Saturday, December 14, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၁၂)

သစ်ထူးလွင်



Posted: 13 Dec 2013 04:35 AM PST


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နေပြည်တော် မြင်းစီးအလှပြိုင်ပွဲမှာ ဆုချီးမြှင့်ပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ "မြန်မာ့အလှ" မြင်းလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မြင်းစီးအလှပြိုင်ပွဲမှာ မလေးရှားနိုင်ငံက ပထမ၊ မြန်မာက ဒုတိယနဲ့ စင်္ကာပူက တတိယ ရရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာအသင်းအားကစားသမားတွေအနေနဲ
့ ကျန်ရှိနေတဲ့ အားကစားပြိုင်ပွဲတွေမှာ စိတ်ဓါတ်ကိုသာ အဓိကအားထား ယှဉ်ပြိုင်သွားကြဖို့ အားပေးစကား ပြောကြားခဲ့ပါတယ်။

Photo : RFA/ Myo Thant Khine
Posted: 13 Dec 2013 04:18 AM PST
ယခုနှစ် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၏ ကမ္ဘာ့လူဦးရေအစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အသက်(၁၅) နှင့် (၁၉) နှစ်အကြား အမျိုးသမီးငယ် ၁၀၀၀ လျှင် ၁၇ ဦးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဖြစ်သောကြောင့် အရွယ်မရောက်သေးဘဲ ကိုယ်ဝန်ဆောင်မှုများကို လျှော့ချရန်လိုအပ်နေကြောင်း  UNFPA ဌာနေကိုယ်စားလှယ် မစ္စ ဂျနက်ဂျက်ဆန်ကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 13 Dec 2013 03:51 AM PST
    Sexy Dance ပြိုင်ပွဲတွင် တက်ရောက်လာသည့် မည်သည့် မိန်းကလေးမဆို ယှဉ်ပြိုင်နိုင်ပြီး မိန်းမလျာများပင် ပါဝင်ယှဉ်ပြိုင်ကြသည် . . . ဆုကြေးအဖြစ် တစ်သိန်း သတ်မှတ်ထားပြီး တချို့မိန်းကလေးများသည် Sexy ပိုကျစေရန် ရည်ရွယ်၍လား မသိပေ . . .အင်္ကျီများပင် ချွတ်၍ကကြသည် …

ရန်ကုန်မြို့တွင် နေ့ကလပ်များ ပိတ်သိမ်းပြီးနောက် တက္ကသိုလ်ေ ကျာင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထား ကာ နေ့ပါတီပွဲများ အား စီးပွားရေးအသွင် ဖန်တီးထားခြင်းသည် လူငယ်များ၏ လွတ်လပ်မှု စိတ်အခြေခံကို အစွန်းရောက်နိုင်သည်ဟု လူမှုနယ် ပယ် အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင် တချို့က ဝေဖန်လျက် ရှိသည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 13 Dec 2013 03:47 AM PST
ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားကို ခမ်းနားစွာ ကျင်းပဖွင့်လှစ်ပြီးနောက် ဂုဏ်ယူဝမ်းသာမှုနှင့်များအတူ ဝေဖန်ပြောဆိုမှုများလည်း ကျန်ခဲ့သည်။ ဖွင့်ပွဲအတွင်း ယခင် နိုင်ငံအကြီးအကဲဟောင်း၏ မြေးဖြစ်သူ နေရွှေသွေးအောင်က ၀င်ခွင့်ကတ်ပြား ချိတ်ဆွဲမထားဘဲ အထူးတန်းပွဲကြည့်စင်တွင် ရောက်ရှိနေခြင်း၊ ဖိလစ်ပိုင် အလံကိုင် အားကစားသမား၏ ရိုးရာဝတ်စုံ၊ ဆီးဂိမ်းမီးရှူးတိုင်အား မီးမြားဖြင့်ပစ်ခဲ့သည့် မြားပစ်အားကစားသမား ဝေလင်းထွန်းတို့၏ သတင်းများကို စိတ်ဝင်တစား ပြောဆိုနေကြခြင်းဖြစ်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ - စိုးဇေယျာထွန်း/ရိုက်တာ


Posted: 13 Dec 2013 03:40 AM PST
တကောင်း နီကယ်စက်ရုံနှင့်ပတ်သက်ပြီး လူ မှုပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်(EIA/SIA)အား ပွင့်ပွင့်လင်းလင်းချမပြပါက လက်ပံ တောင်းတောင်စီမံကိန်း၏ အကျိုး ဆက်ကဲ့သို့ ဖြစ်ပေါ်လာနိုင်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ကိုင် ဆောင် ရွက်နေသူများက ထောက် ပြပြောဆိုလိုက်ကြသည်။ အဆိုပါတကောင်းနီကယ် စက်ရုံသည် သတ္တုတွင်းဝန်ကြီး ဌာနနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်း ကာ နှစ်၃ဝစီမံကိန်းဖြင့် လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Dec 2013 02:00 AM PST
တရားဥပဒေစိုးမိုးရေး မရှိသေးဟု နိုင်ငံတကာ အပါအ၀င် ပြည်တွင်းနိုင်ငံရေး အင်အားစုများ၏ ဝေဖန်မှုခံနေရသော မြန်မာနိုင်ငံ၌ လက်ရှိအစိုးရက နိုင်ငံရေးအကျဉ်းသား ဆိုသူများကို လွှတ်လိုက်၊ ဖမ်းလိုက် လုပ်နေသည့် လုပ်ရပ်မှာ တရားဥပဒေစိုးမိုးရေးကို လွှမ်းမိုးရာရောက်ပြီး တရားစီရင်ဆုံးဖြတ်မှုများကို မှေးမှိန်အောင် ပြုလုပ်နေရာရောက်ကြောင်း ဥပဒေအသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုနေကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာ ၁၁ ရက်တွင် လွတ်မြောက်လာသူတစ်ဦး ဓာတ်ပုံ - နစ်ကီ/7day Daily 

Posted: 13 Dec 2013 01:54 AM PST
    သယံဇာတများပေါကြွယ်ဝလျက်  တိုင်းပြည်က ဆင်းရဲတွင်းနက်နေသော  မြန်မာနိုင်ငံအား ရွှေခွက် နှင့် သူတောင်းစားဟု  တင်စားခိုင်းနှိုင်း ထားသည်ကို ကမ္ဘာ့သတင်းစာမျက်နှာထက်တွင်  ဖတ်ဖူးခဲ့ လိုက်သည် ရှက်ဖွယ်လိလိပင် . . .

 ““မင်းမှာသစ္စာ၊ လူမှာကတိ”” ဟူ သောမြန်မာ ဆိုရိုးစကား တစ်ရပ် ရှိပါသည်။ မင်းဟူသည် “သစ္စာ”စကား မပျက်ကောင်းဟု ဆိုလိုရင်း ဖြစ်၍ သစ္စာထက် အနက် အဓိပ္ပာယ် နက်ရှိုင်းမှုတိမ်သော “ကတိ” ဟူ လျှင်ကား မင်းတို့ မည်သည် ပို၍ပင် မပျက်စကောင်းဟု ခေတ်အဆက်ဆက် မြန်မာတို့ ယုံကြည် ခဲ့ကြသည်။ မြန်မာနိုင်ငံသည် စစ်အာဏာရှင် စနစ်ဟောင်းမှ ရုန်းထွက်၍ ဒီမိုကရေစီခေတ်သစ်သို့ လျှောက်လှမ်း မည်ဟု ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 13 Dec 2013 01:46 AM PST
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ဆူပူမှုများ အရှိန်မြင့်လာကာ မီးရှို့မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလာသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ကျေးရွာများတွင် ဒီဇင်ဘာလ ၁၁ နေ့မှ စတင်ကာ ညကင်းများ ချထားရကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။ စစ်တကောင်းဒေသ ရာအူဇန်မြို့တွင် ဟိန္ဒူ ဘာသာဝင်များ နေထိုင်သည့် နေအိမ်များနှင့် နတ်ကွန်းပေါင်း ၁၈ လုံး မီးရှို့ခံရသဖြင့် ယင်းအကြမ်းဖက်မှုများသည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ နေထိုင်သည့် ကျေးရွာများကိုပါ ကူးစက်လာမည် စိုးရိမ်၍ ယင်းသို့ ကင်းများ ချထားခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရိုဘန်ခရိုက် လားမားမြို့မှ ဦးကျော်ခိုင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 13 Dec 2013 01:06 AM PST
ငါးဖမ်းစက်လှေတစ်စီး လှိုင်မြစ်အတွင်း စက်ပျက်၍ ဘုရင့်နောင်တံတားဆောက်နေသည့် စီဘီတွဲအောက်သို့ နစ်မြုပ်သွားသောကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ငါးဖမ်းစက်လှေတစ်စီးတွင် စက်လှေမောင်းသမားနှင့် လှေပိုင်ရှင်သားအဖတို့ လိုက်ပါကာ ဒီဇင်ဘာ ၈ ရက် ညနေ ၆ နာရီခန့်က လှိုင်မြစ်အတွင်း မောင်းလာပြီး ငါးပိုက်များဖော်နေစဉ် စက်လှေစက်ပျက်ပြီး မြစ်အတွင်း မျောသွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

လှေနစ်မြုပ်ခဲ့ရာ ဘုရင့်နောင် အမှတ်(၂)တံတား ဓာတ်ပုံ-နစ်ကီ / 7day Daily 

Posted: 13 Dec 2013 01:01 AM PST
မိဘများအလုပ်သွားနေစဉ် ကလေးငယ်နှစ်ဦး သတ်ဖြတ်ခံရမှုတွင် သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသည့်တရားခံက ၎င်းသတ်ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်ဟု အုတ်ဖိုမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ အဆိုပါတရားခံသည် ကလေးများနှင့်ပတ်သက်၍ စိတ်ရောဂါအခံရှိသူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်လေးနှစ်ခန့်က အိမ်ထောင်ကွဲခဲ့ရာတွင် ကလေးများက ၎င်းင်း၏ဇနီးနှင့်အတူ ပါသွားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 13 Dec 2013 12:41 AM PST
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုေ ဆာင် အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်၊ လယ်ယြာေ မနှင့် အခြားမြေများ ပြန်လည်ရရှိရေး စုံစမ်းရေး ကော်မရှင်မှ အဖွဲ့ဝင်ဖြစ်သော ဦးအောင်သိန်းလင်း အနေဖြင့် ဒီဇင်ဘာ (၆)ရက်တွင် မိကျောင်းကန်သပိတ်စခန်း ဖွင့်လှစ်ထားမှု ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် သွားရောက် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု အဆင့် သတ်မှတ်ထားသော်လည်း တိုင်းဒေသကြီးရုံး သွားသော အခါ နောက်ပေါက် မှ ၀င်ရကြောင်း ဦးအောင်သိန်းလင်းက မြန်မာသံတော်ဆင့် သို့ ပြောသည်။ …

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 13 Dec 2013 12:38 AM PST
မြန်မာနှင့် အိမ်နီးချင်း နိုင်ငံများ၏ ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် နယ်စပ် ကုန်သွယ်ရေးစခန်းသစ်ငါးခု ထပ်တိုး ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ အဆိုပါစခန်း ငါးခုမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မိုင်းလားနယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်စဲ့၊ ဘုရားသုံးဆူနှင့် ပုံပါကျင်နယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ထန်တလန် နယ်စပ်ကုန်သွယ်ရေး စခန်းတို့ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 12 Dec 2013 11:54 PM PST
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အို အဘိုး၊ အဘွားများအတွက် နေ့ပိုင်းဂေဟာများ ဖွင့်လှစ်ပေးရန် အဆိုကို ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးသို့ ဗဟန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းရာ ကန့်ကွက်သူ များသဖြင့် အဆိုရှုံးနိမ်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Dec 2013 10:42 PM PST
City Mart Holding ပိုင်ရှင် မိသားစုနှင့် ဆက်နွှယ်နေသော Premium Food Service Products ကုမ္ပဏီမှ လုပ်ကိုင်နေသည့် သာကေတစက်မှု ဇုန်ဂိုဒေါင်ကိုစစ်ဆေး ရာတွင် တွေ့ရှိထားသော ၀ိုင်၊ အရက်အားလုံး၏ တရားဝင်တင် သွင်းခွင့် အထောက်အထားမူရင်းအား ဒီဇင်ဘာ ၁၂ရက်နေ့တွင် မပြသနိုင်ပါက ဥပဒေကြောင်း အရ အရေးယူသွားမည်ဟု ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေး အဖွဲ့ (M obile Team) မှ လက်ထောက် ညွှန်ကြားရေး မှူး ဦးစိုးအောင်က မြန်မာသံတော်ဆင့်သို့ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 12 Dec 2013 10:37 PM PST
မြန်မာနိုင်ငံရှိ အရွယ် မရောက်မီ လူငယ်များကြား ငွေကြေး အလွန်အကျွံ သုံးစွဲရာမှ ဆေးလိပ်သောက်သူ လူငယ် ၈၀ ရာခိုင်နှုန်း ကျော်ထိ တိုးမြင့် လာသည်ဟု မြန်မာနိုင်ငံ ဆေးသုတေသန ဆိုင်ရာ အသင်းများ ၏ မှတ်တမ်း များတွင် ဖော်ပြထားသည်။ အရွယ်မရောက်မီ လူငယ် အများစုသည် ငွေကြေးသုံးစွဲခြင်းကို ကိုင်တွယ်နိုင်ပြီး ၎င်းတို့လူငယ် စိတ် သဘောထား အရ စူးစမ်း ချင်စရာ များကို ထောက်ပံ့ပေးနိုင်သော ငွေကြေး လက်နက် ရှိပြီး ဖြစ်သည်။ ချမ်းသာသော မိသားစုမှ မွေးဖွားလာသည့် လူငယ်များသည် နှစ်ဖက်မိဘများ၏ အလိုလိုက်မှု၊ ချစ်ခင်မှုများကြား လိုအပ်သလို ထောက်ပံ့ ပေးနိုင်သည့်အတွက် ကျောင်းနေ အရွယ်မှစ၍ ငွေကြေးကိုင်တွယ် သုံးစွဲတတ်လာသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Dec 2013 10:29 PM PST
ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုကြောင့် ပေါင်ဖြတ်လိုက်ရသည့် ခရီးသည် တစ်ဦးကို ယာဉ်မောင်းအဖြစ် မှားယွင်းကာ ဒီဇင်ဘာလ ၁၂ ရက်နေ့က လားရှိုးမြို့နယ် တရားရုံးတွင် ယာဉ်ထိန်းရဲက တရားစွဲလိုက်ကြောင်း အဆိုပါ တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ အမှုကို လားရှိုးမြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၂ ရက်နေ့တွင် လက်ခံ စစ်ဆေးခဲ့ပြီးနောက် တရားခံ မှားယွင်း တရားစွဲဆို ခံရကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ခရီးသည် ဦးအိုက်စံကို အမှုမှလွှတ် ကြောင်း အမိန့် ချမှတ်လိုက်သည်ဟု လားရှိုးမြို့နယ် တရားရုံးမှ တရားသူကြီးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 12 Dec 2013 10:16 PM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်း နေပြည်တော် မြင်းစီးပြိုင်ကွင်းမှာ ကျင်းပတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းမြင်းစီးပြိုင်ပွဲကို တက်ရောက်အားပေး ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Dec 2013 09:44 PM PST
နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေး အပေးအယူ အဖြစ်ကား ပါမစ်များ ချထားပေးခဲ့ရာ ကားလိုင်စင် များနှင့် ဘီးခွန်wheel tax များကို ကုန်းလမ်း ပို့ဆောင်ရေးညွှန် ကြားမှု ဦးစီးဌာန (ကညန)နှင့် ကား ပိုင်ရှင်အများစုက အတုပြုလုပ် လျက်ရှိကြောင်း သတင်းများ ထွက် ပေါ်လျက်ရှိသည်ဟု ကညန အကျိုး ဆောင်ကိုရဲက ဒီဇင်ဘာ (၁၀)ရက် တွင် မြန်မာသံတော်ဆင့် သို့ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Dec 2013 09:12 PM PST
ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့၊ ဘုရားနီးကျေးရွာနေ ကိုနိုင်ဦးက ကျောင်းကုန်းမြို့ ဧရာဝတီ ပဲသန့်စင်စက်နှင့် ဒါးကမြို့ ခိုင်မေတ္တာ ဆန်စက်ပိုင်ရှင် ကိုမောင် မောင်ယု(ခ)စဖို၏ အစ်ကို ဦးမောင် မောင်ဦးအား အိနိ္ဒယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မီဒန်တာဆေးရုံ၌ အသည်းတစ်ခြမ်း အစားထိုးလှူ ဒါန်းခဲ့ရာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများနှင့် နစ်နာကြေး ကိစ္စများ အတွက် ဖြစ်ပေါ် လာသော ပြဿနာများ အား ဖြေရှင်းရာတွင် ပြေလည်မှု မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 12 Dec 2013 09:10 PM PST
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပခဲ့ရာ ပွဲကြည့်စင်ပေါ်ရှိ ကြာပွင့်ပုံ မီးရှူးတိုင်ကို ပစ်ခတ်၍ မီးထွန်းညှိရာတွင် မြား၌ မီးစွဲခဲ့သော်လည်း စောစီးစွာ မီးငြိမ်းခဲ့ခြင်း ဖြစ်ကြောင်း မြားပစ်ခဲ့သည့် အားကစားသမား ဝေလင်းဖြိုးက ပြောကြားသည်။ မီးရှူးတိုင်ကို မြားဖြင့် ပစ်ခတ်၍ ထွန်းညှိရာတွင် မြားတံ မရောက်မီ မီးရှူးတိုင်က မီးတောက်ခဲ့ခြင်းတို့နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 12 Dec 2013 09:07 PM PST
နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသား ကာကွယ်ရေးအတွက် တာဝန် ထမ်းဆောင်နေသော ထောက်လှမ်းရေး တပ်ဖွဲ့များ အနေနှင့် အခြေခံဥပဒေအရ အပ်နှင်းထားသည့် နိုင်ငံသားတို့၏ မူလအခွင့်အရေးကို မထိခိုက်စေဘဲ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အရေးကြီး ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ မြန်မာနိုင်ငံတွင်းတွင် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ (NIB) ပြန်လည် ဖွဲ့စည်းရန်ရှိ မရှိနှင့် လက်ရှိ ထောက်လှမ်းရေး တပ်ဖွဲ့များ၏ လုပ်ငန်းစဉ်များကို The Voice က ဦးရဲထွဋ်ထံ ဆက်သွယ် မေးမြန်းရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 12 Dec 2013 08:59 PM PST
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် အချို့က မလိုလား၊ စိတ်မပါသကဲ့သို့ လုပ်နေ သည့် ကိစ္စများသည် မရိုးသားဟု ဒေါ်အောင်ဆန်းစုကြည်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က“တကယ်ပဲ ဒီမိုကရေစီလိုချင်တယ်ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲချင်တဲ့စိတ် ရှိကိုရှိရမယ်။ အဲဒီလိုစိတ် မရှိဘူးဆိုရင် တ ကယ့်ဒီမိုကရေစီကို မလိုလားလို့ပဲ”ဟု ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 12 Dec 2013 08:54 PM PST
ရန်ကုန်တိုင်းလွှတ်တော်တွင် တိုင်းအစိုးရ၏ လွှမ်းမိုးမှုများရှိနေပြီဟု ရန်ကုန်တိုင်းလွှတ်တော် ဗဟန်း အ မှတ် ၂ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဒီဇင်ဘာလ ၁၂ ရက် တိုင်းလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ အစည်းဝေးအပြီးတွင် မီဒီယာများကို ပြောသည်။ ဒီဇင်ဘာ ၉ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် လှိုင်အမှတ် ၂ မဲဆန္ဒနယ် မှကိုယ်စားလှယ် ဦးသိန်းနိုင်တင်သွင်းသည့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 12 Dec 2013 05:57 PM PST
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ မီးလောင်တဲ့အတွက် စခန်းထဲက အိမ်တွေ အားလုံး မီးထဲပါသွားခဲ့ပြီး ကလေးတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။ ဒုက္ခသည်ပေါင်း တစ်ထောင့်သုံးရာကျော် နေထိုင်တဲ့ ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ဒီကနေ့ နေ့လယ်က မီးလောင်တဲ့အတွက် စခန်းထဲမှာ ဆောက်ထားတဲ့ အဆောင်တွေ အကုန်လုံး မီးထဲကို ပါသွားခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Dec 2013 05:30 PM PST
ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်တွင်း မှာ ကလေး ကူးသန်းရောင်းဝယ်မူတွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။ အခုဆိုရင် ကလေးတွေ အပေါ် ခေါင်းပုံဖြတ်ခံရမှုတွေ နဲ့ လူကုန်ကူးခံရတဲ့ ကလေးတွေ အပါအ၀င် နယ်စပ်မှာ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့တွေက ကယ်ဆယ်နိုင်တဲ့ အရေအတွက် ဟာ ၃နှစ်တွင်းမှာ မြန်မာကလေးငယ် (၇၀၀) ကျော် ရှိနေပြီလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကလေးအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုစည်းထားတဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေးနေ့ မှာ ပြောဆိုလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာ ကလေးငယ်များ။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...