Saturday, November 23, 2013

Bo K Nyein မှတ်စု ....

ဒီကနေ့ အဲလ်ဂျာဇီးယား က Stream Program မှာ အီဂျစ် အကြောင်း
ဆွေးနွေးကြတော့ ပညာတစ်ခု..ရလိုက်တယ်

အီဂျစ်တပ်မတော် က Muslim Brotherhood ဘယ်လို လှုပ်ရှားသလဲ
ဆိုတာကို (သိ) သွားပြီတဲ့

Muslim Brotherhood ကဖိနှိပ်မှုအောက်မှာ အသက်ရှင်အောင်နေပြီး
အခွင့်ရတော့ သူတို့ပဲ ရှိတော့တာမို့…
ရွေးကောက်ပွဲလည်း လုပ်ရော….သူတို့ပဲ Institution အနေနဲ့ ကျန်တော့တယ်….



ပြဿနာက (အာဏါ) အကြောင်း..နားမလည်တော့ .
အရမ်းတွေ..လုပ်တာကြောင့်.. ပြုတ်သွားရတာ

စစ်တပ်က လူကြီးတွေကို ဖမ်းထိန်းသိမ်းလိုက်ပြီးတော့
3rd generation – 4th generation လူငယ်တွေကို
(စွ) ပေးပြီး..ထွက်လာမှ..ရှင်းတာတဲ့
အမြစ်ဖြတ်တာပေါ့

မြန်မာပြည်မှာတေ့ Institution ရှိရမှန်းတောင်..(မသိ) ကြသေးဖူး

စစ်တပ်က အတိုက်အခံ..အကြောင်း (သိ)..တယ်
အတိုက်အခံက… စစ်တပ်အကြောင်း..(သိ) သလား?

ကျားဆိုတာ…ရက်စက်တယ်…. အင်အားကြီးတယ်….
အခွင့်ရလို့က..အသေ..ကိုက်သတ်မှာပဲ….

မုဆိုးဆိုတဲ့ (လူ) က..(ကျား)..လောက်..(အင်အား) မရှိပေမဲ့ …့
ကျားခြေရာခံပြီး…ကျားကိုနိုင်အောင်…
ဥါဏ်နဲ့ အနိုင်.ယူကြတာပဲ..မဟုတ်လား….

ကျားကြီးတွေကို ရုံသွင်းပြတဲ့
Circus သမားတွေတောင်ရှိသေးတယ်
လူ..အပေါ်..မူတည်တာပါ…

ဥါဏ်မရှိရင်တော့..ကျားအစား..ခံရမှာပေါ့..ညီလေးရယ်…
ဒါ..အဆန်းမှ..မဟုတ်တာ….
ကျား..အစား..မခံရအောင်…ပြောပြန်တော့လည်း….
ကျားက….အသားးစားတာဗျ..ဆိုးမှဆိုး…ဆိုကြတော့
ရွာလည် ..ကုန်ကြရပြီပေါ့….

ဘာလုပ်ရမယ်ဆိုကို ..သူတပါး…အပြောမစောင့်ပါနဲ့
ကိုယ်အားကိုယ်ကိုး..ချင်စိတ်..ရှိအောင်သာ…ကြိုးစားကြပါ….
လိုချင်..စိတ်..ရှိရင်…နည်းလမ်း..ရှိစမြဲပါ…..
ဘယ်တိုက်ပွဲမဆို…. အရှုံးအနိုင်..ဆိုတာရှိတယ်….

အာဏါရထားတဲ့ သူက….အာဏါကို…လွယ်လွယ်နဲ့ ..မလွှပ်ချင်ကြဖူး…
ဒါ..လူ့သဘ၀..ပဲ
အါဏါကို ထိန်းဖို့….အလွန်အကျွံ..လုပ်ရတာတွေ..ရှိတယ်….
ဒါကြောင့်..ကျားအမြီး…ဆွဲ..သလို….မလွှပ်ရဲကြတော့ဖူး….
လွှပ်..လိုက်တာနဲ့ ..ကျားအစားခံရမှာကိုး……

လူ့သဘာဝကလည်း ..လက်စားချေချင်တဲ့..စိတ်..ရှိကြတယ်
သူသတ်…ကိုယ်သတ်..သူသတ်..တဲ့..(၀ဲ)..cycle ထဲဝင်သွားရင်..မဆုံးတော့ဖူး….
တိုင်းပြည်ထူထောင်ဖို့..အခွင့်..မရ..နိုင်တော့ဖူး……
ဒါကို..နားလည်နိုင်တဲ့…နိုင်ငံရေးသမားတွေ..အတော်ရှားတယ်
ဒေါ်စု ဟာဒါကို..ကောင်းကောင်း..နားလည်တယ်
ဒါကြောင့်..ဘယ်တုန်းကမှ….ဂလဲ့စားချေဖို့..မပြောခဲ့ဖူး….

ဒီပြဿနာကို ဖြေရှင်း….ပြခဲ့တာကတော့..Nelson Mandela ပဲ
Truth and Reconciliation ဆိုတာ…အလွန်ကောင်းတဲ့..နိုင်ငံရေး..အကွက်ပဲ
အာဏါရှိသူကို..အရေးယူရမယ်…ဂလဲ့စားချေရမယ်..ဆိုတဲ့ (အသံ) တွေ
ကျယ်ကျယ်လာလေ….အါဏါကို ဆုတ်ကိုင်ထားလေပဲ….
အပြောင်းအလဲ..လိုချင်ရင်…(ထွက်ပေါက်) ပေးရမယ်…..

တိုက်ပွဲ..နိုင်တယ်..ဆိုတာ…ကိုယ့် objective ကိုရဖို့ပဲ
ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်နဲ့ …ဆွေးနွေးညှိနှိုင်းပြီး….
(လွပ်လပ်ရေး) ကိုရအောင်ယူ..ပြခဲ့တယ်…..
ဆွေးနွေးတယ်..ဆိုကတည်းက ….Compromise လုပ်ကြရပြီ…..

ဒါကိုနားမလည်တဲ့..ကွန်မြူနစ်..တွေက..
ဗိုလ်ချုပ်..အင်္ဂလိပ်..အလိုတော်ကြီး..ဖြစ်ပြီ..ဆိုပြီး…..
Confrontation Line ကိုရွေးခဲ့ကြတယ်……
တသက်လုံး..ကွန်မြူနစ်တွေက ..တော်လှန်ရေး..လိုင်းယူခဲ့ကြတယ်….
၅၅လမ်းစဉ်လိုက်လို့ဆိုပြီး…Compromise လုပ်ချင်သူတွေကို
(ဖြုတ်-ထုတ်-သတ်) လုပ်ခဲ့ကြတယ်……
ဒါပေမဲ့..အောင်မြင်အောင်..တော်လှန်ဖို့….
ကွန်မြူနစ်..ခေါင်းဆောင်တွေ..ဥါဏ်မမှီ..ကြရှာဖူး…..
စစ်တပ်က စစ်အါဏါရှင်…
သူ့တာဝန်က …..စစ်အာဏါရှင်..အသက်ရှည်ဖို့…..
အတိုက်ခံကို …ချေမှုန်း..ဖို့….
စစ်တပ်အတွက်က…. Confrontation လုပ်လေ..ကြိုက်လေ..ပဲ

ဒေါ်စု..အပါအ၀င်..အတိုက်အခံ..အားလုံးကို..
စည်းဝိုင်းခပ်လိုက်တယ်…..
ပြီး…နအဖ/န၀တ ခေတ်..အနှစ် (၂၀) ကျော်
စည်းဝိုင်းထဲက..မထွက်နိုင်အောင်…ထိန်း..ထားလိုက်တယ်….

အတိုက်အခံတွေက…အရူး..အမူး..ဂန်ဒူး..ဆိုပြီး
ဝိုင်းဆဲ..ကြတာကလွဲပြီး..ဘာမှ..(မလုပ်) တတ်ကြဖူး…..

စစ်တပ်က..တော်လွန်း..လို့..မဟုတ်ဖူး…..
ကွန်မြူနစ်တွေရဲ့ …ဗျူဟာ..မပါ..တဲ့
တော်လှန်ရေး..Confrontation စိတ်ဓါတ်လွှမ်းမိုးမှုကြောင့်
အတိုက်အခံ..တွေ….(လမ်းပျောက်)..ခဲ့ရတာ….

ဗိုလ်ချုပ်သန်းရွှေက….. master strategist….
ဗိုလ်ချုပ်နေ၀င်းထက်… သာတယ်….
စစ်တပ်က..ဖိထားနိုင်ပေမဲ့…..
ရေရှည်..Substain မလုပ်နိုင်တာကို..(သိ)..တယ်
စစ်တပ်ကို..ပြည်သူက…(မုန်း)..တာကိုလည်း..(သိ)..တယ်…
ဒါကြောင့်..စစ်တပ်..အတွက်….(ထွက်ပေါက်)..ရှာပြီး…..
Organized Retreat လမ်းကြောင်းဗျူဟာ..ကိုချပေးသွားတာပဲ….
လက်ရှိ…ဒိမိုလမ်းကြောင်းဟာ…(တိုက်)လို့ရတာ..မဟုတ်ဖူး
(ပေး) လို့..ရတဲ့..ဒီမိုကရေစီ…..
ဒါကြောင့်…စစ်တပ်အတွက် (Insurance)..(အာမခံ)..တွေထဲ့ထားတယ်….

လက်ဝဲသူငယ်နာ..မစင်သေးတဲ့ …..လက်ဝဲတော်လှန်ရေး
ဂျင်ကလီး..ဂျိုးကြိုးနားရွက်ပဲ့..တွေက…ဖင်ပြဲ..အောင်..အော်ကြတယ်….

တိုက်ပွဲက… အခုမှ..(စ) တာ…….
ဒီတိုက်ပွဲက..(ဥါဏ်)ချင်းယှဉ်ရတဲ့..တိုက်ပွဲ…..စစ်အေးတိုက်ပွဲ

ဒေါ်စု..(မှန်)..တာက…
ရလာတဲ့..အခွင့်အရေးကို..သုံးပြီ……
စစ်အေး Challenge ကို …...ထိပ်တိုက်. ရင်ဆိုင်..တွေ့တာပဲ

ဒေါ်စုရဲ့..အားနဲချက်က…ပုဂ္ဂိုလ်ရေးနိုင်ငံရေးက..အားသန်နေတယ်
Institutional Politics…မဟုတ်ဖူး….
စာရေးသူသာ..ဒေါ်စု..နေရာမှဆိုရင်….
Mandela လုပ်မယ်….ရင်လပ်..မလုပ်တော့ဖူး….
Next Generationျ တွေ.. အတွက်အသေအခြာ
အကွက်ချ..လမ်းဖေါ်ပေးသွားမယ်….
ICON အဆင့်က ဒီမိုကရေစီမိခင်..ကြီးအဖြစ်….
ရာဇ၀င်..ကို..(အနိုင်) ယူသွားမယ်…
လက်ရှိအခြေအနေမှာ..ဥါဏ်မှီသလောက်လေး..တွေးကြည့်မိတာ
ဒေါ်စု..စာရေးသူထက်..အများကြီး..အစွမ်းအစ…ရှိပါတယ်
သူ..ဘာလုပ်ရမယ်…ဆိုတာ..သူ..(သိ)မှာပါ….
စောင့်ကြည့်..ကြရမှာပဲ….

လက်ရှိအခြေအနေမှာတော့…
ဒေါ်စု..မရှိရင်..NLD ဆိုတာ…ပျောက်ကွယ်..သွာမှာပဲ
NLD ဆိုတာ Institution မှ..မဖြစ်သေးတာ
(၈၈) တွေအတွက်က… (မမှား)..ဖို့ပဲ..(သတိ)..ရှိရမယ်…
Institution ..ထောင်နိုင်ရမယ်….
After Daw Suu era .ဟာ…သူတို့..ခေတ်ပဲ
(အချိန်)..ဆိုတာက…(၈၈) တွေ..ဖက်မှာ..ရှိတယ်….

ဒါကြောင့်..စစ်အေး..တိုက်ပွဲရဲ့ ..ရလဒ်..ဟာ…
ဒေါ်စု..နဲ့ …. ၈၈ တို့ရဲ့… ရာဇ၀င် အဖြေ..ပဲ….

ဖျက်မြင်း….တွေကတော့ … စစ်အေးတိုက်ပွဲ..ကာလ..မှာ
တော်လှန်ရေး…စိတ်..မကုန်သေးတဲ့….Confrontation…ကိုတောင်းဆိုနေကြတဲ့
စိက်ကူးယဉ်…(လေ) တော်လှန်ရေးသမား….
နောက်မြီးဆွဲ…Dogmatic သမားတွေပဲ….

နောက်ဆုံး..(အနှစ်) (Essence) က
တိုင်းပြည်ထူထောင်မှာလား….မိမိ ego အတွက်….
အော်ရင်း..အော်ရင်း…မြေကြီးထဲ..ရောက်တဲ့အထိ..အော်သွားမှာလား…
ကြိုက်သာတာ ရွေးကြရမှာပါ…..

ဖိုးသံချောင်းတို့တောင် ဗကပ မပျောက်သွားရအောင်
တရားဝင်ပါတီ..ဖြစ်ဖို့ပဲ..အသေအလဲ..ကြိုးစားနေကြရပါပြီ….
ဒါ..အရှုံးတရား..ရဲ့..ရလဒ်ပါပဲ…..
ဒေါ်စု မှာ Leadership Quality အပြည့်ရှိပါတယ်။
ဒေါ်စုရဲ့ အားနဲချက်လို့ပြောနိုင်တာက
Institutional Politics အစား … Personal politics ဖက်ယိမ်းသွားတယ်….
နိုင်ငံရေးမှာ Politics နဲ့ Governance Talent က Talent ချင်းမတူဖူး
ဒါကြောင့် အမေရိကားမှာ သမ္မတဖြစ်အောင်…ဆောင်ရွက်ပေးတဲ့
Political team နဲ့ post election…administrative team က မတူကြတာများတယ်
စည်းရုံးရေး..Organization skills နဲ့
Building Organizational Structures တည်ဆောက်ခြင်းမှာ တော်တာခြင်း..မတူဖူး…..

Iconic ခေါင်းဆောင်က Vision…ရှိရမယ်….
Strategy ကိုနားလည်ရမယ်…..
Policy ကိုရွေးတတ်ရမယ်….
အရေးအကြီးဆုံးက…. မိမိ vision နဲ့ policies တွေကို ဖေါ်ဆောင်မဲ့
ခေါင်းဆောင် ကို…(ရွေး) တတ်ရမယ်….Delegate လုပ်ရမယ်….
Talented team ကို..ဖေါ်ထုတ်နိုင်ရမယ်.
ဗိုလ်ချုပ်အောင်ဆန်းး..က
1. စည်းရုံးရေး..organizing skills ရော
2. Organizational structure တည်ဆောက်တာရော
3. Talented team မွေးပြီး delegate လုပ်ရာမှာရော
အားလုံးမှာ (သူမတူ)..အောင် (တော်) ..တယ်
ဒေါ်စု က… (2) & (3) မှာ အားနဲတယ်…..
Iconic ခေါင်းဆောင်ဆိုတာ MACRO level ကပဲ ..GUIDE လုပ်ရမှာ….
ဒေါ်စုက…MICRO level ကနေ အားလုံး…တစ်ယောက်ထဲ..လိုက်လုပ်နေပုံရတယ်….
ဒါကြောင့် INSTITUTION BUILD UP မှာလာ..ချို့ယွင်းချက်ရှိတယ်
ကုလားတွေကို အင်္ဂလိပ်က ခိုင်းဖို့ခေါ်လာရုံကဖူး..ဗမာတွေကို ..ဖီနှိပ်ဖို့..ခေါ်လာတာ.... 1930s တွေကတည်းက ပြသနာရှိခဲ့တာ....အခုမှဖြစ်တာ ..မဟုတ်ဖူး... အခုက..wahhabi ခေတ်...တကမ္ဘာလုံး...လွှမ်းမိုးဖို့..ကြိုးစားနေကြတာ....ဟိန္ဒူတွေက ...လွှမ်းမိုးချင်စိတ်..မရှိဖူး....ဒါကြောင့်..ဘာပြဿနာမှ..မရှိဖူး.....ကိုယ့်တိုင်းပြည်ကို လွှမ်းမိုးဖို့...ကြိုးစားရင်တော့...ကာကွယ်ရမှာပဲ....Conspiracy Theories ဆိုတာ နိုင်ငံတိုင်း မှာ၇ှိကြတာပဲ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...