Sunday, December 1, 2013

တိုက်ရိုက်အမိန့်ပေး သတင်းထုတ်ပြန်ခိုင်းခြင်း


ဆဲဗင်းဒေသတင်းစာတွင်ပါသောသတင်းရဆိုလျှင် ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်မှ ဦးရဲထွဋ်သို့ တိုက်ရိုက်အမိန့်ပေး သတင်းထုတ်ပြန်ခိုင်းခြင်းဖြစ်နိုင်သည်ဟု ကာချုပ်ကတော် ဒေါ်ကြူကြူလှမှ တယ်လီဖုန်းဖြင့်ဖြေကြား
(နေပြည်တော် အရေးပေါ်သတင်း)


ဆဲဗင်းဒေသတင်းစာတွင်ပါသောသတင်းရဆိုလျှင် ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်မှ ဦးရဲထွဋ်သို့ တိုက်ရိုက်အမိန့်ပေး သတင်းထုတ်ပြန်ခိုင်းခြင်းဖြစ်နိုင်သည်ဟု ကာချုပ်ကတော် ဒေါ်ကြူကြူလှမှ စုံစမ်းမေးမြန်းလာသောမိတ်ဆွေများ၏

တယ်လီဖုန်းကိုဖြေကြားနေကြောင်းသတင်းရရှိသည် ၊

ဒီသတင်းကြားရတာ ကျမတော်တော်အံ့အားသင့်ပါတယ် ၊ ကျမယောက်ျားက ဒီလိုလုပ်မယ့် ပုံမရှိပါဘူး ၊ သူက အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆင်ပြေပြေဖြစ်ချင်သူပါ ၊ သမ္မတကြီးလည်း ဒီပုံပါပဲ ၊ အခုဟာက သူတို့နှစ်ယောက်စလုံး ဖိအားပေးခံထားရတဲ့ ပုံပါ ၊

ဒီသတင်းကို အတည်မယူကြပါနဲ့ ၊ ဒီသတင်းဟာ စစ်တပ်နဲ့ပြည်သူတွေကြားမှာ ထိပ်တိုက်တွေ့အောင် တစ်ယောက်ယောက်က ဖိအားပေး ကြေငြာခိုင်းတဲ့ သတင်းပါ ၊ အားလုံး အမျှော်အမြင်ရှိရှိနဲ့ လုပ်စေချင်ပါတယ် ၊ သွေးဆူတာ သွေးပူတာမျိုးမလုပ်စေချင်ပါဘူး ၊

ခဏလောက်စောင့်ကြည့်စေချင်ပါတယ် ၊ သတင်းကို သေချာအောင်လည်း အတည်ပြုဖို့လိုပါသေးတယ် ၊ ကျမယောက်ျား အိမ်ပြန်မလာတာ သုံး လေး ရက်ရှိပါပြီ ၊ အခုလည်း သူ့ဆီဖုန်းဆက်လို့ မရပါဘူး ၊ ကျမပြောချင်တာက စိတ်မပူကြပါနဲ့ ၊ ကျမဆီဖုံးထပ်ဆက်လို့

မရတော့ရင်လည်း စိတ်မပူကြပါနဲ့ ၊ အားလုံး နဲနဲလောက် စိတ်ရှည်ပေးကြပါလို့ပဲ ကျမပြောချင်ပါတယ် ၊

ဒီကနေ့မနက် ဒေါ်ကြူကြူလှထံသို့ ရပ်နီးရပ်ဝေးမှ မိတ်ဆွေ များ ဖုံးဖြင့် သတင်းလှမ်းမေးကြသည်ကို ဒေါ်ကြူကြူလှမှ ဖြေကြားခဲ့ခြင်းဖြစ်သည် ၊

(နေပြည်တော်မှ ပေးပို့လာသော အရေးပေါ်သတင်းဖြစ်သည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...