်ရောင် နီဝါဝါနှင့် ပါးစပ်တွင် ကွမ်းသွေးကြောင်းများနှင့် အလွန်ထင်ရှားသော သခင်စိုးက ဒေါပါ မာန်ပါနှင့် လက်သီးလက်မောင်းတန်းကာ လိုက်ဆိုလျှက် သခင်အောင်ဆန်းက ခပ်မှန်မှန် မျက်လုံးမှေးကာ စာရွတ်သလို သီချင်းလိုက်ဆိုနေသည်ကို မှတ်သားလိုက်မိပါ၏။ သူတို့နောက်တွင် ကျွဲကော်ကိုင်း မျက်မှန်ဖြင့် သခင်လှဖေ (ဗိုလ်လင်္ကျာ) ပင်နီအင်္ကျီ ခပ်နုနုဖြင့် သခင်အောင်သန်း (ဗိုလ်စင်္ကြာ) တို့အပြင် သခင်သန်းဖေ သခင်ဗသိန်းကြီးတို့တစ်သိုက် သီချင်း သံပြိုင်လိုက်နေသည်ကို ကြည့်ရင်း ကျွန်တော်သည် ဗမာပြည်ကြီး လွတ်လပ်ရေးကို မရနေ လုပ်တော့မည် ဟူသော အဓိဋ္ဌာန် ဆုံးဖြတ်ချက် ချလိုက်မိတော့သည်။

ညီလာခံဒုတိယနေ့တွင် ဟောဟော ဒိုင်းဒိုင်း မိုးကြီးက ရွာချလိုက်သည်ကြောင့် မဏ္ဍပ်တွေမလုံဘဲ မိုးယိုရု် တရားပွဲကို ခေတ္တရပ်နားလျှက် ဒို့ဗမာ ဗဟိုလ်အမှုဆောင် ရဲဘော်ကြီးများမှာ ပြင်းထန်လှသော မိုးပေါက်ကြီးများ၏ ဒဏ်ကို အမြန်ဆုံးသင်ဖြူးဖျာများဖြင့် ခေါင်းပေါ်တင်ကာ ကာကွယ်ရင်း ဒုက္ခစရိယာ ကျင့်နေသည်။
ထိုအခိုက်တွင် ခပ်နောက်နောက်သခင်တစ်ဦးက ``ကဲ ကဲ ရဲဘော်တို့ မိုးတိတ်အောင် ဒို့ဗမာ ကမ္မဝါ ဖတ်ကြစို့`` ဟုသတိပေးကာ သူကိုယ်တိုင်က ဒို့ဗမာသီချင်းကို ကမ္မဝါစာဖတ်သလို ဋ္ဌာန် ကရိုဏ်းကျကျ ``တကောင်း အဘိရာဇာ အစချီရု် ``ဒို့ဗမာ ကမ္မဝါဖတ်သည်တွင် သခင်အပေါင်းတို့လည်း ခေါင်းမြီးခြုံ သင်ဖျာများအောက်မှ တညီတညွတ်တည်း ဒို့ဗမာ ကမ္မဝါကို မာန်ပါပါ ဋ္ဌာန်ကရိုဏ်းကျကျ ဝိုင်းဖတ်ကြသည်ကို မဏ္ဍပ်တစ်ခုလုံး တဟားဟား ပွဲကျနေတော့၏.။

တစ်ညဉ့် ဆွေးနွေးပွဲတွင် ကျွန်တော်ဝင်ရောက်ဆွေးနွေးရန် အလှည့်ကျလေ၏.။ လက်ရုံးတပ်သားတွေ အစောင့်ချထားသော ဆွေးနွေးခန်းထဲတွင် ကိစ္စတစ်ခုကို အကြောက်အကန် ညင်းနေကြသော အမှုဆောင်လူကြီးများနှင့် နယ်ကိုယ်စားလှယ်တစ်သိုက်ကို တွေ့ရသည်။ ကျွန်တော်က သူတို့အုပ်စုထဲသို့ ဝင်ရောက်ထိုင်မိသောအခါ ဆွေးနွေးပွဲအလယ်ကောင်တွင် မှောက်လျှက်အိပ်ကာ တစ်စုံတစ်ခု စဉ်းစားလွန်နေသော သခင်အောင်ဆန်းကို တွေ့ရပါတော့သည်။

အမှုဆောင်တစ်ဦးက သခင်လှဖေဘက်သို့လှမ်းရု်`` ဘယ့်နှယ့်လဲ သခင်လှဖေ --- သခင်အောင်ဆန်းရဲ့ ----အကြမ်းဖက်မှု လုပ်ငန်းစဉ်ကို လက်ခံနိုင်ပါ့မလား ``ဟုတွေဝေ စဉ်းစားနေသော သခင်လှဖေသို့ စကားစပေးလိုက်ပါသည်။
သခင်လှဖေက မျက်လုံးကလေးနှစ်ခု အသာပင့်ကာ ကျွန်တော့အားကြည့်လိုက်ပြီး ``ဒီမှာ သခင် ခင်မောင်ဦး ကျုပ်တို့ အတွင်းရေးမှုးလုပ်သူ သခင်အောင်ဆန်းက ဗမာ့လွတ်လပ်မှုမှာ လက်နက်ကိုင် တော်လှန်ရေးဟာ အဓိကဖြစ်လို့ သခင်မှန်သမျှ လက်နက်ကိုင်တပ် သဘောမျိုးဖြစ်အောင် ကြိုးပမ်းကြဘို့ အဆိုကို သူကိုယ်တိုင်သွင်းမယ်လို့တဲ့။ သခင်ခင်မောင်ဦးသဘောကော ဘယ်လိုရသလဲ-----``
``ဒီနည်းဟာ ဗမာ့လွတ်လပ်ရေးရဘို့ သေချာတယ်ဗျို့ ---လက်နက်ကို လက်နက်ချင်းယှဉ်ပြိုင်ဘို့ရှိတယ်------ ဗမာ့လွတ်လပ်ရေးမှာ အကြမ်းမဖက်ဘဲ အောင်မြင်ဘို့ စိတ်မကူးလေနဲ့``
ကျွန်တော်က ဖြေလိုက်သည်တွင် ဘေးကအမှုဆောင်တသိုက်က သြဘာပေးလိုက်သည်။
``လုပ်ကွာ---ဘိုးအောင်ဆန်းလူတစ်ယောက် လာပြန်ပြီဟေ့``


သို့ရာတွင် ၀မ်းလျားမှောက်နေသော သခင်အောင်ဆန်းက မတုန်မလှုပ်၊ ဘေးကပရိသတ်ကို သူ့စိတ်ထဲဌ် ရှိသည်ဟူ၍ပင် ထင်ဟန်မတူ။
မနေနိုင်သော သခင်ပုကြီးက သခင်အောင်ဆန်း၏ လက်မောင်းကိုတို့ကာ ``ဟေ့---ရဲဘော်ရဲ့ မင်းရဲ့အဆိုကို ထပြီးတခါ ရှင်းပြစမ်းပါအုန်းကွ``
မျက်လုံးပေကလပ်ပေကလပ်နှင့်စဉ်းစားနေသော သခင်အောင်ဆန်းကား နမက္ပတိအရေးမစိုက်၊
သူ့ဘာသာ စဉ်းစား၍ကောင်းတုန်းပင်။ ဘေးက အမှုဆောင်တသိုက်ကသာ သူ့အဆိုကိုဝေဘန်ကာ ကုလားတိုက်ကျားကိုက်ခမန်း အခြေအတင်ဆွေးနွေးနေတော့သည်။
ည ၉ နာရီထိုးသည်အထိ သခင်အောင်ဆန်းကား ဝမ်းလျားမှောက်လျှက် စကား ကားနတ္ထိ။ ဆွေးနွေးပွဲသာ အချိန်ကုန်ရု်ရုပ်သိမ်းလိုက်ရသည်။ သခင်အောင်ဆန်းကား မှောက်လျှက် မလှုပ်မရှက်။


တစ်ခါက ဋ္ဌာနချုပ်တွင် သခင်အောင်ဆန်းနှင့် မျက်နှာချင်းဆုံမိပြန်သည်။ ဒီတချီတွင် သူက စကားသွက်လှတော့၏။ သူက ကျွန်တော့ကို တော်တော်ချစ်နေသည်။ သူ့ညီကလေးလိုသဘောထားရု် သခင် ခင်မောင်ဦးအစား ``ဟေ့ ကောင်လေး`` ဟုနာမ်စားတပ်ကာ ကျွန်တော့ကို ခေါ်ဝေါ်နေပြန်သည်။
``တွေ့တွေ့ချင်း ---``ဟေ့ ကောင်လေး ငါ့ကို လဘက်ရည်တိုက်စမ်း ``ဟု ခပ်တည်တည် အမိန့်ပေးသည်ကြောင့် ကျွန်တော်ကလည်း စေတနာ မတွန့်တိုပဲ ``လာလေဗျာ ခင်ဗျား အဝနှိပ်ရမယ် နော် ----အလှမလုပ်နဲ့``
သူက ဟန်ဇားလုံခြည် တစ်ပတ်နွမ်းကလေးကို ကဗျာကရာ ပြင်ဝတ်လိုက်ပြီး တဟီးဟီး ပြုံးပြုံးကြီးနှင့် ကျွန်တော်တို့နှင့်အတူ လဘက်ရည်ဆိုင်သို့ တပြုံကြီးဝင်ရောက်ခဲ့ကြလေသည်။

` ကျွန်တော်လည်း အစားကြီးသူဖြစ်ပါသည်။ ကာယ ဗလတောင့်တင်း လေ့လာသူဖြစ်ရု် အစားကိုအရှုံးမပေးသလောက် ဒီ့ပြင် ကျွန်တော့်ရဲဘော်များကိုလည်း စားစေလိုလှသည်။ ထို့ကြောင့် သခင်အောင်ဆန်းတို့ကို မုံ့ လဘက်ရည်တို့ကို ခွက်ဆင့်ဧည့်ခံလိုက်၏။ကျွန်တော်နှင့် မိတ်ဆွေတစ်ယောက် သခင်အောင်ဆန်းနှင့် ရုံးအမှုဆောင်နှစ်ယောက် ပေါင်း ငါးယောက် မထတမ်း အဝစား အဝသောက်ကြသည်မှာ နောက်ဆုံး ကျွန်တော် ငွေနှစ်ဆယ်ကျော် စာရင်းတွင် ပေးလိုက်ရတော့၏။ ကှုတွင် ကိုယ်တော်မြတ်က မကျေနပ်သေး သူ့ရုံးခန်းထဲသို့ခေါ်ကာ တော်လှန်ရေးအဘိဓမ္မာကို ကျွန်တော်နှင့် ကျွန်တော့မိတ်ဆွေကို အတင်းနားထောင်စေ၏ ဆွေးနွေးပွဲတုန်းက တေမိလက်သစ် သခင်အောင်ဆန်းနှင့် ယခုလေဖောနေသော အောင်ဆန်းတို့၏ အဖြစ်ဘဝကား ကွာခြားလွန်းလှ၏. သူ၏ တော်လှန်ရေးလမ်းစဉ်ကား မဆုံးတော့ပြီ။ ဗမာပြည်တော်လှန်ရေး အိန္ဒိယတော်လှန်ေ၇းတို့ကို မူတည်ရု် ကမ္ဘာ့တော်လှန်ရေးကြီးပါ မကျန် အတင်းနားထောင်စေ၏။ ကျွန်တော်တို့တတွေ လဘက်ရည် ခွက်ဆင့်ချခဲ့သည့် ဒဏ်ကြောင့် ဆီးကြောတွေ တင်းနေရု် အပြင်တပိုတပါး သွားလိုသဖြင့် --ခေတ္တ မတ်တတ်ရပ်လိုက်သည်ကိုပင် သခင်အောင်ဆန်းက ခွင့်မပေး။

`` ဟေ့ ကောင်လေး ထိုင်စမ်း နားထောင်စမ်းကွ----------ဟိုတိုင်းပြည်က တော်လှန်ရေးခေါင်းဆောင်ဟာ `` ဟုအစချီရု် တော်လှန်ရေး အဋိကာကြီး ဖွင့်နေပြန်တော့်၏။ ကျွန်တော်၏ မိတ်ဆွေကိုလည်း သူကချမ်းသာမပေး သူ့ခမျာ သခင်အောင်ဆန်းကိုအားနာရု် အပေါ့အလေးပင် စွန့်ခွင့်မရ။ ကြာတော့ စားပွဲအောက်မှနေရု် ကျွန်တော့်မိတ်ဆွေက ကျွန်တော့ကို လက်ကုတ်ရု ``ခက်ပြီလကွာ``ဟု အချက်ပေးလေတော့၏ ။မည်မျှကြာအောင် တော်လှန်ရေးတရားတော်--- နားဆင်ရသည်မသိ။ တစ်ဖက်ခန်းမှ သခင်တင်မောင်က ``ဗျို့သခင်အောင်ဆန်း ဒီ့ပြင်အိပ်နေတဲ့လူတွေကို တဆိတ်အားနာပါဦးဗျ-- အိပ်ချိန် လွန်သွားပြီ ဟီးး----``
မတတ်သာသည့်အဆုံးတွင် ဘေးက အိပ်ချင်နေသော သခင်ဘစုက ထကာ ပွက်တော့မှ သခင်အောင်ဆန်းက မကျေမနပ်ပုံဖြင့် ``သိပ်ခက်တဲ့လူတွေ အိပ်ဘို့လောက် အားထားနေတဲ့လူတွေ ``ဟု မြည်တွန်ရင်း ကျွန်တော်တို့ကို လူစုခွဲလိုက်ရတော့၏။ သူစကားပြောချိန်သိပ်မကြာ။ ညနေ လဘက်ရည်သောက်ပြီး လေးနာရီမှ ည ၁၁ နာရီ လေးဆယ်မိနစ် အထိသာဖြစ်ပါသည်။
ကျွန်တော်၏ ရဲဘော်မှာ ဆီးစပ်သို့ ရှုံ့မဲ့မဲ့နှင့် နှိပ်ရင်း ``သောက်ကျိုးနဲ လူဗျာ-- သူ့ဖြင့် မမော မပန်း တခါတလေမှ မထဘဲစကားပြောနိုင်တယ်။ ခု ကျုပ်ဖြင့် ဆီးအောင့်နေပြီ`` ဟု သခင်အောင်ဆန်း၏ ဇွဲကြီးပုံကို ရှုံ့ရှုံ့မဲ့မဲ့နှင့် ချီးကျူးသံထွက်ပေါ်လာပြန်၏။

*****************************************************************************

**ဘဝအလယ်မှ ဟိုင်နန်ကျွန်း**
``ရဲရဲတောက် ဒို့ဗမာပြေ သတ္တိခဲတွေ ရာဇဝင် ထိုးလောက်အောင် စွန့်ပေ------``
ဗမာ့လက်ရုံးတပ် စစ်ချီစစ်တတ် သီချင်းသံကား ဂျပန်တို့၏ စစ်ချီသီချင်း ``မိရိုတိုခိုင်နော်`` နှင့် နပမ်းလုံးနေကြတော့၏။ ဟိုင်နန်ကျွန်း ``ဆန်းင``စစ်စခန်း တနေရာဠ်ကား ဗမစကား ဂျပန်စကား သဒ္ဒါမမှန်သော အင်္ဂလိပ်စကားသံများဖြင့် မိုးမွှန်နေတော့သည်။
``လူတွေကြည့်တော့ နှုတ်ခမ်းမွှေး မုတ်ဆိတ်ဖားဖား အသားနက်မှောင်ရု် ကုလားရုပ် ပြောတော့ဗမာစကား ဂျပန်စကားကို အင်္ဂလိပ်ဘာသာစွက်ရု် ဘယ်လိုလူစားတွေလဲ မသိရအောင် ဝတ်ဆင်ထားတော့ ဂျပန်စစ်ဝတ်စစ်စားတွေမို့ ဒို့ကို မြင်ရတဲ့လူတွေကတော့ လူတစ်မျိုးတွေ လူမျိုးတစ်ရာ့တစ်ပါး မှာ ဒို့ပါ တစ်ရာ့နှစ်ပါး လူမျိုးကွ``
တခါက ကျွန်တော်တို့ အဖြစ်အပျက်ကို လေ့ကျင့်ခန်း ဆင်းရာဋ္ဌ်ဝေဖန်မိကြရင်း ဗိုလ်မြဒင်၏ မှတ်ချက်မှာ ကျွန်တော်တို့၏ ဘဝမှန်ကို မှန်ထဲဋ္ဌ် အကွင်းသားပြနေသည်နှင့် တူတော့၏။
သခင်အောင်ဆန်း ဦးစီးသည့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး၏ အမြုတေတို့ စုဝေးပေါက်ဖွားရာ ဟိုင်နန်ကျွန်းစစ်စခန်းတစ်နေရာမှ ရဲဘော်သုံးကျိပ်တို့ကို စိတ်ဓါတ်မကျဆင်းစေရန် သခင်အောင်ဆန်း သခင်အောင်သန်း သခင်လှဖေ တို့က ကွပ်ကဲအားပေးနေခိုက်ပင်။

ကျွဲ နှင့် နွားနှင့် ပြိုင်ကာ စစ်ပညာတတ်မြောက်မှုအတွက် အရွယ်နှင့်မလိုက်အောင် ပင်ပန်းနေကြသည်။ ဒိုင်းအိပန် ဒိုင်းနီဟန် ဒိုင်းစံပန် (အမှတ် ၁ အမှတ်၂ အမှတ် ၃ တပ်ခွဲ)များအနက် သခင်အောင်ဆန်းက ဒိုင်းစံပန် အမှတ် - ၃ တပ်ခွဲဋ္ဌ် စစ်ပညာသင်ယူရင်း တဖက်က ဗမာ့လွတ်လပ်ရေး စီမံကိန်းကို ရေးဆွဲကာ တဖက်က ဂျပန်စစ်ဘက် နိုင်ငံရေးထိတ်တန်းပုဂ္ဂိုလ်ကြီး များနှင့် နိုင်ငံရေး ပရိယာယ် လွန်ပွဲကျင်းပရသေး၏။ တချီတချီ သူက ကှုချောင်ကျကျ အညတရ စစ်စခန်းမှ ဂျပန်ပြည် တိုကျိုမြို့ပေါ်သို့ စစ်ရေးဆွေးနွေးပွဲ အတွက် ခရီးထွက်ရသေး၏။ ကျွန်တော်တို့ တတွေသာ ဟိုင်နန်ကျွန်း၏ ငှက်ဖျားတောထဲဠ် ခြင်ကိုက် မှတ်ကိုက်ခံရင်း ရွံ့နွံ ဆူးရစ်ခြုံများမှနေရု် အမြောက်ကြီး အမြောက်ကလေးတွေကို ကျောပိုးကာ ဗမာ့ လွတ်လပ်မှုဒဏ်ကို မချိတင်ကဲ ခံနေကြရ၏။

(ဗိုလ်စင်္ကြာ) သခင်အောင်သန်း ၊ ဗိုလ်လင်းယုံ၊ ဗိုလ်အောင်ဆန်းနှင့် ကျွန်တော်တို့လေးယောက်မှာ ဂျပန်နှစ်ယောက်နှင့် တခြင်ထောင်ထဲတွင် စုအိပ်ခဲ့ရသည်။ ကျွန်တော်နှင့် ဗိုလ်လင်းယုံသာ ခြင်ထောင်ခင်း အိပ်ရာသိမ်း တာဝန်ယူရရု် သူတို့လူကြီးနှစ်ယောက်က ကျွန်တော်တို့ကို ``ကောင်ကလေးတွေ ဒါတွေလုပ်ဦးကွ`` ဟုအတွင်သာ ခိုင်းလေ့ရှိသည်။ တချီတချီတွင် ကျွန်တော်တို့ ထမင်းချက်အလှည့်တွင် သခင်အောင်ဆန်းမှာ ကန့်လန့်ကန့်လန့် ပါလာသည့်အတွက် ဂျပန်ဆရာတွေကို ကျွန်တော်တို့ခေါင်းဆောင်ကြီးအား ကှုသို့ထမင်းချက် မခိုင်းရန် သွားရောက်တောင်းဆိုမိသည်။ ဂျပန်ဆရာများ ကရှုးရှုး ရှဲရှဲ ဒေါပွကာ ``ခေါင်းဆောင်ကော ဘာကော နားမလည်ဘူး ခုအချိန်ဟာ စစ်သားတွေပဲ စစ်သားမှန်ရင် စစ်တပ်တာဝန်ကိုလုပ်ရမယ်`` ဟုပြတ်တောင်းစွာပြောဆိုသည်တွင် ဗိုလ်ချုပ်အောင်ဆန်းက ကြားဝင်ရု် ``မင်းတို့ ဘာမှမပြောကြနဲ့ ဟုတ်တယ် စစ်သားဟာ စစ်သားဘဲကွ``ဟု အတင်းဖြေရှင်းလိုက်သည်။

ထို့ကြောင့်သူ့ကို ကျွန်တော်တို့တတွေက ထမင်းချက်လုပ်ငန်းတွင် အိနြေ္ဒအရဆုံး အသက်သာဆုံးဖြစ်သော ပန်းကန်ဆေး စားပွဲခင်းတာဝန်ကို ပေးအပ်ကာ ကျွန်တော်တို့ လူတစ်စုမှာ ချွေးတလုံးလုံးနှင့် ထင်းပေါက် ရေခပ်
ထမင်းအိုးတည်နှင့် အတော်ကလေးပင်ပန်းလိုက်ရ၏။

လူနာတင် ထမ်းစင်လိုလို စင်ကလေးတစ်ခုပေါ်တွင် ဆရာကြီးတွေအတွက် ထမင်းဟင်းများ ပုဂံ တူ လက်သုတ်ပုဝါ အစုံဖြင့် ပြည့်နှက်နေအောင်ဆင်ပြီး အရှေ့မှ လန်ကွတ်တီမှတပါး အခြားမဲ့ကိုယ်တုံးလုံးနှင့် သခင်အောင်ဆန်း နောက်က ဗိုလ်အောင်ဒင်က စင်ကလေးကိုထိမ်းရင်း--------- စစ်မြေပြင် လူနာကောက်သလို ဂျပန်ဆရာကြီးတွေ (ဗိုလ်ကြီးတွေ) ရှိရာသို့ ထမင်းပို့သွားသည်ကို သတိရမိ၏။ ဗိုလ်စောအောင်မှာ လေ့ကျင့်ခဏ်းက ပင်ပန်း စိတ်က ဆင်းရဲသည်ကြောင့် ဆရာကြီးတွေထံ ထမင်းသွားပို့သည့် လုပ်ငန်းကို ဗမာပြည် အညာအရပ်က မသာကစားသလို ထမ်းစင်လေးကို မြှင့်လိုက် ဆွဲလိုက် ကစားပြီး ပါးစပ်က မသာဆိုင်းတီးကာ စိတ်ထင်ရာလုပ်နေသည်ကြောင့် ရှေ့မှ သခင်အောင်ဆန်းခမျာ မှာ အနေရ အသွားရခက်ပြီး ``ဟေ့ တော်ပါတော့ကွ တော်တော်ကြာ မှောက်ကျကုန်လို့ သောက်စကားများကုန်မယ်`` ဟု တောင်းပန်သည်ကို ကျွန်တော်တို့တတွေမီးဖိုထဲမှ မြင်ရရု် အူနှိပ်အောင် ရယ်မိကြပါသည်။

ဂျပန်ဆရာတွေမှစရု် ဂျပန်စစ်ကျောင်းသားတွေကပါ ကျွန်တော်တို့ရဲဘော်သုံးကျိပ် ဗမာကျောင်းသားတွေကို နည်းအမျိုးမျိုး ပုံအမျိုးမျိုးနှင့် နှိမ့်ချ ညှင်းဆဲကြလေသည်။ အစားအသောက်က ဝက်စာကျွေးသလောက်မှ မဟန်သည့်အထဲတွင် လေ့ကျင့်ခဏ်းက အဆမတန် ပြင်းထန်မှုအဆုံးတွင် ရဲဘော်တိုင်း၏ မျက်နှာမှာ မခံရပ်နိုင် ။တစုံတခု ပြတ်ပြတ်သားသား လုပ်ချင်စိတ်များ အထင်းသား ပေါ်လွင်နေတော့၏။ ကှုအချိန်တွင် သခင်အောင်ဆန်းက ဗမာရဲဘော်အားလုံးကို အားလပ်ချိန်တွင် စုရုံးစေပြီး ``ငါ့ညီတိုက သတိထားကြပါကွာ ဒို့အကြံအစည် အထမြောက်တော့မှာ သိတ်မဝေးတော့ဘူး -- သေရင်မြေကြီး ရှင်ရင် ရွှေထီးပေါ့ ---သီးခံကြပါ ဒီတချီ ဒို့တတွေ စွမ်းဆောင်မှုသတ္တိ ၊ဂုဏ်ထူးနဲ့ ဗမာ့ရာဇဝင် တခေတ်ပြောင်းလိုက်ကြရအောင် `` ဟုပြုံးပြုံးရွှင်ရွှင်နှင့် သြဝါဒပေးမှုကြောင့် ကျွန်တော်တို့တတွေ၏ ဒေါသတွေ မကျေနပ်မှုတွေမှာ သခင်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် အရေပျော်ကုန်တော့သည်။ ဂျပန်ကျောင်းသားတွေက ကျွန်တော်တို့အပေါ် စော်ကားမောက်မာမှု တိုးရု် တိုးရု်လာသည်။ ကျွန်တော်တို့ လူငယ်ပိုင်းက သခင်အောင်ဆန်းတို့ လူကြီးပိုင်းတွေ အသိမပေးဘဲ တိတ်တဆိတ်စည်းဝေးကြပြီး ဂျပန်ကျောင်းသားထဲက အစွာဆုံး ``နော်ဟာရား ၊ နမ်ဘ `` ကှုနှစ်ကောင်ကို ဗိုလ်မင်းခေါင် ဗိုလ်ဇင်ယော်တို့နှင့် အစချီ ရန်ဖြစ်စေတော့၏။ ဗလုံးဗထွေး ဖြစ်နေခိုက်တွင် ကျွန်တော်တို့ ဗမာကျောင်းသားတွေက ဘေးမှ ဖျဉ်သလိုလုပ်ပြီး ဂျပန်နှစ်ကောင်ကို ဝိုင်းချုပ် ကိုင်ပေးလိုက်၏။

မကြာမီ ကျောင်းအုပ်ကြီး ကာဝါရှီးမား ရှေ့မှောက် ဂျပန် ၊ ဗမာကျောင်းသားတွေ အတန်းစီရောက်ရလေ၏။ ကျောင်းအုပ်ကြီးက သိတ်အရှည်မပြောပဲ ဗမာ ဂျပန်ကျောင်းသားများ ညီအကိုများ ဖြစ်ကြရု် တစ်ဦးနှင့်တစ်ဦး သီးခံရန် ဆုံးမကာ သခင်အောင်ဆန်းတို့ကို ချန်လှပ်ခဲ့ပြီး ကျွန်တော်တို့ကို တန်းဖြုတ်ပြန်လွှတ်လိုက်သည်။
တခဏမျှကြာလျှင် ဗမာကျောင်းသားများကို သခင်အောင်ဆန်းကစုပြီး လူငယ်ပိုင်းခေါင်းဆောင် ဗိုလ်အောင် ဗိုလ်ရန်နိုင်နှင့် ကျွန်တော့်ကို မဲတင်းကာ ``မင်းတို့ ညံ့လို့ ဒီလိုရန်ဖြစ်၇တာ`` ဟုစွတ်စွဲရု် သဲသဲမဲမဲ ဖိကြိမ်းပါတော့သည်။ ဗိုလ်အောင်နှင့် ဗိုလ်ရန်နိုင်တို့ကား ခေါင်းကြီးတွေငိုက်ဆိုက်နှင့် ဘာမှပြန်ရှင်းဘော်မ၇။ ကြာသော်မနေနိုင်သည့်အဆုံးတွင် ကျွန်တော်က------``ကျွန်တော်တို့ကို စော်ကားလွန်းလို့ ကျွန်တော်တို့စီစဉ်ပြီး ပြန်ချလွှတ်လိုက်တယ် ခင်ဗျားတို့ လူကြီးတွေမကျေနပ်ရင် ကျွန်တော်တို့ကို ကြိုက်သလိုတီးပေတော့ --`` ဟု သတိအနေနှင့် ရင်ကော့ကာ ခပ်ပြုံးပြုံးဖြေလိုက်မိပါတော့၏။ ကှုတွင်မှ သခင်အောင်ဆန်းနှင့် သခင်လှဖေတို့က စိတ်ဆိုးရာမှ ဗြုံးကနဲ ပြုံးပြုံးကြီးတွေဖြစ်လာပြီး ``မင်းတို့ တော်တော်ရှုတ်တဲ့ အကောင်လေးတွေ -- အချိန်မကျသေးဘူးကွ သူတို့ကို မလုပ်နဲ့အုန်း`` ဟု ဂျပန်-ဗမာ ရုံးရင်းဆန်ခတ် မှုကြီး ပလပ်ခဲ့ကြလေသည်။

စစ်လောက တစ်ခုလုံးတွင် ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်အမှတ်မိဆုံးအချိန်မှာ ဟိုင်နန်ကျွန်း၏ ကျွန်တော်တို့နောက်ဆုံးဘိတ် စစ်လေ့ကျင့်ခဏ်းဆင်းသည့်နေ့ပင်တည်း။ ဂျပန် ဆရာကြီး ဆရာလေးလုပ်သူများက ဂျပန်-ဗမာကျောင်းသားတို့၏ စိတ်ဓါတ် စစ်ပညာလေ့ကျင့်မှု ဇွဲ ရှိမရှိ စုံစမ်းရန် အထူးတလည်စီစဉ် ကာထားသော ခရီးရှည် တိုက်ပွဲကြီးဖြစ်လေသည်။ နံနက် ၅ နာရီမှ တပ်ခွဲ သုံးခွဲ ခွဲကာ ကျောင်းအုပ်ကြီးကိုယ်တိုင် မြင်းများစီးရု် ကွပ်ကဲ အုပ်ချုပ်ကြပြီး ဟိုင်နန်ကျွန်း၏ အရှေ့ပိုင်း ရေတပ်စခန်းမှစရု် တိုက်စစ်ဆင်စေ၏။ ဗိုလ်မင်းခေါင်နှင့် ဗိုလ်ဘုန်းမြင့်တို့က အရှေ့ဖျားကင်းထောက် ။ ကျွန်တော်က ရှေ့ဖျားတပ်ခွဲ တပ်စိပ်မှုးအဖြစ်နှင့် တပ်ခွဲမှုးအဖြစ် သခင်အောင်ဆန်းက အုပ်ချုပ်ရု် ချီတတ်တိုက်ခိုက်ကြသည်။ ဆရာတွေ ပြောပုံဆိုပုံအရ စစ်ကြောင်းခရီးမှာ မိုင်လေးဆယ်ဟု သိလိုက်ရရု် ကျွန်တော် မျက်လုံးပြူးသွားပါသည်။
ရှေးဦးဆုံးရန်သူကင်းနှင့် ကျွန်တော်တို့တပ်ဖွဲ့များ စတင်တွေ့ရှိရု် တိုက်ခိုက်ကြပြီးနောက် -ဗိုလ်မင်းခေါင်နှင့် ရှေ့ဖျားကင်းတပ် ဂျပန်ဆရာတို့ ရန်ဖြစ်ကြတော့၏။ ဂျပန်ဆရာက သူထင်တိုင်းခိုင်းမ၇ရု် ဗိုလ်မင်းခေါင်ကို ဆဲသည်။
ဗိုလ်မင်းခေါင်က မောပန်းနေရာတွင် ဆဲရမည်လားဟု ဆရာကို ဆဲရုံမက သေနတ်နှင့်ရိုက်မည် ပြုသည်ကြောင့် ၄င်းကို ကျွန်တော့်နေရာသို့ပို့ပြီး ကျွန်တော့မှာ အချောက်တိုက် အရှေ့ဖျားကင်းနေရာကို ယူလိုက်ရ၏။

ခ၇ီးကာ ၁၅ မိုင်လောက်ပေါက်ခဲ့လေပြီ။ ထုံးစံအတိုင်း ဟိုင်နန်ကျွန်းနေသည် မညှမတာ ပူတော့၏။ တချီတွင်နောက်ပိုင်းတပ်မသို့ ပြန်ရု် သတင်းပို့ရောက်ခဲ့သည်။ ဗိုလ်လင်္ကျာတစ်ယောက် ၁၀ မိုင်အလွန်တွင် အမောဆို့ မေ့မြောကျန်ရစ်ကြောင်းသိရသည်။ ဂျပန်လေးယောက်လဲ ထိုနည်းတူစွာပင်။ သခင်အောင်ဆန်းကို မြင်ရသည်မှာ မသက်သာ။ ဟန်သာရှိတော့သည်။ လက်တစ်ဖက်က ဓါးလွတ်ကိုကိုင်ကာ ပါးစပ်မှ အမြှုတ်ထွက်နေအောင် စစ်မိန့်ပေးနေ၏။ ကျွန်တော်လည်းမောနေပါ၏။ သို့ရာတွင် ကျွန်တော်ကား ကာယသမား လူကြမ်းတစ်ယောက်ဖြစ်ရု် ခံနိုင်စွမ်းရှိ၏။ သခင်အောင်ဆန်းခမျာ ရှေ့သို့တအားလွှားရု် ကိုက်အစိတ် အတင်းတတ်လိုက်ရာ ခလုပ်တိုက်ကာ ဂျွန်းထိုးမှောက်ခုံနှင့် လဲကျပြီး မထနိုင်တော့ပါ။ ကှုတွင် ကျွန်တော့မှာ မနေသာဘဲ သူလဲကျနေရာသို့ အပြေးရောက်သွားမိပြီး သူ့ကို ထူမကာယပ်ခပ်ပေးမိ၏။ ကျွန်တော့နောက်ကျောသို့ တစ်စုံတစ်ယောက် ခပ်ဆတ်ဆတ်ကလေး တစ်စုံတစ်ခုနှင့် ရိုက်လိုက်သည်ကြောင့် သခင်အောင်ဆန်းကိုပွေ့ထားရာမှ မော့ကြည့်လိုက်သည်။ မျက်နှာဆိုးဆိုးနှင့် စိတ်မနှံ့တနှံ့ ဂျပန်ဆရာ ``နော်ဆေး``ဆိုသူက အပြစ်တင်သည့်အမူအရာဖြင့် ``မကောင်းဘူး မင်းဒီကိုလာပြီး ကူညီတာ မကောင်းဘူး ။ရှေ့တတ်ပါ မင်းတာဝန်မဟုတ်ဘူး။ သူသေရင်လဲ ဘာဖြစ်သလဲ -- ခုထွက် ခုတတ်---``
ကျွန်တော် ပူထူသွားသည်။ လှံစွတ်တပ်ထားသော ရိုင်ဖယ်ကိုဆုတ်ကိုင်ကာ ဗိုလ်မင်းခေါင်ထက်ဆိုးသော အလုပ်ကို ရှေ့ရှုလိုက်သည်။ တုံရီနေသော လက်တစ်ဖက်က ကျွန်တော့လက်မောင်းကို ဆွဲလိုက်တော့သည်။ မှေးမှိန် ရီဝေနေသော မျက်လုံးဖြင့် သခင်အောင်ဆန်းက ကျွန်တော့်ကို အပြစ်တင် တားဆီးသည့်ဟန်နှင့် ကြည့်ရု် ခေါင်းခါပြတော့သည်။ ကှုတွင် ဂျပန်ဆရာကိုရော သူ့ကိုရော ဒီလောက်သီးခံရပါမည်လား ဟုရောနှော အပြစ်တင်ကာ စိတ်ဆိုးလွန်းသဖြင့် ဝုန်းကနဲ ထရု် ရှေ့သို့ အပြေးတတ်ခဲ့သည်။

ထိုနေ့ ခ၇ီးရှည်တိုက်ပွဲသည် ည ၉ နာရီမှ ပြီဆုံးသည်။ တပ်စခန်းသို့ ပြန်ရောက်နိုင်သူ ဗမာကျောင်းသား ဗိုလ်လင်းယုံ ဗိုလ်ဇင်ယော် ဗိုလ်ရန်နိုင် ဗိုလ်တာရာ ဗိုလ်ဥာဏ ဗိုလ်မြင့်အောင်နှင့် ဂျပန်ကျောင်းသား လေးယောက် ပေါင်း ဆယ်ယောက်သာ ရှိသည်။ ခေတ္တ သတင်းပို့စဉ် သတိအနေမပျက်အောင် မနည်းဒုက္ခခံကာ ချူပ်တီးထားလိုက်၇၏ ။ ကျန်စစ်ကျောင်းသားများကို ကားနှင့်ပြန်တိုက်ယူရသည်။ လေ့ကျင့်ခဏ်း သုံးရက် အနားပေးယူရသည်။ မပေးရု်လည်း မဖြစ်ပါ။ ကျောင်းသားအားလုံး ဆေးရုံတတ်ယူရသောကြောင့်တည်း။ သခင်အောင်ဆန်းက ဆေးရုံထဲ ကျွန်တော်ဝင်လာစဉ်-----
``ဟေ့-------- ကောင်လေး----------သတိထားနော်-----သီးခံစမ်းပါကွာ ``ဟု ခပ်ပြုံးပြုံးကြီး ပြော၇င်း သူ့ကို နှိပ်ခိုင်းတော့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...