Monday, December 16, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၁၂)

သစ်ထူးလွင်


Posted: 15 Dec 2013 03:02 AM PST



ဒီဇင်ဘာလ ၁၅ရက် နံနက် ၉နာရီ အချိန် ပဲခူးတိုင်း သာယာဝတီမြို့ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော အသံဖိုင် နားဆင်းနိင်ပါရန် .. D-Wave


Posted: 15 Dec 2013 02:22 AM PST
မန္တလေးမြို့တော်တွင် ကျင်းပလျက် ရှိသော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲ စတုတ္ထ ပွဲစဉ်ဖြစ်သည့် မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းနှင့် ဗီယက်နမ် အမျိုးသမီး လက်ရွေးစင် အသင်းပွဲအတွက် လက်မှတ်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဗထူး အားကစားကွင်းတွင် ရောင်းချပေးနေစဉ် လူအများအပြား အလုအယက် တွန်းတိုက် ဝယ်ယူမှုကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း အဆိုပါနေရာတွင် တာဝန်ကျသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 15 Dec 2013 02:18 AM PST
ပဲ​ခူး​တိုင်း ​သာ​ယာဝ​တီ​ခ​ရိုင်​မှာ ​ပြု​လုပ်​တဲ့ ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ ​ရေး ​ဆ​န္ဒ​ရ​ယူ​ပွဲ​မှာ ​တက်​ရောက်​လာ​သူ ​ပြည်​သူ ၉၅ ​ရာ​ခိုင်​နှုန်း​က ၂၀၀၈ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ပြင်​ဖို့ ​ဆ​န္ဒ​ပြု​ခဲ့​ကြ​ပါ​တယ်။ အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က ​ပြု​လုပ်​တဲ့ ​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​တဲ့​ပွဲ​မှာ ​အ​ခု​လို ​ဆ​န္ဒ​ပြု​ခဲ့​ကြ​တာ ​ဖြစ်​တယ်​လို့ ​သာ​ယာဝ​တီ​မြို့​နယ် ​အ​ဖွဲ့​ချုပ်​ရဲ့ ​အ​တွင်း​ရေး​မှူး ​ဦး​ကျော်​နိုင်​ဦး​က ​ပြော​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2013 02:09 AM PST
မန္တလေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ ၁၂ ရက်နေ့ တစ်ရက်တည်း ကြိုးဆွဲချ သေဆုံးမှုသုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရသည်။ တကောင်းမြို့ ကျောက်အိုက် ကျေးရွာတွင် အမျိုးသမီး တစ်ဦးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့က ယင်းရွာရှိ ဝါးပိုးရုံ ကုန်းခင်း၊ ကြံခင်းအတွင်းရှိ တဲနှင့် ကိုက် ၂၀၀ ခန့် အကွာတွင်ရှိသော အမြင့်ရှစ်ပေခန့်ရှိ ဝါးရုံပင်၏ ခွဆုံ၌ အရှည်ကိုးပေခန့်ရှိ အဖြူရောင် နိုင်လွန်ကြိုးကို လည်ပင်းတွင် ကွင်းလျော အနေအထားဖြင့် ကြိုးဆွဲချ၍ သေဆုံးနေကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 15 Dec 2013 01:09 AM PST
သျှမ်းပြည်မြောက်ပိုင်း မန့်တုံမြို့နယ်အတွင်းရှိ လျှပ်စစ်တာဝါတိုင်အတွက် လုံခြုံရေးယူနေသော ရဲကင်းတစ်ခုကို ယမန်နေ့ အစောပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ တာဝန်ကျ ပြည်သူ့ ရဲတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိသည်ဟု ဒေသခံများကပြောသည်။ ၂၀၁၃ ဒီဇင်ဘာ ၁၃ ရက် နံနက် ၅ နာရီ တွင် တိုင်းရင်းသားတပ်ပေါင်းစုဟု ယူဆရသည့် လက်နက် ကိုင်အဖွဲ့က မန့်တုံမြို့နယ် မန့်ပတ်ကျေးရွာရှိ လျှပ်စစ်တာဝါတိုင်အတွက် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များအား ၀င်ရောက်တိုက်ခိုက်ရာမှာ ပွဲချင်းပြီး တဦးသေဆုံးကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2013 12:49 AM PST
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက် ကျေးရွာတွင် ငြိမ်းချမ်းရေး ရယူထားသည့် နာဂ လက်နက်ကိုင်တပ်ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဆက်ကြေး တောင်းခံမှုတစ်ခု ထပ်မံဖြစ်ပွား ခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။ နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSCNK) သည် မြို့နယ်အဆင့်ရှိ အရာရှိနှစ်ဦး ရောက်လာပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ငွေကျပ် သိန်းသုံးဆယ် လာရောက် တောင်းခံခဲ့ကြောင်း ကျားကိုက်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်ညိုက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 15 Dec 2013 12:51 AM PST
ကိုယ်ကအစိုးရ လုပ်နေရရင် ကောင်းတယ်ပြောပြီး အခြားသူတွေက အစိုးရဖြစ်ဖို့ ကြိုးပမ်းတာကျတော့ လောဘလို့ ပြောနေတာ ဘယ်တရားမလဲ။ မပြုပြင် မပြောင်းလဲ ရဲတာလည်း အဂတိ လိုက်စားတာပဲ။
မမျှမတရေးထားတဲ့ ဥပဒေနဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲ မဝင်သင့်ဖူးလို့ ဒေါ်အောင်ဆန်းစုကြည်က သမိုင်းဝင် သာယာဝတီမှာ ပြတ်သားစွာ ပြောခဲ့ပြီ (ဓါတ်ပုံ- ထင်လင်းဦး)



ဥက္ကံမှာကြိုဆိုနေကြတဲ့ပြည်သူတွေ

ဥက္ကံမှာကြိုဆိုနေကြတဲ့ပြည်သူတွေ

ဥက္ကံမှာကြိုဆိုနေကြတဲ့ပြည်သူတွေ

Posted: 14 Dec 2013 11:48 PM PST
ဧရာဝတီမြစ်၊ မူးမြစ်နဲ့ ချင်းတွင်းမြစ်တို့ ပေါင်းဆုံတဲ့ မြစ်ဖျား တိုင်းဒေသ က နန့်ဆာစီ ချောင်းဘေးတစ်တလျှောက် နန့်တခွန် သစ်တောကြိုးဝိုင်းထဲမှာ ရှိတဲ့ ဧက သုံးသိန်း မြေနေရာမှာ ရုရှား နိုင်ငံက သတ္တု တူးဖေါ်ရေး ကုမ္ပဏီ တခုဖြစ်တဲ့ Noble Gold ကုမ္ပဏီက သတ္တု တူးဖေါ်ရေး လုပ်ငန်းတွေ လုပ်ဖို့ လေ့လာ နေတာနဲ့ ပတ်သက်လို့ ဒေသခံတွေ က စိုးရိမ်မှု တွေ ပေါ်ထွက် နေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သတ္တု တူးဖေါ်ရေး မြစ်ကြောင်း အနီးလေ့လာ



Posted: 14 Dec 2013 11:01 PM PST
ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) ၏ (၆၄) နှစ်မြောက် ပဒေသရာဇ် ဆန့်ကျင်ရေး အခမ်းအနား ကျင်းပမှုကို ပအိုဝ့် အမျိုးသား အဖွဲ့ချုပ် (PNO) က ကန့်ကွက်ခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ပဒေသရာဇ် ဆန့်ကျင်ရေး အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် ရလလဖ ဗဟိုဌာန ဖြစ်သော ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြိုနယ် နောင်ထောဝ် ကျေးရွာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Dec 2013 02:41 PM PST
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်မှာ ရေဆိုးမြောင်းထဲမှာ မနေ့ညက လက်လုပ်မိုင်းလို့ယူဆရတဲ့ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး အဲဒီမိုင်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ မိုင်းလို့ယူဆရတဲ့နေရာကို သွားရောက်ရှာဖွေရာမှာ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကျော်နိုင်က RFA ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

တောင်ကြီးတွင် တွေ့ရှိခဲ့သည့် မိုင်းများအား ဖျက်သိမ်းနေပုံ / ဓါတ်ပုံ - Shan News









Posted: 14 Dec 2013 02:22 PM PST
ဒီဇင်ဘာလ(၁၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Dec 2013 02:19 PM PST
ဒီဇင်ဘာလ(၁၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Dec 2013 02:16 PM PST
ဒီဇင်ဘာလ(၁၆)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.49

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Dec 2013 02:13 PM PST
ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ်- ၉၀၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Dec 2013 02:10 PM PST
ဒီဇင်ဘာလ(၁၁)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ်- ၄၆၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 14 Dec 2013 08:34 AM PST
ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာဖို့ အရေးတကြီး လိုအပ်ပြီး ပြည်သူ၊ တပ်မတော်နဲ့ NLD ကြား စိတ်ဝမ်း ကွဲအောင် သွေးခွဲနေမှုတွေကို သတိထားကြဖို့နဲ့ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိအောင် အဓိက ကြိုးပမ်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သူမရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲမှာ အဲဒီလို ပြောသွားခဲ့တာပါ။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 14 Dec 2013 08:30 AM PST
တရုတ် နိုင်ငံ ကနေ ဒီဇင်ဘာ ၁ ရက်နေ့က လကမ္ဘာပေါ် လွှတ်တင် လိုက်တဲ့ ယူတူ စက်ရုပ် ယာဉ်ငယ်ဟာ လကမ္ဘာ မြေပြင် ပေါ်ကို အောင်မြင်စွာ သက်ဆင်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တရုတ် နိုင်ငံဟာ အာကာသ လေ့လာရေး အစီ အစဉ် တွေကို ရည်မှန်းချက်ထား လုပ်ဆောင် နေတာ လည်း ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တရုတ်ဟာ အာကာသ လေ့လာရေး အစီ အစဉ် တွေကို ရည်မှန်းချက်ထား လုပ်ဆောင်နေ


Posted: 14 Dec 2013 08:07 AM PST
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဂျာမတ် အစ္စလာမ်မီယား ပါတီ ခေါင်းဆောင် ကာဒေမူလာ ကြိုးဒဏ်ပေး ကွပ်မျက် ခံရပြီးတဲ့နောက် မကျေနပ်တဲ့ သူပါတီဝင်တွေက နိုင်ငံအ၀န်းမှာ အကြမ်းဖက် တိုက်ခိုက်မူတွေ ပြုလုပ်နေတဲ့အတွက် အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ရပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၁၀ နာရီ ၁ မိနစ် – ကာဒေမူလာ ကြိုးဒဏ်ပေးခံရပြီးအချိန်ကနေ- ယမန်နေ့ ညနေ အထိ သေဆုံးသူ အရေအတွက်ဟာ ၈ ဦးရှိသွားခဲ့ပြီ ဖြစ်သလို လမ်းပေါ်မှာ သွားလာနေတဲ့ ကားစီးရေ  ၁၀၀ ကျော်လည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 14 Dec 2013 08:03 AM PST
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သင်ပုန်းချောင်း ကျေးရွာ အုပ်စုမှ အမျိုးသမီးငယ် ၆ ဦးသည် စစ်တွေ-ရန်ကုန် ကားလမ်းရှိ ဆောက်လုပ်ရေး စခန်းတစ်ခုတွင် အလုပ် လုပ်နေရာမှ ပျောက်ဆုံးသွားကြောင်း သတင်း ရရှိသည်။ ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်များမှ မင်းပြားမြို့နယ် သင်ပုန်းချောင်း အုပ်စု အ၀ရွာမှ  ၃ ဦး၊ ပြားရှည်ပြင်ရွာမှ ၁ ဦးနှင့် ခွဆုံရွာမှ ၂ ဦးတို့ ဖြစ်ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Dec 2013 07:50 AM PST
Sea Games မှာ မြန်မာအသင်းကိုအားပေးနေတဲ့ အိမ့်ချစ် B.Sox နဲ့ နန်းသူဇာ / Photo-ရုပ်ရှင်ဂီတ ချစ်သူများ
မြန်မာဘောလုံး ငွေခေတ် နောက်ပိုင်း မြန်မာ့လက်ရွေးစဉ် အသင်းရဲ. အကောင်းဆုံး ပွဲတစ်ပွဲကို မြန်မာ ပရိသတ်များ ကိုယ့်မြေ ကိုယ့်ကွင်းမှာ ရှုစားရတဲ့ အခွင့်အရေး ဖြစ်တယ်လို. ပြောရမှာ ဖြစ်ပါတယ်။

တစ်ဦးချင်း ဘောလုံးစွမ်းရည်နဲ. ကစားကွက် တည်ငြိမ်မှုမှာ ထိုင်းအသင်းထက် အားနည်းပေမယ့် အိမ်ရှင်အသင်းဟာ ပထမပိုင်းမှာ တန်ပြန် တိုက်စစ်တွေနဲ. ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မြန်မာ ကစားအား ကျသွားပြီး ခံစစ်ကို ဦးစားပေး ကစားနေရပါတယ်။ အချိတ်အဆက် လွဲနေခဲ့သလို ဘောလုံး ဆုံးရှုံးမှု ပထမပိုင်းထက် ပိုများခဲ့ပါတယ်။

ပွဲပြီးဖို. ၅ မိနစ် အလိုမှာ မြန်မာအသင်း ပြစ်ဒဏ်ဘောတွေ ပေးရတာ များလာနေပြီး ဒိုင်လူကြီးဖြစ်သူက အ၀ါကတ်ပြား မကြာခဏပြ သတိပေးခံနေရတာကို တွေ.နေရပါတယ်။ မိနစ် ၈၀ မှာ ပြစ်ဒဏ်ဘောက တဆင့် တိုက်ရိုက် ကန်သွင်းရာမှာ ပြန်ထွက်လာတဲ့ ဘောလုံးကို အသုံး မချနိုင်ခဲ့တဲ့အတွက် ထိုင်းအသင်းအတွက် ဂိုးတစ်ဂိုး နစ်နာသွားခဲ့ပါတယ်။

၈၆ မိနစ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘော ရရှိပြီး ဘီးကုတ် စက်ဝိုင်း အကျော်နားကနေ တိုက်ရိုက် ကန်သွင်းခွင့် ရရှိခဲ့ပါတယ်။ ဒီဂိုးကို ဂိုးပေါက်ထဲ ခေါင်းတိုက်သွင်းနိုင်ခဲ့ပေမယ် ဒိုင်လူကြီးက လူကျွံဘောအဖြစ် သတ်မှတ် ပေးခဲ့ပါတယ်။

ထိုင်းအသင်းက လူစားထိုး လဲပြီး ကစားကွက် ပြောင်းလဲကစားဖို. ပြင်ဆင်နေပါတယ်။

မိုးဖွဲတွေ ကြားမှာပဲ မြန်မာ့ လက်ရွေးစဉ် အသင်းဟာ အိမ်ရှင် ပရိသတ်ရဲ. အားပေးမှုကို ခံယူပြီး ထိုင်းအသင်းနဲ. သရေကျကာ တစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။

BBC Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...