Sunday, November 17, 2013

`` ကျွန်တော် နားလည်ထားတဲ့ နိုင်ငံရေး အခြေခံသဘောတရား´´




သာမန်လူသားတွေအနေနဲ့က....
ကိုယ့်မိသားစုရဲ့ စားဝတ်နေရေးကို အဓိကထားရမယ်...။

နိုင်ငံရေးထက် စားဝတ်နေရေးကို ပိုစိတ်ဝင်စားရမယ်...။
ဒါကိုမှ စိတ်မ၀င်စားရင် ဘ၀ရပ်တည်မှု ခက်ခဲလာလိ့မ်မယ်..။

နိုင်ငံရေးသမားကတော့...
လူ့သဘော သဘာဝကို အဓိကထားစဉ်းစားရမယ်..။
လူ့သဘော သဘာဝကိုလည်း လိုတာထက် ပိုပြီး မစဉ်းစားပေးရဘူး.. ကတိလေးပါးလည်း ကင်းစင်ရမယ်...

အဓိကကတော့ ဘ၀တည်ဆောက်မှုပြည့်စုံမှသာ နိုင်ငံရေးကို ဆောင်ရွက်သင့်တယ်..။

နိုင်ငံရေး ဆိုတာ တကယ်တော့ ပရဟိတ လုပ်ငန်းပဲ... အများအကျိုးလေ...
ပရဟိတ လုပ်နိုင်ဖို့အတွက် ကိုယ်က ခိုင်မာတဲ့သူဖြစ်ဖို့တော့လိုတယ်..။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရင် ခိုင်မာအောင် လုပ်သင့်တယ်... ဆန္ဒတစ်ခုတည်းနဲ့တော့ ဘယ်တော့မှ ကောင်းအောင် မလုပ်နိုင်ဘူး..။

ဘုရားဟောထားတဲ့ မေတ္တာပို့မှာလည်း လေ့လာလို့ရတယ်..
`` အဟံအဝေရော ဟောမိ...´´လို့ အစချီထားတယ်...။

တစ်ခုရှိတာက နိုင်ငံရေးဆိုတဲ့ အသက်မွေးဝမ်းကြောင်းကို စားဝတ်နေရေးအဖြစ် လုပ်နေရင်.... စီးပွါးဖြစ်လုပ်နေရင်တော့ မတတ်နိုင်ဘူးပေါ့......။

အခု.... ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးသမားတင် မဟုတ်ဘူး.. နိုင်ငံရေး စိတ်ဝင်စားသူတွေလည်း အရမ်းများလာတယ်...

နိုင်ငံရေးစိတ်ဝင်စားသူတွေ... လေ့လာလိုက်စားသူတွေ အရမ်းများလာတဲ့အခါ... ကဏ္ဍအလိုက် အလုပ်လုပ်မဲ့သူတွေ နည်းပါးလာတယ်... အင်အားတစ်ခြမ်းကပ်သွားတဲ့ သဘောပေါ့...။

နိုင်ငံရေးဆိုတာ.... ရပိုင်ခွင့် မဟုတ်ဘူး...
အသက်မွေးဝမ်းကျောင်းမှုပညာ မဟုတ်ဘူး...
စီးပွါးတက်ပြီး လာဘ်ရွှင်စေတဲ့ ဂါထာလည်း မဟုတ်ဘူး...

ကဏ္ဍအလိုက် လုပ်နိုင်တဲ့သူတွေက မလုပ်နိုင်တဲ့သူတွေ အကျိုးဖြစ်စေဖို့အတွက် ဥစ္စာရော... ပညာရော... အတွေးအခေါ်ရော.... စေတနာရော... အချိန်ရော... အခွင့်အရေးတွေကိုရော... ရင်းနှီးမြှုပ်နှံပြီး လက်တွေ့လုပ်ဆောင်ပေးရတဲ့ လုပ်ငန်းပဲ....

(ကွန်ဆူးမား)(၁၇-၁၁-၂၀၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...