Tuesday, December 10, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၁၂)

သစ်ထူးလွင်



Posted: 09 Dec 2013 05:46 AM PST

သ​င်္ဃန်း​ကျွန်း​မြို့​နယ်​တွင်း
 က ​တပ်​က ​သိမ်း​ထား​တဲ့​မြေ​တွေ ​ပြန်​လည်​ရ​ရှိ​ရေး ​မိ​ကျောင်း​ကန် ​အ​ပိုင်း (၁)​မှာ ​ဖွ​င့်​လှစ် ​ဆ​န္ဒ​ပြ​ထုတ်​ဖော်​နေ​တဲ့ ​သ​ပိတ်​စ​ခန်း​ကို ​မ​ဖျက်​သိမ်း​နိုင်​ဘူး​လို့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​ဘက်​က ​ဆုံး​ဖြတ်​ရပ်​တည်​လိုက်​ကြ​တဲ့​အ​တွက် ​အုပ်​ချုပ်​ရေး​ပိုင်း​နဲ့ ​အ​စိုး​ရ​အ​ကြား ​ထိပ်​တိုက်​တွေ့​တော့​မယ့် ​အ​ခြေ​အ​နေ​တ​ရပ်​ဆီ​ကို ​တွန်း​ပို့​လိုက်​ပြီ​ဖြစ်​ပါ​တယ်။ ၁၃ ​ရက်​ဆက်​တိုက် ​ဆန်​ဒ​ပြ​နေ​တဲ့ ​သ​ပိတ်​စ​ခန်း​ကို ​ဒီ​က​နေ့ ၉ ​ရက်​နေ့ ​ည​နေ ​ခြောက်​နာ​ရီ​မ​တိုင်​ခင် ​ရုပ်​သိမ်း​ဖယ်​ရှား​ပေး​ဖို့​နဲ့ ​မ​ဖယ်​ရှား​ရင် ​ကိုင်​တွယ်​အ​ရေး​ယူ​မယ်​လို့ ​မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​နဲ့ ​တပ်​မြို့​စည်​ပင်​သာ​ယာ​ရုံး​အ​ဖွဲ့​က ​ရာ​ဇ​သံ​ပေး​ထား​တာ​ဖြစ်​ပြီး ​ဆ​န္ဒ​ပြ​သ​မား​တွေ​က​လည်း ​မ​ဖယ်​ပေး​ဘူး​လို့ ​ရပ်​တည်​နေ​တာ​ပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 04:15 AM PST

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်ဂနိမ်း ကျေးရွာရှိ သုဓမ္မာ ဂိုဏ်းခေါင်းဆောင် ကော့ခဘီး ကျောင်းထိုင် ဆရာတော်ကြီး ဘဒ္ဒန္တဝါယမ ပျံလွန်တော်မှုခြင်းကို အကြောင်းပြုကာ ကော့ခဘီး ရပ်ကွက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၏ နာမည်ကို အသုံးပြု၍ တရားမဝင် လောင်းကစားဝိုင်းများကို သုံးလကြာ ၂၄ နာရီပတ်လုံး ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောကြားသည်။ လောင်းကစားဝိုင်းများ နိုဝင်ဘာလ တတိယပတ်မှစ၍ ၂၀၁၄ ခုနှစ် ဇန်နဝါရီ လကုန်းပိုင်းအထိ ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း၊ ယင်းကစားဝိုင်းများ၌ အနီထောင် ကစားဝိုင်းများ၊ အန်စာတုံး ကစားဝိုင်းများ၊ ရွှေဘောလုံးများ၊ ဖဲဝိုင်းများ၊ ဂျင်ကစား ဝိုင်းများ ပါဝင်ကြောင်းနှင့် စနေနှင့် တနင်္ဂနွေ ရက်များတွင် ကြက်ဝိုင်းများကိုပါ ထည့်သွင်း၍ လောင်းကစား ပြုလုပ်လျက် ရှိကြောင်း ၎င်းတို့က ပြောဆိုကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 04:07 AM PST

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ရဲအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့် ခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံက ပြောကြားသည်။ ကွတ်ခိုင်မြို့နယ်နှင့် သုံးမိုင်ခန့်အကွာ ကျေးရွာတစ်ရွာတွင် နေထိုင်သည့် ကလေး လေးဦးမိခင် အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 04:02 AM PST

မြန်မာ့လက် ရွေးစင်ဘောလုံး အသင်းကစား မည့်ပြိုင်ပွဲများ အတွက် လက်မှတ် များဝယ်ယူထားသော်လည်း ပြိုင် ပွဲကျင်းပချိန် တွင် နေရာအခက် အခဲများနှင့် ကြုံတွေ့ရကြောင်း ဘောလုံးဝါသနာရှင်များက ဝေ ဖန်ပြောကြားသည်။ ကွင်းအတွင်း လက်မှတ်ဖြင့် နေရာပြသမည့်သူမရှိခြင်းနှင့် ကွင်းအတွင်း ကြိုတင်ရောက်ရှိသူ များမှ ဦးရာလူစနစ်ဖြင့်နေရာယူ ထားခြင်းများကြောင့် ပြိုင်ပွဲကြည့် ရှုရန် နေရာအခက်အခဲဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း ယင်းတို့ကဆို သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Dec 2013 02:54 AM PST

အ​လွန်​အ​ကျွံ ​ခုတ်​လှဲ​ရောင်း​စား​ခဲ့​မှုေ
တွ ​ကြောင့် ၂၀၀၁ ​ခု​နှစ်​က​နေ ၂၀၁၀ ​ခု​နှစ်​အ​ကြား ၁၀ ​နှစ်​အ​တွင်း ​က​ရင်​ပြည်​နယ်​မှာ ​သစ်​တော​တွေ ​မ​ကျန်​တော့​သ​လောက် ​ပြုန်း​တီး​ကုန်​ကြောင်း ​က​ရင်​ပြည်​နယ်​အ​စိုး​ရ ​အ​ဖွဲ့​၀င် ​သစ်​တော​နဲ့ ​သ​တ္တု​တွင်း​၀န်​ကြီး ​စော​ဆာ​လော​လာ​က ​ပြော​ပါ ​တယ်။

Timber ​လွန်​ခဲ့​တဲ့ ၁၀ ​နှစ်​အ​တွင်း ​က​ရင်​ပြည်​နယ်​မှာ ​ကေ​အန်​ယူ​နဲ့ ​ဒီ​ကေ​ဘီ​အေ​အ​ဖွဲ့​တွေ​က ​သစ်​ကို ​အ​လွန်​အ​ကျွံ ​ထုတ်​လုပ်​ခဲ့​ကြောင်း​၊ ​အ​စိုး​ရ​နဲ့ ​စစ်​တပ်​က​လည်း ​ထိန်း​သိမ်း​နိုင်​စွမ်း ​မ​ရှိ​ကြောင်း​၊ ​ဒီ​အ​တွက် ​သစ်​တော ​အ​လွန်​အ​ကျွံ ​ပြုန်း​တီး​ကုန်​ကြောင်း ​သူ​က ​ပြော​ပါ​တယ်။

က​ ရင်​ပြည်​နယ် ​မဲ​ဆ​န္ဒ​နယ် ​အ​မှတ် ၁ ​က ​အ​မျိုး​သား​လွှတ်​တော်​အ​မတ် ​စော​အောင်​ကျော်​နိုင်​က​လည်း ၀ိ​သ​မ​လော​ဘ​သား​တွေ​ကြောင့် ​သစ်​တော​တွေ ​မ​ရှိ​တော့​ကြောင်း ​ဘား​အံ​မြို့​မှာ ​ကျင်း​ပ​တဲ့ ​အ​စိမ်း​ရောင်​ကွန်​ရက် ​မျိုး​ဆက်​သစ်​တွေ​နဲ့ ​တွေ့​ဆုံ​ပွဲ​မှာ ​ပြော​ကြား​ခဲ့​ပါ​သေး​တယ်။

By ​ဒီ​ဗွီ​ဘီ

Posted: 09 Dec 2013 02:20 AM PST
ပန်းတောင်းမြို့နယ် စံပြရဲတပ်ဖွဲ့စခန်း အချုပ်ခန်းတွင် ချုပ်နှောင်ထားစဉ် ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ဦးသန်းထွန်း၏ သေမှုသေခင်း ဖြစ်စဉ် အတွက် မြို့နယ်တရားရုံးက ချမှတ်ခဲ့သည့် အမိန့်ကို ပယ်ဖျက်၍ ပြန်လည် စစ်ဆေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ကြောင်း သေဆုံးသူ ဦးသန်းထွန်း၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။ ၂၀၁၃ ခုနှစ် ပြစ်မှုသေးအမှတ် (၂၇) အရ သေဆုံးခဲ့သူ ဦးသန်းထွန်း၏ အမှုကို ဇူလိုင်လ ၁၂ ရက်နေ့က ပန်းတောင်းမြို့နယ် တရားရုံးက ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အမိန့်ချမှတ် ခဲ့သည်ကို ပြင်ဆင်မှု တက်ခဲ့ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 02:17 AM PST

ပြည်ပမှ တင်သွင်းသော ဓာတ်မြေဩဇာများ တွင် အရောအနှောများ ရောင်းချ နေခြင်းကြောင့် စစ်ဆေးမှုများပြု လုပ်သွားမည်ဖြစ်ကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။ လက်ရှိ ဈေးကွက်အတွင်းရှိ ဓာတ်မြေဩဇာများမှာ အရည်အ သွေး သတ်မှတ်ချက်များရှိသော် လည်း ဈေးကွက်အတွင်းပြန်လည် ရောင်းချပါက အရောအနှောများ ဖြင့် ရောင်းချလျက်ရပြီး ပြည်ပမှ တင်သွင်းသည့် ဓာတ်မြေဩဇာ များနှင့် ပြည်တွင်းထုတ်လုပ်သည့် ဓာတ်မြေဩဇာများ မှာ ဖော်ပြ ထားသည့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 02:33 AM PST
နိုင်ငံခြား သားလုပ်ငန်းရှင်မှ အလုပ်သမား များသို့ဆက်ဆံရာတွင် အော်ဟစ် ဆဲဆိုကြိမ်းမောင်းခြင်းများကို မပြုလုပ် ဘဲခိုင်းစေပေးရန်နှင့် နေ့ စဉ်ကြေးများတိုးမြှင့်ပေးရန် စ သည့်လုပ်ငန်းခွင် အခွင့်အရေး များရရှိရန်အတွက် GREAT WELL ဖိနပ်စက်ရုံအလုပ်သမား ၆ဝဝကျော်မှ အချက်၁၂ချက်ကို ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း သိရသည်။ ဒီဇင်ဘာ ၆ရက်တွင် လှိုင် သာယာမြို့နယ် ရွှေလင်ပန်းစက် မှုဇုန်အတွင်းရှိ (GREAT WELL) ဖိနပ်စက်ရုံတွင် အလုပ်သ မား ၆ဝဝကျော်သည် လုပ်ငန်း ခွင်အတွင်းရရှိသည့်၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




စက်ရုံအလုပ်သမားများ ဆန္ဒပြစဉ် ။ ဓာတ်ပုံ - ဇာခြည်လှိုင် - Yangon Media Group

Posted: 09 Dec 2013 01:54 AM PST

ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၉/၂ အုတ်တွင်းမြို့နယ် အိုးဘိုကုန်း ကျေးရွာတွင် ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီခန့်က ယာဉ်ပျက်၍ ရပ်တန့်ထားသော ဝါးတင်ဆောင်သည့် ဟီးနိုး ခြောက်ဘီးယာဉ်ကို ၂၂ ဘီးသစ်လုံး တင်ယာဉ်က ဝင်တိုက်မိသဖြင့် သစ်လုံးတင်ယာဉ်မှ အသက် ၂၃ နှစ်အရွယ် ယာဉ်မောင်း ပွဲချင်းပြီး သေဆုံးခဲ့ကာ ယင်းယာဉ်ပေါ်မှ ယာဉ်နောက်လိုက်နှင့် ဝါးသယ်ယာဉ်ပေါ်မှ ယာဉ်မောင်း အပါအဝင် လူငါးဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 01:49 AM PST

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အပါအ၀င်တိုင်း ဒေသကြီး အချို့၌ အောက်တိုဘာလ အတွင်းက ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားစေရန် စေခိုင်းခဲ့သည်ဟု သံသယရှိခံရသူ နေတိုး(ခ) စောရွှေထူးမှာ လွတ်မြောက်နေသော်လည်း ယခုအခါ ၎င်းရှိသည့်နေရာကို ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ)၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိထားပြီဖြစ်ကြောင်း ကေအင်န်ယူ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က စံတော်ချိန်သို့ ပြောဆိုသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 01:30 AM PST

ဒီဇင်ဘာ ၈ရက် မေးလ်အွန်လိုင်း ဝက်ဘ် ဆိုက်မှ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ ကန်ထရိုက် တာဟောင်း စနိုဒင်အား ရုရှား တွင် နိုင်ငံရေးခိုလှုံခွင့်ရသည်အ ထိ လိုက်ပါကူညီခဲ့သူ အကြောင်း ကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်ကို ဖော်ထုတ်ခဲ့ပြီးနောက် ထွက်ပြေး တိမ်းရှောင်ခဲ့သော စနိုဒင်ကို ရုရှားနိုင်ငံသို့ ရောက်အောင်ပို့ ဆောင်ပေးခဲ့သူမှာ ဝီကီလိစ်ဂျာ နယ်လစ်တစ်ဦးဖြစ် သူ မစ္စဆာ ရာ ဟာရစ်ဆန်ဖြစ်သည်ဟု သိရ သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စနိုဒင်နှင့် အတူ မစ္စဟာရစ်ဆန်အား တွေ့ရစဉ်။ Photo - AFP

Posted: 09 Dec 2013 01:25 AM PST

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ ဒုံမြို့နယ်၊ဇေကမ္ဘာကုမ္ပဏီပိုင်ေ
မြ ဧရီယာအတွင်းရှိကွင်းအမှတ် (၄၈၈)၌ဇေကမ္ဘာကုမ္ပဏီမှစက် ယန္တရားများဖြင့်မြေညှိခြင်းမြေဖို့ ခြင်းတို့ကို ဒီဇင်ဘာ (၅)ရက်နေ့ ကဆောင်ရွက်ပြုလုပ်ခဲ့ကြောင်းသိ ရသည်။ အဆိုပါကွင်းသည်ဒေသခံ လယ်သမာများနှင့်ကုမ္ပဏီတို့အငြင်း ပွားနေသောကွင်းဖြစ်သောကြောင့် တားမြစ်ရန်အတွက်ဒေသခံလယ် သမားများကလယ်ထဲသို့ဝင်ရောက် ရန်ကြိုးစားကြရာတွင်ကုမ္ပဏီဝန် ထမ်းများကတားမြစ်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 01:20 AM PST

မြေအသုံးချမှုအပေါ် ကန့်သတ်ခြင်း အားပေးခြင်းများ လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်ကို မြို့ပြ မြေအသုံးချမှု ဇုန်များအဖြစ် နိုဝင်ဘာလကုန်က စတင် သတ်မှတ်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဇုန်သတ်မှတ်မှုများကို ၂၀၁၃ ခုနှစ် ဇွန်လက စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလကုန်တွင် မြို့နယ် ၁၈ခု သတ်မှတ်နိုင်ခဲ့ပြီး ၎င်းတို့မှာ အင်းစိန်၊ အလုံ၊ ဗဟန်း၊ ဒဂုံ၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ လသာ၊ ကျောက်တံတား၊ ပုဇွန်တောင်၊ တာမွေ၊ ရန်ကင်းမြို့နယ်တို့ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 01:18 AM PST

ဗြိတိန်နိုင်ငံ အခြေစိုက် Charities Aid Foundation (CAF) ၏ စစ်တမ်း ကောက်ယူမှုများအရ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်း (Donating Money) တွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည့် World Giving Index 2013 တွင် ဖော်ပြထားချက်အရ သိရသည်။ အရွယ်ရောက်ပြီးသူ ၁၀၀ တွင် ၈၅ ဦးမှာ စစ်တမ်း မကောက်ယူမီ တစ်လအတွင်း လူမှုရေး၊ ဘာသာရေးအဖွဲ့ တစ်ခုခုသို့ ငွေကြေး လှူဒါန်းဖူးသူများ ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများမှာ ကမ္ဘာ့ အလှူပေးဆုံး စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ၇၆ ဦးဖြင့် ဒုတိယ နေရာ၌ ရပ်တည်နေကြောင်း အဆိုပါ စာရင်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 01:16 AM PST

မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးဝင်းအတွင်း နိုက်ကလပ်များကို နိုဝင်ဘာ ၇ ရက်မှစ၍ ပိတ်ထားပြီး ဒီဇင်ဘာ ၇ ရက်၌ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာ ၈ ရက် နံနက် ၀၀း၃၀ နာရီက ဗိုလ်ကြီးဟုဆိုသူနှစ်ဦးမှ မူးယစ်ရမ်းကားပြီး မင်္ဂလာဈေးဝင်းအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လမ်းဘေးဈေးဆိုင်လေးများကို ဖျက်ဆီးပစ်ခဲ့ကြကြောင်း သိရသည်။ " ဒီဈေးထဲက နိုက်ကလပ်တွေက မကြာခဏရန်ဖြစ်လို့ ပိတ်ထားတာ တစ်လနီးပါးလောက်ရှိနေပြီ။ မနေ့ကမှ ပြန်ပြီးဖွင့်လိုက်တာ။ ညက လေတပ်ထဲက ဗိုလ်ကြီးတွေဆိုပြီး လူငယ်နှစ်ယောက်က လာပြီးရမ်းကားသွားတယ် " ဟု မင်္ဂလာဈေးဝင်းအတွင်း ညဘက် ဈေးထွက်ရောင်းသည့် ဈေးသည်တစ်ဦးက ပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 01:13 AM PST

လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ရိုက်နှက်မှု စသည့်ပြစ်မှုများတွင် ရဲတပ်ဖွဲ့ဝင်အချို့ ကိုယ်တိုင်ကျူးလွန်မှုများ ရှိခဲ့သည်ဟု မကြာသေးမီကဖြစ်ပွားခဲ့သော မှုခင်းများကို ရည်ညွှန်းလျက် ဥပဒေရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။ လှိုင်သာယာမြို့နယ် န၀ဒေးအိမ်ရာအနီးတွင် နိုဝင်ဘာ ၂၉ ရက်ညက ရဲတပ်ဖွဲ့ဝင်နှစ်ဦးအပါအ၀င် လူ ငယ်လေးဦး နှင့် အသက် ၃၀ ၀န်းကျင်ရှိ အမျိုးသားသုံးဦးတို့ စကားများရာမှ အပြန်အလှန်ခိုက်ရန်ဖြစ် ပွားခဲ့ကြပြီး သုံးဦးအဖွဲ့တွင် ပါဝင်သူတစ်ဦးမှာအဆုတ်ကွဲဒဏ်ရာ၊ အစာအိမ်ပေါက်၊ ကျောက်ကပ်အတွင်း ထိုးသွင်းဒဏ်ရာတို့ရရှိကာ သေဆုံးခဲ့ရသည်ဟု မှုခင်းမှတ်တမ်းများတွင်ဖော်ြ
ပသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 12:42 AM PST

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် SEA Games ပြိုင်ပွဲ၌ လုပ်အားပေးနေသည့် မြန်မာ အင်ဂျင်နီယာ ၁၈ ဦးသည် ဒီဇင်ဘာ ၈ ရက်နေ့တွင် ဝမ်းရောဂါ ဖြစ်ပွားနေကြောင်း ဇမ္ဗူသီရိမြို့ ဗလသိန္ဓိ ရပ်ကွက်တွင်ရှိသော အ.ထ.က.၆ အဆောင်မှ ဒုတိယ အဆောင်တာဝန်ခံ ဦးသာဒုတ်က ပြောကြားသည်။ ယင်းအဆောင်တွင် နေထိုင်သူ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော်တွင် အင်ဂျင်နီယာ ၂၈၀ ဦးကျော် ရှိပြီး အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး သုံးဦးတို့ ဝမ်းရောဂါ ဖြစ်ပွားသဖြင့် ဗဟိုကူးစက်ရောဂါ ကာကွယ်ရေးဌာနက လာရောက် စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ အစားအစာ သန့်ရှင်းမှု မရှိခြင်း၊ စားဖိုဆောင်နှင့် အိမ်သာ နီးကပ်ခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 12:35 AM PST
Posted: 09 Dec 2013 12:32 AM PST

ဒီဇင်ဘာလ(၈)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၂ အမှတ် ၃၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Dec 2013 12:22 AM PST

မြန်မာ ရေလုပ်သား ၁၁ဦးပါ ငါးဖမ်း စက် လှေတစ်စင်း သည် နိုဝင်ဘာ ၂၂ ရက်က အိန္ဒိယ နိုင်ငံ ရေပိုင်နက် အစပ်ရောက်နေစဉ် မုန်တိုင်း ကြောင့် အဆက်အသွယ်ပြတ် တောက် သွားပြီးနောက် ယနေ့အ ထိ ပျောက်ဆုံးနေသည်ဟု ရေ လုပ်သားမိသားစု ဝင်များထံမှ သိရသည်။ အဆိုပါ ငါးဖမ်းလှေသည် နိုဝင်ဘာ ၁၉ရက်က မြိတ်မြို့မှ စတင်ထွက်ခွာ သွားပြီး စက်လှေ ပေါ်တွင် ပဲ့နင်း၊ စက်ဆရာ၊ ထမင်း ချက်နှင့် ရေလုပ် သားများ အပါ အဝင် စုစုပေါင်း ၁၁ဦးပါကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Dec 2013 11:37 PM PST

တစ်ပတ်အတွင်း အမျိုးသမီးသုံးဦး လုယက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့ အဓိက လမ်းမကြီးများတွင် ပိုက်ဆံအိတ် လုယက်သူ များကို ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၈ နာရီအချိန်က ဒုရဲအုပ် အမျိုးသမီးတစ်ဦးကို တည်ကြက်အဖြစ် (အရပ်သား အမျိုးသမီးအဖြစ် အသွင်ယူ၍) သုံး၍ မြို့မရဲစခန်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Dec 2013 11:36 PM PST
အမေရိကန် ပြည်ထောင်စု အခြေစိုက် ကာမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း တစ်ခုဖြစ်သည့် Forbes မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုးရွားဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ဒီဇင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ Forbes မဂ္ဂဇင်းက စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် နိုင်ငံအလိုက် အဆင့်သတ်မှတ်၍ နှစ်စဉ် ထုတ်ပြန်လေ့ ရှိပြီး ဖော်ပြခံရသည့် ၁၄၅ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် ၁၄၃ ဖြင့် အဆိုးရွားဆုံးနိုင်ငံ စာရင်းတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Dec 2013 11:24 PM PST

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုကိုတွေ့ရစဉ် ဓာတ်ပုံ-ညီညီဇော် - 7day Daily

မန္တလေးတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေအတွက် ယမန်နှစ်ကထက် မြင့်တက်လာကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ယာဉ်တိုက်မျှုပါင်း ၃၆၅ မှု ဖြစ်ပွားခဲ့ပြီး ၄၅၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၇၆ ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး
မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၁၂ ခုနှစ် ၁၁ လတာ ကာလအတွင်းနှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုမှာ လျော့ကျခဲ့သော်လည်း သေဆုံးသူအရေအတွက်မှာမူ တိုးလာသည်ကို တွေ့ရသည်။

ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုကြောင့် အများဆုံးသေဆုံးရခြင်းဖြစ်ပြီး ညနေ  ၆ နာရီနှင့် ည ၁၂  နာရီကြား ညပိုင်းအချိန်များတွင် မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

7day Daily
Posted: 08 Dec 2013 11:10 PM PST

တစ်ခါက နိုင်ငံ တစ်နိုင်ငံရှိသည်။ ထိုနိုင်ငံမှာ စစ်တပ်က အင်အားသုံးပြီး မကြာခဏ အာဏာသိမ်း လေ့ရှိသည်။ ထိုနိုင်ငံမှ ပြည်သူများ ကလည်း အင်အားသုံးပြီး မကြာခဏ အာဏာ သိမ်းလေ့ရှိသည်။ ထိုနိုင်ငံက နိုင်ငံရေး သမားများအကြားမှာ အကွဲအပြဲနှစ်ခြမ်း ကွဲသည်။ ထိုနိုင်ငံက ပြည်သူများ အကြားမှာလည်း အကွဲအပြဲနှစ်ခြမ်း ကွဲသည်။ ထိုင်းနိုင်ငံဖြစ်ပါသည်။ နိုင်ငံရေး ထွက်ပေါက်ပိတ်သွားသည့် ထိုင်းနှင့် အိမ်နီးချင်း ဖြစ်သည့် အတွက် မြန်မာနိုင်ငံ အတွက် ကံကောင်းသည့် အချက်ကတော့ နိုင်ငံရေးမှာ ဘာမလုပ်သင့်ဘူးဆိုသည့် Don't ကို နီးနီးကပ်ကပ် လေ့လာခွင့်ရခြင်းဖြစ်သည်။ ကံဆိုးသည့် အချက်ကတော့ ထိုင်းနိုင်ငံ နမူနာ၏ မလုပ်သင့်ဘူးဆိုသည့် Don't ကို လုပ်သင့်တယ် Do ဟု လွဲမှားစွာ ခံယူသူအချို့ မြန်မာ့လူမှု အဖွဲ့အစည်းမှာ ရှိကောင်းရှိနိုင်သည့် အချက်ဖြစ်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Dec 2013 10:45 PM PST

ပညာရေးမူဝါဒ ပြောင်းလဲမှုများ ဆောင်ရွက် နေသော်လည်း မြန်မာနိုင်ငံရှိ အခြေခံနှင့် အဆင့်မြင့် ဆရာ၊ ဆရာမများသည် ၎င်းတို့ အခွင့်အရေးများကို အပြည့်အဝ မရရှိကြကြောင်း ကမ္ဘာတစ်ဝန်း ဆရာ၊ ဆရာမများ အသံကို စောင့်ကြည့် စစ်ဆေးနေသော Education International (EI) အဖွဲ့ကြီး၏ အာရှ-ပစိဖိတ် ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Aloysius Mathews က The Voice သို့ ပြောကြားသည်။ မြန်မာနိုင်ငံမှဆရာ၊ ဆရာမများသည် အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ငြိုငြင်မှုများ ခံနေရပြီး အချိန်ပို အလုပ်များနှင့် အားလပ်ချိန် နည်းပါးကြကြောင်း၊ ယင်းအပြင် ဆရာ၊ ဆရာမများ၏ လစာနှုန်းထားမှာလည်း အာဆီယံနိုင်ငံများထက် အလွန်နည်းပါးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...